← Chapters

အပိုင်း (၃၅၀)

Vol. 26 Ch. 350

အပိုင်း (၃၅၀)

Vol. 26 Ch. 350

ရေနက်တပ်ဖွဲ့၏ ကျွမ်းကျင်သူလေးယောက်တို့သည် ရဲတိုက်ပေါ်မှ ခုန်ချလာခဲ့ကြ၏။ ထိုသူတို့သည် ချက်ချင်းပဲ သတင်းလာပို့သူအား ဆွဲမကာ ရေနက်တပ်ဖွဲ့၏ ရဲတိုက်ထဲသို့ ခေါ်ဆောင်သွားခဲ့၏။

ခဏကြာပြီးနောက် ရေနက်တပ်ဖွဲ့မှ လျှို့ဝှက်သူလျှိုသည် ရေနက်တပ်ဖွဲ့၏ အုပ်ချုပ်ရေးမှူး ရန်အီ၏ ရှေ့တွင် ဒူးထောက်ကာ ထိုင်လိုက်သည်။ “တာဝန်ရှိသူ.. ချင်ဘုရင် သေသွားခဲ့ပြီ။ ချင်နိုင်ငံတစ်ခုလုံးက ရှုပ်ထွေးနေတယ်”

လျှို့ဝှက်စာကို လက်နှစ်ဖက်ဖြင့် အသာကမ်းပေးလိုက်၏။ ပြီးနောက် သူသည် သတိလစ် မေ့မျောသွား၏။

ရန်အီက ကြောင်အသွားခဲ့၏။ ပြီးနောက် ပြောလိုက်သည်။ “အင်း.. ဒီညီအစ်ကိုကို ကုသဖို့အတွက် အကောင်းဆုံး သမားတော်တွေ ခေါ်ပေးလိုက်။ ဘယ်လောက်ကုန်ကုန်၊ ပုံမှန်အတိုင်း ပြန်ဖြစ်ဖို့ အရေးကြီးတယ်"

"ကောင်းပါပြီ”

ပြီးနောက် ရန်အီသည် ချက်ချင်းပဲ ပျောက်ကွယ်သွားခဲ့၏။

……….

ဘုရင်မင်းမြတ်သည် အိပ်မောကျနေပြီ ဖြစ်၏။ သူသည် ယနေ့ စုဖေး၏ ပြုစုမှုကို ခံယူရမည့်နေ့ ဖြစ်၏။ သို့ပေမည့် သူသည် မိဖုရား ပျံ့၏ အိပ်ခန်းဆောင်မှာပင် နေထိုင်ခဲ့၏။ သို့ပေမည့် အိပ်မပျော်ခဲ့ချေ။

ရှမ့်လန်ကိုယ်တိုင်က အဆိုးဝါးဆုံး အခြေအနေဟု ပြောခဲ့သောကြောင့် တကယ် ကြောက်မက်ဖွယ်ရာ ကောင်းသည့် ကိစ္စတစ်ခု ဖြစ်ပေလိမ့်မည်။ တော်ဝင်ရန်နိုင်ငံတစ်ခုလုံး ပြောင်းပြန်လန်သွားမည့် အခြေအနေမျိုးလား။ ထိုသို့ ဖြစ်နိုင်ဖွယ် မရှိချေ။ ရွဲ့ပြည်နယ် နှင့်သာ သက်ဆိုင်ပေလိမ့်မည်။

စုကလန်သည် ချောင်နိုင်ငံနှင့် နယ်စပ်ဒေသတစ်ခုကို သိမ်းပိုက်ရန် စီစဉ်ထားနေသည်လား။ ထိုသို့ဆိုလျှင် သူ စုနန်ကို တစ်ခါတည်း ဖြုတ်ချရတော့မည်လား။ မဟုတ်ပေ။ သူ ပြုလုပ်၍ မရပေ။ လုပ်ပါက တကယ့်ကို ရှုပ်ထွေးကုန်ပေလိမ့်မည်။ စုနန်၏ အစီအစဉ်များကို စုံစမ်းရပေမည်။ ချင်ဘုရင်သည် ရွှဲ့ပြည်နယ်၏ နောက်ဘက်ပိုင်း ဒေသကို ကျူးကျော်ရန် တကယ်တမ်း ပြင်ဆင်နေသည်လား။

