← Chapters

လှည့်စားခြင်း

Vol. 108 Ch. 1515

လှည့်စားခြင်း

Vol. 108 Ch. 1515

အခန်း (၁၅၁၅) လှည့်စားခြင်း

အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့ တိုက်ပွဲပြီးဆုံးသွားပြီဖြစ်ရာ သူတို့က လမ်းမှန်တာအိုဝါဒနှင့် ငရဲကိုးထပ်တို့၏ လုပ်ဆောင်ချက်များအပေါ် ပိုမိုအာရုံစိုက်နိုင်ကြတော့မည် ဖြစ်သည်။

ထိုသို့ဆိုပါက ရန်ကျောက်ကဲနှင့် အခြားသူများအနေဖြင့် ထျန်းစူးစကြာဝဠာတွင် ပုန်းအောင်းနေသည့်တိုင် ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရဖွယ်ရှိသည်ဖြစ်ရာ ပြင်ပလောကသို့ ထွက်ခွာမည်ဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။

အကယ်၍ သူတို့၏သဲလွန်စ အနည်းငယ်ပေါက်ကြားသွားလျှင်ပင် ရန်သူများက အလွတ်မပေးဘဲ ရောက်ရှိလာကြပေမည်။

သူတို့အနေဖြင့် ပြင်ပလောကသို့ထွက်ပြီး သတင်းအချက်အလက်ရယူရန်နှင့် အခြားသူများ၏ လှုပ်ရှားမှုများကို သိရှိရန်ပင် အခက်အခဲများနှင့် ရင်ဆိုင်ရပေမည်။

ထို့ကြောင့် ရန်ကျောက်ကဲသာမက ရန်တိနှင့် အခြားသူများကပါ မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို စဉ်းစားနေကြသည်။

ရန်ကျောက်ကဲ၏စကားကိုကြားတော့ ရန်တိ၊ ကောင်းချင်းရွှမ်နှင့် လုန်ရှင်းချွမ်တို့ သုံးဦးစလုံး စိတ်ဝင်စားသွားကြ၏။

လုန်ရှင်းချွမ်က...

“မင်းမှာ ဘာအစီအစဉ်တွေရှိလို့လဲ ကျောက်ကဲ...”

ရန်ကျောက်ကဲက...

“ဟန်ဆောင်ပုံဖျက်ပြီး လှည့်စားတဲ့နည်းလမ်းပေါ့”

ထို့နောက် ရန်ကျောက်ကဲက သူ၏အစီအစဉ်ကို ရိုးရှင်းစွာပင်ပြောပြလိုက်ရာ သူတို့(၃)ယောက်လုံး အတွေးနက်နဲသွားကြသည်။

ရန်တိက...

“ဒီတော့ ငါတို့တွေ လာမယ့်ကာလမှာ အနားယူအားဖြည့်ဖို့ အာရုံစိုက်ကြမယ် ၊ ကျောက်ကဲ... မင်းက အစီအစဉ်အတွက် ပြင်ဆင်မှုတွေလုပ်ပါ ၊ အချိန်တန်မှ ဆုံးဖြတ်ကြတာပေါ့”

ရန်ကျောက်ကဲက ခေါင်းညိတ်ရင်း...

“ကျွန်တော့်တာဝန်ထားလိုက်ပါ”

သူတို့ရရှိထားသည့် ဒဏ်ရာအများစုမှာ ယခင်တိုက်ပွဲတွင် နတ်ဘုရားသုတ်သင်အစီအရင် ပျက်ဆီးသွားခြင်း၏ အကျိုးဆက်ကြောင့် ဖြစ်သည်။

ထိုဒဏ်ရာများက သူတို့ခန္ဓာကိုယ်ထဲတွင် နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ပျောက်ကင်းရန် ခက်ခဲလှသည်။ ဂရုမစိုက်ဘဲနေမိပါက သူတို့၏ အသက်ဓာတ်စွမ်းအားများ အလွယ်တကူပျက်ဆီးနိုင်ပြီး မပျောက်ကင်းနိုင်တော့သည့် ဒဏ်ရာများအဖြစ် ပြောင်းလဲသွားနိုင်သည်။

