← Chapters

အပိုင်း (၃၅၉)

Vol. 26 Ch. 359

အပိုင်း (၃၅၉)

Vol. 26 Ch. 359

ဤအချိန်မှာတော့ ဟွမ်ဖန်သည် ကျန်းယွမ်မြို့ဆီသို့ ခေါ်ဆောင်ခြင်းကို မခံရချေ။ သူမသည် စစ်သည်တော် တစ်ဒါဇင်ကျော်တို့နှင့်အတူ ကျင်းမူကုန်း၊ ပင်းအာတို့ကို နန်းမြို့တော်၌ ကာကွယ်ပေးရန် ကျန်ရစ်ခဲ့၏။

ရှမ့်လန်သည် ရှမ့်ဆယ့်သုံးနှင့် အရူးကြီးကိုသာလျှင် ခေါ်ဆောင်သွားခဲ့၏။ လက်ရွေးစင် စစ်သည်ပေါင်း ၃၀၀၀ ကျော်ကို ဦးဆောင်ပြီး မနှေးမမြန် ခရီးနှင်လာခဲ့၏။ သူတို့သည် ကျန်းယွမ်မြို့ဆီသို့ ရောက်ရှိရန် ၇ ရက်၊ ၈ ရက်နီးပါးလောက် ကြာမှာဖြစ်၏။ ရှမ့်လန်နှင့် ကျန်းချုံးတို့သည် ကြီးမားလွန်းသည့် ရထားလုံးထဲတွင် ထိုင်နေကြသည်။

“အဘိုးကျန်း.... နောက်ဆုံးအချိန် ကျင်းမိသားစုနဲ့ ရွှမ်ဝူမြို့မှာရင်ဆိုင်ရတုန်းက သေသေချာချာ စီစဉ်ဆောင်ရွက်ခဲ့တယ်။ ခင်ဗျားတို့က နေရာအနှံ့ကနေ တိုက်ခိုက်ဖို့လည်း ပြင်ဆင်ခဲ့ကြတယ်”

ရှမ့်လန်က ပြောလိုက်၏။ “ဒါပေမဲ့ ဒီအချိန်မှာတော့ ကျုပ်တို့ ပိုင်ရီခရိုင်ဆီသွားဖို့ အခွင့်အရေး ရခဲ့ပြီ။ ဒါက စုနန်ရဲ့ မြေပိုင်နက် တည်နေရာပဲ”

ကျန်းချုံးက ခေါင်းညိတ်လိုက်၏။ ရန်သူက မည်သူဖြစ်သည်နှင့် တိုက်ပွဲ၏ အဆင့်က မည်မျှဖြစ်သည် ဆိုသည်ကို သေသေချာချာ သုံးသပ်ခြင်းကို အရံအစီအစဉ်တစ်ခုဟု သတ်မှတ်ရပေမည်။ သူနှင့် ရွှမ်ဝူမြို့စားကြီး ကျင်းကျိုးတို့သည် နိုင်ငံရေးအရ ယှဉ်ပြိုင်ရင်ဆိုင်ခဲ့ရသည်ဆိုလျှင်တောင်မှ သေမျိုးရန်သူများ မဟုတ်ကြချေ။ ဤတစ်ကြိမ်မှာတော့ စုနန်နှင့် ရင်ဆိုင်ရမည်က တကယ့်ကို အစစ်အမှန် တိုက်ပွဲတစ်ခု ဖြစ်၏။ နိုင်ငံရေးအရ ပြုလုပ်ဆောင်ရွက်ရမည့် အကြောင်းအရာမျိုး မဟုတ်ချေ။ အလုံးစုံသတ်ဖြတ်ခြင် သာ ဖြစ်သည်။

ရှမ့်လန်က ပြောလိုက်၏။ “ဘုရင်မင်းမြတ်က စုနန်ကို ထိန်းချုပ်ထားဖို့ပဲ ကျုပ်တို့ကို အထပ်ထပ် သတိပေးခဲ့တယ်။ ကျုပ် သူ့ကို နောက်ထပ် နှစ်လအတွင်း မပုန်ကန်အောင် ပြုလုပ်မယ်လို့ပဲ ပြောခဲ့တာ၊ ဟုတ်တယ်မလား”

ဟုတ်ပေ၏။ ဤအရာက လွတ်လွတ်ကင်းကင်း ဖြစ်စေနိုင်သည့် စကားအဖွင့်တစ်ခုသာလျှင်ဖြစ်၏။ စုနန်သည် ပုန်ကန်ခြင်းကို ပြုလုပ်မလား၊ မပြုလုပ်ဘူးလား ဆိုသည်က မသေချာချေ။ သို့ပေမည့် ထိုအရာအားလုံးက ကျန်းချုံးနှင့် ရှမ့်လန်တို့ ပြောင်းလဲနိုင်သည့် အရာမျိုး မဟုတ်ချေ။