ထိုအချိန်မှာပဲ လီစွမ်း၏အသံက အပြင်ဘက်မှ ထွက်ပေါ်လာခဲ့သည်။ “အရှင်မင်းကြီး.. ရန်အီ တွေ့ခွင့်တောင်းနေပါတယ်”

ထိုစကားသံ ထွက်ပေါ်လာချင်းချင်းမှာပဲ ဘုရင်မင်းမြတ်သည် ရုတ်တရက် အိပ်ရာမှထကာ ထိုင်လုမတတ် ဖြစ်သွားခဲ့၏။ ငရဲမင်းသည် ရေနက်တပ်ဖွဲ့ဆီမှ မထွက်ခွာခဲ့သည်မှာ အချိန်အတော်ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ယခုသူ့အား လာရောက်တွေ့ဆုံနေသောကြောင့် ကျိန်းသေပေါက် ကိစ္စကြီးတစ်ခုခုသာ ဖြစ်ပေလိမ့်မည်။ ဘုရင်မင်းမြတ်သည် နန်းဝတ်စုံကိုပင် မဝတ်တော့ချေ။ ဖျင်ကြိမ်းဝတ်စုံကို ကောက်စွပ်ကာ အပြင်သို့ ထွက်လာလိုက်သည်။

ရေနက်တပ်ဖွဲ့၏ ရန်အီသည် ချက်ချင်း ဒူးထောက်လိုက်၏။

“အရှင်မင်းကြီး... ချင်ဘုရင် သေသွားခဲ့ပါပြီ။ ချင်နိုင်ငံတစ်ခုလုံးက ရှုပ်ထွေးနေပါတယ်”

ပြီးနောက် သူသည် အသေးစိတ် သတင်းပို့ချက်ကို လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

ဘုရင်မင်းမြတ်သည် ပထမတော့ တုန်လှုပ်သွားမိ၏။ ပြီးနောက် ပျော်ရွှင်သွားခဲ့၏။ အဘယ်သို့ဖြစ်ရသနည်း။ အရေးကြီးသောအခြေအနေမျိုးတွင် တုန်လှုပ်ဖွယ်ရာ သတင်းတစ်ခု ပေါ်ပေါက်လာခဲ့ခြင်းပင်။ ကောင်းကင်က သူ့ကို ကာကွယ်ပေးချင်နေသည်လား။

ဘုရင်မင်းမြတ်သည် သတင်းပို့ချက်ကို ဖွင့်ကာဖြင့် သေသေချာချာ ဖတ်ရှုလိုက်၏။ ပြီးနောက် ဘုရင်မင်းမြတ်၏ စိတ်ထဲတွင် သံသယစိတ်များ ပေါ်ပေါက်လာခဲ့၏။ ဤသတင်းပို့ချက်သည် အတုများ ဖြစ်နေသည်လား။ ရေနက်တပ်ဖွဲ့၏ သူလျှိုများသည် သူ့ကို လာရောက် လိမ်ညာလှည့်စားနေသည်လား။

ပြီးနောက် မိန်းမစိုးကြီး လီစွမ်းက ပြောလိုက်၏။ “အရှင်မင်းကြီး.. ကျန်းယွမ်နယ်စားအိမ်တော်ရဲ့ စင်မြင့်ပေါ်မှာ ဖယောင်းတိုင် တစ်တိုင် ထွန်းထားတယ် ဆိုတဲ့ သတင်း ရလာပါတယ်။ ဒါ ပုံမှန်မဟုတ်ပါဘူး”

ဘုရင်မင်းမြတ်၏ အမူအရာက ပြောင်းလဲသွားသည် “စုနန် ရှိနေတာလား”

လီစွမ်းက ပြောလိုက်၏။ “ရှိပါတယ်။ သူ ခြံဝင်းထဲမှာ တွေတွေဝေဝေနဲ့ ထိုင်နေတယ်”

