← Chapters

အိမ်မွေးတိရစ္ဆာန် (၁)

Vol. 31 Ch. 462

အိမ်မွေးတိရစ္ဆာန် (၁)

Vol. 31 Ch. 462

ကြီးမားသော ကိုယ်ထည်သည် ဟန်ရှောင်း၏ အမြင်အာရုံ အားလုံးကို ဖုံးကွယ်ထားသည်။ ၎င်း၏ အရွယ်အစားနှင့် နှိုင်းယှဉ်လျှင် ဟန်ရှောင်းသည် သေးငယ်လှသည်။ စာကလေးနှင့် ဆင်တစ်ကောင်တို့အကြား ကွာခြားချက်နှင့် တူနေသည်။

ဟန်ရှောင်း၏ ကိုယ်ခန္ဓာကို ဝန်းရံထားသော မမြင်နိုင်သော စိတ်စွမ်းအင်သည် တိုက်ခိုက်ရန် ရည်ရွယ်ချက်ကို ဖော်ပြခြင်း မရှိပေ။ ကြယ်တာရာသားရဲသည် ဟန်ရှောင်းကို သူ့ဆီသို့ ဆွဲယူပြီး သိလိုစိတ်ဖြင့် လေ့လာလိုပုံရသည်။ အစောပိုင်း တိုက်ခိုက်မှုသည် ကြယ်တာရာသားရဲအတွက် ခြစ်ရာတစ်ခုလောက်သာ ဖြစ်သည်။

ဟန်ရှောင်း လေထဲတွင် ပျံဝဲနေစဉ် သူ၏ ယန္တရားဝတ်စုံ၏ ကျောဘက်မှ တွန်းကန်ပြွန် နှစ်တန်း ထွက်ပေါ်လာသည်။ ပြင်းထန်သော လေစီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး ထိုအားက သူ့ကို စိတ်စွမ်းအင်မှ လွတ်မြောက်သွားစေသည်။ သူ၏ လျှပ်စစ်သံလိုက် ကောက်ရိတ်ဓါးသည် မျက်တောင်တစ်ခတ်အတွင်း ကျယ်ပြန့်လာပြီး ကြယ်တာရာသားရဲ၏ ပြွန်ကို ခုတ်ပိုင်းလိုက်သည်။

ချလောင်း!

ကောက်ရိတ်ဓါး၏ ဓါးသွားသည် သလင်းကျောက်ကို ကြမ်းတမ်းစွာ ထိမှန်ပြီး မျက်စိစူးသော လျှပ်စစ်မီးပွားများ ပေါက်ကွဲထွက်လာသည်။ ကြယ်တာရာသားရဲ၏ ပြွန်သည် လျင်မြန်စွာ ပြန်ကျုံ့သွားပြီး ၎င်း၏ အရေးကြီးသော နေရာကို ထိမှန်သောကြောင့် ၎င်း၏ ကိုယ်ထည် တင်းမာသွားသည်။

ဤခုတ်ပိုင်းခြင်းသည် ထိခိုက်မှု တစ်ထောင်နီးပါးကို ဖြစ်ပေါ်စေသည်။ ၎င်း၏ မာကျောသော ကိုယ်ခန္ဓာနှင့် နှိုင်းယှဉ်လျှင် ပြွန်တွင် ခံနိုင်ရည် မရှိသလောက်ပင်။

ရုတ်တရက် ကြယ်တာရာသားရဲ၏ ပြွန်ပေါ်ရှိ အလင်းသည် ရုတ်တရတ် ပေါက်ကွဲထွက်လာသော ဖလက်ရှ်ဗုံးကဲ့သို့ အဆပေါင်းများစွာ ပိုမို တောက်ပလာသည်။ မျက်စိကွယ်လုနီးပါး ဖြစ်နေသော အလင်းသည် မြေအောက်လိုဏ်ဂူ တစ်ခုလုံးကို ပြည့်နှက်သွားသည်။ ဟန်ရှောင်းနှင့် ဟားလပ်စ်တို့၏ အမြင်အာရုံသည် အဖြူရောင်ဖြင့် ဖုံးလွှမ်းသွားသည်။ သူတို့ ပြန်လည် ချိန်ညှိနိုင်ခြင်း မပြုနိုင်မီ ကြီးမားသော အားတစ်ခုက သူတို့၏ ကိုယ်ခန္ဓာကို ထိမှန်ပြီး သူတို့ကို လိုဏ်ဂူ နံရံဆီသို့ တွန်းပို့လိုက်သည်။

ဒုန်း!

