← Chapters

ဒီသေခြင်းရှင်ခြင်းစာချုပ်မှာ ငါလတ်မှတ် ထိုးမယ်

Vol. 12 Ch. 163

ဒီသေခြင်းရှင်ခြင်းစာချုပ်မှာ ငါလတ်မှတ် ထိုးမယ်

Vol. 12 Ch. 163

ရှကျိုးယွီ ရဲ့ စကားသံအဆုံးမှာပဲ စနစ်ရဲ့ အသိပေးချက်ကို ကြားလိုက်ရသည်။

(ပိုင်ရှင်က သိုင်းလောကသားတွေရဲ့ ပုန်ကန်မှုကို သတိထားမိပေမယ့် မတားမြစ်ခဲ့ဘူး။ တရှားတိုင်းပြည်အပေါ် အန္တရာယ်ကြီး ကျရောက်လာနိုင်တယ်။ တိုင်းပြည်ရဲ့ လက်ရှိအခြေအနေကို ပြောင်းလဲပစ်နိုင်စွမ်း အများကြီးရှိတယ်။ အန္တရာယ်များတဲ့ အခြေအနေကို ဖိတ်ခေါ်ခြင်းက အသုံးမကျတဲ့ ဘုရင်တစ်ယောက်ရဲ့လုပ်ရပ်ပဲ)

(တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ် တစ်သောင်း လျော့တယ်။ လက်ရှိကံကြမ္မာအမှတ် ၂၉၂,၀၀၀ ပဲကျန်တော့တယ်!)

(ဆုလာဘ်- နတ်ဘုရား စာရင်းသွင်းခြင်း)

(ဤနတ်ဘုရားဘွဲ့တော် ချီးမြှင့်ခြင်း ဆုလာဘ်တွင် ဆန်းကြယ်သော စွမ်းအင်ကို ပိုင်ဆိုင်ထားသည်။ နတ်ဘုရားဘွဲ့တော် ချီးမြှင့်ခံရပြီး နတ်ဘုရားစာရင်းထဲ ထည့်သွင်းခံလိုက်ရတဲ့ သူတိုင်းက သူတို့ရဲ့ ပိုင်ရှင်ကို လုံးဝ သစ္စာဖောက်လို့မရတော့ဘူး။ ဒါပေမယ့် စာရင်းသွင်းခံလိုက်ရတာနဲ့ သူတို့ရဲ့ကျင့်ကြံမှုက တိုးလာမယ်။ သူတို့ရဲ့ သွေးကြောတွေကလည်း သတ်မှတ်ချက်တစ်ခုအထိ စွမ်းအင်စုပ်ယူနိုင်စွမ်း မြင့်မားလာမယ်။ ဒါကြောင့် သူတို့ရဲ့ကျင့်ကြံမှု လမ်းစဉ်က များစွာ ချောမွေ့သွားမယ်)

(ကျေးဇူးပြုပြီး စာချုပ်ပိုင်ရှင်ရဲ့ နာမည်ကို အတိအကျ ထည့်သွင်းပါ။ **မှတ်ချက်….နတ်ဘုရားစာရင်းထဲ ထည့်သွင်းပြီးတာနဲ့ ပိုင်ရှင်ရဲ့နာမည်ကို တစ်ခါတည်း ရေးသားရမည်။ ပိုင်ရှင်ရဲ့နာမည်ကို ပြောင်းလဲလို့ မရသလို သတ်မှတ်ခံရသူရဲ့ နာမည်ကိုလည်း ပြောင်းလဲလို့မရပေ)

စနစ်ရဲ့ အသိပေးသံကို ကြားရသောအခါမှသာ ရှကျိုးယွီ စိတ်သက်သာစွာဖြင့် သက်ပြင်းချနိုင်တော့သည်။

ကံကြမ္မာအမှတ် ၁၀,၀၀၀!

