မိုးကြိုးငါးသွယ် မန္တာန်(3)
Vol. 28 Ch. 277
“မင်း အရမ်း အတွေးလွန်နေပြီ၊ ငါ မင်းကို လျန်ချန်အကြောင်း မေးခဲ့တယ်ဆိုတာက မိဘဘိုးဘေးတွေလုပ်ခဲ့တဲ့အပြုအမူက မင်းရဲ့ နောက်မျိုးဆက်တွေရဲ့ကောင်းချီးကို သေချာပေါက် သက်ရောက်စေလိမ့်မယ်ဆိုတာကို ပြောဖို့အတွက်ပဲ
လျန်ချန်ဆီမှာက အစကတည်းက လူသတ်သမားအဖေရှိနေခဲ့ပြီးပြီ၊ မင်းရဲ့ဝိညာဉ်ထဲမှာ ရှိနေတဲ့ နတ်ဆိုးအတားအဆီးကသာ ပိုရင့်သန်လာခဲ့မယ်ဆိုရင် အတိုင်းအတာတစ်ခုထိ သူ့ရဲ့ ကံကောင်းမှုကို ထိခိုက်စေလိမ့်မှာပဲ”
“ဒါ့အပြင် လူသားတွေနဲ့ သရဲတွေက မတူညီတဲ့လမ်းတွေမှာ နေနေကြတာ၊ သူ့ကို ကာကွယ်ဖို့ သူ့အနားမှာနေမယ်ဆိုရင်တောင် မင်းရဲ့နာကျည်းမှုတွေနဲ့ ယင်စွမ်းအင်တွေက ရေရှည်မှာ သူ့ရဲ့ကျန်းမာရေးကို ထိခိုက်စေမှာပဲ”
“ဒါပေမဲ့ အများကြီးလည်း စိုးရိမ်မနေပါနဲ့၊ ငါ လျန်ချန်ရဲ့မျက်နှာကို ကြည့်ပြီးသွားပြီ၊ သူက တကယ်ကို ကြည်လင်ပြတ်သားတဲ့စိတ်သဘောထားရှိတဲ့ လိမ္မာတဲ့ကလေးတစ်ယောက်ပဲ
သူက သူ့မိသားစုရဲ့အကူအညီမပါရင်တောင် အနာဂတ်က ခိုင်မာနေလိမ့်မယ်”
သူမ၏ ကုသိုလ်နှင့် အကုသိုလ်တို့က နောင်မျိုးဆက်များအပေါ် သက်ရောက်နိုင်သည်ဆိုသော်ငြား ကိုယ်ပိုင်ဘဝက ကာယကံရှင်အပေါ်တွင်လည်း မူတည်နေသေးသည်။
ဝမ်လီရှန်းဆီမှ ရွှေရောင်ကောင်းမှု၏စွမ်းအားကဲ့သို့ပင်ဖြစ်ပေ၏။
ယင်းက သူ့အဖေ၏ တစ်သက်တာကောင်းချီးဖြစ်သည်။ သို့သော်လည်း ယခုတော့ သူ ဖျက်ဆီးလိုက်လေပြီ။
လအနည်းငယ်ကြာပြီးလျှင် ရွှေရောင်ကောင်းမှု အကာအကွယ်မပါဘဲ သူလုပ်ခဲ့သမျှ မကောင်းမှုများအားလုံးက သူ့ဆီသို့ ပြန်ရောက်လာခဲ့သည်။
လျှို့မိုရှင်းမှာလည်း နောက်ဆံတင်းစရာ မရှိတော့ပေ။ သူမက ဦးညွတ်လိုက်ပြီး ပြောလာသည်။
“တောက်ကျန့် ကျွန်မ အပြစ်ကျူးလွန်ခဲ့မိပါတယ်၊ ဒီမြို့နဲ့ တချို့လူတွေကိုလဲ ဒုက္ခတွင်းထဲကို ပို့ခဲ့တယ်၊ ဒါပေမဲ့ အခုတော့ ကျွန်မ အမှန်ကို ပြောပါ့မယ်
