လူသတ်သမား(4)
Vol. 27 Ch. 269
ဂဲလီယိုချန်း အသံဖမ်းကိရိယာကို ဖွင့်ကာ စကားစလိုက်သည်။
“မစ်စတာလျန်၊ မင်းရဲ့ အိမ်နီးချင်းက မင်းကို ပြည့်တန်ဆာတွေ ခေါ်ပြီးအိပ်တဲ့အတွက် တိုင်ကြားထားတယ် ဘယ်လို ဖြေရှင်းချက်မျိုးများ ပေးစရာရှိလဲ?”
လျန်ယိုခန်း အောင့်သက်သက် ပြုံးလိုက်သည်။
“အရာရှိ၊ အဲဒီ အတင်းတုပ်တတ်တဲ့ မိန်းမကြီးစကား နားမထောင်ပါနဲ့.. သူက အမြဲပြဿနာရှာပြီး ကျုပ်ကိုလည်း ကြည့်ရတာမဟုတ်ဘူး.. ဒါက အသရေဖျက်တာပဲ.. ကျုပ်က တကယ်ကို နောက်ထပ်လက်တွဲဖော်ကို ရှာချင်ယုံသက်သက်ပါ”
“ကျုပ်တို့မိသားစုမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာလဲ သိကြမှာပါ.. အပြင်က လူတွေကတော့ ကျုပ်ကို ဟားတိုက်ပြီး မိန်းမဖောက်ပြန်တဲ့ ယောင်္ကျားဆိုပြီး နှိမ်ချင်ကြတယ်လေ.. အဲဒါတွေကြောင့် စိတ်ညစ်ပြီး ပြောင်းလာခဲ့တာ
အဲဒီမိန်းမကျတော့ အဲလို အရှက်မရှိတာတွေ လုပ်လို့ရပြီး ကျုပ်ကျ အခြားလူ ရှာမရတော့ဘူးလား?”
သေဆုံးသွားသည့် ဇနီးသည်အကြောင်းကို ပြောချိန်တွင် လျန်ယိုခန်းမှာ အင်မတန် မုန်းတီးရွံရှာ၍ စိတ်ရှုပ်နေပုံပေါ်သည်။
“ဒါဆိုရင် လျှို့မိုရှင်းကို သတ်တာ မစ်စတာကျိုးမဟုတ်ဘူးဆိုတာ ရှင်သိပြီးပြီလား?”
ထိုမေးခွန်း အမေးခံလိုက်ရချိန်တွင် ဆိုဖာပေါ်ထိုင်နေသည့် လျန်ယိုခန်း တစ်ယောက် အံ့ဩလွန်း၍ ထ,ရပ်လိုက်မိသည်။
အမျိုးသမီးနှစ်ယောက်၏ စူးရှသော အကြည့်များကြောင့် သူတုံ့ပြန်ချက်အားပြင်းသွားကြောင်း သတိထားမိလိုက်ကာ အသက်မပါစွာ ပြုံးလိုက်သည်။
“ရဲအရာရှိတွေ၊ ကျုပ်ကို လာများနောက်နေကြတာလား? အဲဒီကျိုးဆိုတဲ့အကောင်ကိုယ်တိုင်က သူလုပ်ခဲ့ပါတယ်ဆိုပြီး ဝန်ခံလို့ မင်းတို့ရဲစခန်းကပဲ ဖမ်းသွားတာ မဟုတ်ဘူးလား!?”
ကုကျစ်စုန့် ခပ်ပေါ့ပေါ့ပင် ပြောလိုက်သည်။
“သိပ်မကြာသေးခင်ကတော့ အဲ့လိုမျိုးပေါ့.. ဒါပေမယ့် ရှင်မသိဘူးလား? သူက တရားရုံးမှာ သေဒဏ်လည်း ပေးခံလိုက်ရရော စိတ်ပြောင်းသွားတယ်လေ”
“သူအခုပြောတာက သူက မှားယွင်းပြီး စွပ်စွဲခံရတာပါတဲ့.. သူက လျှို့မိုရှင်းကို မသတ်ခဲ့ပါဘူးတဲ့လေ. သူပြောတာတော့ သူက တကယ့်လူသတ်သမားအတွက် အစားခံပေးတာပါဆိုပဲ
ဒါကြောင့် အမှုကို ပြန်စစ်ဆေးပေးပါလို့ ပြောလာတာ”
လျန်ယိုခန်း၏ ပြူးကျယ်နေသော ငါးသေမျက်လုံးများသည်က တဖြည်းဖြည်း ဒေါသမီးတောက်လာပြီးနောက် ကုကျစ်စုန့်နှင့် ဂဲလီယိုချန်းတို့အား စိုက်ကြည့်နေခဲ့သည်။
“ရဲအရာရှိတို့၊ လူသတ်သမားက စကားအမှန်ပြောပါ့မလား? သူလျှောက်ပြောနေတာတွေကို မယုံကြဘူးမဟုတ်လား?”
