အခန်း (၁၆၁)
Vol. 12 Ch. 161
“အရှင်မင်းကြီး ဟုတ်လား?”
ကျောက်ကောင်း အနည်းငယ် အံ့သြစွာဖြင့် ယူလျိုရှားကို အပေါ်အောက် စစ်ဆေးလိုက်သည်။
“အရှင်မင်းကြီးနဲ့ ကျုပ်က စာစောင်နဲ့ပဲ အဆက်အသွယ်ရှိခဲ့တာ တိုက်ရိုက် မတွေ့ဆုံရသေးဘူး။ သခင်မလေး ဘာကို ဆိုလိုချင်တာလဲ?”
“ယူအိမ်တော်ကဆိုတဲ့ မင်းရဲ့ နောက်ခံအရ အရှင်မင်းကြီးကို တွေ့ချင်ရင် ခက်ခဲတဲ့ကိစ္စတစ်ခု မဟုတ်လောက်ဘူး။ ဘာကြောင့် ဒီလို မေးခွန်းမျိုး မေးရတာလဲ?”
ကျောက်ကောင်းရဲ့ စစ်ဆေးတဲ့ အကြည့်က ယူလျိုရှားအပေါ်ကို ကျရောက်နေခဲ့သည်။
ယူလျိုရှား အနည်းငယ် အံ့ဩသွားသည်။
“တကယ် မတွေ့ရသေးဘူးလား? ဒီလို မဖြစ်သင့်ဘူး! ဒီနေရာကို ရောက်လာမယ်ဆိုရင် သေချာပေါက် မိန်းမစိုးကျောက်ကို ဆက်သွယ်သင့်တာ!”
ယူလျိုရှား ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
ကျောက်ကောင်း မျက်မှောင်ကြုတ်သွား၏။
“ဒါဆိုရင် မင်းဆိုလိုချင်တာက အရှင်မင်းကြီးက ဒီနေရာကို ရောက်လာခဲ့တယ်လို့လား?”
“ငါမှန်းထားတဲ့ ဖြစ်နိုင်ချေက မမှားသင့်ဘူး။ သေချာပေါက် အရှင်မင်းကြီးသာ နှင်းနဂါးတောင်ကို မလာခဲ့ဘူးဆိုရင် အကောင်းဆုံး ဖြစ်မှာပဲ။ ဒါပေမဲ့ အရှင်မင်းကြီးက နှင်းနဂါးတောင်ကို ရောက်လာပြီးမှ မိန်းမစိုးကျောက်ကို မဆက်သွယ်ခဲ့ဘူးဆိုရင် တခြားကိစ္စ တစ်ခုတော့ သေချာပေါက် ရှိနေရမယ်။ ဒါမှမဟုတ် ဖြစ်နိုင်တာ အရှင်မင်းကြီးက တစ်ခုခု စီစဉ်နေတာလား?”
ယူလျိုရှား နူးညံ့စွာ သက်ပြင်းချလိုက်သည်။ သူမရဲ့ မျက်လုံးတွေက နက်ရှိုင်းနေ၏။
သူမ ထင်ခဲ့သည်က ရှကျိုးယွီသည် နှင်းနဂါးတောင်ကို ရောက်လာပြီး ကျောက်ကောင်းနှင့် ဆက်သွယ်ပြီးနောက်တွင် ရွှမ်ဂိုဏ်းက ပေးအပ်ထားသော တာဝန်ကို ပြီးမြှောက်အောင် ဆောက်ရွက်မည်ဟူ၍ပင် ။ ဒါပေမဲ့ အခုတော့ သူမရဲ့ မှန်းဆချက်က လုံးဝ လွဲမှားသွားခဲ့သည်။
သေချာပေါက် သူမရဲ့ စိတ်ထဲမှာ ရှကျိုးယွီ နှင်းနဂါးတောင်ကို မလာစေရန် မျှော်လင့်ခဲ့သည်။ ရှကျိုးယွီသာ မလာသ၍ သူ့ရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်နေပါစေ အသက်အန္တရာယ်ကနေ ပိုပြီးလုံခြုံမည် ဖြစ်သည်။
“မင်းဘာတွေ ကြံစည်နေတာလဲ? မင်းရဲ့ စကားက ဘာကိုဆိုလိုချင်တာလဲ?”
