← Chapters

အခန်း (၃၀)

Vol. 3 Ch. 30

အခန်း (၃၀)

Vol. 3 Ch. 30

ညကောင်းကင်အောက်တွင် မြူများက တဖြည်းဖြည်း ထူထဲလာခဲ့လေသည်။ ကျင်းယန်၏မျက်လုံးများက ရွှေဝါရောင် ပြောင်းနေခဲ့ပြီး အပြင်ဘက်မှ အခြေအနေကို စိတ်ဖြာပိုင်းခြားရန်အတွက် ပြတင်းပေါက်ကို ဖြတ်၍စိုက်ကြည့်နေခဲ့သည်။

သူ၏မျက်လုံးများက သန္ဓေပြောင်းအသွင် ရှိနေချိန်တွင် ရှေးဂရိဝိညာဥ်တစ်ပါး၏ မျက်လုံးများကဲ့သို့ လျှို့ဝှက်ဆန်းကြယ်နေသည့် ပုံပေါ်နေခဲ့သည်။

မျက်လုံး၏မျက်နှာပြင်တွင် လိုင်းပုံစံကွက် အနေအထားများဖြင့် ဖုံးလွှမ်းနေသည်။ သူ၏မျက်လုံးနှစ်ဖက်လုံးတွင် ပါးလှပ်သည့်ရွှေရောင်မျက်စံ တစ်ခုစီရှိကာ ၎င်းက သူကြည့်နေသည့်အရာပေါ်တွင် မူတည်၍ အနည်းငယ် ကျုံ့ချည် ဆန့်ချည်ဖြစ်သွားလိမ့်မည်ပင်။

လူသုံးယောက်ထဲမှ တစ်ယောက်မှ မြူများအကြောင်းကို ဂရုမထားကြပေ။ ယုန်လေးဖြစ်နေခဲ့သော ယင်ရိလျိုသာ မည်သည့်အရာများ ရောက်လာတော့မည်ဖြစ်ကြောင်းကို နားလည်ခဲ့လေသည်။

အပြင်ဘက်မှ အုံ့ဆိုင်းနေသော မြူများကိုကြည့်ကာ သူမ တုန်လှုပ်လာခဲ့ရလေသည်။ မြူများထွက်လာချိန်တွင် ကျင်းယန်နှင့် အခြားသူများက အိပ်ပျော်သွားကြခဲ့ကြသည်။ သို့သော်လည်း ဤမြူများ ပေါ်ပေါက်လာမှုက ကမ္ဘာတစ်ဝှမ်းမှ တိရစ္ဆာန်နှင့် အပင်များကို အရိုင်းဆန်စွာ သန္ဓေပြောင်းသွားစေလိမ့်မည်ဖြစ်ပြီး ဤမြူများ၏နောက်တွင် အစစ်အမှန် ကမ္ဘာပျက်ကပ်စတင်လာခဲ့မည်ကို ယင်ရိလျိုသိနေခဲ့လေသည်။

လူတိုင်းက လက်ရှိအဆင့်ကို လုံလောက်အောင် ထိတ်လန့်ကြောက်ရွံ့စရာကောင်းသည်ဟု ထင်နေကြသော်ငြား ဝတ္ထုကို ဖတ်ပြီးခဲ့သော ယင်ရိလျိုသည်သာ ဒုတိယမြူများကမှ ကမဘာသာာပျက်ကပ်၏ စတင်ခြင်းအစစ် ဖြစ်သည်ကို သိနေခဲ့လေသည်။

ဒုတိယမြူလှိုင်းပြီး‌နောက်တွင် တိရစ္ဆာန်များ၏ခန္ဓာကိုယ် အရွယ်အစားများက ထပ်မံ၍ကြီးထွားလာမည်ဖြစ်ကာ ၎င်းနှင့်အတူ သူတို့၏ ကြမ်းကြုတ်ခြင်းအဆင့်သည်လည်း တိုးလာခဲ့သည်။