ရန်သူတွေကို ကိုယ့်လက်နဲ့ကိုယ် သုတ်သင်ရှင်းလင်းခဲ့ပြီးပြီဆိုတော့ ကျွန်မမှာ နောင်တဆိုတာမရှိတော့ပါဘူး”
“ကျွန်မ အခု အပြစ်ကိုလက်ခံဖို့ ငရဲကို သွားဖို့ဆန္ဒရှိပါတယ်၊ ဝိညာဉ်ပျောက်ကွယ်သွားမယ်ဆိုရင်တောင် ကျွန်မ လက်ခံပါတယ်”
သူမက ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလာသည်။
“ရှင် ပြောခဲ့တဲ့ ဖုန်းအတွက်ကတော့ ဝမ်လီရှန်းက လျန်ယိုခန်းထုတ်ဖော်လာမှာကို စိတ်ပူလို့ လျန်ယိုခန်းဆီကို ပိုက်ဆံပေးပြီး အဲဒီဖုန်းကို တောင်းခဲ့တယ်၊
သူ အဲဒီဖုန်းကို ရတာနဲ့ ထုခွဲပြီး ကန်အောက်ခြေကို ပစ်လိုက်တာပဲ၊ အခုပြန်ဆယ်မယ်ဆိုရင်တောင် အကျိုးမရှိတော့ဘူး၊
ဒါပေမဲ့ ဒီလူက တဏှာရူးဆိုတာကို သိလို့ ကျိန်မ အကြိမ်ရေအနည်းငယ်လောက် ဝမ်အိမ်တော်ထဲကို သူ့နောက်လိုက်ဝင်ခဲ့ဖူးတယ်၊ ပြီးတော့ မြင်ရတာက...”
လျှို့မိုရှင်း၏ အတွေးများကို မည်သူသိမည်နည်း။
သူမ၏မျက်နှာအမူအရာက ရွံမုန်းခြင်းနှင့် အမုန်းများ ပြည့်နှက်လာခဲ့သည်။
“ကျွန်မ မြင်ခဲ့တာက သူက ဗီဒီယိုတွေအားလုံးကို သူ့ရဲ့ကွန်ပြူတာထဲကို ကော်ပီကူးပြီး ဘယ်သူမှမရှိတဲ့အချိန် အဲဒါတွေကို ပြန်ကြည့်တတ်တယ်၊
သူ့ဖိုင်ထဲမှာ ကျွန်မရဲ့ ဗီဒီယိုနဲ့ပုံတွေတင်သာမကဘဲ တခြားအမျိုးသမီးတွေရဲ့ ပုံတွေလဲ ရှိနေခဲ့တာ”
ကုကျစ်စုန့်က ဝမ်လီရှန်း၏ ကွန်ပြူတာရှိသည့်နေရာကို မေးပြီးနောက် ပြောလိုက်သည်။
“စိတ်မပူပါနဲ့၊ ငါတို့တွေ ဗီဒီယိုတွေရတာနဲ့ သူ့ကို ဖမ်းလို့ရပြီ”
“စကားမစပ် ငါ မင်းရဲ့ ရှေ့ဖြစ်ကို မြင်တယ်၊ မင်းက တစ္ဆေစစ်သူကြီးအဆင့်တောင် ရောက်တော့မှာပဲ၊ ဘာလို့ ဒီလောက်မြန်မြန် အဆင့်တက်သွားတာလဲ၊ အခေါင်းထဲမှာမဟုတ်ဘဲနဲ့ မင်းအလောင်းရဲ့နောက်ကွယ်မှာ တခြားထူးခြားတဲ့အရာရှိသေးတာလား”
လျှို့မိုရှင်းက အနည်းငယ်စိတ်ရှုပ်ထွေးပြီး ပြောလိုက်သည်။