ရန်ကျောက်ကဲကတော့ ကံကောင်းစွာဖြင့် ဒဏ်ရာများ လုံးဝကောင်းမွန်သွားသည့်အပြင် သမ္မာတရားကပ်ဘေးကိုပင် ကျော်လွန်ကာ နက်ရှိုင်းနတ်ဘုရားအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သို့သော် သူက ချက်ချင်းပင် အမတခုံရုံးကို သွားရောက်တိုက်ခိုက်ခဲ့သဖြင့် သေသေချာချာ အနားယူခဲ့ရခြင်း မရှိသေးပေ။ ထို့ကြောင့် သူ၏တန်ခိုးစွမ်းအားများ မူလအတိုင်းပြန်လည်ရရှိနိုင်ခြင်း မရှိသေးပေ။

ရန်တိုနှင့် အခြားသူများကတော့ ဒဏ်ရာပြန်လည်ကုစားရန်အတွက် အတော်လေးခက်ခဲသော အခြေအနေကို ရင်ဆိုင်နေကြရသည်။

စန့်ချင်အဆက်အနွယ်မှ ဆင်းသက်လာသူများဖြစ်သည့် ကောင်းချင်းရွှမ် ၊ တိမ်လွှာခွင်းဧကရာဇ်နှင့် အခြားသူများသည်လည်း အလားတူပင် ဖြစ်သည်။

ရွှီဖေး ၊ ပန်ပန်နှင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားတို့ကတော့ အပေါ်ယံ စွမ်းအားကုန်ခမ်းသွားခြင်းမျှသာဖြစ်ပြီး အနားယူလိုက်လျှင် ပြန်လည်ကောင်းမွန်လာပေမည်။

လွန်ခဲ့သောရက်ပိုင်းက ရန်ကျောက်ကဲ အနားယူရင်း ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ သဲလွန်စများကို ဖန်တီးပုံဖော်ရန် နည်းလမ်းများ စဉ်းစားနေခဲ့သည်။

သူဖန်တီးမည့် သဲလွန်စအတုများက ပေါ့ပါးလွန်းခြင်း သို့မဟုန် လေးလံလွန်းခြင်း မဖြစ်သင့်ပေ။

အကယ်၍ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင် အသက်ရှင်နေသေးခြင်း ရှိ မရှိ သိရှိထားခြင်းမရှိပါက ရန်ကျောက်ကဲက အလွန်ပင် လက်တွေ့ကျစွာ လှည့်စားလိုက်နိုင်လျှင် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်ရော ဘုရားလောင်းပါ ပါဝင်လာနိုင်ဖွယ် ရှိသည်။

လူသားအမြုတေကျောက်တုံးအပိုင်းအစများ အပြင်ဘက်တွင် ပျံ့ကျဲနေခဲ့သည်မှာ အမှန်ဆိုလျှင် ထိုနှစ်ယောက် အလေးအနက်ထားကာ လှုပ်ရှားပေလိမ့်မည်။

သို့သော် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ကောင်းကင်အနှစ်သာရကျောက်တုံးထက် လူသားအမြုတေကျောက်တုံးကို ပို၍တပ်မက်နေသည်ဆိုလျှင် အခြေအနေက လွန်ကဲ့သွားမည်ဖြစ်ပြီး ရန်ကျောက်ကဲအတွက် အဆင်မပြေနိုင်တော့ပေ။

ထို့ကြောင့် ပေါ့ပေါ့တန်တန် လုပ်ဆောင်ခြင်းက သိပ်မကောင်းလှပေ။

အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်နှင့် ဘုရား‌လောင်းတို့ ကိုယ်တိုင် ပါဝင်မလာပါက အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးတို့က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ သဲလွန်စများကို သိမြင်ကြမည် မဟုတ်ပေ။

သို့သော် အနောက်ဘက် သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်မှ လူအချို့ကတော့ ဤကောင်းကင်ဘုံအရှင်နှင့်ပတ်သက်ပြီး ရှင်းနှီးကျွမ်းဝင်ကြပေမည်။

အထူးသဖြင့် ကိုးဝိညာဉ်မဟာသူတော်စင် အသက်ရှင်နေသေးပါက ပို၍ဖြစ်နိုင်သည်။

အကြောင်းမှာ သူသည် တစ်ချိန်က ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်၏ စီးတော်ဖြစ်ခဲ့ဖူးသောကြောင့်ပင်။

ထို့ကြောင့် ရန်ကျောက်ကဲက အစစအရာရာ အဆင်ပြေစေရန် အကောင်းဆုံးအကြံအစည်ရရှိရန်အတွက် စိတ်အပင်ပန်းခံကာ အချိန်ယူစဉ်းစားနေခဲ့ခြင်း ဖြစ်၏။

***

ပြင်ဆင်မှုများအားလုံး ပြီးဆုံးသွားပြီးနောက် ရန်ကျောက်ကဲက ကောင်းချင်းရွှမ်နှင့် အခြားသူများကို ထပ်မံတွေ့ဆုံလိုက်သည်။

ယခုတော့ သူတို့အားလုံး ဒဏ်ရာအများစု ပျောက်ကင်းနေကြပေပြီ။

လုန်ရှင်းချွမ်က

“မင်းရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုအခြေအနေ ရှိပြီလဲ”

ရန်ကျောက်ကဲက...

