ငါ့စောက်ကြောင်းမဟုတ်ဘူး
Vol. 12 Ch. 165
'ဒါက အရမ်း အင်အားကြီးတာပဲ!’
ရှကျိုးယွီ ထံကနေ ထွက်နေသော အရှိန်အဝါကို အကုန်လုံး ခံစားလိုက်ရသည်။
ထိုအရာက အေးစက်မှုကို တားဆီးပစ်လိုက်ပြီး ချောက်နက်အပေါ်ကို ထွက်ပေါ်လာတဲ့ အာရုဏ်ဦးအလင်းရောင်လိုမျိုးပင် လွှမ်းမိုးနိုင်စွမ်း ပြည့်ဝပြီး တောက်ပသည်။
ချောက်နက်တစ်ခုလုံးကို အလင်းရောင်နဲ့ လွှမ်းခြုံလိုက်သလိုမျိုး အခန်းတစ်ခုလုံးကို ဖုံးလွှမ်းပစ်လိုက်၏။
အရမ်းကို ပြင်းထန်တဲ့အရှိန်အဝါတစ်ခုပဲ။
လူတွေအားလုံး ရှကျိုးယွီ ကို လေးစားသွားကြသည်။
အရင်က ဖူမဲ့ ရဲ့သန်မာမှုကို ဟွမ်ပထျန်းရဲ့ မြှောက်ပင့်စကားလုံးကနေသာ အကုန်လုံး သိခဲ့ကြရသည်။ ဒါပေမယ့် ဒီလောက်ကြီးထိ သန်မာမယ်လို့ ဘယ်သူကမှ မထင်ခဲ့မိဘူး။ ဖူမဲ့သည် အခုတော့ လက်တစ်ဖက်ယမ်းလိုက်ရုံဖြင့် ပထမအဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်လေး အနိုင်ယူနိုင်ခဲ့သည်။ ဒါ့အပြင် အလွန် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အရှိန်အဝါက ဘယ်သူမှ သတိမထားမိလိုက်ခင်မှာပဲ အကုန်လုံးရဲ့ စိတ်နှလုံးကို အနိုင်ယူပစ်ခဲ့သည်။
ထိုဆန်းကြယ်တဲ့ အရှိန်အဝါအတွင်းမှာ ပုန်းကွယ်နေတဲ့ အင်အားတချို့ရှိနေသလိုမျိုးပဲ…..၊ ဘာနဲ့မှ နှိုင်းယှဉ်လို့မရတဲ့ အရှိန်အဝါဖြစ်သည်။ ဒီလိုသန်မာမှုမျိုးကို တရှားတိုင်းပြည်အတွင်းမှာ မပြောနဲ့ အင်အားကြီးတိုင်းပြည်တွေရဲ့ မြို့တော်ထဲမှာ ရှိသော အင်အားအကြီးဆုံး ပုဂ္ဂိုလ်တွေထံမှာတောင်မှ မတွေ့နိုင်ဘူး။
အစက ထိုမိန်းကလေးကို ဆန်းကြယ်လှပြီ ဟု အကုန်လုံးထင်မှတ်ခဲ့သည်။ ဒါပေမယ့် တကယ့် ဆန်းကြယ်သူက မျက်စိရှေ့က ဖူမဲ့ ဖြစ်နေလေ၏!
အကုန်လုံး ရှကျိုးယွီ ရဲ့ သရုပ်မှန်ကို သိချင်လာခဲ့သည်။
“ငါတို့ရဲ့ ခေါင်းဆောင်က အသက်ဘယ်လောက်ရှိပြီလဲ? ဒီလောက် မြင့်မားတဲ့ ကျင့်ကြံမှုမျိုးကို ပိုင်ဆိုင်ထားတာ၊ သူက အင်အားကြီး မင်းမျိုးမင်းနွယ် မိသားစုက ဖြစ်နေမလား?”
