← Chapters

အခန်း (၂၈)

Vol. 3 Ch. 28

အခန်း (၂၈)

Vol. 3 Ch. 28

မိန်းကလေးနှစ်ယောက်က ပုခက်ထဲတွင် အတူတကွ ရောထွေးကာ ပုခုံးချင်းထိထားခဲ့ကြသည်။ ဝင်ပေါက်တွင်‌ ရှိနေခဲ့သော လူကြီးများက သူတို့၏ အိပ်ယာများကို ပြင်ဆင်ပြီးနောက်တွင် အထဲဘက်မှ မိန်းကလေးနှစ်ယောက်က အဝတ်ပုခက်ထဲတွင် နေရာယူထားခဲ့သည်ကို သတိထားမိသွားကာ သရော်လိုက်ကြသည်။

“ဘယ်လိုမျိုး အိပ်ဖို့နေရာ ယူရမလဲဆိုတာကို သူတို့သေသေချာချာသိသားပဲ”

“ဒီနေ့အတွက်တော့ ခွင့်ပြုထားလိုက်ပါ မနက်ဖြန်ရောက်ရင်တော့…”

“......”

ညဥ့်က တဖြည်းဖြည်း နက်လာခဲ့ပြီဖြစ်ကာ တရှဲရှဲသံများက ဆက်တိုက်ပင် ခပ်ဖျော့ဖျော့ထွက်နေသော်ငြား သနာမာထွားကျိုင်းသော အမျိုးသားများ၏ မိုးခြိမ်းသံကဲ့သို့ ဟောက်သံများအောက်တွင် ထိုအသံကိာ လုံးဝမကြားနိုင်ခဲ့ကြချေ။

ရုတ်တရက်ပင် စူပါမားကတ်ထဲမှ တိတ်ဆိတ်နေမှုကို စူးရှသည်အော်သံတစ်ခုက ‌ဖျက်ဆီးလိုက်လေသည်။ လဲ့ရူသိုတစ်ယောက် အိပ်နေရာမှ ဆတ်ခနဲလန့်နိုးသွားရပြီး ရီဝေစွာဖြင့် မျက်လုံးများကို ဖွင့်လိုက်မိသည်။

သူမ၏ဘေးရှိ လင်းကျားကို အသာထိကြည့်ပြီးနောက် တစ်ဖက်လူရှိနေသေးကြောင်း အာရုံခံနိုင်ခဲ့သည်။

သူမ တည်ငြိမ်သွားခဲ့ပြီးချိန်တွင်ပင် ဝင်ပေါက်မှ တစ်သံပြီးတစ်သံ ထွက်လာသော အော်သံများကို ကြားလိုက်ရသည်။ သူမ အလွန်ကြောက်လန့်သွားခဲ့ရပြီး စကားပင် မပြောနိုင်တော့ချေ။

သူမ ထိုအော်ဟစ်သံများကြားမှ ထူးဆန်းသည့် တရှဲရှဲမြည်သံအချို့ ကြားရရပြန်သည်။ သို့နှင့် ဖြည်းညှင်းစွာဖြင့် အနောက်ဘက်သို့ လှည့်ကြည့်လိုက်သည့်အခါတွင် လရောင်အောက်၌ မမေ့နိုင်စရာ မြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

သူမ၏မျက်စံများက ရုတ်ခြည်း ကျုံ့ဝင်သွားပြီး အော်ဟစ်မိတော့မည့်အချိန်တွင် သေးသွယ်ပြီးနူးညံ့သည့် လက်ဝါးတစ်ဖက်က သူမ၏ပါးစပ်ကို မြဲမြံစွာဖုံးအုပ်လာခဲ့သည်။

သူမ တစ်ချက်ခန့် တုန်ရီသွားခဲ့ရပြီး အနောက်ဘက်ကို ပြန်လှည့်ကြည့်လိုက်သည်။ လင်းကျားက နိုးလာခဲ့ပပြီဖြစ်သည်။ သူမ၏မျက်နှာပေါ်တွင်လည်း တူညီသည့် ကြောက်ရွံ့ထိတ်လန့်သော အမူအရာများ ရှိသော်ငြား အသံထွက်ခြင်းမှ သူမကိုယ်သူမ ကာကွယ်ရန် နှုတ်ခမ်းကို မြဲမြံစွာ ကာကွယ်ထားခဲ့လေသည်။

