နောက်ထပ်မရယ်နိုင်တော့ခြင်း
Vol. 14 Ch. 207
တန်ထျန်လုံ ကမ္ဘာပေါ်ရှိအကြီးဆုံးဟာသတစ်ခုကို ကြားလိုက်သလိုပင်။
"မင်းဖြတ်ကျော်ချင်ရုံပဲ? အခု စိတ်ပြောင်းသွားပြီ?....ဟုတ်လား....."
"ဂျန်ဖန်း, မင်းက တော်တော်ရယ်ရတဲ့ကောင်ပဲ။ ငါရယ်ရလွန်းလွန်းလို့ ဗိုက်တွေပါနာတယ်။ မင်းဖြတ်ကျော်နိုင်မယ်လို့ထင်လား...."
ပတ်ပတ်လည်ရှိတပည့်တွေ ဆွံ့အသွားကြ၏။
"သူဘာပြောနေတာလဲရော သူသိရဲလား..."
"သူပြောပုံက အကဲဖြတ်မှုကို သူအလိုရှိသလို ဖြတ်ကျော်နိုင်တဲ့ပုံနဲ့...."
"သူ့စီနီယာအကိုနဲ့အမတွေ ဘယ်လောက်သနားစရာကောင်းခဲ့လဲဆိုတာ မမြင်ဘူးလား။ မဆင်မခြင် အဓိပ္ပာယ်မရှိတဲ့စကားတွေ ပြောနေတုန်းပဲ...."
ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေထဲ၌....
ဝမ်ချန်းဂျန် ဂျန်ဖန်းကို လူပြက်တစ်ယောက်ကဲ့သို့ကြည့်ပြီး လှောင်ပြောင်လိုက်၏။
"ဒီကောင် ဟာသတွေကတော့ တကယ်ပြောတာပဲ။ သူကြောင့် လူတွေရယ်ရလွန်းလို့ သွားကျိုးကုန်မှာပဲမကြောက်ဘူး...."
သူက တန်ထျန်လုံမှလွဲပြီး ဂျန်ဖန်းကို ကျရှုံးစေချင်သည့် နောက်တစ်ယောက်ပင်။
သေချာပေါက်ပင်။ ဂျန်ဖန်းကို လူရယ်စရာအဖြစ်မြင်ရတာအား သူက အတော်လေး ပျော်ရွင်နေခဲ့သည်။
တပည့်အချို့လည်း မနေနိုင်ပဲ ရေရွတ်လိုက်၏။
"ဒီလောက်ရယ်စရာကောင်းလို့လား..."
"ဂျန်ဖန်းရှုံးရင် ငါတို့ဂိုဏ်းသခင်တောင်ထိပ်ပဲ မျက်နှာပျက်ရမှာ...."
"စီနီယာအကကြီးက ဘယ်လိုတောင်ရယ်နိုင်ရတာလဲ..."
ထိုအရာကိုကြားသည့်အခါ ဝမ်ချန်းဂျန် အလျှင်အမြန်ပဲ သူ့ရယ်ချင်စိတ်ကို ဖိနှိပ်ကာ သူကိုယ်သူ ခုခံကာကွယ်လိုက်၏။
"ငါက အဲ့ကောင်ဂျန်ဖန်း အကဲဖြတ်မှုကို အလေးအနက်မလုပ်တာ ဒေါသထွက်တာ...."
ထိုစကားကလည်း ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေ၏ မတူညီသည့်ထင်မြင်ချက်တွေကို ဖြစ်ပေါ်စေခဲ့သည်။
"သူက အလေးအနက် ထားမထားက အရေးပါလို့လား။ ရှေ့က ဘယ်စီနီယာအကို၊ စီနီယာအမကများ အလေးအနက်မလုပ်ခဲ့လို့လဲ...."
"ငါသာ ဂျန်ဖန်းဆိုရင်, သူ့ကို အပြင်းအထန် ဆဲပြီးနေပြီ...."
"ဟုတ်တယ်, ဂျန်ဖန်းက ဂိုဏ်းသခင်တောင်ထိပ်ဂုဏ်သိက္ခာအတွက်လုပ်နေတာ။ ငါတို့က သူ့ကို ထောက်ပံပေးသင့်တယ်...."
