← Chapters

အပိုင်း (၃၆၁)

Vol. 26 Ch. 361

အပိုင်း (၃၆၁)

Vol. 26 Ch. 361

ရှမ့်လန်သည် ရှေ့သို့ဖြည်းဖြည်းချင်း ခရီးဆက်နေသည်။ ရှေ့မှာတော့ အရူးကြီးသည် မြေပြင်ပေါ်တွင် ထိုင်လျက်ရှိနေပြီး ခွေးအိုကြီးတစ်ကောင်ကဲ့သို့ပင် ဖုတ်လိုက်ဖုတ်လိုက်ဖြင့် အသက်ကို ရှူနေရ၏။ ဆိုးရွားလွန်းလှချေ၏။

ရှမ့်ဆယ့်သုံးသည် သိုင်းပညာလေ့ကျင့်ခြင်းကို လက်လျှော့ခဲ့ပြီ ဖြစ်၏။ သို့ပေမည့် လက်ရှိအချိန်တွင်တော့ မျှော်လင့်ချက်များနှင့် ပြန်လည်ကာ တောက်ပလာခဲ့သည်။ ဟုတ်ပေ၏။ သူ့အနေနှင့် စိတ်ဓာတ်ကျစရာမလိုချေ။ အရူးကြီးသည်လည်း မလွယ်ကူကြောင်းကို သိရှိနားလည်လိုက်သောကြောင့်ပင်။

အရူးကြီး၏ အင်အားအဆင့်ဆိုသည်မှာ သွေးများ၊ မျက်ရည်များဆီမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း သူက သိရှိခဲ့၏။ အားလုံးသောသူတို့သည် ဆိုးဝါးသည့်အရာများကို မြင်ခဲ့ရ၏။ သူ ရှမ့်ဆယ့်သုံးသည် အရူးကြီး ရိုက်နှက်ခံနေရသည့် အဖြစ်အပျက်ကို ကြည့်ရှုရင်း စိတ်ကျေနပ်ပျော်ရွှင်စွာဖြင့် သိုင်းပညာကို ပြန်လည် လေ့ကျင့်ရပေလိမ့်မည်။

..............

ငါးရက်ကြာမြင့်ပြီးနောက် ရှမ့်လန်သည် စစ်သည်တော်တစ်ဒါဇင်ကျော်၊ အမျိုးသမီးစစ်သည်တော်ပေါင်း ၂၀၀ ကျော်ကို ဦးဆောင်ကာဖြင့် ရွဲ့ပြည်နယ်၏ အနောက်ဘက်အစွန်း ကျန်းယွမ်မြို့ဆီသို့ ရောက်ရှိလာခဲ့၏။ ဤအရာက စုကလန်၏ ဌာနချုပ်ဖြစ်ပြီး ကျန်းယွမ်နယ်စားအိမ်တော်နှင့် ကီလိုမီတာ ဒါဇင်အနည်းငယ်သာလျှင် ဝေးကွာ၏။

မနီးမဝေးသည့်နေရာတွင် နှင်းတောင်ကြီးတစ်ခုကဲ့သို့ မတ်မတ်တည်ရှိနေသည့် တောင်ကြီးတစ်ခုရှိပြီး ထိုအရာကြီးကို ရှင်းရှင်းလင်းလင်းမြင်နိုင်၏။ ထိုနှင့် မနီးမဝေးနေရာသည် ချင်နိုင်ငံပင် ဖြစ်၏။ နှင်းတောင်ကဲ့သို့သော ကြီးမားမြင့်မားလွန်းသည့် တောင်ကြီး၏အောက်ခြေတွင် အရူးကြီးမိန်းမ၏ အာယုနာနာ တည်ရှိနေထိုင်ရာ မျိုးနွယ်စု တည်ရှိသည်။

ကျန်းယွမ်မြို့ - ဤအရာက ရွှမ်ဝူမြို့ထက် နှစ်ဆခန့် ကြီးမား၏။ ထို့အပြင် လူဦးရေ တစ်ဝက်လောက်က မြို့ထဲတွင် လမ်းလျှောက်သွားလာလျက် ရှိနေ၏။ ထိုသူအားလုံးသည် အနောက်ဘက်ဒေသဆီမှ လူများသာ ြစ်၏။ ကုန်သွယ်ရေးမြို့ကြီးတစ်ခုဖြစ်ပြီး နိုင်ငံရပ်ခြားဆီမှ အနောက်တိုင်းသားများသည် ဤနေရာတွင် ဆိုင်ဖွင့်ကာ ရောင်းချကြ၏။

ဤမြို့သည် စုနန်ပိုင်ဆိုင်သည့် မြို့ဖြစ်၏။ အားလုံးသောသူတို့သည် ရှမ့်လန် ရောက်ရှိလာသည်ကို အေးစက်စက် ကြည့်ရှုလျက် ရှိ၏။ ရှမ့်လန်နှင့် သူ၏ စစ်သည်တော် ၂၀၀ ကျော်တို့ကိုမြင်တော့ လမ်းပေါ်တွင် လမ်းလျှောက်လျက် ရှိနေကြသည့် လူများက ရပ်တန့်သွားခဲ့၏။ ဘေးတစ်ဖက်တွင် မတ်မတ်ရပ်လျက်ရှိပြီး စူးစိုက်ကာ ကြည့်ရှုနေကြသည်။

