← Chapters

သူသိတဲ့မြင့်မြတ်အကြီးအကဲတွေ ဘယ်လောက်တောင်များတာလဲ

Vol. 14 Ch. 204

သူသိတဲ့မြင့်မြတ်အကြီးအကဲတွေ ဘယ်လောက်တောင်များတာလဲ

Vol. 14 Ch. 204

အခြားလူတွေကတော့ သိချင်မှသိမည်ဖြစ်သည်။

သို့ပေမယ့် ဟွမ်းကျန်ထျန်းကတော့ ဂျန်ဖန်းနားလည်နိုင်စွမ်းဘယ်လောက်ထူးခြားတယ်ဆိုတာ ကောင်းကောင်းသိ၏။

သူ မကြာသေးခင်က နားလည်ထားသည့် ဓားနှလုံးသားထွင့်ထုခြင်းက သေချာပေါက် မြေကမ္ဘာအဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။

ဂိုဏ်းထဲရှိဘယ်တပည့်ကများ ဤကဲ့သို့ ဓားပညာကို ခုခံနိုင်မည်နည်း။

သူတို့က ဂျန်ဖန်း၏ဓားတစ်ချက်ဖြင့် လွင့်ထွက်သွားကြမည်ပင်ဖြစ်သည်။

ဂျန်ဖန်း မချိပြုံးပြုံးပြီး ပြောလိုက်သည်။

"ကျွန်တော်က သာမန်တပည့်တစ်ယောက်ပါပဲ။ ဘယ်လိုလုပ်ပြီး တပည့်အဆင့်သတ်မှတ်ခြင်းကနေ ကင်းလွတ်ခွင့်ရမှာလဲ..."

သူသာ လျိုချင်းရှန် ဒါမှမဟုတ် ဝမ်ချန်းဂျန် တို့လို့ အခြေခံတည်ဆောက်ခြင်းအဆင့် ၈ အထက်က တပည့်တစ်ယောက်ဆိုလျှင်...

သဘာဝအတိုင်း အကဲဖြတ်ဖို့ မလိုအပ်ပေ။ တိုက်ရိုက်ပဲ ထူးချွန်တပည့်အဖြစ်ယူဆနိုင်တာပဲဖြစ်သည်။

သို့ပေမယ့် သူက ဟုတ်မနေခဲ့ပေ။

လက်ရှိမှာ သူက နယ်ပယ်တစ်ခုနိမ့်ကျနေသေး၏။

ဟွမ်ကျန်းထျန် သူ့နှုတ်ခမ်းတွေလှုပ်ရှားသွားပြီး ဂျန်ဖန်းကို အကဲဖြတ်မှုမှ ကင်းလွတ်ခွင့်ပေးချင်ခဲ့၏။

သို့ပေမယ့် အဆုံးမှာတော့ သူက မြင့်မြတ်အကြီးအကဲတစ်ယောက်ဖြစ်တာကိုတွေးမိလိုက်၏။

သူ့အတွက် ဂိုဏ်းအတွင်းရေးတွေကို အများကြီးဝင်စွက်ဖို့ မသင်လျော်ပေ။

ထို့ကြောင့် အကြံပေးလိုက်သည်။

"မင်းညာညာတာတာလုပ်တာပိုကောင်းမယ်...."

"အကဲဖြတ်တဲ့တပည့်တွေကို ဒဏ်ရာမရစေနဲ့အုန်း...."

ဂျန်ဖန်း ခါးသီးစွာပြုံးလိုက်သည်။

သူက ဟွမ်ကျန်ထျန်း လက်နောက်ပစ်ပြီး ရင်ပြင်မှ ထွက်ခွာသွားတာကို ကြည့်နေခဲ့သည်။

ထိုစဥ်, ဂျန်ဖန်းပတ်လည်၌ သေလောက်အောင် တိတ်ဆိတ်နေခဲ့သည်။

ရှုရို့ရန် မျက်လုံးတွေ ပြူးကျယ်နေ၏။

"ဖန်း, နင်...နင် အပူပင်မဲ့တောင်ထိပ်မြင့်မြတ်အကြီးအကဲနဲ့သိတာလား...."