၎င်း၏ စိတ်စွမ်းအင်ကြောင့် ဖြစ်ပေါ်လာသော သက်ရောက်မှုလှိုင်းသည် လိုဏ်ဂူထဲတွင် ပဲ့တင်ထပ်နေသည်။ ရေကန်နှင့် လိုဏ်ဂူ တုန်ခါလာပြီး ကျောက်တုံးများ မရေမတွက်နိုင်အောင် မြေအောက် ရေပူစမ်းထဲသို့ ပြုတ်ကျသွားသည်။

“ကြည့်ပါဦး၊ သူ ဒေါသထွက်နေပြီ” ဟန်ရှောင်းသည် သူ၏ လည်ပင်းကို ချိုးရင်း ရယ်မောလိုက်သည်။

သူ၏ လက်ကောက်ဝတ် သံချပ်ကာပြားပေါ်တွင် အပြာရောင်အလင်း တဖျတ်ဖျတ် လင်းနေသော ပြွန်တစ်ခု ပေါ်လာပြီး ဖိသိပ်ထားသော ဘောလုံးများကို တစ်လုံးပြီး တစ်လုံး ပစ်ထုတ်လိုက်သည်။ ၎င်းတို့သည် အမြောက်များအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

ဒုန်း၊ ဒုန်း၊ ဒုန်း!

လိုဏ်ဂူထဲတွင် ကြမ်းတမ်းသော၊ အရိုင်းဆန်သော သတ္တုမုန်တိုင်းတစ်ခု ပေါက်ကွဲထွက်လာသည်!

မရေမတွက်နိုင်သော ကျည်ဆန်များသည် ကြယ်တာရာသားရဲ၏ ကိုယ်ခန္ဓာကို ထိမှန်သွားသည်။ ၎င်း၏ ပြွန်သည် စိတ်စွမ်းအင်ကို ထုတ်လွှတ်ပြီး အကာအရံတစ်ခုကို ဖွဲ့စည်းကာ ကျည်ဆန်များ၏ ဦးတည်ရာကို ဆက်တိုက် ပြောင်းလဲနေသည်။

ဟားလပ်စ်က ကြယ်တာရာသားရဲ၏ ကိုယ်ထည်ပေါ်သို့ ခုန်တက်သွားသည်။ အနီးကပ်တိုက်ပွဲများသည် သူ၏ အထူးပြု ဖြစ်သည်။ သူသည် စစ်သင်္ဘော လှီးဖြတ်ဓားကို ဝှေ့ယမ်းပြီး ကြယ်တာရာသားရဲ၏ ကျောပေါ်သို့ ခုတ်ချလိုက်သည်။ ကြယ်တာရာသားရဲအတွက် နှိပ်နယ်ပေးသလိုမျိုးနှင့် မခြားနားသော်လည်း အနည်းဆုံးတော့ သူသည် စိတ်အားထက်သန်နေ၏။ သူက ကြယ်တာရာသားရဲ၏ ခေါင်းပေါ်ရှိ ပြွန်ဆီသို့ ခုတ်ပိုင်းလိုက်သည်။

ကြယ်တာရာသားရဲ၏ လှုပ်ရှားမှုများက လေထဲတွင် အလွန် လျင်မြန်စွာ လှည့်ပတ်ပြီး ကွေ့ပတ်နေသည်။ ဟားလပ်စ် ဖမ်းဆုပ်ထားချင်သော်လည်း ကြယ်တာရာသားရဲ၏ အရေပြားသည် အလွန် ချောမွေ့သောကြောင့် ဆုပ်ကိုင်စရာ၊ အမွေးတစ်ချောင်းပင် မရှိပေ။

