← Chapters

ငါအကုန် ဖြေရှင်းပေးမယ်

Vol. 12 Ch. 162

ငါအကုန် ဖြေရှင်းပေးမယ်

Vol. 12 Ch. 162

နှင်းနဂါး တောင်ပေါ်ကနေ အခုမှဆင်းလာဟန်ရှိသော ဝတ်ရုံနက်နဲ့ မိန်းကလေးတစ်ယောက်သည် စားသောက်ဆိုင်အတွင်းကို ဝင်လာ၏။

သူမရဲ့ ခန္တာကိုယ်တွင် မြူတွေဖုံးလွှမ်းနေပြီး သူမရဲ့အကြည့်က အေးစက်သည်။ သူမစားသောက်ဆိုင်ထဲကို ဝင်လာတာနဲ့ စားသောက်ဆိုင်တစ်ခုလုံး ချက်ချင်းပဲ အေးစက်သွား၏။

ထိုမိန်းကလေးရဲ့ ပတ်ပတ်လည်မှ ပျံ့နှံ့နေတဲ့ အလွန်ထူးဆန်းသည့် အင်အားတစ်ခုကို အကုန်လုံး ခံစားလိုက်ရသည်။ ထိုအင်အားက လူတိုင်းရဲ့ အရိုးထဲထိပါ ခြောက်ခြားစေနိုင်ဟန် ရှိသည်။

ထိုမိန်းကလေးက စားသောက်ဆိုင်ထဲ ဝင်လာပြီး အကုန်လုံးကို ကျော်ဖြတ်သွားသည်။ အဆုံးမှာတော့ သူမက ယူလျိူရှားကို လှည့်ကြည့်လိုက်၏။

'ပထမအဆင့် ကျင့်ကြံသူလား?’

ထိုမိန်းကလေးက ယူလျိုရှားကို စိုက်ကြည့်နေခဲ့သည်။ သူမက တစ်ခုခုကို လေ့လာနေဟန်ပဲ။ သူမရဲ့မျက်လုံးတွေက နက်ရှိုင်းနေသည်။

ထိုမိန်းကလေးရဲ့ အကြည့်ထဲကနေ အလွန်အေးစက်မှုကို ခံစားရသည်။ ထိုအေးစက်မှုက နှလုံးသားမှ စတင်ပြီး ခန္တာကိုယ်တစ်ခုလုံးကို ချမ်းစိမ့်သွားအောင် လုပ်နေသလိုပဲ။

“ယူလျိုရှား!”

ထိုမိန်းကလေးရဲ့ အကြည့်ကြောင့် အလွန်မသက်မသာခံစားနေရသော်ငြား ယူလျိုရှားကပဲ ဦးဆောင်ပြီး မိတ်ဆက်လိုက်သည်။ ထိုမိန်းကလေး အနည်းငယ်အံ့သြသွား၏။ ထို့နောက်မှာ ရယ်လိုက်တော့သည်။

"ဒါဆိုရင် နင်က ယူအိမ်တော်ရဲ့ အကြီးဆုံးသမီးပေါ့ ဒီလိုမျိုးတွေ့ရမယ်လို့ ငါမထင်ထားဘူး"

ယူလျိုရှားရဲ့ သရုပ်မှန်ကို သိသွားချိန်မှာ ထိုမိန်းကလေးက မတွန့်ဆုတ်တော့ချေ။ ဒါပေမဲ့ သူမကိုယ်သူမ ပြန်လည်နှုတ်ဆက်ခြင်းမရှိခဲ့ဘူး။ ထိုအစား စားသောက်ဆိုင်အတွင်းကို လှည့်ပတ်စစ်ဆေးနေခဲ့သည်။

ချက်ချင်းပဲ စားသောက်ဆိုင်အတွင်းက လူအားလုံးရဲ့ မျက်နှာထားက တည်တင်းသွား၏။ ထိုမိန်းကလေးရဲ့ အကြည့်မှာ သူတို့ရဲ့လျှို့ဝှက်ချက်အားလုံး ဖော်ထုတ်ခံလိုက်ရသည့်နှယ် မျက်နှာသေများနဲ့ နေရာမှာတင် ရပ်နေကြသည်။ အချိန်တစ်ခုကြာသည်အထိ အားလုံးကလည်း သူမကိုစိုက်ကြည့်နေကြသည်။

ထိုမိန်းကလေးက ခေါင်းရမ်းလိုက်ကာ စားသောက်ဆိုင်အတွင်းက လူတစ်ယောက်ကို ပုံမှန်လိုမျိုး လက်ညိုးထိုးလိုက်သည်။

"မင်း ဒီကိုလာခဲ့!"

