← Chapters

ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်

Vol. 108 Ch. 1512

ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်

Vol. 108 Ch. 1512

အခန်း (၁၅၁၂) ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်

ရန်ကျောက်ကဲက “ကိုးဝိညာဉ်မဟာသူတော်စင်” ဟု ပြောလိုက်သည်နှင့် ရွှယ်ချူးချင်က တီးတိုးရေရွတ်လိုက်သည်။

“ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်...”

ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို အရှေ့စွန်းထွန်းတောက်ဧကရာဇ် ၊ ဆူညံရှာဖွေနိဗ္ဗာနကောင်းကင်ဘုံအရှင် ၊ နေကိုးစင်းဧကရာဇ်ဟုလည်း ခေါ်ဆိုကြသည်။

ကိုးဝိညာဉ်မဟာသူတော်စင်ဆိုသည်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ စီးတော်ဖြစ်ပြီး ခေါင်းကိုးလုံးရှိသော ခြင်္သေ့တစ်ကောင်ဖြစ်သည်။

ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က တာအိုဝါဒ သမိုင်းတွင်ထင်ရှားသော အင်အားကြီးပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦးဖြစ်သည်။

ထို့အတူ သူက မိုးကောင်းကင်ခုံရုံး ကောင်းကင်ဘုံနန်းတော်၏ အင်အားကြီးပုဂ္ဂိုလ်အနည်းငယ်ထဲမှ တစ်ဦးဖြစ်ပြီး အမြင့်ဆုံးရာထူးများထဲမှ တစ်ခုကို ခံယူခဲ့သူလည်း ဖြစ်၏။

သို့သော် ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်သည် မိုးကောင်းကင်ခုံရုံး ၊ ကောင်းကင်ဘုံနန်းတော်တွင် နေထိုင်သည်မှာရှားပါးပြီး ကမ္ဘာတစ်ဝှမ်းလှည့်လည်သွားလာနေတတ်သည်။ သူက ကောင်းကင်ဘုံနန်းတော် အရေးကိစ္စများတွင်လည်း ပါဝင်ပတ်သက်ခဲသည်။

သေချသည်ကတော့ ကနဦးကောင်းကင်မတိုင်ခင်မွေးဖွားခဲ့သော ဤရှေးဟောင်းကောင်းကင်ဘုံအရှင်ကို မည်သူမျှ လျှော့မတွက်ရဲကြခြင်းပင်။

သို့သော် ဤတန်ခိုးစွမ်းအားရှင်၏ မရေရာသောတည်နေရာ ၊ နားလည်ရန်ခက်ခဲသော အတွေးအမြင်များနှင့် လောကီရေးရာကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှု မရှိသလောက်နည်းပါးသခြင်းတို့ကြောင့် သူ့အား လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်အဖြစ် သတ်မှတ်ခဲ့ကြသည်။

ရွှယ်ချူးချင်က ရန်ကျောက်ကဲကို ကြည့်လိုက်ပြီး…

“မင်းက အရှေ့စွန်းထွန်းတောက်ဧကရာဇ်ရဲ့နာမည်ကိုသုံးပြီး လူသားအနှစ်သာရကျောက်တုံး သူ့လက်ထဲမှာရှိတယ်လို့ သတင်းဖြန့်ဖို့ ကြံစည်နေတာလား ၊ အဲဒါဆိုရင်... အမတခုံရုံးနဲ့ အဖြူရောင်ကြာပန်းသုခဘုံကို ဆွဲဆောင်နိုင်ပြီး သူတို့တွေ ထပ်ပြီးစစ်တိုက်ကြမယ်ပေါ့”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ...”

ရွှယ်ချူးချင်က သားဖြစ်သူကို ခဏမျှစူးစိုက်ကြည့်လိုက်ရင်း...

“ဖြစ်နိုင်ခြေရှိတဲ့ ပြဿနာ(၂)ခုရှိတယ်... မင်း အဲဒါကို စဉ်းစားပြီးပြီလား”

ရန်ကျောက်ကဲက မိခင်ဖြစ်သူ၏ လှပသောမျက်ဝန်းများကို စူးစိုက်ကြည့်ရင်း ပြုံးပြလိုက်သည်။

“နံပါတ်(၁)... ကိုးဝိညာဉ်မဟာသူတော်စင်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ရဲ့ ထိန်းချုပ်မှုက လွတ်မြောက်သွားပြီး နတ်မိစ္ဆာမျိုးနွယ်တွေရဲ့ ချန်စန်းရှင်းဟိုင် စကြာဝဠာကို ဝင်ရောက်သွားတဲ့အခြေအနေ ရှိနိုင်တယ်”

“နံပါတ် (၂)... ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဖြစ်နေနိုင်တယ်”

ရွှယ်ချူးချင် ခေါင်းညိတ်လိုက်သည်။

“မင်း ဒီကိစ္စတွေကို စဉ်းစားထားတာပဲ”

ရန်ကျောက်ကဲက...

