← Chapters

မဟာအိပ်မက်ကောင်းကင်ဘုံအရှင်

Vol. 108 Ch. 1516

မဟာအိပ်မက်ကောင်းကင်ဘုံအရှင်

Vol. 108 Ch. 1516

အခန်း (၁၅၁၆) မဟာအိပ်မက်ကောင်းကင်ဘုံအရှင်

ပတ္တမြားတံခွန်ဗုဒ္ဓရှေ့တွင်ရှိနသည့် တာအိုဆရာက မည်သည့်အရာကိုမှ ဖုံးကွယ်မထားဘဲ ပြောပြလိုက်သည်။

“ကိုးဝိညာဉ်မဟာသူတော်စင်ဆီက လူသားအမြုတေကျောက်တုံးက အရှေ့စွန်းထွန်းတောက်ဧကရာဇ်ရဲ့ လက်ထဲမှာ ရှိမနေပါဘူး ၊ အစကတည်းက ကိုးဝိညာဉ်မဟာသူတော်စင်ရဲ့ လက်ထဲမှာပဲ ရှိနေခဲ့တာပါ ၊ ပြီးတော့ အရှေ့ဧကရာဇ်လက်ထဲကိုလည်း ရောက်မသွားခဲ့ဘူး”

ပတ္တမြားတံခွန်ဗုဒ္ဓက...

“ဒါဖြင့် ကိုးဝိညာဉ်မဟာသူတော်စင်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ဘာတွေများသိထားသေးလဲ ဗုံခရာ ကောင်းကင်ဘုံအရှင်”

ဗုံခရာကောင်းကင်ဘုံအရှင်ဆိုသည့် တာအိုဆရာက...

“သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေတော့ ကျုပ်တို့မှာ ဘာမှမရှိပါဘူး ၊ ဒါပေမဲ့ သူက နတ်မိစ္ဆာမျိုးနွယ်တွေနေထိုင်တဲ့ ချန်စန်းရှင်းဟိုင်မှာ ရှိနေနိုင်တယ်”

ပတ္တမြားတံခွန်ဗုဒ္ဓက ခံစားချက်ကင်းမဲ့သည့်မျက်နှာထားဖြင့်...

“ကိုးဝိညာဉ်မဟာသူ‌တော်စင် အသက်ရှင်နေသေးပြီး ချန်စန်းရှင်းဟိုင်ကို ရောက်သွားတယ်ဆိုရင် လူသားအမြုတေကျောက်တုံးအပိုင်းအစတွေက နတ်မိစ္ဆာမျိုးနွယ်တွေလက်ထဲကို ရောက်သွားမှာပေါ့”

ဗုံခရာကောင်းကင်ဘုံအရှင်က...

“ရလဒ်တွေကတော့ အမျိုးမျိုး ကွဲပြားနိုင်ပါတယ် ၊ ဘာလို့လဲဆိုတော့ မဟာကပ်ဘေးကြီးက အခြေအနေကို အရမ်းရှုပ်ထွေးသွားအောင် လုပ်ခဲ့တာကိုး...”

ပတ္တမြားတံခွန်ဗုဒ္ဓက ခေါင်းငုံ့လိုက်ပြီး...

“ဒီလိုဆိုရင်တော့ ကျုပ်တို့ရထားတဲ့ သတင်းအချက်အလက်အသစ်ကို လျစ်လျူရှုထားလို့ မရနိုင်သေးဘူး”

သူက ဆက်ပြောလိုက်သည်။

“ထိုက်ယီနိဗ္ဗာနကောင်းကင်ဘုံအရှင်ရဲ့ သဲလွန်စသာ ရမယ်ဆိုရင် ကျုပ်တို့တွေ ကိုးဝိညာဉ်မဟာသူတော်စင်ကို ခြေရာခံနိုင်မှာပဲ ၊ ဒါဆို လူသားအမြုတေကျောက်တုံးအပိုင်းအစ ရှိတဲ့နေရာကိုပါ ရှာဖွေနိုင်လိမ့်မယ်”

ဗုံခရာကောင်းကင်ဘုံအရှင်က တည်ကြည်လေးနက်သည့်မျက်နှာထားဖြင့်...