လူသားများ၏အခြေအနေကို ပို၍ခက်ခဲအောင် ပြုလုပ်သည်က အစားအစာကွင်းဆက်၏ အောက်ခြေတွင်ရှိသော အပင်များသည်လည်း အရိုင်းဆန်စွာ သန္ဓေပြောင်းစပြုလာခြင်းသာ ဖြစ်ချေသည်။

အကြိမ်ရေပေါင်းများစွာ လူများကို သတ်သည့်အရာာ ယခင်က မည်သူတစ်ဦးကမှဂရုမစိုက်ကြသည့် ပေါင်းပင်လေးတစ်ပင်ထံမှ ဖြစ်လာတတ်လိမ့်မည်။

အပင်များက ညတွင်းချင်း သားရဲများအဖြစ် ပြောင်းလဲသွားလိမ့်မည်ပင်။

မြူအုပ်ထူကြီးနှစ်ခုပေါ်ပေါက်လာခြင်း၏ ကြားမှ အချိန်အတိုင်းအတာမှာ အလွန်အမင်း တိုတောင်းခဲ့သဖြင့် လူတိုင်းကို အငိုက်ဖမ်းမိသွားခဲ့သည်။

ဤဒုတိယမြူလှိုင်းက မြောက်ဘက်သို့ ခရီးသွားသည့်သူ တစ်ဝက်ကျော်ကျော်လောက်ကို ဒဏ်ရာရသွားစေခဲ့သည်။

အရေးပေါ်အခြေအနေများတွင် သူတို့၏အထောက်အပံပစ္စည်း အများစုကိာ စွန့်ပစ်ခဲ့ရပြီး မြို့တော် Bကို ခြေလျှင် လမ်းလျှောက်သွားခဲ့ကြရသည်။

သူတို့၏ခရီးက ပို၍အချိန်ကြာမြင့်သွားပြီး လမ်းတစ်‌လျှောက် အခက်အခဲနှင့် အတားအဆီးမျိုးစုံကို ပက်ပင်းကြုံတွေ့ခဲ့ရသည်။

ဝတ္ထုထဲမှ ဇာတ်ကြောင်းကို ပြန်စဥ်းစားလျှက် ဒုတိယမြူလှိုင်းက ဤနေ့ညဖြစ်ပျက်လာလိမ့်မည်ဟု ယင်ရိလျို ခံစားနေရသည်။

သူမအနေဖြင့် မည်မျှပင် တုန်လှုပ်နေစေကာမူ ယုန်တစ်ကောင်အနေနှင့် သူမက တကျီကျီသာ အော်နိုင်လေသည်။

ကျင်းယန်က မည်မျှပင် ဉာဏ်ကောင်းနေပါစေ အော်မြည်နေသည့် အကြောင်းအရာကို သူနားလည်ရန် မဖြစ်နိုင်ပါချေ။

သိပ်သည်းသောမြူများက အပြင်ဘက်လောကကို လွှမ်းခြုံပြီးသည့်အချိန်တွင်တော့ ကားထဲရှိလူသုံးယောက်မှာ ထပ်မံ၍ ခုခံနိုင်ခဲ့ကြတော့ဘဲ တဖြည်းဖြည်း အိပ်ပျော်သွားခဲ့ကြလေသည် ။ သူတို့ကိာ အိပ်မောကျစေရန်အတွက် စိတ်ငြိမ်ဆေးအချို့ တိုက်ကျွေးခံထားရသကဲ့သို့ပင်။

ကျင်းယန်၏ ဖြည်းညှင်းစွာ မှိတ်နေသော မျက်လုံးများကို ကြည့်နေလျှက် ယင်ရိလျို တုန်လှုပ်မှုများကို ခံစားနေခဲ့ရသည်။

မြေပြင်မှထိုးထွက်လာပုံရသည့် ကြောက်ခမန်းလိလိမြူများမှာလည်း ပြတင်းပေါက်ရှိ သေးငယ်သောအဟလေးများမှ ဖြတ်သန်း၍ ကားထဲသို့ စိမ့်ဝင်လာခဲ့လေသည်။

