← Chapters

ဖီးနစ်သွေးရတနာခန္ဓာကိုယ်

Vol. 14 Ch. 202

ဖီးနစ်သွေးရတနာခန္ဓာကိုယ်

Vol. 14 Ch. 202

ချီလင်းလေး လက်သည်းတွေကို ဆန့်ထုတ်လိုက်ပြီး ၎င်း၏အမွေးထူးသည့် ချိုင်းအောက်ကို လှန်လှောရှာဖွေလိုက်သည်။

ထို့နောက် လက်ဝါးအရွယ် မီးကဲ့သို့နီရဲသည့်ကျောက်စိမ်းတံဆိပ်(အဆောင်စာရွက်ပုံစံ)တစ်ခုကို ထုတ်ယူလိုက်သည်။

တစ်ခုလုံးက ကြက်သွေးရောင်တောက်ပနေပြီး အချိန်တွေကြာသွားသော်လည်း အရောင်မှိန်မသွားပဲ စိုတောက်နေဆဲဖြစ်သည်။

ဤအရာက ပစ္စည်း၏ထူးခြားမှုကို ပြသနေတာပဲဖြစ်သည်။

မျက်နှာပြင်ပေါ်၌ ရှုပ်ထွေးသည့် အက္ခရာတွေထွင်းထုထား၏။

အကြည့်တစ်ချက်နှင့်တင် ဂျန်ဖန်းမူးဝေသွားပြီး ထိုအက္ခရာတွေက သူ့စိတ်ဝိညာဥ်ကို အပိုင်းပိုင်းစုတ်ဖြဲတော့မလိုပင်။

သူက အလျှင်အမြန်ခေါင်းခါယမ်းလိုက်ပြီး အကြည့်လွဲကာ အက္ခရာစာလုံးတွေကို မကြည့်မိအောင် ရှောင်ရှားလိုက်၏။

ထိုမှသာ သူ့စိတ် ပြန်ရှင်းလင်းလာခဲ့သည်။

"သန္ဓေသားကျောက်စိမ်းတံဆိပ်က မျှော်လင့်ထားတဲ့အတိုင်းပဲ။ သာမန်အတိုင်းတောင် ကြည့်လို့မရပါလား...."

ဂျန်ဖန်း စိတ်ထဲမှာ အံ့သြသွား၏။

သူက အလျှင်အမြန်ပဲ အသစ်စက်စက်ကျောက်စိမ်းသေတ္တာတစ်ခုကိုထုတ်ယူပြီး ၎င်းကို ဂရုတစိုက်ထည့်လိုက်၏။

ဤအရာက သူ၏အသန်မာဆုံးအသက်ကယ် ဝှက်ဖဲပင်။

ဂိုဏ်းချုပ်တစ်ယောက်နှင့်ထိပ်တိုက်တွေ့လျှင်တောင် ကြောက်နေစရာမလိုတော့ပေ။

ထို့နောက်....

တိုင်ပုပိုင်ဆီမှရှာတွေ့ခဲ့သည့် ဖီးနစ်သွေးကျောက်တုံးကို ထုတ်ယူလိုက်သည်။

သူ့မျက်လုံးတွေက မျှော်လင့်ချက်တွေ အပြည့်ပင်။

"ငါ ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကို သန့်စင်နိုင်မလားဆိုတာ မင်းအပေါ်ပဲ မူတည်နေတယ်...."

သူက အခြား အရံပစ္စည်းတွေစုဆောင်းပြီး ကြီးမားသည့် ရေအေးစည်းကြီးတစ်ခုကို ပြင်ဆင်လိုက်၏။

ပထမဦးစွာ အရန်ပစ္စည်းတွေကို ခြေမွပြီး ၎င်းတို့၏အရည်တွေကို ရေထဲသို့ ရောစပ်လိုက်၏။

နောက်ဆုံး၌ သူက ဂရုတစိုက် ဖီးနစ်သွေးကျောက်တုံးကို စည်ထဲသို့ ဂရုတစိုက်ထားလိုက်သည်။

ချက်ချင်းဆိုသလိုပင်....

