← Chapters

အိမ်မွေးတိရစ္ဆာန် (၂)

Vol. 31 Ch. 463

အိမ်မွေးတိရစ္ဆာန် (၂)

Vol. 31 Ch. 463

လန်နီ ပခုံးတွန့်လိုက်ပြီး သူတို့ ရေအောက်ထဲ ဆင်းသွားကာ လေ့လာသူများ၏ ပုံမှန်ပစ္စည်းကိရိယာ အမြောက်အမြားကို လျင်မြန်စွာ ကောက်ယူပြီး ဝတ်ဆင်လိုက်သည်။

“ခင်ဗျားတို့ရဲ့ တခြား သူငယ်ချင်းတွေ ဘယ်မှာလဲ” ဟန်ရှောင်း ခြောက်သွေ့စွာ ချောင်းဆိုးလိုက်သည်။

“သူတို့ထဲက အများစုက သေဆုံးသွားကြပြီ။ ဒီမွန်းစတားက ကျွန်မတို့ရဲ့ ပစ္စည်းကိရိယာတွေကို ယူသွားတယ်လေ၊ ဒါကြောင့် ရေပူစမ်းကနေ အရမ်းဝေးသွားရင် ကျွန်မတို့ အေးခဲပြီး သေဆုံးဖို့ အလွန် ဖြစ်နိုင်တယ်။ အချို့လူတွေက ဒီမွန်းစတားက ရေအောက်ကို အကြာကြီး ဆွဲခေါ်သွားပြီး ရေနစ် သေဆုံးခဲ့တယ်။ ကျွန်မတို့အပြင် လိုဏ်ဂူဥမင်ရဲ့ အခြားတစ်ဖက်မှာ အသက်ရှင်နေတဲ့ လူအုပ်စုတစ်စု ရှိသေးတယ်။ အဲဒီမှာ နောက်ထပ် ရေပူစမ်းတစ်ခု ရှိတယ်”

ဟန်ရှောင်း ခေါင်းညိတ်လိုက်သည်။ သူရောက်လာချိန်က လမ်းခွဲတစ်ခု ရှိခဲ့ပြီး အခြားတစ်ဖက်က တခြား လေ့လာသူများရှိသည့် ရေပူစမ်းကို ဦးတည်နေသည်။ သူတို့ အခြားတစ်ဖက်ကို အရင်သွားခဲ့ရင် ကြယ်တာရာသားရဲအကြောင်း သတင်းအချက်အလက် ကြိုရခဲ့မှာ ဖြစ်သော်လည်း သူ့အနေဖြင့် ထိုသို့လုပ်ရန် မလိုခဲ့ချေ။

“ဒီကြယ်တာရာသားရဲက ခင်ဗျားတို့ကို ဘာလို့ ဖမ်းထားတာလဲ” ဟားလပ်စ်က သိလိုစိတ်ဖြင့် မေးလိုက်သည်။ “သူက ခင်ဗျားတို့ကို ဒီမှာ တမင်တကာ ဖမ်းထားပုံရတယ်”

လန်နီရဲ့ မျက်နှာပေါ်မှာ ဒေါသပေါ်လာပြီး သူမက “ဒီ မွန်းစတားက ကျွန်မတို့ ပျက်ကျပြီးမှ ပေါ်လာတာ။ သူက ကျွန်မတို့ကို ဒီကို ခေါ်လာတယ်၊ ရေပူစမ်းထဲမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ပေးတယ်၊ ပြီးတော့ တစ်ခါတလေ သူကစားနေသလိုမျိုး ရေထဲကိုဆွဲခေါ်ပြီး ပစ်ပေါက်တယ်။ သူ ကျွန်မတို့ကို အိမ်မွေးတိရစ္ဆာန်တွေလို ထားခဲ့တာ!”

