ဖီးနစ်သွေးကျောက်တုံး
Vol. 14 Ch. 201
အားကောင်းသည့်စွမ်းအားက လက်မောင်းကို ထိုးဖောက်သွားပြီး ထုတ်ချင်းပေါက်လုနီးပါးပင်။
အား....
စွန်ချောင်ကျုံး နာကျင်စွာအော်ဟစ်လိုက်ရသည်။
သူက အလျှင်အမြန်ပဲ ပြန်ဆုတ်သွားပြီး ဂျန်ဖန်းနှင့် အကွာအဝေးခြားလိုက်၏။
မမျှော်လင့်စွာပဲ....
ဂျန်ဖန်းဆက်တိုက်မည့် အရိပ်အယောင်မပြပေ။
တစ်ဖက်လူဆုတ်ခွာသွားတာကို အခွင့်အရေးယူပြီး လှုပ်ရှားမှုနည်းလမ်းအသုံးပြုကာ ကျော်သွားလိုက်၏။
ထို့နောက် လှည်းပေါ်ရှိ တိုင်ပုပိုင်ဆီသို့ သူ့ဓားကိုထိုးသွင်းလိုက်၏။
တိုင်ပုပိုင် တုန်လှုပ်မှုကော ဒေါသကော ခံစားလိုက်ရပြီး သူ့ကြွက်သားတွေကိုတင်းမာကာ သံတုံးတစ်တုံးကဲ့သို့ ရပ်နေလိုက်၏။
သူက လှောင်ပြောင်လိုက်၏။
"မင်းက ငါ့လို လူအိုကြီးကိုသတ်နိုင်မှာလား...."
အစောပိုင် ဂျန်ဖန်းဓားချက်ကနေ သူက ဂျန်ဖန်းခွန်အားကို ခန့်မှန်းမိ၏။
တစ်ဖက်လူ၏ခွန်အားက သူ့ကို လုံးဝမထိခိုက်နိုင်ပေ။
သူက တစ်ဖက်လူ၏ဓားပညာကို ကြွက်သားတွေနှင့်တင် ချိုးဖြတ်နိုင်၏။
မမျှော်လင့်စွာပဲ....
လှည်းနားကိုချည်းကပ်လာချိန်၌...
ဂျန်ဖန်း ရုတ်တရက် အနက်ရောင်ဓားကို ဘယ်လက်ထဲသို့ ပြောင်းကိုင်လိုက်သည်။
ထို့နောက် နောက်ကျောရှိ ဓားရိုးကိုဆုပ်ကိုင်ကာ ခုတ်ပိုင်းချလိုက်၏။
မျက်စိကျိန်းလောက်သည့်ခရမ်းရောင်အလင်းတန်းက ရုတ်တရက် ကမ္ဘာကြီးထဲမှာ လင်းထိန်သွား၏။
အေးစက်ပြီး ပြိုက်ဘက်ကင်းထက်ရှမှုနှင့်အတူ သူက တိုင်ပုပိုင် ခေါင်းမှ အောက်ထိ ခုတ်ပိုင်းချလိုက်သည်။
တစ်ချိန်တည်းမှာပဲ....
စွန်းချောင်ကျုံး အမှန်တကယ်ကို ခန္ဓာသန့်စင်ကျွမ်းကျင်သူဖြစ်၏။
လက်နှစ်ဖက်လုံးထိုးဖောက်ခံရပြီး အရိုးတွေ ကျိုးသွားတာတောင် တိုက်ပွဲစွမ်းအားက လျော့ကျမသွားပေ။
"ငါ့ဆရာကို ထိခိုက်အောင်လုပ်တယ်။ မင်းသေရမယ်...."
သူ့လက်သီးနှစ်လုံးဖြင့် ဂျန်ဖန်းနောက်ကျောကို ကြမ်းကြုတ်သည့်ကျားနှစ်ကောင်ကဲ့သို့ ထိုးချလိုက်၏။
လက်ရှိအခြေအနေအရဆိုလျှင်...