ထိုလူအနည်းငယ်အံ့သြ သွားပေမဲ့ သူမဆီကို သွားလိုက်သည်။

"ဘာလိုချင်လို့ပါလဲ?"

"နင် ဟွမ်ပထျန်းနဲ့ သူ့လူတွေကို တွေ့မိသေးလား?"

ထိုမိန်းကလေးရဲ့ အသံကလည်း အေးစက်နေခဲ့သည်။

"ဟွမ်ပထျန်း ဟုတ်လား?"

ထိုသူခဗျာ အံ့သြနေဆဲပဲ။ ထိုနောက်မှာ

ယူလျိုရှားဘက်ကို လှည့်လိုက်သည်။

သိသာပါသည်။ ထိုနေ့က ဟွမ်ပထျန်းနဲ့ ကျောက်ကောင်းရဲ့ ကြားမှာ အချင်းများမလို ဖြစ်ခဲ့ရသည်။ ကျောက်ကောင်းကို ယူလျိုရှားက ကယ်တင်ပေးခဲ့ပြီး ဟွမ်ပထျန်းကိုတော့ ဆန်းကြယ်တဲ့ သာမန်ရုပ်ရည်ရှိသော သူတစ်ဦးက ခေါ်ဆောင်သွားခဲ့သည်။

ထိုလူရဲ့ အကြည့်ကြောင့် အနက်ရောင်မိန်းကလေးကလည်း ယူလျိုရှားဘက်ကို လှည့်ကြည့်လာသည်။

"နင် သိတာလား?"

ယူလျိုရှား ခေါင်းရမ်းပြလိုက်သည်။ ဒါပေမဲ့ သူမ မဖြေရခင်သေးခင်မှာဘဲ စားသောက်ဆိုင်အတွင်းကနေ ရွံရှာနေတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ဟွမ်ပထျန်းဆိုတာ ဘာကောင်မလို့လဲ? သူက မသုံးမကျတဲ့သူတွေ လိုက်စုဝေးပြီး တရှားတိုင်းပြည်ကို အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့သူပဲ.. ဘာလဲ? မင်းကလည်း သူနဲ့အပေါင်းအပါပဲလား?"

ထိုအသံရဲ့နောက်မှာ ကျောက်ကောင်းရဲ့ပုံရိပ် ပေါ်လာခဲ့သည်။ အတွင်းခန်းထဲကနေ ထွက်လာသော သူ့ရဲ့ အရှိိန်အဝါသည် လွှမ်းမိုးနိုင်စွမ်းရှိသည်။ မာနတို့ အပြည့်နဲ့ပင်။

အေးစက်တဲ့ လေထုကြားမှာ အင်အားကြီးသိမ်းငှက်တစ်ကောက်လိုမျိုး မြင့်မားစွာ ရပ်နေပြီး မောက်မာမှု အပြည့်နဲ့ ထိုမိန်းကလေးကိုကြည့်နေခဲ့သည်။

ကျောက်ကောင်းထံကနေ သူရဲကောင်းဆန်သော အရှိန်အဝါကို ခံစားရ၏။

ကျောက်ကောင်းကို မြင်တဲ့အခါမှာ ထိုကောင်မလေး အံ့သြသွားတော့သည်။

"နင် ဘယ်သူလဲ?"

"ငါဘယ်သူလဲဆိုတာ အရေးမကြီးဘူး၊ မင်းဘာလို့ အဲ့ကောင်ကို ရှာနေရတာလဲဆိုတာကိုပဲ ပြော"

ထိုမိန်းကလေးရဲ့ မျက်နှာက ပျက်ယွင်းနေဆဲပဲ။

"ဟုတ်လား?"

