← Chapters

ကျန်းနန်မြို့ရဲ့ အပြောင်းအလဲ

Vol. 12 Ch. 155

ကျန်းနန်မြို့ရဲ့ အပြောင်းအလဲ

Vol. 12 Ch. 155

လျိုယွင် အနည်းငယ် အံ့ဩသွားပြီးမှ အမြန် ဖြေကြားလိုက်၏။

“အရှင့်သား….ကျွန်တော်တို့ ညီအစ်ကိုတွေက ကျန်းနန်မြို့ရဲ့ အခြေအနေတွေကို သေချာ မစစ်ဆေးလိုက်မိဘူး၊ ဒါပေမယ့် စိတ်မပူပါနဲ့၊ ကျန်းနန်မြို့သုံးမြို့ကို ကျွန်တော်တို့သေချာ ဂရုတစိုက်နဲ့ စောင့်ကြည့်ထားပါ့မယ်!”

“ဘယ်သူက အဲဒီအကြောင်း ပြောနေလို့လဲ? ငါပြောတာက တရှားတတိုင်းပြည်လုံးအကြောင်းကွ”

“မင်းနားလည်လား? တရှား ”

ရှထိုက်အန်း တည်ငြိမ်စွာဖြင့် ပြောလိုက်၏။

“ဟုတ်ကဲ့ ဟုတ်ကဲ့!”

“သတင်းအသစ်တော့ မရှိပါဘူး၊ ဒါပေမယ့် ကျွန်တော်ကြားထားတာတော့ သိုင်းလောကရဲ့ လူအများစုက နှင်းနဂါးတောင်အနီးမှာ စုဆောင်းနည်းတယ်တဲ့၊ ကြည့်ရတာ သူတို့ကို ဂိုဏ်းကြီးတစ်ခုကဆင့်ခေါ်ထားပုံပဲ”

“အသေးစိတ်အခြေအနေတွေကိုတော့ ဆက်လက် စုံစမ်းနေဆဲပါ၊ ဒါပေမယ့် အဲဒီသိုင်းလောကဆိုတာ လူလိမ်တစ်အုပ်ကလွဲရင် ဘာမှအထင်ကြီးစရာမရှိပါဘူး…အရှင့်သား”

လျိုယွင်က အမြန် ရှင်းပြခဲ့သည်။ သူ့ရဲ့မျက်နှာထက်မှာ အထင်သေးမှုတို့ ပြည့်နေ၏။

ချင်မင်းသားသည် ကျန်းနန်မြို့ရဲ့ မရေမတွက်နိုင်တဲ့ ဂိုဏ်းများစွာကိုဖျက်စီးခဲ့သည်။ ထိုအရာကို လျိုယွင် ကိုယ်တိုင် တွေ့ခဲ့ရ၏။ ထိုမြင်ကွင်းက သူ့တစ်ဘဝလုံး ဘယ်တော့မှ မမေ့ပျောက်နိုင်မယ့် မြင်ကွင်းတစ်ခုလိုမျိုး စွဲကျန်နေခဲ့သည်။

ရှထိုက်အန်း ခေါင်းယမ်းလိုက်လေကာ…

“သိုင်းလောကတစ်ခုလုံးမှာ သန်မာတဲ့သူနဲ့ အားနည်းတဲ့သူဆိုပြီး ရှိတယ်၊ တရှားတိုင်းပြည်ထဲက သိုင်းလောကက မဖွံ့ဖြိုးသေးဘူး၊ အကြောင်းအရင်းကတော့ ငါတို့တိုင်းပြည်အတွင်းမှာရှိတဲ့ စိတ်ဝိညာဉ်စွမ်းအင် ပမာဏက နည်းပါးနေတာပဲ၊ ဒါ့အပြင် ကံကြမ္မာအမှတ်ရဲ့ထောက်ပံ့မှုကလည်း အားနည်းသေးတယ်၊ ဒါကြောင့် သိုင်းပညာရှင်တွေက ငါတို့တရှားတိုင်းပြည်ထဲလာရမှာကို စက်ဆုပ်ကြတယ်”

“ဒါပေမယ့် အခုအခြေအနေတွေက မတူညီတော့ဘူး၊ အခု ငါ့ရဲ့ တူတော်မောင်က အရမ်းကို လုပ်နိုင်စွမ်းရှိတဲ့ ရှင်ဘုရင်တစ်ယောက်ပဲ၊ တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကို တစ်လတည်းနဲ့ ခြောက်ဆတက်အောင် လုပ်နိုင်ခဲ့တယ်၊ ဒါကြောင့် မရေမတွက်နိုင်တဲ့ သိုင်းပညာရှင်တွေရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ခဲ့တယ်!”