ရေနှင့်ထိလိုက်သည်နှင့် ဖီးနစ်သွေးကျောက်တုံးက အနီရောင်အစက်များစွာအဖြစ်ပျော်ဝင်သွားပြီး စည်တစ်ခုလုံးကို အနီရောင်ပြောင်းသွားစေခဲ့သည်။

၎င်းက အလွန်အားကောင်းသည့်စွမ်းအင်တွေကို ထုတ်လွတ်နေခဲ့သည်။

ချီလင်းလေး လေထဲကိုအနံ့ခံလိုက်ပြီး ၎င်းမျက်လုံးတွေတောက်ပသွား၏။ ချက်ချင်းပဲ ရေစည်းနားကို ခုန်တက်ကာ မငမ်းမရသောက်ချလိုက်၏။

သို့ပေမယ့် နောက်အခိုက်အတန့်၌...

ရုတ်တရက် ၎င်း၏လည်ပင်းကို ဆုပ်ကိုင်ပြီး မြေပြင်ပေါ် နာကျင်စွာဖြင့် လူးလိမ့်နေခဲ့သည်။

၎င်း၏အညိုရောင်အမွေးအမျှင်တွေလည်း အနီရောင်ပြောင်းသွားပြီး မီးတောက်တော့မည့်အတိုင်းပင်။

"သခင်, ကျွန်တော်သေတော့မယ်၊ ကျွန်တော်သေတော့မယ်။ အရမ်းပူတယ်, ဒါက ကျွန်တော့်ကို သတ်နေတယ်...."

ဂျန်ဖန်း တခစ်ခစ်ရယ်လိုက်၏။

"မင်း လောဘကြီးတဲ့ကောင်..."

"ပါးစပ်ထဲကိုအကုန်စပ်သပ် ထည့်ချင်တာကိုး..."

"ဒါက ဖီးနစ်သွေးကျောက်တုံး။ ထိရုံနဲ့တောင် သံပူတစ်ခုလို လောင်ကျွမ်းသွားစေနိုင်တယ်...."

"မင်းက မြိုတောင်ချရဲတယ်...."

ချီလင်းလေး မြေပြင်ပေါ်မှာ နာကျင်စွာ လူးလိမ့်နေပြီး သေတော့မလို ခံစားနေရသည်။

"ကျွန်တော်နောက်မလုပ်ရဲတော့ပါဘူး။ သခင်, ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ...."

ဂျန်ဖန်း ထိုကောင့်ကိုကောက်ယူလိုက်ပြီး စိတ်ဝိညာဥ်စွမ်းအင်သုံးကာ ပါးစပ်ပြည့် သွေးရောင်အဆိပ်တွေ အန်ထွက်သွားအောင်လုပ်လိုက်၏။

ရှဲ!

အဆိပ်တွေ မြေပြင်ကိုထိသွားသည်နှင့် အပြာရောင်ကျောက်တုံးကြမ်းပြင်က အရည်ပျော်သွားပြီး လက်ချောင်းအရွယ်ရှိသည့် ကျင်းငယ်တစ်ခုကို ဖြစ်ပေါ်သွားစေခဲ့သည်။

ဤအရာတွေက အဆိပ်ထက်တောင် ပိုကြောက်စရာကောင်း၏။

သူက ပြန်လည်ရှင်သန်ခြင်းဆေးလုံးကို ချီလင်းလေးဆီပစ်ပေးလိုက်ပြီး ဘေးနားမှာ ဒဏ်ရာကုသစေလိုက်သည်။

ထို့နောက် သူကိုယ်တိုင်လည်း သွေးနီရောင်ဆေးရည်တွေနား ချည်းကပ်လာခဲ့သည်။

သူက အံကြိတ်လိုက်ပြီး အဝတ်အစားတွေချွတ်ကာ တိုက်ရိုက်ပဲ ခုန်ဝင်သွားခဲ့သည်။

အား....

