← Chapters

ဘယ်သူလဲ

Vol. 12 Ch. 166

ဘယ်သူလဲ

Vol. 12 Ch. 166

“မဟုတ်ဘူး။ ခေါင်းဆောင် မလုပ်နဲ့!”

ရှကျိုးယွီရဲ့ လှုပ်ရှားမှုကို မြင်လိုက်တာနဲ့ အကုန်လုံးရဲ့ မျက်နှာထားတွေ ပြောင်းလဲသွားခဲ့သည်။ သူတို့အားလုံး မနေနိုင်စွာ အော်ဟစ်လိုက်ကြ၏ ။ တချို့ဆိုရင် ရှေ့တိုးကာ ရှကျိုးယွီကို တားမြစ်လာကြသည်။ ဒါပေမဲ့ သူတို့ရဲ့ အရှိန်က ရှကျိုးယွီကို မမှီခဲ့ဘူး။

ရှကျိုးယွီက သူတို့အားလုံးကို အခွင့်အရေးတစ်ခုတောင် မပေးပါချေ။

“ဘန်း!”

ကျယ်လောင်တဲ့ အသံတစ်ခုအပြီးမှာ ရှကျိုးယွီရဲ့ ရိုက်ချက်က ထိုမိန်းကလေးအပေါ်ကို ကျရောက်သွားခဲ့သည်။

“ဒုန်း!”

ချက်ချင်းပဲ ထိုမိန်းကလေးရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဖန်တစ်ခုလိုမျိုး ကွဲကြေသွားခဲ့သည်။ မြေပြင်ပေါ်ကို တစ်စစီ ပြုတ်ကျသွားခဲ့ပြီး ထိုအစိတ်အပိုင်းတွေက နောက်ဆုံးမှာ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေ အဖြစ်ပြောင်းလဲသွားခဲ့သည်။

ရှကျိုးယွီ မျက်မှောင်ကျုံ့သွား၏ ။

အစောပိုင်းက တိုက်ခိုက်စဉ်တွင် ပုံမှန်မဟုတ်တဲ့ အရာတစ်ခုကို ရှကျိုးယွီ ခံစားခဲ့ရသည်။ မသိရင် ထိုမိန်းကလေးက လူအစစ်မဟုတ်တဲ့ အတိုင်းပဲ။

အခန်းထဲက လူတွေအားလုံး မှင်သက်သွားကြသည်။ ဟွမ်ပထျန်း တစ်ယောက် အရှေ့တိုးလာကာ မြေပြင်ပေါ်တွင် ပြုတ်ကျနေတဲ့ အစိတ်အပိုင်းတွေကို လက်ညိုးထိုးရင်း အံ့သြတကြီး အော်လိုက်သည်။

“ပုံရိပ်တစ်ထောင်! ဒါက ထန်းလျင်ဂိုဏ်းရဲ့ ပုံရိပ်တစ်ထောင် သိုင်းကွက်ပဲ!”

“ပြီးသွားပြီ။ လုံးဝကို ပြီးသွားခဲ့ပြီ။ ဒီမိန်းကလေးမှာ ပုံရိပ်တစ်ထောင် သိုင်းကို ပိုင်ဆိုင်ထားတာဆိုတော့ သူမက ထျန်းလျင်ဂိုဏ်းရဲ့ တိုက်ရိုက်ဆက်ခံသူ ဖြစ်လောက်တယ်!”

“ညီကိုမဲ့ ဒီကောင်မလေးရဲ့ ရာထူးက သေချာပေါက် မနိမ့်ဘူး!”

ဟွမ်ပထျန်းရဲ့ မျက်လုံးထဲမှာ အကြောက်တရားတို့ ပြည့်နှက်နေခဲ့သည်။ အခုလိုမျိူး ထန်းလျင်ဂိုဏ်းရဲ့ ပုံရိပ်တစ်ထောင်သိုင်းကို ဖျက်စီးလိုက်တဲ့အတွက် သေချာပေါက် ဒုက္ခအကြီးကြီး ရောက်ရတော့မှာကို ဟွမ်ပထျန်း ကောင်းကောင်းနားလည်နေသည်။

“လွတ်သွားတာ နှမြောစရာပဲ!”

