← Chapters

ဝှက်ဖဲအသစ်

Vol. 108 Ch. 1508

ဝှက်ဖဲအသစ်

Vol. 108 Ch. 1508

အခန်း (၁၅၀၈) ဝှက်ဖဲအသစ်

ရန်ကျောက်ကဲ ဤပြဿနာများကို စဉ်းစားနေသည်မှာ အချိန်ကြာမြင့်ခဲ့ပေပြီ။

အကောင်းဆုံးနည်းလမ်းမှာ သူ၏တန်ခိုးစွမ်းအားကို တိုးမြှင့်ရန်သာ ဖြစ်သည်။

အကယ်၍ သူသာ လုံလောက်စွာသန်မာခဲ့ပါက ကမ္ဘာပေါ်မှ မည်သူတစ်ဦးတစ်ယောက်ကိုမှ ကြောက်စရာလိုမည်မဟုတ်သလို သူ့အား ပြဿနာရှာရဲမည် မဟုတ်ပေ။

သို့သော် ဤသည်က တစ်ညအတွင်း ပြီးမြောက်နိုင်သည့်ကိစ္စ မဟုတ်ပေ။

သူမှမဟုတ် ၊ ဖန်းယွင်ရှန်း၊ ရွှီဖေး၊ ပန်ပန်၊ မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့သည်လည်း အတူတူပင် ဖြစ်၏။

သူတို့အားလုံး ကြီးမားသောအကျိုးအမြတ်များကို ရရှိထားပြီး အထွတ်ထိပ်သို့တက်လှမ်းနိုင်ခဲ့သည်ဟု ထင်ရသော်လည်း ကန့်သတ်ချက်များ ရှိနေဆဲပင်။

ထို့ပြင် သူတို့နောက်ကွယ်တွင် ဖုံးကွယ်ထားသောပြဿနာများသည်ပင် ရှိနေသေးသည်။

အချိန်အများစုတွင် သူတို့အားလုံး စိတ်မရှည် ဖြစ်ခဲ့ကြသည်။

မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းအခြေခံကို အချိန်ကြာမြင့်စွာစုဆောင်းမှုက မလွဲမရှောင်သာ ပြုလုပ်နေရဆဲပင်။

သို့သော် သူတို့၏ရန်သူများကတော့ သူတို့ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည့်အချိန်ထိ စောင့်ဆိုင်းနေကြမည် မဟုတ်ပေ။

ရန်သူ့ဘက်မှ အသင့်ပြင်မထားခင် ဝင်ရောက်တိုက်ခိုက်သည့်အယူအဆကို ရန်ကျောက်ကဲ ကောင်းကောင်းနားလည်သည်။

ထို့အတူ ရန်သူများကလည်း ထိုအချက်ကို သ‌ဘောပေါက်မည်သာပင်။

ထို့ကြောင့်ပင် “အချိန်နှင့်ဒီရေသည် လူကိုမစောင့်” ဆိုသော ဆိုရိုးစကား ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်၏။

ပြီးတော့ စောစောကပြောသည့်ပြဿနာများမှာ ဥပမာမျှသာ ရှိသေးသည် မဟုတ်ပါလား။

ရန်ကျောက်ကဲက အမတခုံရုံးနှင့် အနောက်ဘက်သူတော်စင်ဘုံအတွက် အံ့အားသင့်စရာများကို ပြုလုပ်ခဲ့သည်။

ရန်သူများက သူ့တွင် ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာသုံးခုရှိနေပြီး ထိုသုံးခုသည် ထိုက်ရွှီးမူလနတ်ဘုရား အထွတ်ထိပ်အဆင့်ကို ပိုင်ဆိုင်ထားမည်ဟု မမျှော်လင့်ခဲ့ကြပေ။

ထို့ပြင် ထိုရွှေခန္ဓာသုံးခု ပေါင်းစည်းခြင်းက ချီထျန်းမဟာသူတော်စင်၏ အစ်စအမှန်မိစ္ဆာခန္ဓာ ပြန်လည်ထွက်‌ပေါ်လာစေမည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