သူမရဲ့ စကားသံအဆုံးမှာ အခန်းထဲက လေထုက ပိုပြီးအေးစိမ့်သွားခဲ့၏။

"နင်ဘယ်သူလဲဆိုတာတော့ ငါတို့မသိဘူး၊ ဟွမ်ပထျန်းက ဒီနေရာကနေ ထွက်သွားခဲ့တာ ရက်တစ်ချို့ကြာနေပြီ။ နင်သူ့ကိုရှာနေတယ်ဆိုရင် တခြားနေရာမှာသွားရှာလိုက်"

ကျောက်ကောင်းရဲ့ တစ်စတစ်စ တင်းမာလာတဲ့ မျက်နှာကိုကြည့်ရင်း ယူလျိုရှား 'မဖြစ်တော့ဘူး' လို့တွေးမိသွားတာကြောင့် အမြန်အရှေ့ထွက်ပြီး ပြောလိုက်တာပင်။

ထိုအချိန်မှသာ အနက်ရောင်မိန်းကလေးက ကျောက်ကောင်းထံက အကြည့်ခွာလိုက်သည်။

အင်္ကျီလက်ကို ခါရမ်းပြီး စားသောက်ဆိုင်အတွင်းမှ ထွက်မသွားခင် ကျောက်ကောင်းကို အလွန်နက်ရှိုင်းစွာ ကြည့်သွားသေး၏။

ထိုမြင်ကွင်းကြောင့် ကျောက်ကောင်း မျက်မှောက်ကြုတ်နေခဲ့သည်။ အနက်ရောင် မိန်းကလေးပျောက်ကွယ်သွားချိန်မှသာ အခန်းထဲက လေထုက ပုံမှန်အတိုင်း ပြန်ဖြစ်လာ၏။

ထိုအချိန်မှပဲ ကျယ်လောင်တဲ့ ဆွေးနွေးသံတွေ ထွက်ပေါ်လာတော့သည်။

"အဲ့ဒီမိန်းကလေးက ဘယ်သူလဲ?"

"ဘယ်သူသိမှာလဲ? ဒါပေမယ့် လှတော့လှသားပဲနော်"

“အေးလို့ ပြီးတော့ရင်ဘက်ကလည်း အကြီးကြီးပဲ..၊ အဲ့ဒါသေချာပေါက် ဖရဲသီးဆိုဒ်!”

"တော်ကြစမ်း အသုံးမကျတဲ့ကောင်တွေ! အရေးမပါတဲ့ကိစ္စတွေ လာပြောမနေနဲ့၊ ငါတို့ကို စိုက်ကြည့်သွားတဲ့ အဲ့ဒီမိန်းကလေးက ဘယ်သူလဲဆိုတာကိုပဲ ငါသိချင်တာ!"

....

အချိန်တစ်ခုကြာသည်အထိ စားသောက်ဆိုင်အတွင်းတွင် ဆူညံသံတွေနဲ့ ပြည့်နေခဲ့သည်။ ဒီလိုနဲ့ သူတို့ရဲ့ ဆွေးနွေးပွဲက အနက်ရောင်မိန်းကလေးထံကနေ နှင်းနဂါးတောင်ဆီသို့ ပြောင်းလဲသွား၏။

"မင်းတို့ ကြားသေးလား?"

"မင်းဘာကြားခဲ့လို့လဲ?"

"ဟွမ်ပထျန်းက ဒီရက်ပိုင်းထဲမှာ လွှမ်းမိုးမှုတော်တော်လေး ရှိလာတယ်တဲ့၊ သူ့ရဲ့နောက်မှာ ထောက်ပံ့သူတစ်ယောက် ရှိနေတယ်လို့ ငါကြားတယ်"

"မင်းမသိဘူးလား? အဲ့ဒီလူက ဟိုးနေ့က ဒီဆိုင်ထဲမှာပဲ ရှိခဲ့တာလေ။ ဟိုမှာရပ်နေတဲ့သူကို တိုက်ခိုက်သွားခဲ့တဲ့ သူပဲ”

“ငါကြားတာကတော့ အဲဲဒီသာမန်ရုပ်ရည်နဲ့လူက အလွန်ချမ်းသာတဲ့အပြင် အရမ်းလည်း ရက်ရောတယ်တဲ့”

“စိတ်ဝိညာဥ် စွမ်းအင်ကျောက်တုံး ၂၀၀ ကိုတစ်ချိန်တည်းမှာ ထုတ်ပေးခဲ့တာ!"

"ဘာ ၂၀၀ တောင်? မင်းလာနောက်နေတာလား?"

