← Chapters

မောက်မာမှုအဆုံးသတ်ခြင်း

Vol. 14 Ch. 196

မောက်မာမှုအဆုံးသတ်ခြင်း

Vol. 14 Ch. 196

လူတိုင်း ခေါင်းလှည့်ကြည့်လိုက်သည့်အခါ အမူအရာတွေပြောင်းလဲကုန်၏။

လျိုဝူချန်း ထိုအရာက ဂျန်ဖန်းဆိုတာမြင်လိုက်၏။

ချက်ချင်းပဲ သူ့ဒေါ်သတွေလိမ့်တက်လာပြီး ပြောလိုက်သည်။

"ဒီကောင် အရူးလား။ ဧရာမဂိုဏ်းရည်ရွယ်ချက်ကိုသိရက်သားနဲ့ ဒီနေရာကို ရောက်အောင်လာလိုက်သေးတယ်....."

ဝမ်ဟုန်ယောင်နှလုံးသား ခုန်ပေါက်သွားပြီး သူမပေါင်သူမရိုက်လိုက်သည်။

"ဒီကောင်လေး ထောက်ချောင်ထဲ တည့်တည့်ကိုဝင်လာတာပဲ..."

ကျောက်ဝူဂျီလည်း စကားမပြောနိုင်ဖြစ်နေခဲ့သည်။

"သူ့ကိုယ်သူ ဒီနေ့ဖြစ်ရပ်ကို ကယ်တင်နိုင်မယ်များ ထင်နေတာလားမသိဘူး။ ပုန်းနေရမယ့်အစား ပေါ်တင်ကြီးကိုပြေးဝင်လာတယ်...."

ခြေချိတ်ထိုင်နေသည့် တိုင်းပုပိုင် မျက်လုံးတွေ တောက်ပလာခဲ့သည်။

သူက ဂျန်ဖန်းကို ဖမ်းခေါ်သွားရဖို့ မျှော်လင့်မထားပေ။

အဆုံးမှာတော့ ဉာဏ်ရှိသည့်လူတိုင်း ပုန်းနေရမည်မှန်း သိပေသည်။

သူက ဤအခြေအနေထဲမှ ခြိမ်းခြောက်ငွေညစ်ချင်ရုံသာဖြစ်သည်။

မမျှော်လင့်စွာပဲ ထိုကောင်က အမှန်တကယ် သေမှာကိုမကြောက်ပဲ ပြေးဝင်လာခဲ့သည်။

ဂျန်ဖန်း တည်ငြိမ်စွာနှင့် အခန်းထဲကိုဝင်လာပြီး လျိုဝူချန်းနှင့် အကြီးအကဲတွေဘေးမှာ ယဥ်ကျေးစွာမတ်တပ်ရပ်လိုက်သည်။

"တပည့်ဂျန်ဖန်း, ဆရာနဲ့ အကြီးအကဲတွေကို နှုတ်ဆက်ပါတယ်...."

"မင်းဒီကိုဘာလာလုပ်တာလဲ၊ ထွက်သွား..."

လျိုဝူချန်း မျက်မှောင်ကြုတ်ပြီး အော်လိုက်သည်။

သူက ဂျန်ဖန်း အဖမ်းခံရမှာကို အမှန်တကယ်မလိုလားပေ။

ထို့ကြောင့် ရည်ရွယ်ချက်ရှိရှိ မောင်းထုတ်နေခြင်းဖြစ်သည်။

ဝမ်ဟုန်ယောင်နှင့် ကျောက်ဝူဂျိလည်း အမြန်ထွက်သွားဖို့ သူ့ကို အချက်ပြလိုက်သည်။

မဟုတ်လျှင် အခြေအနေက ဖြေရှင်းဖို့ ခက်ပြီပဲဖြစ်သည်။

ဂျန်ဖန်း မတ်တပ်ရပ်နေဆဲဖြစ်ပြီး ပြောလိုက်သည်။

"ဆရာ, ဧရာမဂိုဏ်းအကြီးအကဲက ကျွန်တော့အတွက်ရောက်လာတာလို့ကြားတယ်...."