သူတို့၏ အကြည့်များက အေးစက်လျက် ရှိနေ၏။ တိရစ္ဆာန် သို့မဟုတ် သေဆုံးတော့မည့် လူတစ်ယောက်ကို ကြည့်ရှုနေသကဲ့သို့ပင်။ ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။ ထိုကဲ့သို့ အေးစက်စက် ကြည့်ရှုနေသည်မှာ လူတစ်ယောက်တည်း၏ အကြည့်မျိုး မဟုတ်ချေ။ ထို့ကြောင့် ပိုမိုကာ မသက်မသာ ခံစားရခြင်း ဖြစ်၏။

လူဦးရေ ၁၀၀၀၀ ကျော်တို့ ဝိုင်းဝန်းကြည့်ရှုသောအဓိပ္ပာယ်သည် ဆိုးရွားလွန်းလှပြီး သူတို့ကို လုံးဝ မကြိုဆိုသည့် အမူအရာမျိုးပင်။ ကြီးမားလွန်းသည့် မှောင်ခိုဈေးကွက်တစ်ခုကဲ့သို့ ရောက်ရှိသွားသကဲ့သို့ပင်။ အားလုံးသော သူတို့သည် သူ့ကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်ဖြတ်ကာ ရောင်းချတော့မည့် ပုံစံမျိုးပင်။

ရှမ့်လန်၏ နှုတ်ခမ်းထောင့်များက ကော့တက်သွားခဲ့၏။ သူက အားလုံးသောသူတို့ကို အထင်အမြင်သေးသလို ပြုံးပြလိုက်၏။

မြို့တော်ဝန်အိမ်တော်ဆီသို့ ရောက်ရှိလာခဲ့၏။ မြို့တော်ဝန်အိမ်တော်သည် တကယ့်ကို ကြီးမားခမ်းနားပြီး ရွှမ်ဝူမြို့၏ မြို့တော်ဝန်အိမ်တော်ထက် များစွာကြီးမားသည်။

စစ်သည်တော် ၁၀၀ ကျော်တို့သည် မြို့တော်ဝန်အိမ်တော်၏ အပြင်ဘက် မြေတည်နေရာတွင် ညီညီစီစီဖြင့် မတ်တပ်ရပ်နေ၏။ အားလုံးသောသူတို့သည် ချပ်ဝတ်အပြည့် ဝတ်ဆင်ထား၏။ ထိုစစ်သည်အားလုံးတို့၏ အကြည့်များက အေးစက်လျက် ရှိနေပြီး သူတို့ကို လူသေများကဲ့သို့ပင် ကြည့်ရှုနေ၏။

မြို့တော်ဝန်အိမ်တော်၏ စစ်သည်တော်အားလုံးတို့သည် လက်ထဲတွင် လက်နက်များကို ကိုင်ဆောင်ထားကြပြီး အရှေ့ကိုလှမ်းတက်ကာ ရှမ့်လန်ကို သတ်ဖြတ်ရန် အဆင်သင့်ဖြစ်နေသည့် ပုံပင်။ ပုံမှန်အားဖြင့် ဤစစ်သည်တော်များသည် ရှမ့်လန်ပိုင်ဆိုင်မည့် စစ်သည်တော်များသာ ဖြစ်၏။ သို့ပေမည့် ကြည့်ရသည်မှာ ရှမ့်လန်၏ အမိန့်ကို လိုက်နာမည့်ပုံ လားလားမှမပေါ်ချေ။

ထိုအချိန်မှာပဲ ရယ်မောသံတစ်ခုကို ကြားလိုက်ရ၏။

ဤအရာက လွန်လွန်း၏။ ရွှေနှင့် ငွေရောင်ရောစပ်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် အပြင်ဘက်သို့ ထွက်လျှောက်လာခဲ့သည်။ “ဒါက ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန်အသစ် ရှမ့်လန်ဆိုတာလား မေးချင်ပါတယ်။ ကျုပ်က ကျန်းယွမ်မြို့ရဲ့ အမှုထမ်း စုလင်းပါ။ ကြိုဆိုပါတယ်”

ကြိုဆိုသည်ဆိုသည်မှာ ဘာအဓိပ္ပာယ်ဖြစ်သနည်း။

‘ငါက ကျန်းယွမ်မြို့ရဲ့ အာဏာပိုင်ဖြစ်ပြီး ဒီမြို့မှာ ငါနေထိုင်နေတယ်။ ဒီတော့ လာတဲ့သူတိုင်း ငါ့ကို ဦးညွှတ်ရမယ်’ ထိုအဓိပ္ပာယ်ပင်။

