← Chapters

အခန်း (၅၉)

Vol. 7 Ch. 59

အခန်း (၅၉)

Vol. 7 Ch. 59

"နန်ယု၊ ဖေးယွင်ကျင်း၏မိထွေး တစ်ဖက်သတ်အချစ်ကြောင့် ဖေးယွင်ကျင်းကို ရက်ရက်စက်စက် ညှင်းပန်းနှိပ်စက်ခဲ့ပြီး နောက်ဆုံးတွင် ဆာလောင်ခြင်းနှင့် အအေးဒဏ်ဖြင့်သေဆုံးခဲ့သည်။"

ဖေးယီကျန့် ဖြည်းဖြည်းချင်းပြောလိုက်ပြီး နန်ယု ဦးခေါင်းထိပ်ကို စူးစိုက်ကြည့်နေခဲ့ရာ ထိုစကားများအား အသံထွက် ဖတ်ပြနေသကဲ့သို့ ရှိသည်။

"ဒါက နန်ယုရဲ့မူရင်းကံကြမ္မာပဲ၊ ဒါဆို မင်းက ဘယ်သူလဲ ?"

—ထင်ထားသည့်အတိုင်းပင်။

ထိုစကားအားကြားလိုက်ရသောအခါ နန်ယု ခံစားချက်တစ်ခု လျှပ်ခနဲ ဖြစ်သွားသည်။

လေယာဉ်ဖြစ်ရပ် ယာယီပြီးဆုံးသွားပြီးနောက် ဗီလာသို့ပြန် လာသည့် လမ်းတစ်လျှောက်တွင် နန်ယုနှင့် ဖေးယီကျန့်တို့ တိတ်ဆိတ်နေခဲ့ကြသည်။ နန်ယု ဖေးယီကျန့်နှင့်ပတ်သက်သော အတွေးများတွင် နစ်မြုပ်နေသော်လည်း ဖေးယီကျန့်မသိခဲ့ပေ။

မူရင်းဝတ္ထုတွင် ဖေးယီကျန့် ပါဝင်မှုမှာ အနည်းဆုံးဖြစ်ပြီး နန်ယု၏ သူ့အပေါ် နားလည်မှုသည် "နန်ယု"မှတ်ဉာဏ်များမှလာခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း စွဲလမ်းသော ဖေးယီကျန့်၏ပရိသတ်တစ်ဦးအနေဖြင့် နန်ယု မှတ်ဉာဏ်များမှာ လွန်စွာအရောင်တင်ထားခြင်းခံခဲ့ရသည်။ သူ့ပုံရိပ်မှာ ခပ်လှမ်းလှမ်းမှ မြင့်မြတ်သော တောင်ထိပ်ရှိ ပန်းတစ်ပွင့်၊ ဘုရားသခင်၏သားတော်နှင့် ဆင်တူခြင်း... အားလုံးသည် မှားယွင်းသည်။

နန်ယု အမှတ်တရများထက် သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်အား သဘာဝအတိုင်း ပိုယုံကြည်သည်။

ဖေးယွင်ကျင်းနှင့် အခြားသူများ မြောက်ပိုင်းနိုင်ငံတွင် မတော် တဆမှု ဖြစ်ပွားခဲ့စဥ်က နန်ယု ဖေးယီကျန့်အဘယ်ကြောင့် ဝင်လာစဥ်က လူများ၏ ဦးခေါင်းထိပ်အားကြည့်ရသနည်းဟု အံ့သြခဲ့ဖူးသည်။

သို့သော်လည်း ပေးချေမှုအလွန်နည်းပါးပြီး နန်ယု ဖေးယီကျန့်အပေါ် အမှန်တကယ် စူးစမ်းလိုစိတ်မရှိသောကြောင့် မေ့ပစ်ခဲ့သည်။

ထို့နောက် ယခုတစ်ကြိမ်တွင် ထိုထူးဆန်းသောအချက်မှာ သူ့ စိတ်ထဲတွင် ပြန်လည် ပေါ်လာခဲ့သည်။