ဂျန်ဖန်း တိုင်ပုပိုင်ကိုသတ်နိုင်လျှင်တောင် စွန်းချောင်ကျုံး၏ခွန်အားပြည့်တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန်ရသွားပြီး နှလုံးကွဲကြေသွားမည်ပင်။
သို့ပေမယ့် ဂျန်ဖန်း ရှောင်မည့်အရိပ်အယောင်မပြပေ။
ခရမ်းဓားကိုဆုပ်ကိုင်ကာ ဒေါသတကြီးဟိန်းဟောက်ပြီး ရက်စက်စွာ ခုတ်ပိုင်ချလိုက်၏။
ခရမ်းဓားနီးကပ်လာသည်နှင့် တိုင်ပုပိုင် ထိုဓား၏သာမန်မဟုတ်မှုကို ခံစားမိပြီး မျက်နှာမှာ ကြောက်ရွံ့သည့်အမူအရာတွေ ပြသလာခဲ့သည်။
ထို့နောက် ထိတ်ထိတ်ပျာပျာဖြင့် အော်ပြောလိုက်သည်။
"ရပ်, ရပ်.. မင်းနဲ့ငါ့မှာ ဘာရန်ငြိုးရှိ...အား...."
ခရမ်းဓားဓားချီက မယုံနိုင်လောက်အောင်ကို ကြောက်စရာကောင်း၏။
၎င်းက အဝေးမှနေ၍ အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်၏။
ဓားချက် အပြည့်အဝဆင်းသက်မလာခင်မှာပဲ...
တိုင်ပုပိုင်၏ အလွန်အမင်းအားကောင်းသည့်သံမဏိခန္ဓာကိုယ်က တို့ပူးကဲ့သို့ နှစ်ပိုင်းကွဲထွက်သွားခဲ့သည်။
သူ့မျက်လုံးထဲ၌ ဆန္ဒမရှိမှုတွေ ရှိနေ၏။
သေသွားသည့်တိုင် ထိုအရာကို မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ဧရာမဂိုဏ်း၏မဟာအကြီးအကဲဖြစ်သည့် သူက ဤကဲ့သို့ သေဆုံးသွားခဲ့ပြီပင်။
"ဆရာ...."
စွန်းချောင်ကျုံး ထိုမြင်ကွင်းကို မျက်လုံးအပြုးသားဖြင့်ကြည့်နေပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်၏။
ပြိုင်ဘက်ကင်းလက်သီးနှစ်လုံးက ဂျန်ဖန်းကျောကို ပြင်းထန်စွာထိုးချလိုက်သည်။
ဘုန်း!
ဂျန်ဖန်း ချက်ချင်းပဲလွင့်ထွက်သွားခဲ့သည်။
သို့ပေမယ့် အဝေးကြီးလွင့်ထွက်မသွားခင်မှာပဲ....
သူ့ခန္ဓာကိုယ်ကို အားတင်းလှည့်လိုက်ပြီး နောက်ဘက်ကို အားကုန် ခုတ်ကျလိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်က ၅ ဇန် ၆ ဇန် အဝေးလောက်ကိုလွင့်ထွက်သွားပြီး ဧရာမကျောက်တုံးကြီးတစ်ခုဝင်တိုက်သွားခဲ့သည်။
ကျယ်လောင်သည့်အက်ကွဲ့သံဖြင့်....
ကျောက်တုံး အပိုင်းပိုင်းကွဲကျေသွားခဲ့သည်။
ဂျန်ဖန်း ဖုန်းမှုန့်တွေထဲမှာ လဲလျောင်းနေပြီး အပြင်းအထန်းချောင်းဆိုကာ ပါးစပ်အပြည့်သွေးအန်လိုက်ရ၏။
အပေါ်ပိုင်းအဝတ်တွေလည်း ကြောက်စရာကောင်းသည့်လက်သီးချက်ကြောင့် အပိုင်းပိုင်းစုတ်ပြဲသွားပြီး အပြာရောင်ချပ်ဝတ်တစ်ခုပေါ်လာခဲ့သည်။
ထိုအရာက သူလေလံပွဲမှ ဈေးကြီးပေးဝယ်ခဲ့ရသည့် ထိပ်တန်းအဆင့်ချပ်ဝတ်ဖြစ်ပြီး အမြုတေဖွဲ့စည်းခြင်းအဆင့် ၅ အောက်ရှိတိုက်ခိုက်မှုတွေကို ခုခံနိုင်၏။
သူက ကျောက်တုံးအကျိုးအပဲပေါ်မှာ အချိန်အတော်ကြာလဲလျောင်းနေပြီးမှ တည်ငြိမ်မှုပြန်လည်ရရှိလာပြီး ကုန်ရုန်းထလာခဲ့သည်။
"ကံကောင်းလို့, ဒီချပ်ဝတ်ရှိနေလို့ပေါ့...."