အများကြီး ကြိုးစားပြီးနောက်မှာ နောက်ဆုံးတော့ ကံကြမ္မာအမှတ်တစ်သောင်းကို ဖြုန်းတီးနိုင်ခဲ့ပြီ!

ဒါပေမယ့် သုံးသိန်းနားအထိ မြင့်တက်ခဲ့တဲ့ ကံကြမ္မာအမှတ်နှင့်နှိုင်းယှဉ်လိုက်မယ်ဆိုရင် အခု ဖြုန်းတီးနိုင်ခဲ့တဲ့ ကံကြမ္မာ အမှတ်တစ်သောင်းသည် သေးငယ်သောပမာဏသာဖြစ်သည်။

ဒါပေမယ့် ရှကျိုးယွီသည် ဆုလာဘ်ရဲ့ ဖော်ပြချက်ကိုသာ ဖတ်ရှုလိုက်တော့၏။

'ဒီဆုလာဘ်က ကြည့်ရတာ ဆန်းကြယ်တဲ့ ပစ္စည်းတစ်ခုလိုမျိုးပဲ။

ဟောက်ထျန်းဆိုတဲ့ ကောင်းကင်ဘုရင်ကလည်း ကောင်းကင်နန်းတော်ကို တည်ထောင်ခဲ့စဉ်က နတ်အများကြီးကို မသေမျိုးအစွမ်း ချီးမြှင့်ပြီးတော့ သူတို့ရဲ့ ဝိညာဉ်တွေကို ချုပ်ကိုင်ခဲ့တယ်။

အခုဘာတွေဖြစ်နေတာလဲ? ငါကလည်း ဒီသိုင်းလောကသားတွေကို ချုပ်ကိုင်ရမှာလား? သူတို့တွေက ငါ့အတွက် သစ္စာရှိရှိ အလုပ်လုပ်ပေးတော့မယ်လို့ ပြောချင်တာလား?'

‘စနစ်…ဒါကဖြစ်နိုင်မယ်လို့ထင်လား?

ငါ့ရဲ့အစီအရင်က ပုန်ကန်မှာနော်! ငါ့ရဲ့လက်ရှိ သရုပ်က သစ္စာဖောက်တစ်ယောက်နော်!’

'ဟုတ်တယ်၊ ငါက တိုင်းပြည်သစ္စာဖောက်ပဲ၊ ငါက ဖူမဲ့ !

ဖူမဲ့ သာ နတ်ဘုရားစာရင်းကို ထိန်းချုပ်လိုက်မယ်ဆိုရင် အဲဒါရဲ့ ဆိုလိုရင်းက ဘာဖြစ်မယ်လို့ မင်းထင်လဲ?’

ရှကျိုးယွီရဲ့ မျက်နှာက ချက်ချင်းပဲ ပြုံးဖြီးသွားခဲ့သည်။ လက်ထဲကို ရုတ်တရက် ပေါ်လာသော စာလိပ်ကို ချက်ချင်းပဲ ဖွင့်လိုက်ကာ ထိပ်ဆုံးတွင် ပိုင်ရှင်၏ အမည်ကို ဖူမဲ့ ဟု ရေးသားလိုက်၏။

ရေးသားနေချိန်မှာပဲ ရွှေရောင် အလင်းတစ်ချက် ရုတ်တရက်ဖြာထွက်လာခဲ့သည်။

ချက်ချင်းပဲ ရှကျိုးယွီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ထိုအလင်းက လွှမ်းခြုံသွားသည်။ ဆုပေးပွဲတွင် ဆုရ၍ မီးမောင်းထိုးခံရသလိုမျိုး ရှကျိုးယွီရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းက ဝန်းရံထား၏။

ထိုအရာကို မြင်တဲ့အခါမှာ အနားမှာနေရှိတဲ့သူတွေ အားလုံးအံ့ဩသွားသည်။ သူတို့အားလုံးသည် ရှကျိုးယွီကို သံသယ မျက်လုံးများဖြင့် ကြည့်နေခဲ့သည်။

