← Chapters

သွေးထိုးလှုံ့ဆော်ပေးသူ

Vol. 14 Ch. 199

သွေးထိုးလှုံ့ဆော်ပေးသူ

Vol. 14 Ch. 199

လျိုဝူချန်းလည်း ဘာဖြစ်နေလဲဆိုတာ နားလည်သွား၏။

ဒေါသလှိုင်းတစ်ခုက သူ့စိတ်ထဲမှာ ထိုးတက်လာခဲ့သည်။

တိုင်ပုပိုင်က အမှန်တကယ်ပဲ သေတ္တာအလွတ်တစ်ခုကြီးယူလာပြီး တိမ်စိမ်းဂိုဏ်းကို ပေါ်တင်ကြီးငွေညစ်ရဲ၏။

အစောပိုင်း သူ့မောက်မာမှု၊ အရေးမလုပ်မှု၊ လှောင်ပြောင်မှုနှင့် ရဲတင်းမှုတို့ကို ပြန်တွေးကြည့်ပြီး

လျိုဝူချန်း အတိုင်းထက်အလွန် ဒေါသထွက်သွားခဲ့သည်။

သူက စားပွဲကို လက်ဖြင့်ရိုက်လိုက်ပြီး လေထဲသို့ခုန်တက်ကာပြောလိုက်သည်။

"မင်းဘယ်သွားမလို့လဲ..."

သူ့ခန္ဓာကိုယ်က ဧရာမငှက်ကြီးတစ်ကောင်ကဲ့သို့ ပျံသန်းသွားပြီး ချက်ချင်းပဲ တိုင်ပုပိုင်ရှေ့ပိတ်ရပ်ကာ ရင်ဘတ်ကို လက်ဝါးဖြင့်ရိုက်ချလိုက်၏။

တိုင်ပုပိုင် တုန်လှုပ်သွားပြီး အလျှင်အမြန် လက်ဝါးမြောက်ကာ ပြန်လည်တိုက်ခိုက်လိုက်၏။

သို့ပေမယ့် ဘယ်လိုလုပ်ပြီး သူက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သည့် လျိုဝူချန်း ပြိုင်ဘက်ဖြစ်မည်နည်း။

လက်ဝါးတစ်ချက်ဖြင့် နောက်ကို တယိမ်းတယိုင်ဆုတ်သွားခဲ့ရသည်။

လျိုဝူချန်း ထိုအခွင်းအရေးကိုအမိအရယူပြီး ကျောက်စိမ်းသေတ္တာကို လုယူလိုက်သည်။ ထို့နောက် ချိပ်ပိတ်စည်းတွေဆုတ်ဖြဲကာ ဖွင့်ကြည့်လိုက်၏။

ထိုအရာက အမှန်တကယ်ဗလာကြီးပင်။

ထိုအရာကြောင့် သူနှင့်အကြီးအကဲတွေ လုံးဝ စိတ်အေးသွား၏။

ဧရာမဂိုဏ်းကျောက်စိမ်းတံဆိပ်ကိုလေလံနိုင်သွားတာ အသိသာကြီးပင်။ ဘာကြောင့် ကျောက်စိမ်းသေတ္တာက ဗလာကြီးဖြစ်နေမှန်း သူတို့မသိသော်လည်း တိုင်ပုပိုင်တကယ်ပဲ သလင်းကျောက် တစ်သန်းကို သေတ္တာအလွတ်ကြီးတစ်ခုဖြင့် ငွေလာညစ်နေခဲ့သည်။

ထိုအရာကိုပြန်စဥ်းစားမိသည့်အခါ လူတိုင်း အစော်ကားခံလိုက်ရသလို ခံစားလိုက်ရသည်။

တိမ်စိမ်းဂိုဏ်းရှိလူတွေက သုံးနှစ်သားကလေးတွေလိုပင်။

သေတ္တာကိုစစ်ဆေးဖို့ ဂျန်ဖန်း၏အချိန်မှီသတိပေးမှုကြောင့်သာမဟုတ်လျှင် သူတို့က အရူးလုပ်ခံနေရအုန်းမည်ပင်။

ပိုပြီး ဒေါသထွက်စရာကောင်းတာက...

