အဆက်အသွယ်တွေကရိုင်းလွန်းတယ်
Vol. 14 Ch. 203
တန်ထျန်းလုံ မူလတုန်းက ဂျန်ဖန်းကို ဖိိအားအနည်းငယ်ပေးချင်တာဖြစ်သည်။
အခြားတပည့်တွေဆီမှသင်ယူပြီး သူ့ကို ဖားယား တောင်းပန်စေချင်တာပဲဖြစ်သည်။
သေချာပေါက်ပင်။ ဂျန်ဖန်း တကယ်တောင်းပန်လျှင်တောင် သူက အလွယ်တကူလွတ်ပေးမည်မဟုတ်ပေ။
သူက ဂျန်ဖန်းကို စိတ်အနှောက်အယှက်ပေးချင်ရုံသာ ဖြစ်သည်။
သူက ဂျန်ဖန်း ဤလောက်ထိ အာခံလိမ့်မည်ဟု မမျှော်လင့်ထားပေ။
ထို့ပြင် အကဲဖြတ်သူက သူဖြစ်နေသ၍ ပြဿနာမရှိဘူးဟုတောင် မောက်မောက်မာမာပြောနေသေး၏။
မနေနိုင်ပဲ လှောင်ပြုံးပြုံးလိုက်ပြီး ဂျန်ဖန်းကို အပေါ်အောက် ကြည့်လိုက်၏။
"အို, မင်းရဲ့ယုံကြည်မှုတွေက ဘယ်ကလာတာလဲ။ ငါ့အကဲဖြတ်မှုကို ဖြတ်ကျော်နိုင်မှာ သေချာတယ်ပေါ့....."
"ငါ အလေးအနက်လုပ်တာနဲ့ မလုပ်တာက ခြားနားမှုအတော်ကြီးတယ်ဆိုတာ မင်းနားလည်ထားသင့်တယ်....."
"ငါသာ အလေးအနက်လုပ်ရင် အခြေခံတည်ဆောက်ခြင်းအဆင့် ၇ တွေတောင် အောင်မြင်ရုံလေးအောင်မြင်မှာ...."
"ငါလျော့ပေါ့ပေးရင်တော့ အခြေခံတည်ဆောက်ခြင်းအဆင့် ၁ တောင် ဖြတ်ကျော်နိုင်မှာ...."
"နားလည်လား...."
သူက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
သူ့စကားတွေက ခြိမ်းခြောက်မှုတွေအပြည့်ပင်။
ဆိုလိုတာက ဂျန်ဖန်းကို တိမ်စိမ်းဂိုဏ်းမှ ကန်ထုတ်ဖို့ အရမ်းလွယ်ကူပြီး အရာအားလုံးက သူ့စိတ်အခြေအနေပါ်မူတည်နေတာပဲဖြစ်သည်။
ဂျန်ဖန်း ထိုအရာကို ကြားသည့်အခါ ပိုစိတ်သက်သာယာရသွား၏။
"ဒါဆို ငါ စိတ်ချသွာပြီ...."
သူက အခြေခံတည်ဆောက်ခြင်းအဆင့်ကို ရောက်ရှိပြီးသည်ဖြစ်၍...
အနည်းဆုံး အရည်အချင်းမပြည့်မှီတော့မည်မဟုတ်ပေ။
အဆင့်ကောင်းရဖို့အတွက်ကတော့ အရမ်းကြီးခက်ပုံမပေါ်ပေ။
ဟမ့်?...
တန်ထျန်လုံး စိတ်ပျက်သွား၏။
ထိုအရာက ချည်လုံးကို ထိုးနေသလိုပင်။
သူက ပေါ်တင်ပဲ ပြောလိုက်သည်။
"ဂျန်ဖန်း, မင်း အခုချိန် ရိုးရိုးသားသားတောင်းပန်မယ်ဆိုရင် ငါ ဂရုဏာထားပြီး မင်းကို ခက်ခဲအောင်မလုပ်တာ ဖြစ်ကောင်းဖြစ်နိုင်တယ်...."
"မင်းအကဲဖြတ်မှုအောင်မြင်ဖို့က ငါ့ဆီက စကားလေးတစ်ခွန်းပဲလိုတာ...."
"မင်းဆက်ပြီး မသိနားမလည်ဖြစ်နေမယ်ဆိုရင်တော့ ငါ စည်းကမ်းအတိုင်းတင်းတင်းကြပ်ကြပ်လုပ်တာကို မပြစ်မတင်နဲ့...."
