← Chapters

ဒီလောက်ပဲလား

Vol. 14 Ch. 208

ဒီလောက်ပဲလား

Vol. 14 Ch. 208

တန်ထျန်လုံ ကိုယ့်ကိုယ်ကို တည်ငြိမ်အောင် လုပ်နိုင်ရုံမျှလုပ်နိုင်လိုက်၏။

သူ့မျက်နှာ၌ တုန်လှုပ်မှုတွေအပြည့်ပင်။

သူ့လက်သီးချက်ကို ဂျန်ဖန်းက ပုံမှန်အတိုင်းဖမ်းဆုပ်ခဲ့ပြီး သူ့ကိုအရှက်ကွဲစေလုနီးပါးပင်။

"မင်းဘာလုပ်လိုက်တာလဲ...."

ထိုအရာက ဂျန်ဖန်းခွန်အားဆိုတာ သူမယုံပေ။

ခွန်အားတိုးမြှင့်ပေးသည့် မှော်ရတနာတစ်ခုခု ကျောက်စိမ်းအဆောင်တစ်ခုခုဖြစ်ရမည်ပင်။

ဂျန်ဖန်း သူ့ကို တည်ငြိမ်စွာကြည့်နေခဲ့၏။

"မင်းဘာလို့ ဆက်မရယ်တော့တာလဲ...."

"မင်းက ရယ်ရတာကြိုက်တယ် မဟုတ်ဘူးလား...."

ထိုလှောင်ပြောင်သည့်စကားတွေက တန်ထျန်လုံကို ရှက်သွားပြီး ဒေါသလည်းထွက်သွား၏။

"မင်းအရမ်းကြီး ကိုယ့်ကိုယ်ကို အထင်ကြီးမနေနဲ့...."

"စောနက ငါ့ခွန်အားတစ်ဝက်ပဲသုံးထားတာ..."

"မင်းကံကောင်းပြီး ငါ့ကို အရူးလုပ်သွားတာ။ မင်းကိုယ်မင်း အဲ့လောက်သန်မာတယ်လို့ တကယ်ထင်နေတာလား...."

ထို့နောက် အခြေခံတည်ဆောက်ခြင်းအဆင့် ၈ စွမ်းအားအပြည့်ကို ထုတ်ဖော်ပြသလိုက်၏။

"မင်းက ဟိတ်ကြီးဟန်ကြီးလုပ်ရတာကြိုက်မှတော့ ငါ အစွမ်းကုန်သုံးပေးမယ်...."

"မင်း ဆက်ပြီး ဟိတ်ဟန်လုပ်နိုင်အုန်းမလား ကြည့်ကြတာပေါ့...."

သူက အေးစက်စွာနှာမှုတ်လိုက်၏။

သူ့ခြေထောက်တွေကို ခပ်ပြင်းပြင်းနင်းပြီး အတောင်ဖြန့်ထားသည့် လင်းယုန်ငှက်ကြီးတစ်ကောင်ကဲ့သို့ ရှေ့သို့ခုန်ထွက်လာခဲ့သည်။

သူက ဂျန်ဖန်းကို လေထဲကနေ လက်သီးဖြင့် ထိုးချလိုက်၏။

ကြည့်နေသည့်တပည့်အားလုံး သူတို့အသက်ရူသံတွေရပ်တန့်ကုန်၏။

အထူးသဖြင့် ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေပင်။ သူတို့ခေါင်းတွေကို တစ်ဖက်လှည့်ထားပြီး ကြည့်တောင် မကြည့်ရဲကြပေ။

ဂိုဏ်းသခင်တောင်ထိပ်တပည့်အားလုံး တန်ထျန်လုံ၏ခွန်အားပြည့်တိုက်ခိုက်မှုအောက်မှာ ကျရှုံးခဲ့ရ၏။

ဂျန်ဖန်းလည်း ချွင်းချက်မဟုတ်ပေ။

သူတို့စိတ်ထဲ၌ လက်သီးချက်ကြောင့် ဂျန်ဖန်းလွင့်ထွက်ပြီး သွေးအန်သွားမည်ကို ပုံဖော်ပြီးနေပြီဖြစ်သည်။

ဘုန်း!