ဘုရင်မင်းမြတ်၏ အသံက တုန်ယင်သွားသည်။ “ဒါဆိုရင် စုနန်ကို သွားဖမ်းလိုက်။ တခြား စစ်တပ်တွေကို မလွှတ်နဲ့။ ရေနက်တပ်ဖွဲ့ရဲ့ စစ်သည်သုံးထောင်ကျော်ကို လွှတ်လိုက်။ ပြီးတော့ ကျန်းယွမ်နယ်စား အိမ်တော် တစ်ခုလုံးကို ဝိုင်းပိတ်ထား။ မြို့တော်ရဲ့ ဂိတ်တံခါး လေးခုလုံးကို ပိတ်ထား။ ဘယ်သူမှ အပြင်ထွက်ခွင့်၊ ဝင်ခွင့် မရှိဘူး။ လီစွမ်း၊ ရန်အီ.. ချက်ချင်း စုနန်ကို သွားဖမ်းတော့"

"ကောင်းပါပြီ”

အားလုံးတို့သည် လှုပ်ရှားကြပြီဖြစ်သည်။ ရေနက်တပ်ဖွဲ့မှ စစ်သည်တော်များ လှုပ်ရှားသည့် အချိန်တွင် အမြဲတမ်း တိတ်ဆိတ်၏။ ခြေဖျားထောက်ကာ လမ်းလျှောက်သည့်အကျင့်ကို လေ့ကျင့်ထားသောကြောင့် အသံမထွက်ကြချေ။

ညမှောင်မှာင်ထဲမှာတော့ အမဲရောင်လှိုင်းလုံးကြီးကဲ့သို့ပင် သူတို့အားလုံးသည် ကျန်းယွမ်နယ်စားအိမ်တော်ဆီသို့ သွားခဲ့၏။ ဤလုပ်ရပ်သည် ကြီးမားသည့် မြင်ကွင်းကြီးတစ်ခု ဖြစ်၏။ ယခင်တုန်းက ရှမ့်လန်ကို ဖမ်းဆီးရန် လူတစ်ရာကျော်သာ လာခဲ့၏။ သို့ပေမည့် လက်ရှိအခြေအနေမှာတော့ အလုံးအရင်းများများနှင့် ဖမ်းဆီးရန် ပြင်ဆင်ပြီဖြစ်သည်။

လမ်း၏ တစ်ဖက်တစ်ချက်ရှိ အိမ်များထဲမှ လူတချို့ နိုးထလာခဲ့၏။ သို့ပေမည့် ဘာကြောင့်မှန်း မသိဘဲ သူတို့၏ နှလုံးသားများက ဖြူလျော်သွားကြ၏။ ပြတင်းတံခါးများကို အသာဖွင့်ကာ ကြည့်ရှုလိုက်တော့ လမ်းထဲတွင် ပြည့်ကျပ်နေသည့် ရေနက်တပ်ဖွဲ့စစ်သည်တော်များကို မြင်လိုက်ကြရသောကြောင့်ပင်။ သူတို့က မလှုပ်ရဲကြချေ။ အသံထွက်မိပါက လာရောက် သတ်ဖြတ်မိမှာ စိုးရွံ့ကြ၏။

ခဏလောက် ကြာပြီးနောက် ရေနက်တပ်ဖွဲ့မှ စစ်သည်တော်သုံးထောင်ကျော်တို့သည် ထောင့် တည်နေရာ တစ်ခုအတွင်း ဝင်ရောက်ပြီး ငြိမ်ငြိမ်သက်သက်နှင့် ပျောက်ကွယ်သွားခဲ့ကြသည်။

နာရီဝက်အတွင်း ရေနက်တပ်ဖွဲ့၏ စစ်သည်တော်သုံးထောင်ကျော်တို့သည် ကျန်းယွမ်နယ်စား အိမ်တော်ကို ဝိုင်းပတ်ကာ ပိတ်ဆို့ထားခဲ့ကြပြီ ဖြစ်၏။