ဂျန်ဖန်း သူ့နှုတ်ခမ်းထောင့်မှ သွေးတွေကိုသုတ်လိုက်ပြီး ကံကောင်းသည်ဟု ခံစားလိုက်ရ၏။
မဟုတ်လျှင် အသက်ချင်း အလဲအထပ်လုပ်ရဲမည်မဟုတ်ပေ။
သူက စွန်းချောင်ကျုံးကိုကြည့်လိုက်သည်။
နောက်ဆုံးသူထုတ်ဖော်ခဲ့သည့်တိုက်ခိုက်မှုက ထိုကောင့်ကို ဒဏ်ရာအပြင်းအထန်ရသွားစေသင့်၏။
တစ်ချက်ကြည့်ဖို့ လျှောက်လှမ်းလာခဲ့သည်။
သို့ပေမယ့် စွန်းချောင်ကျုံးလက်မောင်းတစ်ဖက်သာတွေ့လိုက်ရ၏။
ထိုကောင် ထွက်ပြေးပြီပင်။
အနီးကပ်ကြည့်လိုက်သည့်အခါ...
ပုံရိပ်တစ်ခု မြို့ဆီသို့ အလျှင်အမြန်ပဲ ပြေးသွားနေခဲ့သည်။
ဂျန်ဖန်း စိတ်ထဲမှာတွေးလိုက်၏။
ယခုချိန် သူသာလိုက်ဖမ်းလျှင် စွန်ချောင်ကျုံးမြို့ဆီမရောက်ခင် လိုက်မှီ၏။
သို့ပေမယ့် အစောပိုင်လှုပ်ရှားမှုက အတော်ကြီး၏။
မြို့ထဲရှိသန်မာသည့်တစ်စုံတစ်ယောက်ရောက်မလာဘူးဟု အာမမခံနိုင်ပေ။
ထို့ပြင် သူ့ပစ်မှတ်က တိုင်ပုပိုင်ပင်။
သူလည်းသေသွားပြီဆိုမှတော့ မလိုအပ်သည့်အရှုပ်အထွေးတွေကို ရှောင်ရှားဖို့ ချက်ချင်းဆုတ်ခွာတာ ပိုကောင်း၏။
ဒါပေါ့...
သူက တိုင်ပုပိုင်ခန္ဓာကိုယ်ကို ရှာဖွေဖို့ မမေ့ခဲ့ပေ။
ဂျန်ဖန်းကို တုန်လှုပ်သွားစေတာက....
သူ၏ဓားချက်ကြာင့် တစ်သိန်းတန် သလင်းကျောက်တုံကင်ငါးခုပါ ထက်ခြမ်းကွဲသွားခြင်ပင်ဖြစ်သည်။
ဧရာမဂိုဏ်းလေလံရရှိခဲ့သည့် လေပြင်းပုလဲလည်း လုံးဝကွဲကြေသွားပြီပင်။
"ခရမ်းဓားစွမ်းအားက အတော်ကြီးတာပဲ။ ဒါက အမြဲတမ်းကောင်းတဲ့ကိစ္စတော့မဟုတ်ဘူး...."
ဂျန်ဖန်း မနေနိုင်ပဲ ညည်းညူလိုက်၏။
သို့ပေမယ့် ဂျန်ဖန်းကို အံ့အားသင့်သွားစေတာက...
တိုင်ပုပိုင်ခါးရှိအိတ်ထဲ၌ လက်ရာမြောက်သည့် သေတ္တာတစ်လုံး ရှိနေခဲ့၏။
ဖွင့်ကြည့်လိုက်သည့်အခါ မီးကဲ့သို့နီရဲနေသည့် ကျောက်တုံးတစ်တုံးဖြစ်နေခဲ့သည်။
"ဖီးနစ်သွေးကျောက်တုံး? ဒါတကယ် ဖီးနစ်သွေးကျောက်တုံးပဲ...."