ထို့ကြောင့် ဘုရင်မင်းမြတ်အနေနှင့် နောက်ဆုံး မျှော်လင့်ချက်တစ်ခုသာလျှင် ရှိ၏။ ဤမျှော်လင့်ချက်မှာလည်း ကျန်းချုံးနှင့် ရှမ့်လန်တို့အပေါ်တွင် မူတည်လျက် ရှိလေ၏။ စုနန်သည် မည်မျှပုန်ကန်သည်ဆိုဆို ကိစ္စမရှိချေ။ ပိုင်ရီခရိုင်ထဲတွင်သာ ပိတ်ဆို့ထားနိုင်သည်ဆိုပါက အကောင်းဆုံးဖြစ်ပေလိမ့်မည်။

ပြောရမည်ဆိုလျှင် ကျန်းယွမ်မြို့တစ်ခုလုံး ပျက်စီးကောင်း ပျက်စီးသွားနိုင်၏။ သို့ပေမည့် ပိုင်ရီခရိုင်ကတော့ ပျက်စီးခံ၍ မဖြစ်ချေ။ ကျန်းချုံးသည် ပြောရမည်ဆိုလျှင် ကျန်းရှစ်စီရင်စု၏ အနောက်ဘက်ပိုင်း အုပ်ချုပ်ရေး တပ်မှူးတစ်ယောက် ဖြစ်၏။ ထိုအရာက လွတ်ကင်းသည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်၏။

ကျန်းရှစ်စီရင်စု၏ မြောက်ဘက်ပိုင်းတွင် ရေတွက်၍မရအောင် များပြားသည့် တပ်များရှိ၏။ ထိုစစ်သည်များကို ကျုံးမိသားစုက အမိန့်ပေးနိုင်စွမ်း ရှိလေ၏။ ထိုထက် သေးငယ်သည့် စစ်သည်အရေအတွက်ကိုတော့ ကျန့်ထော်က အမိန့်ပေးသည်။

သို့ပေမည့် ကျန်းရှစ်စီရင်စု၏ အနောက်ပိုင်း အုပ်ချုပ်ရေးတပ်မှူးဆိုသည်မှာတော့ သနားစရာပင် ဖြစ်၏။ အများဆုံး လူဦးရေ ၁၀၀၀ ကျော်နီးပါးသာလျှင် ရှိပြီး ထိုသူများကလည်း အလုံးစုံ အသုံးမဝင်ခဲ့ချေ။ စုမိသားစု၏ လွှမ်းမိုးမှုအောက်တွင် ကျန်းချုံးသည် ထို အစောင့်စစ်သည်များကို အမိန့်ပေးနိုင်စွမ်း ရှိမည် မဟုတ်ချေ။ စုနန် ပုန်ကန်သည့် အချိန်တွင် ထိုစစ်သည်များ လိုက်ပါသွားမှာပင် စိုးရသေး၏။

ထို့ကြောင့် ကျန်းချုံးအနေနှင့် သူ၏ ယခုနန်းမြို့တော်မှာ ခေါ်ဆောင်လာခဲ့သည့် လက်ရွေးစင် စစ်သည်ပေါင်း ၃၀၀၀ ကျော်ကိုသာလျှင် အမိန့်ပေးနိုင်စွမ်း ရှိ၏။ ထိုလူဦးရေ ၃၀၀၀ ကျော်နှင့် ပိုင်ရီခရိုင်တစ်ခုလုံးကို နှစ်လတိတိ အနည်းဆုံး ခုခံထားရပေလိမ့်မည်။

ရှမ့်လန်က ပြောလိုက်သည်။ “ဒီ လက်ရွေးစင် စစ်သည် ၃၀၀၀၀ ဆိုတာ ခင်ဗျားမှာရှိတာ အကုန်ပဲ။ ကျုပ်က တစ်ယောက်ကိုမှ ယူမှာမဟုတ်ဘူး။ ကျုပ်က ခင်ဗျားကို ၁၀ ရက် အချိန်ရအောင်လို့ ကျန်းယွမ်မြို့မှာ ပြဿနာရှာပြီး ကူညီပေးနေမယ်။ ဒီ ၁၀ ရက်အတွင်းမှာ ခင်ဗျားက ခရိုင်ထဲမှာရှိနေတဲ့ အမှိုက်သရိုက်တွေ အကုန်လုံးကို ရှင်းပစ်ရမယ်။ ရန်သူအားလုံးကို ဖျက်ဆီးပစ်ရမယ်။”

ကျန်းချုံးက ခေါင်းညိတ်လိုက်၏။ “ကောင်းပါပြီ”

