← Chapters

ဘာမှမလုပ်ဘဲ အချောင်ခံရ

Vol. 108 Ch. 1506

ဘာမှမလုပ်ဘဲ အချောင်ခံရ

Vol. 108 Ch. 1506

အခန်း (၁၅၀၆) ဘာမှမလုပ်ဘဲ အချောင်ခံရ

ရန်ကျောက်ကဲကိုကြည့်ရင်း ရန်တိနှင့် ရွှယ်ချူးချင်တို့လည်း ခဏမျှ တိတ်ဆိတ်သွားကြသည်။

ထိုအချိန် ပြင်ပလောကမှ နောက်ထပ်သတင်းအချက်အလက်များ ထပ်မံ ရောက်ရှိလာခဲ့သည်။

နှစ်ပေါင်း(၂၀)ကျော်ကြာပြီးနောက် အမတခုံရုံးမှ တန်ခိုးစွမ်းအားရှင်များ တာအိုစကြာဝဠာသို့ ထပ်မံဆင်းသက်လာသည်ဆိုသော သတင်းပင်။

ယခုတစ်ကြိမ် သူတို့ပစ်မှတ်ထားသည်က ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာနှင့် ၎င်းအောက်ရှိ အောက်ဘုံကမ္ဘာများဖြစ်သည်။

ရန်ကျောက်ကဲက သက်ပြင်းရှည်တစ်ချက်ချရင်း...

“မဟာမာရူယိက နတ်မိစ္ဆာတွေကို တစ်ယောက်တည်းတားဆီးထားတယ် ၊ သူ့ကြောင့် အနောက်ဘက်သူတော်စင်ဘုံက လူအင်အားကို ပိုပြီး လွတ်လွတ်လပ်လပ် အသုံးပြုသွားနိုင်တယ် ၊ ဒီတော့ သူတို့က အဖြူရောင်ကြာပန်းသုခဘုံကို ခုခံဖို့ အမတခုံရုံးကို ကူညီနိုင်သွားတာပေါ့”

သူက ဆက်ပြောလိုက်သည်။

“အဲဒီတော့ အမတခုံရုံးက ပြင်ပတာအိုကျင့်ကြံသူတွေက တာအိုစကြာဝဠာရဲ့ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာကို လူတွေစေလွှတ်နိုင်သွားတယ်လေ”

ရန်တိက တည်ကြည်လေးနက်သော အမူအရာဖြင့်..0

“သူတို့က အထက်ဘုံကမ္ဘာကလူတွေကို ယုံကြည်ခြင်းအလင်းပေးချင်တာလား ၊ တာအိုစကြာဝဠာက ရင်းမြစ်အားလုံးကို သူတို့အကျိုးအအတွက် သိမ်းပိုက်ဖို့ ရည်ရွယ်တာလား”

ရန်ကျောက်ကဲက ခရမ်းရောင်ဝိညာဉ်ခန်းမ၏ မျက်နှာကျက်ကို ခေါင်းမော့ကြည့်ရင်း...

“သူတို့အတွက် စစ်ပွဲကရလာမယ့်အကျိုးအမြတ်က လူတစ်ယောက်တည်းပဲ ရှိတယ်”

ထိုစကားကြားတော့ ရန်တိနှင့် ရွှယ်ချူးချင်တို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။

ရွှယ်ချူးချင်က...

“မြေကမ္ဘာထက်ယံအရှင်သခင်က ချီစွမ်းအား(၅)ခု ပေါင်းစည်းခြင်းအဆင့်ကို ပြန်ရောက်သွားပြီထင်တယ်”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“အမှန်ပဲ...”

သူက ဆက်ပြောလိုက်သည်။

“သာမန်အခြေအနေအောက်မှာဆိုရင်... ကျန်းရှန် ဘယ်လောက်အထိ ဆက်ပြီးတိုးတက်မလဲဆိုတာ သေချာမပြောနိုင်ဘူး ၊ ဒါပေမဲ့ သူက ပြင်ပတာအိုကျင့်ကြံသူအဖြစ် ယုံကြည်အခြင်းအလင်း ပေအပ်ခံရမယ်ဆိုရင်... ကောင်းကင်နတ်ဘုရားအဆင့်ကိုတက်ဖို့ မျှော်လင့်ချက်ရှိသွားလိမ့်မယ် ၊ ပြီးတော့ အဲဒီလိုဖြစ်ဖို့ အချိန်အကြာကြီးမလိုဘူး ၊ အနှစ်(၁၀၀)အတွင်း ဖြစ်သွားနိုင်တယ် ၊ ဘာလို့လဲဆိုတော့ သူ့မှာ ကျွန်တော်တို့ စန်းချင်း(၃)ပါးအဆက်အနွယ် အခြေခံအုတ်မြစ် ရှိထားပြီးသားလေ”