ဂျန်ဖန်း ခေါင်းညိတ်လိုက်၏။

"ငါ သူနဲ့ တစ်ခါတွေ့ဖူးတယ်..."

သို့ပေမယ့် ချန်းစီလင်ကတော့ ခေါင်းခါယမ်းလိုက်ပြီး သူမမျက်လုံးတွေက ပျော်ရွင်မှုကြောင့် တောက်ပနေခဲ့သည်။

"သိရုံပဲ မဟုတ်ဘူးနဲ့တူတယ်...."

"သူ့ကြည့်ရတာ နင့်ကို အတော်လေး ဖော်ရွေနေတယ်...."

ဂျန်ဖန်း သူ့နှာခေါင်းကိုပွတ်ပြီး ရေရွတ်လိုက်၏။

"ငါတို့က တကယ် မရင်းနှီးပါဘူး...."

"တစ်ခါလေးတွေ့ဖူးပြီး စကားအနည်းငယ်ပဲ ပြောဖူးတာပါ..."

စကားအနည်းငယ်ပဲပြောဖူးသည်?

ပတ်ဝန်းကျင်ရှိ တပည့်တွေ၏မျက်လုံးတွေ နီရဲကုန်၏။

"အဲ့အဓိပ္ပာယ်မရှိတဲ့ဟာကို ငါတို့ယုံမယ်လို့ မင်းထင်နေတာလား...."

"စကားလေး အနည်းငယ်ပြောဖူးရုံနဲ့ မြင့်မြတ်အကြီးအကဲက မင်းနဲ့စကားပြောဖို့ အထူးတလည်ဆင်းလာပါ့မလား...."

"ပြီးတော့, မြင့်မြတ်အကြီးအကဲဆိုတာ မင်း သာမန်ကာဆန်ကာ စကားပြောနိုင်တဲ့လူမလို့လား...."

....

တန်ထျန်လုံ ဂျန်ဖန်းကို မှိန်မောတွေဝေစွာစိုက်ကြည့်နေခဲ့သည်။

ဂျန်ဖန်း မြင့်မြတ်အကြီးအကဲတစ်ယောက်နှင့် သိကျွမ်းနေမည်ဟု မျှော်လင့်မထားပေ။

သူက အတော်လေးကို မနာလိုဖြစ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် သူတောင်မှ ပြန်လည်မွေးဖွားခြင်းတောင်ထိပ် မြင့်မြတ်အကြီးအကဲ၏ သဘောကျမှုကို မရရှိဖူးပေ။

သို့ပေမယ့် ဂျန်ဖန်းက အပူပင်မဲ့တောင်ထိပ်မြင့်မြတ်အကြီးအကဲနှင့် မိတ်ဆွေဖွဲ့နိုင်ခဲ့၏။

"ဒီကောင် အရမ်းမောက်မာနေတာ မအံ့သြတော့ပါဘူး။ သူ့မှာ တကယ် နောက်ခံအချို့ရှိတာပဲ..."

"စိတ်မကောင်းစရာပဲ။ ဒီတစ်ချိန် မြင့်မြတ်အကြီးအကဲတစ်ယောက်ထက်ပိုပြီး ရှိနေလိမ့်မယ်...."

"မြင့်မြတ်အကြီးအကဲဟွမ်း မင်းအတွက်ပြောပေးချင်ရင်တောင် အခြားမြင့်မြတ်အကြီးအကဲတွေ သဘောတူလားကြည့်ရအုန်းမှာ..."

ထိုအချိန်မှာပဲ....