သူသည်က အမှန်တကယ်ပင် ဤကိစ္စနှင့်ပတ်သတ်၍ စိတ်ပူသောကြောင့် မြေပြင်သတင်းများကို တောက်လျှောက် စောင့်ကြည့်နေခဲ့သည်။ လူမိုက်ကျိုး အယူခံတင်ထားသည်ကို သူသိထားခဲ့သည်။
သူ၏ အပြစ်ရှိစိတ်ကြောင့် စိတ်ပိုင်းဆိုင်ရာ ဆင်ခြင်တုံတရားသည် မရှိသလောက်ဖြစ်နေသောကြောင့် ကုကျစ်စုန့် ပြောသည့် စကားများကို အမှန်တကယ် ယုံကြည်သွားခဲ့သည်။
လျန်ယိုခန်းက သူ၏ စိတ်ခံစားချက်အား သေချာဖုံးဖိထားနိုင်သည်ဟု ထင်နေသော်လည်း ကုကျစ်စုန့်နှင့် အခြားသူများ၏ မျက်လုံးထဲတွင်တော့ သူ၏ ဖြူဆုတ်ကာ ထူးဆန်းနေသည့် မျက်နှာသည် ပုံပျက်သွားခဲ့ပြီး တဖြည်းဖြည်း ဒေါသထွက်လာပုံပေါ်သည်။
“မင်းတို့ ရဲအရာရှိတွေက ငါ့ကို ဘာများ မေးချင်တာတွေ ရှိနေသေးလို့လဲ? လျှို့မိုရှင်းကို သတ်လိုက်တာ ဘယ်သူလဲဆိုတာ ငါမသိဘူး…”
သူ့စကားမဆုံးသေးခင်မှာပင် ရဲအရာရှိငယ်၏ နှုတ်မှ အေးစက်စက်အသံသည် သူ့စကားကို ဖြတ်ပြောလိုက်သည်။
တစ်ဖက်လူပြောလိုက်သည့် စကားကို ကြားလိုက်ရပြီးနောက် သူ အလွန် တုန်လှုပ်သွားခဲ့ရသည်။
“ရှင်ပဲလေ”
ကုကျစ်စုန့် ပြတ်ပြတ်သားသားပြောလိုက်သည်။
“ရှင့်ရဲ့ ဇနီးကို သတ်ခဲ့တာက ရှင်ကိုယ်တိုင်ပဲ”
လျန်ယိုခန်း၏ နောက်ကျောဘက်တွင် ဖွက်ထားသည့် လက်က ရုတ်ချည်း အရှေ့သို့တက်လာပြီးနောက် မျက်နှာမှာလည်း ဒေါသတကြီး ဖြစ်နေခဲ့သည်။
သူ့လက်ထဲတွင်တော့ ကြေးနှင့်ပြုလုပ်ထားသည့် ဖယောင်းတိုင်ခွက်တစ်ခုအား ကိုင်ဆောင်ထားပြီး ကုကျစ်စုန့် ခေါင်းအား ရိုက်ခွဲရန် ပြင်နေခြင်းပင်။
ထိုအချိန်တခဏတွင် ကုကျစ်စုန့်သည်လည်း မျက်မှောင်ကြုတ်ကာ လက်ကို မြှောက်လိုက်လေသည်။
သူမက လျန်ယိုခန်း၏ အရေပြားမှ အညစ်အကြေးများ သူမကို မထိစေရန် လက်ဖဝါးတွင် အဝါရောင်ကျမ်းစာရွက်အလွတ်တစ်ရွက် ကပ်ထားခဲ့သည်။
ထို့နောက်မှသာ လျန်ယိုခန်း၏ မျက်နှာတည့်တည့်ကို လက်သီးဖြင့် ထိုးချလိုက်သည်။
‘ခွပ်’ခနဲ မြည်သံနှင့်အတူ လျန်ယိုခန်း၏ မေးရိုးလွဲသွားခဲ့ပြီးနောက် နာကျင်စွာ အော်ဟစ်လိုက်ရင်း အမှိုက်သရိုက်များနှင့် ပြည့်နှက်နေသော စားပွဲပေါ်သို့ လဲကျသွားခဲ့သည်။
ကော်ဖီစားပွဲပေါ်မှ ပစ္စည်းများလည်း ကြမ်းပေါ်သို့ ဆူညံစွာ ပြုတ်ကျသွားခဲ့လေသည်။
သူ နာကျင်မှုကြောင့် အော်ဟစ်နေချိန်မှာပင် ဒေါသတကြီး ထလာသည့် ဂဲလီယိုချန်း၏ ကန်ချက်နှစ်ချက်ကိုလည်း ထပ်မံခံလိုက်ရပြန်သည်။
“မင်းဘာလုပ်ဖို့ ကြံစည်နေတာလဲ? မင်းမှာအပြစ်ရှိတာကို ဖျောက်ဖျက်ဖို့ ရဲအရာရှိတွေကိုပါ တိုက်ခိုက်တာလား? ဒါမှမဟုတ် မင်းလူသတ်ပြီးတော့ ထွက်ပြေးမလို့လား?
