← Chapters

မြှပ်နှံခံထားရသော အလောင်း(1)

Vol. 27 Ch. 263

မြှပ်နှံခံထားရသော အလောင်း(1)

Vol. 27 Ch. 263

ကုကျစ်စုန့် အခန်းတွင်းမှ ထွက်လာပြီးနောက် ဂဲလီယိုချန်း၏ အထင်ကြီးလေးစားမှုများ အပြည့်ရှိနေခဲ့သော မျက်နှာကိုမြင်လိုက်ရလေ၏။

“စုန့်စုန့် နင်အရမ်းမိုက်တာပဲ.. အကျိုးနဲ့အကြောင်းရလဒ်တွေကို လုံးဝဖော်ထုတ်ဖြေရှင်းလိုက်နိုင်တာ

ဒီလူတွေ ကိုယ့်ကိုကိုယ် အပြစ်ရှိတယ်လို့ ခံစားရပြီး စတေးခံတွေအတွက် ပိုက်ဆံပေးတာ မထူးဆန်းတော့ပါဘူး.. ငါထင်တာတော့ သူတို့အကုန်လုံး မကောင်းတာ လုပ်ထားပြီး သရဲအခြောက်ခံနေရတာပဲနေမှာ!”

ကုကျစ်စုန့် ညင်သာစွာ ခေါင်းရမ်းလိုက်သည်။

“အဲဒါက သရဲမဟုတ်ဘူး”

“ဟင်?”

“ယောင်မင်ဖန်က သရဲအခြောက်ခံရတာမဟုတ်ဘူး.. ကျွန်မ သူ့ကို လိမ်ထားတာ ပြီးတော့ သူ ညဘက် အိပ်ရာပေါ်မှာ တွေ့ခဲ့ရတယ့် တစ္ဆေဆိုတာလည်း တကယ်မဟုတ်ဘူး

အစကနေ အဆုံးထိ သူက အိပ်မက်ဆိုးတွေ မက်နေခဲ့တာ.. သူမြင်ခဲ့ရတဲ့ ဒေါသကြီးတစ္ဆေဆိုတာလည်း တစ္ဆေမဟုတ်ဘူး.. အဲဒီတစ္ဆေရဲ့ အမုန်းတရားကြောင့် ပေါ်လာတဲ့ ‘အိပ်မက်ဆိုး’တွေပဲ”

“ကျွန်မအထင်ကတော့ ကျန်တဲ့လူတွေလည်း အဲဒီလိုပဲဖြစ်လိမ့်မယ် သူတို့ရဲ့ အိပ်မက်ဆိုးတွေက တကယ့်အစစ်နဲ့ တူလွန်းလို့ အိပ်မက်လား တကယ်လားဆိုတာကို မပြောနိုင်တော့တာ”

ဂဲလီယိုချန်းလည်း ကုကျစ်စုန့်စကားကို မမျှော်လင့်ထားသော စကားများကြောင့် လျှောက်နေသည့် ခြေလှမ်းများပင် ရပ်တန့်သွားခဲ့သည်။

“ပြီးတော့ ယောင်မင်ဖန်ပြောတာက သူအရမ်းကို ကြောက်နေရတဲ့ အကြောင်းရင်းက ဒီသရဲက သူ့ရဲ့စိတ်ခံစားချက်တွေကို အကြိမ်ပေါင်းများစွာ ခြောက်လှန့်နေခဲ့တာတဲ့လေ

ဒါကြောင့် ဒီတစ်ခါမှာတော့ နတ်သမီးရေကန်ကို သွားပြီး ဒီပြဿနာကို ဖြေရှင်းဖို့ လုပ်ခဲ့တာပဲ”

“ဒီတော့ မနေ့တစ်နေ့က အမျိုးသမီးတစ်ယောက် နတ်သမီးရေကန်ထဲ ခုန်ချသွားရတဲ့အကြောင်းရင်းကလည်း ဒီအိပ်မက်ဆိုးတွေကြောင့်ပဲ ဖြစ်ရမယ်.. အခုက လူတွေအများကြီးက အမှန်အတိုင်း ဝန်မခံကြသေးတော့ စစ်ဆေးဖို့ ခက်နေတာ”

ဂဲလီယိုချန်း ခေါင်းပင် ကိုက်သွားသည်။

“ဒီအမှုက ပို,ပိုပြီးတောင် ရှုပ်ထွေးလာတာပဲ”