ချက်ချင်းပဲ ဂျန်ဖန်း စူးစူးဝါးဝါး အော်ဟစ်လိုက်ရသည်။

သူက အသက်ရှင်လျက် ချော်ရည်ထဲပစ်ချခံလိုက်ရသလို ခံစားလိုက်ရ၏။

လူမဆန်သည့်နာကျင်မှုက သူ့ကိုယ်သူ သန်မာသည်ဟု ယူဆထားသည့် သူ့ကိုတောင် မရပ်မနားအော်ဟစ်နေစေခဲ့သည်။

သူက သဘာဝအလျောက် စည်ထဲက ခုန်ထွက်ချင်နေ၏။

သို့ပေမယ့် စွန်ချောင်ကျုံးနှင့် ရင်ဆိုင်ချိန် သေအံ့ဆဲဆဲအခြေအနေကို ပြန်တွေးပြီး အံ့ကြိတ်ကာ အထဲမှာနေဖို့ သူ့ကိုယ်သူ တွန်းအားပေးလိုက်၏။

ထိုမျှတင်မကသေး သူက အားတင်းကာ သံမဏိသွေးစစ်မှန်ကျမ်းကိုလည်း လှည်ပတ်လိုက်၏။

ထို့နောက် ဖီးနစ်သွေးတွေကို သူ့ခန္ဓာကိုယ်ထဲစုပ်ယူပြီး ကိုယ်တွင်းအင်္ဂါ၊ အရိုးတွေနှင့် သွေးကြောတွေကို ပြုပြင်လိုက်၏။

နာကျင်မှုက စိတ်ကူးကြည့်လို့ရတာပဲဖြစ်သည်။

ကံကောင်းစွာဖြင့် အစပိုင်း အလွန်အမင်းနာကျင်မှုကို တောင့်ခံပြီးနောက် သူ့ခန္ဓာကိုယ်က လိုက်လျောညီထွေဖြစ်လာခဲ့သည်။

သူ့သွားတွေ အံကြိတ်ထားပြီး ကြီးမားသည့်နာကျင်မှုကို တိတ်တဆိတ် တောင့်ခံကာ ဖီးနစ်သွေးတွေကို နည်းနည်းချင်း စုပ်ယူနေခဲ့သည်။

နောက်တစ်နေ့နံနက်၌....

စည်းက ကြည်လင်သွားပြီး ဖီးနစ်သွေးစက်အားလုံးကို စုပ်ယူပြီးသွားပြီပင်။

ဂျန်ဖန်း အပေါ်ယံအရေပြားမဲတွေကို ဖယ်ရှားလိုက်သည့်အခါ နူးညံ့ဖြူစင်သည့် အရေပြားသစ်တစ်ခု ထွက်ပေါ်လာခဲ့သည်။

ဖီးနစ်သွေးသူ့ခန္ဓာကိုယ်ထဲဝင်ရောက်သွားမှုနှင့်အတူ ၎င်းက အတွင်းကော အပြင်ကော နှစ်ဖက်လုံး လောင်ကျွမ်းနေခဲ့သည်။

အသစ်ပြန်လည်မွေးဖွားလာသကဲ့ပင်။

ဂျန်ဖန်း သူ့မျက်လုံးတွေ ဖြည်းညင်းစွာဖွင့်လိုက်သည့်အခါ သူ့ခန္ဓာကိုယ်က အမဲရောင်အညစ်အကြေးတွေဖြင့် ဖုံးလွမ်းနေတာကို တွေ့လိုက်၏။ ထိုအရာက အတော်လေး စိတ်အနှောက်အယှက်ဖြစ်စရာကောင်းလှ၏။