“ဒါကြောင့် သိုင်းပညာရှင်တွေ အများကြီး ရောက်လာခဲ့တယ်။ များပြားလာတဲ့ သိုင်းပညာရှင်တွေကြောင့် တိုင်းပြည်ရဲ့စိတ်ဝိညာဉ်စွမ်းအင် ပမာဏကလည်း မြင့်တက်လာခဲ့တယ်”

“ဟိုတစ်လောစီက ရခဲ့တဲ့ အလင်းစွမ်းအင်ကြောင့်သာ မဟုတ်ဘူးဆိုရင် တရှားရဲ့ ပြည်သူတွေအားလုံး ပြင်းထန်တဲ့အခြေအနေကို ကြုံတွေ့နေရလောက်ပြီ!”

“အဲဒီအလင်းက တရှားတိုင်းပြည်ရဲ့ အခြေအနေတွေအားလုံးကို စစ်ဆေးပေးသွားတယ်လို့ ပြောလို့တောင်ရတယ်၊ ဒါကြောင့် တရှားတိုင်းပြည်ထဲက မကောင်းကြံစည်ဖို့ အစီအစဉ်ဆွဲထားတဲ့ သူတွေကိုတောင်မှ ကြောက်လန့်သွားစေခဲ့တယ်”

'ဒါတွေအားလုံးကို အရှင်မင်းကြီး စီစဉ်ထားတာလို့ ငါထင်တယ်၊ ဒါပေမယ့် ငါနားမလည်သေးတဲ့ အရာတော့ရှိတယ်”

ရှထိုက်အန်းရဲ့ မျက်လုံးတွေက ချက်ချင်းပဲ တည်ငြိမ်သွားခဲ့သည်။

လျိုယွင်လည်း အနည်းငယ် အံ့ဩသွား၏။ ထို့ကြောင့် ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

“ဘာကိုလဲ?”

“အရှင်မင်းကြီးက ဘာကိစ္စ သိုင်းလောကကို ဆွဲဆောင်ခဲ့တာလဲ? ပြောရမယ်ဆိုရင် အခုလိုမျိုး သိုင်းလောကသားတွေအများကြီး တိုင်းပြည်ထဲဝင်လာအောင် ဘယ်လိုယုံကြည်ချက်နဲ့ ဘယ်လိုမျိုး ဆွဲဆောင်ခဲ့တာလဲ?”

“ဘယ်လိုမျိုး ဆွဲဆောင်ခဲ့လို့လဲ ဟုတ်လား?”

လျိုယွင် တိတ်တဆိတ် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူအနေနဲ့ ဘယ်လိုမှ လိုက်မမှီတော့ပေ။ ရှထိုက်အန်းပြောသွားခဲ့သော စကားလုံးတိုင်းက တစ်ခါမှ မတွေးဖူးတဲ့အရာတွေမို့လို့ အစစ်အမှန်လားဟုပင် ဝေခွဲရခက်နေသည်။

“ဟုတ်တယ် အခုလို သိုင်းလောကသားတွေ အများကြီးကို တိုင်းပြည်ထဲ ဖိတ်ခေါ်ခဲ့တာက အကြံအစည်တစ်ခုခု ရှိနေရမယ်၊ ဒါ့အပြင် အဲဒီအကြံအစည်ကလည်း ငါ့ကိုတည်ဆောက်ခိုင်းတဲ့ စစ်စခန်းနဲ့ ပက်သက်နေရမယ်၊ ဒါတင်မကသေးဘူး တရှားရဲ့နယ်စပ်မှာ တည်ဆောက်နေတဲ့ မဟာတံတိုင်းနဲ့လည်း သက်ဆိုင်နေလောက်တယ်”

“သူက သေချာပေါက် အကြံအစည်ကြီးတစ်ခုကို ပြုလုပ်နေတာပဲ!”