"ငါပြောတာအမှန်ပဲ၊ မဟုတ်ဘူးဆိုရင် ဟွမ်ပထျန်းကို ဘယ်သူလို့ ထင်လို့လဲ? သူက ဒီလောက် အချိန်မြန်မြန်နဲ့ လွှမ်းမိုးမှုရနိုင်မယ် ထင်လို့လား?"

"အေး ငါလည်းအဲ့ဒီသတင်းကို ကြားတယ်၊ ငါသိသလောက်တော့ အဲဒီသာမန်ရုပ်ရည်နဲ့လူရဲ့ နာမည်က ဖူမေ့တဲ့... သူနဲ့ ဟွမ်ပထျန်းနဲ့ ပူးပေါင်းပြီးတော့ တရှားတိုင်းပြည်ကို တစ်ချက်တည်းနဲ့ ဖျက်ဆီးမယ်လို့ ကြွေးကြော်နေကြတာ!"

"ဘုရားရေ အဲ့လောက်တောင်လား?!"

"မင်းကကော သူတို့နဲ့ အပေါင်းအပါပဲလား?”

”ဖူမဲ့.. ဘယ်လိုတောင်ဆန်းကြယ်တဲ့နာမည်လဲ? ဖူမိသားစုမှာ အဲ့ဒီ နာမည်ကို တစ်ခါမှ မကြားခဲ့ဖူးဘူး!"

"မျိုးရိုးနာမည် ဖူရှိတာနဲ့ပဲ ဖူအိမ်တော်ကလို့ ဘယ်သူက ပြောနိုင်မှာလဲ?"

"ဒါပေမယ့် ဘယ်သူသိနိုင်မှာလဲ? အဲဒီလူက အရမ်းချမ်းသာတယ်လေ ပြီးတော့ယုံကြည်မှု ရှိရှိနဲ့တောင် ပြောနေသေးတယ်။

တရှားတိုင်းပြည်ကို ဖျက်စီးဖို့အတွက် အကုန်လုံးမှာ တာဝန်ရှိတယ် ဆိုပြီးတော့!"

ကျောက်ကောင်းရဲ့ မျက်နှာက တဖြည်းဖြည်းနဲ့ မည်းမှောင်လာခဲ့သည်။ သူအလွန် ဒေါသထွက်နေပြီပင်။

သူ့ရဲ့ လက်ထဲမှာ ကိုင်ဆောင်ထားတဲ့ ဓားကိုပင် ရိုက်ချိုးလုနီးနီး ဖြစ်နေခဲ့သည်။

နှစ်ရက်ပဲရှိသေးသည်... နှစ်ရက်အတွင်းမှာကို သိုင်းလောကက ဒီလောက်ပြောင်းလဲသွားတာလား? ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?

ထိုစကားလုံးတွေကို နားထောင်နေရင်း ယူလျိုရှားရဲ့ မျက်နှာလည်း အနည်းငယ်တည်ငြိမ်လာ၏။ သိသာပါသည်။

သိုင်းလောကက အရမ်းကိုပြောင်းလဲသွားခဲ့တာပင်...။

သူမ မနေနိုင်စွာ ကျောက်ကောင်းကို လှည့်ကြည့်လိုက်သည်။

"သခင်ကျောက် ကျွန်မတို့စကားပြောလို့ ရနိုင်မလား? အခုအခြေအနေကို ကြည့်ရသလောက် သခင်ကျောက်လည်း ကျွန်မပြောခဲ့တာကို နားလည်မယ်လို့ ထင်ပါတယ်"

ကျောက်ကောင်း မျက်လုံးတစ်ဖက် ပင့်ကာ ယူလျိုရှားကို ကြည့်လိုက်သည်။ သူက တဆက်တည်းမှာပင် ရွှမ်းအာကိုပါ ကြည့်လိုက်၏။ ထို့နောက်မှာတော့…

"ပြောမယ်!"

