← Chapters

ဘာမှမရှိသည့်ကျောက်စိမ်းသေတ္တာ

Vol. 14 Ch. 197

ဘာမှမရှိသည့်ကျောက်စိမ်းသေတ္တာ

Vol. 14 Ch. 197

အာ?...

ခန်းမထဲရှိလူတိုင်း ကြောင်အသွား၏။

သူတို့က ဂျန်ဖန်းကို မျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်။

ဘာကြောင့် ထိုကောင်က ရုတ်တရက် ရန်လိုသွားရသနည်း။

တိုင်ပုပိုင်လည်း အံ့အားသင့်သွား၏။

ဒီကလေးက ဂိုဏ်းအတွက် ကိုယ့်ကိုယ်ကို စတေးမလို့မဟုတ်ဘူးလား....

ဘာကြောင့် ရုတ်တရက်ကြီး ရန်မူလာရသနည်း။

ထို့ပြင် သူကိုတောင် ခွေအိုကြီးဟု ခေါ်ရဲ၏။

"ရိုင်းလိုက်တာ...."

တိုင်ပုပိုင် အပြင်အထန် နှာခေါင်းရှုံ့လိုက်၏။

"မင်း အကြီးအကဲတစ်ယောက်ကို ဒီလိုမျိုး ဘယ်လိုတောင်ပြောရဲတာလဲ...."

ဂျန်ဖန်း တရားသဖြင့် အော်ပြောလိုက်သည်။

"မင်းကမှ မိုက်ရိုင်းတဲ့ကောင်...."

"အကြီးအကဲတစ်ယောက်ကများ တိမ်စိမ်းဂိုဏ်းလာပြီး ငါ့ဆရာရှေ့မှာ မောက်မာရဲတယ်...."

"အတော်ရဲတင်းတာပဲ...."

အကြီးအကဲတွေ အသိပြန်ဝင်လာကြ၏။

သူတို့အားလုံးက ဂျန်ဖန်း၏ရဲရင့်မှုအတွက် ကျေနပ်နေကြသည်။

သူ့လုပ်ရပ်က ကျိုးကြောင်းမစဥ်းစားသော်လည်း စိတ်ဓာတ်ကတော့ ချီးကျူးစရာပင်။

လျိုဝူချန်းလည်း ဂျန်ဖန်းကို အတော်လေးကျေနပ်နေသည့်မျက်လုံးတွေဖြင့် ကြည့်လိုက်၏။

ဧရာမဂိုဏ်းအကြီးအကဲနှင့်ရင်ဆိုင်ရာတွင် အနည်းဆုံးဂျန်ဖန်းက စကားပြောရဲပြီး သူ့ဆရာကို ကာကွယ်ပေး၏။

"ဂျန်ဖန်း မရိုင်းနဲ့...."

လျိုဝူချန်း ဆူပူလိုက်၏။ သို့ပေမယ့် သူ့အသံက ပုံမှန်ပြင်းထန်မှုတွေမရှိပေ။

ထို့နောက် တိုင်ပုပိုင်ကို နှစ်သိမ့်မှုအနည်းငယ်ဖြင့်ကြည့်လိုက်သည်။

"ငါ့တပည့်က ရိုင်းသွားပေမယ့်, ဒါက တိမ်စိမ်းဂိုဏ်းတပည့်တွေရဲ့ အတွေးတွေကို ပြသနေတာပဲ...."

"တစ်နေ့ ဧရာမဂိုဏ်းတပည့်တွေ သွေးထွက်သံယိုဖြစ်ခဲရင်, အဲ့ဒါ မင်းကိုယ်တိုင်လုပ်တာပဲ..."

တိုင်ပုပိုင် ငွေညစ်ရဲသည်ဖြစ်၍ ထိုပြဿနာတွေကို မကြောက်ပေ။

အေးစက်သည့်မျက်နှာဖြင့် သူက စိတ်မရှည်စွာပြောလိုက်သည်။

"အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ။ မင်းလူကိုကာကွယ်မလား၊ သလင်းကျောက်တစ်သန်းပေးမလား...."