အဝေးရှိတပည့်တွေ နောက်ထပ် အာမေဋိတ်သံပြုလုပ်လိုက်၏။

သူတို့က ဖရိုဖရဲမသပ်မရပ်ဖြစ်နေသည့် လူအိုကြီးတစ်ယောက်ကို မြင်လိုက်၏။ ထိုလူအိုကြီးက စုတ်ပြဲနေသည့်အဝတ်အစားတွေကို ဝတ်ဆင်ထားပြီး သံချေတက်နေသည့်ဓားကိုစီးကာ မြေပြင်နဲ့အနီးကပ် ပျံသန်းနေခဲ့သည်။

သူသာ အနည်းငယ်ပိုမြင့်မြင့်ပျံသန်းလိုက်လျှင် ဒဏ္ဍာရီလာဓားပျံနှင့် မှားလုနီးပါးပင်။

"ဒါက ကောင်းကင်ဓားတောင်ထိပ်ရဲ့ မြင့်မြတ်အကြီးအကဲရှီခိုင်ထျန်းပဲ..."

"သူက အပြင်ထွက်လေ့ကျင်နေတာ ဆယ်စုနှစ်ကျော်သွားပြီမလား...."

"ဘယ်အချိန်တုန်းက ပြန်ရောက်လာတာလဲ...."

တန်ထျန်လုံ အေးစက်စက်ရယ်လိုက်၏။

"ဒါကိုမြင်လား, ဂျန်ဖန်း..."

"မြင့်မြတ်အကြီးအကဲတစ်ယောက်ပဲ တက်ရောက်မှာ မဟုတ်ပါဘူးလို့...."

"ပြီးတော့ ဒီမြင့်မြတ်အကြီးအကဲရှီခိုင်ထျန်းက သေစ္စာမရှိတာနဲ့ လှည့်ဖျားမှုတွေကို အထင်သေးဆုံးပဲ...."

"မြင့်မြတ်အကြီးအကဲဟွမ်း မင်းအတွက်ပြောပေးရဲရင် သူက ရှီခိုင်ထျန်းရဲ့ ဒေါသကို ထည့်စဥ်းစားရလိမ့်မယ်။ ပြီးတော့ ဒီနှစ်တွေမှာ ဘယ်လောက်တောင်ပိုဆိုးလာလဲဆိုတာ ကြည့်ရမှာပေါ့..."

သို့ပေမယ့်....

နောက်တစ်ခဏ၌...

တန်ထျန်လုံ ကြောင်အသွား၏။

ရှီခိုင်ထျန်း ဓားပျံစီးပြီး တပည့်တွေကို မမြင်သလိုပဲ ဖြတ်ကျော်သွားခဲ့သည်။

ရုတ်တရက် သူ့မျက်လုံးထောင့်ကနေ ဂျန်ဖန်းကို မြင်လိုက်၏။

သူ့ပါးစပ်တွန့်လိမ်သွားပြီး ရပ်ကာ စကားပြောလိုက်သည်။

"ကောင်လေး, မင်းဒီမှာ ဘာလုပ်နေတာလဲ..."

ဂျန်ဖန်း ဆွံ့အသွား၏။

ထိုမြင့်မြတ်အကြီးအကဲတွေ အလုပ်မရှိကျဘူးလား....

ဘာကြောင့် အားလုံးက သူတို့၏ထင်မြင်ချက်တွေကို လာပြောနေရသနည်း။

သူက လေးလေးစားစား ပြန်ပြောလိုက်သည်။

"ကျွန်တော် တပည့်အဆင့်သတ်မှတ်ခြင်းမှာ ပါဝင်ဖို့ ဒီမှာရှိနေတာပါ...."

ဟမ်?...

ရှီခိုင်ထျန်း မျက်လုံးတွေ ပြူးကျယ်သွား၏။

သူက ဂျန်ဖန်း ကောင်းကင်ဓားတောင်ထိပ်၌ နဲ့ကလန် မောင်နှမနှစ်ယောက်အား အနိုင်ယူခဲ့တာကို မျက်မြင်တွေ့ခဲ့၏။

တစ်ယောက်က အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ဖြစ်ပြီး၊ နောက်တစ်ယောက်က အဆင့် ၇ ဖြစ်၏။

နှစ်ယောက်လုံး၏ ဂိုဏ်း၏ထူးချွန်အဆင့်ဝင် တပည့်တွေပဲဖြစ်သည်။

ဂျန်ဖန်း သူတို့ကိုအလွယ်တကူအနိုင်ယူနိုင်မှတော့ သူ့အကဲဖြတ်ရလဒ်က ထုတ်ဖော်ဖို့ လိုသေးသည်လား....