“တစ္ဆေစစ်သူကြီးက ဘာလဲဆိုတာကိုတော့ ကျွန်မ မသိဘူး၊ ဘာလို့ ဒီလောက်မြန်မြန်အဆင့်တက်သွားရတာလဲဆိုတော့ အဲဒီလူတွေကို ကျွန်မ အရမ်းမုန်းလို့ပဲဖြစ်မယ်၊
နာကျည်းမှုက ကြီးထွားလာလေလေ သက်ရောက်ခံရတဲ့လူတွေကလည်း ပိုပြီးသန်မာလာလေလေပဲ”
“တောက်ကျန့် ရှင်ခန့်မှန်းတာမှန်တယ်၊ အလောင်းက ခုထိ ရေကန်အောက်ခြေမှာပဲ ရှိနေသေးတာ”
ဤသည်ကို ပြောလျှင် သူမ၏မျက်ဝန်းတွင် အမုန်းတရားများ ထပ်မံပေါက်ကွဲလာခဲ့သည်။
သူမ ပြောပုံအရ လွန်ခဲ့သည့်သုံးလက ခရီးသွားတာအိုဘုန်းတော်ကြီးက သူမကို လုံးဝလွတ်မြောက်ရန်ကယ်တင်ခဲ့ခြင်းမဟုတ်ဘဲ မြှုပ်နှံရုံသာ လုပ်ခဲ့ခြင်းဖြစ်သည်။
ထိုခရီးသွားတာအိုဘုန်းတော်ကြီးက သူမ၏ အလောင်းကို အသုဘခန်းမတွင် ထားခဲ့သည်။ မည်သည့်အကြောင်းကြောင့်တော့မသိသော်လည်း ထိုရက်များတွင် သူမ၏ အာရုံငါးပါးလုံးမှာ ထူးခြားကာအားကောင်းနေခဲ့သည်။
ရွာမှလူများ၏ ထူးဆန်းပြီး ဆူပူနေမှုများကို သူမ ကြားခဲ့ရသည်။
လျှို့မိုရှင်းက အသုဘခန်းမတွင် သုံးရက်မျှ ရှိနေခဲ့ပြီးနောက် သူမ ကိုယ်တိုင်၏ “ချစ်ရေးချစ်ရာ”များကို နားထောင်နေခဲ့ရ၏။
သူမက နာကျည်းမှုများနှင့် ပြည့်လျှံနေခဲ့ပြီးဖြစ်ကာ အမုန်းတရားများနှင့်လည်း ပြည့်နှက်နေခဲ့လေ၏။
ထို့နောက် သူမ မှတ်မိသည်က လေထန်သည့်ညသို့ရောက်သောအခါ ခရီးသွားတာအိုဘုန်းတော်ကြီးက အလောင်း၏နှလုံးထဲသို့ သွေးနီရောင်သံမှိုတစ်ချောင်းကို စိုက်ထည့်ခဲ့ပြီး အလောင်းကို ကန်ထဲသို့ ပြန်လည်ပစ်ချခဲ့ခြင်းကိုပင်။
ဤတစ်ကြိမ်တွင်တော့ သူမအလောင်းက ကျောက်တုံးများနှင့် ဆွဲချခံရခြင်းမဟုတ်တော့ပေ။
သို့သော်လည်း မမြင်ရသော တောင်များက ဖိနှိပ်ထားသည့်အတိုင်း ဖြစ်နေခဲ့သည်။ သူမ၏အလောင်းမှာလည်း အပေါ်သို့ ပြန်တက်မလာတော့ဘဲ သူမ၏ဝိညာဉ်သည်လည်း နတ်ဘုရားမရေကန်မှ ထွက်မသွားနိုင်တော့ချေ။
ထိုသံမှိုသည်က သူမ၏ ဝိညာဉ်ကို နေ့နေ့ညည ကိုက်ခဲနာကျင်နေစေခဲ့သည်။