အရိုးသားဆုံးပြောရမည်ဆိုလျှင် ဤကဲ့သို့ အင်အားဖြင့် ပြုလုပ်ရသည့် အရာမျိုးကို သူတစ်ခါမှ မတွေ့ကြုံခဲ့ချေ။ ကျန်းယွမ်မြို့သည် စုနန်၏ တည်နေရာပိုင်နက်တစ်ခုဖြစ်ပြီး မြို့တစ်ခုလုံးကလည်း အစောကြီးတည်းက စည်းကမ်းတကျဖြင့် စုမိသားစု၏ ထိန်းချုပ်မှုအောက်တွင် ရှိနေခဲ့သည်။

ကျန်းယွမ်မြို့၏ ယခင်အုပ်ချုပ်ရေးမှုး ချန်ချိလုံသည် နိုင်ငံရေးအရ ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အသက် ၄၀ ပြည့်ပြီးနောက် ခရိုင်၏ အုပ်ချုပ်ရေးမှူး ဖြစ်လာခဲ့၏။ ဘုရင်မင်းမြတ်က သူ့အပေါ်တွင် တကယ့်ကို မျှော်လင့်ထားခဲ့၏။

ရလဒ်အားဖြင့် နှစ်ဝက်နီးပါးခန့် ကြာပြီးနောက် ချန်ချိလုံသည် အလုံးစုံ သုံးမရဘဲ မည်သည့်အာဏာမှ မရှိသည့် လူတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့၏။ သူသည် တကယ့်ကို မာကျောသည့် လူတစ်ယောက် ဖြစ်၏။ မကောင်းသည့် အရာများကို မပြုလုပ်ဘဲ စုကလန်၏ အောက်ဆွဲအဖြစ်မခံခဲ့ချေ။

ရလဒ်အားဖြင့် ပိုင်ရီ ခရိုင်ထဲမှ မောင်းထုတ်ခြင်းခံခဲ့ရပြီး ပြစ်မှုမှာတော့ အကျင့်ပျက်ခြစားခြင်း ဖြစ်၏။ ထို့အပြင် လွန်ခဲ့သည့် နှစ်နှစ်တုန်းက သူ တခြားသော ရာထူးကို တာဝန်ယူရသည့် အချိန်၌ ဘာမှ မရှိခဲ့ချေ။ သို့ပေမည့် ပိုင်ရီခရိုင်၏ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူရသည့်အချိန်မှာတော့ ကြီးပွားချမ်းသာလာခဲ့ကြောင်း သက်သေပြခံရသည်။ ယနေ့ ဤလူသည် အထူးတရားရုံး၏ အကျဉ်းထောင်ထဲသို့ ရောက်ရှိနေခဲ့ပြီး မကြာခင် သုတ်သင်ခံရလိမ့်မည်ဟု ပြောဆိုခံရသည်။

စုမိသားစုသည် တကယ့်ကို ကြီးမားလွန်းသည့် ဩဇာအာဏာကို ပိုင်ဆိုင်၏။ အနီးအနားသို့ ကပ်သွားသည်ဆိုသည်နှင့် ကျိန်းသေပေါက် ဝါးမျိုခြင်းကို ခံရပေလိမ့်မည်။ ကျန်းယွမ်မြို့သည် စုမိသားစု အလုံးစုံထိန်းချုပ်ထားသည့် နေရာတစ်ခုဖြစ်ပြီး ထိုနေရာတွင်ရှိသည့် အရာအားလုံးကို ချိုးဖျက်ဖို့ ဆိုသည်မှာ အလုံးစုံ အိမ်မက်မက်နေကဲ့သို့ပင် ဖြစ်ပေလိမ့်မည်။ ထိုသို့ပြုလုပ်နိုင်ည့် နည်းလမ်းက တစ်ခုတည်းသာလျှင်ရှိ၏။ ထိုအရာက သတ်ဖြတ်ခြင်းသာလျှင် ဖြစ်၏။

မလိုက်နာသည့် လူအားလုံးကို သတ်ဖြတ်ပစ်ရမည်ဖြစ်ပြီး ကျန်းယွမ်မြို့ထဲရှိ အရာရှိပေါင်းများစွာတို့ကို အလုံးစုံ သုတ်သင်ပစ်ရပေလိမ့်မည်။ နှောင့်နှေးခြင်း တစ်ချက်မရှိဘဲ ပြတ်ပြတ်သားသား အရေးယူရပေလိမ့်မည်။