ရန်တိနှင့် ရွှယ်ချူးချင်တို့ တိတ်ဆိတ်နေသည်။

သူတို့က ကျန်းရှန်နှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ကြပြီး ယခင်က ရန်သူများဖြစ်ခဲ့ကြသည်။ ယခုလည်း ထိုအခြေအနေက မပြောင်းလဲပေ။

သို့သော် ဤသတင်းကြားတော့ သူတို့၏စိတ်ခံစားချက်များ ရှုပ်ထွေးလာသည်။

ရန်တိက မျက်မှောင်ကျုံ့ရင်း...

“မဟာမာရူယိလို ပုဂ္ဂိုလ်တစ်ယောက် ထွက်ပြီးလှုပ်ရှားလာတယ်ဆိုတော့... အမတခုံရုံးနဲ့ အနောက်ဘက်သူတော်စင်ဘုံက ချက်ချင်း တန်ပြန်တိုက်စစ်ဆင်မယ့် သဘောပဲ ၊ တာအိုအဓိပတိတွေက အချင်းချင်းထိန်းထားကြတော့... မဟာမာရူယိက တစ်လောကလုံးကို လွှမ်းမိုးထားနိုင်လိမ့်မယ်”

“အဲဒီတော့ အထက်ဘုံကမ္ဘာကလူတွေကို ဉာဏ်အလင်းပေးဖို့ လိုအပ်သေးလို့လား... အဲဒီလိုလုပ်တာက အမတခုံရုံးအတွက် တကယ်အကျိုးရှိပါ့မလား”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“ဒီတစ်ခေါက် မဟာမာရူယိ ဘာလို့ ဝင်ပါသလဲဆိုတာ အကြောင်းရင်း မသိရဘူး ၊ ဒီကိစ္စပြီးသွားရင် သူ အမတခုံရုံးကို ဆက်ကူညီမလားဆိုတာ သေချာမပြောနိုင်ဘူး ၊ သူက နတ်မိစ္ဆာမျိုးနွယ်က ဆင်းသက်လာတဲ့သူ ၊ ပြီးတော့ မဟာနတ်မိစ္ဆာတချို့နဲ့ နက်ရှိုင်းတဲ့ဆက်နွယ်မှုတွေ ရှိတယ် ၊ မဟာတ်ရင် အလယ်ခေတ်တစ်လျှောက်လုံး တံခါးပိတ်ကျင့်ကြံနေမှာ မဟုတ်ဘူး”

ခဏနားပြီးမှ သူက ဆက်ပြောလိုက်သည်။

“မဟာမာရူယိ ဆက်လှုပ်ရှားနေမယ်ဆိုရင်တော့ ကျွန်တော်တို့ ငရဲကိုးထပ်ရဲ့လှုပ်ရှားမှုတွေကို ပိုပြီးအာရုံစိုက်ရလိမ့်မယ်”

ရန်ကျောက်ကဲက အလေးအနက်တွေးလိုက်ရင်း...

“တာအိုအဆင့်အောက်မှာ မဟာမာရူယိနဲ့ယှဉ်နိုင်သူ အရမ်းနည်းတယ် ၊ သူ့ရဲ့ ရောင်စဉ်ငါးသွယ် စွမ်းအားရောင်ဝါကို ရင်ဆိုင်ဖို့ ကျွန်တော်တို့ ယွိချင်အဆက်အနွယ်မှာတောင် မြေပြင်ယင်ယန်မက်မွန်အလံ တစ်ခုပဲရှိတယ်”

ရွှယ်ချူးချင်က...

“တာအိုစကြာဝဠာက မြောက်ပိုင်းကြယ်စင်ဧကရာဇ်နဲ့ပတ်သက်တဲ့သတင်း ဘာမှမရဘူးလား”

ရန်ကျောက်ကဲက ခေါင်းခါယမ်းရင်း...

“မရဘူး...”

ရွှယ်ချူးချင်က သက်ပြင်းချရင်း...

