အခန်း (၂၉)
Vol. 3 Ch. 29
သူတို့၏ အစီစဥ်အရ အမြန်ဆုံးနှင့် အလွယ်ကူဆုံးလမ်းဖြစ်သည့် အဝေးပြေးလမ်းမကြီးမှ သွားလိမ့်မည်ဖြစ်သည်။
ကနဦးက ကျောင်းစီဟွေ့အနေဖြင့် လမ်းတွင်အစားအသောက်များ မလောက်မည်ကို စိုးရိမ်ခဲ့ပြီး မြို့ကိုဖြတ်ကာ မောင်းသင့်သည်ဟု အကြံပြုခဲ့သည်။
လမ်းခရီးက ရှည်လျားသွားမည် ဖြစ်သော်လည်း အနည်းဆုံး အစားအစာအတွက် အမဲလိုက်ဖို့လိုအပ်ပေသည်။ သို့သော်လည်း ထိုအကြံပြုချက်ကို ကျင်းယန်က ငြင်းပယ်လိုက်သည်။
ဆင့်ကဲပြောင်းလဲသူများတွင် ပို၍စားသောက်ချင်စိတ်ရှိ၏။ သူတို့၏ ခန္ဓာကိုယ်ဆိုင်ရာ ဆောင်ရွက်ချက်များက တိုးတက်လာသကဲ့သို့ စွမ်းအင်အတွက် ပို၍ စားသုံးရန်လည်း လိုအပ်လာခဲ့သည်။
သာမာန်လူတစ်ယောက်၏ သုံးရက်စာ အစားအစာသည်က ဆင့်ကဲပြောင်းလဲသူ တစ်ယောက်အတွက် တစ်ရက်ခွဲ အစားအစာနှင့် ညီမျှလေသည်။
ကျင်းယန်နှင့် ခရီးသွားရန် ဆုံးဖြတ်ပြီးနောက် ကျောင်းစီဟွေ့က သူတို့၏အစားအသောက်များကို ကမ်းလှမ်းခဲ့သည်။ မည်သို့ပင်ဖြစ်စေ သူတို့တွင်ရှိသော အစားအစာများသည်က တစ်ရက် သို့မဟုတ် နှစ်ရက်သာ လုံလောက်လေသည်။
အစားအစာအတွက် အတူတကွ အမဲလိုက်လျှင် ကျင်းယန်က သူ၏သေနတ်ကို သုံးနိုင်ပြီး မောင်နှမနှစ်ယောက်သည်က သူတို့၏စွမ်းရည်များကို သုံးနိုင်လေသည်။
သူတို့၏ အသက်မွေးဝမ်းကြောင်းများသည်လည်း အတူတကွ ချည်နှောင်ထားလိမ့်မည်ဖြစ်သည်။
သို့သော်လည်း သူတို့နှစ်ယောက် ပေါင်းထားသည်ထက် ပိုမိုများပြားသော အစားအစာများက ကျင်းယန်ထံတွင် ရှိနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ချေ။
ဤသည်က သူမတို့ဘက်မှ ကျင်းယန်ကို အခွင့်အရေးယူနေသကဲ့သို့ ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။
သူမဘေးတွင်ရှိနေသော သူမ၏ဦးနှောက်မရှိသည့်မောင်ဖြစ်သူက ရူးမိုက်စွာပြုံးနေသည်ကို မြင်ပြီးနောက်တွင်တော့ ကျင်းယန်၏ စကားလုံးများကို ယုံကြည်ပြီး အစားအသောက်အတွက် ပူပန်ခြင်းအား ရပ်တန့်ရန် ဆုံးဖြတ်ခဲ့သည်။
မြေပုံအရ ဤအဝေးပြေးလမ်းသည်က မြို့တော် Z သို့တိုက်ရိုက် မပေါက်ချေ။ ရှေ့သို့ဆက်သွားရန် သူတို့ မြို့တော် Mကိုဖြတ်သန်းပြီး အခြားလမ်းမကြီးကို အသုံးပြုရလိမ့်မည်။
