လျိုဝူချန်း၏ပြောင်းလဲမှု
Vol. 14 Ch. 205
ဂျန်ဖန်း အမျိုသမီးနှစ်ယောက်၏ ပခုံးကိုပုတ်လိုက်သည်။
"မင်းတို့လည်း ပြင်ဆင်ရီကြတော့...."
"အဆင့်ကောင်းရအောင်ကြိးစား။ ပြီးတော့ သားရဲလှိုင်းခုခံဖို့ အရည်အချင်းပြည့်မှီအောင်လုပ်ကြ...."
ရှုရို့ရန် ခေါင်းညိတ်ပြီးပြောလိုက်သည်။
"ယောက်ျား, နင် ငါ့တို့ကို စိုးရိမ်ဖို့ မလိုပါဘူး...."
"အခု, စီလင်နဲ့ငါ က မြင့်မြတ်အကြီးအကဲညွှန်ကြားမှုအောက်မှာ လေ့ကျင့်နေတာလေ။ ငါတို့ကို သူ့တပည့်တစ်ဝက်တွေလို့ပြောလို့ရတယ်...."
"သူ့မျက်စိရှေ့မှာ တန်ထျန်လုံပြဿနာရှာရဲမှာ မဟုတ်ပါဘူး...."
ထိုအရာကို ကြားသည့်အခါ ဂျန်ဖန်း စိတ်သက်သာယာရသွား၏။
သူက ပြန်လည်ရှင်သန်ခြင်းဆေးပုလင်းနှစ်ပုလင်းကို ထုတ်ယူပြီး အမျိုးနှစ်ယောက်ကို တစ်ယောက်တစ်ပုလင်း ပေးလိုက်၏။
"သေသေချာချာသိမ်းထား။ ဘယ်သူမှ မမြင်စေနဲ့...."
ချန်းစီလင် သိချင်စွာဖြင့် ဖွင့်ကြည့်လိုက်သည့်အခါ အထဲ၌ အစိမ်းရောင်တောက်ပနေသည့် ဆေးလုံးတွေကို မြင်လိုက်ရသည်။
သူမ ချက်ချင်းပဲ ထိုအရာတွေကို မှတ်မိသွားပြီး အော်ပြောလိုက်သည်။
"ဒီဆေးလုံးတွေက လွန်ခဲ့တဲ့ရက်အနည်းငယ် လေလံပွဲမှာ တစ်လုံးကို သလင်းကျောက်နှစ်သိန်း....အွမ်း....အွမ်း...."
ဂျန်ဖန်း အလျှင်အမြန်ပဲ သူမပါးစပ်ကိုပိတ်လိုက်၏။ ထို့နောက် သူမခေါင်းလေးကို ခပ်ဖွဖွခေါက်လိုက်၏။
"မင်းမှာပြန်လည်ရှင်သန်ခြင်းဆေးလုံးရှိတာ တစ်လောကလုံးကို သိစေချင်နေတာလား...."
ချန်းစီလင် သူမ၏နာကျင်နေသည့်ခေါင်းလေးကို ပွတ်သပ်လိုက်၏။
ထိုအခါမှသာ ဂျန်ဖန်း သေသေချာချာသိမ်းထားဖို့ ပြောတာကို သူမနားလည်သွား၏။
ဤအရာတွေက ပြန်လည်ရှင်သန်ခြင်းဆေးလုံး ၁၀ လုံးဖြစ်ပြီး သလင်းကျောက်နှစ်သန်းတန်၏။
လူတွေသာသိသွားလျှင် သူတို့ဆီ ပြဿနာတွေ သေချာပေါက်ရောက်လာမည်ပင်။
သူမက ပျော်ရွင်စွာပဲ ဆေးပုလင်းကို အင်္ကျီထဲထည့်ပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်, ယောက်ျား...."
ရှုရို့ရန်လည်း တောက်ပစွာပြုံးလိုက်သည်။
"ယောက်ျားက ငါ့တို့အပေါ် အတော်ကြင်နာတာပဲ..."