“မင်းမျိုးမင်းနွယ် မိသားစုဟုတ်လား? ငါတို့ရဲ့ ခေါင်းဆောင်က လက်တစ်ဖက်လှုပ်ရှားရုံနဲ့ ပထမအဆင့် ကျင့်ကြံသူကို အနိုင်ယူခဲ့တာနော်၊ ငါမြင်ရသလောက် ပထမအဆင့်ကို မရောက်သေးဘူးဆိုရင်တောင်မှ၊ ငါတို့ရဲ့ခေါင်းဆောင်က ပထမ အဆင့်နဲ့တော်တော်လေး နီးကပ်နေပြီ! အစက ဟွမ်ပထျန်း ကြွားနေတယ်လို့ပဲ ထင်ခဲ့တာ၊ အခုတော့ ငါ ခေါင်းဆောင်ရဲ့ သန်မာမှုကို လုံးဝ နားလည်သွားခဲ့ပြီ”
“မင်းပြောတာ အမှန်ပဲ၊ ငါလည်း ခေါင်းဆောင်က မိန်းမစိုးကျောက်ကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်ဆိုတဲ့ သတင်းကို ကြားခဲ့တယ်၊ ဒါပေမယ့် ခေါင်းဆောင်ရဲ့ ချမ်းသာမှုကြောင့် အကုန်လုံးက မြှောက်ပင့်ပြောဆိုတယ်လို့ပဲ ထင်ခဲ့တာ၊ အခုတော့ ငါ ခေါင်းဆောင်ကို အထင်သေးမိတယ်ဆိုတာကို သိလိုက်ပြီ! ”
“ဒီထဲက ဘယ်သူကရော မင်းလိုမျိုးမထင်ခဲ့တဲ့ သူ ရှိလို့လဲ? အခုတော့ ဒီအဖြစ်အပျက်ကိုပဲ ကောင်းကောင်းစောင့်ကြည့်ရအောင်၊ ဒီ ကောင်မလေးကလည်း တော်တော်လှတယ်၊ ဒီလောက်ငယ်တဲ့အရွယ်မှာ ပထမအဆင့်ကို ရောက်ခဲ့တာဆိုတော့ သူမရဲ့ နောက်ခံကလည်း မသေးလောက်ဘူး!”
“ကျွတ်…ကျွတ်…ကျွတ်၊ သူမက ရုပ်ကလေး လှရုံနဲ့ပဲ ငယ်တယ်ဖြစ်ရောလား? ရုပ်လှနေပေမယ့် တကယ့် တကယ်မှာ နှစ်တစ်ထောင်လောက် အသက်ရှင်နေထိုင်ပြီးတဲ့ စုန်းမတစ်ကောင်လည်း ဖြစ်နေနိုင်တာပဲ!”
….
အကုန်လုံးရဲ့ မျက်လုံးထဲမှာ အထင်သေးမှုတို့ ပြည့်လာခဲ့သည်။
ရှကျိုးယွီ ရဲ့ သန်မာမှုက အားလုံးကို အံ့အားသင့်သွားစေခဲ့သည်။ ဒါပေမယ့် အကုန်လုံး သိချင်ခဲ့တာက ရှကျိုးယွီ ရဲ့ တကယ့် သရုပ်အမှန်ပဲ။
မြင့်မားတဲ့ သန်မာမှု အပြင် များပြားလှတဲ့ ပိုင်ဆိုင်မှုလည်း ရှိသေးသည်။ သေချာပေါက် ရှကျိုးယွီ က မင်းမျိုးမင်းနွယ်မိသားစုက ဆင်းသက်လာတာ ဖြစ်နိုင်သည်။ ဖြစ်နိုင်တာ အင်အားအကြီးဆုံး မင်းမျိုးမင်းနွယ် မိသားစုကပဲ။
အခုလိုမျိုး ထူးချွန်လှတဲ့ လူတစ်ယောက်ကို ပျိုးထောင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ဘူး။ ပျိုးထောင်နိုင်ခဲ့တယ်ဆိုရင်တောင်မှ အဲဒီလို ပုဂ္ဂိုလ်က တရှားတိုင်းပြည်ကို ဘာကြောင့် လာခဲ့တာလဲ?