ဝတ္ထုများနှင့် တီဗီဇာတ်လမ်းတွဲများစွာအား ဖတ်ဖူးပြီး ယခုအခါ စာအုပ်ထဲသို့ ခရီးသွားခဲ့သူတစ်ဦးအနေဖြင့် နန်ယုတွင် ပြင်းထန်သော စိတ်ကူးစိတ်သန်းရှိသည်။

သူမသည် လူတိုင်း၏ဦးခေါင်းအထက်ရှိ နှစ်သက်မှုမီတာကဲ့သို့သောဂိမ်းသတ်မှတ်ချက်အချို့အား ချက်ချင်းစဥ်းစားမိသည်။ သို့သော် ဖေးယီကျန့်၏ "ကံကြမ္မာ" အားအမြဲတမ်း ဖော်ပြနေ သည်ကို ထည့်သွင်းစဥ်းစားပါက နန်ယု နှစ်သက်မှုမီတာကို ဖြတ်ပစ်လိုက်ပြီး ဦးခေါင်းအထက်တွင် ကြိုတင်သိရှိမှု သို့မဟုတ် ဇာတ်လမ်းကြိုပြောတာမျိုးရှိနိုင်သည်ဟု ခန့်မှန်းခဲ့သည်။

မည်သို့ပင်ဆိုစေ ဤသည်မှာ စာအုပ်တစ်အုပ်ဖြစ်သည်။

ယခု သူမ၏ သံသယများအတည်ပြုပြီးနောက် နန်ယု တုံ့ပြန်မှုမှာ အနည်းငယ်တည်ငြိမ်သည်။

"အော်၊ ကျွန်မ နန်ယုပါ"

နန်ယု cheat code ရှိသော ထိုလူနှင့် ငြင်းခုံခြင်းမပြုပေ။ သူ ဤမျှများစွာကိုမြင်နိုင်သောကြောင့် သူမသည် "နန်ယု" မဟုတ် ကြောင်း သူ သဘောပေါက်ထားပြီးဖြစ်ရမည်။

"ဒါပေမယ့် ရှင် သိထားတဲ့ နန်ယုတော့မဟုတ်ဘူး"

ဖေးယီကျန့် ခေါင်းညိတ်သည်။

"ဒါဆိုရင် ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းကို မင်း ဘယ်လိုသိခဲ့တာလဲ?"

နန်ယု ချက်ချင်း မဖြေပေ။

"ခုတော့ ကျွန်မ မေးဖို့အလှည့်ပဲ"

၎င်းမှာ ဝန်ခံခြင်းဖြစ်သည်ကို မြင်ရသည်။

ဖေးယီကျန့် စိတ်မပါ့တပါဖြင့်ဖြစ်စေ၊ စိတ်မဝင်စားမှုကြောင့်ဖြစ်စေ လိမ်ညာခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းမပြုရန်ရည်ရွယ် ထားသော်လည်း နန်ယုသည် ပွင့်ပွင့်လင်းလင်းပြောရန်မလို ချင်ပေ။

ဘာကြောင့်လဲ ? သူမနှင့် ဖေးယီကျန့်တို့သည် အချင်းချင်း ယုံကြည်သော ရင်းနှီးသော သူငယ်ချင်းများမဟုတ်ကြပေ။ ထို့ကြောင့် သူမ လျှို့ဝှက်ချက်များအား ထိုသို့သောပြင်ပလူနှင့် အဘယ်ကြောင့် ဝေမျှရမည်နည်း။

ဖေးယီကျန့် နန်ယု၏အဖြေကြောင့် အံ့သြခြင်းမရှိပေ။ သူ ကြင်နာစွာ ခေါင်းညိတ်သည်။

"ဒါဆိုရင် မေးပါ"