လီစွမ်းသည် စိတ်သက်သာရာ ရသလို သက်ပြင်းချလိုက်၏။ ထိုနေ့က နောက်ဆုံးတော့ ရောက်လာခဲ့ပြီ။

“စုနန် ရှိနေရဲ့လား” လီစွမ်းက မေးမြန်းလိုက်သည်။

“ရှိပါတယ်။ သူ ခြံဝင်းထဲမှာ ထိုင်နေတာပါ”

ရေနက်တပ်ဖွဲ့ဝင် စစ်သည်တော်တစ်ယောက်က ပြောလိုက်၏။ "သူ့ကို ကြည့်ရတာ တစ်စုံတစ်ခု မှားယွင်းနေပုံ ပေါ်တယ်။ ပထမဦးဆုံး တစ်ယောက်တည်း စစ်တုရင် ကစားနေတယ်။ ပြီးတော့ အချိန်အတော်ကြာတဲ့အထိ မလှုပ်ရှားဘူး။ ငြိမ်ကုပ်နေတာပဲ"

“သွားဖမ်းလိုက်။ ခေါင်းဆောင်ရန်အီ လုပ်စရာရှိတာလုပ်ပါ"

ရေနက်တပ်ဖွဲ့မှ ထိပ်တန်းခေါင်းဆောင်ကြီး ရန်အီသည် မျက်မှောင်ကုတ်ကာ ရှိလို့နေသည်။

ဘန်း...

ကျယ်လောင်လွန်းသည့် အသံကြီး ထွက်လာခဲ့ပြီး ကျန်းယွမ်နယ်စားအိမ်တော်၏ အဓိကဂိတ်တံခါးကြီးက ပွင့်ထွက်သွားခဲ့၏။ ပြီးနောက် မိန်းမစိုးကြီးလီစွမ်းသည် ရန်အီနှင့်အတူ နယ်စားအိမ်တော်ထဲသို့ ဝင်ရောက်လိုက်၏။

ခြံဝင်းထဲမှာတော့ စုနန်သည် ခပ်ကုန်းကုန်း ထိုင်လျက် ရှိ၏။ သူသည် ရှေ့မှ စစ်တုရင်ရုပ်များကို စူးစိုက်ကာ ကြည့်ရှုနေသည်။

လီစွမ်းက ပြောလိုက်၏။ “စုနန်... နွေရာသီပဲ ရှိသေးတယ် ဆိုပေမဲ့ ညဘက်မှာ နှင်းတွေကျတာပဲ။ အပြင်မှာ ထိုင်နေလို့ မကောင်းဘူး။ ကျုပ်တို့ တခြားနေရာဆီ သွားရအောင်”

စုနန်၏ အသံအိုအိုကြီးက ထွက်ပေါ်လာခဲ့သည်။ “မိန်းမစိုးလီ... ခင်ဗျား ကျုပ်ကို ဘယ်နေရာ ခေါ်သွားမှာလဲ”

လီစွမ်းက ပြောလိုက်၏။ “ရေနက်တပ်ဖွဲ့၊ အထူးတရားရုံး၊ နယ်စားကြီး.. ခင်ဗျား ဘာလို့ တစ်ခုခုကို မရွေးချယ်ရတာလဲ”

စုနန်သည် ခေါင်းကိုမော့ကာဖြင့် ဖယောင်းတိုင်ကို ထွန်းလိုက်၏။ ပြီးနောက် သူသည် လီစွမ်းနှင့် ရန်အီကို ကြည့်ရှုကာ ပြောလိုက်သည်။ “မိန်းမစိုးလီ... ခင်ဗျား ဘာပြောတယ်ဆိုတာ ကျုပ် နားမလည်ဘူး။ ကျုပ် ခြံဝင်းထဲမှာ စစ်တုရင် ကစားတာ ဘာများမှားယွင်းလို့လဲ”

မီးရောင်အောက်မှာတော့ စုနန်၏မျက်မှာထက်တွင် ထူးဆန်းသည့် အပြုံးတစ်ခု ပေါ်နေ၏။ စုနန်သည် ထိုအပြုံးနှင့်အတူ လီစွမ်းနှင့် ရန်အီတို့ကို ကြည့်ရှုနေ၏။

“.........”

