← Chapters

ထောက်ပံ့ရေးတာဝန်

Vol. 14 Ch. 210

ထောက်ပံ့ရေးတာဝန်

Vol. 14 Ch. 210

အာ?...

ဂျန်ဖန်း စိတ်ရှုပ်သွား၏။

မင်းတပည့်ဆိုတဲ့အဆင့်အတန်းကလွဲပြီး ငါ့မှာ နောက်ထပ်တစ်ခုရှိသေးလို့လား....

မြင့်မြတ်အကြီးအကဲများစွာလည်း ကြည့်လိုက်ကြ၏။

သူတို့လည်း စိတ်ရှုပ်သည့်အမူအရာတွေ ပြသနေခဲ့သည်။

ဂျန်ဖန်း၌ အခြားနောက်ခံတစ်ခုခုရှိနေသည်လား....

ကျွမ်းယွမ်ယင် စိတ်မရှည်စွာ ပြောလိုက်သည်။

"ထူးထူးဆန်းဆန်းတွေ လုပ်မနေနဲ့...."

"လိုရင်းကို မြန်မြန်ပြော...."

လျိုဝူချန်း ပြုံးပြီး ပြောလိုက်သည်။

"တကယ်တော့, ကျွန်တော် အကြီးအကဲတို့အားလုံးကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး...."

"ဂျန်ဖန်းက ကျွန်တော့်သားမက်ပါ...."

အာ...

မြင့်မြတ်အကြီးအကဲများစွာ ကြောင်အသွားကြ၏။

ဟွမ်ကျန်ထျန် မယုံကြည်နိုင်စွာဖြင့် စိုက်ကြည့်နေခဲ့သည်။

"မင်းပြောတာ, ဒီကလေးနဲ့ မင်းသမီး, လျိုချင်းရှန်က စုံတွဲတွေပေါ့...."

လျိုဝူချန်း ပြောလိုက်သည်။

"အမှန်ပါပဲ...."

"ဒါကပြောဖို့ အနည်းငယ်ကို့ရိုကားယားနိုင်ပေမယ့် ဂျန်ဖန်း ဂိုဏ်းကို မဝင်ခင်ကတည်းက ကျွန်တော့်သမီးကို တစ်ဘဝလုံး အတူတူရှိမယ်လို့ ကတိပေးခဲ့တာပါ...."

ဟွမ်ကျန်းထျန် တစ်ခဏအံ့အားသင့်နေပီး မနာလိုစွာပြောလိုက်သည်။

"မင်းတို့နှစ်ယောက်က လူတွေကို ဘယ်လိုခေါ်ယူရမလဲသိတာပဲ....."

"တစ်ယောက်ခေါ်လိုက်တာနဲ့ အကောင်းတကာ့အကောင်းဆုံးတွေပဲ...."

"ဟမ့်..."

ရှီခိုင်ထျန်း မျက်နှာ ပိုလို့တောင်မဲမှောင်သွား၏။

"ဘာတွေကြေညာနေတာလဲ? မင်းတို့နှစ်ယောက်ကို ဂုဏ်ပြုမယ်များထင်နေလား...."

ကျန်းချိုရွမ် လှောင်ပြောင်လိုက်၏။

"အရမ်းကြီးကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်မနေနဲ့...."

သို့ပေမယ့် ကျွမ်းယွမ်ယင်ကတော့ ပြုံးလိုက်၏။

သူက လျိုဝူချန်းကို လက်မထောင်ပြလိုက်၏။

ဂျန်ဖန်းက ဤကဲ့သို့ ခန္ဓာသန့်စင်ပါရမီကို ထုတ်ပြခဲ့သည့်အတွက် အခြားမြင့်မြတ်အကြီးအကဲတွေ ခိုးမယူဘူးဟု မပြောနိုင်ပေ။

ယခု ဂျန်ဖန်းနှင့် လျိုချင်းရှန်၏ ဆက်ဆံရေး ချပြလိုက်ပြီဖြစ်၍ သူတို့က စိုးရိမ်စရာမလိုတော့ပေ။

သို့ပေမယ့်....

