← Chapters

အသွင်အပြင်သန်မာပေမယ့် လက်တွေ့မှာအားနည်းနေခြင်း

Vol. 14 Ch. 198

အသွင်အပြင်သန်မာပေမယ့် လက်တွေ့မှာအားနည်းနေခြင်း

Vol. 14 Ch. 198

ကျောက်စိမ်းသေတ္တာဖွင့်လိုက်တာ မြင်သည့်အခါ....

လူတိုင်း ချက်ချင်းပဲ လည်ပင်းဆန့်လိုက်ပြီး စွမ်းအားကြီးကျောက်စိမ်းတံဆိပ်ကို မြင်ချင်နေကြ၏။

သို့ပေမယ့် တိုင်ပုပိုင် ဖရိုဖရဲဖြစ်နေပြီး သူ့စိတ်က ဗလာကျင်းနေခဲ့သည်။

ကျောက်စိမ်းသေတ္တာက ဗလာကြီးပင်။

သို့ပေမယ့် ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။

လေလံအိမ်၌ ငွေပေးချေတုန်းက သူ ကျောက်စိမ်းသေတ္တာကို ကိုယ်တိုင်စစ်ဆေးခဲ့ပြီး အမှန််ဆိုတာ အတည်ပြုခဲ့သည်။ ထို့နောက် ကိုယ်တိုင်ပဲ သေတ္တာကို ပြန်လည် ချိပ်ပိတ်ခဲ့တာဖြစ်သည်။

ထိုလုပ်ဆောင်မှုအတွင်း၌ သူတစ်ယောက်သာရှိတာဖြစ်သည်။

တစ်ယောက်မှ မထိဖူးပေ။

ထို့ပြင် ကျောက်စိမ်းသေတ္တာကိုရပြီးကကတည်းက တစ်ချိန်လုံး တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားခဲ့တာဖြစ်သည်။

အလဲခံရဖို့က လုံးဝမဖြစ်နိုင်ပေ။

သို့ပေမယ့် ဘယ်လိုလုပ်ပြီး ကျောက်စိမ်းသေတ္တာက ဗလာကြီးဖြစ်နေရသနည်း။

သူက ကိုယ့်မျက်လုံးကိုယ််တောင် သံသယဖြစ်သွားပြီး သေသေချာချာကြည့်လိုက်သည်။

ဗလာကြီးဖြစ်နေဆဲပင်။

သူ့နှလုံးသား ချောက်နက်ကြီးထဲကျသွားသလို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးအားမရှိသလို ဖြစ်သွား၏။

မကောင်းသည့်နမိတ်ဆိုးတွေလည်း စိတ်ထဲမှာ ထွက်ပေါ်လာခဲ့သည်။

သူက နှစ်သန်းတန် ကျောက်စိမ်းတံဆိပ်ကို ပျောက်ဆုံးသွားပြီပင်။

ဂိုဏ်းချုပ်ကို ဘယ်လိုရှင်းပြရတော့မည်နည်း။

ဂိုဏ်းချုပ်က ကျောက်စိမ်းတံဆိပ် ထူးဆန်းစွာပျောက်သွားတာကို သေချာပေါက် ယုံမည်မဟုတ်ပေ။

သူ့ကိုစောင့်ကြိုနေမည့်အရာတွေက သံသယရှိစရာမလိုအောင် ပြင်းထန်သည့်စစ်ဆေးမေးမြန်မှုတွေပင်ဖြစ်သည်။

ထိုအရာကိုတွေးပြီး မျက်နှာဖြူဖျော့သွား၏။

"အကြီးအကဲတိုင်, ဘာလို့မပြသေးတာလဲ...."

လျိုဝူချန်း လည်ပင်းဆန့်ပြီး မေးလိုက်သည်။

တိုင်ပုပိုင် ငေးကြောင်နေရာမှ ပြန်သတိဝင်လာခဲ့သည်။

ယခု စိုးရိမ်သင့်တာက ဂိုဏ်းပြန်ရောက်လျှင် ကြုံတွေ့ရမည့်အရာမဟုတ်ပေ။

ထိုအရာက လက်ရှိအခြေအနေကိုပင်။

အစောပိုင်းက သူ ဘယ်လိုစိတ်ကြီးဝင်မောက်မာစွာဖြင့် လျိုဝူချန်းကို ငွေညစ်ခဲ့သနည်း။

သူတို့သာ သိသွားလျှင်...