လှပသည့်မျက်နှာလေးနှစ်ခုက မက်မွန်ပွင့်တွေကဲ့သို့ တောက်ပနေပြီး ဂျန်ဖန်းကို နောက်တစ်ကြိမ်ကြည့်သွားစေ၏။
ဝမ်ချန်ဂျန်၏စိတ်မရှည်စွာ တိုက်တွန်းမှုကို ကြားသည့်အခါ သူက တွန့်ဆုတ်စွာပဲ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်.... ထားလိုက်တော့။ ဂရုစိုက်ကြပါ...."
ဂျန်ဖန်း တွေဝေစွာထွက်ခွာသွားတာကိုကြည့်ပြီ....
ရှုရို့ရန် ပြုံးလိုက်၏။
"အခုလေးတင် သူငါတို့ကိုကြည့်သွားတဲ့အကြည့်ကို မြင်လိုက်လား...."
ချန်းစီလင် အနည်းငယ် မျက်နှာနီရဲသွားပြီး ပြောလိုက်သည်။
"ကြည့်တာ ဘာအသုံးဝင်လို့လဲ။ သူသာသတ္တိရှိရင် ဘာလို့ လူတိုင်းရှေ့မှာ ငါ့တို့ကို နမ်းမသွားရတာလဲ....သရဲဘောကြောင်လိုက်တာ...."
ဂျန်ဖန်း ဂိုဏ်းသခင်တောင်ထိပ် တပည့်တွေ စုဝေးသည့်နေရာကို ရောက်ရှိလာခဲ့သည်။
ဝမ်ချန်းဂျန် ရှေ့ထွက်လာပြီး သူ့ကို ဆူပူကျိန်းမောင်းလိုက်၏။
"တပည့်အဆင့်သတ်မှတ်ခြင်းက ဂိုဏ်းသခင်တောင်ထိပ်ရဲ့ဂုဏ်သတင်းကို သက်ရောက်မှုရှိတယ်ကွ...."
"မင်းကိုယ်မင်း အရမ်းယုံကြည်မှုတွေ ရှိနေတယ်ပေါ့...."
"ကောင်းကောင်းပြင်ဆင်ထားရမဲ့အစား ကောင်းကင်ဓားတောင်ထိပ်က တပည့်မနှစ်ယောက်နဲ့ ပရောပရည်လုပ်နေတယ်...."
"သူတို့မှာ သူတို့ကို ကာကွယ်ပေးမဲ့ အကြီးအကဲရှီခိုင်ထျန်းရှိတယ်။ မင်းကကော... မင်းကိုကော ဘယ်သူကာကွယ်ပေးမှာလဲ...."
ဂျန်ဖန်း မျက်နှာမဲ့လိုက်၏။
"မင်းပြောပုံက မင်းကပဲ တပည့်အဆင့်သတ်မှတ်ခြင်းမှာ ပါသလိုလိုနဲ့...."
"ရှင်ဘုရင်က မစိုးရိမ်ရဘူး။ မိန်းမစိုးက လာစိုးရိမ်နေတယ်...."
ဝမ်ချန်းဂျန် ဒေါသတကြီး ရယ်လိုက်၏။
ထိုကောင်က တကယ်ပဲ သူ့ကို ပြန်ပြောရဲ၏။
သူက ဂိုဏ်းသခင်တောင်ထိပ်၏ စီနီယာအကိုကြီးဖြစ်၏။
"ဆရာ, ဂျန်ဖန်းကိုကြည့်ပါအုန်း.... ဒါက လက်ခံနိုင်စရာရှိရဲ့လား...."
"သူက ကျွန်တော်ပြောတဲ့စကားတွေ တစ်ခွန်းမှ နားမထောင်ဘူး...."