အားလုံးသောသူတို့ကို သတ်ဖြတ်ပြီးနောက် ဤမြို့ကြီးတစ်ခုလုံးသည် ကျန်းချုံး၏ ထိန်းချုပ်မှုအောက်သို့ ကျိန်းသေပေါက် ရောက်ရှိသွားပေလိမ့်မည်။ စစ်သည်ပေါင်း ၃၀၀၀ ကျော်တို့သည် ထိုမြို့ကြီးကို တာဝန်ယူရန် လုံလောက်သည့် အရာဖြစ်လာပေမည်။

ရှမ့်လန်က ပြုံးကာ ပြောလိုက်၏။ “လူကြီးမင်းကျန်း.. ဒီမြို့ကြီးကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ စုကလန်ရဲ့အဓိက အင်အားစုကြီးကို တွန်းလှန်ဖို့ ကျုပ် ခင်ဗျားဆီ လူတွေပေးမယ်။ အနည်းဆုံး ၁၀၀၀၀ ကျော်လောက်ဖြစ်လိမ့်မယ်။ ဒီထက်လည်း ပိုနိုင်တယ်”

ကျန်းချုံးက မေးမြန်းလိုက်သည်။ “ဘယ်လောက် စောင့်ရမှာလဲ”

ရှမ့်လန်က ပြောလိုက်၏။ “တစ်လမကျော်ပါဘူး”

ကျန်းချုံးသည် သက်ပြင်းချကာ ပြောလိုက်သည်။ “အင်း... ကျုပ်တို့ နှစ်ယောက်က တကယ့်ကို ရူးနေတာပဲ။ စစ်သည် ၃၀၀၀ ကျော်လောက်နဲ့ မိုးကို ဒူးနဲ့တိုက်ဖို့ လုပ်နေတာပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က ပိုပြီးရူးသွပ်တဲ့လူတစ်ယောက်လေ။ ကျုပ်နားမှာ လူဦးရေ တစ်ဒါဇင်ကျော်ပဲ ရှိတယ်။ ဒါပေမဲ့ ကျုပ်က ရန်သူပေါင်း ၁၀၀၀၀ လောက်နဲ့ ရင်ဆိုင်ရမှာ”

ကျန်းချုံးက ပြောလိုက်သည်။ “အင်း... ဘုရင်မင်းမြတ်က စွန့်စားရတာကို ကြိုက်တယ်။ ဒါပေမဲ့ မင်းက စွန့်စားရတာ ပိုပြီးကြိုက်တဲ့ပုံပဲ”

သို့ပေမည့် ကံကောင်းစွာဖြင့် ရှမ့်လန်သည် လွန်ခဲ့သည့်လအနည်းငယ်တည်းက အစီအစဉ်များကို စီစဉ် ထားပြီးဖြစ်၏။

ပြီးနောက် ကျန်းချုံးက ပြောလိုက်သည်။ “တကယ်လို့ လက်ရွေးစင် စစ်သည် ၃၀၀၀ ကို မယူချင်ဘူးဆိုရင် အနားမှာ စစ်သည်ပေါင်း တစ်ဒါဇင်ကျော်လောက်ပဲ ရှိတော့မှာပေါ့”

ရှမ့်လန်က ပြောလိုက်၏။ “မဟုတ်ဘူး။ ကျုပ်ဆီမှာ အထူးလက်ရွေးစင် စစ်သည်တွေ ရှိတယ်။ တကယ့်ကို ထူးခြားတဲ့ မြင်းသည်တော်တွေပေါ့။ စုစုပေါင်း လူ ၂၀၀ လောက်ရှိတယ်”

ထိုအချိန်မှာပဲ အနောက်ဘက်မှ ဆူညံသည့် မြင်းခွာသံများ ပေါ်ပေါက်လာခဲ့၏။ ရုတ်တရက် ကျန်းချုံး၏ အမိန့်ပေးမှုအောက်မှ စစ်သည်တော်ပေါင်း ၃၀၀၀ ကျော်တို့သည် အကာအကွယ် တစ်ခုကို ဖန်တီးပြီး အချိန်တိုအတွင်း ခုခံရန် ပြင်ဆင်လိုက်ကြသည်။

“ရှမ့်.. ရှမ့် ကျွန်မတို့က တတိယမင်းသမီးရဲ့ အစောင့်တပ်ဖွဲ့ပါ” အမျိုးသမီး တပ်မှူးတစ်ယောက်၏ အသံက အဝေးဆီမှ ထွက်ပေါ်လာခဲ့၏။ သူမ၏ အနောက်တွင် မြင်းသည်တော် စုစုပေါင်း ၂၀၀ ကျော်တို့ လိုက်ပါလာခဲ့ပြီး ထိုသူတို့အားလုံးက မိန်းမများဖြစ်၏။ ထို့အပြင် အလွန်ကြီးမားခန့်ညားလွန်းသည့် အမျိုးသမီး စစ်သည်တော်များဖြစ်၏။