"ကျွန်တော့်ကြောင့် ကောင်ဝူရွမ်း သတိလစ်နေတယ်ဆို...."

"တပည့်ဒါကို သဘောမတူဘူး။ ဒါကြောင့် ဖြေရှင်းဖို့ရောက်လာပါ...."

လျိုဝူချန်း အလွန်ဒေါသထွက်သွားပြီး မီးခိုးထွက်လုနီးပါးပင်။

မင်းကြီးတော်ကို ဖြေရှင်းလိုက်လေ....

အထူးသဖြင့် သူတို့၌ သန္ဓေသားကျောက်စိမ်းတံဆိပ်ရှိနေသည်ဖြစ်၍ ဒီနေရာမှာ ကျိုးကြောင်းဆင်ခြင်နေမည်မဟုတ်ပေ။

သူတို့က တိမ်စိမ်းဂိုဏ်းကို ငွေညစ်ခြင်နေခြင်းသာဖြစ်သည်။

မင်းမမြင်ဘူးလား...

သူက ဂျန်ဖန်းမိုက်မဲမှုကြောင့် ပေါက်ကွဲလုနီးပါးပင်။

သို့ပေမယ့် တိုင်ပုပိုင်ကတော့ အထိန်းအကွပ်မဲ့စွာရယ်လိုက်၏။

ကောင်းဝူရွမ်းကို အနိုင်ယူသွားသည့် သက်တူရွယ်တူက တစ်ခုခုထူးခြားမည်ဟု သူထင်ထားခဲ့သည်။

မမျှော်လင့်စွာပဲ စောက်ရူးတစ်ယောက်ဖြစ်နေခဲ့၏။

ထိုကောင်က သူရှိနေသည့်အခြေအနေကို လုံးဝနားမလည်ပေ။

သူက ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။

"ဖြေရှင်းဖို့? စိတ်မကောင်းပါဘူး, ငါစိတ်မဝင်စားဘူး...."

"ငါ ဒီကိုလာတာ မင်းကို အသိပေးဖို့ပဲ...."

"အခု, မင်းငါနဲ့လိုက်ခဲ့မလား ဒါမှမဟုတ် သလင်းကျောက် ငါးသိန်းပေးမလား....."

သလင်းကျောက်ငါးသိန်း?....

ဂျန်ဖန်း စိတ်ထဲမှာ အေးစက်စွာရယ်လိုက်၏။

ဧရာမဂိုဏ်း၏တွက်ချက်မှုက သူ့ကို အတော်လေးစိတ်တိုသွားစေခဲ့သည်။

ဂိုဏ်းတစ်ခုမှ သလင်းကျောက်ငါးသိန်း ငွေညစ်၏။ ဂိုဏ်း ၄ ဂိုဏ်းဆိုရင် အရင်းကျေပြီပဲဖြစ်သည်။

ထိုအရာက ရိုးရင်စွာပဲ တစ်ပြားမှမကုန်ပဲ အမြတ်ရသည့်နည်းလမ်းပဲဖြစ်သည်။

သူက ပေါ့ပေါ့ပါးပါးပဲပြောလိုက်သည်။

"ငါက သလင်းကျောက်ငါးသိန်းမတန်ပါဘူး။ မင်းနဲလိုက်ခဲ့တာပိုကောင်းပါတယ်....."

ပြောပြီးနောက် သူက တိုင်ပုဖန်းဆီ ပူးပေါင်းဆောင်ရွက်ဖို့ လျှောက်သွားလိုက်သည်။

သုံးမီတာအတွင်းရောက်တာနှင့် ချီလင်းလေ လုပ်ဆောင်လို့ရပြီပဲဖြစ်သည်။

တိုင်ပုပိုင် မျက်မှောင်ကြုတ်သွား၏။

ဂျန်ဖန်းကိုဖမ်းသွားလို့ ဘာအသုံးဝင်မည်နည်း။

သူက စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်တစ်ယောက်ဖြစ်ပြီး ပေါင်ချိန်ဖြင့်ရောင်းလျှင်တောင် သလင်းကျောက်အနည်းငယ်ပဲရမည်ဖြစ်သည်။

