← Chapters

တိုင်ပုပိုင်ကို လုပ်ကြံခြင်း

Vol. 14 Ch. 200

တိုင်ပုပိုင်ကို လုပ်ကြံခြင်း

Vol. 14 Ch. 200

တိုင်ပုပိုင်အကြောင်းပြောရလျှင်....

သူက တိမ်စိမ်းဂိုဏ်း တောင်တံခါးအပြင်ဘက်ကို ရက်ရက်စက်စက်လွင့်ပစ်ခံလိုက်ရ၏။

ကံကောင်းစွာဖြင့် ဤတစ်ချိန်၌ သူ၏ဒုတိယတပည့် စွန်းချောင်ကျုံးကို အတူခေါ်လာခဲ့၏။

သန်မာသည့်ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် စွန်းချောင်ကျုံး၏တိုက်ခိုက်စွမ်းအားက အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ နှင့် ယှဥ်နိုင်တာပဲဖြစ်သည်။

တိမ်စိမ်းဂိုဏ်းအပြင်ဘက်မှာစောင့်နေသည့် စွန်းချောင်ကျုံး တိုင်ပုပိုင်လွင့်ပစ်ခံလိုက်ရတာမြင်ပြီး မျက်နှာအကြီးအကျယ်ပျက်သွားခဲ့သည်။

"ဆရာ...."

"ဆရာ့လက်နဲ့ခြေထောက်တွေ ဘာဖြစ်သွားတာလဲ...."

"အာ, မင်းကြွက်သားမျှင်တွေ ဖျက်ဆီခံလိုက်ရပြီ...."

သူက ထိတ်လန့်တကြားအော်လိုက်၏။

သူ့ဆရာက တိမ်စိမ်းဂိုဏ်းကိုသွားခဲ့ပြီး မမှတ်မိနိုင်လောက်အောင်ကို ညင်းပန်းနှိပ်စက်ခံခဲ့ရ၏။

"တိတ်စမ်း..."

အလွန်အမင်းနာကျင်နေသော်လည်း တိုင်ပုပိုင် တည်ငြိမ်မှုကို ထိန်းထားဆဲဖြစ်သည်။ သူက စွန်းချောင်ကျုံးကို ချက်ချင်းရပ်တန့်လိုက်ပြီး အသံနိမ့်နိမ့်ဖြင့်ပြောလိုက်သည်။

"မင်းက ငါ အမှိုက်ကောင်ဖြစ်သွားပြီဆိုတာကို တစ်လောကလုံးသိစေချင်တာလား...."

"မြန်မြန်, ခုချက်ချင်း ငါ့ကို ဧရာမဂိုဏ်းအမြန်ခေါ်သွား...."

အဆုံးမှာတော့ သူက ဧရာမဂိုဏ်း၏ မဟာအကြီးအကဲဖြစ်၏။

သူ့၌ အဖိုးတန်ပစ္စည်းအမြောက်အများရှိတာကို သုံးနှစ်ကလေးတောင်သိတာဖြစ်သည်။

ကျင့်ကြံရေးဆုံးရှုံးသွားပြီးဆိုသည့် သတင်းသာပျံ့သွားလျှင်...

ရန်ငြိုးရှိသည့်လူတွေ လျို့ဝှက်တိုက်ခိုက်လာကြမှာ အသေအချာပင်။

စွန်းချောင်ကျုံး အလျှင်အမြန်ပဲ ပါးစပ်ပိတ်လိုက်သည်။

သူက လှည်းတစ်စီးငှားလိုက်ပြီး တိုင်ပုပိုင်ကို အထဲဝင်ဖို့ကူညီပေးကာ တိမ်စိမ်းမြို့မှ အလျှင်အမြန်ထွက်ခွာသွားခဲ့သည်။

ဂျန်ဖန်း တိုင်ပုပိုင် လှည်းထဲဝင်သွားသည့်အချိန်ကိုက်မှာပဲ ရောက်လာခဲ့သည်။

သူက လျို့ဝှက်စွာလှုပ်ရှားပြီး နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့သည်။