“ကျုပ်တို့လည်း အဲဒီလိုတွေးထားပါတယ် ၊ အခုဆိုရင် အမတခုံရုံးက လူအချို့လည်း သူ့ကိုရှာဖွေဖို့ ထွက်ခွာသွားပါပြီ”

သူက ဆက်ပြောလိုက်သည်။

“လူသားအမြုတေကျောက်တုံးအပိုင်းအစ ဘယ်လောက်အရေးပါလဲဆိုတာ ပြောနေစရာတောင် မလိုပါဘူး ၊ အဖြူရောင်ကြာပန်းသုခဘုံက အယုတ်တမာတွေကလည်း အဲဒါကိုလိုချင်နေကြတယ်လေ”

“ဒါပေမဲ့ သူတို့က ပြဿနာသိပ်မရှိဘူး ၊ ပြဿနာရှိတာက ချန်စန်းရှင်းဟိုင်ပဲ...”

သူက အမတခုံရုံးမှ ကောင်းကင်နတ်ဘုရားအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်လေရာ အသိပညာ အလွန်ကျယ်ပြန့်သည်။

သူက သူလျှောက်လှမ်းသည့်လမ်းကြောင်းကို သံသယမရှိသော်လည်း အမတခုံရုံး၏အင်အားက အနောက်ဘက်သူတော်စင်ဘုံနှင့် နတ်မိစ္ဆာမျိုးနွယ်များထက် အားနည်းကြောင်း နားလည်ထားသည်ပင်။

သူတို့တစ်ဦးချင်းစီက ကိုယ်ပိုင်အတွေးအခေါ်များကို ဆုပ်ကိုင်ထားကြသည်။

ဗုံခရာကောင်းကင်ဘုံအရှင်က တစ်ချက်စဉ်းစားလိုက်ရင်း...

“ချန်စန်းရှင်းဟိုင်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်ပြီး ဒီသတင်းအချက်အလက်က ကိုးဝိညာဉ်မဟာသူတော်စင်ကို ဖမ်းဆီးနိုင်မလားဆိုတာ ကြည့်ရမယ် ၊ ဒါက လူသားအမြုတေကျောက်တုံး သူတို့လက်ထဲ ရောက်နေပြီလား မရောက်သေးဘူးလားဆိုတာ အတည်ပြုဖို့ အချိန်ကောင်းပဲ”

ပတ္တမြားတံခွန်ဗုဒ္ဓက အနည်းငယ် ပြုံးလိုက်သည်။

ဗုံခရာကောင်းကင်ဘုံအရှင်က ချန်စန်းရှင်းဟိုင်တွင် ဖြစ်ပေါ်နေသည့်ပြဿနာများကို အနောက်ဘက်သူတော်စင်ဘုံက ကူညီဖြေရှင်းပေးစေလိုကြောင်း သူ သဘောပေါက်သည်ပင်။

အခြေအနေများက အမြဲတမ်း ဤအတိုင်းပင် ဖြစ်၏။

ပတ္တမြားတံခွန်ဗုဒ္ဓက ဤအကြံပြုချက်ကြောင့် စိတ်အနှောင့်အယှက် မဖြစ်ခဲ့ပေ။

အမတခုံရုံးသို့ သတင်းအချက်အလက် စုဆောင်းရန် ရောက်လာကတည်းက သူ့အနေဖြင့် တိုက်ပွဲတွင်ပါဝင်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။

လိုအပ်မည်ဆိုလျှင် မငြိမ်းသောမီးအိမ်ရှေးဟောင်းဗုဒ္ဓက အနောက်ဘက်သူတော်စင်ဘုံမှ အခြားဗုဒ္ဓများကို စေလွှတ်မည်ဖြစ်သည်။

သို့သော် ပတ္တမြားတံခွန်ဗုဒ္ဓက ချက်ချင်းပြန်မဖြေသေးဘဲ မေးခွန်းထုတ်လိုက်သည်။

“တာအိုဆရာဝမ်ကရော ဘာလုပ်ဖို့စီစဉ်ထားလဲဆိုတာ သိချင်ပါတယ်”

ခဏမျှတိတ်ဆိတ်သွားပြီးမှ ဗုံခရာကောင်းကင်ဘုံအရှင်က...