မနက်မှညနေထိ နေ့စဥ်ရက်ဆက် မောင်းနှင်ခြင်းအားဖြင့် ၇၀၀ ကီလိုမီတာနီးပါး အကွာအဝေးက တစ်ဝက်ကျော်ကျော် အလျော့ချခံလိုက်ရပေပြီ။
ကျန်ရှိနေသည့် ၂၀၀ ကီလိုမီတာကသာ ခရီးလမ်းဖြောင့်ဖြူးမည်ဆိုပါက မြို့တော် Z သို့ မနက်ဖြန်ညနေတွင် ရောက်ရှိနိုင်သည်။
မြို့တော် Mသို့ ကားဝင်သည့်အချိန်တွင် အတော်လေး နောက်ကျနေခဲ့ပေပြီ။
မြို့တော် Mရှိ လမ်းများတစ်လျှောက်ကို မောင်းနှင်ရခြင်းက တောအုပ်တစ်ခုကို ဖြတ်မောင်းနေရသည်နှင့်ပင် တူနေခဲ့သည်။
လမ်းဘေးနှစ်ဖက်ရှိ သစ်ပင်များက အုံ့ဆိုင်းနေခဲ့ပြီး အကိုင်းအခက်များက အပြင်ဘက်သို့ ပြန့်ကားနေခဲ့ကာ အုပ်ဆိုင်းသော သစ်ရွက်များနှင့်အတူ အလွန်စိမ်းလန်းစိုပြည်စွာ ကြီးထွားနေခဲ့ကြသည်။
လေးလံသော သစ်ကိုင်းကြီးများသည်လည်း အောက်ဘက်သို့ အိကျနေခဲ့ပြီး သူတို့၏ကားခေါင်မိုးကိုပင် ထိတွေ့နိုင်လေသည်။
မှိန်ဖျော့သော လရောင်ကတော့ အကိုင်းအခက်နှင့်အရွက်များကြား ကို ဖြတ်သန်းပြီး တောက်ပနေပြီး မြင်ကွင်းကို အလင်းရောင်ပေးနေခဲ့သည်။
ကျင်းယန်နှင့် ကားထဲမှလူများအားလုံးမှာ အမှောင်ထဲတွင် မြင်နိုင်သော ဆင့်ကဲပြောင်းလဲသူများဖြစ်နေခဲ့သည်။ ထို့ကြောင့် သူတို့အနေဖြင့် မြို့တော် M ၏ အခြေအနေကို ရှင်လင်းစွာ မြင်တွေ့နေခဲ့ရပြီး ဤမြင်ကွင်းကို အလွန်အမင်း အံ့သြနေခဲ့ကြရသည်။
ဤနေရာမှ သစ်ပင်နှင့်ပေါင်ပင်များမှာ တခြားနေရာများထက် ပိုမို ထူထပ်နေခဲ့သည်။
လမ်းဘေးမှ သာမာန်အဖြစ်ဆုံးသော အပင်များသည်ပင် မီတာဆယ်ချီ အမြင့်အထိ ကြီးထွားနေခဲ့ကာ အပူပိုင်းမိုးသစ်တောမှ သစ်ပင်များနှင့် တူညီနေလေ၏။
အဆောက်အအုံများသည်လည်း အစိမ်းရောင်အပင်များဖြင့် ဖုံးလွှမ်းနေပြီး နံရံအများအပြားသည်ပင် ရေညှိနှင့်မြေကပ်ပင်များဖြင့်ပင် ဖုံးလွှမ်းနေခဲ့သည်။
အင်းစက်များ၏ တကျီကျီအသံမှလွဲ၍ မြို့ကြီးတစ်ခုလုံးက အသက်မဲ့ကာ တိတ်ဆိတ်နေခဲ့သည်။
ဒီနေရာမှာ ဘာဖြစ်သွားခဲ့တာလဲ…
မြိုတော် M သည်က နိုင်ငံထဲတွင် နာမည်ကြီးခရီးသွား မြို့တစ်မြို့ဖြစ်သောကြောင့် သစ်ပင်ပန်းမန်များကို ကောင်းမွန်စွာ ထိန်းသိမ်းခံထားရလေသည်။