မိန်းကလေးနှစ်ယောက်မှာ တစ်ယောက်ကို တစ်ယောက် မှီထားခဲ့ကြ၏။ တစ်ဖက်လူ၏ တုန်ရီမှုတို့ကို သူတို့နှစ်ယောက်လုံး ခံစားမိခဲ့ကြသည်။

သူတို့၏ တွဲလောင်းဆွဲထားသော အဝတ်ပုခက်အောက်ရှိ ကြမ်းပြင်ပေါ်၌ လတ်ဆတ်သော အသားနှင့်သွေးများဆီ ဦးတည် တွားသွားနေကြသော အနက်ရောင်အသိုက်ကြီး တစ်ခုနှင့်တူသည့် အနက်ရောင် ပိုးတောင်မာများဖြင့် ပြည့်နှက်နေခဲ့သည်။

ထိုတရှဲရှဲအသံများသည်က မရေမတွက်နိုင်သော ပိုးတောင်ခြေထောက်များထံမှာ ချီတက်သံများသာ ဖြစ်နေခဲ့သည်။

ပိုးကောင်စစ်တပ်တစ်ခုလုံးကို ဆင့်ကဲပြောင်းလဲသူများပင် မခုခံနိုင်ကြပေ။ အနံ့ဆိုးဖျံစွမ်းအင်ရှိသောလူထံမှ ချွေးများက မရပ်မနားထုတ်လွှတ်နေပုံရကာ လေထုထဲ၌ ချိုမြိန်သောသွေးနံ့နှင့်အတူ ရွံ့စရာကောင်းသော အနံ့အသက်များ ရောယှက်နေခဲ့ပြီး မကြာခင် ညှီစို့စို့အနံ့များ ထွက်ပေါ်လာလေသည်။

တကျွတ်ကျွတ် ဟူသော ကိုက်ဝါးသံများက မိန်းကလေးနှစ်ယောက်ကို ကြက်သီးထသွားစေသည်။

အမျိုးသားကြီးများမှာ အင်းစက်အုပ်လိုက်ကြီးထံမှ ဝန်းရံခြင်းကိုခံထားရပြီး အင်းစကာများက သူတို့၏ အရေပြားကို ကိုက်ပြီး သူတို့ခန္ဓာကိုယ်ထဲသို့ ပါးစပ်များ၊ မျက်လုံးများနှင့် ပါးစပ်များကို ဖြတ်၍ဝင်ရောက်နေသည်ကို သူမတို့ မြင်တွေ့နိုင်လေသည်။

ပိုးကောင်များ၏ ချွန်ထက်သော ပါးစပ်အစိတ်အပိုင်းများက အမျိုးသားများ၏ အသွေးအသားများကို စိတ်လှုပ်ရှားစွာ စုတ်ဖြဲနေခဲ့ကြသည်။ ဤသည်မှာ အရှင်လတ်လတ်မြင်တွေ့နိုင်သော အိပ်မက်ဆိုးသာဖြစ်ပေသည်။

မိန်းက‌လေးနှစ်ယောက်၏ ကံကြမ္မာို အဝတ်ပုခက်အား ချည်ထားသော ကြိုးမျှင်လေးနှစ်ချောင်းနှင့် ချည်နှောင်ထားခြင်းခံရပေသည်။

စူပါမားကတ်ဝင်ပေါက်ရှိ သွေးသံရဲရဲမြင်ကွင်းကို မျက်လုံးပြူးကျယ်စွာဖြင့် ကြည့်နေရင်းကပင် အဝတ်ပုခက်ကြိုး မပြုတ်ကျသွားစေရန်ကို သူတို့၏နှလုံးသားထဲတွင် ဆုတောင်း နေကြသည်။

သို့သော် ဘုရားသခင်က သူတို့၏ဆုတောင်းများကို နားမထောင်ပေးသည့်ပုံပင်။

ပတ်ပတ်လည်မှ များပြားသောပိတုန်းများသည်က သူတို့၏ ချွန်ထက်သောမေးရိုးများနှင့် ခြေထောက်မာမာများကို အသုံးပြုကာ စင်များနားမှ ရွေ့လျားဖြတ်သန်းသွားရင်း စင်များကိုလည်း တဖြည်းဖြည်းတိုက်စားသွားခေ့်လေသည်။

ပိတုန်းများသည် သူတို့ကို မကိုက်စားသွားသော်ငြား အဝတ်ပုခက်ကို ထောက်ပံ့ပေးထားသော စင်များထဲမှ တစ်ခုသည်ကဆော့ တိုးဖျော့သော“ကလစ်” ဆိုသောအသံ ထွက်လာလေသည်။

ထို့နောက် ကြိုး ပြတ်တောက်သွားသည်ကို ခံစားမိလိုက်ပြီး သူတို့၏အစာအိမ်များသည်လည်း နစ်မြှုပ်သွားလေတော့သည်။

…….