“အစကနေ အဆုံးထိ ရှကျိုးယွီက စီစဉ်နေခဲ့ပြီး သူက အမြဲတမ်း ကြိုးကိုင်ခြယ်လှယ်တဲ့ သူတစ်ယောက် ဖြစ်ခဲ့တာ၊ ပြောရမယ်ဆိုရင် အကုန်လုံးရဲ့ အခြေအနေတွေကို ကြိုတင်မှန်းဆနိုင်တဲ့ ပါရမီရှင် ကစားသမား တစ်ယောက်လိုမျိုးပဲ!”

ရှထိုက်အန်း ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုစကားကြောင့် လျိုယွင်ရဲ့ နှလုံးသားက တုန်ယင်သွားပြီး မနေနိုင်စွာ မေးလိုက်တော့၏။

“ကြိုးကိုင်ခြယ်လှယ်သူ ဟုတ်လား? ဒါဆိုရင် အရှင်မင်းကြီးက ဘယ်သူနဲ့ယှဉ်ပြိုင်ပြီးဆော့နေတာလဲ? ဘယ်သူ့ကို တိုက်ခိုက်ဖို့ ကြံစည်နေတာလဲ? တရှားရဲ့ လက်ရှိသန်မာမှုနဲ့ဆို အိမ်နီးချင်းတိုင်းပြည်တွေက မစဉ်းစားဘဲ မပြုမူရဲလောက်ဘူး”

လျိုယွင်က ခေါင်းငြိမ့်ရင်း ဆက်ပြောလိုက်သည်။

“ဒါ့အပြင် တိုင်းပြည်အသီးသီးကလည်း ကျွန်တော်တို့တရှားနဲ့ ကုန်သွယ်မှုလုပ်ခဲ့တယ်လို့ ကျွန်တော်ကြားတယ်၊ သူတို့တွေက…”

လျိုယွင်ပြောနေချိန်မှာပဲ အပြင်ဘက်ကနေ ကျယ်လောင်တဲ့ အသံတစ်ခုကို ကြားလိုက်ရသည်။

“ဘန်း!!!”

ကောင်းကင်ပေါ်သို့ မြင့်မားတဲ့မီးတောက်ကြီးတစ်ခု ထိုးတက်လာခဲ့သည်။

“ဘာတွေဖြစ်နေတာလဲ? အဲ့ဒီနေရာမှာ ဘာဖြစ်နေတာလဲ?”

ရှထိုက်အန်း ချက်ချင်းပဲ ထိုမီးတောက်ကို ကြည့်လိုက်သည်။ နောက်တစ်စက္ကန့်မှာ သူ့ရဲ့ခန္ဓာကိုယ်က အရိပ် အဖြစ်ပြောင်းလဲသွားပြီး မီးတောက်တည်ရှိရာဆီကို ဦးတည်သွားလေ၏။

“အဲဒါက စစ်စခန်းတည်ဆောက်နေတဲ့ နေရာပဲ၊ ပြဿနာဖြစ်နေတာလား?”

လျိုယွင် ချက်ချင်းပဲ မျက်နှာပျက်သွားတော့သည်။ သူ့သဘောပေါက်သွားတာနဲ့ ချက်ချင်းပဲ ရှထိုက်အန်းရဲ့ အနောက်ကို လိုက်သွားလေ၏။

ထိုအချိန် မီးတောက်တည်ရှိရာနေရာတွင် ကျယ်ပြန့်တဲ့ ရှေးဟောင်းအစီအရင်တစ်ခုသည် ဖျော့တော့တဲ့ အလင်းကို ထုတ်ပေးနေသည်။

ရှထိုက်အန်း ကောင်းကင်ထက်မှာ ရပ်တန့်လိုက်ပြီး အဝေးက ရှေးဟောင်းအစီအရင်ကို လှမ်းကြည့်လိုက်သည်။ သူ့ရဲ့ ဦးနှောက်က အလွန်အလုပ်လုပ်နေ၏။

ထိုအချိန် ရှထိုက်အန်းရဲ့ ဘေးသို့ လျိုယွင်လည်း ရောက်လာခဲ့သည်။ အနီးက ရှေးဟောင်းအစီအရင်ကို ကြည့်နေရင်း သူ့ရဲ့မျက်နှာက ရှုပ်ထွေးလာ၏။

“ချင်မင်းသား ဒါဘယ်လိုအစီအရင်မျိုးလဲ? ရုတ်တရက်ကြီး ဘာကြောင့် အစီအရင်တစ်ခုပေါ်လာရတာလဲ?”