ရှေ့ဆုံးမှ ဦးဆောင်နေသည့် အမျိုးသမီးသည် ၁.၈ မီတာခန့် အရပ်ရှည်ကာဖြင့် ပေါင် ၂၃၀ လောက် လေး၏။ သူမက ဝသည်ပုံ မပေါ်ချေ။ အလွန်အားကောင်းသည့် ပုံပေါ်သည်။

“ဝူလဲ့က ရှမ့်ကို ဂါရဝပြုပါတယ်” ထိုအမျိုးသမီးစစ်သူကြီးသည် လက်သီးကိုဆုပ်ကာဖြင့် ရှမ့်လန်ကို ဦးညွှတ်လိုက်၏။

“ဝူလဲ့ ဟုတ်လား” ရှမ့်လန်သည် နင်ယန်၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် ဤကြမ်းတမ်းသည့် အမျိုးသမီး စစ်သူကြီးအကြောင်းကို သိရှိပြီးသား ဖြစ်၏။ သို့ပေမည့် သူမကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ သူမသည် တော်ဝင်ရန်နိုင်ငံဆီသို့ စေလွှတ်ခံထားရသောကြောင့်ပင်။

ကျန်းချုံးက ပြောလိုက်၏။ “ဒီအမျိုးသမီးရဲ့ အဖေက ဝူကျောင်းလေ။ ရွဲ့ပြည်နယ်ရဲ့ တကယ့်ကို နာမည် ကျော်ကြားတဲ့ စစ်သူကြီးတစ်ယောက်ပဲ။ အဲအချိန်တုန်းက သူက မင်းသား နင်ယွမ်ဝူကို ထောက်ခံခဲ့တယ်။ ဒါကြောင့် မိသားစုတစ်ခုလုံး သုတ်သင် ရှင်းလင်းခံရလုနီးပါး ဖြစ်ခဲ့တယ်”

ရှမ့်လန်က ဤအတိတ်ကို ကောင်းကောင်းသိ၏။ ဝူကျောင်း... ရှမ့်လန်သည် ထိုလူ့အပေါ်တွင် တကယ့်ကို နက်ရှိုင်းသည့် အထင်ကြီးမှု ရှိခဲ့၏။ ပထမဦးဆုံး နာမည်သည် သူ၏ယောက္ခထီးနှင့်ပင် တူညီနေသည်။ ဒုတိယအားဖြင့် ရာထူးရာခံက အလွန်အင်မတန် မြင့်မားလွန်း၏။ မြောက်ပိုင်းနယ်စား နန်ကုန်းအိုသည် ဝူကျောင်း၏ အမိန့်ပေးမှုအောက်တွင် ရှိခဲ့ပြီး ဝူကျောင်းဆိုသည်မှာ ရွဲ့ပြည်နယ်၏ ကျော်ကြားလွန်းသည့် စစ်သူကြီးတစ်ယောက်ပင် ဖြစ်သည်။

နင်ယွမ်ဝူသည် အလွန်တရာ မောက်မာဝင့်ကြွားသည့် လူတစ်ယောက်ဖြစ်၏။ ထိုတုန်းက နင်ယွမ်ရှန်းက သေဆုံးလုနီးပါး အခြေအနေအထိ မီးစာကုန်ဆီခမ်းနေခဲ့၏။ နန်းပလ္လင်ကို ဆက်ခံနိုင်ရန် အရည်အချင်းဟူ၍ လုံးဝ မရှိတော့ချေ။ နန်းပလ္လင်ဆက်ခံသူ အပြောင်းအလဲဖြစ်ပြီးနောက် ဝူမိသားစုသည် ဒုက္ခရောက်တော့သည်။

ဝူကျောင်း မိသားစုတစ်ခုလုံး သုတ်သင်ခံရပြီ သူ၏သမီး ဝူလဲ့သည် ကံဆိုးမှုကို ခံစားခဲ့ရ၏။ သူမက မလှပချေ။ ထို့ကြောင့် ကချေဆောင်များဆီသို့လည်း မရောက်ရှိခဲ့ချေ။ ထို့ကြောင့်ပင် စစ်ကျေးကျွန် တစ်ယောက်အနေနှင့် နယ်စပ် စစ်တပ်ဆီသို့ ပေးပို့ခြင်းခံရ၏။

နောက်ပိုင်းမှာတော့ သူမ၏ ထူးခြားလွန်းသည့် သိုင်းပညာကြောင့် စစ်တပ်ထဲတွင် တိုက်ခိုက်ရေး ကျေးကျွန်တစ်ယောက်ကဲ့သို့ ဖြစ်လာခဲ့၏။ တိုက်ခိုက်ရေးကျေးကျွန်ဆိုသည်မှာ ဖျော်ဖြေပွဲတစ်ခုအနေဖြင့် တိုက်ခိုက်တတ်သည့် အရာမျိုး ဖြစ်သည်။