နှိုင်းယှဉ်ကြည့်လျှင် အေရိုရှီးယားက ပိုမို ကြီးမားသော သက်ရောက်မှုကို ဖြစ်စေသည်။ သူမ စွမ်းအင် ပုံစံသို့ ပြောင်းသွားပြီးနောက် စိတ်စွမ်းအင်က သူမ၏ ကိုယ်ခန္ဓာကို မထိန်းချုပ်နိုင်ဘဲ သူမ၏ စွမ်းအင် ကြိမ်နှုန်းကိုသာ အနှောင့်အယှက် ပေးနိုင်သည်၊ ၎င်းသည် အသုံးမဝင်သလောက်ပင်။ သူမသည် ကြယ်တာရာသားရဲ၏ ခေါင်းဆီသို့ အလွယ်တကူ ပျံသန်းသွားပြီး ၎င်း၏ ပြွန်ကို ညင်သာစွာ ဆုပ်ကိုင်လိုက်၏။

နောက်တစ်ခဏတွင် အလွန် ပြင်းထန်သော စွမ်းအင်သည် သူမ၏ လက်ဖဝါးများတွင် ပေါက်ကွဲထွက်လာသည်။

ဒုန်း!

ပေါက်ကွဲမှုများက ဆက်တိုက် ဖြစ်ပေါ်နေသည်၊ ကြယ်တာရာသားရဲသည် ထိုအချိန်တစ်လျှောက်လုံး နာကျင်စွာ တုန်ယင်နေသည်။ ၎င်း၏ အရေးကြီးသော နေရာကို လက်ဝှေ့သမားတစ်ဦးက သဲအိတ်ကို အသုံးပြုသကဲ့သို့ အသုံးပြုခံရခြင်းသည် ဝေဒနာကို ဖော်ပြ၍ မရနိုင်ပေ။ ဟန်ရှောင်းသည် ကြည့်ရုံဖြင့် နာကျင်မှုကို ခံစားနိုင်၏။ ကြယ်တာရာသားရဲတွင် အသံထွက်နိုင်သည့် ကိုယ်အင်္ဂါရှိပါက ၎င်းသည် အသားကုန် အော်ဟစ်နေမည်ဟု သူယုံကြည်သည်။

အေရိုရှီးယား အဆင့် ဘီ သို့ ဝင်ရောက်ပြီးနောက် သူမ၏ စွမ်းအား၏ ခွန်အားသည် လျင်မြန်စွာ မြင့်တက်လာသည်။ သူမသည် အဓိက ထိခိုက်မှု ပြုလုပ်သူ အခန်းကဏ္ဍကို ယူခဲ့ပြီး ကြီးမားသော သက်ရောက်မှုကို ဖြစ်စေခဲ့သည်။

သူတို့ သုံးဦးသည် ကြယ်တာရာသားရဲကို ဝန်းရံထားသည်။ စိတ်စွမ်းအင်များ ပေါက်ကွဲထွက်နေသည်၊ ကျည်ဆန်များ မိုးကဲ့သို့ ရွာသွန်းနေသည်၊ ခုတ်ပိုင်းမှုများက ဆက်တိုက် ကျရောက်နေသည်။ တိုက်ပွဲသည် အလွန်တရာ ပြင်းထန်နေသည်။

ရှူး

၎င်းသည် မြေအောက် ရေကန်တစ်ခုသာ ဖြစ်သော်လည်း တိုက်ပွဲ၏ သက်ရောက်မှုသည် ဟာရီကိန်းမုန်တိုင်းကဲ့သို့ ဖြစ်နေပြီး ရေကန်ကို မွှေနှောက်နေသည်။

လန်နီနှင့် အခြား ကိုယ်လုံးတီး ဂေါ်ဒိုရန် အချို့သည် ရေပူစမ်းထဲမှ အလျင်အမြန် တက်လာပြီး လိုဏ်ဂူ နံရံကိုမှီကာ တိုက်ပွဲကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။ သူတို့သည် အဆင့် ဘီ စူပါလူသားများ ပါဝင်သော တိုက်ပွဲကို ဝင်ရောက်စွက်ဖက်နိုင်ခြင်း မရှိပေ။