လျိုဝူချန်း စကားကုန်ပြောပြီးပြီဖြစ်သည်။

ထပ်ပြောလည်း ဘာအဓိပ္ပာယ်မှမရှိတော့ပေ။

သူက ချက်ချင်းပဲလက်ဝှေ့ယမ်းကာ အကြီးအကဲတွေကို ဂိုဏ်းရတနာအသက်သွင်းဖို့ အမိန့်ပေးလိုက်၏။

"သလင်းကျောက်တစ်သန်းသွားယူလိုက်...."

ဤဆုံးရှုံးမှုကို တိမ်စိမ်းဂိုဏ်း ယခုမှာတော့ တောင့်ခံရမည်ဖြစ်သည်။

လူကြီးလူကောင်းတစ်ယောက်အတွက် လက်စားချေမှုဆိုတာ ဘယ်သောအခါမှ နောက်မကျပေ။

ဧရာမဂိုဏ်း တစ်နေ့ကျဆင်းသွားလျှင် ထိုနေ့က သူတို့တွေ နှစ်ဆပြန်ပေးရမည့်အချိန်ပဲဖြစ်သည်။

"ဆရာ, နေပါအုန်း...."

ဂျန်ဖန်း သူ့ကိုတားလိုက်၏။

"ကျွန်တော်တိုက ဘယ်လိုလုပ်ပြီး ဒီလိုအရှက်မရှိတဲ့ကောင်ငွေညစ်တာကို ခွင့်ပြုပေးနိုင်မှာလဲ...."

လျိုဝူချန်း သူ့စိတ်ဓာတ်ကို အနည်းငယ်ပိုနှစ်သက်သွား၏.

သူက စိတ်ရှည်စွာလမ်းညွှန်လိုက်၏။

"ဘဝမှာ, လူတစ်ယောက်က သဘာဝအတိုင်း ဖြောင့်ဖြောင့်မတ်မတ်နေရမယ်...."

"ဒါပေမယ့် ဘယ်အချိိန်မှာအလျော့ပေးပြီး ဘယ်အချိန်တင်းမာရမလဲဆိုတာ သိရမယ်...."

"ယာယီနောက်ဆုတ်တာက အားနည်းချက်မဟုတ်ဘူး။ ခေါင်းမာတာက ဉာဏ်မရှိတာပဲ...."

"ငါမင်းကိုကတိပေးတယ်။ ဒီနေ့ရဲ့အရှက်ရမှုကို အနာဂတ်မှာ နှစ်ဆပြန်ပေးဆပ်ရစေမယ်...."

ဝမ်ဟုန်ယောင်လည်း သဘောကျစွာဖြင့် အကြံပေးလိုက်သည်။

"မင်းဆရာပြောတာမှန်တယ်...."

"ဘဝဆိုတာ နိမ့်တစ်လှည့်မြင့်တချီပဲ။ လူတိုင်း မြင့်တက်တဲ့အချိန်တွေရှိဖူးသလို နှိမ့်ကျတဲ့အချိန်တွေလည်း ရှိတာပဲ...."

"ငါတို့ရဲ့နိမ့်ကျမှုကြောင့် ဒီနေ့အရှက်ရမှုကို မှတ်ထားပါ။ ငါတို့တောက်ပလာချိန်မှာ ဒါကို ပြန်ပေးဆပ်ခိုင်းရမယ်...."

ကျောက်ဝူဂျိလည်း သူ့မုတ်ဆိတ်ကို သပ်ပြီး ပြောလိုက်သည်။

"ဂျန်ဖန်း, လူတစ်ယောက်ဆိုတာ ဓားတစ်လက်လိုပဲ...."

"တောက်ပတဲ့အချိန်မှာ ဓားအိမ်ထဲကထွက်ပြီး လူတိုင်းကို အံံ့အားသင့်စေတယ်...."

"သည်းခံရတဲ့အချိန်မှာ ဓားအိမ်ထဲထည့်ထားပြီး အချိန်မှန်ကို စောင့်နေရမယ်..."