အကုန်လုံး စဉ်းစားနေကြသည်။ ထို့နောက်မှာ မနေနိုင်စွာဖြင့် နတ်ဘုရားစာရင်းစာလိပ်ကို ကြည့်မိသွားကြ၏။ သူတို့အားလုံးရဲ့နာမည်သည် ထိုစာလိပ်ပေါ်တွင် ရှိနေခဲ့သည်။
နတ်ဘုရားစာရင်း စာလိပ်မှ ထွက်ပေါ်နေတဲ့ ဖျော့တော့သောတုံ့ပြန်မှုတစ်ခုကို အားလုံး ခံစားရ၏။
ထိုစာလိပ်ရဲ့အစွမ်းအောက်ကနေ သူတို့ အားလုံးရဲ့ စိတ်ဝိညာဉ်စွမ်းရည်ကို များစွာ မြင့်တက်စေခဲ့ပြီး ကျင့်ကြံမှု ပိုင်းကိုလည်း များစွာ တိုးတက်စေခဲ့သည်။ သူတို့အားလုံး ကျင့်ကြံမှုတွင် ကြုံတွေ့နေရတဲ့ ပြဿနာတွေ အားလုံးကို ဖြေရှင်းပေးလိုက်သလိုပဲ။
ဒါက သိုင်းပညာအခြေခံကို မြှင့်တင်ပေးလိုက်တာနှင့် ညီမျှသည်။ အလွန်အံ့ဩဖို့ကောင်းတဲ့ အခြေအနေတစ်ရပ်ပဲ!
သိုင်းပညာအခြေခံကို မြှင့်တင်ပေးခြင်းသည် လူတစ်ယောက်ရဲ့ ကျင့်ကြံမှု အတားအဆီးများအား ကျော်ဖြတ်စေပြီး နောက်တစ်ဆင့်ကို အဆင့်တက်စေဖို့ တွန်းအား ပေးလိုက်ခြင်း ဖြစ်သည်။
ကျင့်ကြံသူတွေမှာ အရေးပါဆုံးအရာက အတွင်းစိတ်တည်ငြိမ်ခြင်းပဲ။ ဒါ့အပြင် ပင်ကို ပညာမီရှိခြင်းသည်လည်း အရေးပါသည်။
တစ်ချို့ဆိုရင် ဘယ်လောက်ပဲကြိုးစားပြီးကျင့်ကြံပါစေ သူတို့ရဲ့ ပင်ကို ပါရမီလျော့နည်းခြင်းကြောင့် နှစ်ဆယ်ချီကြာသည့်တိုင်အောင် အဆင့်မတက်ကြဘူး။
လူတစ်ယောက်ရဲ့ ပင်ကိုအရည်အချင်းကို မြှင့်တင်ပေးနိုင်တဲ့ ပစ္စည်းသည် ကမ္ဘာပေါ်တွင် အလွန် ရှားပါးသည်။
ဒီလိုနဲ့ပဲ သိုင်းလောကတွင် အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ အင်အားကြီး မိသားစုများတွင် ငွေကြေးပေါများသည့်အတွက် ရှားပါးပစ္စည်းတွေကို ဝယ်ယူနိုင်သည်။ မျိုးဆက်တွေရဲ့ ပင်ကို အရည်အချင်းကို ထိုပစ္စည်းတွေရဲ့ထောက်ပံ့မှုဖြင့် အကြိမ်ကြိမ် သန့်စင်ကာ တိုးပွားစေနိုင်သည်။
သာမန်အရည်အချင်းရှိသော ကျင့်ကြံသူ တစ်ယောက်အနေနဲ့ အဆင့်တက်ပြီး အတားအဆီးကို ကျော်ဖြတ်ချင်လျှင် အခွင့်အရေးနဲ့ ကိုယ့်ရဲ့ ကျင့်ကြံမှုအပေါ် နားလည်မှု လိုအပ်သည်။ ပြင်းထန်တဲ့ ကြိုးစားမှုကို ပြုလုပ်မှသာ ထိုအရာကို ရရှိနိုင်မည်။
