← Chapters

မမျှတသည့်အကဲဖြတ်မှု

Vol. 14 Ch. 206

မမျှတသည့်အကဲဖြတ်မှု

Vol. 14 Ch. 206

နာမည်ခေါ်ခံရသဖြင့်....

တောက်ကျန်ဂျွန် ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး သူ၏တောင့်တင်းသည့်ခန္ဓာကိုယ်ဖြင့် လျှင်မြန်စွာ ကွင်းပြင်အလယ်သို့ သွားလိုက်သည်။

တန်ထျန်လုံ၌ မကောင်းသည့်ရည်ရွယ်ချက်တွေရှိမှန်းသိသော်လည်း သူ့မျက်နှာ၌ ကြောက်ရွံ့မှုတွေ မရှိပေ။

အခြေခံတည်ဆောက်ခြင်းအဆင့် ၅ စွမ်းအားကို ထုတ်ဖော်ပြီး အော်ပြောလိုက်သည်။

"လာစမ်း..."

တန်ထျန်လုံ အမူအရာကင်းမဲ့စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ...."

ချက်ချင်းပဲ သူ၏ ပထမဆုံးတိုက်ခိုက်မှုကို ထုတ်ဖော်လိုက်၏။ သူ့လက်သီး၌ လူတစ်ယောက်ကို နောက်ဆုတ်သွာစေမည့် အားနှင့်အတူ တဝီဝီမြည်သံတွေထွက်ပေါ်လာခဲ့သည်။

လျိုဝူချန်း ထိုအရာကိုမြင်သည့်အခါ ဒေါသတကြီး စားပွဲကို ရိုက်လိုက်သည်။

"အရှက်မရှိလိုက်တာ...."

"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ရဲ့ အသန်မာဆုံး ဒြပ်စင်ငါးမျိုးလက်သီးကို တိုက်ရိုက်ကိုသုံးလာတာပဲ..."

"ပြီးတော့ အဲ့ကောင်က အခြေခံတည်ဆောက်ခြင်းအဆင့် ၈ စွမ်းအားကုန်ကို သုံးနေတာ...."

"ဒါက လူတစ်ယောက်ကို အသေရိုက်ဖို့ ပြင်နေတာပဲ..."

လူတိုင်း တန်ထျန်းလုံ၏ မကောင်းသည့်ရည်ရွယ်ကို သိ၏။

သို့ပေမယ့် ဤလောက်ထိ ရက်စက်လိမ့်မည်တော့ ထင်မထားပေ။

အခြားတောင်ထိပ်သခင်တွေ တစ်ယောက်ပြီးတစ်ယောက် မျက်မှောင်ကြုတ်လိုက်၏။

"ဒါက စမ်းသပ်မှုလေးတစ်ခုပဲလေ။ တပည့်တွေရဲ့ ကျင့်ကြံရေး၊ နည်းစနစ်၊ တိုက်ပွဲအတွေ့အကြုံ အစရှိတာတွေကို စမ်းသပ်ဖို့ရည်ရွယ်တာလေ...."

"အခြေခံတည်ဆောက်ခြင်းအဆင့် ၈ စွမ်းအားကြီးနဲ့ထွက်လာတာကြ တစ်ဖက်လူကို စမ်းသပ်နေတာမဟုတ်တော့ဘူး။ ဒါက ရည်ရွယ်ချက်ရှိရှိ ထုတ်ပယ်ဖို့ လုပ်နေတာ...."

"ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က အရမ်းဝေးဝေးကြီးသွားနေတာပဲ...."

အကြီးအကဲတွေ၌ မကျေနပ်ချက်တွေရှိသော်လည်း....

ဖုန်းဂုဂျန်းကတော့ အမူအရာမပျက်ရှိနေပြီး ယုံကြည်မှုရှိရှိ ငြင်းခုံလိုက်၏။

"ရွှေအစစ်က မီးမကြောက်ဘူး..."

"ဂိုဏ်းသခင်တောင်ထိပ်ရဲ့တပည့်တွေသာ တကယ်သန်မာတယ်ဆိုရင် တန်ထျန်လုံရဲ့ ခွန်အားပြည့်တိုက်ခိုက်မှုကို ဘာကြောက်နေစရာလိုလို့လဲ...."

"အသုံးမကျတဲ့လူတွေပဲ အိုးနင်းခွက်နင်းနဲ့ပြီးသွားဖို့ တွေးနေကြမှာ...."