ဂျန်ဖန်း မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
ထိုအရာက သံမဏိသွေးစစ်မှန်ကျမ်း ဒုတိယအဆင့်အတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းပင်။
ထိုပစ္စည်းက ဂိုဏ်း ၉ ဂိုဏ်းနယ်မြေမှ ပျောက်ကွယ်နေတာ အချိန်အတော်ကြာပြီဖြစ်ပြီး ဆယ်စုနှစ်များစွာ ပေါ်မလာခဲ့ပေ။
တိုင်ပုပိုင်၌ တကယ်ပဲ တစ်ခုရှိနေခဲ့သည်။
"သံမဏိသွေးစစ်မှန်ကျမ်းအတွက် မျှော်လင့်ချက်ရှိပြီ...."
"ငါသာ ဒုတိယအဆင့်ဖြစ်တဲ့ ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကို လေ့ကျင့်နိုင်ရင် ငါ့ရုပ်ခန္ဓာက အတော်လေးသန်မာလာလိမ့်မယ်။ အဲ့အခါကျရင် စွန်းချောင်းကျုံးကို မကြောက်ရတော့ရုံသာမကဘူး အနိုင်ပါယူနိုင်ရင် ယူနိုင်မှာ...."
သူက ထိုအရာကို အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဂရုတစိုက် သိမ်းဆည်းလိုက်၏။
နောက်ဆုံး ဘာမှမရှိတာ သေချာအောင်စစ်ဆေးပြီးနောက် ထွက်ခွာလာခဲ့လိုက်သည်။
ချက်ချင်းပဲ လှုပ်ရှားမှုနည်းလမ်းသုံးကာ အလျှင်အမြန်ပြေးတော့၏။
တစ်ဏကြာပြီးနောက်....
စွန်ချောင်ကျုံး ပြတ်နေသည့်သူလက်မောင်းကို ဆုပ်ကိုင်ထားပြီး အားကောင်းသည့်ခန္ဓာကိုယ်ကျင့်ကြံသူများစွာဖြင့် ရောက်လာခဲ့သည်။
တိုင်ပုပိုင်သေဆုံးမှုကို မြင်သည့်အခါ သူတို့မျက်လုံးတွေ မနေနိုင်ပဲ တုန်ယင်သွားကြ၏။
"ဒါ ဘယ်လိုဓားမျိုးလဲ။ မဟာအကြီးအကဲကိုတောင် တစ်ချက်တည်းနဲ့ နှစ်ပိုင်းပြတ်သွားစေတယ်....."
"ဖြတ်တောက်မှုက ချောမွတ်ပြီး အရိုးတွေတောင် ချွင်းချက်မဟုတ်ဘူး။ ဒါကအဲ့ဒီဓားရဲ့ထက်ရှမှုကို ပြသနေတာပဲ။ ထိပ်တန်းမှော်ရတာအချို့တောင် ဒါမျိုး လုပ်နိုင်မယ်မထင်ဘူး...."
"ဘာပဲဖြစ်ဖြစ် ငါတို့ ဒါကို ရှာရမယ်...."
"ဧရာမဂိုဏ်းရဲ့မဟာအကြီးအကဲကို သတ်လိုက်တယ်။ ဒါက မကျေအေးနိုင်တဲရန်ညိုးပဲ..."
"ဒီနေ့ကစပြီး ဂိုဏ်း ၉ ဂိုဏ်း နယ်မြေမှာ ခရမ်းဓားတွေအားလုံးကို စုံစမ်းရှာဖွေပါ...."
"အဲ့ဒီလူကို ရှာမတွေ့မချင်း ဧရာမဂိုဏ်းက ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး...."
ဂျန်ဖန်း တိမ်စိမ်းဂိုဏ်းပြန်ရောက်သည့်အခါ....