ဒါပေမဲ့ ဒီနတ်ဘုရားစာရင်းစာလိပ်တွင် နာမည်ရေးထိုးပြီးသည်နဲ့ ထိုအခွင့်အရေးက အားလုံးအပေါ် ရောက်ရှိလာခဲ့သည်။ အကုန်လုံး သူတို့ရဲ့ အတားအဆီးတွေကို ကျော်ဖြတ်နိုင်ခဲ့သည်။
အခန်းထဲတွင်ရှိနေသည့် လူအများစုသည် ဟွမ်ပထျန်းရဲ့ လက်ထဲက စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးကြောင့်သာ ပါဝင်ခဲ့ကြခြင်း ဖြစ်သည်။
ရှကျိးယွီကတော့ ဒီလူတွေ ဘယ်လိုတွေးနေသည် ဘာတွေလုပ်နေသည်ကို ဂရုမစိုက်ပါချေ။ သူ့ရဲ့ ဘာကိုမှ အဖတ်မလုပ်တဲ့ အကြည့်က အနက်ရောင်မိန်းကလေး အပေါ်တွင်သာ ကျရောက်နေခဲ့သည်။ အခန်းထဲက လေထုက ရုတ်တရက် အေးစက်သွား၏။
မြေပြင်ပေါ်တွင် လဲကျနေသည့် အနက်ရောင်မိန်းကလေး သည် ခန္ဓာကိုယ်ကို တွန့်လိမ်ရင်း အဆက်မပြတ် ချောင်းဆို လိုက်၏။
“အဟွတ်…အဟွတ်”
သူမရဲ့ နှုတ်ခမ်းကနေပါ သွေးတွေ စီးကျလာခဲ့သည်။
သိသာပါသည်၊ ရှကျိုးယွီ ရဲ့တိုက်ချက်က သူမရဲ့ နှလုံးကိုတိုက်ရိုက် ထိခိုက်စေလိုက်တာပဲ။ ထိုမိန်းကလေး အပြင်းအထန်ဒဏ်ရာ ရသွားခဲ့သည်။ ဒါပေမယ့် သူမက မျက်နှာတစ်ချက်မပျက်ပါချေ။ ထိုအစား ခေါင်းမော့ကာ ရှကျိုးယွီ ကိုကြည့်လာ၏။
သူတို့နှစ်ယောက်အကြည့်ဆုံတဲ့ တစ်ခဏမှာပဲ အခန်းထဲက လေထုက အေးခဲအမှတ်ကို ကျရောက်သွားသည်အထိ အေးစက်သွား၏။
“မင်း စကားမပြောချင်ဘူးလား?”
ရှကျိုးယွီ မျက်နှာကို မဲ့လိုက်သည်။
ထို့နောက်မှာ ထိုင်ခုံပေါ်ကနေ ခပ်ဖြည်းဖြည်း ထလိုက်ပြီး ထိုမိန်းကလေးရှိရာကို လျှောက်သွားလိုက်၏။
ထိုအချိန်တွင် ရှကျိုးယွီ ရဲ့ ခန္ဓာကိုယ်ကနေ အရိုင်းဆန်သော စွမ်းအင်လှိုင်းတချို့ လျှံထွက်နေခဲ့သည်။ ထို့နောက်မှာ ရှကျိုးယွီ ရဲ့ ခန္ဓာကိုယ်အနောက်ကနေ ဖျော့တော့သော အလင်းတစ်ခု ထွက်ပေါ်လာ၏။ ဧရာမ သားရဲကြီးတစ်ကောင်လိုမျိုး ထိုအရိပ်က အခန်းထဲက စိတ်ဝိညာဉ်စွမ်းအင်တွေအားလုံးကို စုပ်ယူပစ်လိုက်သည်။
ရှကျိုးယွီ ရဲ့ ခန္ဓာကိုယ်ပေါ်တွင် ရွှေရောင်မှင်ဆေးရည်၏ အရှိန်အဝါ တစ်ချို့ပါ ဝန်းရံလာခဲ့သည်။
ရှကျိုးယွီ က ပထမအဆင့် သိုင်းနတ်ဘုရားသာ ဆိုပေမယ့် သူ့ရဲ့ ကျင့်ကြံမှု နယ်ပယ်သည် အနည်းငယ် မြင့်တက်သွားခဲ့သည်။
“နင်…နင်ကဘယ်သူလဲ?!”
