← Chapters

မင်းကလည်းငါ့ကိုအကဲဖြတ်ဖို့အရည်အချင်းရှိတာပဲလား

Vol. 14 Ch. 209

မင်းကလည်းငါ့ကိုအကဲဖြတ်ဖို့အရည်အချင်းရှိတာပဲလား

Vol. 14 Ch. 209

ထိုအရာက ဂျန်ဖန်း တိုက်ပွဲကွင်းပြင်၌ ပထမဆုံးအကြိမ် ဦးစွာတိုက်ခိုက်လိုက်ခြင်းဖြစ်သည်။

ထို့ပြင် သူနှင့် တန်ထျန်လုံကြားရှိ ပထမဆုံး တိုက်ခိုက်မှုလည်းဖြစ်သည်။

ထိုအရာက ဂိုဏ်းသခင်တောင်ထိပ်နှင့် ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကြား တိုက်ပွဲကိုလည်း ကိုယ်စားပြု၏။

ထိုတိုက်ခိုက်မှုက များစွာသောအာရုံစိုက်မှုတွေကို ဆွဲဆောင်နေခဲ့သည်။

တန်ထျန်လုံခုချိန်ထိ ခွန်အားကုန်မသုံးသေးဘူးလား...

ဒါမှမဟုတ် ဂျန်ဖန်းခန္ဓာကိုယ်နည်းစနစ်ကပဲ အားကောင်းသည်လား....

စတာတွေကို လူတိုင်းသိချင်ကြ၏။

ဘန်း!

နားအူမတတ်ပေါက်ကွဲသံက ချက်ချင်းပဲ ကွင်ပြင်တစ်လျှောက်ပျံ့နှံ့သွားခဲ့သည်။

လူတိုင်းစောင့်ကြည့်နေပြီး သူတို့မျက်ခွံ့တွေ ကျုံ့နေခဲ့ကြ၏။

ဂျန်ဖန်း၏လက်သီးက သံမဏိကဲ့သို့ဖြစ်နေပြီး လာနေသည့်တန်ထျန်လုံလက်ချောင်းကို အသာအယာပဲ ချိုးပစ်လိုက်သည်။

ထိုအရာက ထက်ရှသည့်လက်ချောင်းသိုင်းဟုထင်ရပေမယ့် ဂျန်ဖန်းလက်သီးရှေ့၌ စက္ကူတစ်ရွက်နှင့်မခြားနားပေ။

ထို့ပြင် ဂျန်ဖန်းလက်သီးက အရှိန်အဟုန် လျော့ကျမသွားပဲ တန်ထျန်လုံရင်ဘတ်ကို ထိုးချလိုက်၏။

ခရက်! ခရက်! ခရက်!

ကျယ်လောင်သည့်အရိုးကျိုးသံတွေ တစ်သံပြီးတစ်သံ ကွင်းထဲကို ပျံ့နှံ့သွားခဲ့သည်။

နောက်ဆုံး လက်သီးချက် သူ့ရင်ဘတ်ပေါ်အလုံစုံကျသွားသည့်အချိန်၌....

တန်ထျန်လုံ တောင်တစ်လုံးနှင့်ထုခံလိုက်ရသကဲ့သို့ လွင့်ပျံသွားခဲ့သည်။

သူက ၇ဇန်၊ ၈ ဇန် အဝေးလောက်ထိပျံသန်းသွားပြီး ဖုန်းဂုချန်းခြေထောက်နားမှာ ပြုတ်ကျသွားသည်။

ဖူး!

တန်ထျန်လုံ နောက်ထပ်ထိန်းမထားနိုင်တော့ပဲ ပါးစပ်အပြည့်သွေးအန်လိုက်ရကာ ဖုန်းဂုချန်းတစ်ကိုယ်လုံး ပေကျံသွားခဲ့သည်။

ထိုတိုက်ခိုက်မှုကြောင့် တန်ထျန်လုံ ဒဏ်ရာအပြင်းအထန်ရသွားပြီပင်။

ကွင်းပြင်တစ်ခုလုံး တိတ်ဆိတ်နေခဲ့၏။

ဤအခိုက်အတန့်၌ ဂျန်ဖန်းကိုကြည့်နေပြီး စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုပြီး ဘယ်သူမှ အထင်မသေးရဲကြတော့ပေ။