“အမှန်ပဲ.. အစကတော့ နတ်သမီးရေကန်ထဲမှာ ရေနစ်ပြီးသေဆုံးခဲ့တဲ့ လူတွေက ရေသရဲတွေ ဖြစ်သွားကြမှာပဲ.. ဒီတော့ ကုန်းပေါ်က လူတွေအပေါ် ဒီလောက်ထိ သက်ရောက်နိုင်စွမ်းရှိမှာမဟုတ်ဘူး

သူတို့မှာသာ ဒီလောက်အားကောင်းတဲ့ စွမ်းအားတွေ ရှိနေရင် ဘာလို့ အချိန်တွေ စောင့်နေကြမလဲ?”

ဂဲလီယိုချန်းလည်း ကုကျစ်စုန့်၏ ဆိုလိုရင်းကို နားလည်လိုက်ပြီး စကားဆက်သည်။

“ဆိုလိုတာက လွန်ခဲ့တဲ့ သုံးလလောက်တုန်းက နတ်သမီးရေကန်မှာ တစ်ခုခု ဖြစ်ပျက်ခဲ့တာပေါ့.. အဲ့ဒီအရာကပဲ ကန်အောက်ခြေက ရေသရဲတွေကို စွမ်းအားမြင့်အောင် လုပ်ပေးလိုက်တာပဲ..

သူတို့ရဲ့ မုန်းတီးမှုတွေကို အိပ်မက်ဆိုးအဖြစ် ပြောင်းပြီးတော့မှ လက်စားချေ၊ အသက်နှုတ်ချင်ကြတာပဲ!”

ကုကျစ်စုန့် ခေါင်းငြိမ့်သည်။

“ဒုတိယအချက်က အလောင်းရှာမရတဲ့ ကောင်လေးရဲ့ ကိစ္စကလည်း အဖြေမပေါ်သေးဘူး.. သူ့ကို ကျန်တဲ့အမှုတွေနဲ့ ရောပစ်လိုက်လို့ မရဘူး”

“ပြောရရင် ဒီအမှုမှာ ပါဝင်နေတဲ့သူတွေ များတယ်.. ပြဿနာရဲ့ အဓိကအချက်တွေကို ရှာချင်ရင်တော့ ‘နတ်သမီးရေကန်’ကို အရင်သွားပြီး ကြည့်ရမယ်”

ဂဲလီယိုချန်း သေသေချာချာ စဉ်းစားလိုက်ပြီးနောက် ခေါင်းငြိမ့်လိုက်သည်။

“ကောင်းပြီလေ.. ငါ ဒီကိစ္စကို စီစဉ်လိုက်မယ်”

တစ်နာရီခန့် ကြာပြီးနောက် ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့ ရဲစခန်းမှ ထွက်ခွာလာခဲ့ကြပြီး ရေကန်စပ်သို့ ပြန်ရောက်လာခဲ့ကြသည်။

ယခုတစ်ကြိမ်တွင်တော့ ဒေသခံအထူးအဖွဲ့မှ အဖွဲ့သားများက သူတို့အတွက် ဘုတ်လှေတစ်စီး ငှားရမ်းပေးထားခဲ့သည်။

အဖွဲ့ဝင်တစ်ဦးကတော့ သူတို့နှစ်ဦးကို စိတ်မချစွာ ကြည့်ရင်း အသံတိုးတိုးဖြင့် ပြောလာလေသည်။

“ဘော့စ်၊ မင်းနဲ့ ဒါရိုက်တာကုတို့ ရေကန်ထဲကို သွားကြမလို့လား?

အရင်တစ်ခေါက်က သွားတဲ့ စီနီယာတော့ အပြင်းအထန် ဒဏ်ရာရပြီး အခုထိတောင် သတိမရသေးဘူးနော်.. ငါတော့ ရေထဲမှာ တစ်ခုခုရှိနေမှာ စိုးရိမ်မိတယ်”

“စိတ်မပူပါနဲ့.. ငါတို့က ဒီအတိုင်း ကြည့်ရုံတင် သွားကြည့်မှာ.. ဘာပူဇော်ပွဲ၊ ဘာလေ့ကျင့်မှုမှ မလုပ်ဘူး”