ထိုအရာက ဂျန်ဖန်းကို လုံးဝစိတ်ရှုပ်သွားစေခဲ့သည်။

ဘာ?....

ငါက မင်းသားမက်?...

သူက အလျှင်အမြန်ပဲ ပြောလိုက်သည်။

"ဆရာ, မင်း တစ်ခုခုများမှားနေလား...."

"စီနီယာအမနဲ့ ငါ့ကြားမှာ ဘာမသင့်တော်..."

ဂျန်ဖန်း တစ်ဝက်တစ်ပျက်နှင့် ရပ်တန့်သွား၏။

သီးသန့်ခန်းထဲမှာ လျိုချင်းရှန် သူ့ကိုနမ်းခဲ့တာအား အမှတ်ရသွား၏။

သူက ချက်ချင်းပဲ အပြစ်ရှိသလို ခံစားလိုက်ရသည်။

လျိုဝူချန်း သူ့ပခုံးကိုပုတ်ပြီး ပြုံးလိုက်သည်။

"စစ်မှန်တဲ့ယောက်ျားတစ်ယောက်က သူ့လုပ်ရပ်တွေကို ဝန်ခံသင့်တယ်...."

"ဝန်ခံလိုက်တာ ဘာမှ မမှားဘူး...."

များစွာသော မြင့်မြတ်အကြီးအကဲတွေ ဂျန်ဖန်း၏အပြစ်ရှိသည့်အမူအရာကိုမြင်သည့်အခါ ထိုအရာက အမှန်ဟု ယူဆလိုက်ကြ၏။

သူတို့အတွေးတွေ လေထဲမှာပဲ အလျှင်အမြန်ပျောက်ကွယ်သွား၏။

ရင်ပြင်ရှိတပည့်တွေ၌....

ထိုသတင်းကိုကြားသည့်အခါ အားလုံး ချက်ချင်းပဲ အုတ်အုတ်ကျက်ကျက်ဖြစ်ကုန်၏။

ထိုအရာက တန်ထျန်လုံရှုံးနိမ့်တာထက်ကိုပိုပြီး အံ့သြတုန်လှုပ်စရာကောင်း၏။

သူတို့နှလုံးသားထဲ၌ အိမ်မက်နတ်သမီးလေးဖြစ်သည့် လျိုချင်းရှန်က အချိန်အတော်ကြာကတည်းက ဂျန်ဖန်း အမျိုးသမီးဖြစ်နေခဲ့သည်။

"လူတစ်ယောက်ဇနီးကိုလူယူတဲ့အမုန်းတရားက ဘယ်လိုမှကျေအေးလို့မရဘူး...."

"ဂျန်ဖန်း, မင်းငါတို့အတွက် နည်းနည်းလောက်ချန်ထားလို့မရဘူးလား။ မင်းမှာ ရှုရို့ရန်နဲ့ ချန်စီလင်လို ပြိုင်ဘက်ကင်းအလှလေးနှစ်ယောက်ရှိပြီးလျှက်နဲ့ စီနီယာအမလျိုကို ခိုးသွားသေးတယ်...."

"ဒီကောင် လမ်းသွားရင် မိုးကြိုးပစ်ခံရမှာ မကြောက်ဘူးလား...."

"သူ့ကို သား ၁၈ ယောက်ရပါစေလို့ဆုတောင်းတယ်...."

....

ချန်းစီလင် ကြောင်အသွား၏။

"ဂျန်ဖန်းနဲ့ လျိုချင်းရှန်.... တကယ်ပဲ လင်မယားတွေလား...."

ရှုရို့ရန် ပြောလိုက်သည်။

"အဲ့တာကို နင်ယုံလား...."

အာ?...

ချန်းစီလင် ထိုအရာကိုတွေးပြီး စိတ်အေးသွား၏။ ဂျန်ဖန်းက ထိုကဲ့သို့ တာဝန်မယူတတ်သည့်လူမျိုးမဟုတ်ပေ။

သူက သူ့ဇနီးနှစ်ယောက်ဖြစ်သည့် သူမတို့ကိုတောင် မကောင်းသည့်ရည်ရွယ်ချက်တွေ မထားပေ။

ဘာအဆင့်အတန်းမှမရှိသည့် လျိုချင်းရှန် ဆိုရင်တော့ ပြောစရာကို မလိုတော့ပေ။

"ဒါပေမယ့် ဂိုဏ်းချုပ်လျို...."