ဤမြူများက လူများ၏ခန္ဓာကိုယ်ကို ဒုက္ခမပေးကြောင်းကို ပထမမြူကာလပြီးချိန်ကတည်းက ယင်ရိလျို ရှာတွေ့ခဲ့သည်။ ၎င်းသည်က ဆင့်ကဲပြောင်းလဲခြင်းများအတွက် ခလုတ်တစ်ခုအဖြစ် လုပ်ဆောင်ရုံမျှသာဖြစ်ပေ၏။

သူမ၏ခန္ဓာကိုယ်ထဲမှာ အရိုးနှင့်အသွေးအသားများသည်လည်း တစ်ဖန်ယားယံစပြုလာသည်ကို သူမ ခံစားနိုင်သော်လည်း ဤအကြိမ်ခံစားမှုက ပထမတစ်ကြိမ်ထက် ကွာခြားလွန်းကာ အင်းစက်နှင့် ပုရွက်ဆိတ်များက သူမ၏အရိုးထဲတွင် တူးခြစ်နေသည့်နှယ် ခံစားရသည်။

ယင်ရိလျို သူမ၏အကြောက်တရားကို ဖိနှိပ်လိုက်ပြီး သူမ ပထမဆုံးအကြိမ်က လုပ်သည့်အတိုင်း ကျင်းယန်၏ နဖူးကို သူမ၏လက်ဝါးဖြင့် ထိလိုက်သည်။

သူ့ထံတွင် အဖျားမရှိသကဲ့သို့ နာကျင်နေသည့် ပုံလည်းမပေါ်ချေ။ သူက အိပ်ပျော်‌နေသည်နှင့်သာ တူနေခဲ့သည်။

သူမ အနောက်ဘက်ကို ခုန်ပြီး ကျောင်းမောင်နှမကိုလည်း စစ်ဆေးလိုက်ပြီးနောက် သက်သာရာသည့် သက်ပြင်းတစ်ချက်ကိုဖြည်းညှင်းစွာရှူထုတ်လိုက်သည်။

ကျောင်းချီယန်က အိမ်မြှောင်နှင့် မျိုးစပ်ခဲ့သောကြောင့်လား မသိသော်ငြား သူ၏ မြင်တွေ့နိုင်နေသောအရေပြားများက မြူများနှင့်ထိမိသည့်အခါ မျက်နှာနှင့် လက်ဖမိုးတွင် အစိမ်းရောင်အရေခွံများက တဖြည်းဖြည်းပေါ်လာခဲ့လေ၏။ ကြည့်ရသည်မှာ အနည်းငယ် ကြောက်စရာကောင်းနေခဲ့သည်။

ယင်ရိလျိုသည် တစ်ချက်သာကြည့်လိုက်ပြီး အနည်းငယ် တုန်သွားကာ အဘက့ရှေ့ထိုင်ခုံဆီသိုး ပြန်ခုန်သွားလိုက်ပြန်သည်။

သူမက ကျောပိုးအိတ်ထဲမှ ရေတစ်ဝက်ပါသောဘူးကို ထုတ်လိုက်ပြီး ရေဘူးအဖုံးကို သူမ၏ လက်ဖဝါးလေးများဖြင့် ကိုးယိုးကားယားဖွင့်လိုက်သည်။

ထို့နောက် သူမ ယခင်က လုပ်ခဲ့သည့်အတိုင်း ကျင်းယန်၏ နှုတ်ခမ်းများကို နည်းနည်းချင်း စွတ်လိုက်လေ၏။ ခေတ္တကြာပြီးနောက် အရှေ့ဘက်ခရီးသည်ထိုင်ခုံပေါ်တွင် ရေစိုကွက်တစ်ခု ပေါ်ပေါက်လာခဲ့သည်။