သတင်းက ဂိုဏ်းတွေဆီသို့ အလျှင်အမြန်ပျံ့နှံ့ပြီးနေပြီပဲဖြစ်သည်။
ထိုကိစ္စကြောင့် လျိုဝူချန်း တောင်ထိပ်အသီးသီးမှ အကြီးအကဲတွေကို ဆင့်ခေါ်လိုက်၏။
သူတို့က အံ့အားသင့်နေခဲ့သည်။
လျိုဝူချန်း သက်ပြင်းချလိုက်၏။
"ကံကောင်းလို့ သူက ဧရာမဂိုဏ်းနယ်မြေမှာ သေသွားတာ။ ငါတို့တိိမ်စိမ်းဂိုဏ်းထဲမှာသာ သေသွားရင် ရှင်းပြလို့ရမှာတောင် မဟုတ်ဘူး..."
ဝမ်ဟုန်ယောင် ရေရွတ်လိုက်၏။
"ဒါကိုသာသိခဲ့ရင် အဲ့နေ့ကတည်းက သူ့ကို တိုက််ရိုက်သတ်လိုက်ရမှာ...."
"ဘယ်လောက်စိုးရိမ်စရာကောင်းလိုက်လဲ။ ငါတို့တိမ်စိမ်းဂိုဏ်းက ဧရာမဂိုဏ်းအကြီးအကဲလုပ်ကြံခံရတဲ့ကိစ္စကို ခေါင်းခံရလုနီးပါပဲ...."
ကျောက်ဝူကျိနှင့် အကြီးအကဲများစွာ သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်၏။
လျိုဝူချန်းလည်း အနည်းငယ် နောင်တရစွာဖြင့် ပြောလိုက်သည်။
"တကယ်ပဲ ငါတို့ အဲ့နေ့က မစဥ်းစားမိဘူးဖြစ်သွားတယ်...."
တိုင်ပုပိုင်ကို ပေါ်တင်သတ်လျှင် ဧရာမဂိုဏ်း အကြောင်းပြချက်မရှိပြီး တစ်ခွန်းမှဟရဲမည်မဟုတ်ပေ။
သို့ပေမယ့် တိုင်ပုပိုင်သာ တိမ်စိမ်းဂိုဏ်းမှာ ထူးဆန်းစွာသေဆုံးသွားခဲ့လျှင် တိမ်စိမ်းဂိုဏ်းအပြစ်ဖြစ်သွားပြီး ဧရာမဂိုဏ်းက သေချာပေါက် လက်စားချေမည်ပဲဖြစ်သည်။
သူ၏အလွန်အမင်းကြင်နာမှုက တိမ်စိမ်းဂိုဏ်းကို ပြဿနာတွေယူဆောင်လာလုနီးပါပင်။
သူက ရုတ်တရက် အကြောင်းအရာပြောင်းလိုက်၏။
"ဒါပေမယ့်, တိုင်ပုပိုင်ကို ဘယ်သူသတ်တာလဲ..."
"နယ်နိမိတ်မျဥ်းကိုကျော်မှတိုက်ခိုက်တယ်ဆိုတော့ အဲ့လူက သေချာပေါက် တိမ်စိမ်းဂိုဏ်းကပဲ။ သူက တိမ်စိမ်းဂိုဏ်းကို ဒုက္ခမရောက်စေချင်နေတာ သိသာတယ်...."
"ဒါပေမယ့်, ကြွက်သားမျှင်တွေ ဖြတ်ခံရရင်တောင် တိုင်ပုပိုင်ရဲ့ရုပ်ခန္ဓာက အတော်လေး ပြိုင်ဘက်ကင်းနေတုန်းပဲ...."
"အမြုတေဖွဲ့စည်းခြင်းအဆင့် ၂ ခွန်အားမရှိပဲနဲ့သူ့ကို သတ်ဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
"ငါတို့ တိမ်စိမ်းဂိုဏ်းမှာ အဲ့လိုလူမျိုးရှိလို့လား..."
"မဟုတ်ရင်, အကြီးအကဲထဲက တစ်ယောက်ယောက်များလား...."
လူတိုင်း ခေါင်းခါယမ်းလိုက်ကြသည်။ ဘာကြောင့် သူတို့က သူ့ကို အကြောင်းပြချက်မရှိပဲ သတ်ရမည်နည်း။
လျိုဝူချန်း မဟေဠိဖြစ်သွား၏။
"ထူးဆန်းတယ်၊တိမ်စိမ်းဂိုဏ်းမှာ ကျွမ်းကျင်သူတစ်ယောက်ပုန်းကွယ်နေသေးတာလား...."