အတိုချုံးဆိုရလျှင် အဖြစ်အပျက်တစ်ခုချင်းစီက သူမကို ဒေါသနှင့်ရူးသွပ်မှုကိုသာ ဖြစ်စေခဲ့သည်။
အဆုံးတွင်တော့ လျိုမော့ရှင်း၏စိတ်က နာကျည်းမှုများနှက့် ဖုံးလွှမ်းခံရပြီး တစ်လောကလုံးကို အန္တရာယ်ပေးရန် ယင်စွမ်းအင်ကို လုံးလုံးလျားလျား ထုတ်လွှတ်လိုက်တော့သည်။
နှစ်ရက်ကြာပြီးသော် ရဲများက ဝမ်လီရှန်း၏ကွန်ပြူတာကို အောင်အောင်မြင်မြင် ရှာဖွေတွေ့ရှိနိုင်ခဲ့ပြီး လျှို့မိုရှင်း ယူခဲ့သည့် သက်သေများကို ရရှိသွားတော့သည်။
ထို့အပြင် အခြားသော နစ်နာသူများကလည်း တစ်ယောက်ပြီးတစ်ယောက် ရဲနှင့်ဆက်သွယ်လာကြပြီး ဝမ်လီရှန်း၏ ပြစ်မှုမှာ ပို၍ထင်ရှားလာခဲ့သည်။
ဝမ်လီရှန်းက ငိုယိုအော်ဟစ်ကာ မတရားခံရခြင်းဖြစ်ကြောင်း မည်သို့ပင်ပြောစေကာမူ မငြင်းဆန်နိုင်သည့်သက်သေအထောက်အထား တစ်ပုံတစ်ပင်ကြီးကို တွေ့ရသည့်အတွက် မည်သည့်စကားကိုမှ မပြောနိုင်တော့ချေ။
အံ့ဩထူးဆန်းစရာကောင်းသည်က ဝန်လီရှန်းအဖမ်းခံရသည့်နေ့တွင် နတ်ဘုရားမရေကန်ဘေး၌ လမ်းလျှောက်နေကြသည့် လူများက ရေကန်နှင့် မနီးမဝေးကို ညွှန်ပြကာ တအံ့တဩရေရွက်နေခဲ့ကြသည်။
တစ်ပတ်ကျော်ကြာသည်ထိ ပျောက်ဆုံးနေခဲ့သော ကောင်လေး၏ အလောင်းက ရေပေါ်တွင် ပေါလောပေါ်နေခဲ့ပေပြီ။
ရဲတပ်ဖွဲ့စုံစမ်းစစ်မေးရေးခန်းတွင်..
ဝမ်လီရှန်း၏ ညီ ဝမ်ယုံရှန်းက ထိုင်ခုံတစ်ခုတွင်ထိုင်ကာ လက်ထိပ်ခတ်ခံထားရပြီး နှုတ်ကလည်း တစ်လုံးတစ်ပါဒမှ မပြောလာခဲ့ချေ။
ရဲအရာရှိက မေးလိုက်သည်။
“မင်းရဲ့ အစ်ကို ဘာလုပ်နေလဲဆိုတာ မင်းသိလား ဒါမှမဟုတ် သူ့ကို လျှို့ဝှက်ဖုံးကွယ်ထားပေးပြီး ကာကွယ်ပေးခဲ့တာလား”
သို့သော် သူတို့မည်မျှပင် စစ်မေးနေပါစေ ဝမ်ယုံရှန်းက စကားမပြောလာခဲ့။
ကြားနာခန်းထဲရှိ အရာရှိက စိတ်မရှည်တော့ဘဲ သက်ပြင်းချလိုက်သည်။
“ဒီကောင့်ရဲ့ ပါးစပ်က လုံလွန်းတယ်၊ ကျွန်တော် သည်းမခံနိုင်တော့ဘူး”
ကုကျစ်စုန့်က နှာခေါင်းရှုံ့လိုက်၏။