သူသည် တည်ငြိမ်ပြီးစိတ်ထားဖြောင့်မတ်ပုံရသော်လည်း သူ့နှလုံးသားမှာ ရေတွက်မရနိုင်သော ချည်မျှင်များတွဲလွဲကျနေသကဲ့သို့ ဖမ်းဆုပ်မရသော်လည်းတည်ရှိနေပြီး သူ့အားအတော် လေး စိတ်မချမ်းမသာဖြစ်စေသည်။

သူ အလွန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသော သေဆုံးမှုရုတ်တ ရက် ပျက်ပြားသွားခဲ့သော်လည်း ဖေးယီကျန့် မည်သူ့ကိုမျှ အပြစ်မတင်နိုင်ပေ။ နန်ယုအား အပြစ်တင်ရမည်လား ? သူမ ကယ်တင်ရန်ကြိုးစားနေသူက သူ မဟုတ်ပေ။

ကံကြမ္မာအား အပြစ်တင်ရမည်လား ? ဖေးယီကျန့် ကံကြမ္မာအား အပြစ်တင်ရမည့်အရွယ် မဟုတ်တော့ပေ။

သူ့လျှို့ဝှက်ချက်အားသိသော တစ်ဦးတည်းသောသူ နန်ယုနှင့် စကားပြောရသည်မှာ ဖေးယီကျန့် ပိုသက်သောင့်သက်သာ ခံစားရသည်။

နန်ယု ပြတ်ပြတ်သားသား မေးလိုက်သည်။

"ရှင့် ကံကြမ္မာကို မပြောင်းလဲနိုင်ဘူးလား ?"

မဟုတ်ပါက မည်သည့် သာမန်လူမျှ ဆန္ဒအလျောက်သေခြင်းတရားအား လက်ခံမည်မဟုတ်ပေ၊ ဟုတ်လား? နန်ယု ဖေးယီကျန့် ဖျားနာနေသည်ဆိုလျှင်ပင် သူ တကယ်သေချင်ပါက ဤအချိန်အထိ စောင့်ဆိုင်းရန် မလိုအပ်ကြောင်း တွေးမိသည်။

များစွာစဥ်းစားပြီးနောက် ဖေးယီကျန့် ကြိုတင်သိရှိမှု အချို့ ရရှိခဲ့သော်လည်း သူ့ရွေးချယ်မှုများမှာ ပြင်းထန်စွာကန့်သတ်ခံထားရသည်ဟု သူမ ကောက်ချက်ချခဲ့သည်။

ဖေးယီကျန့်၏ နန်ယုအပေါ် အကြည့်မှာ ရည်ရွယ်ချက်ရှိရှိဖြစ် သည်။

သူ ထိုကိစ္စအား ချက်ချင်းနားလည်လိုက်သည်။

နန်ယုအကြည့်အောက်တွင် ဖေးယီကျန့် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ မင်း ခဏလောက်လွတ်မြောက်နိုင်ရင်တောင် အမြဲတမ်း လွတ်မြောက်နိုင်မှာမဟုတ်ဘူး၊ ကံကြမ္မာက မင်းအတွက် စီစဥ်ထားတာကို ရှောင်လွှဲလို့မရနိုင်ဘူး"

လေယာဉ်ပျက်ကျမည့် အန္တရာယ်အား ရှောင်ရှားနိုင်ခဲ့သော် လည်း လီရီပိုင်နှင့် လီယွမ်မိုတို့၏ဦးခေါင်းအထက်ရှိ စကား လုံးများမှာ မှိန်သွားသော်လည်း ကျန်ရှိနေဆဲဖြစ်သည်။

ဖေးယီကျန့် အသက်ရှင်သန်ရေး အကျပ်အတည်းမှလွတ် မြောက်ခြင်းသည် ကံကြမ္မာအပေါ် အကြီးမားဆုံး ထိခိုက်မှုအား ဖြစ်ပေါ်စေမည်ကိုသိသည်။

သို့သော် ၎င်းမှာ ပျောက်ကွယ်သွားမည် မဟုတ်ပေ။ သင် ဘေးကင်းသည်ဟု ထင်သည့်အချိန်တွင် ၎င်းမှာပြန်လည် တိုက်ခိုက်လိမ့်မည်။

သူ့ မိဘများ ကဲ့သို့ပင်။

"ဟွန်း"

နန်ယု အေးစက်စွာရှုံ့ချသည်။

"ဒါကြောင့် ရှင် ကံကြမ္မာကိုလက်ခံလိုက်တာလား ?"