သေတ္တာကအလွတ်ကြီးမှန်းသိသွားတာတောင် တိုင်ပုပိုင်က တည်ငြိမ်ချင်ယောင်ဆောင်ပြီး တိမ်စိမ်းဂိုဏ်းကို ဆက်လက်ခြိမ်းခြောက်နေတာပဲဖြစ်သည်။

ဂျန်ဖန်း နောက်တစ်ကြိမ်အသိပေးလို့သာမဟုတ်လျှင် သူ၏ရုတ်တရက်သဘောထားပြောင်းလဲမှုကို ယုံကြည်ပြီး ယဥ်ယဥ်ကျေးကျေး လိုက်လံပို့ဆောင်ပေးအုန်းမည်ပင်။

ထိုအရာတွေအားလုံးက သူတိုကို ယင်ကောင်မြိုချသလို ခံစားသွားစေ၏။

ဒေါသအကြီးဆုံးဖြစ်သည့် ဝမ်ဟုန်ယောင် စားပွဲကိုလက်ဖြင့်ရိုက်ပြီး ပြောလိုက်သည်။

"ခွေးကောင်...."

"နင်က ငါတို့ကို ဒီလိုအရူးလုပ်ခြိမ်းခြောက်ရဲတယ်ပေါ့....."

"ဂိုဏ်းချုပ်, သူ့ကို အလွတ်မပေးနဲ့...."

အခြားအကြီးအကဲတွေလည်း ဒေါသမီးတွေ တောက်လောင်ကုန်၏။

တိုင်ပုပိုင် အလျှင်အမြန်ပြောလိုက်သည်။

"ဂိုဏ်းချုပ်လျို, အကြီးအကဲတို့, ဒါတွေအားလုံးက နားလည်မှုလွဲတာပါ။ နားလည်မှုလွဲနေတာပါ...."

"ကျေးဇူးပြုပြီး ငါတို့ဂိုဏ်းနှစ်ခုကြားက သဟဇာတဖြစ်မှုကို ထိခိုက်အောင်မလုပ်ပါနဲ့...."

ဂျန်ဖန်း အေးစက်စွာနှာမှုတ်လိုက်၏။

"မင်းကျောက်စိမ်းသေတ္တာကိုင်ထားတုန်းက ဘာလို့ ဂိုဏ်းကြားကသဟဇာတွေကို ဂရုမစိုက်တာလဲ...."

"ဆရာ, ငါတို့သူ့ကို ဒီတိုင်းလွတ်ပေးလိုက်လို့မဖြစ်ဘူး...."

"ဒီကိစ္စသာပျံ့သွားရင် ဘယ်အိမ်ခြေရာမဲ့ခွေးမဆို သူတို့ကံကို စမ်းကြည့်နိုင်မယ်လို့ ထင်မသွားစေဘူးလား..."

သူက မီးထဲလောင်စာ ပေါင်းမထည့်ချင်ပေ။

ထိုအရာက လူတွေ သူ့ကို ပိုပြီး မကျေမနပ်ဖြစ်လာစေမှာဖြစ်သည်။

သို့ပေမယ့် တိုင်ပုပိုင်က သူ့ကို နဂိုကတည်းက မုန်းတီးနေပြီဖြစ်သည်။

သူသာ ဤအခွင့်အရေးကိုယူပြီး သူ့ကိုအကြီးအကျယ်ဒဏ်ရာရအောင်မလုပ်လျှင် အနာဂတ်မှာ ပြဿနာများပြီပဲဖြစ်သည်။

အစကတည်းက တိုင်ပုပိုင်ကို လွတ်ပေးဖို့ရည်ရွယ်ချက်မရှိသည့် လျိုဝူချန်း ဂျန်ဖန်းစကားတွေကိုကြားသည့်အခါ ပိုလို့တောင် ဒေါသထွက်လာခဲ့သည်။

သူ့မျက်လုံးထဲမှာ အေးစက်စက်အလင်းတန်းတွေ လင်းလက်လာပြီး တိုင်ပုပိုင်ကို ဒေါသတကြီးစိုက်ကြည့်လိုက်၏။

"တိမ်စိမ်းဂိုဏ်းမှာ ထင်တိုင်းလာကြဲမှတော့ မင်း တန်ရာတန်ကြေးပြန်ပေးရမယ်...."