သက်ရှိပုံစံအဆင့်ရှုထောင့်မှ ကြည့်လျှင် အာကာသ သတ္တဝါများက လူသားများထက် သာလွန်သော သက်ရှိပုံစံများ ဖြစ်သည်။ လူသားများကို သူတို့၏ အိမ်မွေးတိရစ္ဆာန် ဖြစ်စေခြင်းသည် လူသားများက သားရဲများကို အိမ်မွေးတိရစ္ဆာန်အဖြစ် ယဉ်ပါးအောင် လုပ်ခြင်းနှင့် အတူတူပင်။ ၎င်းသည် သဘာဝ နိယာမတစ်ခုနီးပါး ဖြစ်သည်။

သို့သော် အခြားမျိုးစိတ်များကို အိမ်မွေးတိရစ္ဆာန်အဖြစ် ပြောင်းလဲရန် အသုံးပြုခဲ့သော လူသားများက သူတို့ကိုယ်တိုင် အိမ်မွေးတိရစ္ဆာန် ဖြစ်လာသောအခါ သူတို့၏ သာလွန်မှုသည် နင်းခြေခံရသလို ခံစားရသည်။ ဤဂေါ်ဒိုရန်များက ဒေါသထွက်ပြီး ရှက်ရွံ့မှုကို ခံစားခဲ့ရသည်။

ဟန်ရှောင်း သူ့မျက်ခုံးကို ပင့်လိုက်ပြီး ဘာမှတ်ချက်မှ မပေးပေ။ အာဏာရှိသူ မည်သူမဆို အားနည်းသူများကို သူတို့ လိုချင်တာ လုပ်နိုင်၏။ လူမှုအဖွဲ့အစည်းရှိသော နေရာများ၏ အပြင်ဘက်တွင် သားရဲဥပဒေသာလျှင် တစ်ခုတည်းသော အမှန်တရား ဖြစ်သည်။ သူ တည့်တိုးပြောလိုက်သည် “ကောင်းပြီ၊ ခင်ဗျားတို့ကို ကယ်ပြီးပြီ။ ကောင်းကင်ပေါ်က ဓါတ်ရောင်ခြည် မုန်တိုင်းက အားနည်းလာရင် ကျွန်တော်တို့ ထွက်ခွာနိုင်လိမ့်မယ်။ အဘိုးကြီး ဟားလပ်စ်၊ တခြားတစ်ဖက်က ရေပူစမ်းကို သွားပြီး ကျန်တဲ့ လေ့လာသူတွေကို ဒီကို ခေါ်ခဲ့ပါ”

ထိုလေ့လာသူများကို ပြန်ခေါ်လာခြင်းက မစ်ရှင် အဆင့်သတ်မှတ်ချက်ကို အကြီးအကျယ် တိုးမြှင့်ပေးနိုင်သည်။ အစီအစဉ်များ လုပ်ပြီးနောက် ဟန်ရှောင်းသည် မြေပြင်ပေါ် လဲလျောင်းနေသော ကြယ်တာရာသားရဲကို လှည့်ကြည့်လိုက်သည်။

ကျန်ရှိနေသော တစ်ခုတည်းသော ပြဿနာမှာ ဤသားရဲကို မည်သို့ လုပ်ဆောင်ရမည်နည်း။

“ဒါက ဂိုဒိုရာက ပထမဆုံး ရှာဖွေတွေ့ရှိတဲ့ ကြယ်တာရာသားရဲပါ၊ ဒါကြောင့် ဒါဟာ အရမ်း အရေးကြီးတဲ့ သုတေသန ပစ္စည်း ဖြစ်လိမ့်မယ်။ ခင်ဗျား ဒါကို အာကာသစခန်းကို ပြန်ယူသွားနိုင်ရင် ကျွန်မတို့က ခင်ဗျားကို အလွန် မြင့်မားတဲ့ ဆုလာဘ် ပေးပါလိမ့်မယ်” လန်နီက သူမရဲ့ လေ့လာသူ တိုက်ခိုက်ရေး ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမရဲ့ ဆံပင်ကို စည်းထားသည်။ သူမ သပ်ရပ်ပြီး ယုံကြည်မှု ရှိပုံရသည်။