ဤကဲ့သို့ပေါ်တင်ခြိမ်းခြောက်မှုက သူဘယ်လောက်ရဲတင်းလဲဆိုတာ ပြသနေ၏။
ပတ်ဝန်းကျင်ရှိတပည့်တွေအားလုံး မကြားသလို ဟန်ဆောင်နေလိုက်ကြ၏။ သူတို့က တန်ထျန်းလုံဆီမှ အကူအညီလိုနေသေး၏။
ရှုရို့ရန် နှစ်ဖက်တိုက်ခိုက်တော့မည်ကိုမြင်သည့်အခါ ဂျန်ဖန်းကိုယ်စား အခြေအနေတွေ ပြေလည်စေဖို့ အခြေခံတည်ဆောက်ခြင်းဆေးတစ်ပုလင်း ထုတ်ယူလိုက်၏။
သို့ပေမယ့် သူမ မပြောနိုင်ခင်....
ဂျန်ဖန်း အခြေခံတည်ဆောက်ခြင်းဆေးပုလင်းကို လုယူလိုက်ပြီး သူမကို အပြစ်တင်ဟန်ဖြင့် ကြည့်လိုက်သည်။
"အခြေခံတည်ဆောက်ခြင်းဆေးတွေက အလကားရတယ်များ မင်းထင်နေလား...."
ထိုအရာတွေက သူပေးထားသည့် ထိပ်တန်းအဆင့် အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေလို့ ထင်လိုက်၏။
ဖွင့်ကြည့်လိုက်သည့်အခါ အဆင့်နိမ့်အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေ ဖြစ်နေခဲ့၏။
သူက မနေနိုင်ပဲ အထင်မြင်သေးသည့်အမူအရာတွေ ပြသလာ၏။
ဤရက်တွေ၌ သူက ဤကဲ့သို့ဆေးလုံးတွေကို သယ်ရတာ ဝန်ကျယ်ပြီး လေးလံသည်ဟု ခံစားရ၏။
ထိုအခိုက်အတန့်၌, ဂိုဏ်းသခင်တောင်ထိပ်အပြင်စည်းတပည့်တစ်ယောက် ခွေးဝါကြီးကြီးနှင့် လမ်းလျှောက်ထွက်လာခဲ့သည်။
ဂျန်ဖန်း ချက်ချင်း လှမ်းခေါ်လိုက်၏။
"ဟေး, ခွေးဝါကြီး...."
ဂျန်ဖန်းအသံကိုကြားသည့်အခါ ခွေးဝါကြီး ချက်ချင်းပြေးလာပြီး သူ့ခြေထောက်ကို ခင်မင်ရင်းနှီးစွာပွတ်သပ်လိုက်၏။
"ရော့ စား..."
ဂျန်ဖန်း အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို မြေပြင်သို့ပစ်ချလိုက်၏။
လူအုပ် ချက်ချင်းပဲ အံ့အားသင့်သွားကြသည်။
"သူဘာလုပ်နေတာလဲ။ လစဥ်ရတဲ့ အဆင့်နိမ့်အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို ခွေးကျွေးနေတာလား...."
"ဒါက ဘာကိုဆိုလိုတာလဲ...."
"အဆင့်နိမ့်အခြေခံတည်ဆောက်ခြင်းဆေးလုံးတစ်လုံးက သလင်းကျောက်တစ်ရာတန်တယ်လေ...."
လူတိုင်း ရှေ့တက်ပြီး သူ့ကို တားလိုက်ချင်၏။
သို့ပေမယ့် ခွေးဝါကြီးအလျှင်အမြန်ပဲ လှမ်းဟပ်ကာ စားသောက်ပစ်လိုက်၏။
ထို့နောက် ဂျန်ဖန်းကို ကျေးဇူးတင်စွာဖြင့် အမြီးနှံ့ပြလိုက်သည်။
ဂျန်ဖန်း ၎င်း၏ခေါင်းကိုပုတ်ပြီး ပြောလိုက်သည်။
"ရို့ရန်, မင်းဒါကို မြင်လား...."
"ဒီအဆင့်နိမ့်အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေကို ခွေးတစ်ကောင်ကိုကျွေးလိုက်ရင် သူက မင်းကို အမြီးနှံ့ပြပြီး ကျေးဇူးတင်လိမ့်မယ်...."