ထိုသို့ပြောပြီးနောက်....

ပြတ်ပြတ်သားသားတိုက်ခိုက်လိုက်၏။

တိုင်ပုပိုင် ကြောက်လန့်သွားပြီး ထပ်ခါထပ်ခါ အော်ဟစ်လိုက်၏။

သို့ပေမယ့် သူက တိမ်စိမ််းဂိုဏ်းခန်းမထဲမှာ တစ်ယောက်ထဲဖြစ်ရာ ဘယ်လိုလုပ် လွတ်နိုင်မည်နည်း။

ခရက်!

လှုပ်ရှားမှုအနည်းငယ်ဖြင့် လျိုဝူချန်း သူ့ရင်ဘတ်ကို အပြင်းအထန်ဒဏ်ရာသွားစေပြီး နံရိုးများစွာကျိုးသွားစေခဲ့သည်။

ထို့နောက် ချက်ချင်းပဲ လက်နှစ်ဖက်လုံးကို ဆွဲချိုးပစ်လိုက်သည်။

လျိုဝူချန်း ရပ်လိုက်ပြီ နှာမှုတ်လိုက်၏။

"မင်းလက်ကိုချိုးတာက မင်းကိုသင်ခန်းစာပေးတာအပြင် တိမ်စိမ်းဂိုဏ်းမှာလာရမ်းကားရင် ဘာဖြစ်လဲဆိုတာ လောကကြီးကိုပြပေးဖို့ပဲ...."

အခြားအကြီးအကဲတွေလည်း တိတ်တဆိတ် ခေါင်းညိတ်လိုက်ကြ၏။

တိုင်ပုပိုင်က ဧရာမဂိုဏ်းအကြီးအကဲဖြစ်သောကြောင့် လက်မောင်ချိုးပြီး သင်ခန်းစာပေးတာက လုံလောက်ပြီပင်။

အပြင်းအထန်ဒဏ်ရာရသွားသည့် တိုင်ပုပိုင် ပြင်းထန်သည့်နာကျင်မှုကိုတောင့်ခံကာ ဦးညွတ်ပြီးတောင်းပန်လိုက်၏။

"သနားညှာတာပေးလို့ ကျေးဇူးတင်ပါတယ်, ဂိုဏ်းချုပ်လျို..."

ပြောပြီးနောက်....

သူက ဂျန်ဖန်းကို မျက်လုံးထောင့်မှ အဆိပ်ပြင်းစွာ စိုက်ကြည့်လိုက်သည်။

ယနေ့ဖြစ်ရပ်အားလုံးက ဂျန်ဖန်း ကျေးဇူးကြောင့်ပဲဖြစ်သည်။

သူက အခွင့်အရေးရတာနှင့် ဂျန်ဖန်းကို အရေခွံ့ဆုတ်ဖို့ ကျိန်ဆိုလိုက်၏။

ဂျန်ဖန်း တစ်ကိုယ်လုံး အေးစိမ့်သွားပြီး အဆိပ်ပြင်းမြွေတစ်ကောင်၏ ပစ်မှတ်ထားခြင်းခံလိုက်ရသလိုခံစားလိုက်ရ၏။

သူက မျက်လုံးလှန်လိုက်ပြီး ပြောလိုက်သည်။

"ဂိုဏ်းချုပ်, ဒီပြစ်ဒဏ်က အရမ်းသက်ညှာလွန်းနေတယ်...."

"ငါတို့ဂိုဏ်းအကြီးအကဲတစ်ယောက်သာ သေတ္တာအလွတ်ကြီးနဲ့ ဧရာမဂိုဏ်းကို ငွေသွားညှစ်ရင် ဂိုဏ်းချုပ်ကုန်းက အလွယ်တကူလွတ်ပေးမှာတဲ့လား...."