ရှမ့်လန်သည် ထိုသူကို လှမ်းကာ ကြည့်ရှုလိုက်၏။ ထိုသူက စုလင်း၊ နယ်စားကြီးစုနန်၏ တူတော်ဖြစ်ပြီး ကျန်းယွမ်မြို့ထဲတွင် နာမည်ကြီးနေသည့် အာဏာရှင် ဗိုလ်ကျသူ တစ်ယောက်ပင် မဟုတ်ပါလား။ မြို့တော်ဝန် သုံးယောက်ကို ဤနေရာမှ နှင်ထုတ်ခဲ့ပြီး နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည့် လူပင်။ စုနန်၏ တိုက်ရိုက် မျိုးဆက်ထဲမှ တစ်ယောက်ဟု သတ်မှတ်နိုင်သည်လား။

ရှမ့်လန်သည် ရထားလုံးပေါ်မှ ဆင်းကာဖြင့် ရယ်မောလိုက်၏။ “ဒါ နယ်စားကြီးစုနန်ရဲ့ တူများလား မေးချင်ပါတယ်။ အမှုထမ်း စုလင်း ဆိုတာလား”

ထိုသူက ပြုံးကာ ပြောလိုက်သည်။ “ဟုတ်ပါတယ်။ ကျုပ်ပါပဲ”

ရှမ့်လန်က အသာပင် ပြောလိုက်၏။ “ဪ... ဝမ်းကွဲစုလင်း၊ ဒီညီလေး ရှမ့်လန်က ခင်ဗျားကို ဂါရဝပြုပါတယ်”

ထိုသူက ပြောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ ကျန်းယွမ်မြို့တော်ကို ရောက်လာပြီဆိုမှတော့ မင်းက ငါတို့ထဲက လူတစ်ယောက်ပဲ။ ညီလေးရှမ့်လန်.. ဘယ်လိုလဲ။ အဆင်ပြေရဲ့လား”

ပြီးနောက် စုလင်းသည် ရှေ့ဆီသို့ အားတက်သရော ရောက်ရှိလာပြီး ရှမ့်လန်၏ လက်ကိုဆွဲကာ မြို့တော်ဝန် အိမ်တော်ထဲသို့ လှမ်းဝင်ရန် ပြင်လိုက်၏။ ရှမ့်လန်၏ မျက်နှာပေါ်တွင် ရှိနေသည့် အပြုံးများသည် တကယ့်ကို ပိုမိုကာ အသက်ဝင်လာခဲ့၏။

“ဒါနဲ့ အစ်ကိုတော်... ကျုပ် ခင်ဗျားကို ချီးကျူးနေတာ အချိန်တော်တော်ကြာခဲ့ပြီ။ ဒီနေ့မှာတော့ နောက်ဆုံး တွေ့ကြရပြီပဲ။ ခင်ဗျားကို တွေ့ရတာ သုံးဘဝ၊ သုံးသံသရာမှာ ကံကောင်းခြင်းတစ်ခုပဲ။ အနာဂတ်မှာ ခင်ဗျား ကျုပ်ကို သေချာဂရုစိုက်ပေးရမယ်နော်”

“ကောင်းတာပေါ့။ ကောင်းတာပေါ့။ ကျုပ်တို့က ညီအစ်ကိုတွေပဲလေ” စုလင်းက နွေးထွေးစွာ ပြောလိုက်သည်။

ပြီးနောက် ရှမ့်လန်သည် သူ၏မျက်နှာကို အသာလွှဲကာဖြင့် အမိန့်ပေးလိုက်၏။ “သူ့ကို သတ်လိုက်တော့”

ဘေးတစ်ဖက်တွင် ရှိနေသည့် အမျိုးသမီးစစ်သည်တော် ဝူလဲ့သည် ရှေ့ဆီသို့ လှမ်းတက်ပြီး ဓားဖြင့် ခုတ်ပိုင်းလိုက်၏။ စုလင်း၏ခေါင်းသည် ချက်ချင်းပဲ ကောင်းကင်ယံဆီသို့ လွင့်စဉ်သွားခဲ့၏။ သွေးများသည် တည်နေရာအနှံ့ဆီသို့ ပျံ့နှံ့သွားခဲ့သည်။

ထိုလူ၏ ဦးခေါင်းသည် လေထဲသို့ လွင့်စင်သွားခဲ့ပြီး ခန္ဓာကိုယ်က မြေပေါ်သို့ ပြုတ်ကျ၏။ ရှမ့်လန်သည် လျင်လျင်မြန်မြန်ပင် ရှောင်ရှားလိုက်၏။ သူ၏ခန္ဓာကိုယ်ဆီသို့ သွေးများလာစင်မည်ကို သူက ကြောက်ရွံ့၏။

ပြောရမည်ဆိုလျှင် ဤလူ၏လက်နှင့် ခန္ဓာကိုယ်တို့တွင် ကာလသားရောဂါ၏ ဒဏ်ရာများဖြင့် ပြည့်နှက်လျက် ရှိနေကြောင်း သူ မြင်ခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့်ပင်လျှင် ရှမ့်လန်က ချက်ချင်း သတ်ဖြတ်ရန် အမိန့်ပေးခဲ့ခြင်း ဖြစ်သည်။