နေ့အနည်းငယ် မြင့်လာသောအချိန်တွင် ကျောင်းစီဟွေ့တစ်ယောက် ကားသော့ကိုလှည့်ဖွင့်လိုက်ကာ အင်ဂျင်က စတင်နိုးလာသကဲ့သို့ အသံအုပ်အုပ်ထွက်လာခဲ့သည်။ ထို့နောက်တွင် သူတို့လည်း မြို့တွင်းမှ ဖြည်းညှင်းစွာ မောင်းထွက်လိုက်ကြတော့သည်။

သူတို့က ရည်ရွယ်ချက်ရှိရှိဖြင့် လူအုပ်ကို ရှောင်ရှားခဲ့ကြသည်။ ထို့အကြောင်းကြောင့် သူတို့မြို့မှ ထွက်သည့်အချိန်တွင် လမ်းများမှာ ဗလာဖြစ်နေပုံပေါ်ပြီး အမြင်အာရုံထဲတွင် ကား သို့မဟုတ် လူများမရှိတော့ဘဲ လူသူကင်းမဲ့နေခဲ့လေသည်။

ကျောင်းချီယန်ကုတော့ အရှေ့ဘက်ခရီးသည်ထိုင်ခုံတွင် ထိုင်ရန်အပြောခံထားရ၏။

ထိုမှသာ သူ၏အစ်မကလည်း သူ့ကိုစောင့်ကြည့်နိုင်ပြီး ကျင်းယန်နှင့် ယင်ရိလျိုတို့အား ထပ်တလဲလဲနှောင့်ယှက်ခြင်ကို ရပ်တန့်နိုင်လိမ့်မည်ဖြစ်သည်။

ယခုအချိန်တွင် ကောင်လေးက ရူးကြောင်ကြောင် လျှောက်လုပ်ခြင်းကို ရပ်တန့်ပြီး ပြတင်းပေါက်အပြင်ဘက်ကိုသာ ငေးကြည့်နေခဲ့သည်။

ဤမြို့သည်က သူမွေးဖွားပြီး ကြီးပြင်းခဲ့သည့် မွေးရပ်မြေဖြစ်ပေသည်။ ရင်းနှီးမှုနှင့် မရင်းနှီးသည့် ပုံရိပ်များက သူ၏မြင်ကွင်းထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့လေသည်။

ကျောင်းစီဟွေ့အတွက်လည်း တူညီနေခဲ့သည်ပင်။ နောက်ဆုံးတွင် သူတို့က ဤနေရာ၌ နှစ်နှစ်ဆယ်ကြာနေခဲ့ကြသည်။ ယနေ့မှစ၍ သူမနှင့် သူမ၏တစ်ဦးတည်းသော မောင်လေးတို့က လောကကြီးထဲတွင် သူတို့၏ကိုယ်ပိုင် လမ်းကို ဖောက်ရပေတော့မည်။

သူတို့၏ အနာဂတ်က မသေချာမရေရာတော့ပေ။ ဤအတွေးများက သူမကို အနည်းငယ် မှိုင်တွေသွားစေသည်။

လူတိုင်းက သူတို့၏ အတွေးများထဲတွင် နစ်မြှုပ်နေခဲ့ကြသည်။

ယင်ရိလျိုသည်ကတေား ကူးပြောင်းလာသော လူတစ်ယောက်သာဖြစ်ပေသည်။ အစပိုင်းတွင် သူမက ဤနေရာကို ဝတ္ထုထဲမှ Virtual(အတုအယောင်) လောကတစ်ခုအဖြစ်သာ မှတ်ယူထားပြီး ဤနေရာမှ မည်သည့်အရာပေါ်တွင်မဆို ခံစားချက် အများအပြားမရှိပေ။