“အဓိကအချက်တွေတော့ ကျွန်တော် ပြင်ဆင်ပြီးပြီ ၊ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင် လုပ်ဆောင်လို့တော့မသင့်တော်ဘူး ၊ အစီအစဉ် ပေါက်ကြားသွားနိုင်တယ် ၊ ကျွန်တော်တို့ တာအိုဝါဒက ကောင်းကင်နတ်ဘုရားအဆင့် ကောင်းကင်ဘုံအရှင် တစ်ယောက်ယောက်ကို အကူအညီတောင်းဖို့လိုတယ်”

သူက ပြောရင်း ကောင်းချင်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်ပြီး...

“တကယ်လို့ ဝူတန့်မယ်တော် အလုပ်မများဘူးဆိုရင်... ကျွန်တော် သူ့ကို အကူအညီတောင်းချင်ပါတယ်”

ကောင်းချင်းရွှမ်က ခေါင်းညိတ်လိုက်သည်။

“ဒီကိစ္စကို ငါ့တာဝန်ထားလိုက်ပါ ၊ ငါ သူ့ကို အဆက်အသွယ် လုပ်ပေးမယ်...”

လှုပ်ရှားနေကြသော လမ်းမှန်တာအိုဝါဒ ကောင်းကင်နတ်ဘုရားများအနက် မြောက်ပိုင်းကြယ်စင်ဧကရာဇ်က ထျန်းစူးစကြာဝဠာနှင့် လုံးဝရင်းနှီးမှု မရှိပေ။

နှစ်ဦးနှစ်ဖက် ရန်လိုမှု ရပ်တန့်သွားသည်ဆိုဦးတော့ သူတို့အနေဖြင့် ထိုဧကရာဇ်၏အကူအညီကို ဤမျှလျှင်မြန်စွာ တောင်းဆိုနိုင်လိမ့်မည် မဟုတ်ပေ။

စောမင်ကျန့်ကတော့ ရန်ကျောက်ကဲနှင့် အရင်းနှီးဆုံးဖြစ်သည်။

သို့သော် ယခင်နှစ်များတွင် ဖြစ်ပွားခဲ့သော ကိစ္စများကြောင့် သူ့ကို အမတခုံရုံးက အာရုံစိုက်နေခဲ့သည်။

အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးကြားမှ စစ်ပွဲ တဖြည်းဖြည်း လျော့ပါးသွားသည်နှင့်အမျှ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင် အချိန်ပိုမိုရလာခဲ့သည်။

အကယ်၍ စောမင်ကျန့် တစ်စုံတစ်ခု လှုပ်ရှားပါက အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ချက်ချင်းအာရုံစိုက်လာမည်ဖြစ်သည်။

“အလွန်အကျွံလုပ်ခြင်းက မလုံလောက်ခြင်းနှင့်ညီမျှသည်” ဆိုသော ဆိုရိုးစကားရှိသည်။

ရန်ကျောက်ကဲက အမတခုံရုံးနှင့် အဖြူရောင်ကြာပန်းသုခဘုံအကြား စစ်ပွဲတစ်ခုကို ဖြစ်ပေါ်စေရန်သာ ရည်ရွယ်ခဲ့ပြီး ဤကိစ္စမှတစ်ဆင့် ပြဿနာအကြီးအကျယ် ဖြစ်ပေါ်လာမည်ကို မလိုလားပေ။

တောင်ပိုင်းချန်စန်းဧကရာဇ်နှင့် ပတ်သက်လျှင်တော့ ရန်ကျောက်ကဲက သူ့အပေါ် အမြဲတမ်းသတိထားနေခဲ့သည်။ ဤကောင်းကင်ဘုံအရှင့် သူ့အပေါ်ထားရှိသော သဘောထားကလည်း အမြဲထူးဆန်းနေပေသည်။