ဂျန်ဖန်းက ဂိုဏ်းကိုဝန်ထုပ်ဝန်ပိုးဖြစ်စေမည့်အစာ ကိုယ့်ကိုယ်ကို စတေးခံမည့်ဆိုတာ လူတိုင်းမြင်လိုက်ကြပြီး အကြီးအကဲတွေ အမူအရာတွေ ပြောင်းလဲကုန်၏။

လျိုဝူချန်း မျက်မှောင်ကြုတ်ပြီး ကောင်းကျိုးဆိုးကျိုးတွေကို ချင့်ချိန်နေခဲ့သည်။

ဝမ်ဟုန်ယောင်လည်း စိုးရိမ်သွား၏။

ဤဆေးပညာပါရမီရှင်ကို ဧရာမဂိုဏ်း ဖမ်းခေါ်သွားလို့မရပေ။

ထို့ပြင် မြင့်မြတ်အကြီးအကဲကလည်း သူ့ကို အတော်လေး သဘောကျနေ၏။

မြင့်မြတ်အကြီးအကဲသာ သူမ ဂျန်ဖန်း ဖမ်းခံရတာအား ခွင့်ပြုပေးတာ သိသွားလျှင် သေချာပေါက်ပြဿနာတက်ပြီပင်။

"ဂိုဏ်းချုပ်လျို, အဲ့ဒီသလင်းကျောက်ငါးသိန်းကို ကျွန်မတို့ဆေးတောင်ထိပ်က ထုတ်ပေးပါ့မယ်...."

"ဒါပေမယ့် ခုကစပြီး ဂျန်ဖန်းက ကျွန်မတို့ဆေးတောင်ထိပ်ရဲ့ အဖွဲ့ဝင်ဖြစ်ရမယ်။ ဘယ်လိုလဲ...."

ဘာ?....

အကြီးအကဲတွေ ကြောင်သွား၏။

သလင်းကျောက်ငါးသိန်းကို ဂိုဏ်းတစ်ခုလုံးက ပေးလျှင် လက်ခံပေးလို့ရသေး၏။

ထိုအခါ တောင်ထိပ်တစ်ခုချင်းစီက အသုံးလျှော့ချလိုက်လျှင် ပြဿနာမရှိတော့ပေ။

သို့ပေမယ့် တောင်ထိပ်တစ်ခုတည်းအတွက်တော့....

ထိုအရာက တပည့်တွေအတွက် နှစ်အတော်ကြာ သလင်းကျောက်မရှိတော့ပဲ လေ့ကျင့်ရေးပစ္စည်းတွေ မဝယ်နိုင်တော့ဘူးဟု ဆိုလိုနေ၏။

ထိုသို့ဆိုလျှင်တောင် တောင်ထိပ်သခင်က သူ၏တစ်သက်သာစုဆောင်းထားသည့်ပစ္စည်းတွေကို ထုတ်သုံးရအုန်းမည်ပင်။

ဆေးတောင်ထိပ်က ချမ်းသာသော်လည်း ဤကဲ့သို့ပမာဏကြီးကို မခံနိုင်ပေ။

မမျှော်လင့်စွာပဲ ကျောက်ဝူဂျိလည်း ပြောလိုက်သည်။

"ငါပဲပေးလိုက်ပါ့မယ်။ အပြန်အလှန်အနေနဲ့ ဂျန်ဖန်းက အပူပင်တောင်ထိပ် တပည့်ဖြစ်ရမယ်...."

ငွေငါးသိန်းက သူကိုယ်တိုင်နှင့် အပူပင်မဲ့တောင်ထိပ်ကို အကြီးအကျယ်ဆုံးရှုံးစေမည်ဖြစ်သော်လည်း

မြင့်မြတ်အကြီးအကဲဟွမ်ကျန်းထျန်ကို ကြောက်ရမည်ပင်။

ပိုပြီး မမျှော်လင့်စရာကောင်းတာက...