သူမက ကျင်းယန်၏ပေါင်ပေါ်တွင်ထိုင်နေခဲ့ကာ ပြတင်းပေါက်ကို မှီပြီး အပြင်ဘက်မှ စိတ်ဓာတ်ကျစရာမြင်ကွင်းများကို ကြည့်နေခဲ့မိသည်။

ဤမြို့အတွက် သူမထံတွင် ခံစားချက်များများ မရှိလျှင်ပင် သူမအလွန်ဝမ်းနည်းခြင်းကို ခံစားရဆဲပင်။

လွန်ခဲ့သည့်နေ့ရက်အချို့တွင် ကိစ္စများစွာ ဖြစ်ပျက်သွားပြီးနောက် ဤသည်မှာ အမှန်တကယ် တည်ရှိနေသော လောကအစစ်တစ်ခုဖြစ်ကြောင်းကို သူမ အသိဝင်သွားခဲ့ပေပြီ။

ဤမရင်းနှီးသော လောကကြီးထဲတွင်၊ ဤနေရာမှ လူတိုင်းကလည်း သူတို့ဘဝများကို အမှန်တကယ် ရှင်သန်နေခဲ့ကြသည်။

မူလက သူမ၏နှလုံးသားထဲတွင် ကျင်းယန်အား ဂိမ်းတစ်ခုထဲမှ လယ်ဗယ်တစ်ခုကို ရှင်းလင်းရာတွင် အရေးပါသော NPC အဖြစ်နှင့် တဖြည်းဖြည်း ကူညီချင်ခဲ့ကာတစ်ဖက်လူကို ကောင်းမွန်သော ဘဝတွင် နေထိုင်ရန် ဆန္ဒရှိသော လူတစ်ယောက်ဖြစ်သွားစေချင်ခဲ့သည်။

ကမ္ဘာပျက်ကပ်တွင် အဆုံးသတ်တစ်ခုကို ထည့်သွင်းရန်အတွက် နည်းလမ်းရှာခြင်းင ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုဖြစ်ပေသည်။ ဤကဲ့သို့ ရဲရင့်သော တာဝန်ကိုတော့ ဇာတ်လိုက်များထံတွင်သာ ချန်ထားသင့်သည်။

ယင်ရိလျို၏ အကြီးမြတ်ဆုံး ဆုတောင်းက သူမနှင့် သူမ၏ရွှေပေါင်လုံးကြီး နှစ်ယောက်စ

လုံး ကောင်းမွန်စွာ စား၊ သောက်ပြီး ရှင်သန်နိုင်ရန်သာဖြစ်ပေသည်။

သူတို့ မြို့ထဲမှ မောင်းထွက်ခဲ့သည့်နောက်တွင် လမ်းက ပို၍ရှင်းလင်းကာ ဗလာဖြစ်လာခဲ့ပြီး အပြင်ဘက်ရှိမြက်များသည်လည်း မြို့ထဲရှိမြက်များထက် ပို၍မြင့်မားစွာ ကြီးထွားနေခဲ့ကြသည်။

အမြင်အာရုံထဲ အသက်ရှင်သူတစ်ယောက်ကိုမှ မမြင်ရဘဲ တစ်နာရီနီးပါး မောင်းလာပြီးနောက်တွင် ကားထဲမှလေထုသည် အနည်းငယ်လေးလံလာခဲ့သည်။

သို့သော်ငြား မကြာခင်ပင် ကျားသစ်အရွယ်အစားရှိသော ကြောင်ကြီးတစ်ကောင်က လမ်းဘေးဘက်ရှိ မြက်ထဲမှ လွှားခနဲပြေးထွက်လာသည်ကို သူတို့ မြင်လိုက်ရလေသည်။ ၎င်းက ဟိန်းဟောက်ပြီး သူတို့ကားနောက်မှ ပြေးလိုက်လာသည်။

ကျောင်းစီဟွေ့က ကားအရှိန်ကိုတင်လိုက်ပြီး ကြောင်ကြီးကို ချန်ထားခဲ့သည်။ သို့သော် ကားက အလွန်မြန်နေခဲ့သည့်အတွက် ကျောင်းချီယန်နှင့် ယင်ရိလျိုကို အကြောက်တရားဖြင့် တုန်ရီသွားစေခဲ့သည်။