“ပြင်ပတာအိုကျင့်ကြံသူတွေအပြင် အနောက်ဘက်သူတော်စင်ဘုံက ဗုဒ္ဓတွေလည်း တာအိုစကြာဝဠာထဲကို လျှို့ဝှက်ဝင်ရောက်လာပုံရတယ်”

မြောက်ပိုင်းကြယ်စင်ဧကရာဇ်နှင့်ပတ်သက်သည့်သတင်းမရှိပါက သူ့ကို တစ်စုံတစ်ယောက်က တားဆီးထားပြီ ဖြစ်နိုင်၏။

တာအိုစကြာဝဠာတွင် အနောက်ဘက်သူတော်စင်ဘုံမှဗုဒ္ဓများက ပေါ်တင်ရှေ့ထွက်မလာသော်လည်း အခြားနည်းလမ်းများဖြင့် ကူညီပေးခဲ့သည်။

သူတို့သာ မြောက်ပိုင်းကြယ်စင်ဧကရာဇ်ကို တားဆီးမထားပါက အမတခုံရုံးအနေဖြင့် အလုပ်များကို ဤမျှလွယ်ကူစွာ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက တိုးလျသည့်လေသံဖြင့်...

“အထက်ဘုံကမ္ဘာကို ယုံကြည်ခြင်းအလင်းတန်းနဲ့ ဉာဏ်အလင်းပေးပြီး သူတို့လူအင်အားဖြည့်တင်းမယ်ဆိုတာက... သူတို့ရဲ့ ဒုတိယ ရည်ရွယ်ချက်ပဲ”

သူက ဆက်ပြောလိုက်သည်။

“ကျန်းရှန်အပြင် အထက်ဘုံကမ္ဘာမှာ တခြားနက်ရှိုင်းနတ်ဘုရား မရှိဘူး ၊ ဒါကြောင့် ပြင်ပတာအိုကျင့်ကြံသူတွေအနေနဲ့ ဒီလိုလုပ်လိုက်ရုံနဲ့ ထိုက်ရွှီးမူလနတ်ဘုရားတွေ ပိုများလာစရာ အကြောင်းမရှိဘူး”

“ကျန်းရှန်က ကောင်းကင်နတ်ဘုရားအဆင့်ကို တက်လှမ်းနိုင်တယ်ဆိုရင်တောင်... သူ့အနေနဲ့ အဲဒီအဆင့်ကို ချက်ချင်း‌ရောက်သွားမှာ မဟုတ်ဘူး ၊ သူက အခု ပန်းနှစ်ပွင့်ပေါင်းစည်းခြင်းသရဖူကိုတောင် မရသေးဘူး”

ရန်ကျောက်ကဲက နှုတ်ခမ်းများတွန့်ကွေးလိုက်ရင်း...

“သူတို့အနေနဲ့ အဖြူရောင်ကြာပန်းသုခဘုံကို တန်ပြန်တိုက်စစ်ဆင်တာမအောင်မြင်ရင်... သူတို့အာရုံစိုက်ရမယ့် အဓိကပြဿနာတစ်ခု ရှိနေတယ် ၊ အဲဒါက သူတို့ရဲ့ ယုံကြည်ခြင်းစွမ်းအား မတည်မငြိမ် ဖြစ်နေတာပဲ”

ရန်တိက ခေါင်းညိတ်ရင်း...

“မင်းမွှေလိုက်တဲ့ပြဿနာကလည်း အမတခုံရုံးရဲ့ ဂုဏ်သိက္ခာ အတော်လေးထိခိုက်သွားတယ်လေ”

သူက ဆက်ပြောလိုက်သည်။

“ဒီတော့ သူတို့က စန်းချင်း(၃)ပါးအဆက်အနွယ်ဖြစ်တဲ့ အထက်ဘုံကမ္ဘာနဲ့ သူ့လက်အောက်က အောက်ဘုံကမ္ဘာတွေကို ယုံကြည်ခြင်းအလင်းနဲ့ ဉာဏ်အလင်းပေးမယ် ဒါမှမဟုတ် အောင်မြင်စွာသိမ်းပိုက်တယ်လို့ ကြေညာပြီး သူတို့သိက္ခာ ပြန်ဆယ်ချင်တာပဲ”

မဟာမာရူယိသည် မည်မျှပင် အားကောင်းပြီး အမတခုံရုံးကို ကယ်တင်ရာတွင် ထိရောက်သည်ဖြစ်စေ ဤအချက်ကို အမတခုံရုံး၏ ထိပ်သီးပုဂ္ဂိုလ်များသာ သိရှိမည်ဖြစ်သည်။

ဤသတင်းအချက်အလက်များက အောက်ခြေလူတန်းစားသို့ ပေးပို့ရန် မဖြစ်နိုင်ပေ။

ရွှယ်ချူးချင်က နက်ရှိုင်းသောလေသံဖြင့်...

“သူတို့လှုပ်ရှားမှုအရဆိုရင်... မဟာမာရူယိက ဒီတစ်ကြိမ်ပဲ ဝင်ကူညီပေးတာ ဖြစ်နိုင်တယ်”

ရန်ကျောက်ကဲက...