“အစီအရင်က မင်းပြုလုပ်ခဲ့တာ မဟုတ်ဘူးလား? ငါ့ကိုလာမေးနေတာလား?”

ရှထိုက်အန်း ချက်ချင်းပဲ မျက်မှောင်ကြုတ်သွားခဲ့သည်။ လျိုယွင်ကို လှမ်းကြည့်လိုက်၏။

လျိုယွင်လည်း အံ့ဩသွားလေသည်။ ထို့နောက်မှာ မျက်ရည်ကျလုနီးနီး အမြန် ရှင်းပြလိုက်သည်။

“ဒါက ကျွန်တော် လုံးဝမသိဘူး၊ ဒါက ရွေ့ဂိုဏ်းရဲ့ အရင်ကဂိုဏ်းတည်ရှိရာ နေရာဟောင်းပဲ၊ ကျွန်တော် ဒီနေရာကို စစ်ဆေးတဲ့အချိန်က လှပတဲ့ရှုခင်းကိုပဲ သတိထားမိခဲ့တယ်၊ ဘာအစီအရင်ကိုမှ ကျွန်တော် အာရုံခံလို့မရခဲ့ဘူး!”

“ချင်မင်းသား ကျွန်တော့်ကို ကျေးဇူးပြုပြီး ယုံကြည်ပေးပါ၊ ကျွန်တော်လုံးဝကို မသိတာပါ!”

လျိုယွင်ရဲ့မျက်လုံးတွေက ချက်ချင်းပဲ မျက်ရည်များ ပြည့်နှက်လာခဲ့သည်။ သူအနေနဲ့ ဘာမှမတက်နိုင်တော့ဘူး။ ရုတ်တရက် ပြောင်းလဲမှုက အလွန်ပြင်းထန်သည်မို့ အရှင့်သားသာ အမျက်ထွက်မည်ဆိုရင် သေချာပေါက် သေရလိမ့်မည်။

“ကောင်းပြီ ငါမင်းရဲ့ ရှင်းပြချက်တွေကို ဆက်နားမထောင်ချင်တော့ဘူး၊ ဒီကိစ္စနဲ့ပက်သက်ပြီး စစ်ဆေးမှုအရင်လုပ်လိုက်”

“အမိန့်အတိုင်းပါ!”

လျိုယွင် ချက်ချင်းပဲ အစီအရင်ရှိရာကို ဦးတည်သွားလိုက်သည်။

ရှထိုက်အန်းကတော့ နေရာမှာတင် ရပ်နေရင်း ရှေးဟောင်းအစီအရင်ကို လေ့လာနေ၏။

အချိန်တစ်ခဏကြာပြီးနောက် လျိုယွင်ပြန်ရောက်လာခဲ့သည်။ သူ့ရဲ့ပုံစံကစိတ်လှုပ်ရှားနေဟန်ပဲ။ ရှထိုက်အန်းကို ကြည့်ကာပြောလိုက်၏။

“ကျွန်တော် စုံစမ်းပြီးပါပြီ၊ ဒီရှေးဟောင်းအစီအရင်က ပြဿနာတစ်ချို့ဖြစ်စေခဲ့ပေမယ့် လူအသေအပျောက်တော့ မရှိပါဘူး၊ ဒီအစီအရင်ရဲ့ ပုံစံက နည်းနည်းထူးဆန်းနေရုံတင်ပဲ”

“အသေအပျောက်မရှိဘူး? ဟုတ်လား?”