"မင်းဆရာ ဒီလောက်တောင်အားနေလား...."

"မင်းခွန်အားနဲ့ သူက တပည့်အဆင့်သတ်မှတ်ခြင်းထဲ ပါဝင်ခိုင်းလိုက်သေးတယ်...."

ဂျန်ဖန်း ထိုအရာကို ပြန်မပြာနိုင်ပေ။

မြင့်မြတ်အကြီးအကဲတစ်ယောက်က လျိုဝူချန်းကို ဝေဖန်နိုင်၏။ သို့ပေမယ့် ဘယ်တပည့်ကလုပ်ရဲမည်နည်း။

ရှီခိုင်ထျန်း မျက်လုံးလှန်လိုက်ပြီး ပြောလိုက်သည်။

"လျော့ပေါ့ပြီးလုပ်...."

"ဒီတစ်ချိန်အကဲဖြတ်တဲ့ တပည့်က အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ပဲရှိတာ။ သူ့ကို ဒဏ်ရာအပြင်းအထန် ရမသွားစေနဲ့အုန်း..."

ဂျန်ဖန်း ရှီခိုင်ထျန်းထွက်သွားတာကို ဆွံ့အစွာဖြင့် ကြည့်နေခဲ့သည်။

ပတ်ပတ်လည်ရှိတပည့်တွေ ယခုချိန်၌ သူကို အလွန်ထူးဆန်းစွာကြည့်နေခဲ့၏။

အရင်က သူဟာ စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်တစ်ယောက်၊ ကံကောင်းပြီး လျိုဝူချန်းတပည့်ဖြစ်လာတာဟု လူတိုင်းထင်ခဲ့ကြ၏။

သို့ပေမယ့် ယခုချိန်၌ တစ်ယောက်မှ ထိုအရာကို နောက်ထပ် မတွေးရဲတော့ပေ။

မြင့်မြတ်အကြီးအကဲနှစ်ယောက်က သူနှင့် အတော်လေးရင်းနှီး၏။

ဤကဲ့သို့အဆက်အသွယ်ကို ဘယ်သူက လျော့တွက်ရဲမည်နည်း။

တန်ထျန်လုံတောင် ကြောင်အသွား၏။ သူက မြင့်မြတ်အကဲတစ်ယောက်နှင့်တောင် မရင်းနှီးပေ။

သို့ပေမယ့် ဂျန်ဖန်းက တစ်ချိန်တည်းမှာပဲ နှစ်ယောက်နှင့် ဆက်ဆံရေးကောင်းနေခဲ့သည်။

ပိုတွေးလေလေ ခံပြင်းလေလေဖြစ်လာပြီး ပြောလိုက်သည်။

"မင်း မြင့်မြတ်အကြီးအကဲနှစ်ယောက်နဲ့သိတော့ကော ဘာဖြစ်လဲ။ ဒီတစ်ကြိမ်မှာ မြင့်မြတ်အကြီးအကဲအများကြီးရှိနေမှာ...."

"မင်းက ဖြတ်ကျော်ဖို့ သူတို့ကို အားကိုးမယ်ဆိုရင်တော့ အခြားမြင့်မြတ်အကြီးအကဲတွေသဘောတူလားဆိုတာ မေးရလိမ့်မယ်...."

ထိုအခိုက်အတန့်၌....