ရလဒ်အနေဖြင့်၊ ဝင်ရောက်စွက်ဖက်ခဲ့ကြသော တိုက်တိုင်းအောင်ဗုဒ္ဓနှင့် စန္ဒကူးဗုဒ္ဓတို့ ထွက်ပြေးခဲ့ရပြီး အလယ်ခေတ်တွင် နာမည်ကျော်ကြားခဲ့သော ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားတစ်ပါးဖြစ်သည့် စိတ်ကူးနတ်ဘုရား သေဆုံးခဲ့ပြီး အမတခုံရုံး၏ ကောင်းကင်ယံနန်းတော်တစ်ဝက် ပြိုကျခဲ့သည်။

ကောင်းကင်နတ်ဘုရားတစ်ပါးနှင့် ထိုက်ရွှီးမူလနတ်ဘုရား အနည်းငယ်မျှသာ သေဆုံးခဲ့သည် မဟုတ်ပေ။

ရန်ကျောက်ကဲဖန်တီးခဲ့သော ပြဿနာက အမတခုံရုံး၏ အုပ်ချုပ်ရေး အခြေခံအုတ်မြစ်ကိုပါ ပြိုကျပျက်ဆီးသွားစေသည်။

သူတို့သာ ဤပြဿနာကို ဂရုတစိုက်မဖြေရှင်းပါက ဝမ်းမြောက်ဝမ်းသာဖြစ်နေသည့် အဖြူရောင်ကြာပန်းသုခဘုံက အမတခုံရုံး၏ တပ်ဖွဲ့များကို ချက်ချင်း သုတ်သင်ပစ်လိုက်နိုင်သည်။

ရန်ကျောက်ကဲဖန်တီးခဲ့သော ပရမ်းပတာအခြေအနေက ယခင်တစ်ချိန် စောမင်ကျန့်က အမတခုံရုံးမှ ကောင်းကင်ဘုံအရှင်(၄)ပါးကို သတ်ဖြတ်ခဲ့သည့်ပမာ သက်ရောက်မှုရှိခဲ့သည်။

ဤရိုက်ခတ်မှုနှစ်ခုက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာလေရာ အမတခုံရုံးအတွက် ဒဏ်ချက်ဖြစ်သွားပြီး သူတို့၏ ဖွဲ့စည်းပုံအခြေခံအုတ်မြစ်ကို ပြင်းထန်စွာ ထိခိုက်စေခဲ့သည်။

အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးအကြား အင်အားမျှတမှု ယိမ်းယိုင်သွားခဲ့ပေပြီ။

ဤအခြေအနေတွင် အနောက်ဘက်သူတော်စင်ဘုံက အမတခုံရုံးကို ထောက်ပံ့ပေးပြီး တန်ပြန်တိုက်ခိုက်ရန်အတွက် ကူညီပေးခဲ့သည်။

အမတခုံရုံး၏ ကယ်တင်ခြင်းထောက်တိုင်အဖြစ် မဟာမာရူယိ ထွက်ပေါ်လာခဲ့သည်။

သူက ကောင်းကင်နတ်ဘုရားအဆင့်ရှိ နတ်မိစ္ဆာမျိုးနွယ် တန်ခိုးစွမ်းအားရျင်များကို ဟန့်ထားထားခဲ့ပြီး မည်သည့်လှုပ်ရှားမှုမျှ မပြုလုပ်နိုင်စေရန် တားဆီးခဲ့သည်။

ရန်ကျောက်ကဲ၏ ရုတ်တရက်တိုက်ခိုက်မှုကြောင့် အမတခုံရုံး၏ အခြေအနေတစ်ခုလုံး သိသာစွာ ပြောင်းလဲသွားခဲ့သည်။

သို့သော် ခုန်ရွှမ်းတစ်ယောက်တည်းဖြင့် အမတခုံရုံး၏ ကံကြမ္မာဆိုး ပြန်လည်ပြောင်းလဲနိုင်ကာ အကျိုးအမြတ် ပြန်လည်ဖြစ်ပေါ်စေခဲ့သည်။

သူ၏ကူညီပေးမှုအောက်တွင် အနောက်ဘက်သူတော်စင်ဘုံမှကိုယ်တော်များက အဖြူရောင်ကြာပန်းသုခဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်တို့ကို ခုခံတိုက်ခိုက်ရာတွင် ကူညီပေးခဲ့သည်။