ဝမ်ချန်းဂျန် အတွင်းအပြင်နှစ်ဖက်လုံးမှာ လူကြိုက်မများမှုနှင့်သာ အဆုံးသတ်သွားခဲ့ရသည်။
သူက ဂျန်ဖန်းကို ပိုပြီး မကျေမနပ်ဖြစ်စွာဖြင့် ကြည့်လိုက်သည်။
ဂျန်ဖန်း သုံးကွက်အတွင်းမှောက်သွားမှာမြင်ရဖို့ မစောင့်နိုင်တော့ပေ။ ထိုအခါ အကဲဖြတ်မှုကျရှုံးပြီး ဂိုဏ်းမှထုတ်ပယ်ခံရပြီပဲဖြစ်သည်။
လျိုဝူချန်းလည်း သက်ပြင်းရှည်ကြီးချလိုက်သည်။
တကယ်ပဲ နောက်ထပ်ဆက်မကြည့်နိုင်တော့ပေ။
သူ၏ဂုဏ်ယူရသည့်တပည့်များစွာ အားလုံးကျရှုံးခဲ့ကြပြီး သူ့ဂုဏ်သိက္ခာကို ဂျန်ဖန်းအပေါ်သာ မှီခိုနိုင်တော့၏။
အခြားနယ်ပယ်တွေ၌ ဂျန်ဖန်းက အဆင်ပြေ၏။
သိုင်းပညာလမ်းကြောင်းမှာတော့ မတော်ပေ။
ကျွမ်းယွမ်ယင်လည်း စိတ်အခြေအနေကောင်းမနေခဲ့ပေ။
တစ်ယောက်ယောက်အပေါ် သူ့ဒေါသတွေပုံချချင်နေပြီး ဘေးနားကလျိုဝူချန်းသက်ပြင်းချလိုက်တာက သူ့ကို ပိုပြီး စိတ်ပျက်သွားစေခဲ့သည်။
"မင်းတစ်ယောက်ယောက်ကို အပြစ်တင်ချင်ရင် တပည့်တွေကို တွန်းအားမပေးတဲ့ ကိုယ့်ကိုယ်ကိုသာ အပြစ်တင်လိုက်။ အခြားလူတွေကို အခွင့်အရေးရသွားစေတယ်....."
"ပြီးတော့ တပည့်လက်ခံတဲ့နေရာမှာလဲ စည်းကမ်းမတင်းကြပ်ဘူး။ လူတိုင်းကို ဂိုဏ်းထဲဆွဲခေါ်နေတယ်...."
"အခုကြည့်စမ်း, ငါတို့မှာ ကျရှုံးတဲ့တပည့်တစ်ယောက်ရှိလာတော့မယ်....."
(ဒီမှာရှိတဲ့ကျရှုံးတယ်ဆိုတာ သုံးကွက်မခံနိုင်လို့ အရည်အချင်းအပြည့်မှီတာကို ပြောတာပါ။ ရှေ့ကလူတွေက ၁၀ ကွက်မကျော်နိုင်ခဲ့တာပါ)
"မင်းအရှက်ကွဲမလား ကြည့်ကြတာပေါ့...."
သူက အဝေးရှိဂျန်ဖန်းနောက်ကျောကို ကြည့်ပြီး ဒေါသတွေနှင့်ပြည့်နှက်လာခဲ့သည်။
တပည့်တစ်ယောက် အဆင့်ကောင်းမရလျှင် အလုံအလောက်မကြိုးစားလို့၊ လေ့ကျင့်တာ အရည်အချင်းမပြည့်မှီလို့ ဆိုပြီး ရှင်းပြနိင်သေး၏။
သို့ပေမယ့် ကျရှုံးသွားလျှင်တော့....
