← Chapters

ငါတို့အားလုံး ကူညီချင်တယ်

Vol. 12 Ch. 167

ငါတို့အားလုံး ကူညီချင်တယ်

Vol. 12 Ch. 167

"ဒါက မင်းတို့ပြောနေတဲ့ မဟာတံတိုင်းဆိုတာလား။ ငါ အရင်က သတင်းပဲ ကြားခဲ့ရတာ။ အခု မြင်လိုက်ရတဲ့ အချိန်ကျမှ တော်တော်ကို အထင်ကြီးဖို့ ကောင်းတာပဲ။ ဒီတံတိုင်းပေါ်မှာ ဆန်းကြယ်တဲ့ အရှိန်အဝါတစ်ခုကို ငါ ခံစားလို့ရတယ်။ ရှေးဟောင်းပစ္စည်းတစ်ခုကို ကြည့်နေရသလိုမျိုးပဲ။ ခမ်းနားလိုက်တာ"

ကျန်းစန် မြှောက်ပင့် ပြောဆိုလိုက်သည်။.

"ကျန်းစန်၊ မြှောက်ပင့်နေတာ တော်လိုက်တော့။ ဒါက သာမန်နံရံတစ်ခုပဲ မဟုတ်ဘူးလား?"

"မှန်တယ်။ ဒီနံရံက ငါတို့တွေ ဓားနဲ့ တစ်ချက်ခုတ်လိုက်ရင်တောင် ခံနိုင်ပါ့မလား?"

"ပြောမရဘူးလေ။ ခံရင်လည်း ခံနိုင်မှာပေါ့”

“ဟားဟား။ တရှားတိုင်းပြည်ရဲ့ အသုံးမကျတဲ့ တွေးခေါ်မှုကို ငါ တကယ်ကို နားမလည်လိုက်တာ။ ဒီလို အသုံးမဝင်တဲ့ တံတိုင်းစုတ်ကြီး တည်ဆောက်ရတယ်လို့!"

"ကျန်းစန်၊ မင်း ရိုးရိုးသားသား ပြောစမ်းပါ။ မင်းသာ ဓားနဲ့ တစ်ချက်ခုတ်လိုက်မယ်ဆိုရင် ဒီနံရံက ခံနိုင်မယ်လို့ မင်း တကယ်ထင်လား?"

အကြီးအကဲများစွာရဲ့ ကဲ့ရဲ့သံသည် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။ ဒါပေမဲ့ တရှားတိုင်းပြည်ဘက်က ခုခံပြောဆိုပေးသူ တစ်ချို့လည်း ရှိပါသေး၏။

"ဒီတံတိုင်းက သူ့ဟာနဲ့သူ ထူးခြားတယ်လို့ ထင်ပါတယ်။ နည်းနည်းလည်း ကြည့်ရတာ သာမန်နဲ့ မတူဘူးလေ"

"အေးပေါ့။ ဒီလိုပစ္စည်းမျိုးက သေမျိုးတွေအတွက်တော့ အံ့ဖွယ်တံတိုင်းကြီး ဖြစ်နေမှာပေါ့။ ဒါပေမဲ့ တကယ့်ကပ်ဘေးနဲ့ ကြုံလာခဲ့မယ်ဆိုရင် ဒါက အကျိုးထူးပါ့မလား?"

"တရှားဘုရင်ရဲ့ အမြင်က ဒီတစ်ခေါက်တော့ တော်တော်လေး တိမ်သွားခဲ့တယ်!”

"မှန်တယ် မှန်တယ်!"

ဒီလိုနဲ့ ဆွေးနွေးသံတွေက အဆက်မပြတ် ထွက်ပေါ်နေခဲ့သည်။ အကုန်လုံးရဲ့ မျက်လုံးထဲမှာ အထင်သေးမှုတို့ ရှိ၏။