ရှကျိုးယွီ ရဲ့အရှိန်အဝါကို ခံစားမိသည်နှင့် ထိုမိန်းကလေးရဲ့ မျက်နှာက ဖြူဖက်သွား၏။ သူမ အားကုန်သုံးကာ မတ်တပ်ထရပ်ဖို့ ကြိုးစားလိုက်သည်။
သူမရဲ့ အေးစက်တဲ့ မျက်လုံးထဲမှာ အကြောက်တရားတို့ ပြည့်နှက်လာခဲ့သည်။
“မင်းအဖေလေ”
ရှကျိုးယွီ ပုံမှန်လိုပဲ ပြောလိုက်သည်။ သူက ပြောပြီးတာနဲ့ ထိုမိန်းကလေးရဲ့ ဘေးကို သွားလိုက်၏။
ရှကျိုးယွီ ရဲ့ရောက်ရှိလာမှုကို ခံစားမိသည်နှင့် ထိုမိန်းကလေးရဲ့ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။ ချက်ချင်းပဲ မြေပြင်ပေါ်ကို ပြန်ပြုတ်ကျသွား၏။ သူမရဲ့ မျက်နှာသည် အလွန်ဖြူဖွေးနေခဲ့သည်။ နောက်တစ်စက္ကန့်မှာပဲ အလွန်လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါတို့ရဲ့ ရိုက်ခတ်မှုကြောင့် သူမ မေ့လဲသွားတော့သည်။
တချိန်တည်းမှာပဲ ‘စိတ်ဝိညာဉ်’ဆိုသော စကားလုံးကို ရေးထွင်းထားသည့် စာရွက်တစ်ခုသည် ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်ကနေ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့သည်။
ထိုစာရွက်ကိုမြင်တာနဲ့ အခန်းထဲက လူတွေအားလုံး အံ့အားသင့်သွား၏။ သူတို့ရဲ့မျက်နှာတွေအားလုံး ပြောင်းလဲသွားခဲ့သည်။ ဟွမ်ပထျန်း လည်း အံ့အားသင့်လွန်းလို့ ဒူးထောက်ပြုတ်ကျမတတ်ပင် ဖြစ်သွားခဲ့သည်။
ရှကျိုးယွီ ရှိရာကို အမြန်ရှေ့တိုးလာလိုက်ပြီး အော်လိုက်တော့၏။
“ညီအစ်ကို မဲ့ မင်းဒီလိုလုပ်လို့မရဘူး!”
ရှကျိုးယွီ မျက်မှောင်ကြုတ်လိုက်ပြီး ဟွမ်ပထျန်း ကို လှည့်ကြည့်လိုက်သည်။
“မင်းက ငါ့ကိုတားချင်တာလား?”
ဟွမ်ပထျန်း အနည်းငယ် အံ့ဩသွားသည်။ ထို့နောက်မှာ ခေါင်းကို အဆက်မပြတ် ယမ်းပြလိုက်ကာ ချက်ချင်း ရှင်းပြလိုက်ရ၏။ မျက်စိရှေ့က ပုဂ္ဂိုလ်ကို သူလည်း ကြောက်သည်လေ။
“ညီအစ်ကို မဲ့ ဒီလူရဲ့ နောက်ခံက အရမ်းကို ထူးခြားတယ်၊ မင်းဒီမှာ သတ်လိုက်မယ်ဆိုရင် အရမ်းဆိုးဝါးတဲ့ ကပ်ဘေးကို ယူဆောင်လာလိမ့်မယ်!”