ဂျန်ဖန်းကို အထင်အသေးဆုံးဖြစ်သည့် လီချင်ဖုန်းတောင် ချောင်းဟန့်ပြီး ပြောလိုက်သည်။

"အကြီီးအကဲဝမ်နဲ့ အကြီးအကဲကျောက် အခက်တွေ့နေမှတော့ ငါ့ရဲ့ ကောင်းကင်ဓားတောင်ထိပ်ကပဲပေးလိုက်ပါ့မယ်....."

"သေချာတာပေါ့, ဂျန်ဖန်းကတော့ ကောင်းကင်ဓားတောင်ထိပ်တပည့်ဖြစ်ရမယ်..."

အကြီးအကဲ ၉ ယောက်ရှိ ၃ ယောက်က ဂျန်ဖန်းအတွက် သလင်းကျောက်ငါးသိန်း ရင်းနှီးဖို ဆန္ဒရှိနေခဲ့၏။

ထိုအရာက အခြားအကြီးအကဲ ၆ ယောက်ကို အံ့အားသင့်သွားစေခဲ့သည်။

လျိုဝူချန်း ကြောင်အနေ၏။

အမှိုက်ကောင်ဟုကျော်ကြားသည့်သူ့တပည့်က အကြီးအကဲများစွာ ဤလောက်ထိတန်ဖိုးထားနေရအောင် ဘာတွေများကောင်းနေလို့နည်း။

သို့ပေမယ့်....

ဂျန်ဖန်းက သူ့တပည့်ဖြစ်၏။ ဆရာဖြစ်သည့်သူက အခြားအကြီးအကဲတွေ ငွေကုန်ခံမှာကို ဘာကြောင့် ခွင့်ပြုရမည်နည်း။

"ဒါ မလိုအပ်ပါဘူး။ ငါတိုဂိုဏ်းသခင်တောင်ထိပ်က ဒီငါးသိန်းကို တတ်နိုင်ပါတယ်...."

သူသိ၏။

တိုင်ပုပိုင်က တိမ်စိမ်းဂိုဏ်းကို ကြီးကြီးမားမားငွေမညစ်နိုင်လျှင် ရပ်မည်မဟုတ်ဘူးပဲဖြစ်သည်။

ပထမသဘောတူလိုက်ပြီး နောက်ပိုင်းမှာ သန္ဓေသားကျောက်စိမ်းကို ထပ်သုံးအုန်းမှာပဲဖြစ်သည်။

နောက်တစ်ကြိမ်ဆို သူက နှစ်ဆတောင်းမှာ အသေအချာပင်။

တိုင်းပုပိုင် အလွန်အံ့အားသင့်သွား၏။ သူက မနေနိုင်ပဲ ဂျန်ဖန်းကို စစ်ဆေးကြည့်လိုက်သည်။

ဤစိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်က ထိုမျှလောက် လူချစ်လူခင်ပေါ်မည်ဟု ထင်မထားပေ။

အကြီးအကဲများစွာ သူ့အတွက် ငွေအများအပြားသုံးချင်နေခဲ့သည်။

သူက မျက်လုံးလှန်လိုက်ပြီး ငါးသိန်းက နည်းလွန်းသည်ဟုတွေးကာ ချက်ချင်းပဲပြောလိုက်သည်။

"ငါစိတ်ပြောင်းသွားပြီ။ အခု တစ်သန်းပေးမှရမယ်...."

ဘန်း!

ခရက်!

လျိုဝူချန်း၊ ဝမ်ဟုန်ယောင်၊ ကျောက်ဝူဂျိနှင့် အခြားအကြီးအကဲတွေ သူတို့စားပွဲတွေအား ရိုက်လိုက်ကြသည်။

အထူးသဖြင့် လျိုဝူချန်းပင်။

မကြာသေးခင်ကမှ မြင့်မြတ်အကြီးအကဲ ငွေအများအပြားအညစ်ခံထားရတာဖြစ်သည်။

ထို့ပြင် ယခု နောက်တစ်ကြိမ်ဖြစ်ပြန်ပြီပင်။

"အဓိပ္ပာယ်မရှိတာ...."