လီစွမ်းက အံ့အားသင့်သွားသည်။ ဤအဘိုးအိုသည် စုနန်နှင့် တစ်ပုံစံတည်း တူညီသူဖြစ်ပြီး အစစ်အမှန် စုနန် မဟုတ်ချေ။

မိန်းမစိုးကြီး လီစွမ်းက အံ့အားသင့်မိသွား၏။ အဘယ့်ကြောင့်ဆိုသော် သူ့၏ရှေ့တွင်ရှိနေသည့် အဘိုးအိုသည် ညီလာခံကို တက်ရောက်လေ့ရှိသည့် စုနန်နှင့် တစ်ပုံစံတည်း တူညီနေသည်။

ရေနက်တပ်ဖွဲ့သည် အပြင်ဘက်ဆီမှ တစ်လျှောက်လုံး စစ်ကြည့်လျက် ရှိနေသည်သာမက အတွင်းဘက်မှာလည်း သေသေချာချာ ကြည့်ရှုလျက် ရှိနေ၏။ လီစွမ်းကိုယ်တိုင်ပင်လျှင် စုနန်၏ အသွင်အပြင် ကွာခြားချက်ကို အဝေးမှ ကြည့်ကာ မသိနိုင်ချေ။ သို့ပေမည့် အနီးကပ် တစ်ချက်ကြည့်ရှုလိုက်ရုံနှင့် ဤလူက စုနန် မဟုတ်ကြောင်း သိရှိလိုက်၏။

အဘယ့်ကြောင့်ဆိုသော် သူသည် စုနန်နှင့် ရင်းရင်းနှီးနှီး သိရှိခဲ့သူတစ်ယောက်ဖြစ်၏။ ထို့ကြောင့် ပုံပန်းသွင်ပြင် မျက်နှာထားက တူညီလျှင်တောင်မှ ကိုယ်နှုတ်၊ ဟန်ပန်အမူအရာမျိုးက အလုံးစုံ ကွာခြားလျက်ရှိနေသည်။

စုနန်သည် အန္တရာယ်ကြီးမားသည်။ အနားသို့ ချဉ်းကပ်လျှင် အဆိပ်ပြင်းမြွေတစ်ကောင်၏ အနားသို့ ချဉ်းကပ်ရသလို ခံစားရစေသည်။ သို့ပေမည့် သူ၏ရှေ့မှ လူကတော့ အေးစက်သည့် ခံစားချက်များကိုသာ ပေးစွမ်း၏။ စုနန်ကဲ့သို့ ကြောက်ရွံ့စရာ မကောင်းချေ။

“ခင်ဗျား... ခင်ဗျားက စုနန်ရဲ့ အစားထိုးတစ်ယောက်လား” လီစွမ်းသည် တုန်ယင်နေသည့် အသံဖြင့် မေးမြန်းလိုက်၏။

အဘိုးအိုက ဖြေလိုက်သည်။ “မဟုတ်ပါဘူး။ ဆရာကြီးစုနန်က ကျုပ်ကို အတုခိုးပြီး နေထိုင်ခဲ့တာပဲ”

လီစွမ်းသည် ရုတ်တရက် ဆံပင်မွှေးညှင်းများပင် ထောင်ထသွားသည်အထိ အံ့အားသင့်သွားမိ၏။ စုနန်သည် အိုကြီးအိုမကဲ့သို့ ဟန်ဆောင်ထားကြောင်း အားလုံးသောသူတို့ သိရှိခဲ့၏။ ဘုရင်မင်းမြတ်ထက် အသက် အနည်းငယ်သာ ကြီးမားသော်လည်း အလွန်အမင်း အိုမင်းရင့်ရော်နေသည့် လူတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်တတ်၏။