သို့ဖြစ်ရာ အမတခုံရုံးမှ ဆုံးရှုံးမှုကို မခံစားရရုံသာမက တန်ပြန်တိုက်စစ်ကိုပင် စတင်နိုင်ခဲ့သည်။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် မီလဲ့ကိုယ်တော်တို့က အချင်းချင်းဟန့်တားထားသည့်အနေအထားတွင် ၊ အဖြူရောင်ကြာပန်းသုခဘုံအနေဖြင့် ခုန်ရွှမ်း၏ ရောင်စဉ်ငါးသွယ် နတ်ဘုရားအလင်းတန်းကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု မရရှိပါက အမတခုံရုံးက တန်ပြန်ထိုးစစ်ဆင်လာပြီး သူတို့သိမ်းပိုက်ထားသည့် နတ်ဘုရားနယ်မြေ(၈၀၀)နှင့် ထိုနယ်မြေများထဲမှ ကမ္ဘာများစွာကို ပြန်လည်သိမ်းယူနိုင်ဖွယ်ရှိသည်။

စစ်‌ရေးစရိတ်အနေနှင့်ကတော့ သူတို့အနေဖြင့် ခုန်ရွှမ်းကို ဆင့်ခေါ်ရသည့်အတွက် ပေးဆပ်ရသော အကျိုးအပြစ်ပေါ်တွင် မူတည်မည် ဖြစ်သည်။

ခုန်ရွှမ်း၏ တိုက်ခိုက်မှုများ ရပ်တန့်သွားပါက အမတခုံရုံး၏ အားသာချက် အဆုံးသတ်သွားမည်ဖြစ်ပြီး သူတို့အနေဖြင့် တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရပေမည်။

စောမင်ကျန့်နှင့် ရန်ကျောက်ကဲ၏ တိုက်ခိုက်မှုများကြောင့် အမတခုံရုံး၏အင်အားက သိသာစွာ ထိခိုက်ပျက်စီးသွားခဲ့ပြီး အဖြူရောင်ကြာပန်းသုခဘုံနှင့် အင်အားညီမျှခြင်း မရှိတော့ပေ။

အကယ်၍ နတ်မိစ္ဆာမျိုးနွယ်နှင့် အဖြူရောင်ကြာပန်းသုခဘုံတို့တွင် ခုန်ရွှမ်းကို ရင်ဆိုင်နိုင်မည့် နည်းလမ်းများရရှိလာလျှင်လည်း ရလဒ်က လုံးဝကွဲပြားသွားပေမည်။

မည်သို့ပင်ဖြစ်စေ လက်ရှိမှာတော့ မဟာမာရူယိ၏ ဟန့်တားမှုနှင့် ဩဇာလွှမ်းမိုးမှုက သက်ရောက်မှု ရှိနေဆဲပင်။ တာအိုအဆင့်ရှိ တန်ခိုးရှင်များ ဝင်ရောက်လှုပ်ရှားခြင်းမရှိပါက မည်သူမှ ခုန်ရွှမ်းကို ရင်ဆိုင်ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

ရန်ကျောက်ကဲက မေးစေ့ကိုပွတ်သပ်ရင်း...

“ပြောရရင်တော့... နတ်မိစ္ဆာမျိုးနွယ်တွေမှ အရင်တုန်းက ခုန်ရွှမ်းကို ရင်ဆိုင်နိုင်တဲ့စွမ်းရည်တွေ ရှိခဲ့တယ်”

ခဏနားပြီးမှ သူက ဆက်လက်ရေရွတ်လိုက်သည်။

“နှမျောစရာပဲ...”

နတ်မိစ္ဆာမျိုးနွယ်များကို “နှမျောစရာပဲ” ဟု ဆိုခြင်းထက် ရန်ကျောက်ကဲက သူကိုယ်တိုင်အတွက်လည်း ပို၍ “နှမျောစရာပဲ” ဟု ခံစားနေရသည်။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခု ပေါင်းစည်းပြီး ချီထျန်းမဟာသူတော်စင်၏စွမ်းအားအစစ်အမှန် ထွက်ပေါ်လာစေရန်ပြုလုပ်ခြင်းက သူ့အတွက် ကြီးမားသော စွမ်းအားကုန်ခမ်းမှုကို ဖြစ်ပေါ်စေသည်။