ထို့ကြောင့် သစ်ပင်များကို နေရာတိုင်းတွင် တွေ့နိုင်၏။ နိုင်ငံ၏အကြီးမားဆုံး တောရိုင်းစိမ့်ဒေသ တိရစ္ဆာန်ရုံသည်လည်း ဤမြို့တွင် လွန်ခဲ့သည့်နှစ်လက တရားဝင်ဖွင့်လှစ်ခဲ့သောကြောင့် ခရီးသွားအများအပြားကို ဆွဲဆောင်ခဲ့သည်။
ပျက်ကပ်ရောက်ရှိလာပြီးနောက် ရလဒ်ကတော့ သိသာထင်ရှားပေသည်။ သစ်ပင်ပန်းမန်များက စွန့်ပစ်ခံလိုက်ရပြီးနောက်တွင် သစ်ပင်များက အလွန်လျှင်မြန်စွာ ကြီးထွားလာခဲ့ကြသဖြင့် မြို့တစ်မြို့လုံးကို သစ်ပင်များဖြင့် ဖုံးလွှမ်းခံလိုက်ရသည်။
သူတို့မြို့ထဲသို့ ဝင်လျှင်ဝင်ချင်းပင် ကျင်းယန်က ကားကို အရှိန်လျော့ချလိုက်ပြီး သူ၏သန္ဓေပြောင်းလင်းယုန် မျက်လုံးများသည် အပြင်ဘက်မှ လှုပ်ရှားမှုများကို အနီးကပ် လေ့လာစောင့်ကြည့်နေခဲ့သည်။
ဤမြို့၏အခြေအနေက မြင်နေရသည့်နှယ် မရိုးရှင်းဟု သူ၏အလိုလိုသိစိတ်က ပြောနေခဲ့သည်။
ယင်ရိလျိုကတော့ ထုံးစံအတိုင်း ကား၏ dashboard ပေါ်တွင် ထိုင်နေခဲ့ကာ လေကာအပြင်ဘက်က တောအုပ်ထူထူကို ကြောက်ရွံ့စွာဖြင့် စောင့်ကြည့်နေခဲ့သည်။
ဒီသစ်ပင်ကြီးတွေက ဘာလို့ ဒီလောက်တောင်မှ မြင့်မားရှည်လျားပြီး ကြီးထွားနေရတာလဲ?
သူတို့ကို ဟောမုန်းကြီးထွားဆေးတွေ ထိုးထားသလိုပဲ..
ကားရွေ့လျားမှု၏ စည်းချက်အတိုင်း သူမ၏ခြေထောက်များကို ညင်သာစွာလှုပ်နေချိန်တွင် ရုတ်တရက် အနက်ရောင် အရိပ်ကြီးတစ်ခုက သူတို့၏ကားဆီသို့ ဦးတည်၍ ထိုးသုတ်လာခဲ့လေ၏။
၎င်း၏တောင်ပံများက လေကာပေါ်ကို ယပ်တောင်တစ်ခုနှယ် ရိုက်ချလာခဲ့သည်။ စီစီညံအော်နေသည့် ချိတ်သဏ္ဍာန် ငှက်နှုတ်သီးရှည်ရှည်နှင့် ၊ သူမ၏ရှေ့မှလေကာကို ကုတ်ခြစ်နေသည့် လက်သည်းတစ်စုံကိုသာလျှင် မြင်တွေ့နိုင်ခဲ့သည်။
ကံကောင်းစွာဖြင့် SUV ၏မှန်များကို ကျည်ကာမှန်များဖြင့် အစားထိုးခဲ့သည်မှာ ကြာပြီဖြစ်သဖြင့် တိုက်ခိုက်မှုကြောင့် အလွန်တိမ်သော ကုတ်ရာများကိုသာ ထင်ကျန်ရစ်စေခဲ့သည်။
ငှက်ကြီး၏ရုတ်တရက် ပေါ်ထွက်လာမှုက ယင်ရိလျိုကို ထိတ်လန့်သွားစေပြီး မတ်မတ်ထိုင်ရန်အတွက် ရုန်းကန်လိုက်ရသည်။
သူမ ပြန်ထိုင်ပြီးနောက် စိတ်ထဲတွင် ကျိန်ဆဲလိုက်မိ၏ : ဒီသန္ဓေပြောင်းငှက်က သူမကိုသေလောက်အောင် ကြောက်လန့်သွားစေတာပဲ!