ဖေးယီကျန့် မပြောနိုင်ခင် နန်ယု မရပ်ဘဲ သူ့မျက်လုံးများမှာ အရှေ့ရှိ အမျိုးသားအားတုန်လှုပ်မှုမရှိဘဲ စိုက်ကြည့်နေသည်။

"ရှင့် စရိုက်နဲ့ဆိုရင် အစကတည်းက ကံကြမ္မာကိုလက်ခံခဲ့မှာ မဟုတ်ဘူး"

"ရှင် အကြိမ်များစွာကြိုးစားပြီး မအောင်မြင်ခဲ့ဘူးလား ? ဒါကြောင့် ရှင် ဒီလိုဖြစ်သွားတာ၊ ကိုယ့်ကိုယ်ကို လက်လျှော့လိုက်တာမလား?"

နန်ယု၏ စကားများမှာ ခိုင်မာသော်လည်း ဖေးယီကျန့် အနည်း ငယ် ဒေါသထွက်သည်ဟုခံစားရသည်။

သူ မပြောချင်ဘဲမနေနိုင်- မင်း ဘာသိလို့လဲ ? ငါ ဒီနှစ်တွေတစ်လျှောက်လုံး ဘယ်နှစ်ကြိမ်တိုက်ခိုက်ခဲ့လဲ မင်း သိလား? ကံကြမ္မာကနေလွတ်မြောက်ပြီလို့ထင်ပြီး မိဘတွေရဲ့ ရုပ်အ လောင်းတွေကိုမြင်ရတာ ဘယ်လိုခံစားရလဲ မင်း သိလား?

မင်း ဘာမှမသိဘဲနဲ့ ဘာလို့စကားအနည်းငယ်နဲ့ ငါ့ ဘဝကို အလွယ်တကူဆုံးဖြတ်နိုင်ရတာလဲ ?

သို့သော် ဖေးယီကျန့် ဘာမှ မပြောပေ။ သူ နန်ယုအား တိတ် ဆိတ်စွာသာ ကြည့်နေသည်။

ယခုငြင်းခုန်ခြင်းသည် အဘယ်အကျိုးရှိမည်နည်း။ ဖေးယီကျန့်မာနသည် သူ့ဏ်ရာများအား မည်သူ့ကိုမျှ ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ရန် ခွင့်မပြုပေ။

သို့သော် နန်ယု သူ့အား လွှတ်မပေးပေ။

သူမ နှုတ်ခမ်းများမှာ လှောင်ပြောင်မှုအရိပ်အယောင်ကြောင့် ကွေးညွှတ်နေသည်။

"ရှင် ငြင်းတောင် မငြင်းနိုင်ဘူးပဲ"

"ရှင် တကယ်ကို မျှော်လင့်ချက်မရှိတော့ဘူး"

ဖေးယီကျန့်သာ ယခုခုန်ထပြီး သူမအား အော်ဟစ်ခဲ့မည်ဆိုလျှင် နန်ယု သူ့ကို လေးစားစွာကြည့်နေဦးမည်။ သို့သော် ဒီလိုမျိုးလား ?