အဖွဲ့သားများ၏ စိတ်ပူသော အကြည့်များအောက်တွင် ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့ လှေပေါ်သို့တက်လိုက်ပြီး ကန်အလယ်သို မောင်းနှင်လာခဲ့ကြသည်။

ကန်အလယ်နှင့် နီးလေလေ ပတ်ဝန်းကျင်သည်က ကျယ်ပြန့်လေလေပင်။

ကုကျစ်စုန့်က အနည်းငယ် သဘောကျသည့်ဟန်ဖြင့် ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်နေခဲ့သည်။

“ဒီနေရာက ဘူမိသဘောအရဆိုရင် တကယ့်ကို ရတနာနေရာပဲ.. ကန်ရဲ့ ပုံစံက အပြင်မှာ ကျဉ်းပြီး အတွင်းမှာ ပိုကျယ်ပြန့်တယ်..အဲဒါက မြေစွမ်းအင်ကို ကောင်းကောင်းစုပ်ယူနိုင်တယ်လေ

အနောက်မြောက်ဘက်မှာ အထပ်မြင့်အဆောက်အဦတွေ ရှိပြီး လူတွေ သွားလာဆက်ဆံရေး ကောင်းမွန်တယ်.. အရှေ့တောင်ဘက်မှာတော့ တောင်တန်းတွေနဲ့ ဝန်းရံထားတယ်၊ ဒီနေရာက ကန်အတွင်းက ကံကောင်းခြင်းတွေကို သေချာထိန်းသိမ်းထားနိုင်တဲ့ နေရာဖြစ်လို့ ‘ဘူမိရတနာနေရာ’လို့တောင် သတ်မှတ်လို့ရတယ်”

“ဒီလိုဖုန်းရွှေကန်တွေရဲ့ အောက်ခြေမှာ ဝိဉာဉ်စွမ်းအင်သတ္တဝါတွေတောင် ရှိနေနိုင်တယ်”

ဂဲလီယိုချန်းလည်း အနည်းငယ် အံ့ဩသွားသည်။

“စုန့်စုန့်၊ နင်ပြောချင်တာက သူတို့တွေ ပြော,ပြောနေတဲ့ မြစ်နတ်ဘုရားဆိုတာ တကယ်ရှိတာလား? ငါ့ရဲ့ အရင်က လုပ်ဖော်ကိုင်ဖက်တွေ ပြောခဲ့သလိုပဲပေါ့.. ဒါဆိုရင်…”

“အဲဒီလိုလည်း မဟုတ်ပြန်ဘူး”

ကုကျစ်စုန့် ခေါင်းကို ညင်သာစွာ ရမ်းသည်။

“ဒီလို ဖုန်းရွှေရေကန်မျိုးမှာ သဘာဝအတိုင်းပေါ်ပေါက်လာတဲ့ ဝိဉာဉ်စွမ်းအင်သတ္တဝါတွေ ရှိနေမယ်ဆိုရင် အဲဒီအရာက အလွယ်တကူ လမ်းမှားရောက်မှာ မဟုတ်ဘူး

တစ်ခုပဲ.. ဒီကန်အောက်မှ မွေးဖွားလာတာက ဝိဉာဉ်စွမ်းအင်သတ္တဝါတစ်မျိုုး မဟုတ်ပါဘဲနဲ့ ရက်စက်ကြမ်းကြုတ်တဲ့သတ္တဝါဖြစ်နေရင်မယ်ဆိုရင်တော့ တစ်မျိုးဖြစ်လိမ့်မယ်!”

သူမ ပြောခဲ့သလိုပင် ဤ’နတ်သမီးရေကန်’သည်က မြေစွမ်းအင်နှင့် လူသားများ၏ ကံကောင်းခြင်းတို့ကို စုတ်ယူနိုင်သည် နေရာတစ်ခုဖြစ်ပေသည်။ ဤနေရာက မည်သူ့အတွက်မဆို ရတနာနေရာတစ်ခု ဖြစ်ပေလိမ့်မည်။

လူပင်ဖြစ်စေ၊ သားရဲပင်ဖြစ်စေ၊ နောက်ဆုံး လမ်းမှန်ရောက်စေရန် ကျင့်ကြံအားထုတ်နေသည့် သရဲတစ္ဆေများကိုပါ ကျင့်ကြံအားထုတ်သည့်နေရာတွင် များစွာ ကူညီပေးနိုင်သည်။