သူမ လေကာကိုဖြတ်၍ ကြည့်လိုက်လျှင် ကား၏အပေါ်တွင် အကြိမ်ရေအချို့ အဝိုင်းပတ် ရစ်ဝဲနေသည့် တရားခံကိုမြင်လိုက်ရသည်။
၎င်းသည်က ဤထူးဆန်းသော ကြေးအရေပြားရှိသည့် အရာအား မထိုးဖောက်နိုင်သည်ကို သတိထားမိသွားပြီးနောက် သစ်ပင်များထဲ အရှိန်ပြင်းစွာ ဝင်ရောက်သွားခဲ့လေသည်။
ကျောင်းမိသားစု၏ မောင်နှမသည်လည်း အသိပြန်ဝင်လာသည်။
ကျောင်းစီဟွေ့က မျက်မှောင်ကြုတ်လိုက်ပြီး အပြင်ဘက်ကို ကြည့်လိုက်လေသည်။ သူမ၏သန္ဓေပြောင်းဆံပင်များကိုဖြူကောင်၏ ဆူးများနှင့် ဆင်တူစေရန် ပြုလုပ်နိုင်သော်ငြား သူမ၏ အမြင်အာရုံကဆော့ အများအပြား မတိုးတက်သေးချေ။
တချို့သောအကြောင်းပြချက်များကြောင့် မြို့တော် M ကိုဝင်ပြီးကတည်းက သူမကိုဝန်းရံနေသော မြူလွှာပါးပါးတစ်ခု ရှိနေသည်ဟု အမြဲခံစားနေရသည်။
သူမက ပတ်ဝန်းကျင်၏ ငါးမီတာအတွင်းကိုသာ မြင်နိုင်သဖြင့် ဤအခြေအနေက သူမကို စိတ်တထင့်ထင့် ခံစားရစေသည်။
“ကျင်းကော ဂရုစိုက်ဦး၊ ဒီနေရာက တစ်ခုခုမှားနေတယ်လို့ ကျွန်မထင်တယ်”
ပတ်ဝန်းကျင်သည်က အလွန်တိတ်ဆိတ်သော်လည်း သစ်ပင်များနောက်တွင် ပုန်းနေသော သတ္တဝါများရှိနေသည်ဟု သူတို့ခံစားနေရသည်။
၎င်းက သူတို့ကို တိုက်ခိုက်ရန်အတွက် အခွင့်အရေးကို စောင့်ဆိုင်းနေလျက် ရှိပြီး သူတို့၏ခန္ဓာကိုယ်များကို ဖုံးကွယ်ရန်အတွက် ထူထဲသော သစ်ရွက်များပေါ်မှီခိုနေသကဲ့သို့ ထင်မြင်မိသည်။
ကျောင်းချီယန်သည်လည်း သူ ယခင်က မြင်တွေ့ခဲ့ဖူးသော သတင်းတစ်ခုကိုရုတ်တရက် အမှတ်ရပြီးပြောလာခဲ့သည်။
“ဒီနေရာမှာ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က တိရစ္ဆာန်ရုံဖွင့်ခဲ့တယ်လို့ ကျွန်တော် ကြားဖူးတယ်.. ရှားပါးတိရစ္ဆာန်တွေ အများကြီးကို မြို့ထဲ ပို့ဆောင်ခဲ့ကြတာတဲ့ ..မြို့တော်M က လူတွေသာ ဖရိုဖရဲဖြစ်ပြီး ထွက်ပြေးနုင်တယ်ဆိုရင် တိရစ္ဆာန်တွေကလည်း ပန်းခြံကို ဖောက်ထွက်ပြီး အပြင်ဘက်ကို လွတ်မြောက်အောင် ပြေးကြမှာပဲလေ..”