သိုင်းပညာနယ်ပယ်၌ ခွန်အားကသာ ဘုရင်ဖြစ်သည်။

အခြေခံတည်ဆောက်ခြင်းအဆင့် ၈ တန်ထျန်လုံကို လက်သီးတစ်ချက်တည်းဖြင့် ဒဏ်ရာအပြင်းအထန်ရစေခြင်းက သိသာလှသည့်အချက်ပင်။

ဂျန်ဖန်း သူ့လက်သီးကိုပြန်ရုတ်လိုက်၏။

အသက်ရူသံနှင့် မျက်နှာကတည်ငြိမ်နေပြီး ထူးမခြားနားစွာပြောလိုက်သည်။

"သုံးကွက်တောင် မခံနိုင်ဘူး...."

"အကဲဖြတ်မှုရလဒ်... ကျရှုံး...."

လူတိုင်းပါးစပ်တွေ တွန့်လိမ်သွား၏။

တန်ထျန်လုံတစ်ချိန်လုံး ဂျန်ဖန်းကို စမ်းသပ်မှုကျရှုံးအောင်လုပ်မည်ဟု ကြွေးကျော်နေခဲ့တာဖြစ်သည်။

ရလဒ်ကတော့ လုံးဝကို ဆန့်ကျင်ဘက်ပင်။

ဂျန်ဖန်းလက်ထဲ၌ သူက တစ်ကွက်တောင် မကျော်ဖြတ်နိုင်ခဲ့ပေ။

အရည်မပြည့်မှီသည့်တစ်ယောက်က သူသာဖြစ်နေခဲ့သည်။

တပည့်တွေ အံသြတုန်လှုပ်မှုကြောင့် မလှုပ်မယက်ဖြစ်သွားကြသည်။

အကြီးတွေလည်း တိတ်ဆိတ်နေကြ၏။

မြင့်မြတ်အကြီးအကဲတွေတောင် ထူးဆန်းစွာဖြင့် တိတ်ဆိတ်နေခဲ့သည်။

အရင်က အကဲဖြတ်မှု၌ အားကောင်းသည့်လူတွေ ထွက်ပေါ်လာဖူး၏။

သို့ပေမယ့် ဂျန်ဖန်းလို မကောင်းဆိုးဝါးဆန်သည့်လူကတော့ ပထမဆုံးပဲဖြစ်သည်။

လျိုဝူချန်းတစ်ခဏကြောင်အနေပြီး အသိပြန်ဝင်လာခဲ့သည်။

သူမျက်လုံးတွေက စိတ်လှုပ်ရှားမှု၊ ဂုဏ်ယူမှု၊ ပျော်ရွင်မှုတွေနှင့် ပြည့်နှက်နေခဲ့သည်။

တန်ထျန်လုံဒဏ်ရာရသွားတာက အကဲဖြတ်သူအသစ်တစ်ယောက် ပေါ်လာတာကို ဆိုလိုနေ၏။

ဂိုဏ်းချုပ်တစ်ယောက်အနေဖြင့် သူက ချက်ချင်းပြောလိုက်သည်။

"တန်ထျန်လုံ ဒဏ်ရာရသွားပြီ။ အကဲဖြတ်မှုကို ဆက်မလုပ်နိုင်တော့ဘူး...."

"ဂျန်ဖန်းရဲ့ထူးချွန်တဲ့ခွန်အားကြောင့် အကဲဖြတ်သူအသစ်အဖြစ်ခန့်အပ်ပြီး စမ်းသပ်မှုကို ဆက်ကျင်းပမယ်...."

ကွင်းပြင်ထဲရှိတပည့်တွေ ဖော်ပြမရနိုင်လောက်သည့် ရယ်စရာကောင်းမှုကို ခံစားလိုက်ရသည်။

သမိုင်းတစ်လျှောက်၌ အကဲဖြတ်မှုပါဝင်သည့်တပည့်က ကိုယ်တိုင်အကဲဖြတ်သူဖြစ်တာ တစ်ခါမှ မရှိခဲ့ဖူးပေ။

"လက်မခံနိုင်စရာပဲ...."