တိုင်ပုပိုင်နှင့် သူ့အပေါင်းအပါ တိမ်စိမ်းမြို့ပိုင်နက်မှထွက်ခွာချိန်မှ လုပ်ရှားဖို့ ဆုံးဖြတ်လိုက်၏။

မဟုတ်လျှင် တိမ်စိမ်းဂိုဏ်းပိုင်နက်၌ တိုင်ပုပိုင် ထူးဆန်းစွာသေဆုံးသွားလျှင် ဧရာမဂိုဏ်းကို ပြဿနာရှာဖို့ ဆင်ခြေတစ်ခုပေးလိုက်သလိုဖြစ်မည်ပင်။

ထို့ကြောင့် သူက နောက်မှ လမ်းတစ်လျှောက်လိုက်လာခဲ့သည်။

တိုင်ပုပိုင် ကျင့်ကြံရေးက ပျက်စီးသွားပြီဖြစ်၍ အန္တရယ်ကို မခံစားနိုင်ပေ။

ထို့ပြင် စွန်ချောင်ကျုံး ကျင့်ကြံရေးကလည်း အရမ်းမသန်မာသဖြင့် အာရုံခံစားနိုင်စွမ်းမကောင်းပေ။

သူတို့က ဂျန်ဖန်းနောက်မှ တစ်လျှောက်လုံးလိုက်တာကို သတိမထားမိပေ။

သုံးရက်ကြားပြီးနောက်....

စိတ်ပျက်စရာကောင်းသည့်ခရီးစဥ်မှ စွန်းချောင်ကျုံး နောက်ဆုံးမှာတော့ တိမ်စိမ်းဂိုဏ်းနယ်မြေမှ ထွက်ခွာလာခဲ့သည်။

ထို့နောက် ဧရာမဂိုဏ်းနယ်မြေထဲသို့ ဝင်ရောက်သွား၏။

သူတို့ရှေ့၌ ဧရာမဂိုဏ်း၏နယ်စပ်မြို့တစ်ခုရှိနေပြီး တစ်နှစ်ပတ်လုံးတပ်စွဲထားသည့် ဧရာမဂိုဏ်းအဖွဲ့ဝင်များစွာရှိနေခဲ့သည်။

မြို့ထဲရောက်သည့်အခါ သူတို့က လုံခြုံသွားပြီပင်။

"ဟမ့်..."

တိုင်ပုပိုင် မြင်းလှည်းလိုက်ကာကိုမပြီး နောက်ရှိ တိမ်စိမ်းဂိုဏ်းနယ်စပ်ကိုကြည့်ကာ လှောင်ပြောင်လိုက်၏။

"တိမ်စိမ်းဂိုဏ်းကလူတွေ အတော်ဂရုဏာတရားကြီးတာပါလား...."

"ငါ့ကျင့်ကြံရေးကိုဖျက်စီးလိုက်မှတော့ တစ်ခါတည်းသတ်လိုက်တာမဟုတ်ဘူး..."

"သူတို့ကြင်နာမှုကို ငါကျေးဇူးတင်နေမယ်များထင်နေတာလားမသိဘူး..."

"ဟာသပဲ, ငါ့တစ်ဘဝလုံးရင်းပြီး လက်စားပြန်ချေမယ်။ သူတို့သွေးကြွေးကိုပြန်ပေးဆပ်စေရမယ်...."

သူ့မျက်နှာဒေါသကြောင့်တွန့်လိမ်နေပြီး ထိုအရာက သူ့ကို အတော်ကြမ်းကြုတ်သွားစေခဲ့သည်။

စွန်ချောင်ကျုံးမျက်နှာ မဲမှောင်နေ၏။

"ဆရာ, မစိုးရိမ်ပါနဲ့....."

"ဆရာ့ကို ဂိုဏ်းပြန်ပို့ပေးပြီးရင် ကျွန်တော် တိမ်စိမ်းဂိုဏ်းတပည့်အချို့ကို တိတ်တဆိတ် ပြန်သွားသတ်ပြီး ဆရာ့အတွက် အတိုးအချို့ပြန်တောင်းပေးပါ့မယ်....."