"တချို့လူတွေကိုပေးလိုက်ရင်တော့ မင်းကို ခြယ်လှယ်လို့လွယ်တယ်ဆိုပြီး အရူးတစ်ယောက်လို လှောင်ရယ်နေလိမ့်မယ်...."
"နားလည်လား...."
ရှုရို့ရန် သူ့ကို မျက်လုံးလှန်ကြည့်လိုက်၏။
"နင်က အခု ငါ့ကို သင်ပြနေတာလား...."
သို့ပေမယ့် သူမက ဂျန်ဖန်း လုံးဝမမှားဘူးဆိုတာ နားလည်၏။
တန်ထျန်လုံ ဂျန်ဖန်းကို ဖယ်ကျဥ်ထားဖို့ ဆုံးဖြတ်ထားလျှင် ဘယ်လိုပမာဏရှိသည့် စိတ်ကောင်းစေတနာကမှ အကူအညီဖြစ်မည်မဟုတ်ပေ။
ထိုအစား, သူတို့က လှောင်ပြောင်ပြက်ရယ်ပဲ ပြုခံရမှာ ဖြစ်သည်။
ချန်းစီလင် ရှုရို့ရန်ထက်အတွေ့အကြုံပိုများပြီး တန်ထျန်လုံး သူမတို့နှင့်ကစားဖို့ရည်ရွယ်နေတာကို မြင်ပြီးသားဖြစ်သည်။
သူမက ခါးကိုင်းလိုက်ပြီး ခွေးဝါကြီးကိုပွတ်သပ်ပေးကာ ပြုံးလိုက်သည်။
"ယောက်ျားပြောတာ မှန်တယ်...."
"အခြေခံတည်ဆောက်ခြင်းဆေးလုံးတွေက လူတချို့ကိုပေးတာထက် ခွေးကိုပေးလိုက်တာ ပိုကောင်းတယ်...."
"ဘာလို့လဲဆိုတော့ သူတို့က ခွေးတစ်ကောင်လောက်တောင် မကောင်းလို့လေ..."
သူမနှင့် ဂျန်ဖန်းက တစ်ယောက်နှင့်တစ်ယောက်သံယောင်လိုက်ပြီး တစ်ဖက်လက်နဲ့ ကျိန်ဆဲနေတာပဲဖြစ်သည်။
ထိုအရာကြောင့် တန်ထျန်လုံအမူအရာ တင်းမာသွား၏။
သူက အံ့ကြိတ်လိုက်ပြီး ပြောလိုက်သည်။
"ဂျန်ဖန်း, မင်းသေချင်နေတာလား...."
သူ နားမလည်နိုင်ပေ။
သူ့ကံကြမ္မာက သူ,တန်ထျန်လုံလက်ထဲမှာဆိုတာ ဂျန်ဖန်း နားမလည်ဘူးလား...
သူသာ ဂျန်ဖန်းကို မအောင်စေချင်လျှင် လက်လေးတစ်ချက်လုပ်လိုက်ယုံပင်။
"ဒီမှာ ဘယ်သူတွေဆူနေတာလဲ...."
တန်ထျန်လုံပတ်လည်ရှိတပည့်တွေ ချက်ချင်း ပြန့်ကျဲသွား၏။
အဘယ်ကြောင့်ဆိုသော် ထိုအရာက ဝမ်ဟုန်ယောင်ဖြစ်နေသောကြောင့်ပင်။ သူမက တိမ်စိမ်းဂိုဏ်း၌ သူမ၏ဒေါသကြောင့် နာမည်ကြီး၏။
မည်သည့်တပည့်ကမှ သူမကို ရန်မစလိုပေ။
လူအုပ်ပြန့်ကျဲသွားခဲ့သည်။
ဝမ်ဟုန်ယောင် သဘာဝအတိုင်း ဂျန်ဖန်းကို မြင်လိုက်၏။
သူမ၏မဲမှောင်နေသည့်မျက်နှာက ချက်ချင်းတောက်ပသွားပြီး အပြုံးတစ်ခုနှင့် ချည်းကပ်လာ၏။
"ကောင်လေး, မင်းရဲ့အဆင့်သတ်မှတ်ခြင်းမှာ ပြဿနာတစ်ခုခုရှိလို့လား...."