ဤစုလင်းသည် တကယ့်ကို တောက်ပသည့် ရွှေနှင့်ငွေရောင် အဝတ်အစားကို ဝတ်ဆင်ထားခဲ့သည်။ သို့ပေမည့် ညစ်ပတ်လွန်းသည့် ရောဂါ ကူးစက်ခြင်း ခံထားရ၏။ ထိုသူသည် ရှမ့်လန်၏ လက်ကို ဆွဲယူရန် ပြင်ဆင်လျက် ရှိနေတုန်းပင်။ ထို့ကြောင့် ရှမ့်လန်က နှုတ်ဆက်လက်ဆောင်အဖြစ် သတ်ဖြတ်ခဲ့ခြင်း ဖြစ်၏။ မျက်လုံးတစ်လုံးအတွက် မျက်လုံး၊ သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပင်။

ဤအချိန်မှာတော့ မြို့တော်ဝန်အိမ်ရာ၏ အပြင်ဘက်တွင် စစ်သည်ပေါင်းရာချီ မတ်မတ်ရပ်လျက် ရှိနေ၏။ ရှမ့်လန်သည် စုလင်းကို သတ်ဖြတ်ပစ်ရန် အမိန့်ပေးလိုက်သည်ကို မြင်ရတော့ ထိုစစ်သည်ပေါင်း တစ်ရာကျော်တို့သည် လှုပ်ရှားမှုကင်းမဲ့စွာဖြင့် မတ်မတ်ရပ်လျက် ရှိနေကြပြီး နားမကြား သူများကဲ့သို့ပင်။

“ဟား ဟား ဟား ဟား”

ပြီးနောက် မြို့တော်ဝန်အိမ်ရာ၏ အတွင်းဘက်ဆီမှ ရယ်မောသံတစ်ခုက ထွက်ပေါ်လာခဲ့၏။ လူတစ်ယောက် ထပ်မံ ထွက်ပေါ်လာခဲ့၏။ သူသည် ရှမ့်လန်နှင့် ဆယ်မီတာ အကွာအဝေးတွင် မတ်မတ်ရပ်နေ၏။ ဤလူကသာလျှင် အစစ်အမှန် စုလင်း ဖြစ်၏။ ကျန်းယွမ်နယ်စားစုနန်၏ တူပင်ဖြစ်၏။

ယခုနှစ်တွင် အသက် ၃၈ နှစ်ပြည့်မည်ဖြစ်ပြီး မုတ်ဆိတ်မွေးများနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ဖြစ်၏။ ထိုသူသည် သွေးနှော လူတစ်ယောက်ဖြစ်၏။ သိုင်းပညာကို အဆင့်မြင့်မြင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်ပြီး ရက်စက်လွန်း၏။ ကျန်းယွမ်မြို့ကို စုနန်အတွက် ၁၀ နှစ်ကျော်နီးပါး တာဝန်ယူထားခဲ့သည့် လူတစ်ယောက်ဖြစ်၏။ ဤ ၁၀ နှစ်အတွင်းတွင် မြို့တော်ဝန် သုံးယောက်ကို မြို့မှ နှင်ထုတ်ခဲ့ပြီး နှစ်ယောက်ကို သတ်ဖြတ်ခဲ့သည်။

ကျန်းချုံး၏ မှတ်တမ်းမှတ်ရာများအရဆိုလျှင် ဤလူသည် အရာရှိပေါင်း ၁၀၀ ကျော်တို့ကို ဒုက္ခပေးခဲ့သူ တစ်ယောက်ဖြစ်၏။ ဤလူ၏ နာမည်က ကျိန်းသေပေါက် စုလင်းပင်ဖြစ်၏။ ဤလူသည် အရေးကြီးသည့် လူတစ်ယောက်ဖြစ်နေပြီး စုမိသားစု၏ ဩဇာအာဏာတွင် ထိပ်ဆုံးအဆင့်၌ တည်ရှိနေသည့် လူတစ်ယောက် ဖြစ်၏။ နန်းတွင်း၏ အသိအမှတ်ပြုအရာရှိတစ်ယောက်မဟုတ်သောလည်း ကျန်းယွမ်မြို့တွင် ထိပ်တန်း အာဏာပိုင်တစ်ယောက် ကဲ့သို့ပင်။ သူ၏ စကားက ဓားသွားအလား ကြောက်စရာကောင်း၏။

ရှမ့်လန်က ကျယ်လောင်စွာ ပြောလိုက်၏။ “ကျေးဇူးပြုပြီးတော့ ဒါကမှ အစစ်အမှန် အစ်ကိုတော် စုလင်းလား ခင်ဗျာ”

အစစ်အမှန် စုလင်းက ပြောလိုက်သည်။ “ဟုတ်တယ် ကျုပ်ပါပဲ။ ဒါနဲ့ သမက်တော်... ခမည်းခမက် အဒေါ်နဲ့ ဦးလေးတို့ အဆင်ပြေရဲ့လား”