ဟန်ရှောင်း မျက်လုံး မှေးစင်းလိုက်ပြီး စဉ်းစားလိုက်သည်။

ဒါကို ဂိုဒိုရာကို ပေးရမှာလား။ မဟုတ်ဘူး၊ အဲဒါ လုံးဝ တန်ဖိုးရှိမှာ မဟုတ်ဘူး။ ကြယ်တာရာသားရဲများက အလွန် ရှားပါးပြီး ရတနာတွေနဲ့ ပြည့်နေတယ်။ ကြယ်တာရာသားရဲရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတွေက လူတစ်ယောက်ရဲ့ ပင်ကိုယ်အရည်အသွေးတွေကို တိုးမြှင့်နိုင်တဲ့ မျိုးရိုးဗီဇ ဆေးရည်တွေ ပြုလုပ်နိုင်တယ်။ ဆေးရည်ကနေ စွမ်းရည်တစ်ခု ရရှိဖို့ အခွင့်အရေးတောင် ရှိတယ်။ ပြီးတော့ အဲဒါက မျိုးနွယ်စု ဆင့်ကဲပြောင်းလဲမှု အတွင်းမှာ ရွေးချယ်စရာတွေကို တိုးမြှင့်ပေးလိမ့်မယ်။ ထပ်ပြောရရင် ဒါကို သတ်ဖြတ်ခြင်းက ဒဏ္ဍာရီလာ မှတ်တိုင်ကို ဖြစ်ပေါ်စေလိမ့်မယ်။

အရေးအကြီးဆုံးက ကြယ်တာရာသားရဲရဲ့ သလင်းကျောက်ကို ကြိတ်ချေပြီး ဖန်တီးထားတဲ့ အမှုန့်ကို အထူး ဆေးရည်အဖြစ် ပြုလုပ်နိုင်တယ်။ အဲဒါက ကစားသမားတွေအပေါ် သက်ရောက်မှု မရှိပေမယ့် အရမ်းရှားတယ်။ ကွန်ပျူတာဇာတ်ကောင်တွေဆီက ဘယ်အရင်းအမြစ်တွေကိုမဆို ဝယ်ဖို့ ငွေကြေးအနေနဲ့တောင် သုံးလို့ရတယ်။

ထိုဆေးရည်များတွင် အာနိသင်တစ်ခုတည်းသာ ရှိသည်၊ ကြယ်တာရာသားရဲ၏ ဇီဝဖြစ်ပျက်မှု ညှိနှိုင်းနိုင်စွမ်း၏ တစ်စိတ်တစ်ပိုင်းကို ပေးစွမ်းနိုင်သည်။ ရိုးရှင်းစွာ ပြောရလျှင် ဤအရာက လူတစ်ဦး၏ သက်တမ်းကို ရှည်ကြာစေနိုင်သည်။

ဟန်ရှောင်းသည် စစချင်းကတည်းက ဤပြဿနာကို စိုးရိမ်ခဲ့သည်။ ဂလက်စီ၏ အစောပိုင်း ဗားရှင်းများတွင် ဒါက ပြဿနာ မရှိနိုင်သော်လည်း ဗားရှင်းများအကြား အချိန်ကျော်လွှားမှုက ပိုမို ရှည်ကြာလာလိမ့်မည်။ ဗားရှင်းများအကြား ရာစုနှစ်များစွာ ကုန်လွန်သွားလိမ့်မည်။ စူပါလူသားများ၏ သက်တမ်းက သာမန်လူတွေထက် အဆပေါင်းများစွာ ပိုများသော်လည်း နှစ်ထောင်ပေါင်းများစွာသော သမိုင်းတစ်လျောက်တွင်တော့ သေးငယ်တဲ့ အစိတ်အပိုင်းလေးတစ်ခုသာ ရှိသေးတယ်။