ထို့ပြင် ထိုသို့ပေါင်းစည်းခြင်းကို အချိန်တိုအတွင်းသာ ထိန်းသိမ်းထားနိုင်သည်။

ထိုမျှတိုတောင်းသောအချိန်အတွင်း မဟာမာရူယိကို ရင်ဆိုင်ဖြေရှင်းနိုင်မလားဆိုသည်မှာ မသေချာပေ။ ပြီးတော့ ဤကိစ္စများကို ယခုချိန် စဉ်းစားနေခြင်းက အဓိပ္ပါယ်မရှိပေ။

အမတခုံရုံးသို့ သွားရောက်သောင်းကျန်းမွှေနှောက်ပြီးနောက် ရန်ကျောက်ကဲနှင့် အခြားသူများအနေဖြင့် ပြန်လည်အားဖြည့်ရန် အချိန်လိုအပ်နေသေးသည်။

အထူးသဖြင့် ရန်ကျောက်ကဲအတွက် ထပ်မံလှုပ်ရှားမှုပြုရန် စွမ်းအားများ ကုန်ခမ်းနေခဲ့သည်။

သူက ထိုသို့သောအခြေအနေကြီးကို အလွန်ပင် စက်ဆုပ်ရွံရှာမိသည်။

ရန်ကျောက်ကဲအနေဖြင့် သူ့ကိုယ်သူနှစ်သိမ့်ရန် နည်းလမ်းများစွာရှိသည်။

ဥပမာအားဖြင့် - သူ လုံလောက်အောင်လုပ်ဆောင်ပြီးပြီဟု ယူဆနိုင်သည်။

အထူးသဖြင့် ရှေးခေတ်ကာလမှ နတ်မိစ္ဆာများနှင့် ကောင်းကင်နတ်ဘုရားအဆင့်ရှိ ထိပ်တန်းပုဂ္ဂိုလ်များကို ရင်ဆိုင်ခဲ့ခြင်းက လုံလောက်သည်ဟု သူ့ကိုယ်သူ နှစ်သိမ့်နိုင်သည်။

သို့သော် ရန်ကျောက်ကဲအတွက်တော့ ဤနှစ်သိမ့်မှုများက လက်တွေ့အဓိပ္ပါယ်မရှိပေ။ သူက ဤအဆင့်သို့ရောက်လာပြီဖြစ်ရာ ဤသို့သောအခြေအနေများနှင့် ပို၍ပင် ရင်ဆိုင်ရဖွယ်ရှိနေသည် မဟုတ်ပါလား။

အဓိကအချက်မှာ ဤပြဿနာများကို ဖြေရှင်းရန် နည်းလမ်းရှာဖွေရမည် ဖြစ်၏။

ထို့ကြောင့် ရန်ကျောက်ကဲ စဉ်းစားရမည့် အရေးကြီးဆုံးအရာမှာ သူ၏တန်ခိုးစွမ်းအားကို တိုးမြှင့်ရန်ဖြစ်သည်။

သိုင်းကျမ်းစာကြည့်တိုက်မှ ပေးအပ်ခဲ့သော အကူအညီက တဖြည်းဖြည်း လျော့နည်းလာပေပြီ။ သို့ဖြစ်ရာ သူ့အနေဖြင့် ကျင့်ကြံမှုအပြင် အခြားအရာများတွင်လည်း အားသာချက်ဖြစ်စေမည့် နည်းလမ်းများကို စဉ်းစားရပေမည်။

ဥပမာ - ဒြပ်စင်ငါးပါးတောင်တွင် သူ အလောင်းအစားလုပ်ပြီး ချီထျန်းမဟာသူတော်စင် လွတ်မြောက်ရန် ကူညီပြီးနောက် မဟာသူတော်စင်၏ ရွှေခန္ဓာ ရရှိခဲ့သည့် ကိစ္စမျိုး ဖြစ်သည်။

ရန်ကျောက်ကဲသာ ရွှေခန္ဓာ မရရှိခဲ့ပါက အမတခုံရုံးတွင် ဆူပူမှုပြုလုပ်ရန် စွမ်းရည်ရှိမည် မဟုတ်ပေ။

နျဲ့ကျင်းရှန်နှင့် ယွီယဲ့အတွက် လက်စားချေရန် ကောင်းကင်နတ်ဘုရားအဆင့် တန်ခိုးစွမ်းအားရှင်(၃)ယောက်ကို ရင်ဆိုင်ပြီး ဟယ်မြန်ကို သတ်ဖြတ်နိုင်ခဲ့မည် မဟုတ်ပေ။