ရဲကိုတောင် တိုက်ခိုက်ရဲတာဆိုတော့ တော်တော်သတ္တိကောင်းနေတယ်ပေါ့ ဟုတ်လား!?”
သူမနှင့် ကုကျစ်စုန့်တို့င လူဆိုးဖမ်းသည့် ရဲအရာရှိများ မဟုတ်ကြသော်လည်း ဝိဉာဉ်ဆိုင်ရာအထူးဌာနသည်လည်း အထူးစုံစမ်းစစ်ဆေးရေးဌာနတစ်ခုပင် ဖြစ်သည်။
လျန်ယိုခန်း၏ ယခုကဲ့သို့ မမျှော်လင့်ထားသော ရန်ပြုမှုကို ကြည့်ခြင်းအားဖြင့် သာမန်လူများဆိုပါက ချက်ချင်း ရှောင်တိမ်းနိုင်သည်ဆိုလျှင်တောင်မှ တချို့နေရာများကို ထိခိုက်မိနိုင်သေးသည်။
ယခုလာခဲ့သူမှာ ကုကျစ်စုန့်မဟုတ်ပါဘဲ အခြားသော သာမန်ရဲအရာရှိများဆိုပါက ထိုလူ၏ တိုက်ခိုက်မှု အောင်မြင်သွားနိုင်သည်။
ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်ပြီးနောက် သူမ၏ မျက်လုံးများမှာလည်း သေလူတစ်ယောက်အား ကြည့်နေသည့်အလား အေးစက်လွန်းလှသည်။
“အားချန်း၊ သူ့ပါးစပ်ကို ပိတ်ပေးပါဦး.. ကျွန်မ သူ့ကို မေးစရာရှိသေးတယ်”
“အိုခေ”
ဂဲလီယိုချန်းတစ်ယောက် လျန်ယိုခန်း၏ အဆစ်လွဲသွားသော မေးရိုးအား ဖိကာ ကြမ်းကြမ်းတမ်းတမ်း ဆွဲလှည့်ပစ်လိုက်သောကြောင့် လျန်ယိုခန်းတစ်ယောက် ဝက်သတ်လိုက်သကဲ့သို့ အသံနက်ကြီးဖြင့် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူ၏ တစ်ကိုယ်လုံးမှာလည်း ရေထဲက ဆွဲထုတ်ထားသည့်အလား ချွေးများ ရွှဲနစ်နေပြီး မျက်နှာအောက်ပိုင်းမှာလည်း ထုံကျဉ်နေခဲ့သည်။
ကုကျစ်စုန့် ရှေးခေတ်အကြွေစေ့များ လေထဲသို့ ပစ်မြှောက်လိုက်ပြီးနောက် အကြွေစေ့လေးများသည် သူမလက်ဖဝါးပေါ်သို့ ပြန်ကျလာခဲ့လေသည်။
ထို့နောက် လျန်ယိုခန်းကို ကြည့်လိုက်ရင်း သူမ စကားစသည်။
“လျန်ယိုခန်း၊ ၁၉၈၄ ခုနှစ်ဖွား၊ ဒီနှစ်မှာ ၃၈နှစ်ပြည့်မယ်.. ရှင့်မျက်နှာက ယန်အမှတ်နေရာက ရောင်ကိုင်းပြီး ပိတ်ဆို့နေတယ်၊ ရှင့်ရဲ့ ဝိဉာဉ်ကလည်း မည်းနက်ပြီး သွေးနီရင့်ရောင် မကောင်းမှုစွမ်းအားတွေ သက်ရောက်နေတယ်