ရှမ့်လန်က ပြောလိုက်၏။ “အရာအားလုံးက အဆင်ပြေပါတယ်။ ခုဏတုန်းက ကျုပ်က သေမတတ်အောင် ရွံရှာသွားခဲ့တယ်။ ခုဏကလူက ခင်ဗျားဖြစ်နေမယ်လို့ ထင်မိတာ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အနာတွေကိုသာ ကျုပ်မတွေ့ခဲ့ဘူးဆိုရင် ကျုပ် ဒီလူကို ထိကိုင်မိလိမ့်မယ်။ ဒီလူရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက အဆိပ်တွေနဲ့ ပြည့်နေတာ မဟုတ်လား။ ကျုပ်ရဲ့သန့်စင်တဲ့ ခန္ဓာကိုယ်နဲ့သာ ထိကိုင်လိုက်မယ်ဆိုရင် တကယ့်ကို ကြောက်ရွံ့စရာတွေ ဖြစ်လာနိုင်တယ်”

စုလင်းက ပြောလိုက်၏။ “အားနာပါတယ်။ အားနာပါတယ်။ ကျုပ်က အမျိုးအဆွေတွေကို ခြောက်လှန့်သလို ဖြစ်ခဲ့ပြီ။ ဒီလူက ကျန်းယွမ်မြို့က သရုပ်ဆောင်တစ်ယောက်ပါပဲ။ အနားပတ်ဝန်းကျင်မှာရှိတဲ့ ယောက်ျားတွေ၊ မိန်းမတွေနဲ့ နေ့စဉ်နေတိုင်းလိုလို ရှုပ်နေတာကြောင့် ရောဂါဖြစ်တာလေ။ ပြီးတော့ သူ့ရဲ့ ဦးနှောက်ကလည်း ဆိုးဆိုးရွားရွား ထိခိုက်ထားခဲ့တယ်။ တခြားသောလူတွေအစား အယောင်ဆောင်ရတာကို ကြိုက်နှစ်သက်တယ်။ ကျန်းယွမ်မြို့ထဲမှာ ကျုပ်က ဂုဏ်သိက္ခာ ကြီးမားတာကိုး။ ဒါကြောင့် သူက ကျုပ်အစား အယောင်ဆောင်ခဲ့တာပဲ”

မူလတုန်းက ရှမ့်လန်သည် တခြားသော လူများကို ညစ်ပတ်သည့် ရောဂါကူးစက်စေရန် ဒုက္ခပေးခဲ့၏။ ယခု စုလင်းက သူ့ကို ထိုကဲ့သို့ ရွံရှာဖွယ်ရာကောင်းသည့် အရာမျိုးဖြင့် နှုတ်ဆက်ကြိုဆိုလျက် ရှိနေသည်။

“အင်း.. ကျုပ်သိပြီ။ ကျုပ်သိပြီ” ရှမ့်လန်သည် အသာပင် သူနှင့် စုလင်းတို့ ကြားတွင်ရှိသည့် အကွာအဝေးကို တွက်ချက်နေမိ၏။

ထိုအချိန်မှာပဲ ဓားဘုရင်လီချင်းချိုး၏ အသံက ရှမ့်လန်၏ နားထဲ၌ ပေါ်ပေါက်လာခဲ့၏။ “စုလင်းက ကျွမ်းကျင်သူတစ်ယောက်ပဲ။ ပြီးတော့ စုလင်းအနားမှာ ထိပ်တန်းကျွမ်းကျင်သူတစ်ယောက် ရှိနေတယ်”

ရှမ့်လန်က ဤအရာနှင့် ပတ်သက်၍ အံ့အားမသင့်ချေ။ ကျန်းရှစ်စီရင်စုဆီသို့ ဝင်ရောက်လာပြီးနောက် စုနန်၏ လွှမ်းမိုးမှုနယ်မြေထဲသို့ ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း နားလည်၏။ အချိန်တိုင်းဆိုသလို အားလုံးသော သူတို့၏ စောင့်ကြည့် အကဲခတ်ခြင်းကို ခံရမှာ သေချာသည်။

ရှမ့်လန်၏ အနားတွင် မည်သည့်လူများ ရှိမည်နည်း။ ထိုအရာကို စုနန်က သူ၏ လက်ဖဝါးမိုးကို လှမ်းကာ ကြည့်ရှုနေသည့်ကဲ့သို့ပင် အရာအားလုံးကို သိရှိနိုင်စွမ်းရှိ၏။ ထို့အပြင် သူ၏အနီးတွင် လီချင်းချိုး ရှိနေသည်ကိုပင်လျှင် သိရှိပြီးဖြစ်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် စုလင်း၏ အနားသို့ လိုက်ပါလာခဲ့သည့် ကျွမ်းကျင်သူက မည်သူဖြစ်နည်း။ ချောင်ပြည်နယ်၏ ကျွမ်းကျင်သူလား။ သို့မဟုတ် ယင်ယွမ်အဖွဲ့အစည်း၏ ကျွမ်းကျင်သူတစ်ယောက်ပေလား။