သူတို့သည် အရင်က မဟာတံတိုင်းကို မမြင်ဖူးခဲ့ကြပေ။ ဘယ်လို တည်ဆောက်ထားတယ် ဆိုတာကို ဘယ်သူကမှ မသိခဲ့ကြဘူး။ ထို့ကြောင့် စိတ်မှန်းနဲ့သာ မှန်းဆခဲ့ကြသည်။ ဒါပေမဲ့ အခု လက်တွေ့ မြင်တွေ့လိုက်ရချိန်တွင် သူတို့ရဲ့ မျှော်လင့်ချက်က အရမ်းမြင့်သွားခဲ့သည် ဆိုတာကို နားလည်လိုက်ကြ၏။ ကွာဟချက်က အလွန် မြင့်လွန်းနေသည်။

ဒါပေမဲ့ ထိုစကားလုံးတွေကို လီလင်ပု ကြားတဲ့အခါမှာ လုံးဝ မပျော်ရွှင်တော့ပေ။

'မင်းတို့က တံတိုင်းကို အပြစ်တင်ရုံတင် မကဘဲ အရှင်မင်းကြီးကိုပါ အပြစ်ပြောလိုက်တာလား?! ဖြစ်နိုင်စရာလား?!’

လီလင်ပု မနေနိုင်စွာ အနောက်က လူအုပ်ကို လှည့်ကြည့်ပြီး ချောင်းဟန့်လိုက်သည်။

"အဟမ်း!"

ထိုအကြီးအကဲတွေအားလုံး လီလင်ပုကို လှည့်ကြည့်လာကြ၏။

"အားလုံးပဲ ဒီတံတိုင်းနဲ့ပတ်သက်ပြီး သာမန်ဆန်တယ်လို့ ပြောချင်တယ်ဆိုရင် ကျုပ် လက်ခံတယ်။ တကယ်လည်း မှန်တယ်။ ဒါပေမဲ့ အရှင်မင်းကြီးက မတွေးတောတတ်ဘူးဆိုတဲ့ စကားကတော့ တော်တော်လေး လွန်သွားပြီ!"

"ပြောရမယ်ဆိုရင် ကျုပ်တို့ တရှားတိုင်းပြည်ကသာ ခင်ဗျားတို့ မှန်းထားသလိုမျိုး ခမ်းနားကြီးကျယ် မြင့်မြတ်လှတဲ့ တံတိုင်းကြီး တည်ဆောက်နိုင်မယ်ဆိုရင် ခင်ဗျားတို့ကို ဒီနေရာကို ခေါ်ပါဦးမလား? ဖိတ်ခေါ်ဖို့အတွက် ခင်ဗျားတို့က တန်ပါဦးမလား?"

"အခု ခေါ်တာကလည်း လှည်းမောင်းဖို့ အတွက်ပဲမလား? တရှားတိုင်းပြည်ထဲမှာ လှည်းမမောင်းတတ်တဲ့ ပြည်သူရှိလို့လား? ခင်ဗျားတို့ကို ဘယ်သူက ဖိတ်ခေါ်ခဲ့လဲဆိုတာ မမေ့နဲ့!"

လီလင်ပုက ပြောနေရင်းနဲ့ ဒေါသတို့ ထိန်းမနိုင်ဖြစ်လာခဲ့ပြီး သူ့ရဲ့စကားလုံးတွေက ပိုမို မောက်မာလာခဲ့သည်။ မျက်စိရှေ့က သိုင်းအကြီးအကဲတွေကို လီလင်ပု လုံးဝ မကြောက်ရွံ့ပါချေ။

ဒီကုန်သွယ်မှု ပြီးသွားတာနဲ့ သူတို့နဲ့ ပတ်သက်စရာမှ မလိုအပ်တော့တာဘဲ။ ဒါ့အပြင် လီဖူက အနောက်က စောင့်ကြပ်ပေးနေသည်။ ဒါကြောင့် အဘယ်မှာ ကြောက်ဖို့ လိုဦးမည်နည်း။

လီလင်ပုရဲ့ စကားတွေကြောင့် အကုန်လုံး အံ့သြသွားခဲ့သည်။ ချက်ချင်း ငြင်းဆိုချက် ထုတ်ချင်ပေမဲ့ ထျန်းချီတာဝါကို တွေးမိလိုက်သည်နှင့် မနေနိုင်စွာ ပါးစပ်ပိတ်လိုက်ကြရ၏။ ထျန်းချီတာဝါနဲ့ တရှားတိုင်းပြည်ရဲ့ ပူးပေါင်းမှုကြောင့် အကုန်လုံး မနေနိုင်စွာ အတွေးများသွားခဲ့သည်။