ထို့ကြောင့် သူ၏အစီအစဉ်ကို အကောင်အထည်ဖော်ရန် ဝူတန့်မယ်တော်ကသာ အဆင်ပြေဆုံး ဖြစ်နိုင်၏။

ရန်ရှင်းထန်နှင့် တိချင်းလျန်တို့၏ သင်္ချိုင်းများကို ရှာဖွေခြင်းနှင့် စန့်ချင်အဆက်အနွယ်မှ နတ်ဘုရားထောင်‌ချောက်ဓားကို ရှာဖွေရာတွင် ဝူတန့်မယ်တော်က ကူညီခြင်းသည် သဘာဝကျသည်ဟုလည်း ယူဆရသည်။

သူမက ပစ်မှတ်အဖြစ် သိသာထင်ရှားလွန်းသဖြင့် အခြားသော တာအိုအဆင့်ထိပ်တန်းပုဂ္ဂိုလ်များ အလွယ်တကူ သတိပြုမိသွားနိုင်သည်ဖြစ်ရာ ဓားကို ကိုယ်တိုင်ရှာဖွေရန် မသင့်တော်ပေ။

ထို့ကြောင့် ရန်ကျောက်ကဲ ၊ ကောင်းချင်းရွှမ်နှင့် အခြားသူများက ဓားကိုရှာဖွေသည်မှာ ပိုမိုသင့်လျော်သည်။

လမ်းမှန်တာအိုဝါဒသည် လက်ရှိတွင် တာအိုအဆင့်ထိပ်တန်းပုဂ္ဂိုလ်များ၏ ဦးဆောင်မှုမရှိသဖြင့် အဆင်မပြေသော အနေအထားတွင် ရှိနေသည်။

ထို့ကြောင့် အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်၊ မီလဲ့ကိုယ်တော်၊ အော်မီတော်ဖူဗုဒ္ဓ၊ အရှေ့ဧကရာဇ်တို့နှင့် ရင်ဆိုင်ရသောအခါ လမ်းမှန်တာအိုဝါဒက အားနည်းပုံပေါက်နေသည်။

သို့သော် တစ်ဆင့်နိမ့်၍ ကြည့်မည်ဆိုလျှင်တော့ ရန်ကျောက်ကဲ၊ ရွှီဖေးနှင့် ချီထျန်းမဟာသူတော်စင်၏ ရွှေကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသူများ ၊ ဖန်းယွင်ရှန်းနှင့် အခြားသူများက ပြင်ပတာအိုကျင့်ကြံသူ ကောင်းကင်နတ်ဘုရားများကိုပင် ကြောက်ရွံ့ခြင်း မရှိကြပေ။

ရန်ကျောက်ကဲက...

“ဒါဖြင့် ဝူတန့်မယ်တော်ဆီက သတင်းကောင်း စောင့်မျှော်နေပါ့မယ်”

မျှော်လင့်ထားသည့်အတိုင်း ဝူတန့်မယ်တော်က သူတို့၏တောင်းဆိုမှုကို လက်ခံခဲ့သည်။

မကြာမီ အဖြူရောင်ကြာပန်းသုခဘုံနှင့် အမတခုံရုံးမှ အကြီးအကဲများထံသို့ ကောလဟလသတင်းများရောက်ရှိသွားပြီး အကြီးအကျယ်လှုပ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့သည်။

တိုက်ပွဲကြီးပြီးဆုံးသည့်နောက် ဝူတန့်မယ်တော်က ဘေးလွတ်ရာသို့ရှောင်တိမ်းပြီး တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေခဲ့သည်။

သို့သော် ယခုတော့ သူမက အိပ်စက်ရာမှ နိုးထလာသူပမာ အဆုံးမရှိသော ပြင်ပဗလာနယ်ထဲတွင် ထပ်မံထွက်ပေါ်လာခဲ့သည်။

အခြားအင်အားစုများက လမ်းမှန်တာအိုဝါဒမှ ကောင်းကင်နတ်ဘုရားများကို အနီးကပ် စောင့်ကြည့်နေခဲ့လေရာ မကြာမီ သူမကိုတိုက်ခိုက်ရန် ရန်သူများ ရောက်ရှိလာကြသည်။

သတိကြီးသည့် ဝူတန့်မယ်တော်က ထပ်မံလွတ်မြောက်သွားခဲ့ပြန်သည်။

သို့သော် သူမ ပုံမှန်မဟုတ်ဘဲ ထွက်ပေါ်လာခြင်းက ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ကို ရှာဖွေနေခြင်းဖြစ်ကြောင်း နားလည်သွားကြသည်။