ရှကျိုးယွီ ဂရုမစိုက်ခဲ့ပေ။ ထိုအစား သူက ပြုံးလိုက်၏ ။ ထို့နောက်တွင် အောက်တွင်ကျနေသော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို တစ်ခုချင်း ကောက်ယူလိုက်သည်။ သိုလှောင်ဧရိယာအတွင်းတွင် ထည့်သွင်းလိုက်သည်။ အစကနေအဆုံးထိ ရှကျိုးယွီရဲ့ မျက်နှာပေါ်မှာ ခံစားချက်တစ်ခုမှ မရှိခဲ့ဘူး။ သာမန်ဆန်တဲ့ ကိစ္စတစ်ခုကို လုပ်နေရသလိုမျိူး ဖြစ်နေ၏ ။

စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေ အားလုံးကို ကောက်ယူပြီးချိန်မှာ ဟွမ်ပထျန်းကို မော့ကြည့်လိုက်ကာ…

“မင်းအဲ့ဒီမှာ ဘာရပ်လုပ်နေသေးတာလဲ? ပြသနာကို ဖြေရှင်းလို့ ပြီးသွားပြီလေ။ အလုပ်ဆက်လုပ်တော့!”

ရှကျိုးယွီ အဆုံးမှာတော့ ခေါင်းထောင်လိုက်ပြီး စားသောက်ဆိုင် အပြင်ဘက်ကို ကြည့်ကာ ခပ်တိုးတိုးရေရွတ်လိုက်၏ ။

“ဒါက မူရင်းခန္ဓာကိုယ် မဟုတ်ဘူးလား? စိတ်ဝင်စားစရာ သိုင်းပညာပဲ!”

ခဏမျှ တွန့်ဆုတ်ပြီးနောက်မှာ ရှကျိုးယွီသည် လူအုပ်ကို ပြန်ကြည့်လိုက်သည်။ အစောပိုင်းက သူတို့ရဲ့ လုပ်ရပ်ကို ပြန်စဉ်းစားမိသည့်အတွက် ရှကျိုးယွီ အေးစက်စွာဖြင့် ပြောလိုက်၏ ။

“ဒီနေ့လို ကိစ္စရပ်မျိူး နောက်တစ်ခေါက်ထပ်ဖြစ်တာ ငါမလိုချင်ဘူး! မဟုတ်လို့ကတော့ မင်းတို့ရဲ့ ကံကြမ္မာက အခုစိတ်ဝိညာဉ် ကျောက်တုံးတွေလိုမျိုး တစ်ပုံစံတည်း ဖြစ်ရလိမ့်မယ်!”

ထိုစကားသံ ဆုံးတာနဲ့ ရှကျိုးယွီရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံးသည် ချက်ချင်းပဲ ကွဲကြေသွားခဲ့သည်!

အင်အားကြီးတဲ့ လေတစ်ချက်က အကုန်လုံးကို ဖြတ်တိုက်သွား၏ ။ ရှကျိုးယွီ ရဲ့စကားတွေကြောင့် အကုန်လုံး မှင်သက်နေခဲ့သည်။ သူတို့ရဲ့ မျက်လုံးတွေက ထိတ်လန့်လာတော့၏ ။ အစောပိုင်းတွင် သူတို့အားလုံးသည် ထန်းလျင်ဂိုဏ်းကို အလွန်ကြောက်ခဲ့ရသည်။ အခုတော့ မျက်စိရှေ့က ပုဂ္ဂိုလ်ကို ပိုပြီးကြောက်ရွံ့၏ ။ အချိန်တခဏ ကြာသည်အထိ အခန်းထဲက လေထုသည် လွန်စွာ အေးစက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ ဟွမ်ပထျန်း သတိဝင်လာခဲ့သည်။

“ဟုတ်ပြီ ဟုတ်ပြီ။ ငါတို့အားလုံး ဒီမှာအတူရှိနေခဲ့တာပဲ။ ဘာလို့ အတွေးများနေကြရမှာလဲ? အခုငါတို့က ညီကိုမဲ့ရဲ့ နောက်ကို လိုက်ခဲ့ပြီဆိုမှတော့ သူခိုင်းတဲ့အတိုင်း လုပ်ကြရအောင်!”