ဂျန်ဖန်း လက်ချင်းယှက်ပြီး ပြောလိုက်သည်။
"အကြီးအကဲဝမ်စိုးရိမ်ပေးလို့ ကျေးဇူးတင်ပါတယ်။ ဒီတပည့်က ယုံကြည်မှုရှိပါတယ်...."
ထိုအရာကိုကြားသည့်အခါ ဝမ်ဟုန်ယောင်မျက်နှာ တင်းမာသွား၏။
သူမက အနီးနားရှိ တန်ထျန်လုံကို ပြောလိုက်သည်။
"နင်က ဒီတစ်ချိန် အကဲဖြတ်မဲ့တပည့်မလား..."
အကြီးအကဲဝမ်ကို တန်ထျန်လုံလည်း ရန်မစရဲပေ။
သူက အလျှင်အမြန်ပဲ အရိုးအသေပေးလိုက်၏။
"အကြီးအကဲဝမ်ကို တင်ပြပါတယ်။ ဟုတ်ပါတယ်၊ အဲ့ဒါ ကျွန်တော်ပါပဲ...."
ဝမ်ဟုန်ယောင် ဂျန်ဖန်းကို ညွှန်ပြလိုက်၏။
"ဒီကောင်လေးကို တင်းကြပ်ပါ။ သူကျရှုံးပြီး တိမ်စိမ်းဂိုဏ်းက ထုတ်ပယ်ခံရရင် အကောင်းဆုံးပဲ...."
"ဒါမှ သူ့ကို ငါ့ဆေးတောင်ထိပ်က ခေါ်ယူနိုင်မှာ...."
ပြောပြီးနောက် သူမက ရယ်မောပြီး ထွက်ခွာသွားခဲ့သည်။
ဂျန်ဖန်း နဖူး၌ ချွေတွေပြန်လာခဲ့သည်။
ဝမ်ဟုန်ယောင်က သူ့ကို တပည့်အဖြစ် ခေါ်ယူချင်နေတုန်းပင်။
ဝမ်ဟုန်ယောင်ထွက်ခွာသွားတာကိုကြည့်ပြီး တန်ထျန်လုံ ဂျန်ဖန်းကို ပြန်ကြည့်လိုက်၏။ နောက်ဆုံးမှာ ထိုကောင့်ယုံကြည်မှုတွေ ဘယ်ကလာလဲဆိုတာ နားလည်သွား၏။
"အခု မင် ငါ့ကို ဘာလို့အာခံရဲလဲဆိုတာ သိသွားပြီ...."
"လက်စသတ်တော့ မင်းက အကြီးအကဲဝမ်ရဲ့ အထောက်အပံ့ကို ရထားတာပဲ...."
"ငါ တကယ်မင်းကို လျော့တွက်မိပြီ။ အကြီးအကဲဝမ်ရဲ့နှစ်သက်မှုကို ရနိုင်တယ်ဆိုတော့ ကတယ်အထင်ကြီးစရာပဲ...."
ရှုရို့ရန်နှင့် ချန်းစီလင်တို့ နှစ်ယောက်လည်း ကြောင်အသွား၏။
သူမတို့က အကြီးအကဲဝမ်၏ ဒေါသကို သိ၏။
သူမက ဘယ်တုန်းကမှ သူမထောင်ထိပ်က တပည့်မတွေကို ကြင်နာမှုမပြခဲ့ပေ။
အခြားတောင်ထိပ်က တပည့်တွေဆိုရင်တော့ ပြောနေစရာကိုမလိုတော့ပေ။
သူမတို့က ဝမ်ဟုန်ယောင် ဂျန်ဖန်းကို ထူးထူးခြားခြားဆက်ဆံမည်ဟု မျှော်လင့်မထားခဲ့ပေ။
ဂျန်ဖန်း အကဲဖြတ်မှုကို ယုံကြည်မှုရှိနေတာ အံ့သြစရာမရှိတော့ပေ။
ဂျန်ဖန်း ပခုံးတွန့်ပြလိုက်၏။
သူ၌ ဘာမှရှင်းပြစရာမရှိပေ။
"ဟမ့်..."
တန်ထျန်လုံ နာမှုတ်လိုက်၏။
"မင်းမှာ အကြီးအကဲဝမ် နောက်ခံရှိတော့ကော ဘာဖြစ်လဲ...."