သူက အလျှင်အမြန်ပဲ ရေချိုးသန့်စင်လိုက်သည်။

ရေချိုးပြီးနောက် သူ့ကိုယ်ပေါ်ရှိ အမာရွတ်သေးသေးတွေမှအစ အစင်းရာအကုန် ပျောက်သွားတာကို သတိထားမိလိုက်၏။

မနာလိုစရာကောင်းလောက်အောင်ဖြူဖွေးနူးညံ့သည့် ခန္ဓာကိုယ်တစ်ခုဖြင့် အစားထိုးသွားခဲ့သည်။

သူ၏နဂိုချောမောသည့်မျက်နှာက ပိုလို့တောင် သန့်ပြန့်သွားခဲ့သည်။

ကြည့်လိုက်လျှင် စာသင်သားတစ်ယောက်ကဲ့သို့ပင်။

သူက ဖီးနစ်သွေးရတနာခန္ဓာကိုယ်ကို ရရှိသွားသည့် ခန္ဓာသန့်စင်သူဆိုတာ စိတ်ကူးကြည့်ဖို့ ခက်ခဲလှ၏။

ဧရာမဂိုဏ်းမှသိုင်းပညာရှင်တွေ၏ ထွားကြိုင်းကြီးထွားသည့်ခန္ဓာကိုယ်ကြီးတွေနှင့် ခြားနားလှ၏။

"ဒါက အရမ်းကြီးကို ဖြူဖွေးလွန်းနေတာပဲ...."

မှန်ကြည့်ပြီး ဂျန်ဖန်း မနေနိုင်ပဲ သက်ပြင်းချလိုက်သည်။

"တစ်ယောက်ယောက်သာ ငါ့ကိုထိုးရင် ငိုရတော့မယ့်ပုံပဲကွာ...."

ဒေါင်! ဒေါင်! ဒေါင်!

နောက်ထပ် သူ့ခန္ဓာကိုယ်ပြောင်းလဲမှုတွေကို စစ်ဆေးတော့မည့်အချိန်မှာပဲ....

ခေါင်းလောင်းသံ ရင်ပြင်မှ ပဲ့တင်ထပ်လာခဲ့သည်။

ဂျန်ဖန်း နှလုံးသားတုန်ယင်သွား၏။

ဤနေ့က ဘာနေ့လဲဆိုတာ သူမေ့သွားခဲ့သည်။

တပည့်အဆင့်သတ်မှတ်ခြင်း....

အဆင့်ကောင်းနှင့်အထက်ရသည့် တပည့်တွေသာ သားရဲလှိုင်းကိုခုခံဖို့ ရှေ့တန်းကို သွားလို့ရမှာဖြစ်သည်။ ထိုမှသာ ကောင်းကင်ဘုံစက်ယန္ဒယားခန်းမ၏ကြွယ်ဝသည့်အရင်းအမြစ်တွေကို အကျိုးပြုမှတ်တွေနှင့် လဲလှယ်နိုင်မှာဖြစ်သည်။

သူက ချက်ချင်းပဲ ဖြူဖွေးသန့်စင်သည့် အဖြူရောင်ဝတ်ရုံတစ်ထည်ကို ဝတ်လိုက်ပြီး တောင်အောက်အလျှင်အမြန်ဆင်းကာ ရင်ပြင်သို့လာခဲ့လိုက်သည်။

တောင်ထိပ်အမျိုးမျိုးမှတပည့်တွေ တစ်ယောက်ပြီးတစ်ယောက် ရောက်လာခဲ့ကြသည်။

သူတို့က တစ်ယောက်နှင့်တစ်ယောက် နွေးထွေးစွာ နှုတ်ဆက်လိုက်၏။

မကြာမီ...

ဂျန်ဖန်း ရှုရို့ရန်နှင့် ချန်းစီလင်တို့ကို အတူတူလာနေတာကို သတိထားမိလိုက်သည်။

သူမတို့က ရယ်မောစကားပြောလာပြီး တပည့်အဆင့်သတ်မှတ်ခြင်းအတွက် အတော်လေး ယုံကြည်မှုရှိနေပုံပင်။

ဂျန်ဖန်းချည်းကပ်လာပြီး အပြုံးတစ်ခုနှင့် ပြောလိုက်သည်။'

"ရို့ရန်, စီလင်...."

