← Chapters

အပိုင်း (၃၄၉)

Vol. 26 Ch. 349

အပိုင်း (၃၄၉)

Vol. 26 Ch. 349

ဝူစစ်တပ်သည် တောင်ဘက်ပိုင်းဆီသို့ ချီတက်လျက် ရှိနေပြီ။ သူတို့သည် ရွှဲ့ပြည်နယ်၏ ရှန်ယီမြို့ဆီသို့ ဦးတည်နေ၏။ ပျံ့ရှောင်း၏ စ်တပ်ကလည်း ပြင်ဆင်လျက် ရှိနေ၏။ ကျန်းပေနယ်စား အိမ်တော်ဆီမှ နန်းကုန်းအိုသည် စစ်သည်အင်အား လေးသောင်းကျော်ကို စုစည်းပြီး ရှန်ယီမြို့ဆီသို့ ချဉ်းကပ်လာခဲ့၏။ နိုင်ငံနှစ်ခုမှ စစ်တပ်ကြီးများသည် တစ်ယောက်နှင့်တစ်ယောက် မျက်နှာချင်းဆိုင် ရင်ဆိုင်ရန် အသင့်အနေအထား ဖြစ်လို့နေ၏။ အခြေအနေတစ်ခုလုံးကလည်း တင်းမာလျက် ရှိနေ၏။

ထိုအချိန်မှာတော့ ဘုရင်မင်းမြတ်သည် ရှမ့်လန်ကို ဆင့်ခေါ်ခဲ့၏။ သို့ပေမည့် ရှမ့်လန်ကို မြင်ရသည့် အချိန်မှာတော့ သူသည် စိတ်ဆိုးဒေါသမထွက်ဘဲ မနေနိုင်တော့ချေ။ ရက်အနည်းငယ်ကြာ အစာငတ်ထားရန် သူပြောခဲ့သည် မဟုတ်ပါလား။ သို့ပေမည့် ဤခွေးသူတောင်းစားလေး၏ မျက်နှာက ဝင်းလက် တောက်ပြောင်လျက် ရှိ၏။ ဤအရာက ရက်အနည်းငယ် ထမင်းမစားရသည့်ရုပ်ရော ဟုတ်ပါရဲ့လား။ ထို့အပြင် အနည်းငယ်ပင် ဝလာသည့်ပုံ ပေါ်သည်။

ပါးစပ်ကို ဟလိုက်ချိန်မှာတော့ သွားများက နှင်းကဲ့သို့ပင် တောက်ပကာ ဖြူဖွေးနေခဲ့၏။ တစ်ချက်ကလေးမှ ညစ်ပတ်သည့်ပုံ မရှိချေ။ အခန်းထဲတွင် စားစားသောက်သောက် နေခဲ့ရုံသာမက ရေမိုးချိုး၊ သွားတိုက်ရန်ပင် အခွင့်အရေး ရနေသည်လား။ သို့ပေမည့် ဘုရင်မင်းမြတ်သည် ဤကဲ့သို့သော အသေးစိတ်ကိစ္စရပ်များကို လိုက်လံပြောဆိုနေ၍မဖြစ်ချေ။

“ဝူပြည်နယ်ရဲ့ စစ်သည်အင်အား သုံးသောင်းကျော်က ရှန်ယီမြို့ကို ဦးတည်လာခဲ့ပြီ။ သူတို့က ဘာလုပ်မယ်လို့ မင်းထင်လဲ” နင်ယွမ်ရှန်းက မေးမြန်းလိုက်၏။

ရှမ့်လန်က ပြောလိုက်သည်။ “စစ်တပ်ကို ဘယ်သူက ဦးဆောင်လာခဲ့တာလဲ”

နင်ယွမ်ရှန်းက ဖြေလိုက်၏။ “ဝူဘုရင်”

ထိုစကားကို ကြားသည့်အချိန်မှာတော့ ရှမ့်လန်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့၏။ အဘယ့်ကြောင့် ဤမျှ ရက်ရောရသနည်း။ တကယ်တမ်း ပြောရမည် ဆိုလျှင် ဝူဘုရင်သည် သူကိုယ်တိုင် စစ်သည်များကို ဦးဆောင်ကာ စစ်ချီတက်စရာ မလိုအပ်ချေ။