ထိုကဲ့သို့သော ကျေးကျွန်များသည် အသက်ရှည်ရှည် မနေနိုင်သလောက် နီးပါးပင်။ အဘယ့်ကြောင့်ဆိုသော် တစ်နှစ်ပတ်လုံး တိုက်ခိုက်သတ်ဖြတ်ခြင်းကို ပြုလုပ်နေရသောကြောင့်ပင်။ တခြားသော ရာထူးရာခံနှင့် အရာရှိကြီးများကို ဖျော်ဖြေရန်အလို့ငှာ သူတို့သည် ဘာမဆိုကို ပြုလုပ်ပေးရ၏။ ဘယ်သူ့ကိုမဆို သတ်ဖြတ်ပေးရ၏။

တိုက်ခိုက်ရေးကျေးကျွန်များသည် မျှတသည့် တိုက်ပွဲများကို တိုက်ခိုက်ရသည်မဟုတ်ဘဲ ၁၀ ယောက် ၊ ၁ ယောက် တိုက်ခိုက်ရသည်မျို ရှိ၏။ ထို့အပြင် သားရဲတိရစ္ဆာန်များနှင့် တိုက်ခိုက်ရခြင်းမျိုးလည်း ရှိသည်။

ဝူလဲ့သည် ၇ နှစ်လုံးလုံး တိုက်ခိုက်ရေး ကျေးကျွန်အဖြစ် အလုပ်လုပ်ခဲ့၏။ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်လျက်ရှိပြီး လူမည်မျှ များများ၊ သားရဲမည်မျှ များများကို သူမ သတ်ဖြတ်ခဲ့ကြောင်း မည်သူမှ မသိရှိချေ။

သို့ပေမည့် သူမသည် ကျော်ကြားလွန်းသည့် မိသားစုတစ်ခုတွင် မွေးဖွားခဲ့ပြီး စစ်တပ်၏ စည်းမျဉ်းစည်းကမ်း များနှင့် ရင်းနှီး၏။ ငယ်ရွယ်ကတည်းက ထိုကဲ့သို့သော စာအုပ်များကို ဖတ်ရှုခဲ့သည် မဟုတ်ပါလား။ ဟုတ်ပေ၏။ သူမသည် တိုက်ခိုက်ရေးကျေးကျွန်အဖြစ် အလုပ်လုပ်ချင်စိတ် မရှိချေ။ သူမသည် လွတ်လပ်မှုကို မျှော်လင့်တောင့်တ၏။

တိုက်ခိုက်ရေးကျေးကျွန်တစ်ယောက်၏ ဘဝမျိုးသည် လူသားမဆန်ချေ။ တိုက်ခိုက်ရန် မွေးဖွားလာခဲ့သည့် သားရဲတိရစ္ဆာန်နှင့် ဆင်တူ၏။ ထို့ကြောင့်ပင်လျှင် သူမသည် သူမ၏ အုပ်ချုပ်သူကို သတ်ဖြတ်ပြီး ထွက်ပြေးခဲ့၏။ ဤကိစ္စက တကယ်ကို ကြီးမားခဲ့ပြီး အနောက်တိုင်းစစ်တပ်တစ်ခုလုံးသည် လူပေါင်းထောင်ချီနှင့် သူမ နောက်သို့ လိုက်ကာ သတ်ဖြတ်သည်။

အဆုံးသတ်မှာတော့ သူမက မလွတ်မြောက်နိုင်ခဲ့ချေ။ ဖမ်းဆီးခြင်းကို ခံခဲ့ရ၏။ လက်နှင့်ခြေအားလုံးကို ကြိုးနှင့် တုတ်နှောင် ဖမ်းဆီးခြင်းခံရပြီး နန်းမြို့တော်ဆီသို့ ပို့ဆောင်ခဲ့ရ၏။ အပိုင်း ၁၀၀၀ လောက် ခုတ်ပိုင်းပြီး သေဒဏ်ကျခံရန် အမိန့်ချခြင်း ခံရ၏။

ထိုအချိန်မှာတော့ နင်ယန်သည် တော်ဝင်ရန်နိုင်ငံ၏မင်းသားအိမ်တော်ဆီသို့ သွားသည့်လမ်းတွင် ရှိခဲ့၏။ ဝူလဲ့ ဖြစ်နေသည့် အကြောင်းအရာများကို မြင်ခဲ့၏။ သို့နှင့် မင်းသမီးနင်ယန်သည် ရန်ဘုရင်မင်းမြတ်ဆီသို့ သွားရောက်ပြီး ဝူလဲ့ကို တောင်းဆိုခဲ့သည်။