ရှုရို့ရန် သက်ပြင်းချလိုက်၏။

"ဒီလိုအဖေမျိုးရှိတာလည်း တစ်ပန်းသာတာပဲ...."

"ဂျန်ဖန်းနဲ့ လျိုချင်းရှန်ကြား ဘာမှမရှိတာတောင် ကြေညာလိုက်တာနဲ့ အမှားက အမှန်ဖြစ်ပြီး ပုလဲထက်တောင်ပိုစစ်မှန်သွားတယ်...."

"ငါ သခင်မလေးလျိုရဲ့နည်းလမ်းတွေကို လျော့တွက်မိတာပဲ...."

"သူမက သူ့မအဖေကို ကစားပွဲထဲခေါ်လာတယ်ပေါ့..."

"ဒါပေမယ့်...."

သူမက တည်ငြိမ်စွာကြည့်လိုက်သည်။

"ငါ တူညီတဲ့စကားကိုပဲ ထပ်ပြောမယ်...."

"သူမမှာ နာမည်တစ်ခုရှိနိုင်လား မရှိနိုင်ဘူးလားဆိုတာ ငါ့ခွင့်ပြုချက်လိုနေတုန်းပဲ...."

ချန်းစီလင် တိတ်တဆိတ် စိတ်သက်သာယာရသွား၏။

ဂျန်ဖန်း ယခုချိန်မှာ ဘယ်လောက်နာမည်ကြီးနေလဲ...

တိမ်စိမ်းဂိုဏ်း ဂိုဏ်းချုပ်သမီးတောင် ဂျန်ဖန်းနှင့် အတူရှိချင်နေပေမယ့် မဖြစ်နိုင်လုနီးပါးခက်ခဲလှ၏။

သူမအဖေကို ကစားပွဲထဲခေါ်လာတာတောင် အလုပ်မဖြစ်ပေ။

ကံကောင်းစွာဖြင့် သူမက သင်္ဘောပေါ်ကို ဦးစွာတက်ထားနိုင်ခဲ့၏။ အခုချိန်မှဆိုလျှင် အခွင့်အရေးရှိတော့မည် မဟုတ်ပေ။

လျိုဝူချန် ပတ်ပတ်လည်ရှိတပည့်တွေကို ကြည့်လိုက်သည်။

တပည့်အဆင့်သတ်မှတ်ခြင်းပြီးဆီးသွားပြီဖြစ်၍....

ကောင်းကင်ဘုံစက်ယန္တရားခန်းမ၏အမိန့်အရ တပည့်တွေကို သားရဲလှိုင်းရှေ့တန်းသို့ စေလွတ်ရမည့်အချိန်ရောက်ပြီပင်။

"အခု, ငါ ကောင်းမွန်အဆင့်နဲ့ အထက် ရတဲ့တပည့်တွေကို တာဝန်တွေ သတ်မှတ်ပေးမယ်...."

"ဒီတာဝန်တွေအားလုံးကို ကောင်းကင်ဘုံစက်ယန္ဒယားခန်းမက ထုတ်ပြန်ထားတာ..."

"မတူညီတဲ့တာဝန်တွေက မတူညီတဲ့ အကျိုးပြုမှတ်တွေကို ကိုယ်စားပြုတယ်..."

"ဒါပေါ့, အကျိုးပြုမှတ်များလေလေ, အန္တရာယ်ပိုကြီးလေလေပဲ...."

သူက တာဝန်စာရင်း ကျောက်စိမ်းစာလိပ်ကို ထုတ်ယူလိုက်သည်။

ထို့နောက် အခြားအကြီးအကဲတွေနှင့် ဆွေးနွေးပြီး တာဝန်ခွဲတမ်းကို ဆုံးဖြတ်ခဲ့ကြသည်။

"လျိုချင်းရှန်, ပထမအဆင့်တာဝန်။ ဧရာမဂိုဏ်းနယ်စပ်ကိုသွားပြီး သားရဲလှိုင်းကို ထိပ်တိုက်ရင်ဆိုင်ရမယ်...."