ဂိုဏ်းချုပ်နှင့် အကြီးအကဲနှစ်ယောက်၏ သင်ပြပေးမှုက ဂျန်ဖန်းကို အတော်လေး ဉာဏ်အလင်းပွင့်သွားစေခဲ့သည်။

သူက ရိုရိုသေသေဖြင့် လက်ချင်းယှက်ကာ ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်, ဆရာ။ ကျေးဇူးတင်ပါတယ် အကြီအကဲဝမ်နဲ့ အကြီးအကဲကျောက်...."

သုံးယောက်သား ခေါင်းညိတ်လိုက်၏။

ဂျန်ဖန်း၏ရိုသေလေးစားသည့်အမူအရာကို သူတို့က အတော်လေး ကျေနပ်နေ၏။

သို့ပေမယ့်....

ဂျန်ဖန် ဆက်ပြောလိုက်သည်။

"ဒါပေမယ့် ကျွန်တော်ပြောချင်သေးတယ်...."

"ကျွန်တော်တို့မပေးခင် အကြီးအကဲတိုင်မှာ တကယ်ပဲ သန္ဓေသားကျောက်စိမ်းတံဆိပ်ရှိလား အတည်မပြုကြည့်သင့်ဘူးလား...."

"သူအပြောနဲ့ခြိိိမ်းခြောက်ရုံနဲ့ ငါတို့ ယုံလိုက်လို့မဖြစ်ဘူးလေ...."

အို?....

ထိုအရာကြားသည့်အခါ လျိုဝူချန်း မျက်လုံးတွေ ဖျတ်ကနဲလက်သွား၏။

သူက တိုင်ပုပိုင်ရင်ခွင်ထဲရှိ ကျောက်စိမ်းသေတ္တာကို ကြည့်လိုက်သည်။

တစ်ခဏတွေဝေနေပြီးနောက် သူက ပြောလိုက်သည်။

"အကြီးအကဲတိုင်, ငါ့တပည့်စကားက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ဘူး...."

"ဒီဆုံးရှုံးမှုကို တိမ်စိမ်းဂိုဏ်းလက်ခံနိုင်တယ်...."

"ဒါပေမယ့် ကျောက်စိမ်းတံဆိပ်က အစစ်ဆိုတာ မင်းပြရမယ်...."

"သေတ္တာဗလာကြီးနဲ့တော့ မင်း သလင်းကျောက်တစ်သန်းကို ယူသွားလို့မရဘူး....."

အကြီးအကဲဝမ်နှင့် အကြီးအကဲကျောက်တို့လည်း ထိုစကားကို လက်ခံ၏။

တိုင်ပုပိုင် တစ်ခစ်ခစ်ရယ်လိုက်၏။

"ဘာကြည့်စရာရှိလို့လဲ...."

"ငါလေလံဆွဲတဲ့အခါမှာ မျက်မြင်သက်သေတွေ အများကြီးရှိတာပဲ။ မင်းတို့ဂိုဏ်းက မဟာအကြီအကဲတောင်ပါတယ်လေ...."

"ဘယ်လိုလုပ်အတုဖြစ်နိုင်မှာလဲ...."

ရှိနေသည့်အကြီးအကဲတွေလည်း တိုင်ပုပိုင် ကျောက်စိမ်းတံဆိပ်တကယ်ပိုင်တယ်ဆိုတာ သိကြ၏။

ကောင်းကင်ဘုံစက်ယန္ဒယားခန်းမလေလံအိမ်၏ ဂုဏ်သတင်းအရ အတုတစ်ခုနှင့်တော့ လှည့်စားမည်မဟုတ်ပေ။

သို့ပေမယ့် သူတို့အားလုံးက ကျောက်စိမ်းတံဆိပ်ကို မြင်ချင်နေကြ၏။

ဒဏ္ဍာရီလာသန္ဓေသားကျောက်စိမ်းတံဆိပ်က ဘယ်လိုမျိုးလဲဆိုတာ မြင်ချင်၏။

လျိုဝူချန်း ပြောလိုက်သည်။

"မြင်မှပဲ ယုံပေးလို့ရမှာပေါ့...."