ဘုရင်မင်းမြတ်က တကယ့်ကို ခေါင်းကိုက်ခဲ့၏။ အမျိုးသမီးများနှင့် ဖွဲ့စည်းထားခဲ့သည့် စစ်တပ်တစ်ခုကို ဖန်တီးရန်အလို့ငှာ နင်ယန်သည် ရေတွက်၍မရအောင် များပြားသည့်အတွေ့အကြုံရှိ စွမ်းအားမြင့် စစ်သည်တော် အမျိုးသမီးများကို လိုက်လံကာ ခေါ်ယူနေသည်ဟူသည့် အကြောင်းပြချက်ကြောင့်ပင်။

သူမ၏ အနာဂတ်ယောက်ျားက မည်ကဲ့သို့သောလူမျိုးဖြစ်ကြောင်း တစ်လောကလုံးရှိလူများက သိပြီးသား ဖြစ်၏။ ထို့ကြောင့် ဘုရင်မင်းမြတ်ကလည်း အားတုံ့အားနာ ခံစားနေရ၏။ ထို့ကြောင့်ပင်လျှင် ရွေးချယ်ခွင့် မရှိဘဲ ဝူလဲ့နှင့် ရေနက်တပ်ဖွဲ့မှ တစ်စုံတစ်ယောက်နှင့် လဲလှယ်ပေးလိုက်၏။

ထိုအချိန်မှစ၍ ဝူလဲ့သည် မင်းသမီးနင်ယန်၏ နောက်သို့ လိုက်ပါခဲ့ပြီး မင်းသမီးနင်ယန်၏တပ်၌ ရှေ့ဆုံးမှ ဦးဆောင်ကာ ပြေးသည့် မြင်းတစ်စီးအဖြစ်ပင် ဖြစ်လာခဲ့၏။ သူမသည် ယခုနှစ်တွင် အသက် ၄၀ ကျော်ခဲ့ပြီ ဖြစ်၏။ တစ်ခါမှ လက်ထပ်ထိမ်းမြားခြင်း မရှိခဲ့ချေ။ ရှမ့်လန်ကလည်း သူမကို တစ်ခါမှ မမြင်ခဲ့ဖူးချေ။ အရပ် ၈ ပေနီးပါးခန့် ရှိသော စစ်သည်တော်အမျိုးသမီး တစ်ယောက်အဖြစ်သာလျှင် သိခဲ့သည်။

“ရှမ့်ကို ဂါရဝပြုပါတယ်” အမျိုးသမီးစစ်သည်တော်သည် ရှက်ဝဲဝဲနှင့် ပြောဆိုလိုက်၏။ သူမက ဤတပ်၏ ဒုတိယမြောက် ခေါင်းဆောင်ဖြစ်၏။

ရှမ့်လန်သည် အလွန်အားကောင်းသည့် အမျိုးသမီးစစ်သည်တော် ၂၀၀ ကို လှမ်းကာ ကြည့်ရှု၏။ နင်ယန်၏ အမိန့်ပေးမှုအောက်တွင် ရှိနေသည့် အမျိုးသမီးစစ်သည်တော်ကြီးများသာလျှင် ဖြစ်သည်။

“အရှင်မင်းသမီးက အင်ပါရီယာဘုံကျောင်းထဲမှာ ချုပ်နှောင်ခြင်း ခံထားရတယ်။ ထွက်လာလို့မရဘူး။ ဒါကြောင့် ကျွန်မတို့ကို လွှတ်လိုက်တာပါ”

ဝူလဲ့က ပြောလိုက်၏။ “အရှင်မင်းသမီးက အမိန့်ပေးလိုက်တယ်။ ရှမ့်ရဲ့ အမိန့်တွေကို နာခံရမယ်တဲ့။ တကယ်လို့ မီးပင်လယ် ၊ ဓားတောင်ကို ဖြတ်ရမယ်ဆိုရင်တောင် ကျိန်းသေပေါက် သွားရလိမ့်မယ်တဲ့”

အမျိုးသမီးစစ်သည်တော်က ပြောလိုက်သည်။ “သခင်လေး... ကျွန်မတို့ ညီအစ်မတွေက ရာဇဝတ်သားတွေရဲ့ မျိုးဆက်တွေဖြစ်ပြီး အဆင့်နိမ့်အမျိုးသမီးစစ်သည်တွေပါပဲ။ ကျွန်မတို့အားလုံးက အရမ်းပူလောင်တဲ့ မီးတွင်းထဲမှာရှိနေတဲ့ လူတွေပါ။ အရှင်မင်းသမီးကြောင့်သာ မဟုတ်ဘူးဆိုရင် ကျွန်မတို့က သေဆုံးခဲ့ပြီးတာ ကြာပြီ။ ဒါကြောင့် ကျွန်မတို့ရဲ့ အသက်တွေကို စဉ်းစားမနေတော့ပါဘူး။ ကျားခံတွင်း ဒါမှမဟုတ် ဒါမှမဟုတ် နဂါးရဲ့ တည်နေရာ ဘယ်နေရာကိုပဲဖြစ်ဖြစ် ကျွန်မတို့ ဝင်ရဲပါတယ်။ အဆိုးဆုံး ကျွန်မတို့ သေလိုက်ရုံပဲ”