ထိုသူ၏ဖျော့တော့သော နှုတ်ခမ်းများက စိုစွတ်လာသည်ကို မြင်လျှင် သူမထံ၌ ထူးဆန်းသော ကျေနပ်မှုတစ်ခုကို ခံစားလိုက်ရသည်။

ရေဘူးကို နေရာတကျ လှည့်ပိတ်ပြီးနောက် သူမ dashboardပေါ်သို့ ပြန်ခုန်လိုက်ပြီးချိန်တွင်တော့ အိပ်ငိုက်ခြင်းကို မခုခံနိုင်တော့သည့်အတွက် အိပ်ပျော်သွားခဲ့တော့သည်။

ယင်ရိလျိုက ကျင်းယန်ကို စိတ်ပူနေသောကြောင့် အအိပ်ဆတ်နေခဲ့သည်။ ညက အဆုံးသတ်လာကာ ကား၏အပြင်ဘက်မှ ဆူညံသံများကို သူမ ကြားလိုက်ရသည်။

ယင်ရိလျို သူမ၏ရီဝေနေသော မျက်လုံးများကို ဖွင့်လိုက်ပြီး အပြင်ဘက်ကို ချောင်းကြည့်ရန်အတွက် သူမ၏ယုန်ခန္ဓာကိုယ် တစ်ခုလုံးကို ပြတင်း‌ပေါက်ဆီသို့ ကပ်လိုက်လေသည်။

အပြင်ဘက်လောကမှာ ပထမအကြိမ်ထက် ပို၍ထူထဲသောမြူများဖြင့် အပြည့်အဝလွှမ်းခြုံခြင်းကို ခံလိုက်ရပြီဖြစ်၏။ နေရောင်၏ ပထမဆုံး အလင်းမှိန်မှိန်က မြူများကို အစိမ်းရောင်ဖန့်ဖန့်အဖြစ် မြင်တွေ့နိုင်ခဲ့သည်ပင်။

ယင်ရိလျို သူမ၏ နားရွက်များကို လှုပ်လိုက်၏။ သူမအနေဖြင့် မှန်သားကို ဖြတ်၍ ရှင်းလင်းစွာ မကြားနိုင်သော်လည်း အဝေးမှလာသော တိရစ္ဆာန်များ၏ ဒေါသတကြီး အူသံကိုတော့ ကြားနိုင်ခဲ့လေသည်။

ထို့အပြင် တခြားအသံများသည်လည်း ရောနှောနေသည့်ပုံပင်။

အပြင်ဘက်တွင် အလွန်အမင်းဆူညံနေခဲ့လေသည်။

ဤအခိုက်တွင် အကွာအဝေးတစ်ခုမှ ထွက်လာသော သေနတ်ပစ်သံတစ်ချက်ကို ကြားလိုက်ရပြီး အူသံတချို့က ပို၍ကျယ်လောင်လာသောကြောင့် ယင်ရိလျို၏ နှလုံးသားတစ်ခုလုံး တုန်ရီသွားရလေသည်။

အနီးအနားတွင် လူများနှင့် သားရဲတိရစ္ဆာန်များ ရှိနေ၏။ သူတို့အတွက် ဤနေရာတွင်နေရန် မလုံခြုံတော့ချေ။

သူမ တုံ့ဆိုင်းနေချိန်တွင် ကား၏ဘယ်ဘက်ခြမ်းက ပြင်းထန်စွာ ဝင်တိုက်ခြင်းခံလိုက်ရသည်။ တစ်ဖက်မှ သတ္တဝါက အလွန်သန်မာသောကြောင့် ကားကို ခြေမွလုနီးပါးပင်။

ထိုင်ခုံကို မှီထားသော ကျင်းယန်၏ခေါင်းက အနည်းငယ်လျှောကျသွားခဲ့သည်။

ယင်ရိလျို၏မျက်လုံးများက မြူထူထူများကို တဖြည်းဖြည်းကျင့်သားရလာပြီဖြစ်၏။ ကြီးမားသည့်တိရစ္ဆာန်တစ်ကောင်က သူတို့၏ကားကို ဖြည်းညှင်းစွာ ဖြတ်လျှောက်သွားသည်ကို သူမ မြင်နိုင်ခဲ့သည်။ ကြည့်ရသည်မှာ ၎င်းက သူတို့ကို စိတ်မဝင်စားသည့်ပုံပင်။

