နားလည်မှုလွဲခြင်း
Vol. 12 Ch. 160
နှင်းနဂါးတောင်ရဲ့ တောင်ခြေရှိ စာသောက်ဆိုင်အတွင်းတွင် ယူလျိုရှား တည်ငြိမ်စွာထိုင်နေခဲ့သည်။ သူမနှင့် မဝေးတဲ့ အိပ်ယာပေါ်တွင် ကျောက်ကောင်း လှဲလျောင်းနေ၏။ ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်အတွင်းမှ ဖျော့တော့တဲ့ အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအလင်းက ဆက်တိုက် မှိန်လိုက်ပျောက်လိုက်ဖြင့် လင်းနေ၏။
“ သခင်၊ နှစ်ရက်တောင် ကြာနေခဲ့ပြီ။ မိန်းမဆိုးကျောက်က အခုထိ မနိုးလာသေးဘူး။ သူနဲ့ပတ်သတ်ပြီး တစ်ခုခုမှားနေတာများလား?”
ရွှမ်းအာ မနေနိုင်စွာမေးလိုက်၏။
ယူလျိုရှား မျက်မှောင်ကြုတ် သွားခဲ့သည်။ သူမ ကျောက်ကောင်းရဲ့ အခြေအနေကို စစ်ဆေးလိုက်၏။ ကျောက်ကောင်းရဲ့ ပတ်ဝန်းကျင်ကနေ အရှိန်အဝါတစ်ခုကို သူမ အာရုံခံလို့ရနေသည်။ ထို့ကြောင့် သူ့ရဲ့ခန္ဓာကိုယ်ကို ထပ်မံစစ်ဆေးလိုက်တာပင်။
ယူလျိုရှား မသက်မသာ ရေရွတ်လိုက်လေသည်။
“ သူ့ရဲ့ချီစွမ်းအင်က တည်ငြိမ်တယ်။ ဒါ့အပြင် သွေးကြောတွေကလည်း တည်ငြိမ်နေတယ်။ ပြောရမယ်ဆိုရင် သူနိုးနေသင့်တာကြာပြီ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဆန်းကြယ်တဲ့ အင်အားတစ်ခုက စုဆောင်းနေတယ်။ အဲဒီအင်အားရဲ့ လွှမ်းမိုးမှုကြောင့် သူအခုထိ နိုးမလာသေးတာပဲ။ ငါအဲဒီအင်အားကို တစ်နေရာရာမှာ ခံစားဖူးတယ်။ ဒါပေမဲ့ ဘယ်မှာမှန်း ငါမမှတ်မိနေဘူး”
ယူလျိုရှား ပြောလိုက်သည်။ သူမက ပြောနေရင်းနဲ့ ရွှမ်းအာကိုလှည့်ကြည့်လိုက်၏။
“ငါမှတ်မိပြီ။ အဲဒါက တရှားတိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်ကနေ ခံစားခဲ့ရတဲ့ နောက်ဆက်တွဲ အရှိန်အဝါပဲ!”
“ဟုတ်တယ် ကံကြမ္မာအမှတ်ကနေ ခံစားခဲ့ရတဲ့ နောက်ဆက်တွဲ အရှိန်အဝါ!”
ယူလျိုရှားရဲ့ မျက်လုံးတွေက ချက်ချင်းပဲ ထိတ်လန့်သွားခဲ့သည်။
နောက်ဆက်တွဲအရှိန်အဝါဟုတ်လား?...
ရွှမ်းအာ ရှုပ်ထွေးစွာဖြင့် ကြည့်လာလေ၏။
“ ဒါဆိုရင် သံသယဝင်စရာမလိုတော့ဘူး။ သွေကြောတွေထဲက ပြောင်းလဲမှုကို ကံကြမ္မာအမှတ်က ပြုလုပ်ပေးသွားခဲ့တာပဲ။ ဒီအရှိန်အဝါကိုသာ တွန်းလှန်နိုင်ခဲ့ရင် ကျောက်ကောင်း ပထမအဆင့်ကို အောင်မြင်စွာ တက်နိုင်လိမ့်မယ်!”
“ ဘယ်လို ဒါဆိုရင်...”