ရှထိုက်အန်း မျက်မှောင်ကြုတ်သွားခဲ့သည်။ လျိုယွင်ကို စိုက်ကြည့်လိုက်၏။

‘ဒီကောင်လေး တာဝန်မယူချင်လို့ ရှောင်ပြေးနေတာလား? ငါအစောက မြင်လိုက်ရတဲ့မီးတောက်က တော်တော်လေးကြီးတယ်!’

ရှထိုက်အန်းအနေနဲ့ အသေအပျောက်မရှိဘူးဆိုတဲ့ကိစ္စကို မယုံကြည်နိုင်ခဲ့ပေ။ ဒီနေရာတွင် သန့်ရှင်းရေးလုပ်ဖို့ရန် လူတစ်ချို့ရှိနေခဲ့သည်။ ထို့ကြောင့်အစီအရင်ပေါက်ကွဲမှုကို သူတို့တွေ မလွဲမသေ ကြုံတွေ့ရမှာပဲ။

ရှထိုက်အန်းရဲ့ အကြည့်ကို မြင်တဲအ့ခါမှာ လျိုယွင်ချက်ချင်းပဲဖြေကြားလိုက်၏။

“ကျွန်တော်တကယ်ပြောနေတာပါ၊ အစီအရင်ရဲ့ ဗဟိုတည့်တည့်မှာ ရှိနေခဲ့တဲ့ လူတွေရဲ့ပြောကြားချက်အရကတော့ တိုက်ခိုက်မှု မပေါ်ပေါက်ခင်မှာ ကြီးမားတဲ့ အရာကြီးတစ်ခုက ရုတ်တရက်ပေါ်ပေါက်လာပြီး သူတို့ကို ကာကွယ်ခဲ့တာတဲ့!”

“ကြီးမားတဲ့ အရာတစ်ခုဟုတ်လား? အဲဒါက ဘာလဲဆိုတာ မြင်လိုက်ရလား?”

ရှထိုက်အန်း အနည်းငယ် အံ့ဩသွားခဲ့သည်။ မနေနိုင်စွာဖြင့် မေးလိုက်တော့၏။

လျိုယွင်ခေါင်းယမ်းလိုက်လေကာ…

“အဲဒီ အရာက အရမ်း စွမ်းအားကြီးမားတယ်၊ လူတွေက ကျင့်ကြံဆင့် မရှိတော့ မမြင်လိုက်ရဘူး၊ ဒါပေမယ့် သိုင်းအနည်းငယ်တက်တဲ့ တချို့လူတွေရဲ့ ပြောကြားချက်အရတော့ အဲဒီအရာရဲ့ခန္ဓာကိုယ်ပေါ်မှာ အနက်ရောင်ကြေးခွံတွေရှိတယ်တဲ့!”

“ကြေးခွံ ဟုတ်လား?”

ရှထိုက်အန်း ဆွံ့အသွားလေသည်။

'တရှားတိုင်းပြည် အတွင်းမှာ ဘယ်လိုလုပ် အဲ့ဒီလိုအရာမျိုး ပေါ်လာခဲ့တာလဲ?’

ရှထိုက်အန်း ဘာမှမပြောရခင်မှာဘဲ လျိုယွင်က ဆက်ပြောလာခဲ့သည်။

“ဒါ့အပြင် လူတွေရဲ့ပြောကြားချက်အရ အဲဒီ အရာက သူတို့နဲ့ အရမ်းနီးစပ်သလိုမျိုး ခံစားရတယ်တဲ့၊ ပြောရရင် သွေးချင်း နီးစပ်နေသလိုမျိုး”

ရှထိုက်အန်းရဲ့ မျက်ဆံတွေ ချက်ချင်းပဲ ကျဉ်းမြောင်းသွားခဲ့သည်။ သူ့ရဲ့ ဦးနှောက်ကိုအဆက်မပြတ် အလုပ်ပေးနေရင်း ဖြစ်နိုင်ချေတွေ အားလုံးကို စဉ်းစားနေလိုက်၏။ နောက်ဆုံးမှာတော့ ရှထိုက်အန်းအတွေးပေါက်သွားလေကာ ..

“ဖြစ်နိုင်တာ….ဖြစ်နိုင်တာ အစောင့်အရှောက်သားရဲများလား?!”

……….

All Chapters