← Chapters

အပိုင်း (၃၅၂)

Vol. 26 Ch. 352

အပိုင်း (၃၅၂)

Vol. 26 Ch. 352

ချင်ဘုရင်က အဘယ့်ကြောင့် ရုတ်တရက် သေဆုံးသွားခဲ့ရသည်ကို ယခုအချိန်ထိ မည်သူကမှ မေးမြန်းခြင်းမရှိကြချေ။ မည်သူကမှလည်း ထိုအရာကို စိတ်မဝင်စားချေ။

အာယုထိုင်က ပြောလိုက်၏။ “ကျုပ်ရဲ့ညီငယ်လေးတွေက လူပေါင်းတစ်သောင်းကျော်ကို စုစည်းပြီးတော့ မြောက်ဘက်ဆီကို သွားကြတယ်။ သူတို့က မူရင်းဘုရားကျောင်းကို သိမ်းပိုက်ပြီး ကျုပ်ကို ရင်ဆိုင် တိုက်ခိုက်ချင်ကြတယ်။ အမေ... ကျုပ် ဘာလုပ်သင့်တယ်လို့ထင်လဲ”

စုမိုသည် အာယုထိုင်၏ ရင်ဘက်တွင် ရှိနေသည့် ဝံပုလွေ ဆေးမင်ကြောင်ကို အသာနမ်းရှိုက်ကာဖြင့် ပြောလိုက်သည်။ “အင်း... ငါ သူတို့ကို သွားကြည့်လိုက်မယ်။ သူတို့ကို ဘယ်လိုလုပ်ရမလဲဆိုတာ ဟိုရောက်မှ ကြည့်လိုက်မယ်။ ငါက အားနည်းတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်ဆိုတော့ သူတို့က ငါ့ကို အလေးထားမှာ မဟုတ်ဘူး”

အာယုထိုင်သည် ဆေးလိပ်မီးခိုးငွေ့များကို အသာမှုတ်ထုတ်နေမိ၏။ “ကောင်းပြီ။ ဒါဆိုရင် ကျုပ် ခင်ဗျားကိုပဲ ဒုက္ခပေးရတော့မယ် အမေ”

လက်ရှိ ချင်ဘုရင်သည် စုမိုကို ဆွဲဆောင်မှုရှိစွာဖြင့် လှမ်းကာကြည့်ရှုရင်း ပြောလိုက်သည်။

“အရှင်မင်းကြီး.. ကျေးဇူးပြုပြီး ကျွန်မကိုလည်း ဆုလာဘ် ပေးပါအုံး .... လာ အဝတ်တွေချွတ် ...။”

...........

ရွှဲ့ပြည်နယ်၏ အင်ပါယာနန်းတော်အတွင်းမှာတော့ စုဖေးနှင့် ဆဋ္ဌမမင်းသား နင်ကျင်းတို့သည် အလွန်အမင်း စိုးရိမ်ပူပန်နေကြသည်။ စုဖေးသည် လွန်ခဲ့သည့် ရက်အနည်းငယ်တည်းက ဆိုးဝါးသည့် ခံစားချက်များကို ရခဲ့၏။ ဟယ်ဝမ်ဝမ်၏ ကိစ္စပြီးနောက် ဘုရင်မင်းမြတ်နှင့် စုနန်တို့သည် အလုံးစုံ ရှုပ်ထွေးသွားခဲ့ကြပြီး ဘုရင်မင်းမြတ်က ရေနက်တပ်ဖွဲ့ကို စေလွှတ်ကာဖြင့် စုနန်ကို ဖမ်းဆီးခိုင်းခဲ့၏။

ထိုနေ့မှစ၍ စုဖေး၏ နန်းဆောင်တစ်ခုလုံးသည် အလုံးစုံ ခြောက်ကပ်သွားခဲ့၏။ နန်းတော်သူ၊ နန်းတော်သား တို့သည် အန္တရာယ်အငွေ့အသက်ကို ခံစားမိခဲ့ကြ၏။ ဤအရာက သာမန် မဟုတ်ချေ။