ဆက်တောင် မတွေးရဲတော့ပေ။

အလျှင်အမြန်ပဲ ကျောက်စိမ်းသေတ္တာကိုပိတ်ကာ ချိပ်ပိတ်စည်းတွေပြန်ကပ်သလို ဟန်ဆောင်လိုက်၏။

ထို့နောက် ကိုယ့်ကိုယ်ကို တွန်းအားပေးတည်ငြိမ်အောင်လုပ်လိုက်ပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျိုနဲ့ တိမ်စိမ်းဂိုဏ်းအကြီးအကဲတို့...."

"ငါ ခုမှ မင်းတို့ရဲ့စကားတွေကို စဥ်းစားမိတယ်...."

"မင်းတို့မှန်တယ်လို့ ငါထင်တယ်။ ကျောက်စိမ်းတံဆိပ်ကိုသုံးပြီး ဂိုဏ်းနှစ်ခုကြားဆက်ဆံရေးကို ဖျက်စီးမယ်ဆိုရင် အဆုံးမှာတော့ ဝဋ်ပြန်လည်မှာပဲ..."

"ဒါကြောင့် အစောပိုင်းငါဘာမှမပြောခဲ့ဖူးလို့ပဲ သတ်မှတ်လိုက်ပါ...."

"မင်းတို့ရဲ့ တိမ်စိမ်းဂိုဏ်း ငါတို့ဧရာမဂိုဏ်းကို ရန်မစသ၍ မင်တို့ကိုတိုက်ခိုက်ဖို့ ဒီကျောက်စိမ်းတံဆိပ်ကို သုံးမှာမဟုတ်ဘူး...."

ဟမ်?...

ရှိနေသည့်အကြီးအကဲတိုင်း အံ့အားသင့်သွားကြသည်။

တိုင်ပုပိုင်က သလင်းကျောက်တစ်သိန်းကို မျိုချပြီးသားဖြစ်သည်။

အစာချေဖြတ်တော့မည့်အချိန်မှ ပြန်ထွေးလိုက်သည်လား...

ထို့ပြင် အသိတရားရသွားသည့်အမူအရာကိုလည်း ပြသနေခဲ့သည်။

သံသယတွေဘေးဖယ်ထားလျှင် ထိုအရာက တိမ်စိမ်းဂိုဏ်းအတွက် သတင်းကောင်းပင်။

တစ်ခဏအံ့အားသင့်ပြီးနောက် လျိုဝူချန်း ချက်ချင်းပဲ စိတ်လှုပ်ရှားသည့်အမူအရာပြသလာ၏။ သူက မတ်တပ်ရပ်ကာ လက်ချင်းယှက်ပြီး ပြောလိုက်သည်။

"အကြီးအကဲတိုင် ဂိုဏ်းနှစ်ဂိုဏ်း ရေရှည်ဆက်ဆံရေးကိုစဥ်းစားပေးတာ တကယ်ကို ကောင်းပါတယ်...."

"ငါ အစောပိုင်းဖြစ်ခဲ့တာတွေကို ဘာမှမဖြစ်ခဲ့ဘူးလို့ပဲ မှတ်လိုက်ပါ့မယ်....."

"အကြီးအကဲတိုင်က ငါတို့တိမ်စိမ်းဂိုဏ်းရဲ့ ဧည့်သည်တစ်ယောက်ပါပဲ...."

"လာကြစမ်း, အကြီအကဲတိုင်အတွက် လက်ဖက်ရည်ယူလာခဲ့....."

အခြားအကြီးအကဲတွေလည်း ဖော်ရွေသည့်အမူအရာတွေပြသလာ၏။

သူတို့က တိုင်ပုပိုင်၏အစောပိုင်း လုပ်ရပ်အတွက် မကျေမနပ်ဖြစ်နသေးသော်လည်း....

တစ်ဖက်လူ၌ ကျောက်စိမ်းတံဆိပ်ရှိနေပြီး တိမ်စိမ်းဂိုဏ်းကို ခြိမ်းခြောက်နေဆဲဖြစ်သည်။

ဤလူကဲ့သို့လူမျိုးက ဖြစ်နိုင်လျှင်တော့ မိတ်ဆွေဖွဲ့သင့်ပြီး အနည်းဆုံးတော့ အပြစ်မလုပ်သင့်ပေ။

ဂျန်ဖန်း ရယ်လုနီးပါးဖြစ်သွား၏။

ရိုးအပြီး အကြီးအကဲဖြစ်လာသူက အမှန်တကယ်ကို နည်းနည်းပဲရှိ၏။

ကျောက်စိမ်းတံဆိပ်ပျောက်သွားပေမယ့် သူက တည်ငြိမ်နေတုန်းပင်။

ထို့ပြင် တိမ်စိမ်းဂိုဏ်းကို ဖြောင့်မတ်စွာဖြင့် အပြစ်အနာရှာမရှိ တိုင်တွယ်နိုင်နေတုန်းပင်။