“တာအိုဆရာဝမ်ကတော့ လှုပ်ရှားဖို့ ရည်ရွယ်ချက် မရှိဘူး”

ထိုအချိန် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

“မင်းတို့တွေ ဒီလောက်အများကြီး လူတွေလွှတ်ထားကြတာ ၊ မင်းတို့ ပျော်ပွဲရွှင်ပွဲကို ငါ ဝင်မနှောက်ယှက်တော့ပါဘူး ၊ ငါက တခြားကိစ္စကို ပိုစိတ်ဝင်စားတယ်”

လူကရောက်မလာခင် အသံက အရင်ရောက်လာသည်ပင်။

သို့သော် သူ့အသံက အလွန်ထိုင်းမှိုင်းလေးလံပြီး အိပ်မှုံစုံမွှားပုံစံမျိုး ဖြစ်၏။

ရုတ်တရက်ပင် ခန်းမထဲတွင် ထိုင်းမှိုင်းသည့် ခံစားချက်တစ်ခု ထွက်ပေါ်လာပြီး အိပ်ချင်စိတ်များ လွှမ်းမိုးလာသည်။

ပတ္တမြားတံခွန်ဗုဒ္ဓ၏ စိတ်ထဲတွင် ပါးလွှာသော မြူခိုးလွှာတစ်ခု ဖုံးလွှမ်းသွားသည့်နှယ် ခံစားရကာ ပျင်းရိထိုင်းမှိုင်းခြင်းက ဖိစီးနှိပ်စက်လာသည်။

အလယ်ပိုင်းသုခဘုံတွင် ဗုဒ္ဓ(၃၅)ပါးရှိပြီး သူသည်လည်း ထိုအထဲတွင် တစ်ပါးအပါအဝင် ဖြစ်သည်။

သူက အနောက်သို့ခရီးသွားမှတ်တမ်းကာလတွင် ဉာဏ်အလင်းရရှိခဲ့သော ရှေးဟောင်းကျင့်ကြံသူတစ်ဦးဖြစ်ပြီး စကြာမုနိဗုဒ္ဓ လောကကိုကျော်လွန်သည်ကို ကိုယ်တိုင်တွေ့မြင်ခဲ့ရသူ ဖြစ်၏။

နောက်ပိုင်းတွင် မီလဲ့ကိုယ်တော်က အလယ်ပိုင်းသုခဘုံကို အဖြူရောင်ကြာပန်းသုခဘုံအဖြစ်သို့ ပြောင်းလဲလိုက်သောအခါ သူက လင်စန်းတောင်မှ ထွက်ခွာပြီး အနောက်ဘက် သူတော်စင်ဘုံသို့ ဝင်ရောက်ခဲ့သည်။

သူ့အတွက် ပြင်ပဗုဒ္ဓဘာသာကျင့်ကြံသူများမှ ကောင်းကင်နတ်ဘုရားများဖြစ်စေ ပြင်ပတာအိုကျင့်ကြံသူများမှ နတ်ဘုရားများဖြစ်စေ စိုးရိမ်စရာ မရှိပေ။

ဉာဏ်အလင်းရရှိထားပြီးဖြစ်သော ဗုဒ္ဓတစ်ပါးအနေဖြင့် သူ့ကိုယ်သူ မြင့်မြတ်သည်ဟု အထင်ကြီးခြင်းမျိုး မရှိသော်လည်း ဤသို့သောအမြင်က ဘက်မလိုက်သည့် ရှုထောင့်မှ ဆင်းသက်လာခြင်း ဖြစ်၏။

သို့သော် ခြွင်းချက်ကတော့ ရှိစမြဲပင်။

အမတခုံရုံးတွင် နတ်ဘုရားနယ်မြေသုံးထောင်နှင့် ကမ္ဘာများစွာရှိပြီး နေသူထိုင်သူလူဦးရေက မရေမတွက်နိုင်အောင် များပြားလွန်းသည်။

ထိုသူများထဲမှ ထူးချွန်ထက်မြက်သူများ ပေါ်ထွက်လာတတ်ပြီး တစ်ခေတ်တစ်ခါ ရှာမှရှားသော ပါရမီရှင်များလည်း ပါဝင်လာတတ်သည်။