စုလင်းက ဆက်လက်ကာ ပြောလိုက်၏။ “အင်း... အမျိုးအဆွေ .... ကျန်းယွမ်မြို့ရဲ့ မြို့တော်ဝန် တည်နေရာက အချိန်အတော်ကြာ လစ်ဟင်းနေတာ ကြာပြီ။ ရွေးချယ်ခွင့်မရှိတာကြောင့် ရာထူးနေရာအလွတ်ကြီးလို ထားခဲ့ရတာ။ ဘယ်သူမှမရှိတာကြောင့် ကျုပ်က မြို့တော်ဝန်အိမ်ရာမှာ ခဏနေ နေတာပါ။ နောက်ဆုံးမှာတော့ မြို့တော်ဝန်အိမ်ရာက တကယ့်အစစ်အမှန်ပိုင်ရှင်ကို ကြိုဆိုခဲ့ပါပြီ။ ကျုပ်က ကျုပ် ဒီနေရာကနေ ဖယ်ပေးရတော့မှာပေါ့”

ပြီးနောက် သူသည် နောက်လိုက် တစ်ဒါဇင်ကျော်တို့ကို ခေါ်ဆောင်ကာဖြင့် တည်နေရာမှ အသာပင် လှမ်းလျှောက်ကာ ထွက်ခွာသွားခဲ့သည်။ ထိုအချိန်မှာတော့ ရှမ့်လန်နှင့် လီချင်းချိုးတို့သည် စုလင်း၏ နောက်ဘက်ရှိ ကျွမ်းကျင်သူကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။

နှင်းတောင်နတ်ဘုရား ကျောင်းမှ ထိပ်တန်း ဘုန်းကြီးချုပ် ထုဟိုင်ပင် ဖြစ်၏။ ရှမ့်လန်၏ အကြည့်ကို မြင်ရသည့်အချိန်မှာတော့ ထိုဘုန်းကြီးသည် ရှမ့်လန်ဘက်ဆီသို့ အသာလှည့်ကာ မေးမြန်းလိုက်သည်။

“ဒါနဲ့ မင်းက သခင်လေး ရှမ့်လန်လား”

ရှမ့်လန်က ပြန်ပြောလိုက်၏။ “ဟုတ်ပါတယ်။ ဒါနဲ့ ခင်ဗျားက”

ထိုဘုန်းကြီးက ပြန်ပြောသည်။ “တော်ဝင်ကပ်ဘးဘုရားကျောင်းက ထုဟိုင်ပါပဲ”

သူတို့၏ နတ်ဘုရားကျောင်းသည် ယုံကြည်သူပေါင်း များစွာတည်ရှိနေခဲ့၏။ ထို့အပြင် သူတို့၏ နတ်ဘုရားကျောင်းဆီမှ ကျမ်းစာများကလည်း ရှေးခေတ်မှ ဆင်းသက်လာခဲ့သည့် အရာများဖြစ်၏။ နှစ်ပေါင်း တစ်ထောင်ကျော် သေသေချာချာ ပြင်ဆင်ခဲ့ပြီးနောက် အလုံးစုံ ယုံကြည်ရသည့် ကျမ်းစာတစ်ခုကဲ့သို့ အဆင့်မြင့်တက်လာခဲ့၏။

သို့ပေမည့် ကျမ်းစာနှင့် ပတ်သက်၍ ဂိုဏ်းဂဏအသီးသီးတို့က ခွဲထွက်သွားခဲ့၏။ မူလအားဖြင့် တော်ဝင်ကပ်ဘေးဘုရားကျောင်းသာ တည်ရှိခဲ့သော်လည်း နောက်ပိုင်းမှာတော့ တခြားသော နတ်ဘုရားကျောင်းများသည် အသီးသီး ပေါ်ပေါက်လာခဲ့သည်။

ထိုထဲမှ နတ်ဘုရားကျောင်း နှစ်ကျောင်းတို့သည် ကောင်းကင်ပင်လယ်နန်းဆောင်နှင့်ပင် နှိုင်းယှဉ်ရနိုင်သည့် အခြေအနေဆီသို့ ရောက်ရှိလာခဲ့၏။ ထိုနတ်ဘုရားကျောင်း နှစ်ခုတွင် တကယ့်ကို ရှေးကျသည့် ကျမ်းစာများ တည်ရှိနေပြီး ထိုသူတို့ထဲတွင် အစစ်အမှန် ကျွမ်းကျင်သူများလည်း တည်ရှိ၏။ ထိုနတ်ဘုရားကျောင်း များသည် တဖြည်းဖြည်း အာဏာကြီးမားလာကြပြီး လောကရှိ ဒုက္ခတရားအားလုံးကို ကယ်တင်နိုင်မည် ဟုလည်း ယုံကြည်ကြ၏။