ရုတ်တရက် မသဲမကွဲအသံတစ်ခုထွက်ပေါ်လာပြီး သူတို့စိတ်ထဲရှိ စိတ်ကူးယဥ်မြင်ကွင်း ကွဲကြေသွားခဲ့သည်။

ထို့နောက် ကွင်းပြင်ထဲကိုကြည့်လိုက်သည့်အခါ လူတိုင်းကို အံ့အားသင့်သွားစေမည့် မြင်ကွင်းတစ်ခုထွက်ပေါ်လာခဲ့သည်။

ဂျန်ဖန်း တစ်နေရာတည်းမှာပဲ မတ်တပ်ရပ်နေပြီး လက်တစ်ဖက်နောက်ပစ်ထားဆဲဖြစ်ကာ ကျန်လက်တစ်ဖက်ဖြင့် တန်ထျန်လုံ၏ခွန်အားပြည့်လက်သီးချက်ကို သာမန်အတိုင်း ဖမ်းဆုပ်ထားခဲ့သည်။

သိသိသာသာပြောင်းလဲသွားသည်မှာ....

ဂျန်ဖန်းမျက်နှာက အရင်အတိုင်း တည်ငြိမ်နေဆဲဖြစ်ပေမယ့် တန်ထျန်လုံမျက်နှာက နာကျင်မှုကြောင့် တွန့်လိမ်နေခဲ့သည်။

သူ့လက်သီးဂျန်ဖန်းလက်ထဲရောက်နေတာ ဘယ်လိုခံစားရလဲဆိုတာ ဘယ်သူမှမသိပေ။

ထိုအရာက လူတစ်ယောက်လက်ဝါးကို ထိုးလိုက်ရတာနှင့်မတူပဲ သံမဏိပြားကို ထိုးလိုက်ရတာနှင့် ပိုတူ၏။

ပြင်းထန်လှသည့်နာကျင်မှုက လက်သီးမှတဆင့် သူ့လက်မောင်းကို ပျံ့နှံ့လာခဲ့သည်။

ဂျန်ဖန်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ခွန်အားပြည့်တိုက်ခိုက်တာက ဒါပဲလား..."

ပြောပြီးသည်နှင့် အသာအယာပဲလွင့်ပစ်လိုက်၏။

လေထဲရှိတန်ထျန်းလုံ စက္ကူလေယာဥ်တစ်ခုကဲ့သို့ လွင့်ပစ်ခံလိုက်ရ၏။

မြေပြင်နှင့်အပြင်းအထန်ဆောင့်ကာ အကြိမ်များစွာ တလိမ့်ခေါက်ကွေးလိမ့်သွားပြီး နောက်ဆုံးမှာမှ ရပ်တန့်သွားခဲ့သည်။

သက်ရောက်မှုကြောင့် မာကျောသည့်ကျောက်မြေပြင်၌ အက်ကြောင်းများစွာပေါ်လာခဲ့သည်။

ထိုမြင်ကွင်းက ကြည့်နေသည့်လူအားလုံးကို နောက်တစ်ကြိမ် တုန်လှုပ်သွားစေခဲ့သည်။

ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေထဲ၌....

ဂျန်ဖန်းလွင့်ထွက်ပြီး သွေးအန်မည်ကိုစောင့်နေသည့် ဝမ်ချန်းဂျန် ရုတ်တရက် ထရပ်လိုက်ပြီး အံ့အားသင့်စွာပြောလိုက်သည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...."

တန်ထျန်လုံ၏ခွန်အားပြည့်တိုက်ခိုက်မှုကို ဂျန်ဖန်းက အသာအယာပဲ ခုခံခဲ့သည်လား....

ရလဒ်ကိုမကြည့်ရဲဖြစ်နေကြသည့် ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေလည်း အံ့အားသင့်စွာဖြင့် စိုက်ကြည့်နေခဲ့ကြသည်။

သူတို့မျက်လုံးတွေက တုန်လှုပ်မှုတွေ အပြည့်ပင်။

"ဘာဖြစ်သွားတာလဲ..."

"လွင့်ထွက်သွားတဲ့တစ်ယောက်က ဘယ်လိုလုပ်ပြီး တန်ထျန်လုံဖြစ်နေတာလဲ...."

"ဂျူနီယာညီလေးဂျန် ဘယ်လိုလုပ်လိုက်တာလဲ...."