ဆယ်နှစ်ကြာ ကျရှုံးသည့်တပည့်ဆိုတာ တစ်ယောက်မှ မရှိခဲ့ပေ။
အနိမ့်ဆုံးတောင်ထိပ်တောင် အကျတစ်ယောက်မှမရှိပေ။
အဘယ်ကြောင့်ဆိုသော် အတွင်းစည်းတပည့်ရွေးချယ်ရာ၌ တောင်ထိပ်သခင်တွေက သေသေချာချာ ဂရုတစိုက်ရွေးချယ်ကြသောကြောင့်ပင်။
သို့ပေမယ့် ယခုတော့, ထိုမှတ်တမ်းက ပျက်စီးတော့မည်ပဲဖြစ်သည်။
ထို့ပြင် အသန်မာဆုံးဖြစ်သည့် ဂိုဏ်းသခင်တောင်ထိပ်မှဖြစ်၏။
ဤမမျှော်လင့်ထားသည့်အဖြစ်အပျက်သာ ပျံ့သွားလျှင်....
ဂိုဏ်းထဲမှာတင်အရှက်ရတော့မှာမဟုတ်ပေ။
ထိုအဖြစ်အပျက်က ဂိုဏ်း ၉ ဂိုဏ်းနယ်မြေတစ်လျှောက်ပျံ့နှံ့သွားပြီး လူတိုင်းပါးစပ်ဖျားမှာ ဟာသကြီးတစ်ခုဖြစ်လာမည်ပင်။
ထိုအခါ ဂိုဏ်းသခင်တောင်ထိပ်ဂုဏ်သတင်းလည်း မြောင်းထဲရောက်ပြီပဲဖြစ်သည်။
လျိုဝူချန်း ရှက်ကိုးရှက်ကန်းပြုံးလိုက်ပြီး တိုးတိုးလေးပြောလိုက်သည်။
"မြင့်မြတ်အကြီးအကဲ, စိတ်ချလက်ချသာနေပါ..."
"ကျွန်တော်သူ့ကို တိတ်တဆိတ် အခြေခံတည်ဆောက်ခြင်းအဆင့် ၉ ကျောက်စိမ်းအဆောင် ပေးလိုက်ပါတယ်...."
"အနည်းဆုံးတော့ ကျရှုံးမှုက ဖြစ်မလာပါဘူး...."
ထိုအရာကိုကြားသည့်အခါ ကျွမ်းယွမ်းယင် သူ့ကိုစိုက်ကြည့်ပြီး ဆူပူကျိန်းမောင်းလိုက်၏။
"မင်းဘာတွေတွေးနေတာလဲ...."
ကျောက်စိမ်းအဆောင်သုံးခြင်းက တပည့်အဆင့်သတ်မှတ်ခြင်းမှာ ကတ်သတ်ထား၏။
ပြင်ပအရာဝတ္ထုသုံးပြီး အနိုင်ရတာဟာ မသင့်လျော်ပြီး ဝေဖန်ခံရဖို့လွယ်တာပဲဖြစ်သည်။
သို့ပေမယ့် တန်ထျန်လုံ၏ ဂိုဏ်းသခင်တောင်ထိပ်ကို အညာတာမဲ့ပစ်မှတ်ထားနေတာကို စဥ်းစားမိသည့်အခါ ကျောက်စိမ်းတံဆိပ်သုံးတာကလည် မဆိုးပေ။
ဘယ်သူမှ ဘာမှပြောနိုင်မှာ မဟုတ်ပေ။
ကျွမ်းယွမ်ယင်အမူအရာပျော့ပြောင်းသွားပြီး ပြောလိုက်သည်။
"ဒီတစ်ခါပဲနော်၊ နောက်တစ်ခါမလုပ်နဲ့...."
လျိုဝူချန်း သက်သာယာရစွာ သက်ပြင်းချလိုက်သည်။
သူ၏အမြော်အမြင်ရှိမှုအတွက် တိတ်တဆိတ် ဂုဏ်ယူနေခဲ့သည်။
ဤနည်းဖြင့် ဂျန်ဖန်း အနည်းဆုံး အကဲဖြတ်မှုကို ကျော်ဖြတ်ဖို ပြဿနာမဟုတ်တော့ပေ။
စင်မြင့်အလယ်၌...
အဆက်မပြတ်ရယ်နေသည့် တန်ထျန်လုံကိုကြည့်ပြီး ဂျန်ဖန်းတည်ငြိမ်စွာပြောလိုက်သည်။
"မင်းကြိုက်သလောက်ရယ်ထားပါ..."
"မကြာခင် ရယ်နိုင်တော့မှာ မဟုတ်ဘူး...."