'ဒီသုံးစားမရတဲ့ နံရံက ကြည့်လိုက်ရင်တော့ ခမ်းနားသလိုရှိပေမဲ့ တကယ်မှာတော့ ဆောက်လုပ်ထားတဲ့ အရည်အချင်းက တော်တော်ကို မပြည့်ဝဘူး။ ဒီနံရံစုတ်အတွက် ငွေပို့ဖို့ အကြောင်းပြချက်နဲ့ ထျန်းချီတာဝါက ငါတို့အားလုံးကို ဖိတ်ခေါ်ခဲ့တယ်။ တကယ့်ရည်ရွယ်ချက်က မဟာတံတိုင်းအတွက်ကော ဟုတ်ရဲ့လား?’

အကုန်လုံးရဲ့ မျက်လုံးထဲမှာ ချက်ချင်းပဲ အလင်းတန်းတွေ ဝင်ရောက်လာခဲ့သည်။

"အမတ်လီ ပြောတာမှန်တယ်။ ငါတို့ကို ဒီနေရာကို ဖိတ်ခေါ်ခဲ့တဲ့ အကြောင်းအရင်းက အပြစ်ပြောဖို့အတွက် မဟုတ်ဘူး။ ငါတို့ အစောပိုင်းက အလျင်စလို ပြုမူမိသွားတယ်။ ကျေးဇူးပြုပြီး အမတ်လီ ခွင့်ပြုပေးပါ။ ငါတို့ရဲ့ စကားတွေကို အပြစ်မမြင်ပါနဲ့"

"ဟုတ်ပါတယ် အမတ်လီ။ ငါတို့ မှားသွားတယ် ဆိုတာကို သိပါပြီ။ မှားယွင်း ပြောဆိုခဲ့မိတယ်"

အပြစ်ပြောခဲ့တဲ့ သူတွေအားလုံး ချက်ချင်းပဲ ဖာထေးပြောဆိုလာကြ၏။

ကျန်းစန်သည် အစကနေ အဆုံးထိ စကားတစ်ခွန်းမှ ဝင်မပြောခဲ့ပေ။ ထိုအချိန်မှာ အရှေ့တိုးလိုက်ပြီး ပြုံးပြလိုက်လေကာ…

"ဒီမဟာတံတိုင်းက ကောင်းမွန်တယ်လို့ ငါ ထင်တယ်။ မင်းတို့အားလုံးက အစက ငါ့ကို ငြင်းဆိုခဲ့ကြတယ်။ အခု ပြန်ကြည့်ကြည့်လိုက်။ မင်းတို့ ဘယ်လိုထင်လဲ?”

ကျန်းစန်ရဲ့စကားကြောင့် အကြီးအကဲတွေရဲ့ နှုတ်ခမ်းသည် ချက်ချင်းပဲ တွန့်လိမ်သွားခဲ့သည်။ ဒါပေမဲ့ ဘယ်သူမှ ကျန်းစန်ကို မငြင်းဆိုရဲတော့ပေ။

ဒါပေမဲ့ ထိုအချိန်မှာပဲ လူတစ်ယောက်က ရှေ့တိုးလာခဲ့ပြီး…

"ဒါက တကယ်ကို မကောင်းဘူး!"

ထိုစကားကြောင့် အကြီးအကဲတွေအားလုံး မနေနိုင်စွာ လှည့်ကြည့်မိသွားသည်။ ဒီအချိန်မှာ ရှေ့ထွက်ရဲတယ်လား? သေချာပေါက် ထျန်းချီတာဝါကို စိတ်ဆိုးအောင် လုပ်လိုက်တာပဲ။ သူတို့တောင် မလုပ်ရဲတော့လို့ ငြိမ်နေရတာလေ။

အကုန်လုံး ဘာမှမပြောရဲကြပေမဲ့ အရှေ့ထွက်လာတဲ့ အကြီးအကဲကို တိတ်တဆိတ် လက်မ ထောင်ပြလိုက်ကြသည်။