နောက်ထပ် အာမေဋိတ်သံတွေ တပည့်ဆီမှထွက်ပေါ်လာပြီး မြင့်မြတ်အကြီးအကဲနောက်တစ်ယောက် ရောက်လာခဲ့သည်။

ထိုအရာက တိမ်မြူခိုးတောင်ထိပ်မှ ကျန်းချိုရှန်ပင်။

တပည့်အုပ်စုကို ဖြတ်သွားသည့်အခါ ဂျန်ဖန်းကို အဝေးမှမြင်လိုက်ပြီး ထူးဆန်းသည့်အမူအရာပြသလာ၏။

သူက ရေရွတ်လိုက်သည်။

"ကောင်စုတ်လေး, ဒီမှာဘာလုပ်နေတာလဲ..."

"လုပ်စရာဘာမှမရှိဘူးလား...."

ဂျန်ဖန်း ဒေါသထွက်သွားပြီး ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲ, ကျွန်တော့်အရည်အချင်းက မပြည့်ဝပါဘူး။ ဒါကြောင့် အကဲဖြတ်မှုမှာ ပါဝင်ရမယ်...."

ကျန်းချိုရှန် မျက်လုံးလှန်ပြီး နှာမှုတ်လိုက်၏။

"မင်းက..., အရည်အချင်းမပြည့်မှီဘူး...."

"မင်း တော်တော်လေကြီးတဲ့ကောင်ပဲ...."

ထို့နောက် ထွက်ခွာသွားခဲ့သည်။

အခြားလူတွေ ကြောင်အစွာဖြင့် တိတ်ဆိတ်ပြီး ကျန်ခဲ့၏။

ကြည့်ရတာ မြင့်မြတ်အကြီးအကဲအားလုံးက ဂျန်ဖန်းကို သိနေသလိုပင်။

ထို့ပြင် အားလုံးက ဂျန်ဖန်း၏အရည်အချင်းကို အတော်လေး အထင်ကြီးကြ၏။

ထိုအကြီးအကဲတွေဆီမှ သဘောကျမှုရအောင် သူ ဘယ်လိုများ လုပ်နိုင်ခဲ့သနည်း။

တန်ထျန်လုံ မနာလိုမှုကြောင့် မီးတောက်လုနီးပါးပင်။

ဘာကြောင့်လဲ?...

သူက အလွန်အလုပ်ကြိုးစားပေမယ့် မြင့်မြတ်အကြီးအကဲတစ်ယောက်မှ တစ်ချက်တောင်မကြည့်ပေ။

သို့ပေမယ့် စိတ်ဝိညာဥ်အမြစ်မရှိသည့် အမှိုက်ကောင်ဂျန်ဖန်းက သူတို့၏ သဘောကျမှုကို ရနေခဲ့သည်။

သူက အံ့ကြိတ်ပြီး အော်ပြောလိုက်၏။

"မင်းဘာတွေဝမ်းသာနေတာလဲ။ ဒီတစ်ချိန် မြင့်မြတ်အကြီးအကဲတွေအများ..."

တပည့်တစ်ယောက် အလျှင်အမြန်ပဲ သူ့ကို ကြားဖြတ်ပြောလိုက်၏။

"စီနီယာအကိုတန်, နောက်ထပ်မပြောပါနဲ့တော့...."

"အကိုသာထပ်ပြောရင် နောက်ထပ်အကြီးအကဲတွေ ရောက်လာလိမ့်မယ်...."

တန်ထျန်လုံ တွန့်ဆုတ်စွာဖြင့် သူ့ပါးစပ်ကို ပိတ်လိုက်သည်။

သူက ဂျန်ဖန်းကို မုန်းတီးစွာကြည့်လိုက်ပြီး တိတ်တဆိတ်ကျိန်ဆိုလိုက်၏။

ဂျန်ဖန်း သူအကဲဖြတ်မှုကို ဖြတ်ကျော်ချင်လျှင်....

အိမ်မက်မက်နေမှပဲရမည်ဆိုတာပင်။

"ဟူး..."

ဂျန်ဖန်း အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။

"ငါက တပည့်အဆင့်သတ်မှတ်ခြင်းကို တိတ်တဆိတ်ပြီးသွားစေချင်ခဲ့တာ...."