သို့သော် ကန်၏ အောက်ခြေတွင် ပေါက်ဖွားကြီးပြင်းလာခဲ့သည်က မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေပါက အလွန်ပင် အန္တရာယ်များလွန်းလှသည်။

သူတို့ လှေငယ်လေးဖြင့် နှစ်ကြိမ်လှည့်ပတ်ပြီးချိန်တွင် နတ်သမီးရေကန်၏ အလယ်တွင် တည်ဆောက်ထားသည့် ကန်လယ်နားနေဇရပ်သို့ ရောက်ရှိလာကြသည်။

ကုကျစ်စုန့်လည်း ဇရပ်အနီးတွင် မျောနေသော ရေနေအပင်စိမ်းများကို မြင်လိုက်ရသည်။ အများစုမှာ ဘဲစာပင်၊ ကြာပင်နှင့် တခြားသော ရေနေပင်များ ဖြစ်ကြသည်။

သူမ ကန်လယ်မှ ဇရပ်ဖြင့် နီးစပ်လာလေလေ၊ ကန်၏ အပူချိန်က ပို၍ အေးစက်လာသည်ဟု ခံစားရလေဖြစ်သည်။

အပင်စိမ်းများနှင့် ရေမျက်နှာပြင်တို့က လူအား အေးမြစေသော်လည်း ကုကျစ်စုန့်ကတော့ တစ်ခုခုလွဲမှားနေသည်ဟု ခံစားလိုက်ရပြီး မျက်မှောင်ကြုတ်လိုက်မိသည်။

ဇရပ်ငယ်၏ အစွန်းဘက် နံရံများတွင် သံကွင်းများစွာ ရှိနေခဲ့သည်။ ထိုကွင်းများသည်က လှေငှား၍ ကန်လယ်သို့ လာရောက်ကြသော ခရီးသွားများ၏ လှေ ဆိုက်ကပ်နိုင်ရန် ပြုလုပ်ထားခြင်းဖြစ်သည်။

လှေတိုင်းတွင် သံကွင်းဖြင့်တွဲထားသော ချိန်းကြိုးရှိပြီး ထိုချိန်းကြိုး၏ ချိတ်အား သံကွင်းတွင် ချိတ်ထားလိုက်ပါက လှေငယ်သည် ရေစီးကြောင်းနှင့် မျောပါမသွားနိုင်တော့ပေ။

လှေကို ကမ်းကပ်ပြီးနောက်တွင် ကုကျစ်စုန့် ရေလည်ဇရပ်ငယ်၏ အနီးတစ်ဝိုက်မှ ကြာပင်၊ ဘဲစာပင်နှင့် အခြားအပင်များ၊ မြက်များအား သေသေချာ မြင်တွေ့လိုက်ရသည်။

သူမက မည်သည့်အရာကို မြင်တွေ့နေမှန်း မသိဘဲ ခေတ္တရပ်တန့်လိုက်ပြီး မြက်ပင်များ ရှိသည့်နေရာသို့‌ လျှောက်သွားကာ ငုတ်တုပ်ထိုင်လိုက်ပြီး ရိုးတံရှည်အရွက်များကို ကိုင်ကြည့်လိုက်သည်။

ဂဲလီယိုချန်းလည်း အနားသို့ ရောက်လာခဲ့သည်။

“စုန့်စုန့် ဘာဖြစ်တာလဲ? ဘာတွေ့လို့လို့လဲ?”

“ဒါက ဘာမြက်အမျိုးအစားလဲ?”

“အစိမ်းရောင်ကျူးပင်အမျိုးအစားတစ်မျိုးလေ.. ဒါက မြစ်ကမ်းစပ်တွေမှာပဲ ပေါက်လေ့ပေါက်ထ ရှိတဲ့အပင်မျိုးဘဲ.. ဒါက ဘာလို့ ကန်ထဲမှာ ပေါက်နေရတာလဲ?”