တန်ထျန်လုံ ပိုလို့တောင်ရယ်ချင်သွားပြီး ပြောလိုက်သည်။
"ဟ...ဟ..ဟ.. ဂျန်ဖန်း, မင်းက တကယ် ငါ့ကို ရယ်ပြီး သေအောင်လုပ်နေတာပဲ..."
"ငါတို့ကြားကွာဟချက်ကို မင်းမသိပါဘူး...."
ဂျန်ဖန်း၏ တည်ငြိမ်ပြီး မယိမ်းယိုင်သည့် အမူအရာကို ကြည့်ပြီး...
တန်ထျန်လုံ နောက်ထပ်မရယ်နိုင်တော့ပေ။
"ကောင်းပြီလေ, မင်းက ငါ့ရှေ့မှာ ဘယ်လောက်မထင်ရှားလဲ ပြပေးရတာပေါ့...."
ထို့နောက် သူ့စိတ်ဝိညာဥ်စွမ်းအင်၏တစ်ဝက်ကိုသာသုံးပြီး သာမန်အတိုင်း လက်သီးတစ်ချက်ပစ်သွင်းလိုက်၏။
သူက ဂျန်ဖန်းကို အမြန်ကြီး ထုတ်ပယ်မခံစေချင်ပေ။
ထိုအစား, လူမဆန်စွာ ညင်းပန်းနှိပ်စက်ပြီး အရှက်ရသွားစေချင်တာပဲဖြစ်သည်။
သူ့လုပ်ရပ်ကြောင့် နောင်တရသွားစေရမည်ပင်။
သို့ပေမယ့်....
တန်ထျန်လုံကို အံ့အားသင့်သွားစေတာက ဂျန်ဖန်း စိတ်ဝိညာဥ်သုံးမည့်အရိပ်အယောင် မပြပေ။
သူက လက်နောက်ပစ်ထားဆဲဖြစ်၏။
ရက်စက်သည့်လေပြင်းတွေကိုသယ်ဆောင်လာသည့် တန်ထျန်လုံလက်သီး မျက်နှာနားရောက်ခါနီးမှ....
ဂျန်ဖန်း လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး တန်ထျန်လုံလက်သီးကို သာမန်အတိုင်း ဖမ်းဆုပ်ထားလိုက်၏။
တန်ထျန်လုံဘယ်လောက်ပဲ အားသုံးသုံး သူ့လက်ကို မလှုပ်နိုင်တော့ပေ။
ဂျန်ဖန်းတည်ငြိမ်စွာပြောလိုက်သည်။
"ခွန်းအားကုန်သုံး၊ ဒါမှ မင်းခံနိုင်မှာ...."
ပြောပြီးနောက် သူ့လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်၏။
တန်ထျန်းလုံ ဆင်တစ်ကောင်ကန်ခံရသကဲ့သို့ ခံစားလိုက်ရပြီး နောက်ကို တယိမ်းတယိုင်ဖြင့် ဆက်တိုက်ဆုတ်သွားခဲ့ရသည်။
ဖင်ထိုင်လဲကျလုနီးပါးပင်။
ထိုအရာက လူအုပ်ကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေ၏။
"ဟမ်? ငါများ အမြင်မှားတာလား...."
"ဂျန်ဖန်း တန်ထျန်လုံကို နောက်ဆုတ်သွားအောင်လုပ်နိုင်တယ်?...."
"အဲ့လက်သီးချက်က အားမနည်းဘူး။ စီနီယာတပည့်အများကြီး အဲ့တာကို မခုခံနိုင်ခဲ့ဘူး...."
အကြီးအကဲတွေကြား၌လည်း ဆွေးနွေးမှုတွေရှိနေခဲ့သည်။
ဝမ်ဟုန်ယောင် စိတ်ပျက်သွားပြီး မကျေမနပ်ပြောလိုက်သည်။
"ဒီကောင်လေးက စည်းမျဥ်းတွေကို မလိိုက်နာဘူးပဲ...."
"လက်သီးတစ်ချက်နဲ့လဲသွားရင် ဘယ်လောက်ကောင်းလိုက်မလဲ...."
ကျောက်ဝူဂျိ လက်ပိုက်ထားပြီး ဂုဏ်ယူစွာပြောလိုက်သည်။
"ကြည့်စမ်း, ငါပြောတာမှန်တယ်မလား။ ဒီကလေးက သိုင်းပညာမှာ လုံးဝအားမနည်းပါဘူးလို့...."