ဖုန်းဂုချန်း ဒေါသတကြီးထရပ်ပြီး အော်ပြောလိုက်သည်။

"ဂျန်ဖန်းက ရည်ရွယ်ချက်ရှိရှိ ဒဏ်ရာရအောင်လုပ်ခဲ့တာ။ အပြစ်မပေးတာတောင် သဘောထားကြီးနေပြီ...."

"ဒါကို မင်းက အကဲဖြတ်သူအဖြစ်ခန့်အပ်ချင်သေးတာလား...."

သူ၏ ဂုဏ်အယူရဆုံးတပည့်က အကြီးအကျယ်မျက်နှာပျက်ပြီးနေပြီပဲဖြစ်သည်။

သူသာ ဂိုဏ်းသခင်တောင်ထိပ်ကို ဆက်မဖိနှိပ်ဘူးဆိုလျှင် ပြန်လည်မွေးဖွားခြင်းတောင်ထိပ် ဘယ်လိုလုပ် ယှဥ်နိုင်တော့မည်နည်း။

လျိုဝူချန်း ထူးမခြားနားစွာပြောလိုက်သည်။

"ဒါ ဂိုဏ်းချုပ်တစ်ယောက်ရဲ့အမိန့်ပဲ။ မင်းနဲ့ဆွေးနွေးနေတာမဟုတ်ဘူး...."

"ဒါပေါ့, မင်း ဂျန်ဖန်းထက်သင့်တော်တဲ့တပည့်ရှာနိုင်ရင် အားမနာပါနဲ့၊ ခေါ်ထုတ်ခဲ့ပါ...."

ဖုန်းဂုချန်း တစ်ခဏ ဆွံ့အသွား၏။

သူ့၌ စီနီယာတပည့်တစ်ယောက်ရှိ၏။ သို့ပေမယ့် ခရီးက ပြန်မလာသေးပေ။

အခြားတပည့်တွေကလည်း ဂျန်ဖန်းပြိုင်ဘက်မဟုတ်ကြပေ။

သူက ချက်ချင်းပဲ မြင့်မြတ်အကြီးအကဲတွေဘက်လှည့်ပြီး တိုင်တန်းလိုက်၏။

"မြင့်မြတ်အကြီးအကဲတို့, ဂိုဏ်းချုပ်လျိုကိုကြည့်ပါအုန်း၊ သူက အမြဲတမ်း ဒီလိုပဲ ကျွန်တော့်ရဲ့ပြန်လည်မွေးဖွားခြင်းတောင်ထိပ်ကို ဖိနှိပ်နေတာ..."

"အကြီးအကဲတို့ ကျွန်တော့်အတွက် ဆုံးဖြတ်ပေးဖို့ မျှော်လင့်ပါတယ်...."

ထိုအရာကိုကြားသည့်အခါ....

မြင့်မြတ်အကြီးအကဲအနည်းငယ် ကျိန်ဆဲလုနီးပါးဖြစ်သွား၏။

ထိုကောင်က ဘယ်လိုတောင်အရှက်ကင်းမဲ့ရသနည်း။

တန်ထျန်လုံ ဂိုဏ်းသခင်တောင်ထိပ်တပည့်တွေကို အညာတာမဲ့စွာဖိနှိပ်ချိန်က သူတို့မျက်စိကန်းပြီး မမြင်ဘူးများထင်နေသည်လား....

ယခု သူ့တပည့်သင်ခန်းစာပေးခံရကာမှ အခြေအနေကို ပြောင်းပြန်လှန်နေခဲ့သည်။

မြင့်မြတ်အကြီးအကဲအနည်းငယ် ဂျန်ဖန်းကို သဘောကျတာ ထည့်မပြောလိုသေးပေ။

သူတို့ဂျန်ဖန်းကို မသိလျှင်တောင် ဖုန်းဂုချန်းကို မကောင်းမှုလုပ်ဖို့ ကူညီမည်မဟုတ်ပေ။

ဟွမ်ကျန်းထျန် ထူးမခြားနားစွာ ပြောလိုက်သည်။

"ဂိုဏ်းအတွင်းရေးဆိုမှတော့ ငါတို့မြင့်မြတ်အကြီးအကဲတွေ ဝင်မပါချင်ဘူး...."