“တကယ်လို့ ကိုးဝိညာဉ်မဟာသူတော်စင် အသက်ရှင်နေဆဲဖြစ်မယ် ၊ သူက ချန်စန်းရှင်းဟိုင်ကို ထွက်ပြေးလွတ်မြောက်သွားမယ်ဆိုရင်... ဖြစ်နိုင်ခြေ (၂)ခု ရှိနိုင်တယ် ၊ တစ်ခုက လူသားအမြုတေကျောက်တုံးအပိုင်းအစက ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်လက်ထဲမှာ ရှိနေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ် ၊ ဒါမှမဟုတ်... အရှေ့ဧကရာဇ်ဆီ ပြန်ရောက်သွားတလည်း ဖြစ်နိုင်တယ်”

“အရှေ့ဧကရာဇ်ဆီသာ ရောက်နေမယ်ဆိုရင်... ကိုးဝိညာဉ်မိစ္ဆာက ကျွန်တော်ဖြန့်လိုက်တဲ့သတင်းက သတင်းမှားဆိုတာကို အဖြူရောင်ကြာပန်းသုခဘုံကို အကြောင်းကြားလိမ့်မယ်”

သူက ဆက်ပြောလိုက်သည်။

“နောက်တစ်ခုက... ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်က အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် ဖြစ်နေမယ်ဆိုရင် ကျွန်တော်တို့ သတင်းမှားဖြန့်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့နည်းဗျူဟာကို အလွယ်တကူမြင်သွားလိမ့်မယ်”

ရန်ကျောက်ကဲက သူ၏လက်နှစ်ဖက်ကိုမြှောက်လိုက်ပြီး လက်ညှိုးများကိုထောင်လိုက်သည်။

ထို့နောက် လက်ညှိုးနှစ်ဖက်ကို အလယ်သို့ ဖြည်းညင်းစွာ စုစည်းလိုက်ပြီး...

“ဘယ်အခြေအနေပဲဖြစ်လာပါစေ... ဒီကိစ္စနှစ်ခုလုံးက နောက်ဆုံးမှာ ရလဒ်အတူတူပဲ ဖြစ်လာလိမ့်မယ်”

ထို့နောက် သူက ပြုံးလိုက်ပြီး...

“ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ရည်မှန်းချက် အောင်မြင်ဖို့ကိုတော့ မထိခိုက်ဘူး”

နှစ်ပေါင်းများစွာ တစ်ယောက်တည်း ထွက်ပြေးတိမ်းရှောင်နေခဲ့ရသူတစ်ယောက်အနေဖြင့် ရွှယ်ချူးချင်၏ စဉ်းစားတွေးခေါ်ပုံက ရန်ကျောက်ကဲနှင့် အတိုင်းအတာတစ်ခုအထိ ဆင်တူနေခဲ့သည်။

ရန်ကျောက်ကဲ၏ စကားများကို ကြားပြီးနောက် သူမသည် မျက်ခုံးပင့်လျက်...

“လှည့်ကွက်ထဲက လှည့်ကွက်ပေါ့...”

သူမက ဆက်ပြောလိုက်သည်။

“ကျောက်ကဲ... ဒီနှစ်တွေမှာ မင်းက အရမ်းနာမည်ကြီးလာတယ် ၊ ပြင်ပတာအိုကျင့်ကြံသူတွေတင်မကဘူး ၊ နတ်မိစ္ဆာမျိုးနွယ်တွေနဲ့ အနောက်ဘက်သူတော်စင်ဘုံက တန်ခိုးစွမ်းအားရှင်တွေရဲ့ မျက်လုံးထဲမှာပါ မင်းက အပ်တစ်ချောင်းလိုဖြစ်နေပြီ ၊ သူတို့က အခွင့်အရေးရတာနဲ့ လက်လွတ်မခံဘဲ မင်းကိုဖယ်ရှားပစ်မှာပဲ”