ဆံနွယ်များက ဆွတ်ဆွတ်ဖြူလျက်ရှိနေသည့်အပြင် မျက်နှာပေါ်တွင် အရေးအကြောင်းများလည်းရှိ၏။ ခါးကလည်း ကုန်းလျက် ရှိနေ၏။ အသက် ၇၀၊ ၈၀ ခန့်ရှိ လူတစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားရ၏။ ထို့ကြောင့်ပင်လျှင် အားလုံးသောသူတို့သည် သူ့အား အဘိုးကြီးတစ်ယောက်ကဲ့သို့ပင် ထင်မှတ်မှားခဲ့ ကြသည်။

အိုမင်းသည်ဟု ဟန်ဆောင်နေကြောင်းသိရှိသော်လည်း စိတ်ပိုင်းဆိုင်ရာအရ အားလုံးသောသူတို့၏ နှလုံးသားထဲတွင် စုနန်သည် အိုမင်းနေပြီဟု တဖြည်းဖြည်း ထင်မှတ်လာကြ၏။ ထိုသို့ ထင်မှားအောင် တမင် ပြုမူနေထိုင်နေခြင်းလည်း ဖြစ်၏။

လောကကြီးတွင် မိမိနှင့်တူညီသည့် အစားထိုးလူတစ်ယောက်ကို ရှာဖွေဖို့ဆိုသည်မှာ ခက်ခဲလွန်း၏။ ရှာတွေ့ပြီ ဆိုလျှင်လည်း မိမိနှင့် အပြုအမူချင်းတူညီအောင် လေ့ကျင့်ပေးဖို့ အလွန်အချိန်ပေးရသည်။ သို့ပေမည့် စုနန်မှာတော့ သူနှင့် တူညီသူကို မလေ့ကျင့်ပေးချေ။ သူကသာ ထိုသူနှင့် တူညီအောင် လေ့ကျင့် နေထိုင်လိုက်သည်။ အံ့ချီးလောက်စရာပါတကား။

စုနန်အတုသည် တုန်ယင်နေသည့်လက်ကို အသာဆန့်တန်းကာ ပြောလိုက်၏။ “လာခဲ့လေ .. ကျုပ်ကိုဖမ်းပါ”

မိန်းမစိုးကြီး လီစွမ်းက မေးလိုက်သည်။ “စုနန် ဘယ်သွားလဲ”

ထိုစုနန်အတုက စပ်ဖြီးဖြီးနှင့် ပြောလိုက်၏။ “မင်း.... ဆရာ့ကို ဖမ်းချင်တာလား။ မဖြစ်နိုင်ပါဘူး”

ထိုအချိန်မှာပဲ ......

ဘုန်း ဘုန်း ဘုန်း....

ထိုသူ၏လက်ထဲတွင် ရှိနေသည့် ဖယောင်းတိုင်က အောက်သို့ကျသွားခဲ့၏။ ဤအရာက အချက်ပေးလိုက်သကဲ့သို့ပင်။

အနောက်ဘက်ရှိ ကျန်းယွမ်နယ်စားအိမ်တော်တစ်ခုလုံးသည် မီးများတောက်လောင်လာခဲ့၏။ သို့ပေမည့် ကျန်းယွမ်နယ်စားအိမ်တော် တစ်ခုတည်း မီးလောင်ခြင်း မဟုတ်ပေ။ နန်းမြို့တော်တစ်ခုလုံး မီးလောင်ခြင်းပင်။ နေရာအသီးသီးတွင် တစ်ပြိုင်နက်တည်းဆိုသလို မီးများတောက်လောင်လာခဲ့၏။ တကယ့်ကို ပြင်းပြင်းထန်ထန် နှင့် မီးလောင်နေခြင်းဖြစ်၏။

ဘုန်း ဘုန်း ...။

လောင်စာဆီပုံးများသည် တစ်ခုပြီးတစ်ခု ပေါက်ကွဲလာခဲ့၏။ မီးတောက်များသည် ကောင်းကင်ပေါ်သို့ပင် ထိုးတက်လုနီးပါးပင်။

ဘုန်း ဘုန်း.....