ကျောက်ကောင်းရဲ့ အကြည့်က အနည်းငယ် အေးစက်စက် ဖြစ်လာတော့၏။
သူရဲ့ အတွေးထဲမှာ ရှကျိုးယွီသည် မြင့်မြတ်သော ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ အခုသူပိုင်ဆိုင်ထားတဲ့ အရာတွေ အားလုံးကိုလည်း ရှကျိုးယွီ ချီးမြှင့်ခဲ့တာ ဖြစ်သည်။
ယူလျိုရှား အနည်းငယ် အံ့ဩသွား၏။ သူမ ကျောက်ကောင်းကို အံ့အားသင့်စွာ မော့ကြည့်လိုက်သည်။ သူမအနေနဲ့ မိန်းမစိုးကျောက်ထံကနေ အခုလို သစ္စာရှိမှုကို မြင်တွေ့ရလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။
သူမ နူးညံ့စွာ သက်ပြင်းချလိုက်တော့သည်။
“သခင်ကျောက် နားလည်မှုလွဲနေပါပြီ။ အခု ကျွန်မပြောနေရတာက အရှင်မင်းကြီးရဲ့ အန္တရာယ်ရှိမှုကို စိုးရိမ်လို့ပါ။ အရှင်မင်းကြီးက ဒီနေရာမှာ မရှိဘူးဆိုမှတော့ ကျွန်မလည်း ကူညီပြီး ရေခဲပုစဉ်းကို ရှာဖွေပေးမယ်”
“အန္တရာယ်ရှိမှု ဟုတ်လား? အရှင်မင်းကြီးက မြို့တော်မှာ ရှိနေတာလေ။ ဘယ်လို အန္တရာယ်ရှိနိုင်မှာလဲ? မင်းကဒီကို ရောက်လာထဲက အဓိပ္ပာယ်မရှိတဲ့ စကားတွေပြောနေခဲ့တာ။ ကျုပ်မင်းရဲ့ သံသယဝင်စရာ အချက်တွေကို ရှာမတွေ့ဘူး ထင်လို့လား? ကျုပ်ကို ကယ်တင်လိုက်တာနဲ့ပဲ တစ်ချိန်လုံး ကျေးဇူးတင်မှုကို ပြသနေမယ် ထင်နေလား? ကျုပ်ရဲ့ အသက်ကို တရှားတိုင်းပြည်က ပိုင်တယ်။ အရှင်မင်းကြီးအတွက် ကျုပ်သေပေးရလဲ ဝန်မလေးဘူး!”
ကျောင်ကောင်း အေးစက်စွာ ပြောလိုက်သည်။ ထို့နောက်မှာ ပတ်ဝန်းကျင်ကိုပါ သတိကြီးစွာဖြင့် စစ်ဆေးလိုက်၏။
ကျောက်ကောင်းသည် နိုးလာစဉ်ကတည်းက ယူလျိုရှားကို မယုံကြည်ခဲ့ပေ။ အခုအချိန်မှာ သူ့ရဲ့ သံသယတွေက ပိုမိုကြီးထွားလာ၏။ ထို့ကြောင့် နောက်တစ်ကြိမ် တိုက်ခိုက်ဖို့ ပြင်ဆင်လိုက်သည်။
ကျောက်ကောင်းရဲ့ ပုံစံကြောင့် ယူလျိုရှား သက်ပြင်းပဲချနိုင်တော့သည်။
ဘယ်လိုတွေများ လုပ်ခဲ့လို့ ရှကျိုးယွီက ဒီလူအပေါ် မှာ ဒီလောက်တောင် လွှမ်းမိုးနိုင်စွမ်း ရှိနေရတာလဲ?