“ဒီကိစ္စအားလုံးက စုနန်နဲ့ သက်ဆိုင်နေတယ်လို့ ထင်လား” ဘုရင်မင်းမြတ်က မေးမြန်းလိုက်သည်။

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး.. ဒါတွေအားလုံးက စုနန်နဲ့သာ ပတ်သက်နေတယ်ဆိုရင် အကျိုးဆက်က ကြောက်မက်ဖွယ်ရာကောင်းတဲ့ အခြေအနေမျိုး ဖြစ်လာလိမ့်မယ်။ စုကလန် စီစဉ်ထားတဲ့ မဟာဗျူဟာက အရမ်းကြီးမားလိမ့်မယ်”

ဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်၏။ ပြီးနောက် ဆက်လက်ကာ ပြောလိုက်သည်။ “ဝူဘုရင်က ငယ်ရွယ်ပြီး စိတ်မြန်လက်မြန်ရှိတဲ့ လူတစ်ယောက် ဖြစ်ဖို့ပဲ မျှော်လင့်မိမယ်။ အင်း.. နယ်စပ်အမဲလိုက်ပွဲကို အနိုင်ရရှိပြီးတဲ့ နောက်မှာ သူက နိုင်ငံထဲမှာရှိတဲ့ လူတွေရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုးတက်မှုကို အခွင့်ကောင်းယူပြီး နယ်စပ်ဆီ စစ်ချီလာခဲ့တာပဲ ဖြစ်မယ်”

ရှမ့်လန်က မပြောဘဲ မနေနိုင်တော့ချေ။ “အရှင်မင်းကြီး.. အဆိုးဆုံးကို ကြိုပြီး ပြင်ဆင်ထားဖို့ သင့်တယ်”

ဘုရင်မင်းမြတ်က ပြန်ပြောလိုက်သည်။ “ဘယ်လို အဆိုးဆုံး အခြေအနေလဲ။ အဆိုးဝါးဆုံး အခြေအနေတွေ ဖြစ်လာတော့မယ်လို့ မင်းထင်နေတာလား”

ရှမ့်လန်က ပြောလိုက်၏။ “ချောင်နိုင်ငံရဲ့ စစ်တပ်က ကျုပ်တို့ ရွှဲ့ပြည်နယ်ရဲ့ အနောက်ပိုင်းကို ချဉ်းကပ်လာခဲ့တယ်။ ပြီးတော့ ကျန့်ရှစ်နယ်စားအိမ်တော်ရဲ့ ကျုံ့ထော်နဲ့ ထိပ်တိုက်ရင်ဆိုင်ရမှာ။ ပြီးတော့ ဝူပြည်နယ်က စစ်သည်တွေ ထပ်ပြီး ပေးပို့ ကူညီဖို့ ပြင်နေပုံပေါ်တယ်"

ဒီကိစ္စက နယ်စပ်တစ်ခုလုံးကို မောင်ပိုင်စီးပြီး မင်းကြီး ပျံ့ရှောင်းနဲ့ ကျန်းပေနယ်စားအိမ်တော်တို့ရဲ့ စစ်သည်ကို တစ်ခါတည်း ဖိနှိပ်ဖို့ ကြိုးစားခဲ့တာပဲ။ ချင်ဘုရင်က အနောက်ဘက်ပိုင်းကနေ တက်လှမ်းလာပြီး အားလုံးကို သတ်ဖြတ်ပစ်လိမ့်မယ်။အဲလို တက်လှမ်းနိုင်အောင်လည်း အစီအစဉ် ချခဲ့ပြီးပြီ။ အစီအစဉ်အတိုင်း ဖြစ်လာမယ်ဆိုရင် နယ်စားကြီး စုနန်က အရှင်မင်းကြီးဆီကနေ လိုချင်တာ တောင်းဆိုနိုင်တဲ့ အခွင့်အရေး ရလာလိမ့်မယ်။”

ဘုရင်မင်းမြတ်၏ မျက်နှာသွင်ပြင်တစ်ခုလုံးက တဆတ်ဆတ်နှင့် တုန်ယင်သွားခဲ့၏။ သူသည် ထိုကဲ့သို့သော အခြေအနေကို တွေးတောထားပြီး၏။ သို့ပေမည့် ထိုကဲ့သို့ ဖြစ်မလာရန်လည်း မျှော်လင့်နေခဲ့မိ၏။