ကျန်းယွမ်နယ်စားအိမ်တော်သည် ယခင်တည်းက ကြိုတင် စီစဉ်ထားခဲ့ပုံပေါ်၏။ နန်းမြို့တော်၏ အနီးတစ်ဝိုက် တွင် မီးဘောလုံးများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့၏။ ကောင်းကင်ပေါ်မှ အောက်သိုငုံ့ကြည့်မည်ဆိုလျှင် အိမ်များသည် တစ်ခုပြီး တစ်ခုပေါက်ကွဲကာ မီးများတောက်လောင်လာ၏။ ဤအရာက ယမ်းမှုန့်များ မဟုတ်ချေ။ လောင်စာဆီထည့်ထားသော ဆီပုံးများကို လှမ်းကာ ပစ်လွှတ်ခဲ့ခြင်း ဖြစ်၏။ ကြောက်မက်ဖွယ်ရာကောင်းသည့် ပေါက်ကွဲမှုများကို ဖြစ်စေခဲ့၏။

ညအချိန် နန်းမြို့တော်ကြီး၌ တောက်ပသည့် မီးပွင့်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ဘုန်း ဘုန်း....

မီးပွင့်တစ်ခု ...။

မီးပွင့်ဆယ်ခု ...။

မီးပွင့်ဆယ်ခုထက်ကျော်ပြီး တစ်ဒါဇင် ...။

တစ်ရာ .... များပြားလွန်းသည့် မီးပွင့်များသည် တည်နေရာအနှံ့တွင် ပေါက်ကွဲလျက်ရှိနေ၏။

အိမ်ပေါင်း တစ်ရာကျော်တို့သည် မီးလောင်ကျွမ်းလျက် ရှိနေပြီး မီးက ဆိုးဆိုးရွားရွား ပျံ့နှံ့လျက် ရှိ၏။ မြို့သူမြို့သားများသည် ကြောက်လန့်တကြားဖြင့် ထွက်ပြေးကြ၏။ ထို့အပြင် ထိတ်လန့်တကြားဖြင့် အော်ဟစ်လျက်လည်း ရှိသည်။

ရေနက်တပ်ဖွဲ့မှ ရန်အီ၏ အမူအရာက ပြောင်းလဲသွားခဲ့၏။ “သွား ဗာမေလီယန် ငှက်တံခါးဂိတ်ကိုသွား”

သူ၏ ကြိုတင်တွက်ချက်နိုင်မှုက အားကောင်းသည်။ ကျန်းယွမ်နယ်စား အိမ်တော်ဆီသို့ ရောက်ရောက်ချင်း စုနန် ခြံထဲ စစ်တုရင်ထိုးနေကြောင်း သတင်းပို့ချက်ကို သူ ရရှိခဲ့သည်။ ထို့အချိန်က လီစွမ်းပင်လျှင် ပျော်ပျော်ရွှင်ရွှင်ဖြင့် သွားဖမ်းရန် သူ့အား ပြောဆိုခဲ့သေးသည်။ သို့ပေမည့် ထိုအချိန်က သူ မျက်မှောင်ကုတ်မိနေသည်။

ထို့ကြောင့် ယခုအခြေအနေကို သိရှိပြီးနောက် သူ တခါတည်း မြင်းပေါ်ခုန်တက်ကာ စစ်သည်သုံးထောင်ကို ခေါ်ဆောင်၍ ဗာမေလီယန်ဂိတ်တံခါးဆီသို့ အပြေးသွားတော့၏။

ဘုန်း ဘုန်း...

ညကောင်းကင်ယံအောက်မှာတော့ မီးများ တောက်လောင်လျက် ရှိနေ၏။ နန်းမြို့တော်ထဲမှ စစ်သည်တော်ပေါင်းများစွာတို့သည် အင်ပြည့်အားပြည့် ထွက်လာခဲ့ကြ၏။ သူတို့သည် မြို့သူမြို့သားများအား အစီအစဉ်တကျ ပြန်လည် နေရာချထားပေးပြီး မီးကို ငြိမ်းသက်ကြသည်။

....................