စင်မြင့်ပေါ်၌ တောက်ကျန်းဂျွန်ရုန်းကန်နေရတာကိုကြည့်ပြီး ဖုန်းဂုချန်း ကျေနပ်မှုကို ခံစားလိုက်ရ၏။

မူလတုန်းက သူက ထိုမျှလောက်ထိ သိသာအောင် မလုပ်ချင်ပေ။

သို့ပေမယ့် ဘယ်သူက သူ့ကို သန္ဓေသားကျောက်စိမ်းတံဆိပ်ကိစ္စနှင့်တွေ့ကြုံပြီး ဂိုဏ်း၏အပြစ်သားဖြစ်လာခိုင်းနည်း။

သူက ယနေ့ ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေ ကောင်းမွန်သည့်ရလဒ်မရှိပဲ ဂိုဏ်းသခင်တောင်ထိပ် ဟာဟတစ်ခုအနေနဲ့အဆုံးသတ်အောင် သေချာပေါက်လုပ်မည်ပင်။

ထိုမှသာ အခြားလူတွေ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က စံမမှီဘူးလို့ မပြောကြတော့မှာဖြစ်သည်။

"၈ ကွက်မြောက်၊ ထွက်သွားလိုက်တော့...."

တောက်ကျန်းဂျွန်၏ ဒေါသတကြီးတိုက်ခိုက်မှုက တန်ထျန်လုံ၏ပြင်းထန်သည့်ဖိနှိပ်မှုကို ရဲရဲဝံဝံရင်ဆိုင်နေသော်လည်း...

နယ်ပယ်ကွာဟမှု၊ သိုင်းပညာကျင့်ကြံရေးမှာ အသစ်ဖြစ်မှု စတာတွေကြောင့် သဘာဝအတိုင်း တန်ထျန်.လုံပြိုင်ဘက်ဖြစ်ဖို့ ခက်ခဲ၏။

၈ ကွက်မြောက်၌ နောက်ဆုံးမှာ သူက တောင့်မခံနိုင်တော့ပဲ တန်ထျန်လုံလက်ဝါးကြောင့် လွင့်ထွက်သွားခဲ့သည်။

တောက်ကျန်းဂျွန်၏ကြံခိုင်သည့်ခန္ဓာကိုယ်က နောက်ကို လွင့်ထက်သွားပြီး သစ်သားစည်ကြီးတစ်ခုကို ဝင်ဆောင့်သွားခဲ့၏။

ထိုအရာကို မြင်သည့်အခါ ဂျန်ဖန်း အလျှင်အမြန်ရှေ့တက်ပြီး အသာအယာဖမ်းပေးလိုက်၏။

သူက တန်ထျန်လုံကို အေးစက်စက်အကြည့်တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းက ဒီလို မသမာတဲ့နည်းတွေသုံးတာလား...."

ဖိနှိပ်ရုံဖြင့်မလုံလောက်ပဲ ဤလောက်ထိကို ရက်ရက်စက်စက်လုပ်လိုက်၏။

ဂိုဏ်းသခင်တောင်ထိပ်တပည့်၏ သေးရေးရှင်ရေးကို လုံးဝကို လျစ်လျူရှုထားခဲ့သည်။

တန်ထျန်လုံ အမူအရာကင်းမဲ့စွာဖြင့်ပြောလိုက်သည်။

"ကိုယ်ကိုယ်တိုင်ကနိမ့်ကျပြီး အခြားလူအစွမ်းကုန်သုံးတာကို လာအပြစ်တင်နေတာလား...."

"ဂိုဏ်းသခင်တောင်ထိပ်ကတပည့်တွေ ဒီလိုအမှိုက်တွေချည်းပဲဆိုရင် မင်းတို့ ကိုယ့်တောင်ထိပ်ကိုပြန်လိုက်ကြတော့...."

"ငါ့အကဲဖြတ်မှုကို မနှောက်ယှက်နဲ့..."

ထို့နောက် သစ်သာသေတ္တာဆီလျှောက်သွားပြီး နောက်ထပ် စာလိပ်တစ်ခုကို ဆွဲယူလိုက်၏။

"နောက်တစ်ယောက်, ချွေယန်တောင်ထိပ်, ဝမ်ယန်ရန်...."