ထိုအချိန်မှာပဲ ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်အတွင်းကနေ ရွှေရောင်အလင်းတွေ စတင် ဖြာထွက်လာခဲ့သည်။ အချိန်တစ်ခဏအတွင်းမှာပဲ ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို သိပ်သည်းစွာဖြင့် ဝန်းရံလိုက်လေ၏။
အခန်းထဲမှာရှိတဲ့ စိတ်ဝိဉာဉ်တွေစွမ်းအင်တွေအားလုံးကို ကျောက်ကောင်းရဲ့ ခန္ဓာကိုယ်က စုပ်ယူသွားခဲ့သည်။
ရှေ့ကမြင်ကွင်းကြောင့် ယူလျိုရှားနဲ့ ရွှမ်းအာကတော့ ဆွံ့အနေလေရဲ့။
“ ပထမအဆင့် သိုင်းနတ်ဘုရား! ဒါဆိုရင် တရှားတိုင်းပြည်ထဲမှာ နောက်ထပ် ပထမအဆင့် သိုင်းနတ်ဘုရားတစ်ယောက် ပေါ်လာတော့မှာလား?”
“ ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!”
“ ရှာကျိုးယွီ ဘယ်လိုလုပ် အခုလို ဖန်တီးနိုင်ခဲ့တာလဲ? ရွှမ်ဂိုဏ်းရဲ့ ထောက်ပံ့မှုကို ရနေတယ်ဆိုရင်တောင်မှ ဒါက မဖြစ်နိုင်တဲ့ ကိစ္စလေ”
ရွှမ်းအာ ရေရွတ်လိုက်သည်။ သူမရဲ့မျက်လုံးတွေက ထိတ်လန့်မှုများ ပြည့်နေ၏။ အချိန်တစ်ခဏကြာသည်အထိ သူမ ဘယ်လိုတုံ့ပြန်ရမလဲ မသိတော့ပေ။
သူမရဲ့ စကားလုံးထဲက နောက်ထပ် ပထမအဆင့်ကျင့်ကြံသူဆိုသော စကားလုံးကို ကြည့်လိုက်တာနဲ့သိနိုင်ပါသည်။
ယူလျိုရှားလည်းပဲ ကံကြမ္မာအမှတ်ရဲ့ ထောက်ပံ့မှုကြောင့် ပထမအဆင့်ကို တက်လှမ်းနိုင်ခဲ့သည်လေ။ အခုလည်း ကံကြမ္မာအမှတ်က ဆက်လက် ထောက်ပံ့နိုင်သေးတာလား?
“ ပထမအဆင့်တော့မဟုတ်ဘူး။ ဒုတိယအဆင့်ရဲ့ ထိပ်သီးပိုင်းကိုတော့ ရောက်သွားခဲ့တယ်”
“ ဒီလိုဆိုရင်တောင်မှ ပထမအဆင့်ကို ရောက်ဖို့အတွက် သေးငယ်တဲ့ အလွှာပါးလေးပဲ လိုတော့တာလေ။ တရှားတိုင်းပြည်မှာ ဘယ်လိုဆန်းကြယ်တဲ့ အင်အားတွေပိုင်ဆိုင်ထားလို့ အခုလိုမျိုး အောင်မြင်မှုကို ခေါ်ဆောင်လာနိုင်တာလဲဆိုတာ ငါ တစ်ကယ်နားမလည်နိုင်တော့ဘူး”
ယူလျိုရှား နူးညံ့စွာပြောလိုက်သည်။
ကျောက်ကောင်းရဲ့ အနားတွင် ဝန်းရံထားတဲ့ အရှိန်အဝါကို ကြည့်ရသလောက် ပထမအဆင့် သိုင်းနတ်ဘုရားနယ်ပယ်နှင့် နီးစပ်လုနီးနီး ရောက်နေသော်ငြား ပထမအဆင့်ထိ မကျော်ဖြတ်နိုင်တာတော့ သိသာလှသည်။
ဒါတွေအားလုံးကို ကျောက်ကောင်းပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ ရှကျိုးယွီက အစွမ်းကို အသုံးပြုပြီး ကျောက်ကောင်းရဲ့ နဂိုအားနည်းတဲ့ သွေးကြောတွေနေရာမှာ စွမ်းအင်စုပ်ယူမှုတွေ တိုးမြင့်လာနိုင်စေရန် ဖန်တီးပေးခဲ့တာပဲ။