"သူ့တို့လက်တွေချိုးပစ်မယ်။ ဒန်တန်တွေ ဖျက်စီးပစ်မယ်...."

"ဒါမှ တိိမ်စိမ်းဂိုဏ်း နောင်တရသွားမှာ..."

တိုင်ပုပိုင် ကျေနပ်သည့်အမူအရာပြသလာ၏။ ထို့နောက် ချက်ချင်း ဂျန်ဖန်းအကြောင်းတွေးမိပြီး သူ့အမူအရာ ပိုလို့တောင် ကြမ်းကြုတ်သွားခဲ့သည်။

"ဂျန်ဖန်းဆိုတဲ့နာမည်နဲ့ တပည့်ကစလုပ်...."

"သူက ငါ့ကို ဒီအခြေအနေရောက်စေတဲ့လူတွေထဲက တစ်ယောက်ပဲ...."

"သူ့နဲ့ပတ်သက်တဲ့အချက်အလက်တွေ ငါ့အတွက် အကုန်ရှာပေး...."

"သူနေတဲ့နေရာမှာ, ခွေးကြက်ကအစ မိသားစုဝင်ဘယ်လောက်ရှိတယ်ဆိုတာ အကုန်စုံစမ်းခဲ့ကွာ..."

"ငါသူ့မိသားစုဝင်အကုန်လုံးကိုသတ်မယ်။ ဒင်းတို့ကို အရေခွံဆုပ်မယ်၊ အရိုးတွေကျိုးပစ်မယ်, ဘာမှကိုချန်မထားဘူး...."

"ငါ ဂျန်ဖန်းဆိုတဲ့ကောင်ကို တစ်ဘဝလုံးနောင်တတွေနဲ့နေသွားစေချင်တယ်...."

သူက လှည်းနံရံကို လက်သီးဖြင့် ပြင်းထန်စွာထိုးချလိုက်သည်။

အရင်ကသာဆိုလျှင်...

သူ၏သာမန်လက်သီးတစ်ချက်က လှည်းတစ်ခုလုံးကို ကြွေမွသွားစေမှာပဲဖြစ်သည်။

သို့ပေမယ့် လက်နှင့်ခြေထောက်ရှိ ကြွက်သားမျှင်တွေ ဖျက်ဆီးခံထားရသည့်အတွက် ဘာခွန်အားမှ မထုတ်နိုင်ပေ။

ထိုအရာကိုတွေးပြီး သူက ဂျန်ဖန်းကို ပိုလို့တောင် မုန်းတီးလာခဲ့သည်။

သို့ပေမယ့် ထိုအခိုက်အတန့်၌....

သူ့နားတွေ လှုပ်ရှားသွား၏။

ထက်ရှသည့်တစ်စုံတစ်ခုက လှည်းနောက်ဖက်ကို ထိုဖောက်လာသည့် ခပ်ဖွဖွအသံကို ကြားလိုက်ရသည်။

သူ့ကြွက်သားမျှင်တွေ အပြင်းအထန်ဒဏ်ရာရနေသော်လည်း အာရုံခံစားမှုကတော့ စူးရှနေဆဲဖြစ်သည်။

အလျှင်အမြန်ပဲ..

ရှေ့ကို ပြတ်ပြတ်သားသား ငုံ့လိုက်ပြီး လဲချလိုက်၏။

ရှစ်!

ထက်ရှသည့်ဓားသံတစ်သံထွက်ပေါ်လာ၏။

အနက်ရောင်ဓားတစ်ချောင်းက လှည်းမှတစ်ဆင့် အထဲကိုထိုးသွင်းလာပြီး သူ့နောက်စိကို ပွတ်ဆွဲသွားသည်။

ထက်ရှသည့်ဓားချီက သူ့ဦးခေါင်းခွံ့မှအစိတ်အပိုင်းကြီးတစ်ခုကို ဖြတ်ထုတ်သွားပြီး သွေးတွေ ဖြန်းပက်သွားစေခဲ့သည်။

တိုင်ပုပိုင် နာကျင်စွာ အော်ဟစ်လိုက်၏။

"လုပ်ကြံသူ၊ လုပ်ကြံသူ...."