ဝမ်ယန်ရန်က တပည့်ဟောင်းတစ်ယောက်ဖြစ်ပြီး အခြေခံတည်ဆောက်ခြင်းအဆင့် ၅ ဖြစ်၏။

ဂျန်ဖန်း သူမကိုသိ၏။

သူမက တန်ထျန်လုံကို ဖားယားနေသည့် အမျိုးသမီးတပည့်တစ်ယောက်ဖြစ်ပြီး တန်ထျန်လုံသူမကို ကတိပေးထားသည်ဟု ပြောခဲ့၏။

သူတို့ ဘယ်လိုမသမာတဲ့ သီးသန့်သဘောတူညီချက်တွေ လုပ်ခဲ့လဲဆိုတာ ဘယ်သူမှမသိပေ။

သို့ပေမယ့်...

တန်ထျန်လုံ လှုပ်ရှားသည့်အခါ၌ သူက သူ့စိတ်ဝိညာဥ်စွမ်းအားကိုဖိနှိပ်ပြီး ရိုးစင်းသည့်သာမန်လက်သီးသိုင်းကိုသာ အသုံးပြုခဲ့သည်။

ဝမ်ယန်ရန် အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့ပြီး တိုက်ကွက် ၁၀ ကွက်ကို အသာအယာကျော်လွားနိုင်ခဲ့၏။

တန်ထျန်လုံ ပြုံးပြီး ပြောလိုက်သည်။

"ဝမ်ယန်ရန်, ကောင်းမွန်အဆင့်...."

ဝမ်ယန်ရန် အလွန်ပျော်သွားပြီး ပျော်ရွင်စွာ နောက်ဆုတ်သွားခဲ့သည်။

ထိုအရာကြောင့် ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေ ဒေါသထွက်သွားကြသည်။

"မတရားဘူး။ ဝမ်ယန်ရန် အရင်တုန်းက ဂျူနီယာညီလေးတောက်နဲ့တိုက်ခိုက်ဖူးတယ်။ သူမငါးကွက်တောင် မခံနိုင်ခဲ့ဘူး...."

"ရယ်စရာကောင်းလိုက်တာ။ သူမ ကောင်းမွန်အဆင့်ရပြီး ဂျူနီယာညီလေးတောက်ကတော့ အရည်အချင်းပြည့်မှီရုံပဲ ပြည့်မှီတယ်...."

"ဒီလို သိသာတဲ့ ခွဲခြားဆက်ဆံမှုမှာ ဘယ်လိုတရားမျှတမှုရှိမှာလဲ...."

လျိုဝူချန်းလည်း ဒေါသထွက်သွား၏။

သူက ကျွမ်းယွမ်ယင်နှင့် ရှိနေသည့် များစွာသောမြင့်မြတ်အကြီးအကဲတွေကို အရိုအသေပေးပြီး တောင်းဆိုလိုက်၏။

"မြင့်မြတ်အကြီးအကဲတို့, အကြီးအကဲတို့အားလုံးလည်း မြင်မှာပါ..."

"တန်ထျန်လုံက တပည့်အဆင့်သတ်မှတ်ခြင်းကို ဟာသလုပ်နေတာပါ...."

"ဖြတ်ကျော်နိုင်သင့်တဲ့လူက မဖြတ်ကျော်နိုင်ဘူး..."

"မဖြတ်ကျော်နိုင်သင့်သူကျ ကြုံရာကျပန်း ကျော်ဖြတ်နိုင်သွားတယ်...."

တုံ့ပြန်မှုအနေဖြင့် မြင့်မြတ်အကြီးအကဲတွေ မျက်မှောင်ကြုတ်လိုက်ကြ၏။

တန်ထျန်လုံ၏လုပ်ဆောင်ချက်က အမှန်တကယ်ကို စိတ်ပျက်စရာကောင်းပြီး တပည့်အဆင့်သတ်မှတ်ခြင်း၏ တရားမျှတမှုကို အပြင်းအထန်သက်ရောက်မှုရှိ၏။

သို့ပေမယ့် အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့အားလုံးက တိတ်ဆိတ်နေဖို့ရွေးချယ်လိုက်၏။

ကျွမ်းယွမ်ယင် သက်ပြင်းချပြီး ပြောလိုက်သည်။

"ဝူချန်း, ဒါ ဂိုဏ်းချုပ်ဖြစ်တဲ့ မင်းရဲ့တာဝန်လေ...."

"ငါတို့မြင့်မြတ်အကြီးအကဲတွေက စည်းမျဥ်းအရ ဂိုဏ်းအတွင်းရေးတွေကို ဝင်စွက်ဖက်လို့မရဘူး...."