ထိုမိန်းကလေးနှစ်ယောက် အံ့ဩနေစဉ်မှာပဲ ကျောက်ကောင်း ရုတ်တရက် မျက်လုံးပွင့်လာခဲ့သည်။
ကျောက်ကောင်းက ချက်ချင်းပဲ မတ်တပ်ထရပ်လိုက်၏။ သူ့ရဲ့မျက်နှာက သတိကောင်းကောင်း မကပ်သေးပုံပဲ။ ပတ်ဝန်းကျင်ကို စစ်ဆေးလိုက်ပြီး နောက်ဆုံးတွင် ကျောက်ကောင်းရဲ့ အေးစက်တဲ့ အကြည့်က ယူလျိုရှားပေါ်ကို ကျရောက်လာခဲ့သည်။
ကြောက်မက်ဖွယ် သားရဲကောင်ဆီမှ စိုက်ကြည့်ခံလိုက်ရသလိုမျိုး ယူလျိုရှား ခံစားလိုက်ရပြီး သူမရဲ့ ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားတော့၏။
“ သခင်ကျောက် “
ကျောက်ကောင်းရဲ့ အေးစက်တဲ့ အကြည့်က ပတ်ဝန်းကျင်ကို အဆက်မပြတ်စစ်ဆေးနေခဲ့သည်။
“ ဟိတ်လူ နင် စည်းမျဉ်းတွေကို နားမလည်ဘူးလား! ရှကျိုးယွီကြောင့်သာမဟုတ်ဘူးဆိုရင် သခင်မလေးက နင့်ကို ကယ်တင်ထားမယ်ထင်လား? နင့်လိုမျိုး လူတစ်ယောက်ကများ ဘာကြောင့် ရိုင်းပြရဲတာလဲ?”
ကျောက်ကောင်းရဲ့ တုံ့ပြန်မှုကြောင့် ရွှမ်းအာ မကျေနပ်စွာ ထအော်တော့သည်။
ဒါပေမဲ့ ရွှမ်းအာရဲ့ စကားမဆုံးခင်မှာပဲ အရိပ်တစ်ခုကို ရုတ်တရက် မြင်လိုက်ရ၏။ ထို့နောက်မှာတော့...
ဘန်း!
ကျယ်လောင်တဲ့ အသံတစ်ခုအပြီးမှာ ရွှမ်းအာသည် နံရံနဲ့ အရှိန်ပြင်းစွာ ဝင်တိုက်လေတော့သည်။ သူမရဲ့ ဝမ်းဗိုက်အောက်ပိုင်း ဒဏ်ရာရသွားခဲ့သလို ချက်ချင်းပဲ ပါးစပ်ကနေ သွေးတွေထွက်လာခဲ့သည်။
ထိုအချိန်မှာပဲ ကျောက်ကောင်းရဲ့ အေးစက်တဲ့အသံကို ကြားလိုက်ရ၏။
“ အရှင်မင်းကြီးကိုများ နာမည်တပ်ပြီးခေါ်ရဲတယ်။ သေချင်နေတာလား!”
ကျောက်ကောင်းက ပြောနေရင်းနဲ့ ဆက်တိုက်ဖို့ပြင်လိုက်သည်။ သူ့ရဲ့ ခန္ဓာကိုယ်အတွင်းကနေ စိတ်ဝိဉာဥ်စွမ်းအင်တွေ လျှံထွက်နေခဲ့သည်။ အလွန်ကို လွှမ်းမိုးနိုင်စွမ်းကြီးမား၏။
ကျောက်ကောင်းနိုးထလာပေမဲ့ သူ့ရဲ့အသိစိတ်က ကောင်းကောင်း မကပ်သေးဘဲ သားရဲတစ်ကောင်နဲ့ တူနေသည်။ ကျောက်ကောင်းရဲ့ လှုပ်ရှားမှုနဲ့တင် ကြမ်းပြင်သည် ကွဲအက်သွား၏။ ကျောက်တုံးတွေအဖြစ် အပိုင်းပိုင်း ဖြစ်ပေါ်သွားသည်။
ထိုအချိန်မှာပဲ ယူလျိုရှားရဲ့ လက်ဖဝါးက အနည်းငယ် လှုပ်ရှားသွား၏။ သူမရဲ့ လက် တစ်ချက်လှုပ်ရှားမှုအပြီးမှာ အနီးက ရေတွေအားလုံး စုဝေးလာကာ ကျောက်ကောင်းကို ဝန်းရံထားလိုက်သည်။ ယူလျိုရှား ချက်ချင်းပဲ ရှင်းပြလိုက်သည်။
“ သခင်ကျောက် အထင်လွဲနေပါပြီ။ ငါတို့တွေကလည်း တရှားရဲ့ ဘုရင်ကိုယ်တိုင် ခန့်အပ်ထားတဲ့ အရာရှိတွေပဲ။ ငါတို့ ဒီကိုရောက်နေခဲ့တာက သခင်ကျောက်ကို ကူညီဖို့ပါ!”