ဘုရင်မင်းမြတ်၏ ကိုယ်လုပ်တော်များသည် ပုံမှန်အားဖြင့် သူ၏ မျက်နှာသာပေးမှုကို ရရှိရန် နေ့စဉ်နေ့တိုင်း မျက်နှာချိုသွေးကြသည်။ ယခု ထိုကိုယ်လုပ်တော်များသည်ပင် သူ့ဆီသို့ မလာတော့ချေ။ ရံဖန်ရံခါဆိုလို သူ့ဆီသို့ လာရောက်ကာ မျက်နှာချိုသွေးတတ်သည့် မိန်းမစိုးများလည်း မလာတော့ချေ။

အစားအသောက်များကို နေ့စဉ် ပုံမှန်ပို့နေသော်လည်း အရေးအကြီးဆုံးအချက်အနေဖြင့် ဘုရင်မင်းမြတ်သည် သူ့ဆီသို့ ရောက်ရှိမလာခဲ့ခြင်းပင်။ သူနှင့်အတူ အိပ်စက်ရန် အချိန်ကျရောက်နေပြီ ဖြစ်သော်လည်း ဘုရင်မင်းမြတ်သည် စုဖေးဆီသို့ မလာခဲ့ချေ။ မိဖုရားကြီးပျံ့၏ နန်းဆောင်အတွင်းသာ နေထိုင်နေ၏။

စုဖေးက ကြောက်လန့်နေသည်သာမကချေ။ နန်းတော်ထဲရှိ အစေခံများ၊ မိန်းမစိုးများသည်လည်း ဘေးဒုက္ခ ရောက်ရှိလာတော့မည် ဖြစ်ကြောင်း နားလည်ကြ၏။ ထို့ကြောင့်ပင်လျှင် အားလုံးတို့သည် စုဖေး နှင့် ခပ်ဝေးဝေး ဆီသို့ ခွာကြသည်။

ယနေ့ညမှာတော့ စုဖေး၏ ကောင်းကင်ယံတစ်ခုလုံးက ပြိုကျခဲ့ပြီဖြစ်၏။ ဘာတွေဖြစ်နေသည်ကို မသိရှိသော်လည်း စစ်သည်တော်ဒါဇင်ချီတို့သည် သူမ၏ နန်းဆောင်ထိပ်ဆီသို့ ရောက်လာခဲ့ကြပြီး သူမအား စောင့်ကြပ်နေကြသည်။ သူမသည် နေအိမ်အကျယ်ချုပ် ချခြင်းကို ခံရပြီး အခန်းထဲမှ ထွက်ခွာခွင့်မရှိချေ။

စုဖေးသည် စိတ်ထဲတွင် အပြစ်တင်လျက် ရှိနေ၏။ “အစ်ကိုကြီး ... ရှင် ရက်စက်လွန်းတယ်။ ရှင့်ရဲ့ ကိုယ်ပိုင် ရည်မှန်းချက်၊ စုမိသားစုအတွက် ကျွန်မရဲ့အသက်ကို လျစ်လျူရှုခဲ့တယ်။ ရှင် အခု ကျွန်မကို ဘာလုပ်စေချင်တာလဲ”

နန်းဆောင်ထဲတွင်သာ နေထိုင်ခဲ့ရသော်လည်း သူမသည် နန်းတော်၏အပြင်ဘက်မှ ရှုပ်ထွေးမှုအားလုံးကို ကြားနေရ၏။ သူမ၏ နေဝင်ချိန်က နီးကပ်လာပြီဟု ခံစားမိ၏။ အဆိပ်ခတ်ထားသည့် ဝိုင်တစ်ခွက်ကို သူမ သောက်သုံးရတော့မည်လား။ ထိုကဲ့သို့သော အခြေအနေမျိုးသို့ပင် ရောက်ရှိနေသည်။

ဆဋ္ဌမမင်းသားနင်ကျင်းကတော့ အနည်းငယ်သာလျှင် သိ၏။ သူသည် မည်သို့မှ မနေနိုင်ချေ။ စိတ်ထဲတွင် စုနန်ကို ဆဲဆိုလျက် ရှိနေ၏။