"မဟုတ်လို့ မြင့်မြတ်အကြီးအကဲတိုင်းသာ စည်းကမ်းချိုးဖောက်ရင် မင်းတို့မျိုးဆက်က ဂိုဏ်းရဲ့တာဝန်ကြီးတွေကို ဘယ်တော့မှ ထမ်းဆောင်နိုင်လာမှာမဟုတ်ဘူး...."

ဂိုဏ်း၏ အနာဂတ်လမ်းကြောင်းကို မထိခိုက်သရွေ့....

မြင့်မြတ်အကြီးအကဲတွေက ဝင်စွက်ဖက်မည်မဟုတ်ပေ။

ယခုကဲ့သို့ပင်။ ချို့ယွင်းချက်တွေရှိတာ သိပေမယ့် ဝင်မစွက်ဖက်ခဲ့ကြပေ။

သူတို့က ဂိုဏ်းချုပ်လျိုဝူချန်းကိုသာ ကိုယ်တိုင်ဖြေရှင်းခိုင်း၏။

လျိုဝူချန်း ဒေါသတကြီး စားပွဲကို လက်သီးဖြင့်ထိုးချလိုက်၏။

"သေစမ်း...."

သူမှာသာ လုံလောက်တဲ့အာဏာရှိလျှင် မဟာအကြီးအကဲ ထိုမျှလောက်ထိ မောက်မာရဲမည်လား....

ထိုအခိုက်အတန့်၌....

ကွင်းပြင်ထဲရှိ အကဲဖြတ်မှုက အစီအစဥ်တကျ ဖြစ်ပွားနေခဲ့သည်။

အခြားတောင်ထိပ်မှ တပည့်တွေအတွက် တန်ထျန်လုံက သူ့နယ်ပယ်ကို ဖိနှိပ်ထား၏။

ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေအလှည့်ရောက်မှသာလျှင် ယောက်ျားမိန်းမ မခွဲခြားပဲ ခွန်အားပြည့်တိုက်ခိုက်၏။

ကောင်းမွန်အဆင့်ရနိုင်သည့်တပည့်များစွာ ဖြတ်ကျော်နိုင်ရုံသာဖြတ်ကျော်နိုင်ခဲ့ကြ၏။

ဤအတိုင်းဆိုလျှင်...

ဂိုဏ်းသခင်တောင်ထိပ်၌ ကောင်းမွန်အဆင့်ရသည့်တပည့် တစ်ယောက်တောင်ရှိမည်မဟုတ်ပေ။

အသန်မာဆုံးဆိုသည့်ဂိုဏ်းသခင်တောင်ထိပ်က သမိုင်းမှာအဆိုးဆုံးမှတ်တမ်းကို ဖန်းတီးပြီး လူရယ်စရာဖြစ်တော့မည်ပင်။

"ဂိုဏ်းသခင်တောင်ထိပ်, ဂျန်ဖန်း...."

ရုတ်တရက်...

တန်ထျန်လုံစာလိပ်တစ်ခုဆွဲယူပြီး ဖွင့်ကြည့်လိုက်သည့်အခါ ရက်စက်သည့်အပြုံးတစ်ခုထွက်ပေါ်လာခဲ့သည်။

သူက ဂျန်ဖန်းကို စောင့်နေတာပဲဖြစ်သည်။

အခြားဂိုဏ်းသခင်တောင်ထိပ်တပည့်တွေအတွက်တော့ သူက မဟာအကြီးအကဲအမိန့်ကို နာခံရုံသာဖြစ်ပြီး သူတို့ကို ကောင်းမွန်အဆင့်မပေးလျှင်ရပြီဖြစ်သည်။

ဂျန်ဖန်းကတော့...

သူကိုယ်တိုင်း ကောင်းမွန်အဆင့်မရစေချင်သည့် တစ်ဦးတည်းသောသူဖြစ်သည်။

မဟုတ်ဘူး။ သူ့လက်ထဲ၌ ဂျန်ဖန်း ကျော်ဖြတ်ဖို့တောင် အိမ်မက်မက်လို့ မရပေ။

လူအုပ်၏စောင့်ကြည့်နေသည့်မျက်လုံးတွေအောက်မှာပဲ ဂျန်ဖန်းဖြည်းညင်းစွာ မတ်တပ်ထရပ်လိုက်၏။

ထိုအရာက တပည့်တွေကို အပြင်းအထန် ဆွေးနွေးသွားစေခဲ့သည်။

"တန်ထျန်လုံခွန်အားပြည့်တိုက်ခိုက်မဲ့ နောက်တစ်ယောက်ပဲ..."