လူတစ်ဦး၏ သက်တမ်းကို တိုးမြှင့်ရန် နည်းလမ်း အနည်းငယ်သာ ရှိသည်။ ယန္တရား အစိတ်အပိုင်းများး တပ်ဆင်ခြင်းသည် ၎င်းတို့ထဲမှ တစ်ခုဖြစ်သည်၊ သို့သော် ၎င်းတွင် အလွန် ထင်ရှားသော ဆိုးကျိုးများ ရှိသည်။ အခြားတစ်ဖက်တွင် ကြယ်တာရာသားရဲ ဆေးရည်တွင် ဆိုးကျိုး မရှိသလောက်ပင်။

ဒါက အရမ်း အရေးကြီးတယ်၊ ဒါကြောင့် အလဟဿ မဖြစ်စေရဘူး။

ဟန်ရှောင်း၏ မျက်လုံးများ တည်ငြိမ်လာသည်။ သူသည် ကြယ်တာရာသားရဲ၏ သလင်းကျောက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ပြီး စိတ်ခံစားမှုလှိုင်းတစ်ခုက သလင်းကျောက်မှတစ်ဆင့် သူ၏ စိတ်ထဲသို့ ကူးစက်လာသည်။

သူ တောင်းပန်နေခြင်း ဖြစ်သည်။

ကြယ်တာရာသားရဲက သူ့ကို သနားဖို့ တောင်းပန်နေ၏။

ဟန်ရှောင်းက ၎င်းကို လုံးဝ လျစ်လျူရှုလိုက်ပြီး ဗွိုက် ဂျက် စပရေးသည် သူ၏ လက်ဖဝါးတွင် ပေါက်ကွဲထွက်လာသည်။

ဒုန်း!

အက်ကြောင်းများဖြင့် ဖုံးလွှမ်းနေပြီး ဖြစ်သော သလင်းကျောက်သည် အပိုင်းပိုင်း ကွဲကြေသွားပြီး ဟန်ရှောင်း၏ လက်ထဲသို့ ကျလာသည်။ ကြယ်တာရာသားရဲ၏ အရေပြားအောက်ရှိ ခရမ်းရောင် အလင်းသည် မှေးမှိန်သွားသည်။ ဤအာကာသ သတ္တဝါထံမှ အသက်သည် ထွက်ခွာသွားတော့သည်။

ဒီ သလင်းကျောက်က ကြယ်တာရာသားရဲ၏ အသက်နှလုံးသား ဖြစ်ပြီး အရေးအကြီးဆုံး ပစ္စည်းလည်း ဖြစ်သည်။

သင်သည် အာကာသ သတ္တဝါ တစ်ကောင်ကို သတ်လိုက်ပါပြီ။

[ဒဏ္ဍာရီလာ မုဆိုး] မှတ်တိုင်ကို စတင်လိုက်ပြီ။

လက်ရှိ တိုးတက်မှု: ၁/၅ (အထူး သတ္တဝါ ၅ ကောင်ကို သတ်ပါ)

ဤသည်မှာ ဒဏ္ဍာရီလာ မှတ်တိုင်တစ်ခု ဖြစ်သည်။ ပြီးစီးပါက သက်ဆိုင်သည့် ဒဏ္ဍာရီလာ အမှတ်များကို ပေးအပ်လိမ့်မည်။ ဤနေရာတွင် ဖော်ပြထားသည့် အထူး သတ္တဝါများသည် ဘော့စ် အဆင့် ပင်ကိုယ်အရည်အသွေးများရှိသည့် အာကာသ သတ္တဝါများ အမျိုးမျိုး ဖြစ်သည်။ ထို့အပြင် ဒန်ဂျင်များမှ ဘော့စ်များကို ထည့်သွင်းရေတွက်ခြင်း မရှိပေ။

ကံကောင်းထောက်မစွာဖြင့် ဂလက်စီတွင် မွန်းစတားများစွာ ရှိသည်။ ဟန်ရှောင်းကစားခဲ့သည့် သူ့ရဲ့ ယခင်ဘဝက နောက်ဆုံးဗားရှင်းအထိတောင်မှ၊ ဂိမ်းကို ကစားသမားများ မရေမတွက်နိုင်အောင် နှစ်ပေါင်းများစွာ ကစားခဲ့ကြသော်လည်း၊ တစ်ခါတစ်ရံ ကစားသမားများက အထူး သတ္တဝါကို သတ်ဖြတ်သည့် ဖြစ်ရပ်များ ရှိနေဆဲဖြစ်သည်။ မည်သို့ပင်ဖြစ်စေ စကြဝဠာထဲမတွင် သတ္တဝါအသစ်များ အမြဲ မွေးဖွားလာနေလိမ့်မည်။ သေချာတာပေါ့၊ သူတို့ကို သတ်ဖို့ ပြိုင်ဆိုင်မှုကလည်း အလွန်ပြင်းထန်သည်။