အဓိပ္ပာယ်က ရှင်က ရှင့်ရဲ့ ဇနီးကို လွန်ခဲ့တဲ့ သုံးလတုန်းက ရက်ရက်စက်စက် သတ်ပစ်ခဲ့ပြီး အလောင်းကို စွန့်ပစ်ခဲ့တာပဲ”
“ရှင့်ရဲ့ ထိမ်းမြားခြင်းနန်းတော်ကနေ ကျွန်မ မြင်နေရတာက ရှင်က အလုပ်လုပ်ရက်တွေမှာဆို တကယ့်ကို မကောင်းဆိုးဝါးပဲ၊
ဇနီးအပေါ်မှာလည်း မကောင်းဘူး၊ ရှင်တို့ရဲ့ အိမ်ထောင်ရေးကလည်း အေးတိအေးစက် ဆက်ဆံမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ပဲ ပြည့်နေခဲ့တယ်
ရှင့်မှာ ခပ်ထုံထုံ အကျင့်စရိုက်ရှိပြီး အညှိုးကြီးတယ်.. ပြီးတော့ ဒီကမ္ဘာကြီးမှာ အရာအများစုက မတရားဘူးလို့ ထင်နေတယ်.. ဒါက ရှင့်ရဲ့ မြေနဲ့မီးဓာတ်တို့ကြောင့် ဖြစ်တဲ့ ကံကြမ္မာပဲ”
ကုကျစ်စုန့် မျက်နှာကိုမဲ့ကာ ပြောလိုက်သည်။
“ကျွန်မ အကြမ်းဖျင်းခန့်မှန်းလို့ရတာတော့ ရှင်က လုပ်ဖော်ကိုင်ဖက်တွေရဲ့ စနောက်လှောင်ပြောင်မှုကို ခဏခဏ ခံခဲ့ရလိမ့်မယ်.. အဲလိုအချိန်တွေဆို ရှင့်ရဲ့ရင်ထဲမှာ ဒေါသတွေနဲ့ ဆူပွက်ပြီး သူတို့ကို မသေမချင်း ဓားနဲ့ ထိုးသတ်ပစ်ချင်စိတ်တွေ တဖွားဖွားပေါ်နေခဲ့မှာပဲ ဒါပေမယ့် ရှင်မလုပ်ရဲဘူးလေ”
“ရှင်က ရှင့်ထက်ပိုပြီး အားကောင်းမောင်းသန်လုပ်ဖော်ကိုင်ဖက်တွေကိုကျ ပြိုင်ပြီး ရန်မဖြစ်နိုင်ဘူး.. ဒါနဲ့ အိမ်ပြန်ပြီဆိုရင် အရက်လေးနည်းနည်းသောက်ပြီးတာနဲ့ ဇနီးသည်ကို ရန်လုပ်တော့တာပဲ”
ဂဲလီယိုချန်း ရွံရှာစွာ ကြည့်လိုက်သည်။
“ဘယ်လိုတောင် အမှိုက်သရိုက်ကောင်မျိုးပါလိမ့်!”
“လင်မယား ဆက်ဆံရေးအပြင် ရှင့်မှာ ရှင့်ရဲ့ဇနီးသည်ကို ရန်ပြုရခြင်းအကြောင်းအရင်းက သူ..ဖောက်ပြန်လို့??”
အမျိုးသမီး သတ်ဖြတ်ခံရသည့်အကြောင်းအရင်း ပြောင်းလဲသွားသောကြောင့် ကုကျစ်စုန့် မျက်မှောင်ကြုတ်လိုက်မိသည်။
ဖောက်ပြန်သည်မှာ တစ်ဦးတည်းမဟုတ်ပါလော?