ထို့နောက်မှာ သူမ တွေးမိသွားသည်။ သူမရဲ့ ကိုယ်ပိုင်အတွေ့အကြုံနဲ့ လက်ရှိသူမ ချခဲ့ရတဲ့ ဆုံးဖြတ်ချက်တွေကို ပြန်စဉ်းစားပြီး နောက်မှာ လက်ရှိအခြေအနေကို သူမ နားလည်နိုင်သွား၏။
'ငါလိုမျိုး သူစိမ်း တစ်ယောက်ကိုတောင်မှ အရမ်း ကောင်းမွန်စွာ ဆက်ဆံခဲ့တာဆိုရင် သူ့ရဲ့ လက်အောက်ခံကို ဘယ်လောက်တောင် ကြင်နာလိုက်မလဲ’
ရှကျိုးယွီရဲ့ အကြောင်းကို ပိုသိရလေလေ သူမရဲ့ စိတ်ထဲမှာ ပိုပြီး အမြင်ကောင်းတွေ ဖြစ်ပေါ်လာလေလေပင်။
သနားစရာကောင်းတာက ရှကျိုးယွီကို ရွှမ်ဂိုဏ်းက ထိန်းချုပ်ထားနိုင်ပြီးတဲ့အပြင် ရွှမ်ဂိုဏ်းက အင်အားကြီး ဂိုဏ်းတစ်ခု ဖြစ်နေတာပဲ။ အကယ်လို့ ရွှမ်ဂိုဏ်းကသာ သေးငယ်တဲ့ ဂိုဏ်းတစ်ခုဆိုရင် ရှကျိုးယွီအနေနဲ့ ဒီအခြေအနေကနေ ဖောက်ထွက်နိုင်မည်လို့ ယုံကြည်လိုက်အုံးမည်။
ဒါပေမဲ့လက်ရှိ ရွှမ်ဂိုဏ်းက အင်အားကြီးဂိုဏ်းတစ်ခုပဲ။ ရွှမ်ဂိုဏ်းရှေ့မှာ ရှကျိုးယွီက ပုရွက်ဆိတ် တစ်ကောင်လိုမျိုး အင်အားမရှိဘူး။ ရွှမ်ဂိုဏ်းက သေချာပေါက် တရှားတိုင်းပြည်ကို အထင်ကြီးမှာ မဟုတ်ဘူး။ ဒါကြောင့် ရွှမ်းဂိုဏ်းဘက်က ပူးပေါင်းမှုကလည်း သေချာပေါက် လိုချင်တာ တစ်ခုခုရှိနေလို့ပဲ!
ရှကျိုးယွီသာ တစ်ခုခု မဖြစ်ခဲ့ဘူးဆိုရင် တရှားတိုင်းပြည်က တိုင်းပြည်တွေ အားလုံးအတွင်းမှာ ထိပ်ဆုံးတစ်ရာအတွင်း သို့မဟုတ် ထိပ်ဆုံးဆယ်ခုအတွင်းတောင် သေချာပေါက် ဝင်နိုင်သည်!