ထူးခြားသော အချို့ ဒဏ္ဍာရီလာ အမှတ်များက သက်ဆိုင်ရာ ဇာတ်လမ်းတစ်ခုကို ဖွင့်လှစ်နိုင်သည်။ [ဒဏ္ဍာရီလာ မုဆိုး] သည် ၎င်းတို့ထဲမှ တစ်ခု ဖြစ်သည်၊ ၎င်းသည် ဂုဏ်ပုဒ်တစ်ခုနှင့် ဆင်တူသည်။

ဟန်ရှောင်း သလင်းကျောက်ကို သိမ်းဆည်းလိုက်သည်၊ သူ၏ ကောက်ရိတ်ဓါးကို ဆွဲထုတ်ပြီး ကြယ်တာရာသားရဲ၏ အလောင်းကို ခုတ်ပိုင်းလိုက်သည်။ သူသည် အရေးကြီးသော အစိတ်အပိုင်းများကို လျင်မြန်စွာ စုဆောင်း၏။ ကြယ်တာရာသားရဲ၏ အလောင်းသည် လွယ်ကူစွာ မပုပ်သိုးဘဲ အချိန်အလွန် ကြာမြင့်စွာ ထိန်းသိမ်းထားနိုင်သည်။

မကြာမီ ဤ ကြယ်တာရာသားရဲသည် မပြည့်စုံသော အလောင်းသာ ကျန်ရှိတော့သည်။

“ဟူး…” လန်နီရဲ့ မျက်နှာမှာ နောင်တနှင့် ပြည့်နေသော်လည်း သူမအတွက် ပြဿနာ မရှိပေ။ ဤသားရဲက စစချင်းကတည်းက ဟန်ရှောင်း၏ ဆုဖလား ဖြစ်သည်၊ ဒါကြောင့် သူလုပ်ချင်တာ လုပ်ပိုင်ခွင့် ရှိနေသည်။

ဟားလပ်စ်က ကျန်သည့် လေ့လာသူများကို နောက်ဆုံးမှာ ခေါ်လာ၏။

ဂေါ်ဒိုရန်များ အားလုံး အံ့အားသင့်သွားကြသည်။ ခဏအကြာက သူတို့သည် ရေပူစမ်းထဲမှာ ပိတ်မိနေပြီး သီချင်းဆိုနေခဲ့ကြသည်၊ သို့သော် နောက်တစ်ခဏတွင် သူတို့သည် ကြေးစားစစ်သားများ၏ ရုတ်တရက် ကယ်တင်ခံခဲ့ရတယ်။ ဒါက အိပ်မက်လို ခံစားနေရသည်။

ကြယ်တာရာသားရဲ၏ အလောင်းကို မြင်သောအခါ လေ့လာသူများ၏ အုပ်စုအသစ်က အံ့အားသင့်စွာ ဟန်ရှောင်းကို ကြည့်လိုက်ကြသည်။ သူတို့မှာ ဤမွန်းစတားကြောင့် တော်တော် ဒုက္ခ ရောက်ခဲ့ကြရပြီး ကြယ်တာရာသားရဲ ဘယ်လောက် အားကောင်းလဲဆိုတာ သူတို့ သိကြတယ်။

“လူတိုင်း ရောက်နေပြီ၊ သွားကြစို့” ဟန်ရှောင်းက ပြောလိုက်သည်။

...