ထိုအချိန်မှာတော့ နန်းတော်ကြီးတစ်ခုလုံးသည် ခန့်မှန်း၍မရနိုင်သည့် ရန်သူတစ်ယောက်နှင့် ရင်ဆိုင်နေရ၏။ နန်းတော်၏ဂိတ်တံခါးအားလုံးက ပိတ်ထားခဲ့ပြီး စစ်သည်တော်ထောင်ချီတို့သည် နန်းတော်၏ တည်နေရာ တစ်ခုချင်းစီတိုင်းကို စောင့်ကြပ်လျက် ရှိနေ၏။ မည်သည့်မိန်းမစိုး၊ အစေခံ၊ ကိုယ်လုပ်တော်မှသည် ဘုရင်မင်းမြတ်၏ အမိန့်မရှိဘဲ နန်းတော်အတွင်းမှ အပြင်ဘက်သို့ ထွက်ခွင့်မရှိကြချေ။ အမိန့်ကို မလိုက်နာသည့်လူသည် မည်သူမဆို အသတ်ဖြတ်ခံရမှာဖြစ်၏။

မည်သူမှဂရုမစိုက်ခြင်းမရှိသော ပဉ္စမမင်းသားမှလွဲ၍ ကျန်သည့်မင်းသားအားလုံးသည် နန်းတော်ထဲသို့ ဝင်လာခဲ့ကြ၏။ အိမ်ရှေ့စံမင်းသားနှင့် တတိယမင်းသားတို့သည် ချပ်ဝတ်အပြည့် ဝတ်ဆင်ထားခဲ့ပြီး နန်းတော်ထဲတွင် ဘုရင်မင်းမြတ်ကို စောင့်ကြည့်ကာကွယ်လျက် ရှိနေသည်။

မိန်းမစိုးရှောင်လီသည် ဘုရင်မင်းမြတ်အတွက် ချပ်ဝတ်တစ်ခုကို စီစဉ်ပေးထား၏။ သို့ပေမည့် နင်ယွမ်ရှန်းက ငြင်းပယ်လိုက်၏။ သူ့အနေနှင့် တော်ဝင်ဝတ်စုံကိုပင် ဝတ်ဆင်ခြင်း မရှိချေ။ သို့ပေမည့် အလွန်စျေးကြီးပြီး အလွန် ခန့်ညားလွန်းသည့် နက်ရွှေရောင် နဂါးဝတ်စုံကို ဝတ်ဆင်လိုက်၏။

နင်ယွမ်ရှမ်းသည် လုံးဝကြောက်လန့်သည့် ပုံပန်းသွင်ပြင်မျိုး မရှိသလို ဒေါသထွက်နေသည့်ပုံလည်း မရှိချေ။ အလုံးစုံ တည်ငြိမ်လျက် ရှိနေ၏။ အခြေအနေတစ်ခုလုံးသည် မည်သည့်အန္တရာယ်မှ မရှိသကဲ့သို့ပင်။

ဘုရင်မင်းမြတ်၏ ဤကဲ့သို့သောပုံပန်းသွင်ပြင်ကို မြင်ရသည့်အချိန်မှာတော့ နန်းတော်ထဲရှိ လူပေါင်းများစွာတို့သည် တိတ်ဆိတ်ငြိမ်သက်နေမိကြသည်။

သို့နှင့် နင်ယွမ်ရှန်းသည် နန်းတော်၏ အမြင့်ဆုံးတည်နေရာဆီသို့ လှမ်းသွား၏။ သူသည် နန်းမြို့တော် တစ်ခုလုံးကို လှမ်းကာကြည့်ရှု၏။

ရေတွက်၍မရအောင် များပြားသည့် လူပေါင်းများစွာတို့၏ ထိတ်လန့်တကြား အော်ဟစ်သံများကို သူ ကြားရသည်။ မီးတောက်များက နေရာအနှံ့တွင် တောက်လောင်လျက် ရှိနေ၏။ သတင်း မရောက်ရှိ သေးသော်လည်း စုနန်တစ်ယောက် လွတ်မြောက်သွားခဲ့ပြီဖြစ်ကြောင်း ဘုရင်မင်းမြတ်က အစောကြီးတည်းက သိရှိပြီးဖြစ်သည်။

All Chapters