ဒီလိုနဲ့ပဲ သူတို့နှစ်ယောက်သည် အနီးရှိစားပွဲတစ်ခုတွင် ဝင်ထိုင်လိုက်သည်။

ထိုအချိန်တွင် စားသောက်ဆိုင်နှင့် မဝေးသောနေရာတစ်ခု၌ ရှကျိုးယွီက စားပွဲရဲ့ အလယ်တည့်တည့်တွင် ထိုင်နေရင်း မာနတို့ပြည့်နေသော မျက်လုံးများဖြင့် အပေါ်ကနေ စီးမိုးပြီး ကြည့်နေခဲ့သည်။ သူ့ရဲ့ပတ်ဝန်းကျင်တွင် လူများစွာ ဝန်းရံထား၏။

ဘေးတွင်ရှိနေသော ဟွမ်ပထျန်းကို တစ်ချက်ကြည့်လိုက်သည်။ ရှကျိုးယွီ ချက်ချင်းပဲ စိတ်ချမ်းသာသွားသည်။

တခြားကိစ္စကို မပြောနဲ့.. ဒီလူရဲ့ ကြွားဝါပြီး လူတွေကို ဆွဲဆောင်တတ်တဲ့ အရည်အချင်းက တော်တော်လေး ထူးဆန်းသည်…။

နှစ်ရက်ထဲနဲ့ လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့ပြီ။ တော်တော်များများက အံ့သြဖွယ်ရာမိသားစုကပဲ။ ဒီလိုစွမ်းရည်မျိုးက အရမ်းအထင်ကြီးဖို့ကောင်းလှသည်။

သေချာပေါက် သူ့ရဲ့စိတ်ဝိညာဥ်ကျောက်တုံး ၂၀၀ ထုတ်ပေးမှုကလည်း တစ်စိတ်တစ်ပိုင်း ပါဝင်သည်။

စိတ်ဝိညာဥ် ကျောက်တုံးထုတ်ပေးလိုက်တာနဲ့ပဲ ရှကျိုးယွီသည် ထိုအုပ်စု၏ ခေါင်းဆောင် ချက်ချင်းဖြစ်သွား၏။

တကယ်တော့ ရှကျိုးယွီရဲ့ မူရင်းရည်ရွယ်ချက်သည် ဘေးကနေ ထောက်ပံ့ပေးရန်သာ ဖြစ်သည်။

ဒါပေမယ့် ဟွမ်ပထျန်းက သူ့ကိုအဓိက ခေါင်းဆောင်နေရာသို့ ပို့ပေးလိုက်၏။ ရှကျိုးယွီ တည်ငြိမ်စွာဖြင့် လက်ဖက်ရည်တစ်ငုံ ယူသောက်လိုက်သည်။ ထို့နောက်မှာ လည်ချောင်းရှင်းလိုက်၏။

“အဟမ်း!”

"ငါနဲ့ပတ်သတ်ပြီး မင်းတို့အားလုံး ကြားဖူးမယ် ထင်တယ်၊ ဟုတ်တယ် ငါက ဖူမဲ့ ပဲ.."

"ဒီတာဝန်မှာ ငါက ထိပ်ဆုံးကပါဝင်ဖို့ တွန့်ဆုတ်ခဲ့ဖူးတယ်၊ ဒါပေမယ့် မင်းတို့တွေ ဒီလောက်စိတ်တက်ကြွနေမှတော့ ငါလည်း စကားတစ်ချို့ပြောရမယ်”

“ငါတို့ရဲ့စစ်ဆင်ရေးမှာ ပန်းတိုင် တစ်ခုပဲရှိတယ်။ လက်ရှိတိုင်းပြည်ကို ဖျက်ဆီးနေတဲ့ မင်းဆိုးမင်းညစ်ကို ဖယ်ထုတ်မယ်၊ ရှကျိုးယွီကို သတ်ပစ်မယ်”

“စိတ်မပူပါနဲ့ ငါ့မှာ စိတ်ဝိညာဥ်ကျောက်တုံးတွေ အများကြီးရှိတယ်"

"သေချာပေါက် ငါမင်းတို့ကို ကြွားပြောနေတာမဟုတ်ဘူး၊ ငါပြောချင်တာက ပိုက်ဆံသုံးပြီး ဖြေရှင်းရမယ့်ကိစ္စပေါ်လာတာနဲ့ ငါနဲ့သာ အပ်လိုက်.. မင်းတို့အတွက် ပြဿနာမရှိစေရဘူးဆိုတာပဲ!”

“ဒါကြောင့်လွတ်လွတ်လပ်လပ်နဲ့ ကြိုက်တာလုပ်ကြ၊ ပြဿနာ တက်ခဲ့ရင် ငါမင်းတို့နောက်ကနေ ဖြေရှင်းပေးမယ်!"

……….

All Chapters