ဟား... သူကတော့ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး၊ ကိုယ့်ကံကြမ္မာကိုလက်ခံပြီး သေဖို့ အသင့်ပြင်ထားတဲ့သူလိုပဲ။

" မင်း အခု အပြောင်းအလဲတချို့လုပ်နိုင်ခဲ့တယ်ဆိုပေမယ့် ကံကြမ္မာက သူ့ဟာ သူ ပြန်လည်ပြင်ဆင်လိမ့်ဦးမှာ"

"ဖေးယွင်ကျင်း ကလေးဘဝကို ညှင်းပန်းနှိပ်စက်မှုအောက်မှာ ဖြတ်သန်းရမယ်ဆိုတဲ့ အစီအစဥ်ရှိတယ်၊ မင်း ဝင်ပါလိုက်တော့ ကံကြမ္မာလမ်းကြောင်းပြောင်းသွားပြီး မြောက်ပိုင်းနိုင်ငံမှာ ပြန်ပေးဆွဲခံရတဲ့ ကိစ္စကိုဖန်တီးလိုက်တာပဲ"

"နန်ယု၊ မင်း အဲဒီလို အခြေအနေမျိုးအထိ မရောက်သေးလို့ပါ"

သူမသည် စိတ်ပျက်အားငယ်မှု အစွန်းဆုံးအထိ မရောက်သေးရုံသာ ဖြစ်သည်။

"ကိုယ့်ရဲ့ရင်းနှီးတဲ့ သူငယ်ချင်းတစ်ယောက် ကားတိုက်ခံရပြီး သေဆုံးသွားတာကို မင်း မျက်ဝါးထင်ထင်မြင်ရပြီး၊ မင်း ကိုယ် တိုင်လည်း ကံကြမ္မာကနေလွတ်မြောက်ဖို့ အချိန်အကြာကြီး ရုန်းကန်ခဲ့ရတယ်လို့ ထင်နေချိန်မှာ သူတို့ မင်းရှေ့မှာလဲကျသွားတာကို မြင်ရရင်ဘာလုပ်နိုင်မလဲ? သေခြင်းတရားကို ဘယ်သူမှ တားဆီးလို့မရဘူး"

ဖေးယီကျန့် တကယ်တော့ ဘာသာရေးသမားမဟုတ်ပါ။ ဆန့် ကျင်ဘက်အားဖြင့် သူသည် လက်စားချေတတ်သူဖြစ်သည်။ မဟုတ်ပါက ပေထန်မိသားစုအား နှစ်ပေါင်းများစွာ သူတို့ပေးခဲ့သည့် "ဂရုစိုက်မှု" အတွက် ပြန်လည်ပေးဆပ်ဖို့ ဤလေယာဉ်ပျက်ကျမှုကိစ္စကို အသုံးပြုရန်ကြံစည်နေမည် မဟုတ်ပေ။

"ဒါဆို အနည်းဆုံးတော့ ကျွန်မ ရုန်းကန်ပြီးကြိုးစားခဲ့တယ်"

နန်ယု မဆိုင်းမတွ ပြန်ဖြေသည်။ ဤသည်မှာ အတွေ့အကြုံမရှိသေးသော သူ၏ အတွေးအမြင် မဟုတ်ဘဲ သူမ အမှန်တကယ် ယုံကြည်သည့်အရာဖြစ်သည်။

နန်ယု ကမ္ဘာပျက်ကပ်တွင် ဆုံးရှုံးမှုများ အလုံအလောက်မကြုံခဲ့ဖူးဘူးလား ?

သို့သော် ထိုအတွေ့အကြုံများကသာ သူမအား နားလည်စေခဲ့သည်– အသက်ရှင်နေစဥ်တွင် အခွင့်အရေးတိုင်းကို ဆုပ်ကိုင်ပြီးကြိုးစားသင့်သည်။ နောက်ဆုံး သေရမည်ဆိုလျှင်တောင် ပျော်ရွှင်စွာနှင့် နောင်တမရှိဘဲ သေဆုံးသင့်သည်။

ဘဝဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိသော်လည်း ကျွန်ုပ်တို့သည် ၎င်းအား "ပြီးပြည့်စုံအောင်" ကြိုးစားနိုင်သည်။

"ဖေးယီကျန့်"

နန်ယု ထပ်ပြောသည်။

"ရှင် ဘာတွေ ဖြတ်သန်းခဲ့ရလဲ၊ ဒါမှမဟုတ် ကံကြမ္မာက ရှင့်ကို ဘယ်နှစ်ကြိမ်တောင် လဲကျစေခဲ့လဲဆိုတာ ကျွန်မ တကယ်မသိပါဘူး၊ ဒါပေမယ့်..."