ယူလျိုရှား ရှကျိုးယွီကို လေးစားရပေမဲ့ တစ်ချိန်ထဲမှာပဲ အနည်းငယ် နောင်တရသလို ခံစားနေရသည်။ ရှကျိုးယွီရဲ့ ဆုံးဖြတ်ချက်အတွက် နောင်တရနေတာပင်။ သူမ အနေနဲ့ ဘယ်လိုပဲ ပူပင်နေပါစေ ဘယ်လို ရလဒ်ကိုမှ ထုတ်မပေးနိုင်ဘူး။ ဒါကို သိပေမဲ့ သူမ ကြိုးစားဖို့ ဆန္ဒရှိနေတုန်းပဲ။
“သခင်ကျောက် အထင်လွဲနေပြီ”
ယူလျိုရှား နူးညံ့စွာ ဖြေကြားလိုက်သည်။
ဒါပေမဲ့ ကျောက်ကောင်းရဲ့ မျက်နှာပေါ်က မပြောင်းလဲသေးတဲ့ အထင်သေးမှုကို မြင်သောအခါမှာ ယူလျိုရှား မနေနိုင်စွာ ခေါင်းယမ်းလိုက်တော့၏။
“သခင်ကျောက်က အဆင်ပြေတယ်ဆိုမှတော့ ကျွန်မ ထပ်ပြီး မနှောက်ယှက်တော့ဘူး”
“ရွှမ်းအာ သွားကြစို့”
ယူလျိုရှား မရပ်ခဲ့ပေ။ သူမ ချက်ချင်းပဲ အခန်းပြင် ထွက်ဖို့ ပြင်လိုက်သည်။
ရွှမ်းအာ အနည်းငယ် တွန့်ဆုတ် သွားသေးသည်။ အဆုံးမှာတော့ သူမလည်း စကားတစ်ခွန်းမှ မပြောပဲ သခင်မလေးရဲ့ နောက်ကိုပဲ လိုက်သွားတော့သည်။
မိန်းကလေး နှစ်ယောက်ရဲ့ နောက်ကျောကို ကြည့်နေရင်း ကျောက်ကောင်း တားမြစ်ဖို့ ဆန္ဒမရှိပေ။ သူ တိတ်တဆိတ်ပဲ စောင့်ကြည့်နေခဲ့သည်။ သူ့ရဲ့ အတွေးတွေက အဆက်မပြတ် လည်ပတ်နေ၏။ အဆုံးမှာတော့ သက်ပြင်းချလိုက်တော့သည်။
“အရှင်မင်းကြီးက တကယ်ပဲ ထိုက်အန်းမြို့တော်ကနေ ထွက်သွားခဲ့တာလား?”
.............
စားသောက်ဆိုင် အပြင်ကို ရောက်တဲ့အခါမှသာ ရွှမ်းအာက ယူလျိုရှားကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“သခင် အခု ကျွန်မတို့ ဘာလုပ်ကြမလဲ?”
“အဲ့ဒါ အရေးမကြီးဘူး။ တစ်ချိန်မှာ တစ်ခုပဲ လုပ်ကြတာပေါ့။ ရှကျိုးယွီ ဒီနေရာကို လာခဲ့မယ်လို့ အရင်ကပြောဖူးပေမဲ့ အဲ့ဒါက သေချာတာ မဟုတ်ဘူး။ အခုတော့ ဖြစ်နိုင်ချေ နှစ်ခုပဲ ရှိတော့တယ်။ တစ်ခုက ရှကျိုးယွီ ဒီနေရာကို လာခဲ့ပြီး ကျောက်ကောင်းကို မဆက်သွယ်ခဲ့ဘူး။ ဒါကတော့ အဆိုးဆုံး ဖြစ်နိုင်ချေပဲ။ ဘာလို့လဲဆိုရင် သူဒီနေရာကို ရောက်လာခဲ့ပြီး အနီးကပ်ဆုံး အစေခံကိုတောင်မှ သတိမပေးနိုင်ခဲ့ဘူးဆိုတာ့ သူ့ရဲ့ အခြေအနေက ကန့်သတ်ခံထားရလို့ပဲ ဖြစ်ရမယ်”
“ဒါဆိုရင် နောက်ထပ်ဖြစ်နိုင်ချေကကော?”
ရွှမ်းအာ ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။
“နောက်ထပ် ဖြစ်နိုင်ချေက သူဒီနေရာကို ရောက်မလာခဲ့တာပဲ။ သေချာပေါက် ငါလည်း ရှကျိုးယွီ နှင်းနဂါးတောင်ကို မလာဖို့ မျှော်လင့်ခဲ့တယ်။ သူသာ ရောက်လာခဲ့မယ်ဆိုရင် အရမ်း အန္တရာယ်များတယ်။ အသက်ရှင်ဖို့ အခွင့်အရေး ရှိမှာမဟုတ်ဘူး!”