လျိုဝူချန်း ဟိန်းဟောက်လိုက်၏။

ဝမ်ဟုန်ယောင်၊ ကျောက်ဝူဂျိနှင့် လီချင်ဖုန်းတို့လည်း ဒေါသတကြီးစိုက်ကြည့်လိုက်ကြသည်။

ထိုတိုင်ပုပိုင်က တကယ်ကို အယုတ်တမာကောင်ပင်။

တိုင်ပုပိုင် အေးအေးဆေးဆေးပဲပြောလိုက်သည်။

"မင်းတို့ဆန္ဒမရှိဘူးဆိုရင်တော့ ငါလည်းမတတ်နိုင်ဘူး...."

"ဂျန်ဖန်းကိုခေါ်သွားရတော့မှာပဲ...."

ဂျန်ဖန်း သူ့နှာခေါင်းကို ထိလိုက်သည်။

ကောင်းလိုက်တဲ့ကောင်...

သူက သလင်းဖြူသားရဲလိင်တံကို ငါးသောင်းမှတစ်သိန်းထိပဲဈေးမြင့်တာဖြစ်သည်။

ထိုကောင်ကတာ့ ငါးသိန်းမှ ၁၀ သိန်းထိ တိုက်ရိုက် ဈေးတင်ပစ်လိုက်သည်။

ထိုဆိုးဝါးသည့်အလေ့အထက သည်းမခံနိုင်စရာပင်။

"၁၀ သိန်း, ဟုတ်လား။ ငါ့ကိုခေါ်သွားတာပဲ ပိုကောင်းပါတယ်...."

ဂျန်ဖန် တိုင်ပုပိုင်ဆီ တည့်တည့်လျှောက်သွားလိုက်သည်။

သူက လက်ဆန့်ထုတ်ပြီး ပြောလိုက်သည်။

"မြန်မြန် ငါ့ကို ကြိုးနဲ့ချည်ပါ...."

တိုင်ပုပိုင် အလွန်သတိထားနေပြီး ခြေထောက်ပေါ်ရှိ ကျောက်စိမ်းသေတ္တာကို ထိလိုက်သည်။

"မင်းကို ဘယ်သူက အနားလာခိုင်းလို့လဲ။ နောက်ဆုတ်...."

ထိုအခိုက်အတန်၌ ဂျန်ဖန်းက သူနှင့် တစ်မီတာသာဝေးတော့၏။

ထိုအရာကိုကြားသည့်အခါ သူက တစ်မီတာနောက်ဆုတ်လိုက်၏။ ယခု နှစ်မီတာဝေးသွားပြီပင်။

တိုင်ပုပိုင် မျက်မှောင်ကြုတ်လိုက်၏။

"ထပ်ဆုတ်အုန်း....."

ရွေးချယ်စရာမရှိပဲ ဂျန်ဖန်း နောက်တစ်လှမ်းထပ်တစ်လှမ်းဆုတ်လိုက်ပြီး သုံးမီတာ အတိအကျမှာ ရပ်နေခဲ့သည်။

ထိုမှသာ တိုင်ပုပိုင် စိတ်သက်သာယာရသွားပြီး အားတင်းပြုံးလိုက်သည်။

"ကောင်လေး, မင်းသေချာလား? ဧရာမဂိုဏ်းရဲ့ သိုင်းပညာတွေကအတော်လေး လူမဆန်ဘူးနော်...."

"အချိန်ရောက်လာလို့ သူတို့ မင်းအရိုးတွေချိုးမယ်၊ အရေခွံဆုတ်မယ်ဆိုရင်တောင် ဒါက အလယ်လတ်တန်းစားအပြစ်ပေးမှုပဲရှိအုန်းမှာ...."

"သူတို့က မင်းကို အရှင်လတ်လတ် အရေခွံဆုတ်ပြီး အပိုင်းပိုင်းလုပ်ပစ်မှာနော်...."