လက်ထဲမှာ စာလိပ်တစ်ခုကို ကိုင်ထားရင်း တည်ငြိမ်တဲ့ မျက်နှာထားနဲ့ အကုန်လုံးကို ကြည့်နေတဲ့ ရွှေရောင်အလင်းများဝန်းရံထားသော သာမန်ရုပ်ရည်နဲ့ လူတစ်ယောက်ကိုမြင်တဲ့အခါမှာ အကုန်လုံးရဲ့ စိတ်ထဲမှာ မနေနိုင်စွာ တွေးမိသွား၏။

'ဒီလူက ထင်ထားတာထက် ပိုပြီးဆန်းကြယ်တယ်!’

ရွှေရောင်အလင်းကျရောက်လာချိန်မှာပဲ စာချုပ်နဲ့သူ့ရဲ့ ခန္ဓာကိုယ်ကြားမှာ ရှိနေသော ဆက်နွယ်မှုကို ရှကျိုးယွီ ခံစားလိုက်ရသည်။

သူ ခပ်ဖွဖွ ရယ်လိုက်တော့၏။

ဝန်းရံထားသော လူအုပ်ကိုကြည့်နေရင်း သူ့ရဲ့ နှလုံးသားထဲမှာ ရည်မှန်းချက်တို့ ပြည့်ဝလာခဲ့သည်။ အကုန်လုံးကို စိုက်ကြည့်လိုက်ပြီး….

“မင်းတို့အားလုံးက ငါဖူမဲ့ရဲ့နောက်ကို လိုက်ဖို့ ဆန္ဒရှိတယ်ဆိုမှတော့ ငါကလည်း မင်းတို့ကို သေချာပေါက် မမျှမတ မဆက်ဆံဘူး၊ ဒါကြောင့် အခုငါ့ဆီမှာ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးနိုင်မယ့် စာချုပ်ရှိတယ်၊ မင်းတို့ ဒီမှာလက်မှတ်ထိုးလိုက်ရင် ငါနဲ့ ညီအစ်ကိုတွေဖြစ်လာမယ်၊ အနာဂတ်မှာ သိုင်းလောက အတွင်းကို အတူလက်တွဲ ဖြတ်သန်းပြီး သေခြင်းရှင်ခြင်းကို ရင်ဆိုင်ကျော်ဖြတ်ကြမယ်! ”

“ငါ ဖူမဲ့ ဒီနေ့ဒီနေရာမှာပဲ ကျိန်ဆိုတယ်၊ ငါသာ ဒီနေရာမှာရှိနေတဲ့ ညီအစ်ကိုတွေကို သစ္စာဖောက်ခဲ့မိရင် နေရာမှာတင် သတ်သေပစ်မယ်!”

ရှကျိုးယွီ က စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူ့ရဲ့ မျက်လုံးထဲမှာ လွှမ်းမိုးမှုတို့ ပြည့်နေ၏။ ရှကျိုးယွီ ရဲ့ရင်ထဲမှာ အပြစ်ရှိစိတ်ကို လုံးဝ မခံစားရပေ။

အမှန်တော့ သူရဲ့ သရုပ်မှန်သည် ဖူမဲ့ မဟုတ်ပေ။ ဒါ့ကြောင့် သစ္စာဖောက်ခဲ့မယ်ဆိုရင်တောင်မှ ဖူမဲ့အနေနဲ့ ကျိန်ဆိုခဲ့တာ ဖြစ်သည့်အတွက် သတ်သေစရာမလိုအပ်ဘူးလေ။

ဒါပေမယ့် ထိုစကားလုံးတွေကြောင့် အနားမှာရှိနေသော လူတွေအားလုံး အံ့ဩသွားလေ၏။ အကုန်လုံး မျက်မှောင်ကြုတ်သွားတော့သည်။

'သေခြင်းရှင်ခြင်းကို ဆုံးဖြတ်ပေးမယ့် စာချုပ် ဟုတ်လား?’