အချိန်ကိုက်ဆိုသလိုပဲ စုဖေး၏နန်းဆောင်တံခါးက ပွင့်လာခဲ့၏။ ဘုရင်မင်းမြတ်သည် အထဲသို့ လျှောက်ဝင် လာခဲ့သည်။ စုဖေးသည် တစ်ကိုယ်လုံး တုန်ယင်သွားသည်။ တိုက်ရိုက်ဆိုသလိုပဲ အပြင်ဘက်သို့လှမ်းကာ တွားသွား၏။ ဘုရင်မင်းမြတ်၏ရှေ့တွင် ဒူးထောက်ထိုင်ချပြီးနောက် ဘုရင်မင်းမြတ်၏ ခြေထောက်ကို ခပ်တင်းတင်း ပွေ့ဖက်ထားချင်၏။

သို့ပေမည့် သူမသည် ဘုရင်မင်းမြတ်၏ ရှေ့သို့ မရောက်ခင်မှာပဲ ရပ်တန့်လိုက်ရသည်။

မိန်းမစိုးရှောင်လီသည် ဘုရင်မင်းမြတ်၏ရှေ့၌ တိုက်ရိုက်ဆိုသလို တားဆီးထားခဲ့သောကြောင့်ပင်။

စုဖေးသည် အံ့အားသင့်သွားမိ၏။ မူလအားဖြင့် ဤရှောင်လီသည် သူမကို အမြဲတမ်း မြှောက်ပင့်ပြောဆိုခဲ့သည့်လူ မဟုတ်ပါလား။ ယခု မည်သို့ဖြစ်ရသနည်း။

ဤရှောင်လီ၏ မျက်နှာသွင်ပြင်တစ်ခုလုံးက တင်းမာခက်ထန်လျက် ရှိနေပြီး သူမကို စူးစိုက်ကာ ကြည့်နေ၏။ ဟုတ်ပေ၏။ လီစွမ်းကဲ့သို့သော မိန်းမစိုး၏အဆင့်သည် တခြားသောသူများကို လိုက်လံ မြှောက်ပင့်နေစရာ အခြေအနေမျိုး မဟုတ်ချေ။ သူတို့၏ မျက်လုံးထဲတွင် ဘုရင်မင်းမြတ် တစ်ယောက်တည်း သာလျှင် ရှိ၏။

ရှောင်လီမှာတော့ ထိုသို့မဟုတ်ချေ။ လိုက်လံ ကပ်ဖားပေါင်းသင်းရသည်။

“ခွေးအိုကြီး .. ဘာလုပ်တာလဲ။ ဖယ်စမ်း” ဘုရင်မင်းမြတ်က ဆူငေါက်လိုက်၏။

မိန်းမစိုးရှောင်လီသည် ချက်ချင်းဆိုသလိုပဲ လျင်မြန်စွာ နောက်သို့ ဆုတ်လိုက်၏။ သူ၏နှလုံးသားတစ်ခုလုံး ပျော်ရွှင်သွားခဲ့၏။ ခွေးအိုကြီးဟု ခေါ်ဆိုခြင်းမှာ ချီးကျူးခြင်းပင်ဖြစ်၏။ လီစွမ်းသည် ဘုရင်မင်းမြတ်၏ စိတ်ချရသော မိန်းမစိုးကြီးတစ်ယောက်ဖြစ်၏။ ဘုရင်မင်းမြတ်သည် လီစွမ်းကို ခွေးအိုကြီးဟု အမြဲတမ်း ခေါ်ဆိုတတ်သည်။

စုဖေးသည် ဘုရင်မင်းမြတ်၏ရှေ့ဆီသို့ရောက်ရှိလာခဲ့ပြီး ဒူးထောက်၏။ ပြီးနောက် အူလှိုက်သဲလှိုက်နှင့် ငိုယိုနေမိ၏။ “အရှင်မင်းကြီး... ဒီမိဖုရားရဲ့ ခန္ဓာကိုယ်နဲ့စိတ်က နင်ကလန်အတွက်ပဲ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်မက စုကလန်ရဲ့ သမီးတစ်ယောက်ဖြစ်ခဲ့ပါတယ်။ အခု ကျွန်မရဲ့အစ်ကိုကြီးက ဘယ်လိုကြီးမားတဲ့ အပြစ်တရားတွေကိုပဲ ကျူးလွန်၊ ကျူးလွန် ညီမငယ်တစ်ယောက်အနေနဲ့ အပြစ်ရှိတယ်လို့ ခံစားမိပါတယ်။