အခြားတောင်ထိပ်မှတပည့်တွေလည်း တစ်ယောက်ပြီးတစ်ယောက် အံ့အားသင့်စွာဖြင့် အော်ဟစ်လာကြ၏။

"ငါမြင်လိုက်တာ ဟုတ်ကောဟုတ်ရဲ့လား..."

"ဂျန်ဖန်း တန်ထျန်းလုံရဲ့ ခွန်အားပြည့်တိုက်ခိုက်မှုကို ခုခံလိုက်တယ်...."

"လက်တစ်ဖက်တည်းနဲ့ ခုခံလိုက်တာလေ...."

အကြီးအကဲတွေလည်း အုတ်အုတ်ကျက်ကျက်ဖြစ်သွား၏။

ဝမ်ဟုန်ယောင် အံ့သြတုန်လှုပ်နေခဲ့သည်။

"ဒီကောင်လေးက တကယ်ပဲ ဒီလောက်အားကောင်းတာလား..."

ဂျန်ဖန်းခွန်အား အားမနည်းဘူးဟု ခန့်မှန့်ထားသည့် ကျောက်ဝူဂျိတောင် အံ့အားသင့်သွား၏။

"သေစမ်း, သူ့ရုပ်ခန္ဓာက ဒီလောက်တောင်သန်မာတယ်လား...."

"အခြေခံတည်ဆောက်ခြင်းအဆင့် ၈ ရဲ့ ခွန်အားပြည့်တိုက်ခိုက်မှုက သူ့ကို ဘာမှမလုပ်နိုင်ဘူး?...."

လီချင်ဖုန်းမျက်နှာ အတော်လေးရုပ်ဆိုးသွား၏။

"ဒီကောင်က နောက်ဆုံးအကြိမ်ကထက် ပိုအားကောင်းလာပြီပဲ...."

နောက်ဆုံးအကြိမ် ဂျန်ဖန်ရုပ်ခန္ဓာက အခြေခံတည်ဆောက်ခြင်းအဆင့် ၇ နဲ့ယွင်ကျောက်ကို ကိုင်တွယ်နိုင်ရုံသာဖြစ်သည်။

အဆင့် ၈ ကို ရင်ဆိုင်ဖို့တော့ သူ့ကျင့်ကြံရေးကို အသုံးပြုဖို့ လိုနေဆဲဖြစ်သည်။

ယခု, သူက လုံးဝကို မလိုအပ်တော့ပေ။

ခန္ဓာကိုယ်နည်းစနစ် သုံးမထားသည့် ရိုးရိုးရှင်းရှင်းလက်သီးတစ်ချက်က တိုက်ရိုက်နိုင်သွားခဲ့သည်။

သူ့နှလုံးသား ကျုံ့ဝင်သွား၏။

အထူးသဖြင့် အကြီးအကဲတွေ အံ့အားသင့်မှုကြောင့် ပင့်သက်ရှိုက်နေချိန်မှာ သူကတော့ နာကျင်သည့်အမူအရာဖြစ်နေခဲ့သည်။

သွားပြီပင်....

သူဂျန်ဖန်းကို ရင်ပြင်မှာထားခဲ့တာဟာ ယခုချိန်မှာ ဟာသကြီးတစ်ခုဖြစ်သွားပြီပင်။

မြင့်မြတ်အကြီးအကဲတွေလည်း ထပ်တူ ကယောက်ကယက်တွေဖြစ်ကုန်၏။

ကျန်းချိုရှန် အံ့သြစွာဖြင့် အော်ပြောလိုက်၏။

"လူအိုကြီးဟွမ်, မင်း... မင်းရဲ့အမြင်က အံ့သြစရာပဲ...."

"မင်းက ဒီကလေး ဒီလောက်သန်မာတဲ့ ခန္ဓသန့်စင်ပါရမီပိုင်ဆိုင်ထားတာ မြင်နိုင်ခဲ့တာပဲ...."

သို့ပေမယ့် ဟွမ်ကျန်ထျန်းထံမှ တုံ့ပြန်သံ ပြန်မလာခဲ့ပေ။

လှည့်ကြည့်လိုက်သည့်အခါ ဟွမ်းကျန်းထျန်းက သူ့ထက်တောင် ပိုအံ့အားသင့်နေခဲ့သည်။

ဂျန်ဖန်းကို အံ့အားသင့်စွာ စိုက်ကြည့်ပြီး ဆွံ့အနေခဲ့သည်။

ရှီခိုင်ထျန်းလည်း အကြီးအကျယ်တုန်လှုပ်နေခဲ့သည်။

"အစောပိုင်တုန်းက တန်ထျန်လုံအလေးအနက်မလုပ်ဘူးလို့ ပြောနိုင်သေးတယ်...."