ထိုကျောင်းနှစ်ခုထဲမှ တော်ဝင်ကပ်ဘေးဘုရားကျောင်းမှာတော့ တမူ ခြားနား၏။ ထုဟိုင်သည် တရားဝင် လက်ထပ်ထိမ်းမြားထားခြင်း မရှိချေ။ သို့ပေမည့် မယားငယ်ပေါင်းများစွာကို ပိုင်ဆိုင်၏။ အခြားတစ်ဖက်က ကြည့်ရှုရမည်ဆိုလျှင် သူတို့၌ များပြားလှသည့် လျှို့ဝှက်နည်းလမ်းများ တည်ရှိနေပြီး ယင်ယန်ကျမ်းစာ တော်တော်များများကိုလည်း ပိုင်ဆိုင်သည်။

သူတို့က သိုင်းပညာနှင့် မှော်ပညာကို အဓိကထားလေ့ကျင့်၏။ ထို့ကြောင့်ပင်လျှင် သူတို့၌ ယုံကြည်သူပေါင်း များစွာ ရှိလာခဲ့၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းသည် အရှေ့ဘက်လောကတစ်ခုလုံးကို လွှမ်းမိုးထားခဲ့၏။ (အရည်းကြီးများကဲ့သို့ပင်)

သို့ပေမည့် လွန်ခဲ့သည့် ရာစုနှစ်အနည်းငယ်က အင်ပါယာကျန်းလီသည် ထိုသူတို့အားလုံးကို တခါတည်း ဖြေရှင်းသုတ်သင်ခဲ့သည်။

တော်ဝင်ရန်အင်ပါယာသည် ကျန်းလီကို သတ်ဖြတ်ခဲ့ပြီးနောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်းကို ထပ်မံ တိုက်ခိုက် သုတ်သင်ခဲ့ပြန်၏။ ထိုအခြင်းအရာနှင့် ပတ်သက်၍ တော်ဝင်ရန်အင်ပါယာနှင့် အင်ပါယာကျန်းလီ တို့သည် တူညီသည့်အတွေး တည်ရှိခဲ့ပုံပေါ်၏။

ထို့ကြောင့် တော်ဝင်ကပ်ဘေးနတ်ဘုရားကျောင်းဆိုသည်မှာ တော်ဝင်ရန်နိုင်ငံ၏ အင်အားစုတစ်ခု မဟုတ်တော့ချေ။ သို့ပေမည့် အနောက်ဘက်ဒေသတွင် အလွန်အာဏာကောင်းသည့် အဖွဲ့အစည်းအဖြစ် တည်ရှိနေတုန်းဖြစ်ပြီး အနောက်တိုင်းသားတော်တော်များများ၏ ယုံကြည်ကိုးကွယ်ရာ ဖြစ်သည်။

တောင်ပိုင်းသဲကန္တာရ လူရိုင်းများနှင့် ချင်နိုင်ငံတို့သည်ပင်လျှင် သူတို့၏ လွှမ်းမိုးမှုအောက်တွင် တည်ရှိနေ၏။ တောင်ပိုင်းသဲကန္တာရနိုင်ငံ၏ ညှိုးလျော်ခြင်း ဘုရားကျောင်းနှင့် ချင်နိုင်ငံ၏ နှင်းတောင်နတ်ဘုရားကျောင်း တို့သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဂိုဏ်းခွဲများသာလျှင်ဖြစ်၏။

ခုဟိုင်သည် တော်ဝင်ကပ်ဘေးဘုရားကျောင်း၏ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပြီး နှင်းတောင်နတ်ဘုရား ကျောင်းဆီသို့ စေလွှတ်ခြင်း ခံခဲ့ရသည့်လူပင်။ ခုဟိုင် သေဆုံးခဲ့ပြီးနောက် တော်ဝင်ကပ်ဘေး ဘုရားကျောင်းသည် ချင်နိုင်ငံကို မထိန်းချုပ်နိုင်သလိုဖြစ်လာခဲ့သည်။ ထို့ကြောင့် ထုဟိုင်ကို ထပ်မံ စေလွှတ်ခဲ့ခြင်းပင်။

ရှမ့်လန်က မေးမြန်းလိုက်၏။ “ဒါဆိုရင် ခုဟိုင်နဲ့ ဆရာကြီးတို့ ဘယ်လို ပတ်သက်နေပါသလဲ”

ထုဟိုင်က ပြောဆိုလိုက်သည်။ “အင်း... သူက ကျုပ်ရဲ့ ဂျူနီယာညီလေးပါပဲ”

ရှမ့်လန်က ပြောလိုက်၏။ “ခုဟိုင်ဆိုတဲ့လူက ချင်နိုင်ငံထဲမှာ မကောင်းမှုဒုစရိုက်တွေ ပြုလုပ်ခဲ့တယ်လို့ ကျုပ် ကြားခဲ့တယ်။ ဒါကြောင့် ကောင်းကင်ကတောင် အပြစ်ပေးခဲ့တယ်။ အင်း... နှမြောစရာပဲ”