ထိုကဲ့သို့စဥ်းစားကြည့်လိုက်သည့်အခါ လျိုဝူချန်းနှင့် အကြီးအကဲတွေ ပိုမို အလေးအနက်ဖြစ်လာကြ၏။

သူတို့က ကောင်းယွမ်ဘ၏ စိတ်ဓာတ်ကျဥ်းမြောင်သည့်သဘာဝကိုသိထား၏။

သူ့တူက မျှတသည့်တိုက်ပွဲမှာ ဂျန်ဖန်းကို ရှုံးသွားတာတောင် စက်ဆုပ်အထင်သေးဖွယ်ကောင်းစွာဖြင့် သားရဲတစ်ရာတောင် သားရဲလှိုင်းကို ဖြစ်ပေါ်စေခဲ့၏။

တိမ်စိမ်းဂိုဏ်းအကြီးအကဲတစ်ယောက်သာ တိုင်ပုပိုင်လို သွားလုပ်လျှင် ကောင်းယွမ်ဘ၏ စိတ်ဓာတ်ကျဥ်းမြောင်းမှုနှင့် နေရာမှာပဲ ချက်ချင်း သတ်ပစ်မှာဖြစ်သည်။

ဤကဲ့သို့ လက်မောင်းလေး တစ်ချောင်းနှစ်ချောင်းချိုးသည့် သနားညာတာမှုမျိုး ပြသမှာမဟုတ်ပေ။

လျိုဝူချန်း စိတ်ဝင်စားလာတာမြင်သည့်အခါ ဂျန်ဖန်း ဆက်ပြောလိုက်သည်။

"ဆရာ, သားရဲလှိုင်းကလည်း ရောက်လာတော့မှာဆိုတော့ ဂိုဏ်း ၉ ဂိုဏ်း နယ်မြေက ဖရိုဖရဲဖြစ်လာလိမ့်မယ်...."

"ဒီလိုအချိန်အတွင်းမှာ လူတွေက သွေးရူးသွေးတန်းဖြစ်လာပြီး တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်ကုန်ကြမှာ မလွဲဧကန်ပဲ..."

"ဂိုဏ်း ၉ ဂိုဏ်းလည်း တိုက်ခိုက်ခံရမှာပဲ..."

"ကျွန်တော်တို့တိမ်စိမ်းဂိုဏ်းက ညှာတာပေးပြီး အလွယ်အတူအနိုင်ကျင့်ခံနေမယ်ဆိုရင် ပြဿနာတွေက မရပ်မနားရောက်လာလိမ့်မယ်...."

"ဘာလို့ ဒီအခွင့်အရေးကိုယူပြီး အခြားဂိုဏ်းတွေကို မခြိမ်းခြောက်တာလဲ...."

"တိမ်စိမ်းဂိုဏ်းက ယီတီးယားတာလာလုပ်လို့ရတဲ့နေရာမဟုတ်ဘူးဆိုတာ ပြလိုက်စမ်းပါ...."

ဒါက...

လျိုဝူချန်းနှင့် အကြီးအကဲတွေ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အတွေးထဲနစ်မြောသွားကြ၏။

သိသာစွာပင် ဂျန်ဖန်းစကားတွေက အဓိပ္ပာယ်ရှိ၏။

သာမန်အခြေအနေမှာ တိုင်ပုပိုင်ကို လွတ်ပေးလိုက်တာက ပြဿနာမရှိပေ။

အဆိုးဆုံးမှ လူတွေကို အားနည်းလွန်းသည့်အတွက် အထင်မြင်သေးရုံပဲရှိမည်ဖြစ်သည်။

သို့ပေမယ့် ဤကဲ့သို့အရေးကြီးကာလမျိုး၌ အားနည်းပုံပေါ်သည့်မည်သူမဆို သားရဲလှိုင်းမှာ အလွယ်တကူပစ်မှတ်ထားခံရမည်ပဲဖြစ်သည်။

ထို့ကြောင့် သူတို့က တိုင်ပုပိုင်ကို ပေါ့ပေါ့ပါးပါးလွတ်ပေးလို့မရရုံသာမက အလေးအနက်ကိုင်တွယ်ရမည်ပင်။

ထိုမှသာ အခြားလူတွေကို ခြိမ်းခြောက်နိုင်မှာပဲဖြစ်သည်။

အခွင့်အရေးမြင်တော့ ဂျန်ဖန်း မီးလောင်ရာလေပင့်လိုက်၏။

"ဆရာ, တိုင်ပုပိုင်က အခုလိုစက်ဆုပ်ဖယ်ကိစ္စမျိုးကိုကျူးလွန်ခဲ့တာ။ ကျွန်တော်ကိုသူ့ကိုဘာလုပ်လုပ် ဧရာမဂိုဏ်း တစ်လုံးတောင်ပြောရဲမှာမဟုတ်ဘူး....."