"အခုကော... အခု အလေးအနက်မလုပ်တဲ့လူက ဂျန်ဖန်းပဲ...."

မကြာသေးခင်က ဂျန်ဖန်းရုပ်ခန္ဓာက ဤမျှလောက် မသန်မာသေးပေ။

ရက်အနည်းငယ်အတွင်းမှာပဲ သူက နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့သည်။

ဤကဲ့သို့ပါရမီရှင်တစ်ယောက်ကို သူတို့ကောင်းကင်ဓားတောင်ထိပ်က လွဲချော်ခဲ့၏။

ထိုအရာကိုတွေးပြီ....

သူက လျိုဝူချန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

တပည့်လုသည့်ရန်ငြိုးက မပြီးသေးပေ။

ကျွမ်းယွမ်ယင်လည်း ထပ်တူ တုန်လှုပ်နေပြီး သူ့အိုမင်းသည့်မျက်နှာ၌ ပျော်ရွင်မှုတွေ အပြည့်ပင်။

"ဝူချန်း, မင်းက ငါ့ကို အတော်လေး အံ့အားသင့်စေတာပဲ...."

"မင်း, ကောင်းစုတ်လေး, ဒီလိုခန္ဓာသန့်စင်ပါရမီရှင်မျိုးရှိတာ ဘာလို့ စောစောက ငါ့ကို မပြောတာလဲ....."

"မင်းကြောင့် သူ ဂိုဏ်းက ထုတ်ပယ်ခံရလုနီးပါးပဲ...."

သူမသိတာက....

ဤအချိန်၌ လျိုဝူချန်းလည်း ထပ်တူတုန်လှုပ်အံ့သြနေပြီး မေးခွန်းတွေနှင့် ပြည့်နှက်နေတာပဲဖြစ်သည်။

ထိုအရာက တကယ်ပဲ သူ၏ အသုံးမကျသည့်တပည့် ဂျန်ဖန်းလား....

တကယ်ပဲ တန်ထျန်လုံကို လက်တစ်ဖက်ဖြင့် အနိုင်ယူခဲ့သည်။

စိတ်သက်သာယာရနေသည့် ဖုန်းဂုဂျန်း ရုတ်တရက် မတ်ထပ်ထရပ်လိုက်၏။

သူက ဒေါသတကြီး အော်ပြောလိုက်သည်။

"တန်ထျန်လုံ, အလေးအနက်လုပ်စမ်း...."

"ဂျန်ဖန်းကိုရှုံးလို့ကတော့ ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ဘယ်တော့မှ ပြန်မလာနဲ့...."

ဂျန်ဖန်းက မည်သူနည်း?...

စိတ်ဝိညာဥ်အမြစ်မရှိသည့်အမှိုက်ကောင်ဖြစ်၏။

သိုင်းပညာနယ်ပယ်၌ အမှိုက်ကောင်ဟု ကျော်ကြားသူဖြစ်သည်။

တန်ထျန်လုံ အခြားဂိုဏ်းသခင်တောင်ထိပ်တပည့်ကို ရှုံးရင် လက်ခံနိုင်သေး၏။

သို့ပေမယ့် စိတ်ဝိညာဥ်အမြစ်မရှိသည့် ဂျန်ဖန်းကို ရှုံးလျှင်တော့ ဂိုဏ်းအတွင်းကောအပြင်မှာပါ ဟာသကြီးတစ်ခုဖြစ်တော့မည်ပဲဖြစ်သည်။

သူ, ဖုန်းဂုချန်း ဂရုတစိုက်ပျိုးထောင်ထားသည့် တပည့်က စိတ်ဝိညာဥ်အမြစ်မရှိသည့်တပည့်လောက်တောင် မတော်ဘူးဆိုပြီးပင်။

ဤအရာကိုတွေးမိရုံလေးနှင့်တင် သူ့ခန္ဓာကိုယ်တစ်ခုလုံး အပ်ပေါင်းများစွာဖြင့် ထိုးခံရသလို ခံစားလိုက်ရသည်။

တန်ထျန်လုံအလျှင်အမြန်ပဲ နာကျင်နေသည့်သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာ ခက်ခက်ခဲခဲ မတ်တပ်ထရပ်လာခဲ့သည်။

သူက ဂျန်ဖန်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေခဲ့သည်။

"မင်း... မင်း ဘယ်လိုလုပ်လိုက်တာလဲ...."