အရှင်မင်းကြီး..... ဒီဖိဘုရားကို သုတ်သင်ရှင်းလင်း အပြစ်ပေးပါ။ အရင်တုန်းက ချစ်ခင်နှစ်သက်ခဲ့တဲ့ အကြောင်းအရာတွေကို ပြန်လည်စဉ်းစားသုံးသပ်ပြီး ဒီကိုယ်လုပ်တော်ရဲ့အလောင်းကိုတော့ အကောင်းအတိုင်း ထားပေးဖို့ တောင်းဆိုချင်ပါတယ်။ နင်ကျင်းကိုလည်း အပြစ်မတင်ပါနဲ့။ သူက ဘုရင်မင်းကြီးရဲ့သားပါပဲ။ သူက နင်ကလန်ရဲ့ အဖွဲ့ဝင်လုံးလုံး ဖြစ်နေပါပြီ”

ဆဋ္ဌမမင်းသားသည် ထိုအခြင်းအရာကို ကြားသည့်အချိန်မှာတော့ ချက်ချင်းပဲ စုနန်ဆီကိုသွားကာ ထိုးကြိတ် ချင်စိတ်ပင် ပေါက်နေ၏။ သူ့အမေ၏စကားကို ကြားသည့်အချိန်မှာတော့ သူသည် ချက်ချင်း ဒူးထောက်ကာ ပြောလိုက်၏။ “အဖေ... ဒီသားက အမေနဲ့အတူ အပြစ်ခံယူချင်ပါတယ်”

ဘုရင်မင်းမြတ်က ရုတ်တရက် ရယ်မောလိုက်၏။ သူသည် လက်ကိုအသာဆန့်တန်းပြီး စုဖေး၏မျက်နှာကို ပွတ်သပ်လိုက်သည်။ “အင်း.. ကျုပ်ရဲ့ မိဖုရားကတော့ အရမ်းကို လေးနက်နေခဲ့တာကိုး။ စုနန် ဘယ်လို ပြစ်မှုမျိုးကို ပြုလုပ်ခဲ့လို့လဲ”

စုဖေးသည် မည်သို့မှမနေနိုင်ဘဲ ရုတ်တရက် ကြောင်အသွားခဲ့၏။

ဘုရင်မင်းမြတ်က ပြောလိုက်သည်။ “ဟုတ်ပြီ။ ကျန်းယွမ်နယ်စားအိမ်တော်ရဲ့ စုကျန့်ထင်ကို ဖမ်းဆီးဖို့ လူတွေ စေလွှတ်ခဲ့တယ်။ သူက အနောက်ဘက်ပိုင်းကစစ်သည်တွေကိုခေါ်ပြီး ရွှမ်ဝူအိမ်တော်ကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်။ စုဖေ့ဖေ့ကိုသတ်ဖို့ကြိုးစားခဲ့တယ်လို့ တရားရေးရာဌာနက တင်ပြခဲ့တယ်။ အပြစ်ရှိတဲ့သူ အပြစ်ခံရမှာပေါ့။

ကျုပ်က နိုင်ငံကို မေတ္တာတရားနဲ့အုပ်ချုပ်တဲ့လူ၊ လူတန်းစားခွဲခြားမှု ရှိတာမဟုတ်ဘူး။ ဒါပေမဲ့ သေသေချာချာ စုံစမ်းစစ်ဆေးပြီးတဲ့အချိန်မှာ ရွှမ်ဝူအိမ်တော်ထဲကို ဝင်ပြီးတိုက်ခိုက်ခဲ့တာက ဓားပြကြီး နာကျည်းမှုတဲ့။ အဲဒီအချိန်တုန်းက စုကျန့်ထင်က အပြင်ဘက် ထျန်းလန်စီရင်စုရဲ့ အုပ်ချုပ်ရေးမှူးအိမ်မှာ ကဗျာရွတ်ပြီး ဝိုင်တောင်သောက်နေသေးတာတဲ့။ သူက ရွှမ်ဝူမြို့ထဲမှာ လုံးဝမရှိဘူး။ သက်သေခံမယ့်လူတောင် ရှိနေတယ်”