လူတိုင်း အံ့အားသင့်သွားကြ၏။

တာဝန်ဖော်ပြချက်တွေကိုနားထောင်းပြီး သူတို့က ပထမအဆင့်တာဝန်ဟာ အတော်လေးအန္တရာယ်များတာကို သိခဲ့၏။

သားရဲလှိုင်းနှင့်ထိပ်တိုက်ရင်ဆိုင်ခြင်းက သေဆုံးဖို့ အလွန်ရာခိုင်နှုန်းများ၏။

"တန်ထျန်လုံ, ဒုတိယအဆင့်တာဝန်၊ ရမ္မက်ဂိုဏ်းကိုသွားပြီး နယ်စပ်ကသားရဲလှိုင်းရဲ့ လှုပ်ရှားမှုကို ထောက်လမ်းရမယ်..."

လူတိုင်းနားလည်ကြ၏။

တန်ထျန်လုံခွန်အားအရ ပထမအဆင့် တာဝန်ကို ရသင့်၏။

သို့ပေမယ့် သူက ဂျန်ဖန်းကြောင့် ဒဏ်ရာအပြင်အထန်ရသွားသည့်အတွက် အန္တရာယ်ပိုနည်းသည့် ဒုတိယအဆင့် တာဝန်ကို ရသွားခြင်းဖြစ်သည်။ အကျိုးပြုမှတ်လည်း နည်းသွားမည်ပင်။

"ဝမ်ချန်းဂျန်, ပထမအဆင့်တာဝန်။ ဧရာမဂိုဏ်းနယ်စပ်သွားပြီး သားရဲလှိုင်းကို ထိပ်တိုက်ရင်ဆိုင်ရမယ်...."

ဝမ်ချန်ဂျန် ထိုအရာအတွက် မည်သည့်အမူအရာမှ မပြပေ။

သူအကြည့်က ဂျန်ဖန်းအပေါ်၌သာရှိနေခဲ့သည်။

"ဂျန်ဖန်း, တတိယအဆင့်တာဝန်။ စိတ်ဝိညာဥ်သားရဲဂိုဏ်းရဲ့ စိတ်ဝိညာဥ်ဆေးပင်တွေကို ပို့ဆောင်ပေးရမယ်..."

ဟမ်?...

တပည့်တွေ အံ့အားသင့်သွားကြ၏။

ဂျန်ဖန်းက အရမ်းအားကောင်းပေမယ့် ထောက်ပံ့ရေးတာဝန်သာရ၏။

သို့ပေမယ့် ထိုအရာက သားရဲလှိုင်းဖြစ်၍ သူတို့ နတ်ဆိုးသားရဲတွေကို ရင်ဆိုင်မှာဖြစ်သည်။

နတ်ဆိုးသားရဲတွေ၏ အသန်မာဆုံးက သူတို့၏ရုပ်ခန္ဓာပင်။

ဂျန်ဖန်း၏ခန္ဓာကိုယ်နည်းစနစ်က လူသားကလန်၌ ထူးချွန်သော်လည်း နတ်ဆိုးသားရဲတွေနှင့်ယှဥ်လျှင်တော့ ဘာမှမဟုတ်တော့ပေ။

အမျိုးမျိုးသောကျင့်ကြံရေးနည်းစနစ်တွေကသာ နတ်ဆိုးသားရဲတွေကို သတ်ရာမှာ ပိုထိရောက်၏။

ထို့ကြောင့် ဂျန်ဖန်း ထောက်ပံ့ရေးတာဝန်ရတာက ကျိုးကြောင်းမဆီလျော်တာတော့ မဟုတ်ပေ။

ဂျန်ဖန်း အနည်းငယ် စိတ်ပျက်သွား၏။

"တကယ်ကြီး, ထောက်ပံ့ရေးတာဝန်လား...."