လီလင်ပုကတော့ မျက်မှောင်ကြုတ်သွား၏။ ထိုသူကို စိုက်ကြည့်လိုက်သည်။ ထိုသူက မုတ်ဆိတ်မွှေး အဖြူများနှင့် လူအိုတစ်ယောက်သာ ဖြစ်၏။ လီလင်ပုရဲ့ အကြည့်ကြောင့် အနည်းငယ် အံ့သြသွားခဲ့သည်။ ထို့နောက်မှာ ပြုံးလိုက်ပြီး…

"စိတ်မဆိုးပါနဲ့ အမတ်လီ။ ငါက အမှန်တိုင်း ပြောနေတာပါ။ တကယ်ပဲ ဒီတံတိုင်းက မကောင်းဘူးလို့ ထင်တယ်။ ဒါကြောင့် ဂိုဏ်းကို ပြန်ရောက်တဲ့အချိန်ကျရင် အစီအရင်ဆရာ တစ်ချို့ကို အကူအညီတောင်းပြီး တရှားတိုင်းပြည်ရဲ့ မဟာတံတိုင်းကို ပြင်နိုင်အောင်လို့ စေလွှတ်လိုက်ပါ့မယ်။ အမတ်လီ ဘယ်လိုထင်လဲ?"

အကုန်လုံး နောက်ဆုံးတော့ နားလည်သွားခဲ့သည်။ ဒီလူက.... တကယ်ကို ဥာဏ်များလိုက်တာ!

လီလင်ပုရဲ့ အကြိုက်ကို ဆောင်နိုင်ရုံတင် သာမကဘဲ ထျန်းချီတာဝါကိုပါ အထင်ကြီးအောင် လုပ်နိုင်ခဲ့သည်။ ဒီလို အခွင့်အလမ်းကောင်းကို ဘာလို့များ မတွေးခဲ့မိရတာလဲ?

ထိုသူရဲ့ အကြံအစည်များမှုကို အကုန်လုံး ချက်ချင်းပဲ လက်ခံလိုက်တော့သည်။

ထိုအချိန်မှာပဲ နောက်တစ်ယောက်က အရှေ့ထွက်လာခဲ့ပြီး…

"ဒီမဟာတံတိုင်းက တော်တော်လေး ကောင်းနေပြီဆိုပေမဲ့ မတိုးတက်သေးဘူးပေါ့။ ငါ့ရဲ့ဂိုဏ်းမှာလည်း အားနေတဲ့ တပည့်တစ်ချို့နဲ့ အစီအရင်ဆရာ တစ်ချို့ရှိတယ်။ ဂိုဏ်းကို ပြန်ရောက်ပြီး သင့်တော်တဲ့အချိန်မှာ သူတို့ကို စေလွှတ်လိုက်ပါ့မယ်”

ထိုသို့ဖြင့် တစ်ယောက်ပြီးတစ်ယောက် အရှေ့ ထွက်လာခဲ့ပြီး အချိန်တိုအတွင်းမှာပဲ အကြီးအကဲတွေအားလုံး အားတက်သရော အကူအညီကို ကမ်းလှမ်းလာကြသည်။

လီလင်ပု လုံးဝ မှင်သက်သွား၏။

“မဟုတ်သေးဘူး။ ကျုပ်အခုထိ သဘောမတူရသေးဘူး။

ဒီကိစ္စကို အရှင်မင်းကြီးနဲ့ ဆွေးနွေးဖို့လိုတယ်! ဒီဟာက ကိစ္စကောင်းတစ်ခုဆိုပေမဲ့ အလျင်စလိုလုပ်လို့ မရဘူး!"

"ဒီလိုဆိုရင်ရော။ မြို့တော်ကို ပြန်သွားပြီး အရှင်မင်းကြီးနဲ့ တွေ့လိုက်မယ်။ ပြီးတဲ့အချိန်ကျရင် ဆုံးဖြတ်ချက် ချပြီးတာနဲ့ ဆက်သွယ်လိုက်မယ်လေ။ ဘယ်လိုသဘောရလဲ?"

လီလင်ပု ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။

ပထမဦးဆုံး ရှေ့ထွက်ပြောဆိုခဲ့သော အဘိုးအိုသည် ရယ်လိုက်လေကာ..