ထိုစကားတစ်ခွန်းနှင့် ဖုန်းဂုချန်း ပြန်ခံလိုက်ရသည်။

လျိုဝူချန်း အတော်လေး ကျေနပ်နေ၏။

မင်းဆိုတဲ့လူအိုကြီး, နောက်ဆုံးမှာတော့ ငါခံစားခဲ့ရတဲ့ အကူအညီမဲ့မှုကို ခံစားဖူးသွားပြီးပေါ့....

သူက အေးအေးဆေးဆေးပြောလိုက်သည်။

"တပည့်အဆင့်သတ်မှတ်ခြင်း ဆက်ကျင်းပမယ်...."

ဖုန်းဂုချန်း အံကြိတ်ပြီး ဂျန်ဖန်းကို စူးရှစွာ စိုက်ကြည့်လိုက်သည်။

သူနှင့် ဂျန်ဖန်း ရန်ငြိုးကကြီးထွားလာပြီပင်။

ဂျန်ဖန်း ဂရုမစိုက်ပေ။

အကဲဖြတ်သူအနေဖြင့် သူက တပည့်တွေကို အကဲဖြတ်ဖို့ စတင်မဲနှိုက်လိုက်၏။

တပည့်တွေ ကြောက်ရွံ့သွားကြ၏။

ဂျန်ဖန်း၏ ကြောက်စရာရုပ်ခွန်အားကို မြင်ဖူးသည်ဖြစ်၍ သူတို့ဦးနှောက်တွေ ထွက်သွားသည်အထိ အထိုးခံရမှာကြောက်ကြ၏။

မမျှော်လင့်စွာပဲ ဂျန်ဖန်းက တပည့်တွေကို ညင်သာစွာဆက်ဆံပြီး ရပ်သင်သည့်အချိန်မှာရပ်၏။

သူက သူတို့၏ ကျင့်ကြံရေး၊ နည်းစနစ်၊ တိုက်ပွဲအတွေ့အကြုံ စတာတွေကို အဓိကထားပြီး စစ်ဆေး၏။

လုံးဝထိခိုက်ဒဏ်ရာရအောင် မလုပ်ပေ။

အဓိကက တပည့်အားလုံးကို တန်းတူဆက်ဆံခြင်းပင်။

ဤအရာကြောင် တပည့်အားလုံးဆီမှ တစ်ညီတစ်ညွတ်တည်းချီးကျူးမှုကို ရရှိခဲ့၏။

ထိုအရာက ဂိုဏ်းသခင်တောင်ထိပ်သို့လည်း ကောင်းမွန်သည့်ဂုဏ်သတင်းကို ယူဆောင်လာခဲ့သည်။

"အမှန်တိုင်းပြောရရင်, ငါတို့တိမ်စိမ်းဂိုဏ်းက ဂိုဏ်းသခင်တောင်ထိပ်အပေါ် မှီခိုနေရတုန်းပဲ...."

"ဟုတ်တယ်, တပည့်အကဲဖြတ်မှုကို ပြန်လည်မွေးဖွားခြင်းတောင်ထိပ်က ယူလိုက်ရင် ပြဿနာတွေအများကြီး ပေါ်လာတယ်...."

"အနာဂတ်တပည့်အကဲဖြတ်တာဝန်ကို ဂိုဏ်းသခင်တောင်ထိပ်ပဲ ယူလိုက်တာပိုကောင်းတယ်။ ဒါဆို ဘာမမျှတမှုမှ ဖြစ်လာတော့မှာမဟုတ်ဘူး....."

.....

လျိုဝူချန်း နားထောင်နေပြီး အပြုံးပန်းတွေ ဝေနေခဲ့သည်။

သူ ဂျန်ဖန်းကိုကြည့်လေလေ, ပိုပြီး နှစ်သက်လာလေလေပင်။

"ဒီကောင်လေး..., သူသာ ဒီလိုမျိုး စောစောလုပ်ဆောင်ပြခဲ့ရင် ငါ သူ့ကို ဒီလောက်သဘောမကျခဲ့မှာမဟုတ်ဘူး...."

သူက ကလေးတစ်ယောက်လို ရယ်လိုက်၏။

သို့ပေမယ့် ရုတ်တရက်....