နင်ယွမ်ရှန်းသည် သဘောမတွေ့သလိုပင် ပြောလိုက်သည်။ “ဒီလိုအခြေအနေတွေကြားထဲမှာ မင်းက စုနန်ကို သတ်ချင်တာလား”

ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ဒါက အဆိုးဝါးဆုံး အခြေအနေ မဟုတ်သေးဘူး”

“.........” ဘုရင်မင်းမြတ်က အံ့အားသင့်သွားခဲ့သည်။

ရှမ့်လန်က ပြောလိုက်၏။ “စုနန်က မြေခွေးအိုကြီး တစ်ယောက်ပဲ။ သူက ချက်ချင်းကြီး ဒီလိုပြည့်စုံတဲ့ ဗျူဟာမြောက် အစီအစဉ်တစ်ခုကို ဖန်တီးနိုင်မှာ မဟုတ်ဘူး။ ဒီကိစ္စက ဟိုးအရင်အချိန်တွေတည်းက စီစဉ်ထားခဲ့တာပဲ ဖြစ်ရမယ်”

“အင်း ..” ဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်သည်။

ရှမ့်လန်က ဆက်လက်ကာ ပြောလိုက်၏။ “သူက ဒီတစ်ကြိမ်မှာ ကျုပ်ကို ဒုက္ခပေးနိုင်ဖို့ ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီ။ ဟယ်ဝမ်ဝမ်ရဲ့ကိစ္စ မအောင်မြင်ပြီးတဲ့နောက်မှာ သူက တခြားကိစ္စတစ်ခုဆီ ခြေလှမ်းခဲ့တာပဲ ဖြစ်မယ်။ ဒါပေမဲ့ ဒီကိစ္စက အရင်ပဝေဿနီတည်းက စီစဉ်ထားတဲ့ ကိစ္စတစ်ခုဖြစ်ပြီး အရမ်းကို ကြီးမားတဲ့ ကိစ္စကြီးပဲ ဖြစ်တယ်”

ဘုရင်မင်းမြတ်၏ မျက်နှာတစ်ခုလုံးက ချက်ချင်းပင် ဖြူလျော်သွားခဲ့သည်။ “မင်း ဆိုလိုတာ ယန်ကျိုးမြို့ရဲ့ ပြောင်းလဲမှု အသစ်လား”

နင်ယွမ်ရှန်းသည် တကယ်ပဲ ဉာဏ်ကောင်းသူ တစ်ယောက် ဖြစ်၏။ လိုရင်းကို တည့်တည့်ပဲ နားလည်နေ၏။

ရှမ့်လန်က ပြောလိုက်သည်။ “စုနန်က ချောင်နိုင်ငံ နဲ့ ဟိုးယခင်တည်းက ပူးပေါင်းထားခဲ့တယ်။ သူက ယခင်တည်းက ချင်နိုင်ငံနဲ့ မဟာမိတ် ဖွဲ့ခဲ့တယ်။ ဝူနိုင်ငံနဲ့လည်း တူတူပဲ။ အဲဒီ ဝူ .. ချောင် .. ချင် နိုင်ငံအသီးသီးတို့ နဲ့ ပူးပေါင်းနိုင်ဖို့ ငွေကြေးအရင်းအမြစ် တော်တော်များများ အသုံးပြုခဲ့ပြီးပြီ”

အခြေအနေသည် နင်ယွမ်ရှန်း စိုးရိမ်ရမည့် ကိစ္စရပ်မျိုးဖြစ်၏။ ကျုံးမိသားစုသည် စုမိသားစုကို ဖိနှိပ်နိုင်စွမ်း ရှိလိမ့်မည်ဟု သူ မျှော်လင့်မိ၏။ ကျုံးမိသားစုနှင့် ချောင်နိုင်ငံတို့သည် မျိုးဆက်အဆက်ဆက် ဖြေရှင်း၍ မရနိုင်ခဲ့သည့် သွေးကြွေးတစ်ခု ရှိ၏။ ထို့ကြောင့် ကျုံးမိသားစုသည် ချောင်နိုင်ငံဆီသို့ ဘယ်တော့မှ ခိုလှုံလိမ့်မည် မဟုတ်ချေ။