ချီထျန်းမဟာသူတော်စင်၏ ရွှေခန္ဓာ(၃)ခုကသာ ကူညီမပေးခဲ့ပါက သူ မည်မျှ သတ္တိရှိပါစေ ၊ မည်မျှ စိတ်အားထက်သန်ပါစေ ရန်သူများကို ကျော်လွှားနိုင်မည် မဟုတ်ပေ။

ဤအတိုင်း အမတခုံရုံးကိုသွားရောက်ခြင်းက ကိုယ့်အရှက်ကိုယ်ခွဲခြင်းသာ ဖြစ်ပေမည်။

ဟုတ်ပေ၏။

ထိုသို့သော အားသာချက်ဖြစ်စေမည့် နည်းလမ်းများ ပိုမိုရရှိပါက အကောင်းဆုံးဖြစ်ပေမည်။

သို့ပေသိ ဤသည်က လွယ်ကူသည့်အရာ မဟုတ်ပေ။

အမှန်တော့ ရန်ကျောက်ကဲရှုထောင့်မှကြည့်မည်ဆိုလျှင် သိုင်းကျမ်းစာကြည့်တိုက်မှရရှိခဲ့သော ဗဟုသုတများက လုံးဝ အသုံးမဝင်တော့သည့်ပမာ အလဟသဖြစ်သွားခြင်းမျိုး မဟုတ်ပေ။

ဤဗဟုသုတများက သူ့အတွက် ကြီးမားသောလက်နက်သဖွယ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အခြေခံအုတ်မြစ်သဖွယ်လည်း အလုပ်လုပ်ပေးနေခဲ့သည်။

တည်ရှိမှုအနည်းငယ်ကို ဖယ်လိုက်မည်ဆိုလျှင် ကမ္ဘာပေါ်ရှိအရာများက ဆက်တိုက်ဆိုသလို တိုးတက်ပြောင်းလဲနေခဲ့သည်။

ရှေးခေတ်မှသည် ယခုအချိန်ထိ ပိုမိုသစ်လွင်သော တီထွင်ဖန်တီးမှုများက ဆက်လက်ပေါ်ထွက်လာနေသည်။

ရန်ကျောက်ကဲ လျှောက်လှမ်းခဲ့သည့် ခရီးလမ်းတစ်လျှောက် သိုင်းကျမ်းစာကြည့်တိုက်မှ ရရှိခဲ့သော ဗဟုသုတများကို အသုံးပြုပြီး ရန်သူများကို အောင်မြင်စွာ အနိုင်ယူနိုင်ခဲ့သည်မှာ ၊ သူ ရင်ဆိုင်ခဲ့ရသောရန်သူများက မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် လူ့ယဉ်ကျေးမှုတိုးတက်ခြင်း ရပ်တန့်နေသဖြင့် အနည်းနှင့်အများ ထိခိုက်ခံစားခဲ့ရသောကြောင့် ဖြစ်သည်။

တစ်နည်းပြောရလျှင် ရန်ကျောက်ကဲက ကမ္ဘာကြီးတွင် သိုင်းပညာ အထွန်းကားဆုံးအချိန်တွင် သိုင်းကျမ်းစာကြည့်တိုက်မှ မှတ်တမ်းများကို ဖတ်ရှုခဲ့ရသူ ဖြစ်သည်။

မဟာကပ်ဘေးအလွန်ကာလတွင် မွေးဖွားလာသူများက ရှေိုးရိုးဆန်ပြီး အဆင့်မမီတော့သည့် ဖွံ့ဖြိုးမှုနိမ့်ကျသော “ရှေးဟောင်းမျိုးဆက်များ” နှင့် ဆင်တူသည်။

သို့သော် ရန်ကျောက်ကဲက သူသည်လည်း ဤပြဿနာများက လွတ်ကင်းနေသည်ဟု မခံစားခဲ့ရပေ။

သူ့အတွက်တော့ ထိုစဉ်အချိန်က မဟာကပ်ဘေးကြီးသည် သူ့အပေါ် နက်နဲသောအမြင်တစ်ခု ချန်ထားခဲ့ပြီး အန္တရယ်ရှိသည်ဆိုသောခံစားချက်ကို အမြဲတမ်း ခံစားနေခဲ့ရသည်။