“မင်းက အရှေ့စွန်းထွန်းတောက်ဧကရာဇ်ရဲ့နာမည်ကိုသုံးပြီး ရန်သူတွေကိုလှည့်စားဖို့ ရည်ရွယ်နေတယ် ၊ ဒါပေမဲ့ သူတို့က မင်းရဲ့အစီအစဉ်တွေကို မြင်သွားရင်တောင် မသိချင်ယောင်ဆောင်ပြီး မင်းလှည့်ကွက်ထဲ လိုက်ပြီးကစားလာနိုင်တယ် ၊ သူတို့က ဒီအခွင့်အရေးကို အသုံးချပြီး မင်း ဒါမှမဟုတ် ထျန်းစူးစကြာဝဠာ ထွက်ပေါ်လာအောင် ဖိအားပေးပြီး မင်းကိုဖမ်းဆီးဖို့ ကြိုးစားလာနိုင်တယ်”

ရွှယ်ချူးချင်က ရန်ကျောက်ကဲကို ကြည့်ရင်း...

“ဒီအကြံက ငါတို့အားလုံးအတွက် အဆင်ပြေတယ် ၊ ငါတို့ရည်မှန်းချက်ဝွေအောင်မြင်ဖို့ ရန်သူကို အာရုံလွှဲရမယ် ၊ ဒါမှ နတ်ဘုရားသတ်ဖြတ်ဓားကိုသုံးပြီး ကျန်တဲ့ဓား(၃)လက်ကို ဆက်ရှာဖို့ လွယ်ကူစေမှာ ၊ ဆိုတော့... အရှေ့စွန်းထွန်းတောက်ဧကရာဇ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေက ငါတို့အကြောင်းကို ဖုံးကွယ်ထားရုံ သက်သက်ပဲလား”

ရန်ကျောက်ကဲ ခေါင်းညိတ်လိုက်သည်။

“အမှန်ပဲ...”

ရွှယ်ချူးချင်က ညင်သာစွာ သက်ပြင်းချလိုက်ပြီး လေးနက်သည့်အသံဖြင့်...

“ဒါပေမဲ့ ငါတို့လုပ်ရပ်က သူတို့နှစ်ဖွဲ့ တိုက်ခိုက်အောင်မလုပ်နိုင်ဘူးဆိုရင် အရာအားလုံးက အဓိပ္ပာယ်မဲ့သွားလိမ့်မယ် ၊ ရန်သူတွေကို လှည့်စားရုံလောက်နဲ့တော့ ဓားတွေကိုရှာဖွေဖို့ ငါတို့အတွက် အချိန်မလုံလောက်နိုင်ဘူး”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“လောကမှာ ပြီးပြည့်စုံတဲ့အစီအစဉ်ဆိုတာ ခပ်ရှားရှားပဲ ၊ ဒါပေမဲ့ အောင်မြင်ဖို့အတွက် ဖြစ်နိုင်ခြေတွေကို လျှော့ချတာက တိုးမြှင့်တာထက် ပိုကောင်းပါတယ်”

သူက ဆက်ပြောလိုက်သည်။

“အိမ်ခေါင်မိုး မိုးမယိုခင် ကြိုတင်ပြင်ဆင်ရမယ်မဟုတ်လား ၊ ဒါကြောင့်ပဲ လူတွေဟာ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ကြတာပေါ့”

“ကျွန်တော်တို့ရန်သူတွေကို လှည့်စားလို့မရရင်တောင် ကိစ္စမရှိဘူး ၊ နည်းနည်းလောက် အကျိုးရှိရင်တောင် အဲဒါက အကျိုးအမြတ်ပဲလေ”

ရွှယ်ချူးချင် အစပိုင်းတော့ ခေါင်းညိတ်လိုက်သည်။ ပြီးမှ ခေါင်းခါယမ်းလိုက်ပြီး သတိပေးစကားဆိုလိုက်၏။

“မင်းလုပ်တဲ့အလုပ်တွေများလေ ပြဿနာတွေပိုများလေပဲ ၊ တစ်ခုခုလုပ်တိုင်း မလွှဲမရှောင်သာ သဲလွန်စကျန်ခဲ့တာမျိုးတွေဖြစ်နိုင်တယ် ၊ သူတို့ဘက်က မင်းကိုပြန်ခြိမ်းခြောက်နိုင်ဖို့ ခြေရာလက်ရာ ကျန်ခဲ့တာမျိုးလည်း ဖြစ်နိုင်တယ် ၊ ဒီတော့ မင်းအစီအစဉ်တွေက အားလုံးကို ဖုံးကွယ်နိုင်မှာမဟုတ်သလို အန္တရာယ်ကင်းတယ်လို့လည်း မဆိုနိုင်ဘူး”

သူမက သားဖြစ်သူကိုကြည့်ရင်း စိတ်ခံစားချက်အပြည့်ဖြင့်...