ကြယ်တာရာသားရဲ၏ သွေးအမှတ်သည် ဖြည်းဖြည်းချင်း ကျဆင်းသွားသည်။ ၎င်းသည် ၎င်း၏ အရေးကြီးသော နေရာကို အတတ်နိုင်ဆုံး ကာကွယ်ထားသော်လည်း ဟန်ရှောင်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုများက ၎င်း၏ ကာကွယ်ရေးကို ထိုးဖောက်သွားသည့် အချိန်များ ရှိသည်။ ကြယ်တာရာသားရဲ၏ စိတ်စွမ်းအင်သည် တွန်းထုတ်ခြင်းနှင့် အရာဝတ္ထုများကို ထိန်းချုပ်ခြင်းသာ ဖြစ်သည်၊ ထိုအရာက ဟန်ရှောင်းကို အလွန် အကန့်အသတ်ရှိသော ထိခိုက်မှုကိုသာ ပေးနိုင်သည်။ အားလုံးခြုံ၍ ပြောရလျှင် ဤသည်မှာ စိုးရိမ်စရာ မရှိသော တိုက်ပွဲဖြစ်သည်။

မကြာမီ ကြယ်တာရာသားရဲ၏ သွေးအမှတ်သည် ၅၀,၀၀၀ ကျဆင်းသွားသည်။ ၎င်း၏ ခံနိုင်ရည်သည် ကြီးမားစွာ လျော့ကျသွားပြီး သူတို့သုံးဦး၏ ပေးစွမ်းနိုင်သော ထိခိုက်မှုက တိုးလာသည်။

အာကာသ သတ္တဝါများတွင် အလွန် ထူထဲသော အရေပြား ရှိသော်လည်း ကြယ်တာရာသားရဲများသည် တိုက်ပွဲတွင် ကျွမ်းကျင်ခြင်း မရှိပေ။ ၎င်းကို အဆင့် ဘီ အဖြစ်သာ သတ်မှတ်နိုင်သည်၊ အကြောင်းရင်းမှာ ဘော့စ်များ မရေမတွက်နိုင်သော အထဲတွင်ပင် ထိပ်ဆုံးတွင်ရှိသော ၎င်း၏ အလွန်မြင့်မားသော သွေးအမှတ်ကြောင့် ဖြစ်သည်။ ကစားသမားများတွင် လုံလောက်သော ထိခိုက်စေနိုင်မှု မရှိပါက ပင်ပန်းနွမ်းနယ်မှုကြောင့် အနိုင်ယူခံရမည်ဖြစ်သည်။ ဘယ်လိုပဲဖြစ်စေ သူတို့၏ စွမ်းအင်နှင့် ခံနိုင်ရည်သည် အကန့်အသတ်နှင့်သာ ရှိနေကြသည်။

သူတို့ သုံးဦးသည် လုံလောက်သော ထိခိုက်မှုထက် ပိုမို ပေးနိုင်သော်လည်း ဤမျှလောက် အချိန်ကြာမြင့်စွာ ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီးနောက် သူတို့၏ စွမ်းအင်နှင့် ခံနိုင်ရည်သည် အချိန်ကြာလာသည်နှင့်အမျှ လျော့နည်းလာသည်။

ဗုန်း!

တိုက်ပွဲသည် အလွန် ရှည်ကြာ၏။ ကြယ်တာရာသားရဲ၏ သွေးအမှတ်သည် ၅ရာခိုင်နှုန်းသာ ကျန်ရှိသောအခါ ၎င်းသည် ဆက်လက် ပျံဝဲနိုင်ခြင်း မရှိတော့ဘဲ ရေပူစမ်းထဲသို့ ပြုတ်ကျသွားပြီး ကြီးမားသော လှိုင်းတစ်ခု ဖြစ်သွားစေသည်။