သူမ တစ်ခုခု လွဲမှားနေသည်ဖြစ်ကြောင်း သတိပြုလိုက်မိချိန်တွင် ချက်ချင်း ရှစ်မြှောင့်သုံးခုရေးဆွဲလိုက်သည်။ အဖြေအား မြင်တွေ့လိုက်ရချိန်တွင် သူမဒေါသထွက်သွားခဲ့ရသည်။
“သူက ဖောက်ပြန်တာမဟုတ်ဘူး၊ ဖိအားပေးခံရတာပဲ”
“အဲဒီအကြောင်းကို ရှင်သိသွားလို့ သူ့ကို သတ်ပစ်လိုက်တာ.. ဒါပေမယ့် ရှင်က အစကတည်းက ရှင့်ရဲ့ဇနီးသည်ဘက်က စိတ်ပါလို့ မဟုတ်ဘဲ ဖိအားပေးခံရတာဆိုတာကို သိနေပြီးသားမဟုတ်ဘူးလား?”
ယခုအချိန်ပိုင်းအတိုင်း သူ့ခန္ဓာကိုယ်၏ ပြောင်းလဲမှုများကြောင့် လျန်ယိုခန်းသည်က သေဆုံးသွားသော ဇနီးသည်အပေါ်တွင် အငြိုးတရား၊ အကြောက်တရားနှင့် နာကျင်မှုများဖြင့် နေ့စဉ်နေထိုင်ခဲ့ရသည်။
သူ၏ စိတ်အခြေအနေမှာလည်း သတိလက်လွတ်ဖြစ်လုနီးပါးအခြေအနေထိ အငြိုးတရားများ၏ နှိပ်စက်ခြင်းခံနေခဲ့ရသည်။ ကုကျစ်စုန့်၏ စကားများကို ကြားရပြီးနောက် သူ၏ ဦးနှောက်သည် လုံးထွေးရောယှက်နေကာ မစဉ်းစားမတွေးတောနိုင်ပေ။
အမုန်းတရား၊ အငြိုးတရားများဖြင့်သာ ပြည့်နှက်နေခဲ့ပေပြီ။
“အဲကောင်မက ငါ့ကို ဖောက်ပြန်တာလေ.. သေသင့်တာပေါ့! အဲဒီခွေးမကို အရင်ကတည်းက သတ်ပစ်ခဲ့ရမှာ!”
“ငါသူ့ကို တစ်ခါသတ်ပြီးပြီ၊ ငါသေလို့ သရဲဖြစ်သွားတောင် သူလက်စားချေမှာကို ကြောက်မနေဘူး.. အဲဒီကောင်မကို နောက်တစ်ခေါက်တောင် သေအောင် ရိုက်သတ်ပစ်မယ်.. ရေနှစ်သတ်ပစ်မယ်…”
ကုကျစ်စုန့် မျက်လုံးများကို မှိတ်လိုက်ပြီးနောက် လက်ကို ဆန့်ကာ လျန်ယိုခန်း၏ ဦးခေါင်းကို ကိုင်လိုက်သည်။
သူအော်ဟစ်လိုက်သည့် ဆဲဆိုစကားသည်က သူ့ပြစ်မှုအား သွယ်ဝှိက်၍ ဝန်ခံလိုက်ခြင်းပင်။ သူသည်က ဇနီးသည် မတရားပြုကျင့်ခံရသည်ကို မျက်မြင်ဖြစ်စေ သိထားခဲ့သော်လည်း ထိုအပြစ်မဲ့အမျိုးသမီးအား ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သည်။
ကုကျစ်စုန့် ဤအမှု၏ အဖြစ်မှန်ကို တွေးကြည့်လိုက်မိပြီးနောက် အော်ဂလီဆန်သွားခဲ့ရသည်။
သူမ လျန်ယိုခန်းနှင့် ပတ်သတ်၍ အချိန်မဖြုန်းချင်တော့သောကြောင့် အညှာအတာကင်းမဲ့သည့် ‘စိတ်ဝိဉာဉ်ရှာဖွေခြင်း’ ပညာအား အသုံးပြုလိုက်သည်။
ထိုပညာသည်က သဘာဝလွန်လောကတွင် လွန်ခဲ့သည့် နှစ်ရာပေါင်းများစွာကတည်းက ပိတ်ပင်ထားသော ပညာရပ်တစ်ခုဖြစ်သည်။
သူမသည် လျန်ယိုခန်း၏ မှတ်ဉာဏ်များအတွင်းသို့ အားသုံး၍ ဝင်ရောက်ကြည့်ရှုလိုက်ခြင်းပင်။
*