"တိတ်တဆိတ် အံကြိတ်ပြီး သူတို့ဒေါသတွေကို မြိုချနေဖို့ပဲ တတ်နိုင်မှာ...."

ထိုအရာက သံသယရှိစရာမလိုအောင် လျိုဝူချန်းအတွေးနှင့် တစ်ထပ်တည်းပင်။

အစောပိုင်း၌ သူက ဧရာမဂိုဏ်းတုံ့ပြန်မှာကိုစိုးရိမ်၍ ထိန်းထားခဲ့တာဖြစ်သည်။

ထိုအရာကိုကြားသည့်အခါ, သူ့စိတ်က ရှင်းလင်းသွားခဲ့သည်။

ထိုကဲ့သို့ရှက်စရာကိစ္စကို ကျူးလွန်ပြီးမှတော့ ဘယ်လိုလုပ်ပြီး ဧရာမဂိုဏ်းက တိုင်ပုပိုင်အတွက်ရပ်တည်ပေးအုန်းမည်နည်း။

ထို့ပြင် ကောင်းယွမ်းဘ သားရဲလှိုင်းအား ဘယ်လိုလှုံ့ဆော်ပေးခဲ့တာကို ပြန်တွေပြီး မကျေနပ်ချက် အသစ်ကောအဟောင်းကောအတူတကွ ဖြစ်ပေါ်လာခဲ့သည်။

လျိုဝူချန်းမျက်လုံးတွေ အေးစက်သွား၏။

"တိုင်ပုပိုင်, ငါ့တပည့်ပြောတာ လုံးဝမှန်တယ်...."

"မင်းကို ဒီအတိုင်းလွတ်ပေးလိုက်ရင် သက်ညှာရာရောက်လွန်းတယ်...."

တိုင်ပုပိုင် ကြောက်ရွံ့စွာဖြင့် အော်ပြောလိုက်၏။

"ဂိုဏ်းချုပ်လျို, စိတ်လျော့ပါ။ မင်းတပည့်စကားတွေကြောင့် မယိမ်းယိုင်.... မင်းဘာလုပ်တာလဲ...အား...."

"လျိုဝူချန်း, မင်း... မင်းတကယ်ပဲ ငါ့အကြောမျှင်တွေကို ဖျက်ဆီးရဲတယ်ပေါ့...."

ခန္ဓာကိုယ်အထူးပြုသည့်သိုင်းပညာရှင်တစ်ယောက်အနေဖြင့် ရုပ်ခန္ဓာက သူတို့အတွက် အရေးကြီးဆုံးဖြစ်သည်။

လက်နှင့်ခြေထောက်ရှိ ကြွက်သားမျှင်တွေဖျက်ဆီးခံရသည့်အခါ သူတို့က ခွန်အားမထုတ်နိုင်တော့ပဲ အမှိုက်ကောင်ဖြစ်သွားမည်ပင်။

ထိုအရာ သိုင်းကျင့်ကြံသူတစ်ယောက် ဒန်ထျန်ဖျက်စီးခံရတာနှင့် ယဥ်တူ၏။

အကြီးအကဲတွေလည်း တုန်လှုပ်နေပြီး စိုးရိမ်သွားကြ၏။

ဧရာမဂိုဏ်းမဟာအကြီးအကဲက ဤသို့ဖြင့် ဖျက်ဆီးခံလိုက်ရပြီပင်။

လျိုဝူချန်းမျက်လုံးတွေ အေးစက်နေပြီး နှာမှုတ်လိုက်၏။

"သူ့ကိုခေါ်သွားပြီး ဂိုဏ်းပြင်ဘက်လွင့်ပစ်လိုက်...."

တပည့်များစွာ ချက်ချင်းရှေ့ထွက်ပြီး တိုင်ပုပိုင်ကို သယ်သွားကြ၏။

ဂျန်ဖန်း အလွန်အမင်း ဆွံ့အနေခဲ့သည်။

ကြွက်သားမျှင်တွေဖျက်ဆီးလိုက်မှတော့ ဘာကြောင့် တစ်ခါတည်း မသတ်လိုက်သနည်း။

အသက်ရှင်လျက် ဧရာမဂိုဏ်းကို ပြန်လွတ်ပြီး နောက်မှလက်စားလာချေအောင်လား...