သူက လျိုဝူချန်းဘက်လှည့်ပြီး တိုင်လိုက်၏။
လျိုဝူချန်း ပုံမှန်အတိုင်း ဂျန်ဖန်းကို အပြင်းအထန်ဆူပူဖို့ မျှော်လင့်နေခဲ့၏။
မမျှော်လင့်စွာပဲ လျိုဝူချန်း သူ့ကို ပြန်ဝေဖန်းလိုက်၏။
"ချန်းဂျန်, မင်းဘာလို့ ဒီလောက်စိတ်တိုနေတာလဲ...."
"ဂျန်ဖန်း စိုးရိမ်မှုအချို့ ဖြေလျော့ဖို့ သူမိန်းမနှစ်ယောက်နဲ့ စကားပြောနေရုံပါ။ ဒါက ဘာမှရေးကြီးခွင်ကျယ်လုပ်စရာကိစ္စမဟုတ်ပါဘူး....."
ပြောပြီးနောက်, သူက ဂျန်ဖန်းကို အပြုံးတစ်ခုနှင့် လက်ဝှေ့ယမ်းပြလိုက်၏။
"ဒီကိုလာခဲ့...."
ဂျန်ဖန်း လျှောက်လာပြီး လေးလေးစားစား နှုတ်ဆက်လိုက်၏။
"ဆရာ, ဘာညွှန်ကြားစရာရှိလို့လဲ..."
လျိုဝူချန်း သူ့လက်မောင်းကို ဂျန်ဖန်းပခုံးပေါ်တင်လိုက်ပြီး မကျေမနပ်ပြောလိုက်သည်။
"မင်းက အမြဲတမ်းငါ့ရှေ့မှာ ထိန်းချုပ်ထားတာပဲ။ ဘာလဲ ,ငါက မင်းကို ကိုက်စားမှာစိုးလို့လား...."
ထိုအချိန်မှာ ဂျန်ဖန်း လျိုဝူချန်းကို ရိုက်ချင်သွား၏။
အရင်က သူ သူ့ကို ဘယ်လိုဆက်ဆံခဲ့လဲဆိုတာ မေ့သွားပြီလား....
သူ့ကို မြင်ရုံနဲ့ စိတ်အနှောက်အယှက်ဖြစ်နေပြီး ဘယ်လိုလုပ် မနာခံလို့ရမည်နည်း။
နောက်ဆုံးအကြိမ် ဂျန်ဖန်းက တိုင်ပုပိုင်ငွေညစ်သည့်ကိစ္စကို ဖြေရှင်းပေးပြီး အတော်အကျိုးဆောင်ခဲ့၏။
သူ့အပေါ်ထားသည့် လျိုဝူချန်းအထင်အမြင်လည်း သိသိသာသာတိုးလာပြီး လက်ရှိပြောင်းလဲမှုကို ဦးတည်သွားတာပဲဖြစ်သည်.
"ဒါက မင်းအတွက်, ယူလိုက်...."
လျိုဝူချန်း သူ့အင်္ကျီအိတ်ထဲမှ ကျောက်စိမ်းအဆာင်စာရွက်တစ်ရွက်ထုတ်ယူလိုက်၏။
ထိုအရာက သန္ဓေသားကျောက်စိမ်းတံဆိပ်ပြားနှင့်အတော်လေးတူ၏။ ကျောက်စိမ်းဖြင့်ပြုလုပ်ထားပြီး ရှုပ်ထွေးသည့်အက္ခရာတွေ ထွင်းထုထား၏။
သို့ပေမယ့် စွမ်းအားကတော့ သဘာဝအတိုင်း မယှဥ်နိုင်ပေ။
တွက်ချက်ကြည့်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ တိိုက်ခိုက်မှုလောက်သာရှိ၏။'
"နောက်ပြီးကျလို့ တန်ထျန်လုံမင်းကိုရိုက်လို့ရှိရင် ထိန်းမထားနဲ့။ ဒါကို တိုက်ရိုက်သုံးလိုက်...."