“ ဒါဘယ်လို ဟာသလဲ! ငါ တိုင်းပြည်မှာအလုပ်လုပ်နေတာ နှစ်များစွာ ကြာခဲ့ပြီ။ ဒါပေမဲ့ ငါမင်းကို တစ်ခါမှ မတွေ့ဖူးဘူး!”
ကျောက်ကောင်း မျက်နှာကို မဲ့လိုက်သည်။ ပြောပြီးတာနဲ့ စိတ်ဝိဉာဥ်စွမ်းအင်တွေက ထပ်မံ ထိုးထွက်လာလေ၏။
ဝန်းရံထားသော ရေအတားအဆီးကနေ ဖောက်ထွက်လုနီးနီး ဖြစ်လာခဲ့သည်။
ထိုအချိန်တွင် ကျောက်ကောင်းက လက်ဖဝါးဖြန့်လိုက်သည့်အတွက် စိတ်ဝိဉာဥ်စွမ်းအင်တွေက သူ့ရဲ့လက်ဖဝါးမှာ စုဝေးသွားခဲ့သည်။ ထို့နောက်မှာ ထိုစိတ်ဝိဉာဥ်စွမ်းအင် အလုံးအရင်းကို ယူလျိုရှားရဲ့ မျက်နှာတည့်တည့် ရိုက်ချလိုက်လေ၏။
ယူလျိုရှား ချက်ချင်းပဲ သူမရဲ့လက်ကို လှုပ်ရှားလိုက်သည်။ သူမရဲ့ မျက်နှာရှေ့မှာ ချက်ချင်းပဲ ရေတံတိုင်းကြီး ဖြစ်ပေါ်သွားသည်။
ကျောက်ကောင်းရဲ့ စွမ်းအင်လားရာကို ပိတ်လိုက်တာမို့လို့ စွမ်းအင်တွေသည် ရေတံတိုင်းနှင့် ပြင်းထန်စွာ ဝင်တိုက်သွားခဲ့သည်။ ချက်ချင်းပဲ ရေတွေအားလုံး ကြမ်းပြင်ပေါ်ကို ပုံကျသွားသည်။
ယူလျိုရှားလည်း ခြေလှမ်းများစွာ အနောက် ဆုတ်သွားခဲ့သလို မြေပြင်ပေါ်ကို လဲကျသွား၏။ သူမရဲ့ ပါးစပ်ကနေလည်း သွေးတစ်ပွက် အန်ထုတ်လိုက်သည်။
ကျောက်ကောင်းက သူ့ရဲ့လက်မှာ စင်နေတဲ့ ရေတွေကို ခါထုတ်လိုက်သည်။ ထို့နောက်မှာ သူ့ရဲ့ပုံရိပ်က အရိပ်အဖြစ် ပျောက်ကွယ်သွားပြီး ယူလျိုရှားရှိရာကို ပေါ်လာကာ သူမရဲ့လည်ပင်းကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ ‘
ကျောက်ကောင်းအနေနဲ့ ပထမအဆင့်ကို မတက်နိုင်သေးဘူး ဆိုပေမဲ့ ပထမအဆင့်နဲ့ အလွန်ကို နီးစပ်နေခဲ့ပြီး သူ့ရဲ့သန်မာမှုသည် ယူလျိုရှားနှင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်လောက်အောင် သန်မာ၏။
ယူလျိုရှားရဲ့ မျက်နှာက ချက်ချင်းပဲ ဖြူဖွေးသွားခဲ့သည်။
ထိုအချိန်တွင် ရွှမ်းအာက နာကျင်မှုကို တွန်းလှန်းရင်း ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“ ငါ့ရဲ့သခင်မလေးကို အရှင်မင်းကြီးကိုယ်တိုင် ရေကို ထိန်းချုပ်ဖို့အတွက် ကျန်းနန်မြို့ကို စေလွှတ်ခဲ့တာပဲ။ ဒါ့ကြောင့် နင်မမြင်ဖူးတာ ဖြစ်နိုင်မှာပဲ!”