မြင်ရသည့်အတိုင်းဆိုလျှင် ထိုသတ္တဝါက သိမ့်မွေ့သည့် သဘောထားရှိကာ ၎င်းတွင် မီးခိုးနက်ရောင် အမွှေးပါးပါးတစ်လွှာရှိ၏။ ၎င်းသည်လည်း သူတို့၏ကားကို ဝင်တိုက်မိခြင်းကြောင့် ကြောင်အမ်းသွား ပုံရသည်။

လမ်းမအလယ်ခေါင်တွင် အတားအဆီးအကြီးကြီးတစ်ခု ရှိနေလိမ့်မည်ကို ၎င်းက မမျှော်လင့်ထားခဲ့သကဲ့သို့ပင်။ မကြာခင် ၎င်း၏ခေါင်းကိုခါရမ်းပြီး အဝေးသို့လျှောက်သွားလေသည်။

ထိုအရာ အဝေးသွားခဲ့သည်ကို ယင်ရိလျို စောင့်ကြည့်ခဲ့ပြီး ဖြည်းညှင်းစွာ စိတ်‌အေးသွားခဲ့သည်။

သူမ၏ ယခင်ဘဝက တိရစ္ဆာန်ရုံကို အလည်သွားခဲ့သည့် မှတ်ဉာဏ်ပေါ် အခြေခံခြင်းအားဖြင့် ဤအကောင်သည် capybara တစ်ကောင်ဖြစ်သင့်ပေသည်။ သန္ဓေပြောင်းပြီးနောက် ၎င်းက ကားတစ်စီး၏ အရွယ်အစားထိ ကြီးထွားလာခဲ့လေသည်။

ကံကောင်းစွာဖြင့် capybara များက ညင်သာသော အရွက်စားကောင်များ ဖြစ်ကြ၏။ ၎င်း၏ သိချင်စိတ်နှင့် အမဲလိုက်လိုသော ဆန္ဒက တခြားတိရစ္ဆာန်ရိုင်းများလောက် မသန်မာချေ။

အပြင်ဘက်၌ ဆူညံမှုများ ဆက်လက်ပေါ်ထွက်နေပြီး အကြိမ်များစွာ သန္ဓေပြောင်းတိရစ္ဆာန်အချို့က သစ်ပင်များကို ဖြတ်သန်း၍ ပြေးနေသည်ကိုပင် သူမ မြင်လိုက်ရလေ၏။ ၎င်းတို့အားလုံးက အလွန်ကြီးမားကြသည်။

ယင်ရိလျို ရွေးချယ်မှုများကို ချင့်ချိန်လိုက်ပြီး သူမဘာသာ ကားထဲမှထွက်ရန် ဆုံးဖြတ်လိုက်လေသည်။

ကားထဲမှလူများမှာ သူတို့၏ ဒုတိယမြောက် သန္ဓေပြောင်းမှုကို ကြုံတွေ့နေကြသည်။ သူတို့ နိုးထလာမည့်အချိန်ကို သူမသိပါချေ။

မြူထုက နေ့ခင်းဘက် အချိန်အတောအတွင်းတွင်သာ လွင့်ပြယ်သွားလျှင် သူတို့အနေဖြင့် နိုးထခဲ့သောလူများနှင့် သန္ဓေပြောင်းတိရစ္ဆာန်များကို ဆွဲဆောင်မိလိမ့်မည်။ ထိုအချက်အရ သူတို့၏အခြေအနေက ပို၍ပင် အန္တရာယ်များလိမ့်မည်ဖြစ်သည်။