သူမ ထရပ်ပြီး ရေတစ်ခွက် ငှဲ့လိုက်သည်။

"ရှင် ရုန်းကန်ရင် ပြောင်းလဲနိုင်တယ်၊ သေဖို့စောင့်နေတာက တော့ တကယ် သေတာပဲ"

"ဒီလောကမှာ ရှင် နှမြောတသဖြစ်စရာ ဘာမှမရှိဘူးဆိုပေမယ့် ကျွန်မ မေးချင်နေတုန်းပဲ၊ အခွင့်အရေးရခဲ့ရင် ရှင် တကယ် သေချင်တာလား ?"

ငါ တကယ် သေချင်တာလား ?

ဖေးယီကျန့် မသိပေ။

ဆယ်နှစ်အကြာကသာ သူ့အား မေးခဲ့မည်ဆိုလျှင် သူ ပြတ် ပြတ်သားသား မဟုတ်ဘူးဟု ဖြေခဲ့ပေလိမ့်မည်။

ငါးနှစ်အကြာကပင် သူ ခေါင်းခါခဲ့ပေလိမ့်မည်။

ဒါပေမယ့် အခု...

သူ သေချင်တာလား၊ ဒါမှမဟုတ် ဒီပိတ်လှောင်ထားတဲ့ ဘဝကနေ လွတ်မြောက်ချင်တာလား ?

"မင်း ကိုယ့်ကို ရေတစ်ခွက်တောင် မပေးတော့ဘူးလား?"

ဖေးယီကျန့် မေးလိုက်သည်။ နန်ယု ရေတစ်ခွက်သောက်နေ သည်ကို ကြည့်နေသော်လည်း သူ့ရှေ့တွင် ရေခွက်ပင် မရှိပေ။

နန်ယု အံ့သြသွားသည်။

"ရှင်က ကျွန်မရဲ့ ဧည့်သည်မဟုတ်ဘူးလေ၊ ရေလိုချင်ရင် ကိုယ့်ဘာသာ ငှဲ့သောက်၊ ကျွန်မ ရှင့်ရဲ့ မျက်နှာကိုထိုးလိုက်တာ၊ လက်နဲ့ ခြေထောက်ကို မဟုတ်ဘူး"

ဖေးယီကျန့်: ...

သူ နန်ယု၏ ကိုယ့်ကိုယ်ကိုမှန်သည်ဟု ယူဆသော အမူအရာအားကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်သည်။

ထို့နောက် သူ ဒဏ်ရာအားဆွဲမိသွားရာ အမူအရာမှာ ရုတ်တ ရက် တင်းမာသွားသည်။

"ဟား ဟား ဟား~"

ဖေးယီကျန့်၏ နူးညံ့သိမ်မွေ့သော အမူအရာနှင့် မတူဘဲ နန်ယု အသံကျယ်ကျယ်ရယ်မောလိုက်သည်။

"ရှင့်ကို ချီးကျူးခဲ့တဲ့ သူတွေ ရှင့်ရဲ့အခုပုံစံကို တကယ်မြင်သင့်တယ်"

ဖေးယီကျန့် ထပ်မံစကားမပြောနိုင်တော့ပေ။ သူတို့ လေးနက်သော ခေါင်းစဥ်အား ဆွေးနွေးနေကြသည်၊ သို့သော် ၎င်းမှာ ရုတ်တရက် ဒီလိုမျိုး ပြောင်းလဲသွားနိုင်ပါသလား ?