မင်းသမီးနင်ယန်သည် သူ့အား စစ်တပ်တစ်ခုကို ပေးအပ်ခဲ့၏။ ရှမ့်လန်သည် ထိုအကြောင်းအရာကို အစောကြီး တည်းက သိရှိပြီးသား ဖြစ်၏။ အင်ပါရီယာဘုံကျောင်းထဲတွင် ရှိနေသည့် မင်းသမီးနင်ယန်ကို သူ တွေ့ခွင့်ရရန် ကြိုးစားခဲ့သေး၏။ သို့ပေမည့် မအောင်မြင်ခဲ့ချေ။

ဘုရင်မင်းမြတ်က တင်းတင်းကျပ်ကျပ်နှင့် အမိန့်ပေးထား၏။ နင်ယန်အား နှစ်လတိတိ ချုပ်နှောင်ထားရန် ဖြစ်ပြီး ရှမ့်လန်နှင့် မတွေ့စေရန်လည်း သေသေချာချာ မှာကြားထား၏။ သူ၏သမီးအား ယခုထက်ပိုကာ လွှတ်ထားခဲ့ပါက ဤတဏှာရူးရှမ့်လန်နှင့် ပေါက်ပန်းလေးဆယ်များ ဖြစ်ကုန်မှာ သေချာ၏။ ထိုကြောင့် သူ စိုးရိမ်ပူပန်မိ၏။ ထို့အပြင်ဤ နှစ်ယောက်သည် မည်သည့်နေရာတွင်ပဲတွေ့တွေ့ တစ်ယောက်နှင့်တစ်ယောက် ညီအစ်ကိုများဟု ခေါ်ဆိုပြီး အတူတူအိပ်စက်တတ်သေး၏။

သို့ပေမည့် ယွမ်မင်ကျယ်က ပြောပြခဲ့၏။ သူမလက်အောက်ရှိ စစ်သည်တော်များကို ရှမ့်လန်ဆီ ပေးအပ်မည်ဟု နင်ယန် ပြောဆိုခဲ့သည့်အကြောင်းပင်။ ထိုအချိန်မှာတော့ ဤကဲ့သို့ ဆန်းကြယ်လွန်းသည့် အားအင်ကောင်းကောင်း နှင့် အမျိုးသမီးများကို မြင်ရတော့ ရှမ့်လန်၏ နှလုံးသားထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရလေ၏။ “အင်း ကျားမကြီး... ခင်ဗျားက တကယ့်ကို ညီအစ်ကိုကောင်းပဲ”

ကျန်းချုံးသည် ရထားလုံးတံခါး၏ လိုက်ကာကို အသာလှပ်ကာဖြင့် ကြည့်ရှုလိုက်၏။ သူသည် မပြောဘဲ မနေနိုင်တော့ချေ။ “ဘယ်လောက်အားကောင်းလိုက်တဲ့ လူတွေလဲ”

ပြီးနောက် သူက ရှမ့်လန်ကို ကြည့်လိုက်မိ၏။ ရုပ်ချောခြင်း၏ အကျိုးတရားပါတကား။

ရှမ့်လန်က သက်ပြင်းချလိုက်၏။ “မတတ်နိုင်ဘူးလေ။ ရုပ်ချောမှုက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်မှု ဖြစ်နေတာကိုး။ ဒါကြောင့် ကျုပ်ဘယ်ကိုသွားသွား သူတို့က သူတို့ရဲ့ နှလုံးသားတွေကိုပေးအပ်ဖို့ အဆင်သင့် ဖြစ်နေတယ်”

ထိုအချိန်မှာတော့ ကျန်းချုံးသည် ရထားလုံးပြောင်းပြီး စီးရန်ပင် စဉ်းစားလိုက်မိ၏။ သူ၏သမီးကို မတွေးဘဲ မနေနိုင်တော့ချေ။ ကံဆိုးစွာဖြင့် သူ၏သမီးသည် ရှမ့်လန်ဆိုသည့် မီးတွင်းထဲသို့ ခုန်မချခဲ့ချေ။ မဟုတ်ပါက ယခုအချိန်တွင် နောင်တတရားနှင့် ပြည့်နှက်နေလောက်ပေပြီ။

All Chapters