သူက အနည်းငယ်ဆန္ဒမရှိပေ။ ထိုအတိုင်းဆိုလျှင် အကျိုးပြုမှတ်ရဖို့ အခွင့်အရေးများစွာကို လွဲချော်သွားမည်ပဲဖြစ်သည်။

သို့ပေမယ့် နောက်တစ်ကြိမ်ပြန်တွေးလိုက်သည့်အခါ သားရဲလှိုင်းက အလွန်အန္တရာယ်များ၏။

ဂိုဏ်း၉ ဂိုဏ်းနယ်မြေတစ်ခုလုံးလွတ်မည်မဟုတ်ပေ။ နေရာတိုင်းမှာ တိုက်ပွဲတွေရှိနေမှာဖြစ်ပြီး အလျှင်လိုစရာမလိုပေ။

ထောက်ပံံ့ရေးတာဝန်ကို ကောင်းကောင်းလုပ်ဆောင်ပြီး ဂိုဏ်း ၉ ဂိုဏ်း ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်လုပ်တာကလည်း ဆိုးသည့်ကိစ္စတော့မဟုတ်ပေ။

ဝမ်ချန်ဂျန် သက်သာယာရစွာ သက်ပြင်းအနည်းငယ်ချလိုက်သည်။

ကံကောင်းစွာဖြင့် ဂျန်ဖန်းနှင့် လျိုချင်းရှန်တို့ ကွဲသွားကြသည်။

ထို့ပြင် သူက လျိုချင်းရှန်နှင့်အတူ တာဝန်ကျ၏။

သူမကို သိုင်းပညာလမ်းကြောင်း၌ အကန့်အသတ်ရှိသည့်လူမျိုးကို ထားခဲ့ဖို့ ဖျောင်းဖျရမည်ပင်။

ထို့နောက် ကောင်းမွန်အဆင့်နှင့် အထက်အဆင့်ရ တပည့်အားလုံး သူတို့၏တာဝန်တွေကို ရရှိသွားကြပြီဖြစ်သည်။

ကြည့်ရတာ လျိုဝူချန်းက ရှုရို့ရန်နှင့် ချန်းစီလင်တို့အပေါ် ရည်ရွယ်ချက်ရှိရှိ ကြင်နာခဲ့၏။

သူက သူမတို့ကို တတိယအဆင့် ထောက်ပံ့ရေးတာဝန်သာပေးခဲ့သည်။

ထိုအရာက လုံခြုံပြီး သူမတို့တွေ တစ်ယောက်နှင့်တစ်ယောက် ဂရုစိုက်လို့ရတာပဲဖြစ်သည်။

လျိုဝူချန်း သူ့သမီးအတွက် သူမတို့နှင့် ကောင်းမွန်သည့်ဆက်ဆံရေးတစ်ခု တည်ထောင်ချင်နေတာ မျက်စိပါသည့်လူတိုင်း မြင်နိုင်တာပဲဖြစ်သည်။

ဂျန်ဖန်းလည်း အနည်းငယ် စိတ်သက်သာယာရစွာ သက်ပြင်းချလိုက်သည်။

အမျိုးသမီးနှစ်ယောက်၏တာဝန်က အကောင်းဆုံးတွေပဲဖြစ်သည်။

နောက်တစ်နေ့, အာရုံတက်ချိန်၌....

တပည့်တွေ တောင်တံခါးဂိတ်ကနေ တစ်ယောက်ပြီးတစ်ယောက် စတင်ထွက်ခွာကြတော့၏။

ဂျန်ဖန်း ထုပ်ပိုးပြီး ထွက်ခွာလာခဲ့သည်။

ချီလင်းလေးကို တစ်ပါတည်းခေါ်ခဲ့ဖို့ အိတ်ကြီးတစ်လုံးကို တစ်ညလုံး ကိုယ်တိုင်လုပ်ထားခဲ့၏။

အိတ်ထဲ၌ ချီလင်းလေး ပုန်းနေနိုင်သည့်အတွက် သူက သိသာမြင်သာသည့်အိတ်တွေကို သယ်စရာမလိုတော့ပေ။