စုဖေးသည် ပိုမိုကာ ကြောက်လန့်သွားခဲ့၏။ ပြီးနောက် ငိုယိုကာပြောလိုက်၏။ “အရှင်မင်းကြီး... ကျေးဇူးပြုပြီး ကျွန်မကို အဆိပ်ဝိုင်တစ်ခွက်ပဲပေးပါ။ ကျွန်မ ချက်ချင်းပဲ သေချင်ပါတယ်”

ဘုရင်မင်းမြတ်၏ မျက်လုံးများသည် ပိုမို၍ နူးညံ့သွားခဲ့သည်။ “ချစ်ရတဲ့မိဖုရား... မင်းနဲ့ကျုပ်က နှစ် ၂၀ တိတိ လင်မယားအဖြစ် နေထိုင်ခဲ့ကြတာ။ အတူတူ အိုမင်းချင်ပါသေးတယ်”

စုဖေးက ပိုမိုကာ ကြောက်လန့်သွားခဲ့၏။ သူမ၏ မျက်နှာတွင် ကြင်နာတတ်သည့် အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သော်လည်း မျက်ရည်များက ပိုမိုကာများပြားလာခဲ့၏။

“ကျွန်မရဲ့ခန္ဓာကိုယ်၊ ကျွန်မရဲ့နှလုံးသား အရာအားလုံးက အရှင်မင်းကြီး ပိုင်တာပါ။ စုမိသားစုပြုလုပ်ခဲ့တဲ့ ကိစ္စကြောင့် ကျွန်မကြားထဲကနေ အပြစ်ရှိသလို ခံစားရပါတယ်။ ဒီမိဖုရားရဲ့အသက်က အရှင်မင်းကြီးရဲ့ လက်ထဲမှာ ရှိပါတယ်။ အရှင်မင်းကြီး လုပ်ချင်သလိုလုပ်ပါ။ အရှင်မင်းကြီးရဲ့ ချစ်ခင်နှစ်သက်မှုကို ရရှိခဲ့တဲ့အချိန်က ကျွန်မအတွက် အပျော်ဆုံးအချိန်တွေပါပဲ။ ဒီအရာကို ကျွန်မဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး”

ဘုရင်မင်းမြတ်သည် စုဖေးကို မတ်တပ်ထရပ်ရန် ကူညီဖေးမလိုက်၏။ ပြီးနောက် အသာပြောလိုက်သည်။ “မင်းအပေါ်မှာ ထားတဲ့ ကျုပ်ရဲ့အချစ်တွေက ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး”

ပြီးနောက် နင်ယွမ်ရှန်းက အမိန့်ပေးလိုက်၏။ “နောက်ကျနေပြီ။ ဒီည ငါ စုဖေးရဲ့နန်းတော်မှာ နေမယ်”

ပြီးနောက် ဘုရင်မင်းမြတ်သည် ချစ်ခင်နှစ်သက်မှုအပြည့်ဖြင့် ဆဋ္ဌမမင်းသားကို လှမ်းကာကြည့်ရှုလိုက်သည်။ “နင်ကျင်း... နန်းတော်ထဲမှာ ဘာမှလုပ်စရာမရှိဘူး။ မင်းပြန်ပြီး နားလိုက်တော့။ ဒီနေ့ တစ်ချိန်လုံး မင်းအမေ ဘေးနားမှာ နေခဲ့တယ်။ မင်း တကယ့်ကို တာဝန်ကျေခဲ့တယ်။ ကောင်းတယ်.. ကောင်းတယ်”

ဆဋ္ဌမမင်းသား နင်ကျင်းသည် ပိုမိုကာ ကြောက်လန့်သွားခဲ့၏။ သူက ဦးတိုက်ကာပြောလိုက်၏။ “အဖေ ချီးကျူးတဲ့အတွက် ကျေးဇူးပါပဲ”

ပြီးနောက် သူသည် ပြုံးကာပြောလိုက်သည်။ “အဖေ၊ အမေ.. ကောင်းကောင်း အနားယူကြပါ။ သွားလိုက်ပါအုံးမယ်”