ရှစ်....

ပထမဓားချက်ကျရှုံးသွားသည့်အတွက် ဂျန်ဖန်း လှည်းနှောက်ဖက်ကို ကန်ဖွင့်ကာ အထဲဝင်သွားခဲ့သည်။

"ကောင်းကင်နဲ့မြေကြီးကြယ်ကြွေခြင်း...."

တွေဝေမနေပဲ သူ၏အားအကောင်းဆုံး ဓားချက်ကို ထုတ်ဖော်လိုက၏။

ကျယ်လောင်သည့်ပေါက်ကွဲသံနှင့်အတူ အနက်ရောင်ဓားက လှည်းတစ်ခုလုံးကို ကြွေးမွသွားစေပြီး တိုင်ပုပိုင်နောက်ကျောကို ထိုးသွင်းလိုက်၏။

ထိုအရေးကြီးအခိုက်အတန့်၌....

တိုင်ပုပိုင် အော်လိုက်ပြီး ရုတ်တရက်ကွေးလိုက်၏။

ဂေါ်ဖီထုပ်တစ်ခုကဲ့သို့ သူ့ကြွက်သားတွေ သိပ်သည်းစွာ ဖောင်းကြွလာခဲ့သည်။

အနက်ရောင်ဓားသူ့အရေပြားကိုထိုးဖောက်လာသည်နှင့် ကြွက်သားတွေက ကြမ်းတမ်းစွာတွန့်လိမ်လာပြီး ဓားသွားကို ပြုတ်တူတစ်ခုကဲ့သို့ အပြင်းအထန်ညှပ်ထားလိုက်သည်။

ဂျန်ဖန်း ဘယ်လောက်ပဲ အားစိုက်စိုက် နောက်ထပ် မထိုးဖောက်နိုင်တော့ပေ။

ဂျန်ဖန်း နှလုံးသား ကျုံ့ဝင်သွား၏။

ဧရာမဂိုဏ်းမဟာအကြီးအကဲက မျှော်လင့်ထားသည့်အတိုင်းပင်။ ကြွက်သားမျှင်တွေ ဖြတ်တောက်ခံထားရပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့တာတောင် ခုခံနိုင်စွမ်းက ပြိုင်ဘက်ကင်းနေဆဲဖြစ်သည်။

တိုက်ခိုက်မှု ကျရှုံးသွား၍....

ဂျန်ဖန်း သူ့ဓားကို ဆွဲထုတ်ပြီး ပြတ်ပြတ်သားသား နောက်ဆုတ်သွားခဲ့သည်။

ဘန်း!

လှည်းအပြင်ဘက်ကိုပြန်ဆုတ်ပြီးပြီးချင်း ကြီးမားသည့်အားတစ်ခုက သူ့ခေါင်းပေါ်ကျရောက်လာခဲ့သည်။

တွေးစရာမလိုပေ။ ထိုအရာက စွန်းချောင်ကျုံး တိုက်ခိုက်လိုက်ခြင်းပင်။

"ကောင်းကင်တိုက်ပွဲဝင်ပုံစံကိုးမျိုး, ကောင်းကင်ဖွင့်လှစ်ခြင်း...."

တွေးမနေပဲ ဂျန်ဖန်း သူ့လက်ကိုမြောက်ပြီး လက်သီးပြန်ထိုးလိုက်၏။

ဘုန်း!

တောင်တစ်လုံးပြိုကျသကဲ့သို့ ကြီးမားသည့်အားတစ်ခုက ချက်ချင်းပဲ ဂျန်ဖန်းကို အပေါ်ကနေ ထုရိုက်ချလိုက်ပြီး သူ့ခြေထောက်တွေကို မြေကြီးထဲနစ်ဝင်သွားစေ၏။

စိတ်ရှိသလိုအသတ်ခံရတော့မည့် ကျင်းထဲကတိုင်တစ်ခုကဲ့သို့ပြောင်းတော့မည်ကိုမြင်သည့်အခါ....