“ဟုတ်လား?”
ဟွမ်ပထျန်း ရဲ့ စိတ်လှုပ်ရှားနေတဲ့ ပုံစံကြောင့် ဒီကိစ္စက လိမ်ညာနေတာ မဟုတ်ဘူးဆိုတာကို ရှကျိုးယွီ သဘောပေါက်သွားခဲ့သည်။ ထို့ကြောင့် ထိုမိန်းကလေးကို မနေနိုင်စွာ ပြန်ကြည့်လိုက်၏။
“မင်း သူမ ကိုသိလို့လား?”
ဟွမ်းပထျန်း ခေါင်းယမ်းလိုက်သည်။
“မသိဘူး!”
ထို့နောက်မှာ အမြန်ဆက်ရှင်းပြလိုက်၏။
“ဒါပေမယ့် ဒီစာလိပ်က ထျန်းလင်ဂိုဏ်းရဲ့အရေးပါတဲ့ အရာတစ်ခုပဲ၊ ဒီကောင်မလေးက ထျန်းလင်ဂိုဏ်းက ဖြစ်လောက်မယ်၊ ညီအစ်ကို မဲ့ သာ ဒီနေရာမှာ သူမကိုသတ်လိုက်မယ်ဆိုရင် ထျန်းလင်ဂိုဏ်း ကို ဒေါသထွက်စေလိမ့်မယ်၊ ဒီမှာရှိတဲ့ ဘယ်သူမှ ထျန်းလင်ဂိုဏ်း ရဲ့ဒေါသကနေ လွတ်မြောက်နိုင်မှာမဟုတ်တော့ဘူး! မဟုတ်ဘူး၊ သိုင်းလောကတစ်ခုလုံးတောင် လွတ်မြောက်နိုင်မှာ မဟုတ်ဘူး!”
“ထျန်းလင်ဂိုဏ်း ဟုတ်လား?”
ရှကျိုးယွီ မျက်မှောင်ကြုတ်သွားခဲ့သည်။ သိုင်းလောကအတွင်းမှာ အချိန်ဖြုန်းပြီးနောက်တွင် ထျန်းလင်ဂိုဏ်း နဲ့ပက်သက်ပြီး အနည်းငယ်သိထား၏။
သိုင်းလောက တစ်ခုလုံးကို ထိန်းညှိပေးထားသူက ထျန်းလင်ဂိုဏ်း ဟု ပြောလို့ရသည်။
ထျန်းချီတာဝါဂိုဏ်းက သတင်းစုစည်းတဲ့ အဖွဲ့အစည်းတစ်ခုဆိုရင် ထျန်းလင်ဂိုဏ်း ကဘယ်သူမှ မထိပါးရဲတဲ့ ရှန့်ထျန်း နယ်မြေကြီးတစ်ခုလုံးမှာ အင်အားကြီး အရာတစ်ခုအဖြစ်ရပ်တည်နိုင်တဲ့ ဂိုဏ်းတစ်ခုပဲ။
ဘယ်သူကမှ သူတို့ကို ရန်မစရဲကြဘူး။ သူတို့က ရှန့်ထျန်း နယ်မြေကြီး တစ်ခုလုံးမှာ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို ထုတ်လုပ်ပြီး အကုန်လုံးကို ဝေမျှသည်။
ရှကျိုးယွီ ထိုမိန်းကလေးကို ပြန်ကြည့်လိုက်သည်။
'ဒီမိန်းကလေးက တော်တော်ပြဿနာ ရှာနိုင်တာပဲ’
ရှကျိုးယွီ တွေးမိပြီးနောက်မှ ရယ်လိုက်တော့၏။
“ထားပါ၊ ဘာနေနေ ငါ့စောက်ကြောင်းမှ မဟုတ်တာ!”
ထို့နောက်မှာ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို လက်ဖဝါးအတွင်းမှာ စုဝေးလိုက်ပြီး ထိုမိန်းကလေးရှိရာကို ပစ်လွှတ်လိုက်တော့သည်။
……….