လီချင်ဖုန်း အံ့သြသွားပြီး ပြောလိုက်သည်။
"ဟမ့်..."
"ထူးဆန်းတယ်။ သူက အခုပိုတောင်သန်မာလာပြီလို့ ငါခံစားနေရတယ်...."
မြင့်မြတ်အကြီးအကဲတွေကြား၌လည်း လှိုင်းဂယက်အနည်းငယ် ဖြစ်ပေါ်လာခဲ့သည်။
ဟွမ်းကျန်ထျန် ပဟေဠိဖြစ်စွာဖြင့် မျက်တောင်ခတ်ပြီး ပြောလိုက်သည်။
"ဘယ်လောက်ထူးဆန်းလိုက်လဲ။ ဒီကလေးက နာလည်မှုအားကောင်းရုံတင်မဟုတ်ဘူး။ ခန္ဓာသန့်စင်ခြင်းမှာပါ ထူးချွန်တဲ့ပါရမီရှင်တစ်ယောက်ပါလား...."
"အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ရဲ့ တိုက်ခိုက်မှုကိုတောင် ခုခံနိုင်တယ်...."
ရှီခိုင်ထျန်း အနည်းငယ် အသက်ရူသွင်းလိုက်၏။
"ဟစ်, ဒီကောင်စုတ်လေး, သူ့ရုပ်ခန္ဓာက ပိုသန်မာလာပြီပဲ..."
"ဘယ်လောက်မှမကြာသေးဘူး, သူ့ရုပ်ခန္ဓာက သိသိသာသာ တိုးတက်သွားပြီ...."
ထို့နောက် သူက လျိုဝူချန်းကို ကြမ်းကြုတ်စွာ စိုက်ကြည့်လိုက်သည်။
တပည့်ခိုးယူသည့်ရန်ငြိုးက သတ်မှတ်ထားပြီးသားပင်။
လျိုဝူချန်း ရှီခိုင်ထျန်းအကြည့်ကြောင့် ထိတ်လန့်သွားပြီး စိတ်ရှုပ်သွား၏။
သူက မြင့်မြတ်အကြီးအကဲရှီခိုင်ထျန်းကို ဘယ်လိုရန်စမိသနည်း။
ရှီခိုင်ထျန်းကြည့်သည့်အကြည့်က သူ့ကို ရိုက်ချင်နေသလိုပင်။
ကျွမ်းယွမ်ယင်လည်း အံ့အားသင့်သွား၏။
"ဟမ်? ဒီကလေးရဲ့ရုပ်ခန္ဓာက ဒီလောက်တောင်သန်မာတယ်လား...."
"တန်ထျန်လုံလက်သီးက သာမန်တပည့်တွေ ခုခံနိုင်တဲ့အရာမဟုတ်ဘူး...."
"ဒါ့ပြင် ဒီကလေးက ခုခံနိုင်ခဲ့ရုံတင်မဟုတ်ဘူး။ ပြန်တောင်တိုက်ခိုက်လိုက်သေးတယ်...."
လျိုဝူချန်း ရုတ်တရက် ဂျန်ဖန်းအကြောင်း ကောင်းကောင်းမိတ်ဆက်မပေးရသေးဘူးဆိုတာ အမှတ်ရသွား၏။
သူက ချက်ချင်းပဲ ပြောလိုက်သည်။
"ကျွန်တော့် ဆရာ့ကို ပြောဖို့မေ့နေတာ။ ဂျန်ဖန်းက ခန္ဓာသန့်စင်ခြင်းမှာ ပါရမီရှိတယ်...."
"ဘိုးဘေးဝတ်ပြုပွဲတုန်းက ဧရာမဂိုဏ်းရဲ့ ခန္ဓာသန့်စင်ခြင်းပါရမီရှင် ကောင်းဝူရွမ်းကို အနိုင်ယူပြီး ဂိုဏ်းသခင်တောင်ထိပ်ရဲ့ဂုဏ်သတင်းကို မြှင့်တင့်ပေးခဲ့တယ်...."