သူ ဂျန်ဖန်းကို ရှုံးသွားတာ ခုချိန်ထိ မယုံနိုင်သေးပေ။

ထိုအရာက မဖြစ်နိုင်ပေ။

မဖြစ်နိုင်ပေ....

ဂျန်ဖန်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဒါနဲ့ဆို လှုပ်ရှားမှုနှစ်ခုရှိသွားပြီနော်...."

"မင်းမှာရှိတာ ဒါအကုန်ပဲလား...."

"အစောပိုင်း ငါ့ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေကို မင်းပြခဲ့တဲ့ ကြမ်းတမ်းမှုတွေ ထုတ်ပြလာစမ်းပါ...."

ဂိုဏ်းတစ်ခုလုံးရှေ့၌ အမှိုက်ကောင်ဟုနာမည်ကြီးသည့်လူက စော်ကားတာ ခံရသဖြင့် တန်ထျန်လုံ အတော်လေး စော်ကားသလို ခံစားလိုက်ရ၏။

မယုံနိုင်ဖြစ်နေ၏။

"မင်း မောက်မာလွန်းနေပြီ...."

တန်ထျန်လုံ ဟိန်းဟောက်လိုက်ပြီး သူ၏စိတ်ဝိညာဥ်စွမ်းအင်အားလုံး စုစည်းလိုက်၏။

သူက ပိုပြီးအားကောင်းသည့် မပြည့်စုံသည့်လက်ချောင်းသိုင်းကို ထုတ်ဖော်လိုက်၏။

ထိုအရာက ကျောက်နံရံမှ နားလည်ထားသည့်အရာပင်။

မယုံနိုင်လောက်အောင် အားကောင်းလှ၏။

တစ်ခါက ဖုန်းဂုချန်း ထိုသိုင်းပညာကို သိမ်မွေ့အဆင့်မြင့်တွေထဲမှာတောင် ထိပ်တန်းအဆင့်ဟု မှတ်ချက်ပေးခဲ့သည်။

သူ၏ အခြေခံတည်ဆောက်ခြင်းအဆင့် ၈ နှင့် အဆင့် ၉ ကျင့်ကြံသူကိုတောင် အနိုင်ယူနိုင်၏။

ထိုအရာကို မူလတုန်းက ဝှက်ဖဲအဖြစ်သုံးဖို့ ရည်ရွယ်ထားခဲ့တာဖြစ်သည်။

ယခု, ရွေးချယ်စရာမရှိတော့ပဲ အစောကြီး ထုတ်ပြလာရပြီပင်။

"ခွေးမသား, ငါမင်းကို သင်ခန်းစာပေးပြမယ်..."

"သေစမ်း...."

သူက နောက်ထပ် ဘာမှ ဂရုမစိုက်တော့ပေ။

ဂျန်ဖန်းကိုသာ အမှောက်သိပ်ချင်ပြီး အစောပိုင်းအစော်ကားခံရတာကို ဆေးကြေပစ်ချင်နေခဲ့သည်။

ဂျန်ဖန်း အနည်းငယ်ခေါင်းညိတ်လိုက်၏။

"အခုမှ နည်းနည်းပိုတူလာတာ...."

"ဒါဆို ငါလည်း နည်းနည်းပိုပြီး အလေးအနက်လုပ်ရတာပေါ့...."

"ကောင်းကင်တိုက်ပွဲပုံစံကိုးမျိုး, ကောင်းကင်ဖွင့်လှစ်ခြင်း...."

သူက ရှေ့ကိုအလျှင်အမြန် ပြေးထွက်လာပြီး လက်ဦးမှုယူလိုက်၏။

သူ့လက်သီးတွေက ပင်လယ်ထဲမှထွက်လာသည့် မိုးပြာနဂါးကဲ့သို့ဖြစ်နေပြီး ကောင်းကင်ကိုတောင်ခွဲထုတ်နိုင်သည့် အားဖြင့် ကြမ်းတမ်းစွာထိုးချလိုက်သည်။

All Chapters