ကျောင်းချီယန်တစ်ယောက် သူ၏ခေါင်းပေါ်ဘက်ရှိ လက်ကိုင်ကွင်းကို လှမ်းကိုင်လိုက်ပြီး ပွစိပွစိပြောလိုက်လေသည်။

“ကျဲ၊ ကျဲက ကျွမ်းကျင်တဲ့ ဒါရိုင်ဘာတစ်ယောက်ဆိုတာကို ကျွန်တော် သိပါတယ်.. ဒါပေမယ့် ကျေးဇူးပြုပြီး drift မဆွဲပါနဲ့လား၊ ကျဲရဲ့မောင်လေးက နှစ်နည်းနည်းလောက် ပိုပြီး အသက်ရှင်ချင်သေးတယ်နော်”

သူက ထိုစကားကိုပြောပြီးနောက် စိတ်အခြေအနေကောင်းစေရန်အတွက် ကားရေဒီယိုကို ဖွင့်လိုက်လေသည်။

ရေဒီယိုက မည်သည်လိုင်းကိုမှ မမိနိုင်ဖြစ်နေခဲ့ပြီး တဂျစ်ဂျစ်အသံများသာ ထွက်နေခဲ့သည်။ သူက လျှောက်ဖွကာ ရှာကြည့်နေခဲ့ပြီး နောက်ဆုံးတွင် hard drive ထဲမှ အိုဟောင်းနေသည့် အပေါစားအချစ်သီချင်းျချို့ကို ရှာတွေ့လိုက်သည်။

အချိန်ခဏကြာပြီးနောက် ထိုအပေါစားအချစ်သီချင်းသံက ကားထဲတွင် ပဲ့တင်ထပ်လာခဲ့လေသည်။

“ဇနီးလေး အာဟား! မင်း နာကျင်ရမှာမဟုတ်ဘူး….”

“ငါ တကယ်ကို အချစ်သီချင်းတစ်ပုဒ် သီဆိုချင်ပြီး အလှပဆုံးသော မီးရှုးမီးပန်းတွေကို ကြည့်ချင်တယ်….”

ကျောင်းချီယန် ခေါင်းကုတ်ပြီး တီးတိုးကျိန်ဆဲလိုက်သည်။

“ဘယ်လိုငရဲလဲ?”

သူက ယာဥ်မောင်း ထိုင်ခုံတွင်ရှိသည့် ကျောင်းစီဟွေ့ကိုလည်း တစ်ချက်ကြည့်လိုက်၏။ သူမ၏ နှုတ်ခမ်းထောင့်က အနည်းငယ်တွန့်နေကာ သူမသည်လည်း အပေါစား သီချင်းစာသားကြောင့် ‌ရွံ့ရှာနေပုံရလေသည်။

ယင်ရိလျိုကတော့ ကျင်းယန်၏ပေါင်ပေါ်တွင် လူးလိမ့်ကာ ရယ်မောနေခဲ့သည်။

သူမ၏နောက်ရှိ လူက သူ၏ ပေါင်ပေါ်မှ သူမ လိမ့်ကျခြင်းမှ ကာကွယ်ရန်အတွက် သူမ၏ခေါင်းကို နွေးထွေးသောလက်များဖြင့် ကိုင်ထားလေသည်။

ကျောင်းချီယန်က ဘာလို့ အရမ်းရယ်စရာကောင်းနေရတာလဲ?

ဤအချိန်တွင် ကျောင်းမောင်နှမနှစ်ယောက်ကို ခေါ်ဆောင်လာခြင်းသည်က အကောင်းဆုံးဆုံးဖြတ်ချက်ဖြစ်နိုင်သည်ဟု ယင်ရိလျိုခံစားလိုက်ရသည်!

သူမ ခေါင်းမော့လိုက်ပြီး အေးစက်ပြီး အမူရာမဲ့မှုကို ဆက်လက်ထိန်းသိမ်းရန် ရုန်းကန်နေရသော ကျင်းယန်ကို ကြည့်လိုက်သည်။

သူသည်လည်း အဖြေမထုတ်နိုင်ချေ။

သူ့ရဲ့ကားထဲမှာ ဒီလိုမျိုးသီချင်းတွေက ဘာကြောင့် ရှိနေရတာလဲ?

မည်သို့ပင် ဖြစ်စေ ကားထဲရှိ လေးလံသောလေထုကတော့ အတော်အတန် ပေါ့ပါးသွားခဲ့သည်။

All Chapters