ကျောက်စိမ်းတံဆိပ်ကို သူကိုယ်တိုင်ခိုးခဲ့တာသာမဟုတ်လျှင် ထိုအပေါ်ယံဟန်ဆောင်မှုဖြင့် အရူးလုပ်ခံရမည်ပင်။

ထိုကောင်၏ အစောပိုင်းအပြုအမူကိုပြန်တွေးပြီး ဂျန်ဖန်း ဘယ်လိုလုပ် လွတ်ပေးနိုင်မည်နည်း။

"ဆရာ, ဒီခွေးအိုကြီးက ခုလေးတင်မောက်မာနေတာပါ။ သူ့လိုလူက ငါတို့တိမ်စိမ်းဂိုဏ်းဧည့်သည်အဖြစ် ဆက်ဆံဖို့ တိုက်တန်လို့လား...."

ထိုစကားတွေက လျိုဝူချန်းမျက်နှာကို အနည်းငယ် ပြောင်းသွားစေ၏။

"ပါးစပ်ပိတ်ထား။ မရိုင်းနဲ့...."

တိုင်ပုပိုင်စိတ်ပျောင်းဖို့က လွယ်သည့်ကိစ္စမဟုတ်ပေ။ ဂျန်ဖန်းစကားတွေက သူ့ကို ရန်စသလိုဖြစ်သွားလျှင် ဘယ်လိုလုပ်မည်နည်း။

သေချာပေါက်ပင်။

ထိုစကားတွေ ထွက်လာသည်နှင့်တစ်ပြိုင်နက် တိုင်ပုပိုင် အပြင်းအထန်လှောင်ပြောင်လိုက်၏။

"မင်းခွေးသားလေး...."

"ဒီအကြီးအကဲက မင်းကိုသက်ညှာပေးတာကို ကျေးဇူးတင်ရကောင်းမှန်းမသိဘူးပဲ...."

"ကြင်နာတတ်တဲ့လူတွေက အစော်ကားခံရပြီး မြင်းကောင်းကအစီးခံရတာ တကယ်ပါပဲလား...."

"ဒီအကြီးအကဲကိုတောင်းပန်ပါ။ မဟုတ်ရင် သလင်းကျောက်တစ်သန်းပေးရင်တောင် ခွင့်လွတ်မှာမဟုတ်ဘူး....."

ဤကဲ့သို့ခြိမ်းခြောက်မှုက ဂိုဏ်းချုပ်နှင့် အကြီးအကဲတွေကို ထိတ်ထိတ်ပျာပျာ ဖြစ်သွားစေခဲ့သည်။

သူတို့အားလုံးက ဂျန်ဖန်းကို အပြစ်တင်သည့်အကြည့်တွေဖြင့် ကြည့်လိုက်ကြ၏။

ထိုကောင်က ဘာမှဖြစ်ဖြစ်မြောက်မြောက်မလုပ်နိုင်ပေမယ့် ဖျက်ဆီးတဲ့နေရာမှာတော့ ဆရာကြီးပင်။

တိမ်စိမ်းဂိုဏ်း၌ သလင်းကျောက်တွေ ပေါ်များနေသည်ဟု ဂျန်ဖန်ထင်နေသည်လား...

လျိုဝူချန်းကြင်နာတတ်သည့်သဘာဝက သူ၏မိုက်မဲမှုကြောင့် ချက်ချင်း အရည်ပျော်ကြသွား၏။

"ဂျန်ဖန်း, မင်းဘယ်လိုတောင် ရိုင်းစိုင်းရတာလဲ...."

"အကြီိးအကဲတိုင်ကို ခုချက်ချင်း တောင်းပန်လိုက်...."

ဂျန်ဖန်း တိုင်ပုပိုင်၏တည်ငြိမ်မှုကို အမှန်တကယ်သဘောကျသွား၏။

ဤကဲ့သို့အချိန်မျိုးမှာတောင် ထိုလူက သရုပ်ကောင်းနေဆဲဖြစ်သည်။

"ဆရာ, မင်းသံသယမဖြစ်ဘူးလား...."