ဟွမ်ပထျန်း ပြောပြီးသည်နှင့် ရှကျိုးယွီ ထွက်သွားသည့်နေရာကို ကြည့်လိုက်သည်။ ရှကျိုးယွီ အပေါ်မှာ သူလည်းပဲ မကျေနပ်ပါချေ။ ဒါပေမဲ့ ရှကျိုးယွီရဲ့ သန်မာမှုနဲ့ ငွေကြေးအရင်းအမြစ်အပြင် နတ်ဘုရားစာရင်း စာလိပ်ပါ ရှိသွားသည့်အတွက် သူဘယ်လိုမှ ရှကျိုးယွီကို မခုခံရဲတော့ပေ။

…..

တစ်ချိန်ထဲမှာပဲ နှင်းနဂါးတောင်အတွင်းရှိ ရေခဲလိုဏ်ဂူထဲက အနက်ရောင် မိန်းကလေးသည် နိုးထလာခဲ့သည်။ ချက်ချင်းပဲ သူမသွေး တစ်ပွက်အန်လိုက်၏ ။ သူမရဲ့ အသက်ရှူနူန်းက မတည်ငြိမ်ပေ။

ထိုမိန်းကလေး အချိန်မဆွဲရဲပဲ ခန္ဓာကိုယ်အတွင်းက စွမ်းအင်တွေကို ချက်ချင်းထိန်းညှိလိုက်သည်။ နာရီဝက်ကြာအောင် တရားထိုင်ပြီးချိန်မှသာ သူမရဲ့ အသက်ရှူနူန်းက ပြန်လည်တည်ငြိမ်လာ၏ ။ ဒါပေမဲ့ ထိုမိန်းကလေးရဲ့ မျက်နှာက ဖြူဖတ်နေဆဲပဲ။ အတွင်းဒဏ်ရာတွေကို ရှင်းလင်းစွာ မကုသနိုင်သေးတာ သိသာလှသည်။

အသက်တစ်ချက် ရှူသွင်းပြီးနောက်မှာ ထိုမိန်းကလေးက ခပ်ဖြည်းဖြည်း ထရပ်လိုက်၏။ထို့နောက်တွင် လိုဏ်ဂူအပြင်ကို ထွက်သွားလိုက်သည်။ ဂူအပြင်တွင် မရေမတွက်နိုင်တဲ့ သားရဲအလောင်းများသည် နေရာစုံမှာ စုဝေးနေကြပြီး အေးခဲလျက်ရှိသည်။ သူမက ထိုအလောင်းတွေကို မကြည့်ပဲ နှင်းနဂါးတောင်ရဲ့ အောက်ခြေကို လှန်းကြည့်လိုက်သည်။

“ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! တရှားတိုင်းပြည်မှာရှိတဲ့ လူတစ်ယောက်က ဘယ်လိုလုပ် ငါ့ရဲ့ ပုံရိပ်တစ်ထောင် သိုင်းပညာကို ဖျက်ဆီးနိုင်တာလဲ! ဒါလုံးဝ မဖြစ်နိုင်ဘူး!”

ထန်းလျင်ဂိုဏ်းရဲ့ ပုံရိပ်တစ်ထောင် သိုင်းပညာသည် အလွန်တန်ဖိုးကြီးသော သိုင်းပညာတစ်ခုဖြစ်သည်။ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေနဲ့ အထူးအစီရင်တွေကို အသုံးပြုပြီး ထူးခြားသော ခန္ဓာကိုယ်တစ်ခုကို တည်ဆောက်ထားသည်။ ထန်းလျင်ဂိုဏ်းက ထိုခန္ဓာကိုယ်ကို စိတ်ဝိညာဉ်ခန္ဓာကိုယ်ဟု ခေါ်သည်။ ထိုခန္ဓာကိုယ်က သာမန်အတိုင်းပဲ ပြင်ပကမ္ဘာတွင် သွားလာလို့ရသည်။ ရုပ်အသွင်သည်လည်း မူရင်းခန္ဓာကိုယ်အတိုင်း တစ်ပုံစံထဲရှိ၏ ။

စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတွေကို အသုံးပြုပြီး ဖန်တီးထားသည့်အတွက် ထိုခန္ဓာကိုယ်သည် မူရင်းခန္ဓာကိုယ်ထက် ပိုသန်မာကာ မနားမနေ တိုက်ခိုက်နိုင်စွမ်းရှိသည်။

ဒါ့အပြင် စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်နိုင်ရင်တောင် မှ အကာကွယ်ကို ပြုလုပ်ထားသည့်အတွက် မူရင်းခန္ဓာကိုယ်က ထိခိုက်မှုမရှိစေရဘူး။

ဒါပေမဲ့ ရှကျိုးယွီသည် ပုံရိပ်တစ်ထောင် သိုင်းပညာနဲ့ ဖန်တီးထားသော စိတ်ဝိညာဉ်ခန္ဓာကိုယ်ကို ဖျက်စီးလိုက်နိုင်ရုံသာမကပဲ အကာအကွယ်ကိုပါ ဖျက်ဆီးလိုက်၏ ။ ထိုတိုက်ချက်က မူရင်းခန္ဓာကိုယ်ကိုပါ တိုက်ရိုက် ထိခိုက်စေခဲ့သည်။ သူမရဲ့ အသက်ကိုပါ ထိခိုက်လာနိုင်လောက်တဲ့အထိ ပြင်းထန်၏ ။ အခုလိုအဖြစ်ပျက်မျိုးက ထန်းလျင်ဂိုဏ်း အနေနဲ့ တစ်ခါမှမတွေ့ခဲ့ဘူးတဲ့ ကြောက်မက်ဖွယ် အဖြစ်ပျက်မျိုးပဲ။

“အဲ့ဒီလူက ဘယ်သူများလဲ!”

သူမကတွေးနေရင်းနဲ့ အင်္ကျီအတွင်းထဲကနေ စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံးကို ထုတ်ယူလိုက်သည်။ ထိုကျောက်တုံးသည် နှင်းနဂါးတောင်ကို ရောက်လာချိန်မှာ မတော်တဆ ရရှိခဲ့သော စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးဖြစ်သည်။

“ငါ့ရဲ့ ထန်းလျင်ဂိုဏ်းကို တစ်ယောက်ယောက်က တိုက်ခိုက်ဖို့ ကြံစည်နေတာလား?”

ထိုအတွေးကြောင့် သူမပိုပြီး ထိတ်လန့်သွား၏။ ထန်းလျင်ဂိုဏ်း ကိုပါ ချက်ချင်းအကြောင်းကြားဖို့ ပြင်လိုက်သည်။ ဒါပေမဲ့ အချိန်တခဏ ကြာပြီးနောက်မှာ သူမရဲ့အတွေးကို ပြန်ရုတ်သိမ်းလိုက်သည်။ ဒီသတင်းကိုသာ သေချာမစုံစမ်းပဲ ဂိုဏ်းကို အလောတကြီး တင်ပြလိုက်မည်ဆိုရင် ဂိုဏ်းအကြီးအကဲများ စိတ်ပျက်သွားလိမ့်မည်။ ရှန့်ထျန်း နယ်မြေကြီးတစ်ခုလုံးမှာ ထန်းလျင်ဂိုဏ်းကို တည်ထောင်ခဲ့တာ နှစ်တစ်သောင်းတောင်ကြာမြင့်ခဲ့ပြီ။ ဒါကြောင့် ဘယ်လိုလူက ထန်းလျင်ဂိုဏ်းကို ထိခိုက်အောင် လုပ်ရဲမှာလဲ?