ဂဲလီယိုချန်းလည်း ငုတ်တုပ်ထိုင်လိုက်ပြီး နောက်ကျိနေသော ရေထုအား ထိကြည့်လိုက်သည်။ ဇရပ်ငယ်၏ နံရံတွင်လည်း ထူထဲသော ရွှံ့များကို သတိထားမိလိုက်သည်။

ကုကျစ်စုန့် မျက်နှာပျက်သွားပြီး နှာခေါင်းရှုံ့ကာ သူမ၏လက်ထဲမှ အပင်အား ဆွဲနုတ်လိုက်သည်။ ထို့နောက် ဂဲလီယိုချန်း ကြည့်ရှုနိုင်စေရန် ပေးလိုက်သည်။

“ထိပ်ပိုင်းကို ကြည့်ကြည့်လိုက်”

မြက်ပင်၏ ရိုးတံရှည်များက တမင်ဖြတ်ထုတ်ထားခြင်း ခံထားရပြီး ရိုးတံတွင်းမှ ဂလိုင်ပေါက်အား ဖော်ထုတ်ထားသည်။

ထိုအပေါက်ငယ်လေးမှ တစ်ဆင့် ရေမျက်နှာပြင်အထက်မှ ကမ္ဘာနှင့် ရေမျက်နှာပြင်အောက်ခြေမှ ကမ္ဘာတို့အား ဆက်သွယ်ထားသကဲ့သို့ဖြစ်နေခဲ့လေ၏။

ပို၍ ထူးဆန်းသည့်အချက်မှာ ဤရိုးတံရှည်မြက်တစ်မျိုးတည်းသာ မဟုတ်ချေ။

သေသေချာချာ လေ့လာကြည့်မည်ဆိုပါလျှင် ကန်လယ်ဇရပ်၏ ပတ်လည်တွင် နေရာယူထားသည့် အပင်များမှာ အတွင်း၌ တိုးလျှိုပေါက်များ ပါဝင်သည့် အပင်အမျိုးအစားများသာ ဖြစ်ကြသည်။

အပင်တိုင်းသည်လည်း ထိုတိုးလျှိုပေါက်လေးများ ပေါ်နေသည်အထိ ဖြတ်တောက်ခံထားရလေသည်။

ကုကျစ်စုန့်သာ သူမကို ထောက်မပြခဲ့ပါလျှင် ဤအသေးစိတ်အရာများကို ဂဲလီယိုချန်း သတိပင် ထားမိမည်မဟုတ်ချေ။

သို့သော် သူမ သတိထားမိလိုက်ချိန်တွင် ရေကန်ကြီးတစ်ခုလုံးသည်က အပေါက်များနှင့် ပြည့်နေသော ဇကာတစ်ခုကဲ့သို့ ဖြစ်နေခဲ့ကြောင်းကို ထိတ်လန့်ဖွယ် မြင်တွေ့ခဲ့ရသည်။

မည်သို့ပင် ကြည့်စေကာမူ ဤအရာသည်က ပုံမှန်မဟုတ်ပါချေ။

ဂဲလီယိုချန်းမှာ ဤသည်က ပူးပေါင်းကြံစည်မှုတစ်ခုဖြစ်နိုင်ကြောင်းကို ခံစားလိုက်ရပြီးနောက် ဤအရာသည်က ဖြစ်သင့်သည့် အရာတစ်ခု မဟုတ်ကြောင်းကိုလည်း သူမ ခပ်ရေးရေးသဘောပေါက်လိုက်သည်။

သို့သော် ဤဂလိုင်ပေါက်ရိုးတံရှည်ပင်များ၏ အဓိပ္ပာယ်ကိုတော့ နားမလည်နိုင်ပေ။

“စုန့်စုန့် အခုက ဘာတွေဖြစ်နေတာလဲ?”

“ဒါတွေက နတ်သမီးရေကန်ထဲက ရေသရဲတွေ သူတို့ရဲ့ မုန်းတီးမှုအစိုင်အခဲတွေကို ကုန်းမြေပေါ် ကို ပို့ပြီး ကန်နားတစ်ဝိုက်က လူတွေကို အန္တရာယ်ပြုနိုင်နေရတဲ့ အကြောင်းရင်းပဲ”

ကုကျစ်စုန့် ကန်လယ်ဇရပ်လေး၏ အလယ်သို့ လျှောက်လမ်းအတိုင်း လျှောက်သွားရင် ဒေါသကြောင့် မျက်နှာက မဲ့လာခဲ့သည်။

“တော်တော်လေးကို ဉာဏ်များပြီး ယုတ်မာတဲ့ နည်းလမ်းပဲ!”

*

All Chapters