လျိုဝူချန်း တီးတိုးပြောလိုက်သည်။
ဝမ်ချန်ဂျန် မယုံနိုင်ဖြစ်နေ၏။
ဤတစ်ချိန်၌ လျိုဝူချန်းက ဂျန်ဖန်းကို မဆူပူရုံတင်မက ဂျန်ဖန်း အခက်အခဲကျော်လွားနိုင်ဖို့ တိုက်ခိုက်ရေးအဆောင်ပါ ပေးနေခဲ့သည်။
သူသဘောအကျဆုံးတပည့်ဖြစ်သည့် ခန္ဓာသန့်စင်ခြင်းနှင့် ကျင့်ကြံရေး နှစ်မွာကျင့်ကြံသူ တောက်ကျန်းဂျွန်တောင် ဤကဲ့သို့ ဆက်ဆံမခံရပေ။
အခြားတပည့်တွေလည်း မနာလိုဖြစ်လာကြ၏။
ဂိုဏ်းသခင်တောင်ထိပ်နှင့် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်၏ ဆက်ဆံရေး၊ တပည့်အဆင့်သတ်မှတ်ခြင်းက သားရဲလှိုင်းခုခံဖို့နှင့် ဆက်စပ်နေခြင်း၊ တပည့်တွေ၏အလုံးစုံခွန်အားကို တိုးတက်မှုနှင့် သက်ဆိုင်နေခြင်း, စတာတွေကြောင့်...
အကဲဖြတ်သူတစ်ယောက်အနေဖြင့် တန်ထျန်းလုံက ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေခက်ခဲအောင် သေချာပေါက် အရာအားလုံးလုပ်မည်ပဲဖြစ်သည်။
ထို့ကြောင့် အဆင့်ကောင်းရနိုင်သည့်လူတွေက လက်ခံနိုင်ရုံအဆင့်သာရနိုင်ပြီး လက်ခံနိုင်ရုံအဆင့်တွေကတော့ ကျရှုံးသွားနိုင်၏။
သူတို့ကြား၌ ဂျန်ဖန်းက ဖြတ်ကျော်နိုင်ဖို့ မျှော်လင့်ချက်မရှိဆုံးသူပင်။
သူ့၌ စိတ်ဝိညာဥ်အမြစ်မရှိပြီး ခွန်အားက အားနည်း၏။ ထို့ပြင် တန်ထျန်လုံကိုလည်း အပြစ်လုပ်ထားသေး၏။
သူက ကျရှုံးဖို့ တစ်ရာရာခိုင်နှုန်းနီးပါပင်။
မမျှော်လင့်စွာနှင့် ဂိုဏ်းချုပ်က သူ့ကို အထူးအာရုံစိုက်ထားပြီး ဤကဲ့သို့ တန်ဖိုးကြီး ကျောက်စိမ်းအဆောင်တစ်ခု ပေးခဲ့သည်။
ထိုအရာက အားလုံးကို စိတ်ရှုပ်သွားစေခဲ့သည်။
အဘယ်ကြောင့်ဆိုသော် တိုင်ပုပိုင်နှင့် သူ၏ငွေညစ်သည့်ကိစ္စက တိမ်စိမ်းဂိုဏ်းဂုဏ်သတင်းကို ထိခိုက်စေတာကြောင့် လျို့ဝှက်ချက်အဖြစ်ထိန်းထားခဲ့သည်။
ထို့ကြောင့် ခုချိန်ထိ တစ်ယောက်မှ ထိုကိစ္စကို မသိကြသေးပေ။
ထိုကိစ္စကို ဖြေရှင်းပေသည့်လူက ဂျန်ဖန်းဆိုတာလည်း မသိကြသေးပေ။
ဂျန်ဖန်းလည်း အလွန်အံ့အားသင့်နေ၏။
လျိုဝူချန်း သူ့အပေါ် ရုတ်တရက်ကြီး အရမ်းကောင်းလာတာအား နေသားမကျသေးပေ။
သူက ဂရုတစိုက် ကျောက်စိမ်းအဆောင်ကိုသိမ်းပြီး ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်, ဆရာ...."