သူတို့ မြေပြင်သို့ ပြန်လာချိန်တွင် ဟန်ရှောင်းက ကိရိယာတစ်ခုဖြင့် ဓါတ်ရောင်ခြည် ခွန်အားကို စမ်းသပ်နေသည်။ ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက် ဓါတ်ရောင်ခြည် မုန်တိုင်းအတွင်းရှိ တိုတောင်းသော အချိန်က နောက်ဆုံးတွင် ရောက်ရှိလာသည်။ သူတို့ အလျင်အမြန် လေယာဉ်ပေါ် တက်ပြီး ကောင်းကင်သို့ တည့်တည့် တက်သွားကြသည်။

လေယာဉ်သည် လူ၁၀ယောက်လောက်သာ ဆန့်သော်လည်း လေ့လာသူများက ၁၀ယောက်ကျော် ရှိနေ၏။ အခန်းထဲမှာ လူများ ပြည့်ကြပ်ကုန်သည်။

သူတို့သည် မုန်တိုင်းဧရိယာကို အောင်မြင်စွာ ဖြတ်ကျော်ခဲ့ပြီး အာကာသယာဉ်က သူတို့ကို လာခေါ်သွားသည်။

သေခြင်းမှ လွတ်မြောက်လာသော လေ့လာသူများ အားလုံးသည် ဝမ်းသာအားရဖြင့် တစ်ယောက်ကို တစ်ယောက် ပွေ့ဖက်လိုက်ကြသည်။

ဟန်ရှောင်းမှာ မစ်ရှင်ကိုသာ အာရုံစိုက်နေတာကြောင့် အချိန်ဖြုန်းမနေပေ။ သူက အပြန်လမ်းကို သတ်မှတ်ပြီး ချက်ချင်း ပြန်လာ‌၏။

ရက်အနည်းငယ်အကြာတွင် အာကာသယာဉ်သည် အာကာသစခန်းသို့ ပြန်ရောက်လာသည်။ ဤတစ်ကြိမ် သူတို့ ဝင်ရောက်ဖို့ တောင်းဆိုသည့်အခါ ပျောက်ဆုံးနေတဲ့ လေ့လာသူများကို ကယ်တင်ခဲ့သည်ဆိုသည့် အချက်ကို ပြောပြလိုက်သည်။ အာကာသစခန်းရှိ လူတိုင်း အံ့အားသင့်သွားကြတယ်။

အာကာသစခန်းက ချက်ချင်းပဲ သူ့ရဲ့ ဆိပ်ကမ်းကို ဖွင့်ပေးလိုက်သည်။ နောက်ဆုံးအကြိမ်က အေးစက်တဲ့ ဆက်ဆံမှုနဲ့ မတူဘဲ အာကာသစခန်းက လူများ၏ သဘောထားက လုံးဝပြောင်းလဲသွားပြီး သူတို့ကို စိတ်အားထက်သန်စွာ ကြိုဆိုနေကြသည်။

အာကာသယာဉ်က ဆိပ်ကမ်းတွင် ဆိုက်ကပ်လာသည်။ တံခါးဖွင့်လိုက်သည်နှင့် ဟန်ရှောင်းက အာကာသစခန်းမှာရှိသော လူတိုင်းနီးပါး ဆိပ်ကမ်းမှာ စုဝေးနေတာကို တွေ့လိုက်ရသည်။ စခန်းမှူးက ရှေ့ဆုံးမှာ ရပ်နေတယ်။ အံ့အားသင့်မှုနဲ့ ကျေနပ်မှုက ဤအလေးအနက်ရှိသော စစ်အရာရှိရဲ့ မျက်နှာပေါ်တွင် ပေါ်လွင်နေသည်။

သူ့ဘေးမှာတော့ လက်ထောက် စခန်းမှူးက ပုံမှန်အတိုင်း ပြုံးနေသည်။ သို့သော် အကြောင်းတစ်ခုခုကြောင့် သူ့အပြုံးမှာ အနည်းငယ် တောင့်တင်းနေပြီး သူ့ မျက်လုံးထဲမှာ စိတ်အလိုမကျမှု အနည်းငယ် ရှိနေသည်။

All Chapters