ထိုစကားကြောင့် ကျောက်ကောင်းရဲ့ လက်ဖဝါးက အနည်းငယ် ပြေလျော့သွားခဲ့သည်။ ယူလျိုရှားနှင့် ရွှမ်းအာကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။ ထို့နောက်မှာ ချက်ချင်းပဲ ယူလျိုရှားကို အရိုအသေပေးလိုက်၏။
“ ဒါဆိုရင် မင်းက သခင်မလေးယူလား? ငါ့ရဲ့ အပြုအမူအတွက် တောင်းပန်ပါတယ်!”
“ ဒီနှင်းနဂါးတောင်မှာ အနက်ရောင် ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိန်းကလေးတစ်ယောက်က လူတွေကို ခြောက်ခြားနေတယ်လို့ ကြားတယ်။ ဒါကြောင့်မို့လို့ တိုက်ခိုက်လိုက်မိတာ။ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သခင်မလေးယူက ထိုက်အန်းမြို့တော်မှာ မရှိဘဲနဲ့ ဘာကြောင့် ဒီကိုရောက်နေခဲ့တာလဲ?”
ကျောက်ကောင်းက ပြောနေရင်းနဲ့ ယူလျိုရှားကို အနီးကပ်စစ်ဆေးလိုက်သည်။ တဆက်တည်းမှာပဲ သံသယမေးခွန်းကိုပါ မေးမြန်းလိုက်၏။
ယူလျိုရှားကို မတွေ့ဖူးပေမဲ့ သူမရဲ့ ကျန်းနန်မြို့က အဖြစ်အပျက်သည် တော်တော်လေး ပျံ့နှံ့ခဲ့သည်မို့ သူလည်း သတင်းကြားမိထားသည်။
ယူလျိုရှားကို ကြည့်လိုက်သောအခါမှာ ထိုသတင်းထဲက ဖော်ပြချက်နှင့် တော်တော်လေး တူညီ၏။
ကျောက်ကောင်းရဲ့ ယုံကြည်မှုကို မြင်တဲ့အခါမှသာ ယူလျိုရှား စိတ်သက်သာစွာ သက်ပြင်းချနိုင်တော့သည်။ သူမ ခပ်ဖြည်းဖြည်း ထရပ်လိုက်ပြီး အင်္ကျီကို ဖုန်ခါလိုက်သည်။
“ ကိစ္စကြီးမဟုတ်ပါဘူး။ မိန်းမဆိုးကျောက်လဲ သတိထားသင့်တယ်”
“ နင်က အရမ်းရိုင်းတာပဲ။ ငါ့ရဲ့သခင်မလေးက နင့်ကို ကယ်ခဲ့တဲ့ဟာကို ကျေးဇူးမသိတတ်တဲ့ကောင်!”
ရွှမ်းအာ ချက်ချင်းပဲ အရှေ့တိုးလာခဲ့သည်။ သူမက စိတ်ဆိုးစွာ ပြောဆိုလိုက်သေး၏။ ထို့နောက်မှာ ယူလျိုရှားဘေးကိုသွားပြီး ဂရုတစိုက် စစ်ဆေးလိုက်ရင်း ပြောလိုက်သည်။
“ သခင်မလေး အဆင်ပြေရဲ့လား?”
“ ငါ အဆင်ပြေတယ်”
ယူလျိုရှား နူးညံ့စွာ ပြောလိုက်သည်။ ထို့နောက်မှာ ကျောက်ကောင်းကို ကြည့်လိုက်ပြီး…
“ သခင်ကျောက်၊ အရှင်မင်းကြီးနဲ့ ဒီရက်ပိုင်း ဆက်သွယ်ဖြစ်လား?”
……….