လျိုဝူချန်း သူ့ပခုံးကိုပုတ်လိုက်၏။ ထို့နောက် တပည့်တွေကို နေရာတစ်ခုမှာ စုဝေးလိုက်ပြီး စည်းမျဥ်းတွေနှင့် ကြိုတင်ကာကွယ်မှုတွေအကြောင်း ရှင်းပြလိုက်၏။
မသိလိုက်ခင်မှာပဲ...
တပည့်အဆင့်သတ်မှတ်ခြင်း ကျင်းပချိန်က တရားဝင်ရောက်ရှိလာပြီပဲဖြစ်သည်။
ပုံမှန်ဆို ထွက်ပေါ်လာခဲသည့် များစွာသောမြင့်မြတ်အကြီးအကဲတွေ ထွက်ပေါ်လာကြ၏။
အကဲဖြတ်မှုမှာပါဝင်မည့် တပည့်တွေ တောင်ထိပ်အလိုက်အဖွဲ့လိုက်စုဝေးလိုက်ကြသည်။
အကဲဖြတ်သူဖြစ်သည့် တန်ထျန်လုံ ရင်ပြင်အလယ်မှာ မတ်တပ်ရပ်နေခဲ့သည်။
သူက ပါဝင်ယှဥ်ပြိုင်မည့်တပည့်တွေကို ကျပန်းမဲနှိုက်ပြီး အော်ခေါ်နေခဲ့သည်။
သူ၏သုံးကွက်ကို ခုခံနိုင်သည့်တပည့်တွေအား အရည်အချင်းပြည့်မှီသည်ဟု ယူဆနိုင်၏။
၁၀ ကွက်ခုခံနိုင်သည့်လူက အဆင့်ကောင်းဟု ယူဆနိုင်၏။
အကွက်တစ်ရာ ခုခံနိုင်သည့်လူကတော့ ထူးချွန်သူတွေပဲဖြစ်သည်။
ထို့ကြောင် အပြည့်အဝမသန်မာသည့်တပည့်တွေက စမ်းသပ်မှုကိုကျော်ဖြတ်ဖို့ ကုခံရေးကိုပဲ အာရုံစိုက်ကြ၏။
သုံးကွက်တောင့်ခံနိုင်လျှင် အရည်အချင်းပြည့်မှီပြီပဲဖြစ်သည်။
သို့ပေမယ့် တန်ထျန်လုံ၏ ခွန်အားနှင့်
သုံးကွက်က အားလည်းကောင်းနိုင်သလို အားလည်းပျော့နိုင်၏။
သူသာ တစ်ယောက်ယောက်ကို မအောင်မြင်စေချင်လျှင် အခြေခံတည်ဆောက်ခြင်းအဆင့် ၆ တောင် သူ့ဆီမှ သုံးကွက်ခုခံဖို့ ရုန်းကန်ရမည်ပင်။
"စတော့...."
လျိုဝူချန်း စမ်းသပ်မှုစတင်ကြောင်း ကြေညာလိုက်၏။
ထို့နောက် မြင့်မြတ်အကြီအကဲ ကျွမ်းယွမ်ယင်နားရှိ သူ့ထိုင်ခုံမှာ ထိုင်လိုက်သည်။
သူရောက်ပြီးပြီးချင်းပဲ
ရှီခိုင်ထျန်း အနီးနားမှာထိုင်လိုက်ပြီး လျိုဝူချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"မင်းက ရက်စက်သားပဲ..."
ဂျန်ဖန်းကို ကောင်းကင်ဓားတောင်ထိပ်က ပိုင်ဆိုင်သင့်၏။
ထိုအစား လျိုဝူချန်းက လမ်းခုလတ်မှာ ဖြတ်လုသွားခဲ့သည်။
ဤရက်တွေအတွင်း၌ သူက ထိုအကြောင်းတွေးတိုင်း ဒေါသပိုပိုထွက်လာခဲ့သည်။
ပိုပြီး ဝမ်နည်းလာခဲ့သည်။
အာ...