နင်ယွမ်ရှန်းက ပြောလိုက်၏။ “ဒီလိုဆိုရင်တောင်မှ စုမိသားစုပိုင်ဆိုင်တဲ့နေရာက ချောင်နိုင်ငံက နီးစပ်နေတာမှ မဟုတ်တာ။ သူတို့ ချောင်နိုင်ငံနဲ့ ပူးပေါင်းချင်တယ်ဆိုရင်တောင်မှ လုပ်နိုင်တဲ့ အကန့်အသတ်က တည်ရှိနေသေးတယ်။ ပြီးတော့ စုနန်ပိုင်ဆိုင်ရာ မြေပိုင်နက်ရဲ့ မြောက်ပိုင်းမှာ ကျုံးမိသားစု စစ်တပ်ကြီးရှိတယ်။ စုမိသားစုသာ သစ္စာဖောက်မယ်ဆိုရင် ကျုံးရန် နဲ့ ရင်ဆိုင်တွေ့မှာပဲ”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း.. ကျုံးရန်ရဲ့စစ်တပ်နဲ့ စုမိသားစုရဲ့ မြေပိုင်နက်က တောင်ကြောတစ်လျှောက် ခြားနားနေတယ်။ အကွာအဝေးက နီးစပ်တယ် ထင်ရပေမဲ့ တိုက်ခိုက်ဖို့ လွယ်ကူမှာ မဟုတ်ဘူး”

နင်ယွမ်ရှန်းက ပြောလိုက်၏။ “အင်း.. စစ်သည်တွေ စေလွှတ်ဖို့ မလွယ်ကူဘူးဆိုရင်တောင်မှ စုမိသားစုနဲ့ ကျုံးမိသားစုရဲ့ ကြားထဲ စစ်တပ်တစ်ခု ကြားဖြတ်ပြီး ပို့ရမယ်"

စုမိသားစု အခြေချရာ မြေပိုင်နက် နှင့် ကျုံးမိသားစု အခြေချရာ တည်နေရာသည် ကြီးမားသည့် တောင်တန်းကြီး တစ်ခု၏ ခွဲခြားခြင်းကို ခံထားရ၏။ သို့ပေမည့် မျိုးဆက်ပေါင်းများစွာ ကြာပြီးနောက် ရွှဲ့ပြည်နယ်ဘုရင် အဆက်ဆက်သည် ကြီးမားသည့် တန်ဖိုးကိုပေးဆပ်ပြီး တောင်ကြားမှတစ်ဆင့် ဖြတ်သန်းသွားနိုင်ရန် ဉမင်လှိုဏ်ခေါင်းတစ်ခုကို ဖန်တီးတည်ဆောက်ထား၏။ ထိုလှိုဏ်ခေါင်းကြီးသည် စုမိသားစုနှင့် ကျုံးမိသားစုတို့ ၏ ကြား တည်ရှိနေသောကြောင့် အချိန်မရွေး တစ်ဖက်သို့ ကူးနိုင်သည်။

လက်ရှိအခြေအနေမှာတော့ ထိုပိုင်ရီနယ်စပ် ဂိတ်ပေါက်ကို စောင့်ကြပ်နေသော စစ်တပ်ကို ဦးဆောင်သူသည် အနောက်ပိုင်းစစ်သူကြီး ကျန့်ထော် ဖြစ်ပြီး ကျင်းဟွေ့၏ မိန်းမ ကျန့်ဟုန်ရှန်၏ အဖေလည်း ဖြစ်၏။ ထိုသူသည် ဘုရင်မင်းမြတ်၏ တိုက်ရိုက်အမိန့်ပေးမှုအောက်တွင် ရှိနေသည့် စစ်သူကြီးများထဲမှ တစ်ယောက်လည်း ဖြစ်ကာ အနောက်ပိုင်းစစ်တပ်ကြီးအား ဒုတိယမြောက် အမိန့်ပေးစွမ်းနိုင်သည့် လူလည်း ဖြစ်၏။

ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. ကျုပ်တို့ တော်တော်များများက နားလည်မှု လွဲနေကြတယ်။ ချင်နိုင်ငံ နဲ့ စုကလန်ကို သီးခြားစီ ခွဲထုတ် စဉ်းစားထားမိတယ်။ သူတို့သာ တစ်စုတစ်စည်းထဲ ဆိုရင် ချောင်နိုင်ငံကို ထောက်ပံ့တော့မှာပေါ့”

ဘုရင်မင်းမြတ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားခဲ့၏။ "ချောင်ဘုရင်က အရမ်းကို ဆိုးသွမ်းတဲ့ လူတစ်ယောက်။ သူက အခြားသောသူတစ်ယောက်ရဲ့ လက်အောက်ကို ကျိန်းသေပေါက် ဝင်မှာ မဟုတ်ဘူး။ အကျိုးတူ ပူးပေါင်းတာမျိုးဆိုရင်တော့ မသိဘူး”

ရှမ့်လန်က ပြောလိုက်သည်။ “ဒီလိုဆိုရင် စုနန်ကို ချက်ချင်း ဖမ်းဆီးဖို့ မလိုအပ်သေးဘူးလို့ ကျုပ် တွေးမိတယ်။ ဒါမှမဟုတ် သူ့ကို နေအိမ်အကျယ်ချုပ်အဖြစ် ခဏလောက် ထားလိုက်သင့်တယ်”

ဘုရင်မင်းမြတ်သည် အချိန်ခဏကြာ စဉ်းစားလိုက်၏။ ပြီးနောက် ခေါင်းကို ခါယမ်းလိုက်၏။ လက်ရှိ အခြေအနေတွင် စုနန်ကိုသာ ဖမ်းဆီးလိုက်သည် ဆိုပါက အခြေအနေတစ်ခုလုံးက ပိုမိုဆိုးရွားသွားပေလိမ့်မည်။ အချိန်တစ်ခုယူပြီး သေသေချာချာ ပြုလုပ်ရန် လိုအပ်နေ၏။

“တစ်ယောက်လောက်... ရေနက်တပ်ဖွဲ့ဆီကိုသွားပြီး .... ကျန်းယွမ်နယ်စားအိမ်တော်ရဲ့ ပတ်ဝန်းကျင် တည်နေရာတစ်ခုလုံးကို စောင့်ကြည့်ထားလိုက်ကြ။ ကျန်းယွမ်နယ်စားအိမ်တော်က ဘယ်သူမှ နန်းမြို့တော်ကနေ ထွက်ခွင့် မရှိဘူး"

"ကောင်းပါပြီ”

ဘုရင်မင်းမြတ် နင်ယွမ်ရှန်းသည် သူ၏ ကိုယ်ပိုင်ဗျူဟာကို ထုတ်ဖော်လိုက်ပြီ ဖြစ်၏။ ချင်ဘုရင်သည် အနောက်ပိုင်း ဒေသကို ကျူးကျော်လာမလား ဆိုသည်ကို အတည်ပြုရန်သာ လိုအပ်တော့သည်။

............

လွန်ခဲ့သည့်ရက်အနည်းငယ်က ချင်ဘုရင် ရုတ်တရက်သေဆုံးခဲ့ပြီး ချင်နိုင်ငံတစ်ခုလုံး ရှုပ်ထွေးသွားခဲ့၏။

ချင်နိုင်ငံ နန်းတော်ထဲ ဓလေ့ရိုးရာတစ်ခုရှိ၏။ အစ်ကိုကို သတ်ပြီး နန်းပလ္လင်ကို ဆက်ခံခြင်း .. မိသားစုဝင်ကို သတ်ဖြတ်ပြီး နန်းပလ္လင်ကို ဆက်ခံခြင်း ... ထိုအရာများကို ချင်ဘုရင်အဆက်ဆက် ပြုလုပ်ခဲ့ကြသည်။

ယခင်ချင်ဘုရင်သည် နန်းတက်ပြီးနောက် သူ၏ ပလ္လင်ကို ခြိမ်းခြောက်နိုင်သည့် အစ်ကိုရင်း နှစ်ယောက်ကိုပင် သတ်ဖြတ်ခဲ့သေး၏။