“သူ ဘယ်လောက်ပဲ တိတ်တိတ်နေပါစေ၊ သူ့ရဲ့အပြစ်ရှိမှုကတော့ ပျောက်ပျက်သွားမှာမဟုတ်ဘူး”
ဝမ်ယုံရှန်းကလည်း သိသည်။
သူ့ကဲ့သို့ ပါးရည်နပ်ရည်ရှိပြီး အသက်ငယ်ငယ်လေးနှင့် ခိုင်မာသောအနာဂတ်ရှိသည့်လူမျိုးက သူ့အစ်ကို၏ ရူးမိုက်မှုများကို မသိဆိုသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။
ညီအစ်ကိုနှစ်ယောက်၏ အဖြစ်ကို ပြန်ကြည့်ရလျှင် ဝမ်လီရှန်း၏ အဖေက အခြားသူများကို ကယ်ဆယ်ရင်း အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့ချိန်တွင် တခြားမိသားစုများက ဝမ်းနည်းကြောင်းနှင့် ကျေးဇူးတင်ကြောင်းတို့ကို ဖော်ပြခဲ့ကြသော်လည်း တကယ်တမ်းတွင်ဝမ်လီရှန်းတို့ကိုတော့ မကူညီခဲ့ကြပေ။
ထိုအချိန်တွင် ကောလိပ်စတက်နေပြီဖြစ်သည့် ဝမ်လီရှန်းလည်း တစ်နေ့တစ်နေ့ တိုးမြင့်လာသောအသုံးစရိတ်များ၊ သူနှင့်သူ့ညီလေးအတွက် ကျူရှင်စရိတ်များနှင့် သူ့အဖေ၏ဆေးရုံစရိတ်များအတွက် အလုပ်များ လုပ်ကိုင်ခဲ့ရသည်။
နှစ်လအတွင်းတွင် အရိုးပေါ်အရေတင်လောက်သည်အထိ သူ ဝိတ်ကျသွားခဲ့၏။
သို့သော်ငြားလည်း အဖေဝမ်မှာ နာကျင်မှုများနှင့် ကွယ်လွန်သွားခဲ့ရသည်။
ဤသည်က ဝမ်လီရှန်းအတွက် အနာဂတ်တွင် သူ့စိတ်ပိုင်းဆိုင်ရာနှင့် ရည်ရွယ်ချက်များ ပြောင်းလဲသွားရသည့်အစလည်း ဖြစ်သည်။
ကျောင်းသားတစ်ယောက်ဖြစ်သည့် ဝမ်ယုံရှန်းအတွက်တော့ အနာဂတ်တွင် သူ့အစ်ကိုကို ချမ်းသာလာအောင် ရည်ရွယ်ထားခဲ့သည်။
သူ အစစ်အမှန်စွမ်းအားကို ရပြီးသည်နှင့် ဝမ်လီရှန်းကို လွတ်လွတ်လပ်လပ်အနေအထားတစ်ခု ဖန်တီးပေးလိုက်သည်။
ဤအချိန်က သူ့၏အထူးအခွင့်အရေးဆိုသည်ကို အသုံးပြုလိုက်သည့် တစ်ခုတည်းသော အချိန်လည်း ဖြစ်၏။
နောက်ပိုင်းတွင်တော့ ဝမ်ယုံရှန်းက သူ့အစ်ကိုမှာ စိတ်ပိုင်းဆိုင်ရာချို့ယွင်းနေပြီး တဖြည်းဖြည်းနှင့် အလွန်အကျွံဖြစ်နေသည်ကို တွေ့ရှိလိုက်ရသည်။