ဂျန်ဖန်းလည်း ပြောလိုက်သည်။

"အကြီးအကဲတိုင်, သေတ္တာအလွတ်ကြီးဖြစ်မှာကြောက်ပြီး လှည့်ကွက်တွေကစားနေတာလား...."

တိုင်ပုပိုင် ဒေါသတကြီးရယ်လိုက်၏။

သို့ပေမယ့် သူက အလျှင်အမြန်ပဲ နားလည်လိုက်ပြီး လှောင်ပြောင်လိုက်သည်။

"သန္ဓေသားကျောက်စိမ်းတံဆိပ်ကို မြင်ချင်တာမလား...."

"မင်းတို့ စောစောက ပြောသင့်တယ်။ ဒါက ဘာမှကြီးကျယ်တဲ့ကိစ္စမဟုတ်ပါဘူး...."

"ငါ မင်းတို့ကို ပြပေးမယ်...."

ပြောပြီးနောက်...

သူက ဂရုတစိုက် ကျောက်စိမ်းသေတ္တာပေါ်ရှိ ချိပ်ပိတ်စာရွက်တွေကို ဖယ်ရှားလိုက်သည်။

ဂိုဏ်းချုပ်နှင့် ရှိနေသည့်အကြီးအကဲတွေ အာရုံစိုက်ပြီး ကြည့်နေခဲ့ကြသည်။

သူတို့က ဂိုဏ်း ၉ ဂိုဏ်းကို ခြိမ်းခြောက်နိုင်သည့် သန္ဓေသားကျောက်စိမ်းတံဆိပ်က ဘယ်လိုမျိုးလဲဆိုတာ အတော်လေး သိချင်နေကြသည်။

ဂျန်ဖန်း တိတ်တဆိတ် လျိုဝူချန်းဘေးသွားလိုက်သည်။

ထိုအရာက လိုရမယ်ရပင်။

အဆုံးမှာတော့ နှစ်သန်းတန် ရတနာတစ်ခု ရုတ်တရက်ကြီးပျောက်သွားလျှင် လူတိုင်း ဒေါသထွက်ကြမည်ပင်။

ထိုအချိန်မှာ တိုင်ပုပိုင် ဘာလုပ်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပေ။

သူနှင့်အဝေးမှာနေတာက အလုံခြုံဆုံး ရွေးချယ်မှုပဲဖြစ်သည်။

တိုင်ပုပိုင် စုစုပေါင်းချိပ်ပိတ်စည်း ၁၀ ခုထဲမှ နှစ်ခုကို ဖယ်ရှားပြီးပြီဖြစ်သည်။

သူက ဖြည်းညင်းစွာဖယ်ရှားနေပြီး တိမ်စိမ်းဂိုဏ်းအဖွဲ့ဝင်တွေမျက်နှာရှိ စိတ်လှုပ်ရှားမှုတွေကို ကျေနပ်နေခဲ့သည်။

သူက ချိပ်ပိတ်စည်းတွေ ဖယ်ရှားနေရင်း ကြွားဝါလိုက်သည်။

"ငါတို့ ဧရာမဂိုဏ်း သတင်းအရ..."

"ဒီသန္ဓေသားကျောက်စိမ်းတံဆိပ်က မရိုးစင်းဘူး...."

"ဒါကို နတ်အသွင်ပြောင်းခြင်းအဆင့်ကို ချိုးဖြတ်ခါနီး ပြိုင်ဘက်ကင်း ကျွမ်ကျင်သူတစ်ယောက်က ပြုလုပ်ခဲ့တာဖြစ်နိုင်တယ်..."

"ဒါရဲ့ စိတ်ဝိညာဥ်အလင်းတန်းအများစုက ပျောက်ကွယ်သွားပြီဆိုပေမယ့် စွမ်းအားက သန္ဓေသားဖွဲ့ခြင်း အဆင့် ၁ ရဲ့ တိုက်ခိုက်မှုထက်တော့ အများကြီးသာနေတုန်းပဲ...."