ဂျန်ဖန်း သူ၏လှုပ်ရှားမှုနည်းလမ်းကို ပြတ်ပြတ်သားသား အသုံးပြုလိုက်၏။

ခြေထောက်ဖျားနှင့် အနီးနားရှိ လှည်းကိုထိပြီးအားယူကာ နောက်သို့ဆုတ်သွားခဲ့သည်။

ဘန်း!

သူဆုတ်သွားသည်နှင့်တစ်ပြိုင်နက် ဧရာမခြေထောက်ကြီးတစ်ခုက အပေါ်မှဆင်းသက်လာပြီး အစောပိုင်းသူရပ်ခဲ့သည့်နေရာမှာ ဆင်းသက်လာခဲ့သည်။

မြေပြင် တသိမ့်သိမ့်တုန်သွားပြီး သုံးလက်မလောက်နစ်ဝင်သွား၏။

သူ့အပေါ်သာကျသွားလျှင် သေချာပေါက် အရိုးကျိုးပြီး ဒဏ်ရာအပြင်းအထန်ရမည်ပင်။

စွန်းချောင်ကျုံး၏ တိုက်ခိုက်မှုနှစ်ခု ကျရှုံးသွားခဲ့သည်။

သူက သူ့ရှေ့ရှိ မျက်နှာဖုံးတပ်ထားသည့်လူထူးဆန်းကို ပဟေဠိဖြစ်စွာကြည့်လိုက်သည်။ ထိုမျက်နှာဖုံးပေါ်၌ နံပါတ်တစ် ဆိုသည့်စကားလုံးကို ထွင်းထုထားခဲ့သည်။

"ငါလက်သီးချက်ကို ထိပ်တိုက်ရင်ဆိုင်ပြီး လက်ကျိုးမသွားဘူးပဲ...."

စွန်းချောင်ကျုံး အံ့အားသင့်သွား၏။

အစောပိုင်းလက်သီးချက်က ခွန်အားကုန်အသုံးပြုထားခြင်းပင်။

အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ ကျင့်ကြံသူတောင် ခန္ဓာကိုယ်မသန့်စင်ထားလျှင် ခုခံနိုင်မှာမဟုတ်ပေ။

ဤလူကတော့ ဘာဒဏ်ရာမှရမသွားခဲ့ပေ။

တကယ်တော့, ဂျန်ဖန်း လုံးဝကြီး ဒဏ်ရာရမသွားတာတော့ မဟုတ်ပေ။

သူ့ဘယ်လက်က ထုံကျင်နေပြီး လက်ချောင်းငါးချောင်းက ပေါက်ကွဲတော့မလို ခံစားနေရ၏။

သံမဏိသွေးစစ်မှန်ကျမ်းကို လေ့ကျင့်ထားလို့သာမဟုတ်လျှင်...

ထိုလက်သီးချက်က သူ့လက်မောင်းကို ကျိုးကျေသွားစေမည်ပဲဖြစ်သည်။

ခန္ဓာကိုယ်နည်းစနစ်ကျွမ်းကျင်ထားသည့်လူက တကယ်ကို ပြဿနာပင်။

သို့ပေမယ့် ယနေ့ တိုင်ပုပိုင် သေကိုသေရမည်ပဲဖြစ်သည်။

သူက တစ်ဖက်လူ အစောပိုင်းပြောသည့်စကားတွေကို အကုန်ကြားခဲ့၏။

ထိုလူက တကယ်ပဲ သူ့ပတ်ဝန်းကျင်ရှိလူတွေကို ထိခိုက်အောင်လုပ်ဖို့စီစဥ်ထား၏။ အရေခွံ့ချွတ်၊ အရိုးတောင်ချိုးအုန်းမည်ဆိုပဲဖြစ်သည်။

ထိုအရာကိုတွေးပြီး သူ့မျက်လုံးတွေ အေးစက်သွား၏။

"ကောင်းကင်နဲ့မြေကြီးကြယ်ကြွေခြင်း...."