လူငယ်မျိုးဆက်များအတွကတော့ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ဆိုသည်က အမည်တစ်ခုမျှသာဖြစ်သည်။ သို့သော် မဟာကပ်ဘေးကြီးမတိုင်မီ တည်ရှိခဲ့သူများကတော့ ဤကိစ္စကို လျစ်လျူမရဲပေ။

မကြာမီတွင် ဤကိစ္စက အခြားအင်အားစုများ၏ အာရုံစူးစိုက်မှုကို ရရှိခဲ့သည်။

အမတခုံရုံး စကြာဝဠာ ၊ နတ်ဘုရားနယ်မြေ(၃၀၀၀) အပြင်ဘက်တွင် အစိမ်းရောင်ကြာပန်းတစ်ပွင့် ရုတ်တရက် ထွက်ပေါ်လာပြီး ထိုစကြာဝဠာအနားသို့ ဖြည်းဖြည်းချင်း တိုးကပ်လာသည်။

အစိမ်းရောင်ကြာပန်းထက်တွင် ပတ္တမြားတံခွန်တစ်ခု ရှိနေပြီး ပတ္တမြားတံခွန်ထက်တွင် ရွှေရောင်တောက်ပသည့် မီးအိမ်တစ်ခု တုန်ခါလျှက် ရှိသည်။

ထိုအစိမ်းရောင်ကြာပန်းက နတ်ဘုရားနယ်မြေ(၃၀၀၀) အစွန်အဖျားသို့ ရောက်ရှိသောအခါ ရပ်တန့်သွားသည်။

ထိုအချိန် အမတခုံရုံး ၊ ကောင်းကင်ယံနန်းတော်မှ ရတနာအလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာပြီး အစိမ်းရောင်ကြာပန်းကို ရစ်ပတ်ခေါ်ဆောင်သွားသည်။

အမတခုံရုံး ၊ ကောင်းကင်ယံနန်းတော်အတွင်း ရောက်ရှိပြီးနောက် ရတနာအလင်းတန်းအတွင်းမှ အစိမ်းရောင်ကြာပန်းက ပျံသန်းထွက်ပေါ်လာပြီး ကြာပန်းထက်တွင် ဗုဒ္ဓတစ်ပါး ထိုင်နေသည်ကို တွေ့ရသည်။

သူ၏ညာဘက်လက်တွင် တံခွန်တစ်ခု ကိုင်ဆောင်ထားပြီး ထိုတံခွန်ကို ဘယ်ဘက်ပခုံးထက်ထမ်းပိုးထားကာ ဘယ်ဘက်လက်ကတော့ မုဒြာလက်ဟန်တစ်ခု ပြုလုပ်ထား၏။

ထို့နောက် အစိမ်း‌ရောင်ကြာပန်းကို ခေါ်ဆောင်လာသည့် ရတနာအလင်းတန်းအတွင်းမှ လူရွယ်တာအိုဆရာတစ်ယောက်ထွက်ပေါ်လာသည်။

ထိုသူက အမတခုံရုံးမှ ကောင်းကင်ဘုံအရှင်တစ်ပါးဖြစ်သည်မှာ ထင်ရှားသည်။

တာအိုဆရာက...

“ပတ္တမြားတံခွန်ဗုဒ္ဓ... ဘာလို့များကြွရောက်လာသလဲ သိပါရစေ”

အစိမ်းရောင်ကြာပန်းထက်တွင်ထိုင်နေသော ပတ္တမြားတံခွန်ဗုဒ္ဓဆိုသူက...

“ဝူတန့်မယ်တော်နဲ့ ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်နဲ့ပတ်သက်ပြီး မေးစရာရှိလို့ပါ”

တာအိုဆရာက...

“လောလောဆယ်တော့ အတိုင်းအဆမဲ့ကောင်းကင်ဘုံအရှင်က ကောင်းကင်ယံနန်းတော်မှာ မရှိပါဘူး ၊ ဒါပေမဲ့ သူက သတင်းစကားတချို့ ချန်ထားခဲ့ပါတယ်”

ပတ္တမြားတံခွန်ဗုဒ္ဓက...

“အိုး ဟုတ်လား... ၊ သူ ဘာတွေများပြောသွားလဲ သိပါရစေ...”

All Chapters