ဟန်ရှောင်းသည် ဟားလပ်စ်ကို အချက်ပြလိုက်သည်၊ သူတို့ နှစ်ဦးသည် ရေကန်ထဲသို့ ငုပ်ဆင်းသွားသည်။ အတော်လေး အချိန်ကြာအောင် ရှာဖွေပြီးနောက် ရေကန် အောက်ခြေတွင် သေခါနီး ကြယ်တာရာသားရဲကို နောက်ဆုံးတွင် ရှာတွေ့သွားသည်။ ဟန်ရှောင်းသည် ဤမွန်းစတားကို ဆုပ်ကိုင်လိုက်သည်၊ သူ၏ ယန္တရားဝတ်စုံကို အမြင့်ဆုံး ပါဝါထုတ်လုပ်မှုသို့ ပြောင်းလိုက်ပြီး ၎င်းကို ကမ်းပေါ်သို့ ဖြည်းဖြည်းချင်း ဆွဲတင်လာသည်။

၎င်း၏ ကြီးမားသော ကိုယ်ခန္ဓာသည် ဒဏ်ရာများဖြင့် ဖုံးလွှမ်းနေပြီး ခရမ်းရောင် အကျိအချွဲများ ၎င်းတို့ထဲမှ စီးထွက်နေသည်။ ၎င်း၏ ပြွန် သလင်းကျောက်သည် အက်ကြောင်းများဖြင့် ပြည့်နေပြီး အလွန် မှိန်ဖျော့သော အလင်းကို ထုတ်လွှတ်နေသည်။ ကြယ်တာရာသားရဲသည် အားနည်းစွာ လူးလွန့်နေသည်။ ဟန်ရှောင်းက ၎င်းတွင် တိုက်ခိုက်ရန် စွမ်းအင် မကျန်တော့ကြောင်း သေချာအောင် လုပ်ပြီးမှ သက်ပြင်းချကာ သူ၏ နာကျင်နေသော ကြွက်သားများကို ဖြေလျှော့ရန် သူ၏ လက်မောင်းများကို လွှဲလိုက်သည်။

သူသည် ယန္တရားဝတ်စုံဖြင့် ကာကွယ်ထားသော်လည်း ကြယ်တာရာသားရဲ၏ ရိုက်နှက်ခြင်းနှင့် ပစ်ချခြင်းကို ခံရခြင်းသည် နာကျင်နေဆဲ ဖြစ်သည်။

ဟားလပ်စ်က သူ့ဦးထုပ်ကို ချွတ်လိုက်သည်၊ သူ၏ ဆံပင်က ချွေးများဖြင့် စိုရြွှနေသည်။ သူသည် သူ၏ ဒူးများကို ကိုင်ပြီး မောဟိုက်စွာ ပန်နေသည်။ “ဒီကောင်က တော်တော်လေး ခံနိုင်ရည် ရှိတယ်။ ငါ ပင်ပန်းနေပြီ…”

အေရိုရှီးယား၏ ကိုယ်ခန္ဓာသည် များစွာ ပိုမို မှိန်ဖျော့နေသည်၊ သူမသည် သူမ၏ စွမ်းအင်၏ ရှစ်ဆယ် ရာခိုင်နှုန်းကျော်ကို သုံးစွဲခဲ့ရသည်။

ဟန်ရှောင်းသည် မျက်နှာပြင်ကို ကြည့်လိုက်သည်။ သူ့၌ သွေးအမှတ်က အများကြီး ကျန်ရှိနေသေးသော်လည်း သူ၏ စွမ်းအင်နှင့် ခံနိုင်ရည်သည် ဗလာဖြစ်လုနီးပါး ဖြစ်သည်။ သူသည် အမြောက်များ အားလုံးကို စုစည်းပြီး ရေတွက်ကြည့်သည်၊ အမြောက်အလက်ပေါင်း ၂၀ကျော်မှာ ကြယ်တာရာသားရဲ၏ စိတ်စွမ်းအင်ကြောင့် ကြေမွသွားခဲ့ရသည်။

“မင်းတို့ ဒီကောင်ကြီးကို အနိုင်ယူလိုက်ပြီလား”

လန်နီနှင့် အခြားသူများသည် အံ့အားသင့်သော အမူအရာများဖြင့် လမ်းလျှောက်လာကြသည်။

ဟန်ရှောင်းသည် လှည့်ကြည့်ပြီး သူတို့ကို ကြည့်လိုက်သည်။ သူ မျက်မှောင်ကြုတ်ကာ “ခင်ဗျားတို့ရဲ့ အဝတ်အစားတွေ ဘယ်မှာလဲ။ ပြီးတော့ ပျောက်နေတဲ့ လေ့လာသူတွေက ခင်ဗျားတို့ချည်းပဲ မဟုတ်ဘူး။ တခြားသူတွေ ဘယ်မှာလဲ”