ဥပမာ - ယင်းရှီယန်။

အမှန်ဆိုရသော် အနောက်ဘက်သူ‌တော်စင်ဘုံက လောကီရေးရာများမှ သီးခြားခွဲထွက်နေသည်ဆိုသော်လည်း သူတို့က အမတခုံရုံးမှ ထူးချွန်သူအချို့ကို ဂရုတစိုက်ရွေးခြယ်ကာ လမ်းမှန်ဗုဒ္ဓဘာသာ ကျင့်ကြံသူများအဖြစ် ပျိုးထောင်ပေးခဲ့ကြသည်။

သို့ပေသိ ပိုမိုထင်ရှားကျော်ကြားသော ပါရမီရှင်တို့က အမတခံဒရုံးသို့သာ ဝင်ရောက်ကြသည်။ အကြောင်းမှာ ဤနေရာက သူတို့ မွေးဖွားလာရာ မူလဒေသ ဖြစ်သောကြောင့်ပင်။

ဓမ္မဓိဋ္ဌာန်ကျကျ ပြောရလျှင် ထိုထိပ်တန်းပါရမီရှင်များသည် မသိနားမလည်ဘဲ လမ်းမှားသို့ ရောက်ရှိသွားကြခြင်း ဖြစ်ပေသည်။

သူတို့သည် အလွန်မြင့်မားသော ကျင့်ကြံခြင်းအဆင့် သို့ တက်လှမ်းနိုင်ကြသော်လည်း ဤသည်မှာ သူတို့၏ ပါရမီကို အတိုင်းအတာတစ်ခုအထိ ဖြုန်းတီးပစ်လိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍ ထိုပါရမီရှင်များသာ လမ်းမှန်ဗုဒ္ဓဘာသာ (သို့မဟုတ်) လမ်းမှန်တာအိုဝါဒ ဘက်သို့ ကူးပြောင်းကျင့်ကြံခဲ့ပါက တောက်ပသည့်အနာဂတ်က သူတို့ကို စောင့်ကြိုနေမည်သာပင်။

တောင်များအနက် အမြင့်ဆုံးဟူ၍ မရှိသလို ထူးချွန်သူများအနက် အတော်ဆုံးဟူ၍လည်း မရှိပေ။

ထိုထိပ်တန်းပါရမီရှင် များထဲမှ လူနည်းစုကသာ သတ်မှတ်ထားသော အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ကြပြီး လမ်းမှန်ဗုဒ္ဓဘာသာမှ ပတ္တမြားတံခွန်ဗုဒ္ဓကဲ့သို့လူမျိုးနှင့် မတုန်မလှုပ်ရင်ဆိုင်နိုင်ကြသည်။

ခန်းမထဲဝင်ရောက်လာသူက အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားပြီး အိပ်ငိုက်နေသည့်ဟန်ပန်ရှိသည်။

ထိုပုဂ္ဂိုလ်က စောစောက ပြောခဲ့သည့် လူနည်းစုများထဲမှတစ်ယောက် ဖြစ်၏။

မဟာအိပ်မက်ကောင်းကင်ဘုံအရှင် – ဝမ်ကွမ်း။

သူ့ကို အိပ်မက်ကောင်းကင်ဘုံအရှင်ဟုလည်း ခေါ်ဆိုကြသည်။

သို့သော် အမတခုံရုံးတွင်တော့ သူ့နောက်ကွယ်တွင် “ကာလနဂါးကောင်းကင်ဘုံအရှင်” သို့မဟုတ် “ငပျင်းကောင်းကင်ဘုံအရှင်” ဟု တိတ်တဆိတ် ခေါ်ဆိုလေ့ရှိကြသည်။

သူ့ပုံစံက အလွန်တရာ ပျင်းရိပျင်းတွဲပုံစံဖြစ်သည့်တိုင် လွန်ခဲ့သော အနှစ်(၂၀)အတွင်း ကောင်းကင်နတ်ဘုရားအဆင့်တက်လှမ်းနိုင်သူဆို၍ အမတခုံရုံးတွင် သူတစ်ယောက်သာလျှင် ရှိခဲ့သည်။

ကံမကောင်းသည်မှာ ဝမ်ကွမ်းက မူလကောင်းကင်ကပ်ဘေးကျော်ဖြတ်ပြီး ကောင်းကင်နတ်ဘုရားအဆင့်သို့ တက်လှမ်းပြီးသည်နှင့် စိတ်ကူးနတ်ဘုရားက ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးခဲ့ရသည်။