“သူလှုပ်ရှားလာတာရဲ့နောက်ကွယ်မှာ အကြောင်းတစ်ခုရှိနိုင်တယ် ၊ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ စဉ်းစားနိုင်တဲ့အရာမျိုး မဟုတ်ဘူး”

သူက ခေါင်းခါယမ်းရင်း...

“အမတခုံရုံးက ကပ်ဘေးကိုကျော်လွှားနိုင်ခဲ့ပေမယ့် အထက်ဘုံကမ္ဘာကတော့ မလွှဲမရှောင်သာ ကပ်ဘေးကြုံရတော့မယ်”

ယခင်က ငရဲကိုးထပ်နတ်ဆိုးများနှင့် ဆက်တိုက်ဆိုသလို တိုက်ခိုက်နေရသဖြင့် တာအိုဝါဒအဆက်အနွယ်များမှာ အနည်းနှင့်အများ အင်အားထိခိုက်ပြီး လုံလောက်သည့်အနားယူမှု လိုအပ်နေခဲ့သည်။

ကောင်းကင်နတ်ဘုရားအနည်းငယ်ကတော့ အခြေအနေ ကောင်းမွန်ကြသေးသည်။ သို့သော် သူတို့ကိုလည်း အနောက်ဘက်သူတော်စင်ဘုံမှ ဗုဒ္ဓများက တားဆီးထားကြသည်။

ထျန်းစူးစကြာဝဠာသည်လည်း အားအင်ကုန်ခမ်းနေပြီ ဖြစ်သည်။

ရန်ကျောက်ကဲသည်ပင် ခြေကုန်လက်ပမ်း ကျနေပေပြီ။

သူက ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခု ပေါင်းစည်းခြင်းစွမ်းအားကို အသုံးပြုခဲ့ရာ သူ၏ အားအင်ရော တန်ခိုးစွမ်းအားပါ များစွာကုန်ခမ်းသွားခဲ့သည်။

သူက တင်းထားသောစိတ်ဓာတ်ကို လျှော့လိုက်ချိန်တွင် ပင်ပန်းနွမ်းနယ်မှုက ဒီဗရပမာမြင့်တက်လာပြီး ပြန်လည်သက်သာလာစေရန် ဖြည်းဖြည်းချင်း အချိန်ယူရမည် ဖြစ်သည်။

ထို့ပြင် ချီထျန်းမဟာအသူတော်စင်၏ ရွှေခန္ဓာသုံးခုပေါင်းစည်းခြင်းကိုလည်း အချိန်တိုအတွင်း ထပ်မံအသုံးပြုနိုင်တော့မည် မဟုတ်ပေ။

ဖန်းယွင်ရှန်းနှင့် ကောင်းချင်းရွှမ်တို့မှာလည်း ပြန်လည်နေကောင်းလာရန် အာရုံစိုက်နေကြရသည်။

နတ်ဘုရားသုတ်သင်အစီအရင်ကို ဖွဲ့စည်းပြီးနောက် အစီအရင်ပြိုကွဲမှုကြောင့် တန်ပြန်ထိခိုက်ဒဏ်ရာရသူများမှာလည်း အလားတူပင် ဒဏ်ရာပြန်ကောင်းရန် ကုသနေကြရသည်။

ထို့ကြောင့် အထက်ဘုံကမ္ဘာ ကပ်ဘေးကြုံရသည့်အခါ ရန်ကျောက်ကဲနှင့် အခြားသူများအနေဖြင့် ကံတရားအတိုင်းဟု သဘောထားက ဘေးမှပင် ရပ်ကြည့်နေကြရတော့သည်။

ရန်ကျောက်ကဲတို့ (၃)ယောက် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြိး သက်ပြင်းချလိုက်ကြသည်။

တာအိုစကြာဝဠာမှ ကမ္ဘာများစွာအလွန်အထက်ဘုံကမ္ဘာ ခံစားရသော ဘေးဒုက္ခများမှာ ထျန်းစူးစကြာဝဠာ အင်အားတိုးတက်မှုနှင့် အတိုင်းအတာတစ်ခုအထိ ဆက်စပ်နေသည်။

လောင်ကျွင်းရှိနေသဖြင့် အခြားအင်အားစုများက မလိုအပ်ဘဲ စန်းချင်း(၃)ပါး အဆက်အနွယ် အမွေအနှစ်များကို အမြစ်ပြတ်သုတ်သင်ပစ်မည် မဟုတ်ပေ။