ပြီးနောက် သူသည် လေးလေးစားစားပင် အပြင်ဘက်သို့ ခါးကုန်းကာ ထွက်ခွာသွားခဲ့၏။

နွေရာသီရောက်ရှိလာပြီဖြစ်၏။ ရာသီဥတုကလည်း ပူလောင်နေ၏။ သို့ပေမည့် ဆဋ္ဌမမင်းသား နင်ကျင်း၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လမ်းအပြင်ဘက်သို့ ထွက်လျှောက်ရင်း အေးစက်နေသလိုပင် ခံစားမိ၏။ သူသည် မည်သို့မှ မနေနိုင်ဘဲ လက်ကိုအသာဆန့်တန်းကြည့်လိုက်၏။ အေးစက်လျက် ရှိနေတုန်းပင်။

သူ ဘာဆက်လုပ်ရမည်နည်း။ အိမ်ရှေ့စံမင်းသား၏အိမ်ကို သွားရမည်လား။ သို့မဟုတ် တတိယမင်းသား၏ အိမ်တော်ကို သွားရမည်လား။ ယခင်တုန်းက နင်ကျင်း၏နောက်ကွယ်တွင် မိဖုရားကြီးစုက အမြဲတမ်း ရှိခဲ့၏။ သူက ငယ်ရွယ်သေး၏။ ထို့ကြောင့် နန်းပလ္လင်ကို တိုက်ခိုက်ရန် အရည်အချင်း မရှိချေ။ ထို့ကြောင့် အိမ်ရှေ့စံ မင်းသားနှင့် တတိယမင်းသားတို့သည် သူ့ကို သူတို့ဘက်သို့ လာရန် ဖြောင်းဖျကြ၏။

ထိုစဉ်တုန်းက တကယ့်ကို မောက်မောက်မာမာနှင့် ဂုဏ်ယူ ဝင့်ကြွားခဲ့၏။ ယခု မိဖုရားကြီးစုနှင့် သူ၏ အဖေတို့ကြား အခြေအနေ မကောင်းချေ။ ထို့ကြောင့် ကပ်ဘေးကြီး ရောက်ရှိလာတော့မည်ဟု နင်ကျင်းက ခံစားမိသည်။

ယနေ့ သူ၏အဖေ ဒေါသတကြီးနှင့် သူနှင့် သူ၏အမေကို ဆူငေါက်အော်ဟစ်နေသည်ဆိုပါက အသက်ရှင်ရန် အခွင့်အရေးရှိသေးသည်ဟု နင်ကျင်းက ခံစားမိ၏။ သို့ပေမည့် သူ၏အဖေကို ကြည့်ရသည်မှာ ဒေါသထွက်နေသည့်ပုံ မပေါ်သလို ပြုံးရွှင်ကာဖြင့် သူ့ကိုချီးကျူးခဲ့သေး၏။ ထို့အပြင် သူအမေ၏ အိပ်ဆောင်၌ နေရန်ပင် စဉ်းစားခဲ့၏။ ဤအရာသည် နင်ကျင်းကို ပိုမိုကာကြောက်လန့် တုန်လှုပ်စေခဲ့၏။

..............

စုနန်က ထွက်ပြေးသွားခဲ့၏။ မဟုတ်သေးပေ။ စုနန်က ရည်ရွယ်ချက်ရှိရှိ ထွက်ပြေးသွားခဲ့သည်ဟု ပြောလျှင် ပိုမိုကာမှန်၏။ မထွက်ခွာခင် နန်းမြို့တော်ကို မီးရှို့ခဲ့ပြီး ဗာမေလီယန်ဂိတ်တံခါးမှ စစ်သည်ပေါင်းများစွာ တို့ကိုလည်း ပေါ်ပေါ်တင်တင် သတ်ဖြတ်ခဲ့သေး၏။ အားလုံးသောသူတို့၏ ရှေ့တွင် ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ မျက်နှာကို ပိတ်ရိုက်ခဲ့ခြင်းပင်။

ထိုကဲ့သို့သော ပြုမူမှုမျိုးသည် အားလုံးသောသူတို့ကို ထိတ်လန့်တုန်လှုပ်စေခဲ့၏။ အကုန်လုံးကို မယုံကြည်နိုင်သလို ဖြစ်စေခဲ့၏။ ထိုအရာအားလုံးကို စုနန်လုပ်ခဲ့လေသည်လား။