ထုဟိုင်က ပြောလိုက်သည်။ “ဒကာကြီးရှမ့်... တော်ဝင်ကပ်ဘေးဘုရားကျောင်းက ကြင်နာမှု၊ မုန်းတီးမှုအရာအားလုံးအတွက် ပြန်လည်မွေးဖွားခြင်းကို ယုံကြည်တဲ့လူတွေပါပဲ။ အချိန်ကာလက မပြီးဆုံးသေးဘူးဆိုတော့ ကျေးဇူးပြုပြီး ငြိမ်ငြိမ်သက်သက်နဲ့ စိတ်ရှည်ရှည် စောင့်ဆိုင်းပေးပါအုံး”

ဤစကားသည် ခြိမ်းခြောက်မှုတစ်ခုဖြစ်ကြောင်း ရှင်းလင်းလွန်း၏။ ဘုန်းကြီးများသည် လက်စားချေခြင်း အကြောင်းကို အစဉ်အမြဲ ပြောဆိုနေ၏။ ထို့ကြောင့် အရှေ့ဘက်လောကဆီမှ မောင်းထုတ်ခြင်း ခံရသည်မှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။ ဗုဒ္ဓကျင့်ကြံသူများကဲ့သို့ ကြင်နာတတ်သည့် စိတ်ဆန္ဒ မရှိကြချေ။ ချင်နိုင်ငံ၏ နှင်းတောင်နတ်ဘုရားကျောင်းသည် ဖျက်စီးခြင်း ခံခဲ့ရ၏။ ဟုတ်ပေ၏။ တော်ဝင်ကပ်ဘေးဘုရားကျောင်းကလည်း ဤနေရာဆီသို့ ပြန်ရောက်လာခဲ့၏။ ထို့ကြောင့်ပင်လျှင် စုကလန်နှင့် ပူးပေါင်းခဲ့ခြင်း ဖြစ်၏။

ကျန်းယွမ်မြို့၏အမှုထမ်းစုလင်းသည် မြို့တော်ဝန်အိမ်ရာဆီမှ အားလုံးသောသူတို့ကို ခေါ်ဆောင်ပြီး ရှမ့်လန်ကို လမ်းဖယ်ပေးခဲ့၏။ စစ်သည်တော် ၁၀၀ ကျော်တို့သည် မတ်မတ်ရပ်တန်းစီပြီး စုလင်းနှင့် တခြားသောသူများကို အလယ်၌ ကာကွယ်ပေးထားသည်။

“အင်း... ရှမ့်လန်၊ ကျုပ်ရဲ့ အိမ်တော်က မနီးမဝေးမှာရှိတယ်။ ကျုပ်ရဲ့ အိမ်တော်ကို ဧည့်သည်အဖြစ် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်” စုလင်းက ပြောလိုက်၏။

ကျန်းယွမ်မြို့တစ်ခုလုံးသည် စုလင်း၏ အကြောင်းကို ကောင်းကောင်းသိရှိပြီးသား ဖြစ်၏။ စုလင်းသည် ကျန်းယွမ်မြို့၏ အစစ်အမှန် အုပ်ချုပ်သူတစ်ယောက်ဖြစ်၏။ မည်သည့်မြို့တော်ဝန်ကိုမှ ခေါင်းထဲ မထည့်ချေ။

ရှမ့်လန်က ပြောလိုက်သည်။ “ကောင်းတာပေါ့၊ ကောင်းတာပေါ့။ ဒီညီငယ်လေးက အစ်ကိုကြီးကို မေးစရာတွေ အများကြီး ရှိနေပါသေးတယ်”

ဒါဇင်နှင့်ချီသည့် အဝေးဆီသို့ လှမ်းလျှောက်ပြီးနောက် စုလင်းက ရုတ်တရက် ခဏရပ်ကာဖြင့် ရှမ့်လန်ကို ပြောလိုက်၏။ “ဒါနဲ့ ကျုပ်အိမ်တော်မှာ မနက်ဖြန် စားပွဲတစ်ခုကို ကျင်းပမယ်။ လာခဲ့မှာမလား”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... ဒါက ကြိုဆိုပွဲလား”

စုလင်းက ခေါင်းညိတ်ကာ ပြုံးလိုက်၏။ “အင်း... ကြိုဆိုပွဲတစ်ခုပါပဲ။ လာခဲ့ပါအုံး”

“ဒါနဲ့ လူဘယ်လောက်များများကို ကျုပ်ခေါ်လာလို့ရလဲ” ရှမ့်လန်က မေးမြန်းလိုက်သည်။

“အင်း... သုံးယောက် ခေါ်ခဲ့လေ”

ရှမ့်လန်က ခေါင်းညိတ်ကာ ပြောလိုက်၏။ “ကောင်းပါပြီ။ ကျုပ် ကျိန်းသေပေါက် လာခဲ့ပါမယ်။ မနက်ဖြန် ညနေခင်းနော် ဟုတ်ပြီလား”

စုလင်းက ပြောလိုက်သည်။ “ကောင်းပြီ”

All Chapters