ချင်ဘုရင် ရတ်တရက် သေဆုံးပြီးနောက် သူ၏အရွယ်ရောက်သား တော်တော်များများတို့သည် သူတို့အဖေ ပြုလုပ်ခဲ့သလို ပြုလုပ်ခံရမည်ကို စိုးရွံ့ကြသည်။ ထို့ကြောင့် တစ်ယောက်နှင့် တစ်ယောက် ပူးပေါင်းလိုက်ကြသည်။ သူတို့သည် အာယုထိုင်အား မယှဉ်ပြိုင်နိင်ကြောင်း သိရှိကြသည်။ ယခု ပူးပေါင်းခြင်း ဆိုသည်မှာ မိမိကိုယ်ကိုယ် ကာကွယ်ရန်သာ ဖြစ်သည်။

ချင်နန်းတော်တစ်ခုလုံးတွင် ဓားများ၊ ဓားမော့များ၏ အရိပ်အာဝါသများက ဖုံးလွှမ်းသွားခဲ့၏။ တကယ်ဆိုလျှင် အိမ်ရှေ့စံမင်းသား အာယုထိုင်နှင့် တခြားသောမင်းသားများသည် ချင်ဘုရင် ရုတ်တရက် သေဆုံးရခြင်း အကြောင်းအရင်းကို စုံစမ်းစစ်ဆေးရပေမည်။ သို့ပေမည့် ထိုသို့ မလုပ်ကြချေ။

ချင်ဘုရင် သေဆုံးပြီးသည့်နောက် နန်းလုပွဲကိုသာ စတင်သည်။ ချင်ဘုရင်၏ အလောင်းအား စားပွဲပေါ်တွင် ခွေးထိုးထိုး၊ ကျီးစားစား ပစ်ထားသည်။ မည်သူမှ ထိုအလောင်းကို ဂရုမစိုက်ကြချေ။ အားလုံးသည် အလောင်းကို လျစ်လျူရှုပြီး မိမိ၏နေရာအတွက် တိုက်ခိုက်နေကြသည်။

ချင်ဘုရင် သေဆုံးသွားခဲ့ပြီးနောက် သူ၏ သားငါးယောက်တို့သည် နန်းပလ္လင်အတွက် တစ်ယောက်နှင့် တစ်ယောက် သတ်ဖြတ်ခြင်းကို ပြုလုပ်ကြ၏။ ခြောက်ရက်၊ ခုနှစ်ရက်လောက် ကြာမြင့်ပြီးနောက် သားများထဲမှ တစ်ယောက်သည် အနိုင်ယူနိုင်ခဲ့သည်။ သူသည် ချင်နိုင်ငံ၏ အုပ်စိုးသူအသစ် ဖြစ်လာ၏။

ချင်ဘုရင်ကို မြေမြုပ်ရန် ပြင်ဆင်ချိန်မှာတော့ အလောင်း၌ အကောင်များပင် တက်လျက် ရှိနေသည်။

ချင်ဘုရင် သေဆုံးပြီး နှစ်နာရီအတွင်းမှာ ချင်တော်ဝင်နန်းတော်ဆီမှ အမဲရောင်လူရိပ်တစ်ခုက တိတ်တဆိတ် ထွက်ခွာသွားခဲ့၏။ ထိုလူသည် ချင်ဘုရင် ယုံကြည်ရသည့် မိန်းမစိုးများထဲမှ တစ်ယောက်ပင် ဖြစ်၏။

ဆယ့်ငါးမိနစ်ခန့်ကြာပြီးနောက် တခြားဘက်ဆီမှ အမဲရောင်အရိပ်တစ်ခု ပေါ်ပေါက်လာခဲ့သည်။ “နန်းတော် တစ်ခုလုံးက ရှုပ်ထွေးနေပြီ။ ဘာတွေ ဖြစ်နေတာလဲ”

ချင်ဘုရင်၏ မိန်းမစိုးက ပြောလိုက်၏။ “မြန်မြန်... ရွှဲ့ပြည်နယ်ဆီ ပြန်ပြီး အုပ်ချုပ်ရေးမှူးကို သတင်းပို့တော့။ ချင်ဘုရင် သေသွားခဲ့ပြီ။ ချင်နိုင်ငံတစ်ခုလုံးက ရှုပ်ထွေးနေတယ်”