“အခုချိန်မှာ ငါတို့ စန်းချင်းသုံးပါး အဆက်အနွယ်တွေရဲ့အခြေအနေက အကောင်းဆုံးလို့ ဆိုနိုင်တဲ့အခြေအနေထက်တောင် ပိုကောင်းနေပါပြီ ၊ ဒါပေမဲ့ အခြေအနေအားလုံးကို သုံးသပ်မယ်ဆိုရင် ငါတို့က အရိုင်းသက်သက်လို ဖြစ်နေသေးတယ် ၊ ငါတို့ သတိမထားဘူးဆိုရင် အရင်ကကြိုးစားခဲ့သမျှ အကုန်အလကား ဖြစ်သွားနိုင်တယ်”

ရန်ကျောက်ကဲက သူ၏မျက်နှာအမူအရာကို ပြင်လိုက်ပြီး လေးနက်သောလေသံဖြင့်...

“ကျွန်တော် နားလည်ပါတယ် အမေ”

ရွှယ်ချူးချင်က ပြုံးလိုက်ရင်း...

“ငါ ဒီလို ဆုံးမစကားဆိုမိတာကို အပြစ်မတင်နဲ့ ၊ ငါက နည်းနည်းပါးပါးလောက် ပြောပြတာပဲ ရှိတာပါ ၊ လက်ရှိအချိန်မှာ မင်းကသာ ငါတို့ လမ်းမှန်တာအိုဝါဒရဲ့ စစ်မှန်တဲ့ကျောထောက်နောက်ခံပါ ၊ ဒါကြောင့် မင်းတွေးမြင်ထားတဲ့အတိုင်း လုပ်စရာရှိတာ ဆက်လုပ်ပါ”

ရန်ကျောက်ကဲက ပြုံးလိုက်ရင်း...

“ဟုတ်ကဲ့ပါ...”

ရွှယ်ချူးချင်ကို နှုတ်ဆက်ပြီးနောက် ရန်ကျောက်ကဲ ဖန်းယွင်ရှန်းဆီသို့ သွားရောက်ကြည့်ရှုသည်။

လတ်တလောတွင် သူမက တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ပြီး အောင်မြင်သည့်ရလဒ်အချို့ ရရှိနေပုံရသည်။ ရန်ကျောက်ကဲလည်း ဘေးမှ အကဲခတ်ပြီးနောက် သူမကို အနှောင့်အယှက်မပေးတော့ဘဲ တိတ်ဆိတ်စွာပင် ထွက်ခွာလာခဲ့သည်။

ရွှီဖေး၊ ပန်ပန်နှင့် ရန်ကျောက်ကဲ၏ မြောက်သမုဒ္ဒရာကိုယ်ပွားတို့သည်လည်း အနားယူနေကြ၏။

ရှီကျွင်း၏ ပြင်းထန်သော ဒဏ်ရာများသည်လည်း ဖြည်းဖြည်းချင်း တည်ငြိမ်လာပြီ ဖြစ်သည်။ လောလောဆယ် သူ စဉ်းစားရမည့်ပြဿနာမှာ မသန်စွမ်းတစ်ယောက် ဖြစ်မသွားစေရန်ပင်။

ရန်ကျောက်ကဲက ရှီကျွင်း၏ အခြေအနေကို သေချာစစ်ဆေးပေးနေစဉ် လူငယ်လေးက ပြုံးလိုက်ပြီး မိမိုကိုယ်ကို ပြောင်လှောင်သည့် အမူအရာဖြင့် စကားဆိုလိုက်သည်။

“တကယ်လို့... မတတ်သာဘူးဆိုရင်လည်း ရှိတဲ့လက်တစ်ဖက် ခြေတစ်ဖက်နဲ့ပဲ ဓားသိုင်းလေ့ကျင့်ရမှာပဲပေါ့”

ရန်ကျောက်ကဲက သူ့ကို ခဏမျှ စောင့်ကြည့်အကဲခတ်နေခဲ့သည်။

ဆရာဖြစ်သူ ရွှီဖေး ဘေးကင်းကြောင်းသိရပြီးနောက် ရှီကျွင်း၏ စိတ်ခံစားချက်များ အတော်လေး ကောင်းမွန်လာခဲ့သည်။

သူ၏ ညာဘက်မျက်လုံး ဆုံးရှုံးခဲ့ရပြီး ညာဘက်လက်နှင့် ခြေထောက်တို့တွင် ဒဏ်ရာရရှိခဲ့သော်လည်း သူ၏မိခင်နှင့် ဆရာ အခြေအနေကောင်းမွန်နေဆဲဖြစ်ကြောင်း သိလိုက်ရသောအခါ ရှီကျွင်း များစွာ စိတ်အေးလက်အေး ဖြစ်သွားခဲ့သည်။

ရန်ကျောက်ကဲက သူ့ပခုံးကိုပုတ်လိုက်ရင်း...