အမျိုးသမီးနှစ်ယောက်လှည့်ကြည့်လိုက်ပြီး နှစ်ယောက်သား ကြောင်သွားကြ၏။

ရှုရို့ရန် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"နင်က ဘယ်သူလဲ...."

ချန်းစီလင်လည်း သတိပေးသည့်အမူအရာပြလိုက်၏။

"ရမ်းသမ်းပြီး မခေါ်နဲ့... ဟမ့်..."

သူမ ခဏရပ်လိုက်ပြီး ဂျန်ဖန်းမျက်နှာကို စစ်ဆေးပြီး စိတ်ရှုပ်စွာပြောလိုက်သည်။

"အမရို့ရန်, ဘာလို့ သူကြည့်ရတာ ဂျန်ဖန်းနဲ့တူနေရတာလဲ..."

ရှုရို့ရန်လည်း အံ့အားသင့်သွား၏။

"အတော်တော့တူတယ်။ တစ်ပုံစံတည်းပဲ..."

"ဂျန်ဖန်းထက် ပိုဖွေးနေတာလေးတစ်ခုပဲ...."

ဂျန်ဖန်း ရယ်လည်းရယ်ချင် ဒေါသလည်းထွက်သွား၏။

"ငါပဲလေ။ မင်းတို့တွေ ငါ့အသံကိုတောင် မမှတ်မိဘူးလား...."

အာ?...

အမျိုးသမီးနှစ်ယောက် တုန်လှုပ်သွား၏။

ရှုရို့ရန် ထိုအရာကို မယုံကြည်နိုင်ဖြစ်နေ၏။

"ဂျန်ဖန်း? နင်ဘာဖြစ်သွားတာလဲ...."

"ရုတ်တရက်ကြီး တခြားလူတစ်ယောက်လိုပြောင်းသွားတယ်။ ငါ နင့်ကို မှတ်တောင်မမှတ်မိဘူး..."

ချန်းစီလင် ဂျန်ဖန်းပါးကို ထိလိုက်ပြီး မနာလိုစွာ ပြောလိုက်သည်။

"အရမ်းနူးညံ့ပြီး ပျော့ပျောင်းနေတာပဲ။ ငါ့အသားအရည်ထက်တောင် ကောင်းနေသေးတယ်....."

"ဒါက ယောက်ျားတစ်ယောက်ရဲ့အသားအရေလို့ ယုံရမှာတောင် ခက်တယ်...."

ဂျန်ဖန်း မချိပြုံးပြုံးလိုက်ပြီး သူမတို့ကို ခန္ဓာသန့်စင်နည်းအကြောင်း ပြောပြလိုက်၏။

"ဘယ်လိုခန္ဓာသန့်စင်နည်းက နင့်အသားအရည်ကို ဒီလောက်ကောင်းသွားစေတာလဲ။ ငါလည်း သင်ချင်တယ်...."

ချန်းစီလင် အော်ပြောလိုက်၏။

ရှုရို့ရန် ကြေကွဲဟန်ဖြင့် ပြောလိုက်သည်။

"ပစ္စည်းကောင်းတွေကို သိမ်းထားပြီး တစ်ယောက်တည်းလေ့ကျင့်နေတယ်...."

ဂျန်ဖန်း ခါးသီးစွာပြုံးလိုက်သည်။

"ခန္ဓာသန့်စင်ခြင်းက မင်းတို့တွေ တောင့်ခံနိုင်တဲ့အရာမဟုတ်ဘူး...."

မနေ့ကလေ့ကျင့်မှုကို ပြန်တွေးလိုက်တိုင်း သူထိတ်လန့်နေဆဲပင်။

ထိုအခိုက်အတန့်၌....