တိုက်ပွဲများဖြစ်ပေါ်သည့်တိုင် သူတို့က အများအားဖြင့် တစ်ဦးတစ်ယောက် သို့မဟုတ် လူတစ်စုကိုသာ ပစ်မှတ်ထားလေ့ ရှိကြသည်။

စန်းချင်း(၃)ပါးအဆက်အနွယ်တစ်ခုလုံးကို ပါဝင်ပတ်သက်မှု ရှားပါးသည်။

လက်ရှိတွင် ထျန်းစူးစကြာဝဠာနှင့် တာအိုစကြာဝဠာ ကွဲပြားသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သော်လည်း သူတို့နှစ်ခုလုံးက စန်းချင်း(၃)ပါးအဆက်အနွယ်တွင် ပါဝင်သည်။

ထို့ကြောင့် နှစ်ခုလုံး သုတ်သင်ရှင်းလင်းခံရသည်ထက် တစ်ခုတည်းသုတ်သင်ရှင်းလင်းခံရပါက ကျန်တစ်ခုက စန်းချင်း(၃)ပါးအဆက်အနွယ်၏ အမွေအနှစ်များကို ဆက်လက်ထိန်းသိမ်းထားနိုင်ဦးမည်ဖြစ်သည်။

ဤသည်ကပင် အတိုင်းအတာတစ်ခုအထိ အန္တရယ်ရှိကြောင်း ဆုံးဖြတ်နိုင်သည်။

သို့သော် တစ်ဖွဲ့ အန္တရယ်ကျရောက်လေ နောက်တစ်ဖွဲ့က ပိုပြီးဘေးကင်းလေ ဖြစ်သည်။

ထျန်းစူးစကြာဝဠာ၏ ပထဝီအနေအထားအားသာချက်မှာ သူတို့အား လူအများမသိရှိအောင် ဖုံးကွယ်ထားနိုင်ခြင်း ဖြစ်သည်။

ယခု သူတို့ ပိုမိုအားကောင်းလာသလို ပို၍လည်း လုံခြုံလာသည်။

ထို့ကြောင့်ပင် သူတို့ထက် ပိုမိုအားနည်းပုံရသော တာအိုစကြာဝဠာက အန္တရာယ်ရှိသော အခြေအနေသို့ ရောက်ရှိသွားခဲ့ခြင်းပင်။

ပုံမှန်ဆိုလျှင် အားနည်းနေ‌သော အမတခုံရုံးမှာ စန်းချင်း၉၃)ပါးအဆက်အနွယ်များကို လက်စားချေရန်မပြောနှင့် အဖြူရောင်ကြာပန်းသုခဘုံကိုပင် ရင်ဆိုင်နိုင်စွမ်းမရှိတော့ပေ။

သို့သော် မဟာမာရူယိ ထွက်ပေါ်လာသဖြင့် အမတခုံရုံးက လွတ်လမ်းရသွားခဲ့သည်။ ရလဒ်အနေဖြင့် အထက်ဘုံကမ္ဘာ ကပ်ဘေးကျရောက်ခဲ့ရသည်။

ရန်ကျောက်ကဲက နဖူးကိုလက်ဖြင့်ပွတ်သပ်ရင်း သက်ပြင်းချလျှက် အနည်းငယ်ပြုံးလိုက်သည်။

“ဒီတစ်ခါတော့ အထက်ဘုံကမ္ဘာက ဘာမှမလုပ်ဘဲ အချောင်ခံရတာပဲ”

ရန်တိက...

“မဟာမာရူယိနဲ့ ယှဉ်နိုင်တဲ့သူမရှိသရွေ့ ဒီဘေးဆိုးက မလွှဲမရှောင်သာ ဖြစ်လာမှာပဲ”

သူက ဆက်ပြောလိုက်သည်။

“လူတစ်ယောက်ကြောင့် ဒီလိုတွေဖြစ်ကုန်တာလေ ၊ အုဲါက ငါတို့ကိုသာမက နတ်မိစ္ဆာမျိုးနွယ်တွေရော အဖြူရောင်ရောင်ကြာပန်းသုခဘုံကိုပါ ထိခိုက်စေခဲ့တယ်”

ရန်ကျောက်ကဲက မသိမသာပြုံးလိုက်ရင်း...

“ဟုတ်တယ်... သံမဏိကောင်းကိုပြုလုပ်ဖို့ စွမ်းအားကြီးတဲ့ ပန်းပဲဆရာလိုတယ်လေ ၊ ကံကောင်းတာက... ကျွန်တော့်မှာ အဲဒီလိုလုပ်ဖို့ နည်းလမ်းတစ်ခု ရှိပြီးသားပဲ”

All Chapters