လျိုဝူချန်း ဘာပြောရမှန်းမသိဖြစ်သွား၏။
ကျွမ်းယွမ်ယင်လည်း ရေရွတ်လိုက်၏။
"ဝူချန်း, မင်း သူ့ကို ဘယ်လိုရန်စမိတာလဲ။ အခုလိုကြီးစိုက်ကြည့်နေတယ်...."
လျိုဝူချန်း စိတ်ရှုပ်သွား၏။
"ဆရာ, ကျွန်တော် မြင့်မြတ်အကြီးအကဲ ရှီခိုင်ထျန်းကို ရန်မစရဲပါဘူး။ သူ့ဒေါသကို ဆရာလည်းသိရဲ့သားနဲ့...."
"တတ်နိုင်သမျှသူ့ကို ရှောင်နေတာ။ ဘာကိစ္စရန်စရမှာလဲ..."
ကျွမ်းယွမ်ယင် အံ့အားသင့်သွား၏။
"ဒီနှစ်တွေမှာ ကောင်းကင်ဓားတောင်ထိပ်ကို လျစ်လျူရှူခဲ့တာတွေကောရှိလား..."
"သူက ဒေါသကြီးတဲ့လူဆိုပေမယ့် ကျိုးကြောင်းမဆီလျော်တဲ့သူတော့မဟုတ်ဘူးနော်..."
"သူမင်းကို အတော်လေးဒေါသထွက်နေပုံအရ သေချာပေါက် မင်း သူ့ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ ကိစ္စတစ်ခုခုလုပ်ခဲ့လို့ပဲဖြစ်မယ်..."
လျိုဝူချန်း နစ်နာစွာ ပြောလိုက်၏။
"ဆရာ, ကျွန်တော်မလုပ်ခဲ့ရပါဘူး..."
"ကျွန်တော်တောင်ထိပ်အားလုံးကို ညီတူညီမျှဆက်ဆံတာပါ။ ကောင်းကင်ဓားတောင်ထိပ်ရဲ့ ဘယ်အရင်းအမြစ်မှ လျော့မပေးခဲ့ဖူးပါဘူး...."
ကျွမ်းယွမ်ယင်လည်း ပဟေဠိဖြစ်သွား၏။
"ထားလိုက်တော့, အခု အဲ့ဒါကို စိုးရိမ်ရမယ့် အချိန်မဟုတ်ဘူး...."
"တပည့်အဆင့်သတ်မှတ်ခြင်းက စတင်နပြီ...."
သူတို့က တန်ထျန်လုံး သစ်သားသေတ္တာတစ်ခုဆီ လျှောက်သွားနေတာကို ကြည့်နေခဲ့ကြသည်။
ထိုထဲ၌ နာမည်ရေးထားသည့် စာလိပ်တွေနှင့်ပြည့်နှက်နေခဲ့၏။
သူကမျက်လုံးပိတ်ပြီး စာလိပ်တစ်ခုကို ဆွဲယူလိုက်ပြီး ဖွင့်ဖတ်လိုက်သည်။
"ဂိုဏ်းသခင်တောင်ထိပ်, တောက်ကျန်းဂျွန်...."
လူအုပ်အမူအရာ စိတ်ဝင်စားသွားကြသည်။
တန်ထျန််လုံး ဂိုဏ်းသခင်တောင်ထိပ်မှ တပည့်တွေကို အလွယ်တကူမလွတ်ပေးတာ လူတိုင်းသိ၏။
ပထမဆုံးမဲကြတာက ဂိုဏ်းသခင်တောင်ထိပ်မှ ဖြစ်နေမည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
ဂန်ဖန်း ကြည့်လိုက်၏။
သူက တန်ထျန်လုံ ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေကို ဘယ်လိုဖိနှိပ်မလဲဆိုတာ မြင်ချင်နေခဲ့၏။