"အမတ်လီ ဘာတွေပြောနေတာလဲ? ဘာလို့ ဆွေးနွေးနေရမှာလဲ? ဒီအတိုင်းပဲ ထားလိုက်ကြရအောင်လေ"

ကျန်တစ်ယောက်ကပါ ထပ်မံ ပြောဆိုလိုက်၏။

"ဟုတ်တယ်။ အဲလောက်ထိ ပြဿနာများဖို့ မလိုပါဘူး။ ကူညီမယ်ဆိုတာက ကိစ္စအသေးလေး တစ်ခုပဲလေ။ ငါတို့အားလုံးက အလကား ကူညီချင်ကြတာပဲ။ အမတ်လီက မယုံကြည်ဘူးဆိုရင်..."

ထိုသူက ပြောနေရင်းနဲ့ အနောက်တွင် ရှိနေသော ဝေ့တပ်သားတွေကို ကြည့်လိုက်သည်။

"စိတ်မပူပါနဲ့ အမတ်လီ။ ငါတို့ရဲ့ တပည့်တွေကို စေလွှတ်ခဲ့မယ်ဆိုရင် သူတို့တွေက ဂရုတစိုက်နဲ့ စောင့်ကြည့်ပေးပြီးတော့ ဒီလူတွေကို သေချာခိုင်းစေနိုင်မှာပါ!"

"ဒါ အမှန်ပဲ။ တရှားတိုင်းပြည်က မဟာတံတိုင်းကို တည်ဆောက်ချင်တယ်ဆိုမှတော့ ငါတို့လည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးရမှာပေါ့။ ဒီကိစ္စကို ကြန့်ကြာစေလို့ မဖြစ်ဘူး။ တစ်ရက် ကြန့်ကြာစေတာက ကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်လာစေဖို့အတွက် နှောင့်နှေးအောင် လုပ်လိုက်တာပဲ။ တရှားတိုင်းပြည်ရဲ့ အရေးပါတဲ့ အဖြစ်အပျက်ကို နှောင့်နှေးစေလို့ မဖြစ်ဘူး"

"ဒါက အရေးကြီးတဲ့ ကိစ္စတစ်ခုပဲ"

"အရှင်မင်းကြီးဆီ တင်ပြနေဖို့ မလိုတော့ပါဘူး"

အကုန်လုံးက အခွင့်အရေးကို လက်လွှတ် မခံချင်ခဲ့ကြပေ။ ဒီအချိန်မှာ အခွင့်အရေးကိုသာ အပြည့်အဝ မဆုပ်ကိုင်ထားဘူးဆိုရင် အနာဂတ်မှာ မထင်ထားတဲ့ ကိစ္စတွေ ဖြစ်လာနိုင်သည်။ ထျန်းချီတာဝါရဲ့ ရည်ရွယ်ချက်ကို နားမလည်သေးဘူးဆိုပေမဲ့ တရှားတိုင်းပြည်အတွက် အကောင်းမွန်ဆုံး လုပ်ဆောင်ပေးခြင်းက မှန်ကန်တဲ့လုပ်ရပ်ဟု ထင်သည်။

ဒါ့အပြင် ဂိုဏ်းမှာရှိနေတဲ့ တပည့်တွေက အမှန်တကယ်ကို အားယားနေကြသည်လေ။ ဒါကြောင့် ဒီမှာ လေ့ကျင့်ဖို့ ဘာလို့ မစေလွှတ်ရမှာလဲ?

ဒီလိုဆိုရင် တရှားတိုင်းပြည်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်နိုင်ရုံတင် သာမကဘူး၊ ထျန်းချီတာဝါကို မျက်နှာလုပ်လို့လည်း

ရဦးမည်။ ဒါကြောင့် သူတို့ တွေးမိလေလေ လီလင်ပုကို ပိုပြီး သဘောတူလာစေချင်လေလေပင်။

"အမတ်လီ မတွန့်ဆုတ်နေပါနဲ့။ ငါတို့ရဲ့ တပည့်တွေက အလုပ်ကြိုးစားတဲ့သူတွေပါ။ သူတို့က ကူညီပေးကြမှာ စိတ်မပူနဲ့!"

"ဟုတ်တယ် အဲဒါအမှန်ပဲ"

……….

All Chapters