ကျွမ်းယွမ်းယင် အံ့သြသွားပြီး ပြောလိုက်သည်။
"ဒါ အမှန်ပဲလား...."
"ငါ ကောင်းဝူရွမ်းအကြောင်းကြားဖူးတယ်။ သူက ကောင်းယွမ်ဘတူဖြစ်ပြီး ငယ်ငယ်ကတည်းက ထူးခြားတဲ့ရုပ်ခန္ဓာရှိတယ်တဲ့..."
"ဂျန်ဖန်းက သူ့ကို ခန္ဓာသန့်စင်နည်းစနစ်နဲ့ ရိုက်ခဲ့တယ်ပေါ့...."
လျိုဝူချန်း ပြောလိုက်သည်။
"ဂိုဏ်းတစ်ခုလုံး သက်သေရှိပါတယ်။ ဒါ အမှန်ပါ...."
ကျွမ်းယွမ်ယင် ချီးကျူးလိုက်၏။
"ဒီကောင်လေးက စိတ်ဝိညာဥ်အမြစ်မရှိပေမယ့် ခန္ဓာသန့်စင်ခြင်းမှာ ပါရမီရှင်တစ်ယောက်ပဲ...."
သူက ချက်ချင်း အသိပြန်ဝင်လာပြီး လျိုဝူချန်းကို စေ့စေ့စပ်စပ်ကြည့်ပြီး ပြောလိုက်သည်။
"ဝူချန်း, ရိုးရိုးသားသားပြောစမ်း...."
"မင်း သူ့ရဲ့ ခန္ဓာသန့်စင်ခြင်းပါရမီကို မြင်ခဲ့လို့ တပည့်အဖြစ်လက်ခံခဲ့တာမလား...."
ဟမ်?...
ထိုအရာက လုံးဝမဟုတ်ပေ။
သို့ပေမယ့် မြင့်မြတ်အကြီးအကဲက သူ၏ အမြော်အမြင်ရှိမှုကို ချီကျူးနေမှတော့....
မဟုတ်ဘူးလို့ ဘယ်လိုလုပ်ပြောနိုင်မည်နည်း။
ထို့ကြောင့်, ရှက်ကိုးရှက်ကန်းပြုံးပြီး အပြစ်ရှိစွာပြောလိုက်သည်။
"ဟုတ်ပါတယ်...."
ထိုအရာကိုကြားသည့်အခါ ကျွမ်းယွမ်ယင် သူ့ရင်ဘတ်ကို ပျော်စေပျက်စေ လက်သီးဖြင့်ထိုးလိုက်သည်။
"ငါသိတယ်။ မင်းက အကြောင်းပြချက်မရှိပဲ တစ်စုံတစ်ယောက်ကို အထူးအခွင့်အရေးပေးမှာမဟုတ်ဘူးဆိုတာ..."
"ဒီတော့, မင်းက ငါ့ကို အံ့အားသင့်သွားစေချင်တာပေါ့..."
"ဘယ်အချိန်ကစပြီး မင်း ဒီလောက် လှည့်ဖျားတတ်သွားတာလည်း...."
ထိုအရာက ဆူပူသလိုဖြစ်နေသော်လည်း မျက်နှာပေါ်ရှိအပြုံးက စိတ်ထဲမှာပျော်ရွင်နေတာကို ဖုံးကွယ်မထားနိုင်ပေ။
သူက အသက်ပြင်းပြင်းရူလိုက်ပြီး ကျေနပ်မှုကို ခံစားလိုက်ရ၏။
"ဟူး, ငါတို့ဂိုဏ်းသခင်တောင်ထိပ်မှာ အားနည်းတဲ့သူမရှိဘူးပဲ...."
"စိတ်ဝိညာဥ်အမြစ်မရှိတဲ့လူတောင် ခန္ဓာသန့်စင်ခြင်းမှာ ပါရမီရှင်ဖြစ်နေတယ်...."
"ဟီဟီ... ဟီဟီ...."
လျိုဝူချန် နားထောင်နေရင်းဖြင့် ပိုပြီး အပြစ်ရှိသလို ခံစားလာရသည်။
ထိုစဥ်, ကွင်းပြင်ထဲ၌....
အခြေအနေက နောက်တစ်ကြိမ်ပြောင်းလဲသွားပြန်ပြီပင်။