"သူ့အတွက် အဆင့်ကောင်းရဖို့က ခက်ခဲတယ်...."

"မင်းဘာတွေတွေးနေတာလဲ။ သူက ဂျန်ဖန်းလေ။ စိတ်ဝိညာဥ်အမြစ်မရှိတဲ့တပည့်။ သုံးကွက်ခံနိုင်ဖို့တောင် အနိုင်နိုင်ရယ်...."

သို့ပေမယ့် အကြီးအကဲတွေကြား၌ လုံးဝခြားနားနေခဲ့သည်။

ဝမ်ဟုန်ယောင်မျက်လုံးတွေ မျှော်လင့်မှုတွေ ပြသနေ၏။

"မကျော်ဖြတ်နိုင်ရင် အကောင်းဆုံးပဲ။ ဒါဆို သူတိိမ်စိမ်းဂိုဏ်းက ထုတ်ပယ်ခံရပြီးတဲ့နောက်မှာ ငါ့ဆေးတောင်ထိပ်ကို ခေါ်ယူနိုင်ပြီ..."

ကျောက်ဝူဂျိ မျက်လုံးလှန်လိုက်၏။

"ဘာတွေအိမ်မက်မက်နေတာလဲ။ ဂျန်ဖန်း အဲ့လောက်အားနည်းမယ်လို့ မင်းထင်လား...."

"ဒီလို ဓားလမ်းစဥ်ပါရမီနဲ့ သူ့ကျင့်ကြံရေး အဲ့လောက်ဆိုးဝါးမယ်လို့ ငါမယုံဘူး..."

လီချင်ဖုန်း သူ့မျက်နှာကိုသုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

"သွားပြီ..."

"မကြာခင် ဂျန်ဖန်းခွန်အားအစစ်အမှန်ကို တစ်ဂိုဏ်းလုံးသိသွားတော့မှာ..."

"ဒါ တော်တော် ရှက်စရာကောင်းတယ်..."

သို့ပေမယ့် မြင့်မြတ်အကြီးအကဲတွေ၌ အခြားကိစ္စတစ်ခုဖြစ်နေ၏။

ဟွမ်းကျန်ထျန်း မနေနိုင်ပဲ လျိုဝူချန်းကိုကြည့်ပြီး ရေရွတ်လိုက်သည်။

"ဒီကောင် ဂျန်ဖန်းကို စင်ပေါ်တက်ခိုင်းတာ မအံ့သြတော့ပါဘူး..."

"လက်စသတ်တော့ သူက တန်ထျန်လုံ ဂိုဏ်းသခင်တောင်ထိပ်ကို ပစ်မှတ်ထားမှာ မျှော်လင့်ထားပြီးသားပဲ...."

"ဒါ့ကြောင့် ဂျန်ဖန်းကို သင်ခန်းစာပေးခိုင်းလိုက်တာကိုး..."

ရှီခိုင်ထျန်း နှာမှုတ်လိုက်၏။

"လျိုဝူချန်း, ဒီအဘိုးကြီးကတော့ကွာ။ မသိနားမလည်တဲ့ပုံနဲ့ တော်တော်အကြံများတဲ့ကောင်...."

"ငါက သူပျင်းနေလို့ ဂျန်ဖန်းကို တပည့်အဆင့်သတ်မှတ်ခြင်းထဲ ဝင်ပြိုင်ခိုင်းတာထင်နေတာ...."

"လက်စသတ်တော့ ဒီအခိုက်အတန့်ကို စောင့်နေတာကိုး...."

ကျန်းချိုရှန်း ပခုံးတွန့်လိုက်၏။

"ဒီတန်ထျန်လုံဆိုတဲ့တပည့်က အန္တရာယ်ကို မသိသေးဘူးပဲ...."

"ဂိုဏ်းသခင်တောင်ထိပ်က အနိုင်ကျင့်ဖို့လွယ်တယ်လို့ တကယ်များ ထင်နေတာလားမသိဘူး...."

ဆွေးနွေးမှုတွေအလယ်မှာပဲ....

ဂျန်ဖန်း ရင်ပြင်အလယ်ကို ခြေချလိုက်၏။

တန်ထျန်လုံကို မျက်နှာချင်းဆိုင်ပြီး ထူးမခြားနားစွာပြောလိုက်သည်။

"ငါ အစတုန်ကတော့ အကဲဖြတ်မှုကို ကျော်ဖြတ်ချင်ရုံပဲ..."

"အခုတော့, ငါစိတ်ပြောင်းသွားပြီ...."

All Chapters