နန်းမြို့တော်ထဲတွင် အရှုပ်အထွေးများ ဖြစ်ပြီးသည့်နောက် စိတ်အလှုပ်ရှားဆုံး ဖြစ်နေသည်မှာ ရွှဲ့ပြည်နယ်၏ သူတော်စင်ဘုံကျောင်းပင်ဖြစ်၏။ ချောင်နိုင်ငံ၏ သံတမန်များ၊ ရန်နိုင်ငံ၊ ကျင်းနိုင်ငံ၊ ဝူနိုင်ငံဆီမှ သံတမန်အားလုံးတို့သည် သူတော်စင်ဘုံကျောင်းတွင် သံရုံးကဲ့သို့ အဆောင်ဖွဲ့ကာ နေထိုင်ကြသည်။

စုနန်နှင့် လူပေါင်းရာချီတို့သည် လမ်းတစ်လျှောက်တွင်တွေ့သည့် လူများကို သတ်ဖြတ်ခဲ့ကြ၏။ ထိုကိစ္စသည် မီးကဲ့သို့ပင် ကောင်းကင်ယံအပေါ်သို့ ထိုးတက်သွားခဲ့၏။ နန်းမြို့တော်ကြီးတစ်ခုလုံး ပြောင်းပြန်လန် သွားသကဲ့သို့ပင်။ ရွှဲ့ပြည်နယ်သည် အပြင်ဘက်တွင် အားကောင်းပုံပေါ်သော်လည်း အတွင်းဘက်တွင် အားနည်းနေသည်လား။

ချောင်နိုင်ငံ သည် ထိုအရာကို အခွင့်အရေးယူပြီး တောင်ဘက်ပိုင်းကို သိမ်းပိုက်ရန် အခွင့်အရေး ဖြစ်လာမည်လား။ ဝူနိုင်ငံ ကလည်း တောင်ဘက်ပိုင်းကို လက်စားချေရန် အခွင့်အရေးရလာခဲ့ပြီလား။

ချောင်နိုင်ငံသည် တစ်နှစ်နီးပါးခန့် အားနည်းခဲ့၏။ သူတို့အနေနှင့် တောင်ပိုင်းနိုင်ငံကို မျက်စိကျနေသည် ဆိုသော်လည်း ဝင်ရောက်တိုက်ခိုက်ရန် မရဲသေးချေ။ ယခု တစ်သက်မှတစ်ခါ ရရှိမည့် အခွင့်အရေးကို မည်သို့ လက်လွှတ်ခံမည်နည်း။

နန်းမြို့တော်ကြီးတစ်ခုလုံး ရှုပ်ထွေးလျက်ရှိနေတုန်းမှာပဲ ကျင်းမိသားစု၏ခြံဝင်းသည်လည်း ခန့်မှန်း၍ မရနိုင်သည့် ရန်သူများနှင့် ရင်ဆိုင်နေရ၏။ ခြံဝင်း၏ထောင့်တည်နေရာတိုင်းတွင် စစ်သည်ပေါင်းဒါဇင်ချီတို့က စောင့်ကြပ်နေကြသည်။

ကျင်းမူကုန်းသည် သိုင်းပညာ မကျွမ်းကျင်သော်လည်း ဓားတစ်စင်းကို ကောက်ကိုင်ကာဖြင့် ပင်းအာကို ကာကွယ်ပေးထား၏။ ပင်းအာ၏ ဝမ်းဗိုက်သည် ကြီးမားနေပြီဖြစ်၏။

ပြောရမည်ဆိုလျှင် တစ်ဖက်လူများသည် ကြိုတင်ပြင်ဆင်ခဲ့ပုံပေါ်၏။ ထိုအရာက စုကလန်၏လက်ချက်ပင်။

ဘန်း ဘန်း ဘန်း...