ရှကျိုးယွီ ရဲ့ လက်ထဲက စာလိပ်ကိုကြည့်နေရင်း ထိုအရာက သာမန် စိတ်ဝိညာဉ် လက်နက်တစ်ခုမဟုတ်ဘူးဆိုတာ အာရုံခံလို့ရသည်။ ထိုစာလိပ်မှ ရရှိသောအရှိန်အဝါသည် အလွန်ထူးဆန်း၏။

အစောပိုင်းက ရွှေရောင်အလင်းကလည်း သူတို့ရဲ့ မျက်လုံးတွေကို ကန်းတော့မတတ် လင်းသွားသည်မလား?

အခုထိုစာလိပ်အပေါ်မှာ သူတို့ရဲ့ နာမည်တွေကိုရေးထိုးခိုင်းနေသည်။ ထို့ကြောင့် အကုန်လုံး မနေနိုင်စွာ တွန့်ဆုတ်သွားကြ၏။

ဒါက သိုင်းလောကပဲ။ သိုင်းလောကမှာ သတိကြီးကြီးထားသင့်သည်။ သတိမကပ်ထားဘူးဆိုရင် မသိလိုက်ခင်အချိန်မှာဘဲ ရောင်းစားခံလိုက်ရနိုင်သည်!

ဟွမ်ပထျန်း လည်း ရှကျိုးယွီရဲ့ လက်ထဲက နတ်ဘုရားစာရင်းစာရွက်နဲ့ ရှကျိုးယွီ ရဲ့ တည်ငြိမ်သောမျက်နှာထားကို ကြည့်နေခဲ့သည်။ ထို့နောက်မှာ ရရှိထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံး နှစ်ရာကို ပြန်လည်စဉ်းစားလိုက်သည်။ သူအံကြိတ်လိုက်၏။

ရှကျိုးယွီ ဘက်က စိတ်ပြောင်းပြီး စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို ပြန်ယူလိုက်မှာ စိုးသည့်အတွက် ချက်ချင်းပဲ အော်လိုက်တော့သည်။

“ငါ ဟွမ်ပထျန်း စာချုပ်မှာ နာမည်ရေးဖို့ ဆန္ဒရှိတယ်!”

“ကောင်းပြီ”

ဟွမ်းပထန်ရဲ့စကားကိုကြောင့် ရှကျိုးယွီ ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

တစ်ချိန်တည်းမှာပဲ နတ်ဘုရားစာရင်းစာလိပ်တွင် ရွှေရောင် အလင်း ထပ်မံထွက်ပေါ်လာခဲ့သည်။ ထိုအလင်းက ဟွမ်ပထျန်း အပေါ်ကို ကျရောက်သွားခဲ့ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို လျင်မြန်စွာ ပြောင်းလဲပေးသွား၏။

ခန္ဓာကိုယ်အတွင်းတွင်ရှိနေသော သိုင်းသွေးကြောတွေသည် ဆန့်ထွက်လာခဲ့သည်။ ခန္ဓာကိုယ်အတွင်းမှ သွေးများပင် ပွက်ပွက်ဆူနေသလို ခံစားနေရ၏။

ဟွမ်ပထျန်းရဲ့ မျက်နှာသည် ထိုအချိန်မှာ နီရဲလာခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံး တွန့်လိမ်လာခဲ့သည်။

“ဘာတွေ….ဘာတွေဖြစ်နေတာလဲ!”

“အဲဒီ စာလိပ်နဲ့ပက်သက်ပြီး တစ်ခုခုမှားနေတယ်လို့ ငါမပြောဘူးလား? အခုကြည့်လိုက်!”

“ဒါလူသတ်နေတာပဲ!”

အကုန်လုံး အံ့ဩမှင်သက် နေကြသည်။ ထိုအချိန်မှာပဲ ဟွမ်ပထျန်း က ရုတ်တရက်အော်ဟစ်လိုက်သည်။

“အား..ကောင်းလိုက်တာ!”