ပြီးနောက် သူသည် စာရွက်အပိုင်းအစတစ်ခုကို ထုတ်ယူပြီး ကမ်းပေးလိုက်သည်။ “ဒါ အသေးစိတ် သတင်းပို့ချက်ပဲ။ အရှင်မင်းကြီးဆီ သတင်းပို့တော့"

"ကောင်းပါပြီ”

ထိုအမဲရောင်အရိပ်သည် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားခဲ့၏။ ပြီးနောက် သူ၏ အတွင်းအားများကို ထုတ်သုံးပြီး သတင်းပေးပို့ရန် ပြင်ဆင်ခဲ့၏။

ချင်ဘုရင်၏ ဘေးတစ်ဖက်ရှိမိန်းမစိုးသည် ရေနက်တပ်ဖွဲ့မှ သူလျှိုတစ်ယောက် ဖြစ်၏။ ဟုတ်ပေ၏။ အဘယ့်ကြောင့် မိန်းမစိုးသည် ချင်ဘုရင်ကို တိုက်ရိုက်မသတ်ဖြတ်သနည်းဟု အချို့သော သူတို့က မေးကောင်း မေးနိုင်၏။ သို့ပေမည့် မည်ကဲ့သို့ ဖြစ်နိုင်မည်နည်း။

အားလုံးသောသူတို့သည် ရှမ့်လန်ကဲ့သို့ လုပ်နိုင်ကိုင်နိုင်စွမ်းရှိသူများ မဟုတ်ချေ။

ထို့အပြင် ဤမိန်းမစိုးသည် ချင်ဘုရင်၏ အနီးစပ်ဆုံးနေရာ၌ နေရာရသည့် မိန်းမစိုး မဟုတ်ချေ။ ချင်ဘုရင်၏ အစားအသောက်များကို တာဝန်ယူရသည့် မိန်းမစိုးများထဲမှ တစ်ယောက်သာလျှင် ဖြစ်၏။ ချင်ဘုရင်သည် တကယ်ကို သံသယများသောသူ တစ်ယောက် ဖြစ်၏။

ရှမ့်လန်ကဲ့သို့သော လူသာလျှင် သူ့ကို သတ်ဖြတ်နိုင်စွမ်း ရှိ၏။ သို့ပေမည့် ထိုကဲ့သို့ သတင်းပေးပို့ခဲ့သည် ဆိုလျှင်တောင် ရေနက်တပ်ဖွဲ့ဆီမှသူလျှိုသည် စုကျန့်ထင်ထက် လေးနာရီလောက် နောက်ကျခဲ့သည်။

စုကျန့်ထင်သည် သတင်းပို့ချက်ကို အစောကြီးတည်းက ပို့ခဲ့ပြီးဖြစ်၏။

ကျန်းယွမ်နယ်စားအိမ်တော်ထဲမှာတော့ .....

စုနန်သည် မယုံကြည်နိုင်လောက်သည့် နာကျင်မှုများနှင့် ပြည့်နှက်လျက် ရှိနေ၏။ အဘယ့်ကြောင့် ဖြစ်ရသနည်း။ သူ့အနေနှင့် အောင်မြင်ရန် ခြေတစ်လှမ်းအလိုသာလျှင် ကျန်တော့၏။ ချင်ဘုရင်သည် သေဆုံးရန် ထိုက်တန်သည့် လူတစ်ယောက် ဖြစ်၏။ သို့ပေမည့် ဤအချိန်မှာတော့ မသေဆုံးသင့်သေးချေ။

ဤခွေးကောင်၊ ဤတဏှာရူးကောင်သည် ဘဝတစ်ခုလုံး သူ့ကို ခြိမ်းခြောက်ငွေညှစ်ခဲ့သူ တစ်ယောက် ဖြစ်၏။ အဘယ့်ကြောင့် လွယ်လွယ်ကူကူနှင့် သေဆုံးသွားရသနည်း။ ထို့အပြင် အဘယ့်ကြောင့် ယခုအချိန်မှ သေဆုံးရသနည်း။ စုကလန်သည် ပြာပုံထဲမှ ထိုးထွက်လာရမည့် ဖီးနစ်ငှက်ကဲ့သို့ ဖြစ်ရမည် မဟုတ်ပါလား။

“အား ...”