“ပေါက်ကရတွေ ပြောမနေနဲ့ ၊ ငါ မင်းကို ကုသဖို့ နည်းလမ်းစဉ်းစားထားပြီးပြီ ၊ အခု ပြဿနာက မင်းအတွက် အကျိုးအရှိဆုံးနည်းလမ်းကို ရွေးချယ်ဖို့ပဲလိုတာ”

ရှီကျွင်းက အစပိုင်းတွင် ပြုံးလိုက်သော်လည်း ချက်ချင်း စိုးရိမ်တကြီးဖြစ်သွားပြီး မေးလိုက်သည်။

“ဆရာဦးလေး၊ ကျွန်ုပ်အမေဘယ်အချိန်မှ သတိရလာမှာလဲ...”

ရန်ကျောက်ကဲက လက်ကာပြလိုက်ပြီး...

“သူက အဆင်ပြေနေပြီ ၊ အချိန်မရွေး သတိရလာလို့ရတယ်”

သူက ဆက်ပြောလိုက်သည်။

“ဒါပေမဲ့ မြေကမ္ဘာပလ္လင်နတ်ဆိုး မွှေနှောက်သွားတဲ့နောက်... သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နိမ့်ပါးတဲ့အတွက် အခုလိုမျိုး အေးအေးဆေးဆေး အိပ်ပျော်နေတာ ပိုကောင်းပါတယ်”

ထိုစကားကြားတော့ ရှီကျွင်းက သက်ပြင်းရှည်တစ်ချက် ချလိုက်ပြီး...

“တော်သေးတာပေါ့ ၊ တော်သေးတာပေါ့”

ထို့နောက် ရန်ကျောက်ကဲကက သူ့ကိုနှုတ်ဆက်ပြီး ထွက်ခွာလာခဲ့သည်။

ကောင်းကင်ဘုံများစွာအလွန်ကောင်းကင်ဘုံကမ္ဘာရှိ ကိစ္စများ စီမံပြီးနောက် သူက အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ချက်ချင်းပင် ဦးတည်ထွက်ခွာသွားသည်။

ရှီကျွင်းတို့သားအမိ အဆင်ပြေနေပြီဖြစ်သော်လည်း ယွီယဲ့၏အခြေအနေကတော့ စိုးရိမ်စရာ ရှိနေဆဲပင်။

ငရဲကိုးထပ်တွင် နျဲ့ကျင်းရှန်က သူမကို ဓားစွမ်းအားဖြင့် ကာကွယ်ပေးခြင်းမရှိခဲ့ပါက ယွီယဲ့အနေဖြင့် အစောကြီးကတည်းကပင် သေဆုံးသွားပေမည်။

ယခုဆိုလျှင် ယင်ယွီကျန်းနှင့် နှိုင်းယှဉ်ပါက သူမ၏ဒဏ်ရာက ပိုမိုရှုပ်ထွေးပြင်းထန်ပေ၏။

ရန်ကျောက်ကဲ အပြာရောင်ခရီးရှည်ကောင်းကင်ဘုံသို့ ရောက်ရှိသည်နှင့် စန့်ချင်အဆက်အနွယ် အကြီးအကဲများကို ဂါရဝပြုပြီးနောက် ယွီယဲ့ကို ဆေးကုသရန်နည်းလမ်း စတင်ရှာဖွေတော့သည်။

သတ်မှတ်ထားသည့် ရက်ပေါင်း(၄၉)ရက်ပြည့်မှသာ ရန်ကျောက်ကဲက ကောင်းချင်းရွှမ်အား သွားရောက်တွေ့ဆုံလေသည်။

သူ့ကိုတွေ့သည်နှင့် ကောင်းချင်းရွှမ်က တိုရှင်းပြတ်သားသည့်စကားတစ်ခွန်းဆိုလာသည်။

“ထူးခြားချက်ရှိတယ်...”

All Chapters