ဟွမ်ပထျန်းရဲ့ မျက်နှာသည် အလွန်အားရကျေနပ်နေဟန်ရှိသည်။ သူ့ရဲ့ခန္ဓာကိုယ် တစ်ခုလုံးကိုပါ ခါယမ်းလိုက်၏။ ထိုအချိန်မှာပဲ သူ့ရဲ့ခန္ဓာကိုယ်ကနေ အင်အားကြီးတဲ့ အရှိန်အဝါတစ်ခု ထွက်ပေါ်လာခဲ့သည်။

မြောက်မြားစွာတဲ့ မြွေတွေဝန်းရံထားသလိုမျိုး ကြောက်ဖို့ကောင်းပြီး အင်အားကြီးတဲ့အရှိန်အဝါဖြစ်သည်။

ဟွမ်ပထျန်းရဲ့ ရုတ်တရက် အလွန်မြင့်မားသွားသော အရှိန်အဝါကို အကုန်လုံး ခံစားလိုက်ရသည်။ လက်ရှိတွင် သူ့ရဲ့ကျင့်ကြံမှုက ဒုတိယအဆင့် ကျင့်ကြံဆင့်ကိုရောက်လုနီးနီးဖြစ်ခဲ့ပြီ!

ထိုအချိန်မှာပဲ အဆက်မပြတ် အားဖြည့်ပေးနေမှုကြောင့် ဟွမ်ပထျန်းရဲ့ ကျင့်ကြံဆင့်က တကယ်ကို ဒုတိယအဆင့်ကိုရောက်ရှိသွားခဲ့သည်!

ပြောင်းလဲသွားတဲ့ အင်အားကြီးအရှိန်အဝါသည် အလွန်လွန့် လွှမ်းမိုးနိုင်စွမ်းရှိ၏။

ဟွမ်ပထျန်း ခြေတစ်ချက် လှုပ်ရှားလိုက်တာနဲ့ မြေပြင်ပေါ်မှာ ပင့်ကူမျှင်လိုမျိုး အက်ကြောင်းများစွာ ထင်ဟက်သွားခဲ့သည်။

“ဒီစာချူပ်က…တကယ်ကို အင်အားကြီးလိုက်တာ!”

“ညီအစ်ကို ဖူ၊ ဒါက ဘယ်လိုရတနာမျိုးလဲ?ငါ့ရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ပြီး ကျင့်ကြံမှုကိုပါ တိုးပေးနိုင်တယ်!”

အဆင့်တက်သွားခဲ့ပေမယ့် ဟွမ်ပထျန်း မပျော်ရွှင်နိုင်သေးပေ။ ရှကျိုးယွီရဲ့ လက်ထဲက နတ်ဘုရားစာရင်းစာလိပ်ကို အံ့ဩတကြီး စိုက်ကြည့်ရင်း မေးလိုက်၏။

ထိုစာလိပ်ကနေထွက်ပေါ်နေသော လျှို့ဝှက်သည့်စွမ်းအင်တစ်ခုကို သူအာရုံခံလို့ရသည်။ အဲဒီ စွမ်းအင်က အလွန်ထူးဆန်း၏။

သူ့ရဲ့ခန္ဓာကိုယ်အတွင်းက သွေးကြောတွေကို သန်မာလာအောင် ကူညီပေးရုံတင်သာမကပဲ ကျင့်ကြံဆင့်ကိုပါ မြင့်တင်ပေးသွားခဲ့သည်။

ဒါပေမယ့် ထိုစွမ်းအင်ထဲတွင် အလွန်လျှို့ဝှက်သော ကန့်သတ်ချက်တစ်ခုရှိသည်။ အဲဒီ ကန့်သတ်ချက်က ဖော်ထုတ်လို့မရနိုင်အောင် လျှို့ဝှက်၏။