တိုင်ပုပိုင်၏ရုပ်ခန္ဓာက ဖျက်ဆီးခံလိုက်ရပေမယ့် အချိတ်အဆက်နှင့် အရင်းအမြစ်တွေက ကျန်ရှိနေဆဲဖြစ်သည်။

လက်ဝှေ့ယမ်းရုံဖြင့် ဂျန်ဖန်းအား ထိခိုက်အောင်လုပ်ဖို့ အခြားလူတွေကို စည်းရုံးလို့ရသေးတာဖြစ်သည်။

မဟုတ်ဘူး...

သူ့ကို ဧရာမဂိုဏ်း ပြန်ရောက်သွားစေလို့မဖြစ်ဘူး...

"ဆရာ, ဒီနေရာမှာ ကျွန်တော့်ကို လိုတာမရှိတော့ရင် ကျွန်တော် အရင်ပြန်လိုက်ပါအုန်းမယ်...."

ဂျန်ဖန်း တည်ငြိမ်စွာပြောလိုက်သည်။

"ခဏနေအုန်း...."

လျိုဝူချန်း ပြုံးလိုက်ပြီး သူ့ပခုံးကိုပုတ်လိုက်သည်။

"ဒီတစ်ချိန် မင်းကောင်းကောင်း လုပ်ဆောင်ခဲ့တာပဲ...."

"ငါ့ကို အမြစ်တစ်မျိုးနဲ့မြင်လာစေတယ်...."

အခြားအကြီးအကဲတွေလည်း လက်ခံသည့်အမူအရာတွေပြသလာ၏။

ဝမ်ဟုန်ယောင်ပြောလိုက်သည်။

"ဒီတစ်ချိန် ဂျန်ဖန်းရဲ့သတိပေးမှုကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် ငါတို့ဂိုဏ်း ပိုက်ဆံလဲရှုံး မျက်နှာလည်း ပျက်ရမှာ..."

ကျောက်ဝူဂျိ အလေးအနက် သဘောတူလိုက်၏။

"ဂိုဏ်းချုပ်, ဒီတစ်ချိန် မင်း သူ့ကို ဆုချသင့်တယ်နော်...."

လျိုဝူချန်း ရယ်လိုက်၏။

"ဒါပေါ့...."

စဥ်းစားပြီးနောက် သူက တွန့်ဆုတ်စွာဖြင့် တောက်ပသည့် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူလိုက်သည်။

"အသင်္ချေဓားဂိုဏ်းက ငါ့အပေါ်မှာ အကြွေးတစ်ခုတင်နေတယ်...."

"ဒီကျောက်စိမ်းပြားနဲ့ဆိုရင် မင်းက အသင်္ချေဓားဂိုဏ်းရဲ့ ဓားသစ်တောထဲဝင်ပြီး တစ်ရက်လေ့ကျင့်နိုင်လိမ့်မယ်...."

"ကံကောင်းရင် အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်လိမ့်မယ်...."

ဓားသစ်တော?...

အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ချိုးဖြတ်ခြင်း....

ဂျန်ဖန်း အလျှင်အမြန်ပဲ ထိုအရာကို ယူလိုက်၏။

"ကျေးဇူးတင်ပါတယ်, ဆရာ...."

လျိုဝူချန်း ခေါင်းညိတ်လိုက်၏။

"မင်း အသင်္ချေဓားဂိုဏ်းကိုရောက်ခဲ့လို့ရှိရင် ဒါကိုသုံးဖို့မမေ့ပါနဲ့...."

"ကောင်းပါပြီ...."

ဤနေရာမှာ ဂျန်ဖန်းလုပ်စရာဘာမှမရှိတော့သည့်အတွက် သူက ထွက်လာခဲ့လိုက်သည်။

ထို့နောက် တိုင်ပုပိုင်ကို အမဲလိုက်ဖို့ အလျှင်အမြန်ပဲ တောင်အောက်ဆင်းသွားတော့၏။

All Chapters