ဂျန်ဖန်း ကျောက်စိမ်းသေတ္တာထဲ၌ ဘာမှမရှိဘူးဆိုတာ တိုက်ရိုက်ကြီးမပြောနိုင်ပေ။ မဟုတ်လျှင် သံသယတွေက သူ့ဆီမြှားဦးလှည့်လာတော့မည်ပင်။

ထိုအချိန်၌ ဂိုဏ်းက ကျောက်စိမ်းတံံဆိပ်ကို ဂိုဏ်းပိုင်အဖြစ်သိမ်းယူမည်ပင်။

ထို့ကြောင့် သူက သွယ်ဝိုက်ပြီးသာ အရိပ်အမြွက်ပြနိုင်၏။

"ဒီလူအိုကြီးက သနားကြင်နာတတ်တဲ့လူမလို့လား..."

"ကျောက်စိမ်းသေတ္တာမဖွင့်ခင်ထိ သူ့လေသံက တင်းမာနေတုန်းပဲလေ...."

"ဘာလို့ ကျောက်စိမ်းသေတ္တာဖွင့်ပြီးမှ ရုတ်တရက်ပြီး သဘောထားပြောင်းသွားရတာလဲ။ အလုံးစုံအခြေအနေတွေကို ဂရုစိုက်သလိုလို ဘာလိုလိုတွေ လုပ်လာတာလေ...."

ဟမ်?...

လူတိုင်း အစောပိုင်းက ရုတ်တရက် တိမ်မဲတွေပျောက်ကွယ်သွားမှုကြောင့် အပျော်ထဲနစ်မြုပ်သွားကြတာဖြစ်သည်။

သူတို့က တိုင်ပုပိုင်ကို ကျေးဇူးတင်လုနီးပါးပင်။

ထိုအကြောင်းတွေကို မည်သူက တွေးမိမည်နည်း။

ယခု, ဂျန်ဖန်းစကားတွေကြားခါမှ သူတို့ တစ်ခုခုကို စတင်သံသယဝင်လာခဲ့ကြသည်။

အမှန်တကယ်ပင်။

တိုင်ပုပိုင်၏ အစောပိုင်းအပြုအမူကိုသုံးသပ်ကြည့်လျှင် မောက်မာပြီး ကောက်ကျစ်ယုတ်မာတဲ့သူဖြစ်သည်။

ထိုကဲ့သို့လူတစ်ယောက်က ဘယ်လိုလုပ် စိတ်ပြောင်းမည်နည်း။

ထို့ပြင် ဂျန်ဖန်းပြောသည့်အတိုင်းပင်။ အစော်ပိုင်း သူ့သဘောထားက ပြတ်သားလှ၏။ ကျောက်စိမ်းသေတ္တာကိုဖွင့်ပြီးမှသာ ၁၈၀ ဒီဂရီပြောင်းသွားတာဖြစ်သည်။

ကျောက်စိမ်းသေတ္တာမှာပြဿနာမရှိဘူးပြောလျှင် မသင်္ကကာစရာကောင်းလှ၏။

လျိုဝူချန်း မျက်လုံး မှေးကျဥ်းလိုက်၏။

သူက ကျောက်စိမ်းသေတ္တာကိုစိုက်ကြည့်ပြီး စူးစမ်းလိုက်သည်။

"အကြီးအကဲတိုင်, ငါတို့ ကျောက်စိမ်းတံဆိပ်ကို တစ်ချက်ကြည့်လို့ရမလား...."

တိုင်ပုပိုင် ထိတ်လန့်စပြုလာ၏။

သူက ဂျန်ဖန်းကို အတော်ဒေါသထွက်သွားပြီး အပိုင်းပိုင်း ဆုတ်ဖြဲချင်နေခဲ့သည်။

အစောပိုင်း ကျောက်စိမ်းသေတ္တာစစ်ဆေးရအောင်လုပ်တာလည်းဂျန်ဖန်းဖြစ်ပြီး အခုလူတိုင်း သံသယဖြစ်သွားအောင်လုပ်တာလည်း ဂျန်ဖန်းပဲဖြစ်သည်။

အပြင်ပိုင်းမှာတော့ တိုင်ပုပိုင် အားတင်းတည်ငြိမ်အောင်လုပ်လိုက်ပြီး အေးစက်စွာလှောင်ပြောင်လိုက်၏။

"ဂိုဏ်းချုပ်လျို, ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းက ဒီလောက်ထိ နဝေတိန်နောင်ဖြစ်နေတယ်ပေါ့..."

"တကယ်ပဲ မင်းတပည့်ရဲ့ အဓိပ္ပာယ်မရှိတဲ့စကားတွေကို ယုံတာလား...."