သူက ဓားကို ရှေ့သို့ထိုးသွင်းလိုက်၏။

ပြိုင်ဘက်ကင်းဓားချီက နားအူလောက်သည့် နဂါးဟိန်းသံနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

စုချောင်ကျုံး နှာမှုတ်လိုက်၏။

"ငါဒီမှာရှိနေတာ, ငါ့ဆရာရဲ့ဆံချည်တစ်မျှင်တောင် ထိလို့ရမယ်မထင်နဲ့...."

သူက ကြမ်းကြုတ်စွာ လက်သီးချက်ထုတ်ဖော်လိုက်၏။

ကြီးမားသည့်အားက အမှန်တကယ်ပဲ ချီစွမ်းအားအသွင်းပြောင်းကာ ကြမ်းကြုတ်သည့်ကျားတစ်ကောင်ကဲ့သို့ ဓားချီဆီသို့ ခုန်ဝင်သွားခဲ့သည်။

တစ်ချိန်တည်းမှာပဲ စွန်းချောင်ကျုံး သူ့နောက်ရှိမြို့ကို တစ်ချက်ကြည့်လိုက်သည်။

ဤကဲ့သို့ဆူညံမှုက မြို့ထဲကသန်မာသူတွေကို အချိန်မီဆွဲဆောင်နိုင်မှာ အသေအချာပဲဖြစ်သည်။

သူက ဤလူကို ထိန်းထားဖို့သာ လိုအပ်၏။

ဘန်း!

ဓားချီနှင့် လက်သီးအားတွေ့ဆုံသွားပြီး နှစ်ယောက်သား နောက်ကို တစ်ပြိုင်နက် ဆုတ်လိုက်ရ၏။

မတူတာက...

စွန်းချောင်ကျုံး တစ်လှမ်းခြင်းဆုတ်သွားတာဖြစ်ပြီး ဂျန်ဖန်းက မြေပြင်ထဲသို့ ဓားနှင့်ထိုးစိုက်လိုက်၏။

ထို့နောက် တန်ပြန်အားကိုအသုံးပြုပြီး ဓားရိုးကိုဆုပ်ကိုင်လျက်နှင့် ၁၈၀ ဒီဂရီလည်ပြီး ပြေးထွက်သွားခဲ့သည်။

သူပြေးထွက်လာသည့်ဦးတည်ချက်က အံ့အားသင့်စရာကောင်းစွာပဲ စွန်းချောင်ကျုံးဆီကိုပင်။

"ကောင်းကင်ပျက်သုဥ်းခြင်းလက်ချောင်း- အရှေ့ရပ်မှ ခရမ်းရောင်စွမ်းအင်...."

ထိုအချိန်၌ စွန်းချောင်ကျုံးအရှိန်သတ်နိုင်လိုက်ပြီး အားကောင်းသည့်လက်ချောင်းသိုင်းနှင့် တွေ့ဆုံသွား၏။

သူ့မျက်နှာ ရုတ်တရက် ပြောင်းလဲသွား၏။

ဂျန်ဖန်း၏တိုက်ပွဲအတွေ့အကြုံက သူ့ကို အတော်လေး သတိကြီးသွားစေခဲ့သည်။

ခက်ခဲသည့်ပြိုက်ဘက်နှင့်တွေ့နေပြီဆိုတာ နားလည်သွားပြီး ချက်ချင်းပဲ လက်မြောက်လိုက်၏။

သူ့လက်မောင်းပေါ်ရှိ ကြွက်သားတွေ ချပ်ဝတ်ကဲ့သို့ ဖောင်းပွလာခဲ့သည်။

ရွပ်!

သို့ပေမယ့် ကောင်းကင်ဘုံပျက်သုဥ်းခြင်းလက်ချောင်းက ကျောက်တုံးကိုတောင် ထိုးဖောက်နိုင်၏။

အသွေးအသားခန္ဓာက ဘယ်လိုလုပ်ရပ်တန့်နိုင်မည်နည်း။

All Chapters