ထို့ကြောင့် အမတခုံရုံးမှာ ကောင်းကင်နတ်ဘုရားအရေအတွက် (၈)ဦးသာလျှင် ထိန်းသိမ်းထားနိုင်ခဲ့၏။

ထူးခြားသည်မှာ ဝမ်ကွမ်းက အတိတ်တစ်ချိန်က ယင်းရှီယန်ကဲ့သို့ပင် ဖြစ်သည်။ သူတို့နှစ်ယောက်လုံးက အမတခုံရုံးတွင် မိုးကောင်းကင်မျက်နှာသေးခံရသည့် သားတော်များအဖြစ် သတ်မှတ်ခံရသည်။

ဝမ်ကွမ်း၏ ကျင့်ကြံခြင်းသက်တမ်းကို တွက်ချက်ကြည့်မည်ဆိုပါက သူက ကောင်းကင်နတ်ဘုရားများထဲတွင် အတော်လေး အသက်ငယ်ရွယ်‌သေးသူအဖြစ် သတ်မှတ်နိုင်သည်။

ပြင်ပတာအိုကျင့်ကြံသူတို့၏ ယုံကြည်ခြင်းရတနာအလင်းတန်းက ကူညီပေးသဖြင့် ဝမ်ကွမ်း၏ကျင့်ကြံခြင်းက သာလွန်မြန်ဆန်မှုများ ရှိခဲ့သည်မှန်သော်လည်း သူ၏ မူလပါရမီကကလည်း အံ့သြစရာကောင်းသည်မှာ ထင်ရှားသည်။

အကယ်၍ စောမင်ကျန့်၏ဂုဏ်သတင်းသာ အရိပ်ထိုးခြင်းမခံရပါက ဝမ်ကွမ်းမှာလည်း အမတခုံရုံးမှဖြစ်သည့်တိုင် သူ့အမည်က ကမ္ဘာတစ်ခွင်ကို လှုပ်ခတ်စေမည်သာပင်။

ထို့ပြင် သူအဆင့်တက်လှမ်းခဲ့သည်မှာ သိပ်မကြာသေးသော်လည်း အမတခုံရုံးမှ ကောင်းကင်ဘုံအရှင်များထဲတွင် ထိပ်တန်းအဆင့် ရှိနေပြီ ဖြစ်၏။

ယခု သူက ပတ္တမြားတံခွန်ဗုဒ္ဓနှင့် ရင်ဆိုင်ရသည့်တိုင် တစ်ချက်တုန်လှုပ်ခြင်း မရှိခဲ့ပေ။

ပတ္တမြားတံခွန်ဗုဒ္ဓ၏ ကျင့်ကြံခြင်းအဆင့် ဖြင့်ပင်လျှင် ဝမ်ကွမ်းက ထိုဗုဒ္ဓကို တစ်ခဏတာမျှ အိပ်ငိုက်ခြင်းအရိပ် လွှမ်းမိုးသွားစေခဲ့သည်။ ဤသည်က သူ မည်မျှစွမ်းအားကြီးကြောင်းကို လုံလောက်စွာ ပြသနေပေသည်။

ဝမ်းကွမ်းက တစ်ချက်သမ်းဝေရင်း ရှေ့သို့တိုးလိုက်ပြီး ပတ္တမြားတံခွန်ဗုဒ္ဓ ကို အရိုအသေပြု နှုတ်ဆက်လိုက်သည်။

ဗုံခရာကောင်းကင်ဘုံအရှင်က...

“မင်းက ဘာအရေးကိစ္စတွေကို ဆောင်ရွက်နေလို့လဲ”

ဝမ်ကွမ်းက မျက်လုံးများကို ကျဉ်းမြောင်းလိုက်ရင်း...