"မင်းမကြောက်ဘူးလား...."

သူ့စကားတွေက ဂျန်ဖန်းကို ဦးတည်ပုံပေါ်သော်လည်း အမှန်တကယ်တော့ လျိုဝူချန်းနှင့် ဂျန်ဖန်းအတွက်ပြောပေးကြသည့် ထိုအကြီးအကဲတွေကို ခြောက်လန့်နေတာပဲဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း သူပြောတာကို နားမထောင်ပေ။

သူက တိတ်တဆိတ် ချီလင်းလေးနှင့် ဆက်သွယ်လိုက်၏။

"လုပ်တော့...."

"ဟေး, ငါပြောတာကြားလား, လုပ်တော့..."

အချိန်အတော်ကြာ တုံ့ပြန်မှုမရသည့်အခါ သူက ငုံ့ကြည့်လိုက်၏။ ထိုအခါ ချီလင်းလေးက အိပ်ပျော်နေတာကို တွေ့လိုက်ရသည်။

သေစမ်း...

ဒီလောက်အရေးကြီးအချိန်မှာတောင် အိပ်ပျော်နေသေးတယ်...

သူက တိတ်တဆိတ်ပဲ အိတ်အပြင်ဘက်မှ ၎င်းတင်ပါးကို ဆိတ်ဆွဲလိုက်သည်။

ချီလင်းလေး နာကျင်မှုကြောင့်နိုးလာပြီး သူ့ဖင်ကို ဟိုရွေဒီရွေ့လုပ်လိုက်သည်။

"အလုပ်လုပ်တော့။ မင်း စိတ်ဝိညာဥ်ဆေးလုံး လိုချင်သေးတယ်မလား...."

ချီလင်းလေး အလျှင်အမြန်ပြန်ပြောလိုက်သည်။

"လိုချင်ပါတယ်, လိုချင်ပါတယ်...."

"ကျွန်တော်အခုပဲ သခင်အတွက် ယူပေးပါ့မယ်...."

တိုင်ပုပိုင် သတိမထားမိပေ။

ရုတ်တရက် ငြိမ်ကျသွားသည့် ဂျန်ဖန်းကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

"ငါပြောတာကော ကြားလား...."

"မင်း ဧရာမဂိုဏ်းကို လိုက်ချင်တာ သေချာပြီလား..."

ဂျန်ဖန်း အသိပြန်ဝင်လာပြီး ဘယ်လိုတုံ့ပြန်ရမလဲ စဥ်းစားနေခဲ့သည်။

သူ့စိတ်ထဲမှာ ချီလင်းလေး၏အသံကို ကြားလိုက်၏။

"ရပြီ...."

ဂျန်ဖန်း ကြောင်သွား၏။

"မြန်လှကြီလား? မင်းမှားတော့ယူမလာပါဘူးနော်...."

ချီလင်းလေး ပြောလိုက်သည်။

"သခင့်ရှေ့မှာရှိတဲ့ ကျောက်စိမ်းသေတ္တာထဲက ကျောက်စိမ်းတံဆိပ်မလား။ အပေါ်မှာချိပ်ပိတ်စာရွက်အများကြီးနဲ့တစ်ခုလေ...."

"ဟုတ်တယ်မလား...."

ဟုတ်တယ်, ဒါပဲ...

ဂျန်ဖန် တိတ်တဆိတ်ပျော်ရွင်သွား၏။

ကျောက်စိမ်းတံဆိပ်က သူ့လက်ထဲရောက်ပြီပင်။

တိုင်ပုပိုင် နောက်ထပ် မခြိမ်းခြောက်နိုင်တော့ပေ။

"မင်း ငါပြောတာကြားလားလို့...."

တိုင်ပုပိုင် ကြိမ်းဝါးလိုက်၏။

ဂျန်ဖန်း နောက်ကို ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး သူ့အမူအရာက အေးစက်သွား၏။

"ခွေးအိုကြီး..."

"တိမ်စိမ်းဂိုဏ်းမှာ မင်းလေသံကို လျော့ပြော..."

All Chapters