သူ၏အသံက တဖြည်းဖြည်းဖျော့တော့သွားခဲ့၏။
အဘယ်ကြောင့်ဆိုသော် ၎င်းသည်က အလွန်ဖြစ်နိုင်ဖွယ်ရှိသော ခန့်မှန်းခြေတစ်ခုဖြစ်နေခဲ့ကြောင်းကို သတိဝင်လာသောကြောင့်ပင် ။
သူ၏ဘေးဘက်မှ အစ်မဖြစ်သူကိုကြည့်လိုက်လျှင် သူမ၏မျက်နှာသည်လည်း မှောင်မည်းနေခဲ့လေသည်။
“မြဲမြဲထိုင်ကြ”
ကျင်းယန် တီးတိုးပြောလိုက်ကာ ကားကိုလည်း အရှိန်မြှင့်လိုက်လေသည်။ သူ့အနေဖြင့် မြို့တော် M တွင် ကြာကြာနေရန် မစီစဥ်ထားတော့ချေ။
သူတို့ စောနိုင်သမျှစောစော မြို့ထဲကနေ ထွက်သွားရလိမ့်မည်။
လမ်းပေါ်တွင် ဆိုင်းပုဒ်များနှင့် သစ်ပင်များက ကာဆီးနေသော်လည်း ကျင်းယန်က နောက်ထပ် အဝေးပြေးလမ်းမ၏ ဆင်ခြေလျှောဝင်ပေါက်ကို လျှင်မြန်စွာရှာတွေ့ရန် စီမံနိုင်ခဲ့သည်။
ကားက အချက်ပြမီးများ မရှိတော့သည့် နေရာဆီသို့ ရောက်လာခဲ့ပြီးနောက် လူအနည်းငယ်က သူတို့၏ရှေ့မှ မြင်ကွင်းကို တိတ်တဆိတ်ဖြင့်သာ စိုက်ကြည့်နေခဲ့မိကြသည်။
ကားလမ်းတံတားက အမည်မသိတစ်စုံတစ်ရာကြောင့် လုံးဝဖြိုချခြင်းခံထားရသည်။ အဝေးပြေးလမ်းမမှ ပြုတ်ကျထားသော အပျက်အစီးများသည်လည်း မြေပြင်ပေါ်တွင် ပြန့်ကြဲနေခဲ့လေသည်။ ဤလမ်းကြောင်းကို ထပ်မံ၍ အသုံးပြုရန် မဖြစ်နိုင်တော့ချေ။
ထို့အပြင် ဤနေရာကသာ ပြိုကျထားသည့် တစ်ခုတည်းသောနေရာမဟုတ်ပေ။ အမြင်အာရုံအတွင်း အဝေးပြေးလမ်းမ၏ အခြားအစိတ်အပိုင်းများသည်လည်း ပျက်စီးနေခဲ့သည်။
တိုးမြှင့်ထားသော အဝေးပြေးလမ်းမကို ဖြတ်သန်း၍ မြို့တော်Z ဆီသို့ လျှင်မြန်စွာရောက်ရန်ဆိုသည့် သူတို့၏အစီအစဥ်သည်က ကျရှုံးသွားခဲ့သည်။
အဝေးပြေးလမ်းမ၏ အောက်ခြေကို လုံးဝ လဲကျသွားစေရန် လုပ်ဆောင်နိုင်လောက်သည်အထိ သန်မာနိုင်သော အရာကို ယင်ရိလျိုမသိနိုင်ခဲ့ချေ။
သူမက အနောက်ဘက်မှ မျက်မှောင်ကြုတ်နေသော ကျင်းယန်ကို တစ်ချက်ကြည့်လိုက်ကာ သူ၏ ပေါင်ထက်သို့ ခုန်လိုက်လေသည်။
ထို့နောက် တစ်ဖက်လူ၏ ဒူးကို သူမလက်ဖဝါးလေးများဖြင့် ပုတ်လျှက် မစိုးရိမ်ရန်အတွက် အချက်ပေးလိုက်သည်။
“ဒီညတော့ ကားထဲမှာပဲနေလိုက်ကြတာပေါ့၊ ငါတို့ရဲ့လမ်းကြောင်းကို မနက်ဖြန်မနက်ကျမှ ဆွေးနွေးကြရအောင်”