"ငါမင်းကို ပြောလိုက်မယ်။ မင်းနောက်မှာ ဂိုဏ်းချုပ်လျိုရှိရင်တောင် အသုံးမဝင်ဘူး...."
"ဘာလို့လဲဆိုတော့ ဒီအကဲဖြတ်မှုကို မြင့်မြတ်အကြီးအကဲကိုယ်တိုင် ကြီးကြပ်မှာမလို့ပဲ...."
"ဘယ်သူမှ မင်းရဲ့အကဲဖြတ်မှုကို လှည့်စားရဲမှာမဟုတ်ဘူး...."
တပည့်အဆင့်သတ်မှတ်ခြင်းက ဂိုဏ်းအတွက် အရေးကြီးကိစ္စဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ၎င်းက တပည့်တွေ၏ အနာဂတ်အဆင့်အတန်းနှင့် ရရှိမည့် အခွင့်အလမ်းတွေကို ကိုယ်စားပြုသောကြောင့်ပင်။
ထို့ပြင် တောင်ထိပ်အသီးသီး၏ခွန်အားနှင့် အနာဂတ်ခွဲဝေမည့် အရင်းအမြစ်ကိုလည်းသက်ရောက်မှုရှိ၏။
နောက်ပြီး သားရဲလှိုင်းခုခံမှုအတွက် အရည်အချင်းပြည့်မှီမှုတွေလည်းပါဝင်၏။
ဂျန်ဖန်း အနည်းငယ် ခေါင်းညိတ်လိုက်၏။
"ဒါဆို ငါအတော်လေး စိတ်ချသွားပြီ...."
မြင့်မြတ်အကြီးအကဲကိုယ်တိုင် ကြီးကြပ်မှာဖြစ်၍ တန်ထျန်လုံနှင့် ဖုန်းဂုချန်း လှည့်ကွက်သေးသေးလေးတွေ ကစားလို့ ရတော့မည်မဟုတ်ပေ။
သူတို့က အဆင့်တွေကို စိတ်ရှိသလို ခြယ်လှယ်လို့မရတော့ဘူးပဲဖြစ်သည်။
သူ့လုပ်ဆောင်မှု အရမ်းကြီးမညံ့ဖျင်းသ၍ အဆင့်ကောင်းရဖို့က မခက်ပေ။
တန်ထျန်လုံ နှာမှုတ်လိုက်၏။
"မင်းဆက်လေကြီးနေလိုက်..."
"ထုတ်ခံရတဲ့အချိန် မင်းနောက်မှာ ဘယ်သူရှိမလဲဆိုတာ မြင်ချင်သေးတယ်...."
သူပြောလို့မပြီးခင်မှာပဲ...
ရုတ်တရက် အာမေဋိတ်သံတစ်ခု တပည့်တွေဆီမှ ထွက်ပေါ်လာခဲ့သည်။
"ဒါက အပူပင်မဲ့တောင်ထိပ်မြင့်မြတ်အကြီးအကဲရဲ့စီးတော်ယဥ်ပဲ။ ဒါ မြင့်မြတ်အကြီးအကဲ ဟွမ်းပဲ..."
လူတိုင်းမော့ကြည့်လိုက်သည့်အခါ ခေါင်းနှစ်လုံးသိမ်းငှက်နက်ကြီးတစ်ကောင် သူတို့ခေါင်းပေါ်မှ ပျံသန်းသွားတာကို မြင်လိုက်ကြ၏။
ရုတ်တရက် ဟွမ်းကျန်ထျန်း ဂျန်ဖန်းကို သတိထားမိလိုက်သည်။
သူက သိမ်းငှက်နက်ကို ထိန်းချုပ်ကာ ဂျန်ဖန်းရှေ့ကို ဆင်းသက်လာခဲ့သည်။
တန်ထျန်လုံနှင့် တပည့်တွေ၏ ကြောင်အနေသည့်မျက်လုံးတွေအောက်မှာပဲ....
သူက ဂျန်ဖန်း ဂျန်ဖန်းဆီကိုလျှောက်လာပြီး မျက်လုံးလှန်ကြည့်လိုက်သည်။
"ကောင်လေး, မင်းက အဆင့်သတ်မှတ်ဖို့ လိုသေးလို့လား...."
"မင်းကို အဆင့်သတ်မှတ်ဖို့ ဘယ်သူက အရည်အချင်းရှိလို့လဲ..."