"သန္ဓေသားဖွဲ့ခြင်း အဆင့် ၂ အောက်ကလူတိုင်း ဒီကျောက်စိမ်းတံဆိပ်နဲ့တိုက်ခိုက်ခံရရင် သေရင်သေ မသေရင် ဒဏ်ရာအပြင်းအထန်ရမှာပဲ...."

"မင်းတို့တိမ်စိမ်းဂိုဏ်း ဒါကို လေလံဝင်မဆွဲခဲ့တာက ငါမျှော်လင့်မထားတဲ့အရာပဲ...."

ကျောက်စိမ်းတံဆိပ်၏နောက်ခံကိုကြားသည့်အခါ လျိုဝူချန်းနှင့် အခြားအကြီးအကဲတွေ ဖုန်းဂုချန်းကို ဒေါသတကြီးကြည့်လိုက်ကြသည်။

တိမ်စိမ်းဂိုဏ်းက ဤကဲ့သို့စွမ်းအားကြီး ဂိုဏ်းကာကွယ်ရတနာကို ဆုံးရှုံးလိုက်ရပြီပင်။

ထို့ပြင် ယခု သူတို့က ဧရာမဂိုဏ်း၏ခြိမ်းခြောက်မှုကို ခံနေရ၏။

အားလုံးက ဖုန်းဂုဂျန်း ကျေးဇူးကြောင့်ပင်။

ဖုန်ဂုချန်း မျက်နှာတောင့်တင်းသွားပြီး ပိုမိုနောင်တရသွားခဲ့သည်။

နောက်ထပ်အခွင့်အရေးသာရှိလျှင် သူက အကုန်ပုံအောပြီး ထိုအရာကို လေလံဆွဲမည်ပဲဖြစ်သည်။

တိုင်ပုပိုင် မောက်မာစွာဖြင့် ကြွားဝါလိုက်သည်။

"သလင်းကျောက်နှစ်သန်းနဲ့ဝယ်ခဲ့ရပြီး အခု ငါတို့က တစ်ရက်တည်းနဲ့ တစ်သန်းပြန်ရပြီ...."

"ဒီကျောက်စိမ်းတံဆိပ်ရဲ့ ဈေးတစ်ဝက်က မင်းတို့တိမ်စိမ်းဂိုဏ်းစိုက်ပေးလိုက်တယ်ဆိုရမယ်..."

လျိုဝူချန်း မျက်နှာ မဲမှောင်သွား၏။

"အဓိပ္ပာယ်မရှိတာတွေ တော်လောက်ပြီ။ ဖွင့်စရာရှိတာ အမြန်ဖွင့်...."

ဤအခိုက်အတန့်၌ တိုင်ပုပိုင် နောက်ဆုံးချိပ်ပိတ်စည်းကို ဖယ်ရှားလိုက်သည်။

သူက လုယူမည့်ရန်တွေကို သတိထားနေပြီး ဖြည်းဖြည်းချင်း ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။

ထို့နောက် လှောင်ပြောင်စွာဖြင့် ပြောလိုက်သည်။

"ကျောက်စိမ်းတံဆိပ်မြင်ချင်ရုံလေးနဲ့ တစ်သန်းအကုန်ကျခံတယ်...."

"ငါတကယ်ပဲ မင်းတို့တိမ်စိမ်းဂိုဏ်းရဲ့ရက်ရောမှုကို လေးစားတယ်....."

"ကျေးဇူးတင်နဲ့အနေနဲ့ မင်းတို့ကို ကျောက်စိမ်းတံဆိပ် သေချာလေးကြည့်ခိုင်းမှာပါ..."

သူက ရယ်ပြီး ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည်။

ထို့နောက် အထဲကို တစ်ချက်ကြည့်လိုက်သည်။

နောက်တစ်ခဏ၌...

သူ့မျက်နှာပေါ်ရှိ အပြုံးတွေ အေးခဲသွား၏။

မျက်လုံးတွေက ကျောက်စိမ်းသေတ္တာပေါ်မှာ မြဲမြံစွာရှိနေပြီး နေရာတင်ပဲ အေးခဲနေခဲ့သည်။

All Chapters