ယူလျို့ရှား အနည်းငယ် တွန့်ဆုတ်နေခဲ့သည်။
“ပြီးတော့.......”
“ပြီးတော့ဘာလဲ?”
ရွှမ်းအာ မနေနိုင်စွာ မေးလိုက်၏။ တစ်ချိန်ထဲမှာပဲ သူမက ကြီးမားသော အနက်ရောင်ထီးကို ဖွင့်လိုက်သည်။
“နှင်းနဂါးတောင်မှာရှိတဲ့ အခြေအနေက ငါထင်ထားတာထက် ဆိုးရွားနေတယ်။ ငါစောနတုန်းက တုံ့ပြန်ချက်နစ်ခုကို ခံစားခဲ့လိုက်ရတယ်။ တရှားတိုင်းပြည် အတွင်းမှာ တစ်ခုခု အသက်သွင်းခံ နေရပုံပဲ။ ဒါက အခြေအနေ မကောင်းဘူး!”
ယူလျိုရှား အသက်ဝဝ ရှူသွင်းလိုက်သည်။
“ငါတို့အဲ့ဒီနေ့က တွေ့ခဲ့တဲ့ သာမန်ဝတ်စုံနဲ့ သူကို မှတ်မိသေးလား?”
သူမက ပြောနေရင်းနဲ့ ရွှမ်းအာကို လှည့်ကြည့်လိုက်သည်။
ရွှမ်းအာ အနည်းငယ် အံ့ဩသွား၏။
“ကျောက်ကောင်းကို တိုက်ခိုက်ခဲ့တဲ့ သူကိုပြောတာလား? မှတ်မိတယ်လေ အဲ့ဒီလူက......”
ချက်ချင်းပဲ ထိုနေ့က အဖြစ်အပျက်ကို ရွှမ်းအာ ပြန်လည် စဉ်းစားမိသွားသည်။ ဒါပေမဲ့ ဘယ်လိုပဲ စဉ်းစားပါစေ ထိုသူရဲ့ မျက်နှာကို မမှတ်မိနိုင်ခဲ့ဘူး။ သူမ ချက်ချင်းပဲ အံ့ဩတကြီး ပါးစပ်ကို လက်ဝါးနှင့် အုပ်လိုက်မိသည်။
"နင်လည်းအခု သတိထားမိသွားပြီမလား? အဲ့ဒီလူကို ဘယ်လိုမှ မမှတ်မိနိုင်ဘူး ဖြစ်နေတယ်မလား?"
“ဟုတ်တယ်သူက အရမ်းကို သာမန်ဆန်တာကလွဲရင် ကျွန်မလုံးဝ မမှတ်မိဘူး”
ယူလျိုရှားကို ကြည့်နေရင်း ရွှမ်းအာ အလောတကြီး ဖြေကြားလိုက်သည်။
ယူလျိုရှားလည်း အနည်းငယ် တွေးသွား၏။
“အရင်ဦးဆုံး ငါတို့ စုံစမ်းစရာရှိတာ စုံစမ်းကြရအောင်။ အခြေအနေတွေက ထင်သလောက် မငြိမ်းချမ်းဘူး။ လွန်ခဲ့တဲ့ နှစ်ရက်ကလည်း ငါတို့ သတင်းတစ်ချို့ ကြားခဲ့ရသေးတယ်မလား?”
ယူလျိုရှား ပြောနေရင်းနဲ့ သူမတို့ရဲ့ အနောက်ကို တိတ်တဆိတ် ချဉ်းကပ်နေတဲ့ ပုံရိပ် တစ်ခုကို သတိထားမိလိုက်သည်။
………..