"မင်း ကျောက်စိမ်းတံဆိပ်ကို မြင်ချင်တယ်ဆိုရင်လည်း ရတယ်လေ။ ဒါပေမယ့် သလင်းကျောက်တစ်သန်းတော့ ပြင်ထားဖို့လိုမယ်နော်..."

ထိုအရာက လျိုဝူချန်းနှင့် အကြီးအကဲတွေကို နောက်တစ်ကြိမ် ထိတ်လန့်သွားစေခဲ့သည်။

အကြီးအကဲများစွာ လျိုဝူချန်းနှင့် အဓိပ္ပာယ်ပါပါ အကြည့်ချင်းဖလှယ်လိုက်ကြ၏။

ထိုအရာက လျိုဝူချန်း နောက်ထပ် ဆက်မသွားသင့်တော့ဘူးဟု ဆိုလိုနေတာဖြစ်သည်။

ကျောက်စိမ်းသေတ္တာကို တွန်းအားပေးဖွင့်ခိုင်းဖို့က မလိုအပ်ပေ။

သူတို့မစစ်ဆေးလျှင် တိမ်စိမ်းဂိုဏ်းက ဘာမှဆုံးရှုံးမည်မဟုတ်ပေ။

သို့ပေမယ့် စစ်ဆေးခဲ့လို့ ကျောက်စိမ်းတံဆိပ်သာ တကယ်ရှိနေခဲ့လျှင် တိိမ်စိမ်းဂိုဏ်းက ကြီးမားသည့်ဆုံးရှုံးမှုကို ခံစားရမည်ပဲဖြစ်သည်။

သို့ပေမယ့် ဂျန်ဖန်း နောက်တစ်ကြိမ် သတိပေးလိုက်သည်။

"ဆရာ, ကြည့်စမ်းပါ။ ဒီလူအိုကြီး ကြောက်စပြုလာပြီ...."

"ကျောက်စိမ်းသေတ္တာက ဗလာကြီးလို့ ဒီတပည့်သံသယရှိတယ်...."

လျိုဝူချန်း ပိုလို့တောင် မျက်လုံးမှေးကျဥ်းသွား၏။

အမှန်တကယ်ပင်။

တိုင်ပုပိုင်၌ အမှန်တကယ်သာ ကျောက်စိမ်းတံဆိပ်ရှိလျှင် လူတိုင်းကိုခြိမ်းခြောက်ဖို့ ချက်ချင်းထုတ်ယူပြီး ငွေညှစ်မည်ပင်။

ဘာကြောင့် စကားတွေ အများကြီး ပြောနေမည်နည်း။

သူက ဖြည်းဖြည်းညင်းမတ်တပ်ရပ်လိုက်ပြီး နောက်တစ်ကြိမ်စူးစမ်းလိုက်၏။

"အကြီးအကဲတိုင်, ဘာလို့ မင်းငါတို့ကို ကျောက်စိမ်းတံဆိပ်မပြတာလဲ...."

"တကယ်သာရှိရင် ငါမင်းကို သလင်းကျောက်တစ်သန်းပေးမယ်။ ပြဿနာမရှိဘူး...."

ထိုအရာက တိုင်ပုပိုင်ကို ကျဥ်းထဲကျပ်ထဲရောက်သွားစေ၏။

သူက ဂျန်ဖန်းကို စက်ဆုပ်ရွံ့ရှာစွာကြည့်လိုက်ပြီး ဒေါသထွက်ချင်ယောင် ဆောင်လိုက်၏။ ထို့နောက် မတ်တပ်ရပ်ကာ အင်္ကျီလက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။

"မင်းတို့ ကျေးဇူးမသိတတ်တဲ့တစ်သိုက်ပဲ...."

"ငါ ဂိုဏ်းချုပ်ကို ပြန်သတင်းပို့မယ်။ အဲ့အချိန် မင်းတို့ဘာလုပ်နိုင်အုန်းမလဲဆိုတာ ကြည့်ကြသေးတာပေါ့...."

ပြောပြီးနောက် သူက တစ်ဖက်လှည့်ကာ လက်နှောက်ပစ်ပြီး ထွက်ခွာသွားခဲ့သည်။

ထိုအရာကိုမြင်သည့်အခါ အကြီးအကဲအများစု နောက်ဆုံးမှာ နားလည်သွား၏။

အရာရာတိုင်းက ဂျန်ဖန်းပြောသည့်အတိုင်းပင်။

ကျောက်စိမ်းသေတ္တာထဲ၌ ဘာမှမရှိပေ။

All Chapters