"အားလုံးက တစ်ယောက်ပြီးတစ်ယောက် ငါ့ကို ဒုက္ခလာပေးနေကြတယ်...."

ရှုရို့ရန် သူ့ကို မျက်လုံးလှန်ကြည့်လိုက်သည်။

"အကျိုးကျေးဇူးရပြီးမှ နစ်နာသူလို ဟန်ဆောင်နေတယ်...."

"နင် မြင့်မြတ်အကြီးအကဲသုံးယောက်နဲ့သိကျွမ်းလို့ သူတို့တွေ အရမ်းမနာလိုဖြစ်နေတယ်ဆိုတာသိလား...."

ချန်းစီလင် ပျော်ရွင်စွာဖြင့် ဂျန်ဖန်းလက်မောင်းကို ပွေ့ဖက်လိုက်ပြီး နွေးထွေးစွာပြုံးလိုက်သည်။

"ငါ့ယောက်ျားက ဒီလောက်တောင်အထင်ကြီးစရာကောင်းတာပဲ, ဟီ...ဟီ...."

သူမကစိတ်ထဲမှာတွေးလိုက်၏။

ကံကောင်းစွာဖြင့် ဂျန်ဖန်းက ကြယ်သုံးလုံးဝိညာဥ်သခင်ဆိုတာ မြင့်မြင်အကြီးအကဲတွေ မသိကြပေ။

မဟုတ်လျှင် ပိုများသည့်မြင့်မြတ်အကြီးအကဲတွေ သူ့ကို သဘောကျလာကြမည်ပင်။

ထိုစဥ်....

လျိုဝူချန်း ကြိုးကြာတစ်ကောင်စီးပြီး ရောက်လာခဲ့သည်။

သူ့နောက်၌ ဝမ်ချန်ဂျန်နှင့် ဂိုဏ်းသခင်တောင်ထိပ် တပည့်အုပ်စုပါလာခဲ့သည်။

ဝမ်ချန်းဂျန် အဝေးမှ ဂျန်ဖန်းကို မြင်သည့်အခါ မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

"မင်း ဘာလို့ တစ်ယောက်တည်း လျှောက်သွားနေတာလဲ...."

"ဆွေးနွေးဖို့ မြန်မြန်လာခဲ့...."

ချန်းစီလင် မျက်ခုံးတွေ တွန့်ခေါက်သွား၏။

သူမက ပြောလိုက်သည်။

"ယောက်ျား, ဒီကောင်က တော်တော် စိတ်ပျက်စရာကောင်းတာပဲ...."

"ပြီးကျရင် ကောင်းကောင်းလုပ်ဆောင်ပြလိုက်။ သူ ယောက်ျားကို နောက်ထပ် အထင်မသေးစေနဲ့...."

ဂျန်ဖန်း အနည်းငယ် ခေါင်းညိတ်လိုက်၏။

ဝမ်ချန်းဂျန်က စီနီယာအကိုကြီးဆိုသည့် အဆင့်အတန်းပေါ်မှီခိုပြီး သူ့ကို တောက်လျှောက်ပစ်မှတ်ထားနေခဲ့၏။

အရင်က သူ ကိစ္စအများကြီးကို လျစ်လျူရှုထားခဲ့၏။

ထိုအရာတွေက အသေးအဖွဲ့လေးတွေပင်။

သို့ပေမယ့် နောက်ဆုံတစ်ကြိမ် ဂိုဏ်းသခင်တောင်ထိပ်မြင့်မြတ်အကြီးအကဲကိစ္စတုန်းက...

ဝမ်ချန်းဂျန် သူ့ကို ရည်ရွယ်ချက်ရှိရှိ ကြံစည်ခဲ့ပြီး ဂိုဏ်းမှ ထုတ်ခံရလုနီးပါပင်။

ထိုကိစ္စက လွယ်လွယ်နဲ့ ပြီးမသွားနိုင်ပေ။

All Chapters