အချိန်အတော်ကြာစဥ်းစားနေပေမယ့် နားမလည်နိုင်ဖြစ်နေခဲ့သည်။
လျိုဝူချန်း နောက်ထပ်မမေးဖို့ ဆုံးဖြတ်လိုက်ပြီး ပြောလိုက်သည်။
"မနက်ဖြန် တပည့်အဆင့်သတ်မှတ်ခြင်းပွဲပဲ...."
"မဟာအကြီးအကဲ, ဒီတစ်ချိန် မင်းရဲ့တောင်ထိပ်က ဦးစီးဆောင်ရွက်ရမှာ။ အဆင်သင့်ဖြစ်ပြီလား...."
မကြာသေခင်က မတော်တဆမှုကြောင့် မဟာအကြီးအကဲအတော်လေး အပြစ်တင်ခံခဲ့ရပြီး ဂုဏ်သတင်း အကြီးအကျယ် ပျက်စီးခဲ့ရ၏။
ထို့ကြောင့် သူ့ဂုဏ်သတင်းကို ပြန်လည်ရယူဖို့ စီစဥ်နေခဲ့သည်။
ထိုအရာက ဂိုဏ်းသခင်တောင်ထိပ်၏ဂုဏ်သတင်းကို သူနှင့်အဆင့်တူထိ လျော့ချပစ်ဖို့ပဲဖြစ်သည်။
နည်းလမ်းကရိုးစင်း၏။
ဤတစ်ချိန် တပည့်အဆင့်သတ်မှတ်ခြင်း အတောအတွင်း၌ သူက ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေ၏အဆင့်ကို ဖြစ်နိုင်သလောက် လျော့ချပစ်ရမည်ပဲဖြစ်သည်။
ဤနည်းဖြင့် ဂိုဏ်သခင်တောင်ထိပ် ဂုဏ်သတင်း ထိခိုက်သွားပြီး ပြန်လည်မွေးဖွားခြင်းတောင်ထိပ် အရမ်းကြီး စိတ်ပျက်စရာကောင်းမနေတော့မှာဖြစ်သည်။
ဖုန်းဂုချန်း ဖြည်းညင်းစွာပြောလိုက်သည်။
"စိတ်ချလက်ချနေပါ, ဂိုဏ်းချုပ်၊ ဒီအကြီးအကဲက အားလုံး စီစဉ်ပြီးပါပြီ...."
"ဂိုဏ်းချုပ်, မင်းကော အဆင်သင့်ဖြစ်ပြီလား...."
"အရည်အချင်းမရှိတဲ့တပည့်တွေ ပေါ်မလာစေနဲ့နော်။ မဟုတ်ရင် သူတို့တွေ ဂိုဏ်းက ထုတ်ပယ်ခံနေရမယ်...."
"ပြီးတော့ မင်းကိုလည်း အရှက်ရစေလိမ့်မယ်...."
လျိုဝူချန်း ချက်ချင်းပဲ ဂျန်ဖန်းကို တွေးလိုက်မိပြီး သူ့မျက်နှာ မဲမှောင်သွား၏။
သူက နှာမှုတ်လိုက်သည်။
"ဒါ မင်းအလုပ်မဟုတ်ပါဘူး...."
ဂျန်ဖန်းအတွက်ကတော့....
ပြန်ရောက်ပြီနောက် နေအိမ်သို့ တည့်တည့်မတ်မတ်ပြန်လာပြီး အလျှင်အမြန်တံခါးဖွင့်လိုက်သည်။
ထို့နောက် စိတ်အားထက်သန်စွာဖြင့် ချီလင်းလေးကို ထုတ်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ကျောက်စိမ်းတံဆိပ်ဘယ်မှာလဲ...."
"မြန်မြန်, ငါ့ကို ပြန်စမ်းပါ...."
ဂိုဏ်း ၉ ဂိုဏ်းနယ်မြေကို တုန်လှုပ်သွားစေမည့် ထိုပ္စည်းက အမှန်တကယ်ပဲ သူ့လက်ထဲကို ရောက်လာခဲ့သည်။
ထိုအရာက သူကို တည်ငြိမ်အောင်နေဖို့ အတော်လေး ခက်ခဲစေ၏။