အရပ်ရှည်ရှည် စူးရှသည့်မျက်လုံးတွေနှင့် တပည့်တစ်ယောက်ချည်းကပ်လာခဲ့သည်။ သူ့နောက်၌ မျက်နှာချိုသွေးခယနေသည့် လူများစွာ လိုက်ပါလာခဲ့သည်။

"စီနီယာအကိုတန်, ဒါ ကျွန်တော် လေ့ကျင့်နေစဥ်တွေ့လာတဲ့ ကောင်းကင်နဲ့မြေကြီးရတနာပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ..."

"စီနီယာအကိုတန်, နောက်ဆုံးအကြိမ်တုန်းက အကို ကျွန်တော့်ကိုအဆင့်ကျော်ဖြတ်နိုင်အောင်လုပ်ပေးမယ်လို့ ကတိပေးထားတယ်။ အကို့စကားကို ပြန်မရုတ်သိမ်းရဘူးနော်...."

တပည့်အဆင့်သတ်မှတ်ခြင်း နီးကပ်လာသည်နှင့်အမျှ....

ပုံမှန်အားထုတ်မှုမရှိသည့် တပည့်တွေ နောက်ဆုံးမိနစ်အကူအညီကို စတင်ရှာဖွေလာကြ၏။

တန်ထျန်လုံကို မြောက်ပင့်ဖားယားခြင်းဖြင့် စစ်ဆေးမှုအတွင်းမှာ သူတို့ကို အလွယ်တကူဖြတ်ကျော်ခွင့်ပြုဖို့ မျှော်လင့်နေကြ၏။

တန်ထျန်လုံ အခြားလူတွေ၏ကံကြမ္မာသူ့လက်ထဲမှာရှိနေသည့် ခံစားချက်ကို သဘောကျနေခဲ့သည်။

ခံစားချက်က အတော်လေး ကျေနပ်စရာကောင်း၏။

ရုတ်တရက် သူက မင်သက်လောက်အောင်လှပသည့်တပည့်မလေးနှစ်ယောက်က စာသင်သားပုံစံရှိသည့်လူငယ်တစ်ယောက်နှင့် ချစ်ခင်စွာအတူရှိနေတာကို သတိထားမိလိုက်သည်။

အနီးကပ်သေချာကြည့်လိုက်သည့်အခါ မနေနိုင်ပဲ အံ့အားသင့်သွား၏။

"ဂျန်ဖန်း?...."

ဤအခိုက်အတန့်၌ ဂျန်ဖန်း အသားအရေက ဖြူဖွေးနေပြီး ပုံပန်းသွင်ပြင်က သန့်ပြန့်လှ၏။

အများကြီးပိုပြီး ချောမောခန့်ညားလာခဲ့၏။

ထိုအရာက တန်ထျန်လုံကို စိတ်အနှောက်အယှက်ဖြစ်သွားစေပြီး လုပ်ပြုံးတစ်ခုနှင့် လျှင်မြန်စွာလျှောက်လာခဲ့သည်။

"ဂျူနီယာညီလေးဂျန်, မင်း ဒီဂျူနီယာညီမနှစ်ယောက်နဲ့ပျော်ပျော်ရွင်ရွင်စကားပြောနေတယ်ဆိုတော့ တပည့်အဆင့်သတ်မှတ်ခြင်းကို ကျော်ဖြတ်ဖို့ ယုံကြည်မှုရှိတယ်နဲ့တူတယ်...."

ဂျန်ဖန်း အမျိုးသမီးနှစ်ယောက်နှင့် စကားပြောဖို့ အချိန်းကောင်းရနေတာဖြစ်သည်။

ရုတ်တရက် အနှောက်အယှက်ခံရသည့်အတွက် စိတ်ပျက်သွားပြီး ထူးမခြားနား တုံ့ပြန်လိုက်သည်။

"မင်းက အကဲဖြတ်သူဆိုရင်တော့ ပြဿနာမရှိပါဘူး...."

All Chapters