“လူသားအမြုတေကျောက်တုံးအပိုင်းအစက အရေးကြီးတာမှန်ပေမယ့် ၊ အဖြူရောင်ကြာပန်းသုခဘုံက ငါတို့ရန်သူဆိုတာလည်း မှန်ပေမယ့်... ဟို အယုတ်တမာ လမ်းမှန်တာအိုဝါဒဆိုတဲ့သူတွေကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ဘူး”

သူက ဆက်ပြောလိုက်သည်။

“ငါတို့က အဖြူရောင်ကြာပန်းသုခဘုံနဲ့တိုက်ခိုက်ရင်း အလုပ်များနေတဲ့အချိန်... သူတို့က ဒီအခွင့်အရေးကို အသုံးခချပြီး ပိုအားကောင်းလာကြလိမ့်မယ်”

“လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေကို ကြည့်လိုက်လေ... သူတို့ ဘယ်လောက်တောင် အားကြီးလာခဲ့သလဲ ၊ အခုဆို ငါတို့အတွက် ကြီးမားတဲ့ခြိမ်းခြောက်မှုတစ်ခုတောင် ဖြစ်လာနေပြီ”

ပတ္တမြားတံခွန်ဗုဒ္ဓနှင့် ဗုံခရာကောင်းကင်ဘုံအရှင်တို့က တိတ်ဆိတ်စွာဖြင့် ဝမ်ကွမ်းကို ကြည့်လိုက်ကြသည်။

မဟာအိပ်မက်ကောင်းကင်ဘုံအရှင်က ဖြည်းညင်းစွာဖြင့်...

“မကြာခင်ကပဲ သူတို့က နတ်ဘုရားသုတ်သင်အစီအရင်နဲ့ နတ်ဘုရားသတ်ဖြတ်ဓားအစစ်ကို ရသွားတယ်လို့ သတင်းကြားတယ် ၊ နတ်ဘုရားသုတ်သင်အစီအရင်က ပြီးပြည့်စုံတာမျိုး မဟုတ်သေးပေမယ့် အတော်လေးခြိမ်းခြောက်နိုင်စွမ်းရှိတယ်”

ပတ္တမြားတံခွန်ဗုဒ္ဓက ပြုံးလိုက်ရင်း...

“အမှန်ပဲ...”

ဝမ်ကွမ်းသည် မည်သူကိုမျှ တိကျစွာ မဖော်ပြခဲ့သော်လည်း မပြည့်စုံသော နတ်ဘုရားသုတ်သင်အစီအရင်ကြောင့် ဒဏ်ရာရခဲ့သူမှာ အနောက်ဘက်သူတော်စင်ဘုံမှ ‘တိုက်တိုင်းအောင်ဗုဒ္ဓ’ ဖြစ်လေသည်။

“မင်းက သူတို့ထက်အရင် နတ်ဘုရားသုတ်သင်ဓား(၃)လက်ကို ရအောင်ယူဖို့ ရည်ရွယ်နေတာလား”

ဗုံခရာကောင်းကင်ဘုံအရှင်က မေးမြန်းလိုက်သည်။

“ဒါပေမဲ့ ကျန်တဲ့ဓား(၃)လက်ရဲ့ တည်နေရာကို ဘယ်သူမှမသိဘူးလေ ၊ မင်းက သတင်းအချက်အလက်တွေ ရထားလို့လား”

ဝမ်ကွမ်းက ခေါင်းတစ်ချက်ကုတ်လျှက် သမ်းဝေလိုက်ရင်း...

“မရှိပါဘူး... ဒါပေမဲ့... အဖြူရောင်ကြာပန်းသုခဘုံနဲ့ နတ်မိစ္ဆာတွေဆီမှာ ရှိနေပုံရတယ် ၊ ငါ သူတို့ကို စောင့်ကြည့်ရမယ်”

သူက ဆက်ပြောလိုက်သည်။

“ဒီလမ်းမှန်တာအိုကျင့်ကြံသူတွေ တကယ်ပဲ အားကောင်းလာဖို့ ရည်ရွယ်နေတယ်ဆိုရင်... နည်းလမ်း(၂)ခုရှိတယ် ၊ တစ်ခုက အရှေ့ထွန်းတောက်ဧကရာဇ်ကို ရှာဖို့ပဲ ၊ ဒါမှမဟုတ်ရင် နတ်ဘုရားသုတ်သင်ဓား(၃)လက်ကို ရှာဖွေဖို့ပဲ ၊ ကြည့်ရတာ... ငါတို့တော့ ထိပ်တိုက်တွေ့တော့မယ်ထင်တယ်”

All Chapters