ယခု သူသိရှိသည့်အရာများက အမှန်တရားနှင့် ပိုမိုနီးကပ်လာသည့်အခါ ဤအန္တရယ်ခံစားမှုက ပို၍ပင် ပြင်းထန်လာသည်။

ထို့ကြောင့် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ရန်ကျောက်ကဲက သိုင်းကျမ်းစာကြည့်တိုက်မှတ်တမ်းများကို အခြေခံအုတ်မြစ်အဖြစ်အသုံးပြု၍ သစ်လွင်သော တီထွင်ဖန်တီးမှုများကို အမြဲရှာဖွေနေခဲ့သည်။

သူ၏ယခင်လုပ်ဆောင်ချက်များကိုကြည့်ခြင်းအားဖြင့် ရန်ကျောက်ကဲက ဤနယ်ပယ်တွင် အတော်အတန် အရည်အချင်းရှိကြောင်း သက်သေပြခဲ့ပြီး ၊ ဤသည်က သူ့အား ကြွယ်ဝသော ဆုလာဘ်များကိုလည်း ရရှိစေခဲ့သည်။

မူလစိတ်ဝိညာဉ်နတ်ဆိုးအား ဒုက္ခကောင်းကောင်းပေးနိုင်ခဲ့သည့် ကောင်းကင်နတ်ဆိုးသုတ်သင် ထုံးတမ်းအစီအရင်သည်လည်း ထိုအရာများထဲမှတစ်ခု ဖြစ်သည်။

ယခု သူက ဤကဲ့သို့သော ဆုလာဘ်တစ်ခု ထပ်မံရရှိရန် အခွင့်အရေးတစ်ခုကို စမ်းသပ်သည်။

ရန်ကျောက်ကဲ ထိုင်ရာမှထလိုက်ပြီး သူ့အခန်းတဝိုက် ရှုပ်ထွေးသော အစီအရင်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ထို့နောက် အစီအရင်အလယ်ဗဟိုတွင် အင်းသင်္ကေတတစ်ခု ထားရှိလိုက်သည်။

သူက အစီအရင်အစွန်းတွင်ရပ်နေပြီး အင်းသင်္ကေတက တည်နေရာပြသည့်အတိုင်း လျှပ်စီးမြန်နှုန်းဖြင့် လှည့်ပတ်နေည်။

ဤစက်ဝန်းက (၉၈)နာရီတိတိ ဆက်တိုက်လှည့်ပတ်နေပြီးမှ ရန်ကျောက်ကဲက ၎င်းကို ရပ်တန့်လိုက်သည်။

သူ့ပုံစံက ပင်ပန်းနွမ်းနယ်နေဟန်ရှိသော်လည်း မျက်နှာထက်မှာတော့ စိတ်ကျေနပ်မှု အပြည့်ဖြင့်ပင်။

ထို့နောက် အစီအရင်ဗဟိုချက်တွင်ရှိနေသည့် အင်းသင်္ကေတထက်တွင် နက်နဲသောစာလုံးများစွာ ထွက်ပေါ်လာသည်။

“အားဟူ...”

ရန်ကျောက်ကဲ ဆင့်ခေါ်လိုက်သည်။

ရုတ်တရက်ပင် ကြီးမားသော လူထွားကြီးတစ်ယောက် ရန်ကျောက်ကဲရှေ့တွင် ထွက်ပေါ်လာသည်။

“ဟုတ်ကဲ့...”

ရန်ကျောက်ကဲက အင်းသင်္ကေတကို အင်းစက္ကူအသွင်ပြောင်းလိုက်ပြီး အားဟူလက်ထဲသို့ ထည့်ပေးလိုက်သည်။

“ဒီအင်းစာရွက်ကို အပြာရောင်ခရီးရှည်ကောင်းကင်ဘုံကို ပို့ပေးပါ ၊ အကြီးအကဲ‌’ကောင်းချင်းရွှမ်’ နဲ့တွေ့ပြီးရင် ဒီအင်းစက္ကူကို နတ်ဘုရားသတ်ဖြတ်ဓားပေါ်မှာ ရက်ပေါင်း(၄၉)ရက်တိတိ ကပ်ထားဖို့ ပြောပေးပါ”

All Chapters