သူ ဒေါသထွက်ကာ စိတ်ပျက်သွားခဲ့သည်။
ဝမ်လီရှန်းက ရှိုက်ကြီးတငင် ငိုယိုကာ ဒူးထောက်၍ အကူအညီတောင်းခံခဲ့ချိန်တွင်တော့ သူ မကူညီဘဲမနေနိုင်ခဲ့ပေ။ သူ ချစ်ရသည့်သူတစ်ယောက် ထောင်ကျတော့မည်ကိုသာ ကြည့်နေနိုင်ခြင်းမရှိခဲ့။
သူက နစ်နာသူများ၏ နာကျင်ဖွယ်အဖြစ်များကို လျစ်လျူရှုကာ သူ့ကိုယ်သူ အလုပ်ထဲတွင်သာ မြှုပ်နှံထားခဲ့ရင်း ရလဒ်များကြည့်လိုက်၊ လတ်ဆတ်သောလေ၏ အရသာကို ခံစားလိုက်ဖြင့်သာ နေခဲ့၏။
သူ၏နှလုံးသားထဲမှ အပြစ်များကို သည်နည်းဖြင့် ဖယ်ထုတ်လိုက်နိုင်လေသည့်အတိုင်းပင်..။
ဝမ်ယုံရှန်းက ထပ်ခါတလဲလဲ မသိကျိုးကျွန်ပြုထားပြီး ဖုံးကွယ်ထားပေးခဲ့မှုတို့ကြောင့် “လျိုမော့ရှင်းနှင့် အခြားသူများ”၏ ကြေကွဲဖွယ်ဇာတ်လမ်းမျိုး ဖြစ်ခဲ့ရသည်။
ထို့အတွက်ကြောင့် ဝမ်ယုံရှန်းမှာ လုံးဝကြီးအပြစ်ကင်းစင်နေသည်တော့ မဟုတ်ပေ။
သူ့အနေဖြင့် ရဲစခန်းနှင့် ငြိစွန်းလျှင်ပင်ဖြစ်စေ၊ လွှတ်ပေးခံလိုက်ရသည်ဖြစ်စေ သူ မသိကျေးကျွန်ပြုထားခဲ့မှုအတွက် ပြေရာပြေကြောင်း လုပ်၍ရနိုင်သေးသည်ဟုတွေးထားသည်။
ရဲတို့၏ ပြောပြချက်အရ လျန်ယိုခန်းက လူတစ်ယောက်ကို သတ်ခဲ့ပြီး သူ့အစ်ကိုက အလောင်းဖျောက်ထားသည်ဟု ဆိုလာခဲ့သည်။ ဖြစ်စဉ်များမှာ နက်နဲလှပြီး ရာဇဝတ်မှုကို ဖုံးကွယ်ထားနိုင်ခြင်းမရှိခဲ့ပေ။
လျန်ယိုခန်းက နောင်တလည်းမရသည့်အတွက်ကြောင့် သေမိန့်ချခံရလိမ့်မည်သာ။
ကျန်ရှိသည့် လူနှစ်ယောက်အတွက်တော့ မုဒိန်းမှုနှင့် အခြားရာဇဝတ်မှုများအတွက် သံသယရှိသူအဖြစ် သတ်မှတ်ခံထားရသည်။
လူမိုက်ကျိုးကတော့ အလိုတူအလိုပါဖြစ်ကာ အလောင်းဖျောက်မှုတွင် ပါဝင်ခဲ့သည်။
အခြားတစ်ဖက်တွင်မူ ဝမ်လီရှန်းက အမျိုးသမီးများကို ဖိအားပေးကာ ပညာအရည်အချင်းလိမ်လည်လှည့်ဖြားမှု၊ အာဏာကိုသုံး၍ အနိုင်ကျင့်မှု စသည်တို့၏ သံသယရှိသူဖြစ်လာသည်။
အဆုံးတွင်မူ ပြစ်ဒဏ်ကတော့ လုံးဝပေါ့လျော့လိမ့်မည်မဟုတ်ချေ။
*