ဒါပေမယ့် ဟွမ်ပထျန်း နားလည်ပါသည်။

သူလှည့်စားခံလိုက်ရပြီ! ဒီလောက် သတိကြီးကြီးထားခဲ့တာတောင်မှ အခုလိုမျိုး လှည့်စားခံလိုက်ရမယ်လို့ မထင်ထားမိခဲ့ပေ။

ဒါပေမယ့် သူထုတ်မပြခဲ့ဘူး။ ထိုအစား ကောင်းကျိုးတွေကိုပဲ ပြသဖို့ဆုံးဖြတ်ခဲ့သည်။ သူ့ရဲ့စိတ်ထဲမှာတွေးနေ၏။

'ကျရှုံးရမယ်ဆိုမှတော့ အကုန်လုံးတူတူကျရှုံးကြတာပေါ့! ငါတစ်ယောက်တည်း အထိခိုက်မခံနိုင်ဘူး! ဒီဟာက ကန့်သတ်ချက်ရှိတယ်ဆိုပေမယ့် ငါပြောတာလည်းမမှားဘူး၊ တကယ်လည်း အကျိုးရှိတာပဲမဟုတ်ဘူးလား?!’

အပြင်ဘက်မှာတော့ အရမ်းကျေးဇူးတင်ကြောင်းပြနေခဲ့ပေမယ့် ဟွမ်ပထျန်းရဲ့စိတ်ထဲမှာ အလွန်ခါးသီးနေခဲ့သည်။ ရှကျိုးယွီကိုပင် မနေနိုင်စွာ ကြည့်လိုက်၏။

'အန္တရာယ်များတယ်!’

'ပထမဆုံး စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးကို အသုံးပြုပြီး လူတွေကို မျှားခေါ်တယ်။ ပြီးတာနဲ့ သူတို့ကို ကန့်သတ်ချက်လုပ်ပစ်လိုက်တယ်! တကယ်ကို ကြောက်ဖို့ကောင်းတဲ့လူသားပဲ!’

ဟိုရက်က စားသောက်ဆိုင်အတွင်းမှာ မိန်းမစိုးကျောက် ဆီကနေ ကာကွယ်ပေးစဉ်ကတည်းက ကြံစည်ထားတာ ဖြစ်ရမည်လို့ ဟွမ်ပထျန်း မှန်းဆလိုက်သည်။

'ငါကသူ့ကို ဆွဲဆောင်နိုင်ခဲ့တယ်လို့ ထင်ခဲ့မိတာ။ တကယ်တော့ ခံလိုက်ရတဲ့သူက ငါဖြစ်နေခဲ့တယ်!’

ဟွမ်ပထျန်း တွေးမိလေလေ ရှကျိုးယွီကို ပိုမိုကြောက်လာလေလေပင်။ ရှကျိုးယွီရဲ့ သရုပ်မှန်ကို စတင်စဉ်းစားလိုက်၏။

ဟွမ်ပထျန်းရဲ့ စကားတွေကြောင့် အကုန်လုံးမျက်မှောင်ကြုတ်သွားခဲ့သည်။

ရှကျိုးယွီရဲ့လက်ထဲက စာလိပ်အတွင်းမှာ ဖူမဲ့ဆိုတဲ့ နာမည်နဲ့ ဟွမ်းပထန် ဆိုတဲ့နာမည်ကို ရှင်းလင်းစွာ ရေးသားထားသည်။

ဒါပေမယ့် သူတို့အားလုံးက သိုင်းလောကအတွင်းတွင် လှည့်လည်သွားလာနေသော သူများဖြစ်သည်။ ဟွမ်ပထျန်းရဲ့ စကားလုံးအနည်းငယ်လောက်နဲ့ ယုံကြည်ကြမည်မဟုတ်ပေ။ ဒါပေမယ့် တစ်ချို့သော စမ်းသပ်ချင်သူများလည်းရှိ၏။ သူတို့က ချက်ချင်းပဲအော်လိုက်သည်။

“ငါလည်း စာချုပ်မှာ ပါဝင်မယ်!”

…………

All Chapters