အဆင်သင့်ဖြစ်သည့်အခါ သူက ချက်ချင်းပဲ ထွက်ခွာသွားခဲ့သည်။

တာဝန်၏ဦးတည်ချက်အတိုင်း ၅ ရက်ဆက်တိုင်း ခရီးသွားခဲ့ပြီး နောက်ဆုံးမှာတော့ မြင့်မြတ်ဂိုဏ်းကို ရောက်လာခဲ့သည်။

တာဝန်၌ အခြားဂိုဏ်း ၃ ဂိုဏ်းမှလူတွေလည်းပါဝင်၏။

သို့ပေမယ့် မြင့်မြင်ဂိုဏ်း ဂိတ်တံခါးကို ရောက်သည့်အခါ သူတစ်ယောက်တည်းဖြစ်နေခဲ့သည်။

"သူတို့တွေ လာနေတဲ့လမ်းမှာပဲရှိသေးတယ်ထင်တယ်...."

ဂျန်ဖန်း ရေရွတ်လိုက်၏။ သူက ပထမဦးစွာ စိတ်ဝိညာဥ်ဆေးပင်တွေကို ယူဖို ဆုံးဖြတ်လိုက်၏။

ထို့နောက် တာဝန်ကျောက်စိမ်းစာလိပ်ကိုကိုင်ပြီး မြင့်မြတ်ဂိုဏ်းထဲကို ဝင်လာခဲ့လိုက်သည်။

မြင့်မြတ်ဂိုဏ်းက တိမ်စိမ်းဂိုဏ်ထက် နောက်ကျဟန်တူ၏။

ယနေ့မှ သူတို့က သားရဲလှိုင်းခုခံဖို တပည့်ရွေးချယ်ပွဲစတင်ကြပြီး တောင်ထိပ် ၉ ခုကြား ပြိုင်ပွဲကျင်းပနေ၏။

သို့ပေမယ့် ထိုအရာက ခုထိတောင်မစရသေးပ။

သူတို့အလုပ်များနေတာကို အခွင့်ကောင်းယူပြီး....

ဂျန်ဖန်း ကျောက်စိမ်းစာလိပ်ကိုကိုင်ကာ အလျှင်အမြန်ပဲ နတ်ဆေးဆရာတောင်ထိပ်ကို ရောက်လာခဲ့သည်။

ထိုနေရာက မဟာအကြီးအကဲ ရှန်ဂွမ်းရှန် နေထိုင်ရာဖြစ်သည်။

တာဝန်အရ ရှန်ဂွမ်းရှန်ဆီမှ စိတ်ဝိညာဥ်ဆေးပင်တွေယူရမည်ပင်။

နတ်ဆေးဆရာတောင်ထိပ်ကို ရောက်သည့်အခါ....

သူက စင်မြင့်ပေါ်တွေမှာထိုင်ပြီး သိုင်းပညာဆွေးနွေးနေသည့် တပည့်အုပ်စုကို မြင်လိုက်၏။

သူတို့ထဲ၌ ရှချောင်ကောလည်းပါ၏။

သူမက အမြဲတမ်းတိိတ်တဆိတ်နေတတ်ပြီး ဤကဲ့သို့လူစုလူဝေးကို သဘောမကျပေ။

သို့ပေမယ့် လှေကားဝင်ပေါက်ရှိ တစ်စုံတစ်ယောက်ကိုသတိထားမိသည့်အခါ အနည်းငယ်ကြောင်အသွား၏။

သူမ၏ချစ်စရာအေးစက်စက်မျက်နှာလေး၌ အံ့အားသင့်စရာကောင်းစွာ အပြုံးတစ်ခုပေါ်လာခဲ့၏။ ထို့နောက် အလျှင်အမြန်ချည်းကပ်သွားကာ လေးလေးစားစားပြောလိုက်၏။

"ဦးလေးဆရာ, ဒီကိုဘာလာလုပ်တာလဲ...."

စင်မြင့်ပေါ်၌ အဆင့်အတန်းမြင့်သည့်တပည့်အနည်းငယ် မနေနိုင်ပဲ မျက်မှောင်ကြုတ်သွားကြ၏။

All Chapters