လန်နီက “ဒီမွန်းစတားက ကျွန်တော်တို့ရဲ့ အဝတ်အစားတွေကို ချွတ်ပစ်လိုက်တယ်၊ သူက အဲဒါတွေကို ကျွန်တော်တို့ရဲ့ လက်နက်လို့ ထင်တာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့ကို ဒီမွန်းစတားက ရေကန်အောက်မှာ အများအားဖြင့် ဖိနှိပ်ထားတယ်။ သူက ကျွန်တော်တို့ကို ဆုဖလားလို သဘောထားပြီး ယူသွားတာ ဖြစ်နိုင်တယ်”

“ခင်ဗျားတို့ အဝတ်အစားတွေကို ယူလိုက်ပါ၊ ဝတ်ပြီးမှ စကားပြောကြရအောင်”

ဟန်ရှောင်းသည် သူမကို လျစ်လျူရှုသော အမူအရာဖြင့် ကြည့်လိုက်သည်။

အမျိုးသမီးများနှင့် နှိုင်းယှဉ်လျှင် ဟန်ရှောင်းသည် စက်ရုပ်များကို ပိုမို စိတ်ဝင်စားသည်။ သူက ယောကျ်ားစစ်စစ်ဖြစ်သည်။

သူ လှည့်ကြည့်လိုက်သည်၊ ဟားလပ်စ်သည် လန်နီထံမှ မျက်လုံးကို မခွာနိုင်သည်ကို မြင်လိုက်ရသည်။ သူ့ကို ပုတ်လိုက်ပြီး မကျေနပ်သော လေသံဖြင့် “သူမကို မကြည့်နဲ့၊ ဒါက အလုပ်ရှင်ရဲ့ ဇနီး။ နောက်ဆုံးကျမှ ဆုလာဘ်ကို အငြင်းခံရတာ မလိုချင်ဘူး”

ဟားလပ်စ်သည် သူ၏ ခေါင်းကို ကုတ်လိုက်သည်။ သူ သူ့ကိုယ်သူ ခုခံပြောဆိုနိုင်ခြင်း မရှိမီ လန်နီသည် ဆွဲဆောင်မှုရှိစွာ ရယ်မောလိုက်သည်။

သူမ ကယ်ဆယ်ခံရပြီးနောက် အလွန် စိတ်ကောင်း ဝင်နေသည်။ သူမ မျက်တောင်ခတ်ပြီး အပြုံးဖြင့် “ရပါတယ်၊ ကျွန်မတို့ ဂေါ်ဒိုရန်တွေက အရမ်းပွင့်လင်းပါတယ်။ မင်းတို့က ကျွန်မရဲ့ အသက်ကို ကယ်ခဲ့တာ၊ ဒါကြောင့် ဖြစ်နိုင်ပါတယ်…”

“ရပ် ရပ်။ ကျွန်တော် ရွှေရောင် အရေပြားတွေကို စိတ်မဝင်စားဘူး”

ဟန်ရှောင်းသည် သူ၏ စိတ်ထဲတွင် တုန်ယင်သွားသည်။

သောက်ရမ်းရိုင်းလိုက်တာ!

အစ်ကို နီရီဂျာ၊ ခင်ဗျား တကယ်ပဲ အစိမ်းရောင် ဖြစ်နေပြီ!

TL Note: တရုတ်တွေမှာ “အစိမ်းရောင်ဖြစ်နေပြီ” ဒါမှမဟုတ် “အစိမ်းရောင်ဦးထုပ် ဆောင်းတယ်” အဲလိုမျိုး အစိမ်းရောင်နဲ့ ပက်သက်ပြီး လူတစ်ယောက်ကို ပြောတယ်ဆိုရင် အဲဒါက “မင်းမိန်းမက ဖောက်ပြန်နေပြီ” ဆိုပြီး စော်ကားပြောဆိုတာလို့ ယူဆနိုင်ပါတယ်။

All Chapters