ကားတစ်စီးလုံးတွင် နိုး‌နေသော တစ်ဦးတည်းသော ယုန်အနေဖြင့် ပတ်ဝန်းကျင်ကို ခွဲခြမ်းစိတ်ဖြာကြည့်ရန်အတွက် သူမ ကားထဲမှ ထွက်ရန် ဆုံးဖြတ်လိုက်သည်။

တစ်စုံတစ်ယောက် သို့မဟုတ် တစ်စုံတစ်ခုက အလွန် နီးကပ်လာလျှင် မြူထဲမှ ဆန်းကျယ်သော သ‌တ္တဝါအဖြစ် ဟန်ဆောင်ပြီး သူတို့ကို သူမ၏မြန်လွန်းသော အရှိန်နှင့် ခြောက်လှန့်လွှတ်မည်ဖြစ်၏။

ယင်ရိလျို ကားလက်ကိုင်ကို သူမ၏ ရှေ့လ‌က်ဖဝါးများဖြင့် ဆတ်ခနဲဆွဲဖွင့်လိုက်လျှင် အပြင်ဘက်မှ မြူများက ကားထဲသို့ တဟုန်ထိုး ဝင်လာကြသည်။

သူမ မြေပြင်ပေါ်သို့ ခုန်ချပြီးနောက် အိပ်ပျော်နေဆဲ လူသုံးယောက်ကို တစ်ချက်ပြန်ကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူပြီး တံခါးကိုခေါင်းဖြင့် ဆောင့်ပိတ်လိုက်သည်။

သူမ ကားထဲမှ ထွက်လျှင်ထွက်ချင်း နို့နှစ်ရောင် အငွေ့များက သူမပတ်လည် ရစ်ပတ်လာခဲ့သည်။ ဤအကြိမ်၌ မြူများက အနည်းငယ် ကွဲပြားလေသည်။ သူမ အာရုံမစိုက်လျှင် ငါးမီတာအကွာကိုပင် မြင်နိုင်လိမ့်မည် မဟုတ်ချေ။

ယင်ရိလျို သူမကိုယ်သူမ ပတ်ဝန်းကျင်နှင့် ချိန်ညှိပြီးနောက် သူမ၏ရှေ့ဘက်မှ အခြေအနေက သူမကိုထိတ်လန့်တုန်လှုပ်စေခဲ့သည်။

ယခင်က ထူးထူးခြားခြား စိမ်းလန်းစိုပြည်သည့် သစ်ပင်ခြုံပင်များနှင့် ကြီးထွားနေသော City Mသည်က ယခုအခါ တောအုပ်ကြီးအဖြစ် အပြည့်အဝ ပြောင်းလဲသွားပြီ ဖြစ်၏။

သစ်ပင်များသည် ပို၍ပင် မြင့်မြင့် ကြီးထွားလာပြီး သိပ်သည်းသော သစ်ရွက်များက ကောင်းကင်ကို အပြည့်အဝ ကာဆီးထားလေသည်။ သူမ၏ရှုထောင့်၌ သစ်ပင်များမှလွဲ၍ မည်သည်ကိုမှ မမြင်နိုင်‌ဘဲ ယခင်ကပင် မြင်နိုင်သော အဆောက်အအုံများသည် သစ်ကိုင်းများနှင့် အရွက်များအောက် မြှုပ်နှံခံလိုက်ရ‌လေသည်။

အပင်များ အားလုံးက ညတွင်းချင်း ဒရာမာဆန်စွာ ကြီးထွားလာကြသည်။

ယင်ရိလျို သူမ၏နောက်ခြေဖြင့် ပြင်းပြင်းကန်လိုက်ပြီး သူမ၏ခန္ဓာကိုယ်က လွယ်လင့်တကူ မြင့်မြင့်ပျံသွားလေသည်။ သူမ၏ အခုန်စွမ်းရည်သည်လည်း ယခင်ကထက် ပို၍ပင် ဆင့်ကဲပြောင်းလဲလာခဲ့သည်ဖြစ်ကြောင်းကို သူမပြောနိုင်လေသည်။

All Chapters