စုနန်သည် ကျယ်လောင်စွာဖြင့် ဒေါသတကြီး အော်ဟစ်လိုက်၏။ မူလအားဖြင့် သူ၏ ကုန်းလျက် ရှိနေသည့် ခန္ဓာကိုယ်က မတ်သွား၏။ သူသည် ခြေကို ဆောင့်လိုက်၏။ မာကျောသည့် မြေပြင်တစ်ခုလုံးက ကွဲကြေသွားခဲ့၏။

“အား... အား...”

လည်ချောင်းတစ်လျှောက် ဆိုးဝါးလွန်းသည့် အသံကြီးတစ်ခုအဖြစ် ထွက်ပေါ်လာသည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး မာကျောသည့် နံရံကြီးကို ထိုးနှက်လိုက်၏။ ကြီးမားသည့် ကျောက်တုံးများဖြင့် တည်ဆောက်ထားသောနံရံသည် အစိတ်စိတ် အမွှာမွှာ ဖြစ်သွားခဲ့၏။ မြေမှုန်များနေရာအနှံ့ဆီသို့ ပျံ့လွင့်သွားခဲ့၏။ စုနန်၏ သိုင်းပညာက မြင့်မားလွန်းလှချေသည်။

သူ၏ ယခင်က ကြိုးစားထားသမျှ အရာအားလုံး အလဟဿ ဖြစ်တော့မည်လား။ မဟုတ်ပေ။ ကျိန်းသေပေါက် မဟုတ်ပေ။

စုနန်သည် စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ် လိုက်၏။ ပြီးနောက် သူက တည်ငြိမ်စွာပင် အမိန့်ပေးလိုက်၏။ “စကြရအောင်”

စုရုံက ကြောင်အသွားသည်။ “ကောင်းပါပြီ”

သူ့အနေနှင့် ဘာကိုဆိုလိုကြောင်း မေးရန်ပင် မလိုအပ်ချေ။ ထိုအစား နယ်စားအိမ်တော်၏ စင်မြင့်တစ်ခုပေါ်သို့ တက်ပြီး ဖယောင်းတိုင်မီး ထွန်းလိုက်သည်။

..............

“သွား... သွား... သွား...”

အလောတကြီး မြင်းခွာသံများ ထွက်ပေါ်လာခဲ့၏။ ထိုအချိန်မှာတော့ မြို့တော်၏ ဂိတ်တံခါးက ပိတ်သွားခဲ့ပြီ ဖြစ်၏။

“ဘယ်သူလဲ”

လူတစ်ယောက်သည် ကတ်ပြားတစ်ခုကို မြှောက်ပြလိုက်၏။ သူ၏ လက်ထဲတွင် လျှို့ဝှက်စာတစ်ခု ကိုင်ဆောင် ထား၏။ ထိုလျှို့ဝှက်စာပေါ်တွင် ငှက်မွေးသုံးခု ရှိနေသည်။

“တံခါးဖွင့်၊ တံခါးဖွင့်” အမိန့်သံ ထွက်လာ၏။

စီးနင်းလာသောမြင်းသည် မြေပေါ်သို့ ဒူးထောက်ကျသွား၏။ ပါးစပ်ထဲမှာလည်း အမြှုပ်များ ထွက်နေ၏။

မြင်းကို ပြောင်းလဲပြီးသည့်နောက် သူသည် အရှိန်မြင့်ကာဖြင့် ရေနက်တပ်ဖွဲ့၏ ရဲတိုက်ဆီသို့ ဦးတည်လိုက်သည်။

“အရေးကြီးတယ်၊ အရေးကြီးတယ်။ အနောက်ဘက်ဆီက လျှို့ဝှက်သတင်းပို့ချက်၊ အနောက်ဘက်ဆီက လျှို့ဝှက် သတင်းပို့ချက်”

ရေနက်တပ်ဖွဲ့၏ ရဲတိုက်ဆီသို့ ရောက်ရှိလာခဲ့ပြီးသည့်နောက် ထိုစစ်သည်တော်က အော်ဟစ်လိုက်၏။

All Chapters