ရုတ်တရက် ကောင်းကင်ယံထက်ဆီမှ သစ်သားဗုံးများ တစ်ခုပြီးတစ်ခု ကျဆင်းလာခဲ့၏။ သေးငယ်သည့် ကျောက်ခဲပစ် လောက်လွဲကြီးများဖြင့် လှမ်းကာ ပစ်ခဲ့ခြင်းပင်။ သို့ပေမည့် ကျောက်ခဲများပစ်ခြင်း မဟုတ်ပေ။ ဆီဗုံးများ ပစ်ထည့်နေခြင်းဖြစ်သည်။

မြေပြင်ပေါ်သို့ သစ်သားစည်များ တစ်ခုပြီးတစ်ခု ပြုတ်ကျလာခဲ့၏။ အထဲမှဆီများသည် အပြင်ဘက်သို့ လျှံထွက်သွားခဲ့၏။ မကြာခင်မှာပဲ မီးမြား တစ်ဒါဇင်ကျော်တို့ ကျဆင်လာခဲ့ပြန်သည်။ ခြံဝန်းတစ်ခုလုံး မီးများထိန်ထိန်လင်းသွား၏။

ရှမ့်ဆယ့်သုံး၊ ဟွမ်ဖန်နှင့် တခြားသောသူများသည် တုန်လှုပ်သွားခဲ့၏။ သူတို့ဘာလုပ်ရမည်နည်း။ သူတို့သည် ပင်းအာနှင့် ဆက်ခံသူ ကျင်းမူကုန်းတို့ကို ခေါ်ကာဖြင့် သံတမန်ယွမ်၏အိမ်တော်ဆီသို့ သွားရောက်ရမလား သို့မဟုတ် နန်းတော်ထဲသို့ ပြေးရမည်လား။

ရှမ့်ဆယ့်သုံးသည် တိကျသေချာသည့် ဆုံးဖြတ်ချက်တစ်ခုကို ပြုလုပ်၏။ သူတို့အပြင်ကို မထွက်တော့ချေ။ ဤအချိန် အပြင်သို့ထွက်ခြင်းဆိုသည်မှာ အန္တရာယ်များ၏။

“မြန်မြန် ပင်းအာနဲ့ ဆက်ခံသူကိုခေါ်ပြီး မြေအောက်ခန်းထဲသွား။ အထဲမှာ ရေဗုံးတွေ အသင့်ရှိပြီးသားမလား။ ပြီးတော့ စောင်တွေကိုလည်း ရေစွတ်ထားလိုက်။ ပြီးတော့ အပြင်က လေဝင်ဖို့ ဝါးပိုက်တွေလည်း ရှိနေသေးတယ်။ အဲတာတွေပြင်ထား”

ဟွမ်ဖန်နှင့် ရှမ့်ဆယ့်သုံးတို့သည် ကျင်းမူကုန်းနှင့် ပင်းအာတို့ကို ခေါ်ဆောင်ကာ မြေအောက်ခန်းထဲသို့ ခေါ်သည်။ “အရူးကြီး အဆင်ပြေရဲ့လား”

အရူးကြီးသည် အနည်းငယ်စိုးရိမ်သလို ပြောလိုက်၏။ “ကျုပ်က ဘယ်လိုမျိုး ခုခံရမလဲပဲ သိတာ။ လူတွေကို ဘယ်လို ရိုက်နှက်ရမလဲမသိဘူး”

ပင်းအာသည် အရူးကြီးရှေ့ဆီသို့ တိုက်ရိုက်ဆိုသလိုပဲ သွားကာပြောလိုက်၏။ “အရူးကြီး.. ငါ့ရဲ့ဗိုက်ကို ကြည့်လိုက်။ ဒီထဲမှာ ကလေးလေးတစ်ယောက် ရှိတယ်။ သူ မွေးလာရင် ရှင့်ကို ဦးလေးလို့ ခေါ်လိမ့်မယ်။ အခု လူဆိုးတွေ သူ့ကိုလာသတ်တော့မယ်။ ဘာလုပ်မလဲ”

“ကျုပ်ဘာလုပ်ရမလဲ” အရူးကြီးက တုန်ယင်သွားခဲ့သည်။

ပင်းအာက ပြောလိုက်၏။ “သူတို့ကို သတ်ရမှာပေါ့”

“ကောင်းပြီ”

အရူးကြီးက ပြောလိုက်သည်။ “ကျုပ် သူတို့ကို သွားသတ်မယ်”

All Chapters