ကျင်းယန် ပြောလိုက်ပြီးနောက် ယုန်လေး၏ လက်ဖဝါးလေးကို ညှစ်လိုက်သည်။
ကျင်းယန်က သူ၏ကျောပိုးအိတ်ထဲမှ ဘီစကစ်များ၊ ရေနှင့် အလုံပိတ် ဝက်အူချောင်းများကို ထုတ်ပြီး သူ့ နောက်မှ မောင်နှမဆီသို့ လက်လှမ်းပေးလိုက်သည်။
ကျောင်းမောင်နှမ စစ်တပ်မှ လက်ခံရရှိခဲ့သော အစားအစာ အများစုမှာ ပေါင်မုန့်နှင့် အသင့်စားခေါက်ဆွဲများသာဖြစ်ပြီး ယင်ရိလျို၏ နေရာလွတ်ထဲမှ အစားစာများနှင့် ယှဥ်ပါက အလွန် စျေးပေါနေသည့် ပုံပေါ်ရသည်။
ကျင်းယန်ကတော့ ၎င်းအတွက် စိတ်မရှိပါချေ။
ကျောင်းစီဟွေ့က မုန့်များကို ရိုးရှင်းစွာ ယူလိုက်ကာ အထုပ်ကိုဖြည်ပြီး စတင်စားလိုက်လေသည်။
သူတို့က လမ်းတစ်လျှောက်လုံးအတွက် တစ်ဦးကိုတစ်ဦး ထောက်ပံ့ရန် ဆုံးဖြတ်ပြီးကတည်းက အစားအစားနှင့် အထောက်ပံ့ပစ္စည်းများ အပေါ်ဇီဇာကြောင်နေရန် မလိုအပ်ချေ။
ပြောရလျှင်ကျောင်းမောင်နှမသည်လည်း အတော်လေး အသိစိတ်ရှိက် ရည်မွန်သောသူများသာ ဖြစ်ပုံရသည်မဟုတ်ပါလား။
ကျောင်းချီယန်ကတော့ သူ၏မျက်နှာပေါ်တွင် ပုံကြီးချဲ့သော အမူအရာတစ်ခုနှင့်အတူ ရှီဇီ*ကဲ့သို့ သူ၏ရင်ဘက်ပေါ်တွင် အုပ်ကိုင်နေသော ပြပွဲတစ်ခုကို လုပ်လိုက်လေသည်။
[ ရှီဇီ*
西子捧心 (Xi Zi holding her heart): 西施 (Xi Shi) သို့မဟုတ် တစ်နည်းအားဖြင့် 西子 (Xi Zi) ဟုသိကြပြီး ရှေးခတ်တရုတ်ပြည်တွင် အလှလေးလေးယောက်ထဲမှ တစ်ယောက်ဖြစ်၏။ သူမတွင် ရင်ဘက်အောင့်သည့် ဝေဒနာရှိပြီး မျက်မှောင်ကြုတ်လျှက် သူမ၏ရင်ဘက်ကိုင်ထားသည့် iconic လက်ဟန်ခြေဟန် လုပ်သည်ကို မကြာခဏမြင်နိုင်လေသည်။ ]
“ကျင်းကော၊ ကောကအရမ်းကြင်နာတာပဲ”
“နင်က စားနေတုန်းတောင်မှ အရူးလုပ်နေတာကို မရပ်နိုင်ဘူးပေါ့ ဟုတ်လား?”
ကျောင်းစီဟွေ့ သူ၏ခေါင်းကို ရိုက်လျှက် မေးလိုက်သည်။
တကယ်တမ်းတွင်တော့ သူမသည်လည်း အလွန် ထိရှသွားရသည်။ ယနေ့ခတ်လောကကြီးထဲတွင် အစာတစ်လုပ်သည်က တစ်ခါတစ်ရံ အသက်တစ်သက်၏ တန်ဖိုးနှင့်ပင် ထိုက်တန်နိုင်လေသည်။
သူတို့ကို အစားအစာနှင့် ရေပေးသည့် ကျင်းယန်၏ရက်ရောမှုများက သူ့နောက်ကိုလိုက်မည့် သူမ၏ ဆုံးဖြတ်ချက်ကို အားဖြည့်ပေးလိုက်သည်။
တဖက်လူက သူမတို့ကို လုံးဝမလိုအပ်နိုင်သော်ငြား...