သန်မာသည့်အော်ရာတစ်ခုက သူ့အပေါ်ကျရောက်လာပြီး တစ်ကိုယ်လုံးတုန်ယင်သွားခဲ့သည်။

လှည့်ကြည့်လိုက်သည့်အခါ ရှီခိုင်ထျန်း ဒေါသတကြီးလျှောက်လာတာကို မြင်လိုက်ရသည်။

သူ့ကော်လံကို ဆွဲပြီး ပြောလိုက်သည်။

"မင်း ကောင်လေး, သတ္တိတော်တော်ကောင်းတာပဲ....."

လျိုဝူချန်း ရုတ်တရက် ထိတ်လန့်သွားပြီး အလျှင်အမြန်ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲရှီ, ကျေးဇူးပြုပြီး စိတ်အေးအေးထား ပြောပါ..."

ကျွမ်းယွမ်ယင် အလျှင်အမြန်ပဲ ပြောလိုက်သည်။

"ခိုင်ထျန်း, ဝူချန်း မင်းကို ဘယ်လိုအပြစ်လုပ်မိလို့လဲ...."

ရှီခိုင်ထျန်း ပြောဖို့ ခက်နေခဲ့သည်။

သူက ဒေါသတကြီးပြောလိုက်သည်။

"ဒီဂျန်ဖန်းက နဂိုတုန်းက ငါ့ကောင်းကင်ဓားတောင်ထိပ်ခေါ်လာတဲ့တပည့်ပဲ..."

"ငါ့တပည့်ကအမှားလုပ်ပြီး ရင်ပြင်မှာထားခဲ့တာ...."

"ရလဒ်အနေနဲ့တော့, ဒီကောင်လျိုဝူချန်းက သူ့ပါရမီကိုမြင်ပြီး ခေါ်သွားတယ်လေ...."

အာ?...

ထိုကဲ့သို့ကိစ္စမျိုးရှိသည်လား....

မြင့်မြတ်အကြီးအကဲအနည်းငယ် ချက်ချင်းပဲ အချက်အလက်တွေသိရဖို့ နားစွင့်လိုက်ကြ၏။

ဇာတ်လမ်းတစ်ပုဒ်လုံးကို သိချင်နေကြ၏။

သူတို့က လီချင်ဖုန်းကို အံ့အားသင့်စွာဖြင့် ကြည့်နေခဲ့သည်။

ထို ကောင်းကင်ဆန့်ကျင်သည့် ခန္ဓာသန့်စင်ပါရမီရှင်ကို မြက်ပင်ကဲ့သို့ ရင်ပြင်မှာပစ်ထားခဲ့သည်?....

အဆုံးမှာ လျိုဝူချန်းက အကျိုးအမြတ်ရသွားခဲ့သည်။

ရှီခိုင်ထျန်း အလွန်ဒေါသထွက်နေတာ မအံ့သြတော့ပေ။

ထိုအရာက ရိုးစင်းစွာပဲ ကောင်းကင်ဓားတောင်ထိပ်အတွက် အရှက်ရမှုတစ်ခုပဲဖြစ်သည်။

အခြားအကြီးအကဲတွေလည်း ရုတ်တရက် နားလည်းသွားကြ၏။

အထူးသဖြင့် ထိုအချိန်က ဂျန်ဖန်းကို တပည့်အဖြစ်ခေါ်ယူဖို့ စဥ်းစားခဲ့ကြသည့်အကြီးအကဲတွေပင်။ သို့ပေမယ့် လီချင်ဖုန်းပြောသည့် စိတ်ဝိညာဥ်အမြစ်မရှိဘူးဆိုသည့်အချက်ကြောင့် လက်လျော့သွားခဲ့ကြသည်။

တစ်ယောက်ချင်းစီက လီချင်ဖုန်းကို အံကြိတ်ပြီး ကြည့်လိုက်ကြ၏။

ထိုကောင်က သူတို့ကို ဤကဲ့သို့ပါရမီရှင်အား လွဲချော်သွားအောင်ပြုလုပ်ခဲ့၏။

ကျန်းချိုရွမ် မနာလိုမှုမရှိပဲ မကြည်မသာဖြင့်ပြောလိုက်သည်။

"လျိုဝူချန်း, မင်းက အပိုင်းအစတွေကောက်တဲ့နေရာမှာ ဆရာကြီးပဲ...."

"တခြားလူတွေမလိုချင်တဲ့တပည့်တစ်ယောက်ကို မင်းကတော့အကြည့်တစ်ချက်နဲ့ မျိုးစေ့ကောင်းမှန်းတန်းသိတယ်..."