ထိုမိန်းကလေး စတင်ပြီး အတွေးများလာခဲ့သည်။ သူမရဲ့ ခန္ဓာကိုယ်အတွင်းက သွေးတွေနဲ့ စွမ်းအင်တွေအားလုံး ပွက်ပွက်ဆူလာ၏ ။

“အဟွတ်”

သူမထပ်မံပြီး သွေးတစ်ပွက် အန်ထုတ်လိုက်ပြန်သည်။ ချက်ချင်းပဲ သူမရဲ့ မြင်ကွင်းတစ်ခုလုံး မဲမှောင်သွားကာ ခြေလှမ်းအနည်းငယ် အနောက်ဆုတ်သွား၏ ။ သူမပြုတ်ကျတော့မတတ် ဖြစ်သွားခဲ့သည်။ ခန္ဓာကိုယ်အတွင်းက လှိုက်တက်လာတဲ့ နာကျင်မှုက သူမရဲ့ အသိစိတ်ကိုပါ ပျောက်ဆုံးလုနီးနီး ဖြစ်စေ၏ ။

သူမအမြန်ပဲ သိုလှောင်ဧရိယာအတွင်းမှ စိတ်ဝိညာဉ်စွမ်းအင်အများကြီးကို ထုတ်ယူလိုက်ကာ ချက်ချင်းစုပ်ယူလိုက်သည်။ ထို့နောက်မှာ နှင်းနဂါးတောင်ကို ထပ်မံ ကြည့်ရှုလိုက်၏ ။ မကြာမီ သူမရဲ့ အကြည့်က တရှားတိုင်းပြည် ရှိရာဘက်ကို ပြန်လည် ကျရောက်သွားကာ အသက်တစ်ချက် ရှုသွင်းလိုက်သည်။

“အခုငါ ဒီနေရာမှာ တစ်ယောက်ထဲရှိနေတာ။ ဒါ့အပြင် အပြင်းအထန် ဒဏ်ရာရထားသေးတယ်။ ငါ့ရဲ့ အစီအစဉ်တိုင်း ဆက်သွားချင်တယ်ဆိုရင် ရက်တစ်ချို့ အနားယူရအုံးမယ်”

“အမှန်ပဲ။ တရှားတိုင်းပြည်ထဲမှာ ဒီလိုမျိူး စိတ်ဝိညာဉ်စွမ်းအင် ကျောက်တုံးတစ်တုံး ပေါ်လာတယ်ဆိုမှတော့ နောက်ကွယ်အကြောင်းအရင်းက တရှားတိုင်းပြည်နဲ့ သေချာပေါက် ပတ်သက်နေရမယ်!”

“တိုင်းပြည်ရဲ့ ကံကြမ္မာအမှတ်က တစ်လထဲနဲ့ ခြောက်ဆတောင် တက်သွားခဲ့တာဆိုတော့ ဒီကိစ္စတွေရဲ့ နောက်ကွယ်မှာ ဘယ်သူရှိနေတာလဲ!”

ထိုမိန်းကလေးက အံကြိတ်လိုက်သည်။ ဒီလိုနဲ့ နှင်းနဂါးတောင် အောက်ခြေရှိရာသို့ ဦးတည်လိုက်၏ ။

…..

တရှားတိုင်းပြည်၏ နယ်စပ်တွင် သန်းချီသော ငွေတုံးများစွာကို သယ်ဆောင်လာတဲ့ ကုန်ယာဉ်တန်းသည် မဟာတံတိုင်း တည်ဆောက်ရာ နေရာသို့ သွားနေလေ၏ ။ လီလင်ပုသည် မြင်းနက်ကြီးပေါ်တွင် စိတ်တက်ကြွစွာဖြင့် ထိုင်နေခဲ့သည်။ သူ့ရဲ့အနောက်တွင် သိုင်းအကြီးအကဲများစွာ လိုက်ပါလာသည်။

တရှားတိုင်းပြည်၏ နယ်စပ်ရှိ လှပသော ရှုခင်းများကို ကြည့်နေရင်း ထိုအကြီးအကဲတွေ အတွေးလွန်နေကြသည်။ မကြာမကြာ လီလင်ပုကို လှမ်းကြည့်ကြသေး၏ ။ လီလင်ပုကို အကဲခတ်နေကြပုံပင်။

ဒီလိုနဲ့ မကြာခင်မှာပဲ ကျန်းပိုင်မင်းသား တည်ရှိရာနေရာကို အကုန်လုံး ရောက်ရှိလာတော့သည်။

ခမ်းနားတဲ့ မြို့တံတိုင်းက အကြီးကဲအားလုံးရဲ့ အမြင်ကို ဖမ်းစားသွားတော့၏ ။

…………

All Chapters