ဟွမ်ကျန်းထျန် စိတ်တိုစွာ ဝင်ပြောလိုက်သည်။

"ငါ့တပည့် ဝူကျိလည်း ဂျန်ဖန်းကို တပည့်အဖြစ်ခေါ်ချင်ခဲ့တာပဲ...."

"ဒါပေမယ့် လျိုဝူချန်း ကြားဝင်ပြီး လုသွားတယ်လေ...."

"လျိုဝူချန်း, မင်းကို အဲ့လောက်အကြံကြီးလိမ့်မယ်လို့ထင်မထားဘူး။ အမြဲတမ်းဘာကိုမှဂရုမစိုက်သလိုနဲ့ အတော်ဉာဏ်နီဉာဏ်နက်များတဲ့ကောင်...."

ရှီခိုင်ထျန်း လျိုဝူချန်းကိုလွတ်ပေးပြီး ပြောလိုက်၏။

"ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ မင်းအရည်အချင်းက အရမ်းကြီးမမြင့်ဘူး။ ဒါပေမယ့် တပည့်လုတဲ့နေရာမှာတော့ အတော်ဆုံးပဲ...."

ထိုအပြစ်တင်သလိုထင်ရသည့် ချီမွမ်းမှုတွေကိုကြားပြီး ကျွမ်းယွမ်ယင် ဂုဏ်ယူစွာဖြင့် သူ့လက်မောင်းကို လျိုဝူချန်းလည်ပင်းပေါ်တင်လိုက်၏။

"တပည့်ကောင်းလေး, မင်းက မင်းဆရာကို အတော်လေး ကျေနပ်စေတယ်...."

"အဲ့တုန်းက မင်းကို ဂိုဏ်းချုပ်အဖြစ်ခန့်ခဲ့တာ ငါ့ရဲ့ဉာဏ်အရှိဆုံး ဆုံးဖြတ်ချက်ပဲ...."

ဤကဲ့သို့အသက်အရွယ်၌...

မြင့်မြတ်အကြီးအကဲတွေကြား ကျော်ကြားတာထက် ဘယ်အရာကများ ပိုအကျိုးရှိမည်နည်း။

လျိုဝူချန်း အပြစ်ရှိသလိုခံစားလိုက်ရပြီး ခေါင်းသာညိတ်နေလိုက်သည်။

သူက သူ့နဖူးပေါ်ရှိ ချွေးအေးတွေကို အမှုမဲ့အမှတ်မဲ့သုတ်လိုက်၏။

သူက ဂျန်ဖန်းကို ခန္ဓာသန့်စင်ပါရမီရှင်တစ်ယောက်လို့ မသိပေ။

သူ့သမီးဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက်သာ တွန့်ဆုတ်စွာဖြင့်လက်ခံခဲ့ရတာဖြစ်သည်။

မမျှော်လင့်စွာပဲ ခန္ဓာသန့်စင်ပါရမီရှင် တစ်ယောက်ဖြစ်နေခဲ့သည်။

ထိုအရာကိုတွေးမိပြီး သူက လှမ်းခေါ်လိုက်သည်။

"ဂျန်ဖန်း, ဒီကိုလာအုန်း...."

ဂျန်ဖန်း အလျှင်အမြန်ချည်းကပ်လာပြီး အရိုအသေပေးလိုက်သည်။

"တပည့်ဂျန်ဖန်း, ဆရာနဲ့ မြင့်မြတ်အကြီးအကဲအားလုံးကို အရိုအသေပေးပါတယ်...."

လျိုဝူချန်း သူ့ပခုံးကိုပုတ်လိုက်ပြီး ရှိနေသည့်မြင့်မြတ်အကြီးအကဲတွေကို ပြောလိုက်သည်။

"မြင့်မြတ်အကြီးအကဲတို့, ကျွန်တော့်မှာ အကြီးအကဲတို့ကို ကြေညာစရာတစ်ခုရှိပါတယ်...."

"တကယ်တော့ ဂျန်ဖန်းက ကျွန်တော့်တပည့်တင်မဟုတ်ပါဘူး...."

"သူ့မှာ နောက်ထပ် အထောက်အထားတစ်ခုရှိပါသေးတယ်...."

All Chapters