နန်ယု အမှန်တရားအားသိပြီး သူ ဆက်ပြောရန်မလိုအပ်တော့ပေ။

ပေထန်မိသားစု၏နောက်ဆက်တွဲ ကိစ္စများအား နန်ကျီနှင့် ဖေးယီကျန့်တို့ ကိုင်တွယ်ပါစေ။ လူ မသေဆုံးခဲ့သောကြောင့် သက် သေအထောက်အထား နည်းပါးနိုင်သော်လည်း လူသတ်ရန် ကြိုးပမ်းမှုသည် ငြင်းမရနိုင်ပေ!

ညစာစားချိန်တွင် ရှောင်ကျင်း ပြန်ရောက်လာသင့်သည်။

ကလေးများနှင့် အတူရှိရသည်မှာ ပိုမိုလွယ်ကူသည်။ ဖေးယီကျန့်နှင့် အတူအချိန်ကြာကြာ ရှိနေပြီး သူ့အဆိုးမြင်စိတ်ကူးစက်ခံရပါက ပြဿနာဖြစ်မည် မဟုတ်ပါလား ?

"ဖေးယီကျန့်၊ ရှင့်ကို တစ်ရက် အချိန်ပေးမယ်၊ ကျွန်မတို့ တနင်္လာနေ့မှာ ကွာရှင်းမယ်"

ဖေးယီကျန့် အံ့အားသင့်သွားသော်လည်း နန်ယုကို သူ ပေးခဲ့သောကတိအား သတိရကာခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ"

သူသည် သူမ အဘယ်ကြောင့် ရုတ်တရက် အချိန်ကိုစောလိုက်ရသည်ကို မမေးပေ။

"ရှင် တခြားသူတွေရဲ့ကံကြမ္မာကို စိတ်ပူမယ်လို့ ထင်ခဲ့တာ"

ဖေးယီကျန့် ဖြည်းညှင်းစွာ ထရပ်သည်။ ၎င်းမှာ နန်ယု၏ စကားပြောခြင်းအား အဆုံးသတ်သည့် နည်းလမ်းဖြစ် ကြောင်း၊ သို့မဟုတ် သူ ကိုယ်တိုင် မေးခွန်းထုတ်ခြင်းဖြစ် ကြောင်း သူ သိသည်။

နန်ယု စိတ်ထဲမှ တွေးလိုက်သည်။

ရှင့်ကို ဘာလို့မေးရမှာလဲ၊ ရှင်က စကားအနည်းငယ်ပဲ ဖတ်နိုင်တာကို ? ကျွန်မက ရှင့်ထက်ပိုပြီး ရှင်းရှင်းလင်းလင်းသိတယ်။

နန်ယု သူ့ ကံကြမ္မာအား အမြဲတမ်းသိခဲ့သည်။ သို့သော် ၎င်းအားသိခြင်းမှာ ကြောက်ရွံ့ရန်မဟုတ်ဘဲ ပြောင်းလဲရန်ဖြစ် သည်။

စာအုပ်များနှင့် အမှတ်တရများမှာ နန်ယုအတွက် ရည်ညွှန်းစရာအရင်းအမြစ် သက်သက်၊ ကြေကွဲဖွယ်ရာများအား ရှောင် ရှားရန် ကူညီပေးသည့် ကိရိယာတစ်ခုသာ ဖြစ်ပြီး သူမကို ချည်နှောင်ထားသော သံကြိုးမဟုတ်ပေ။

ဖေးယီကျန့် ပြောသလိုကံကြမ္မာသည် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ပြန်လည် ပြင်ဆင်နိုင်သော်လည်း ဆက်လက် ပြင်ဆင်နေပါစေ! ဘယ်သူပိုကြာရှည်ခံနိုင်မလဲဆိုတာ ကြည့်ရအောင်!

သို့သော် နန်ယု တိုးတိုးလေး ရယ်မောလိုက်သည်။

"ကျွန်မ ဘာလို့ သိရမှာလဲ? ဒါတွေ အားလုံးက မမှန်ကန်တော့ဘူးလေ"

နန်ယု ကြင်နာမှုကြောင့် ဖေးယီကျန့်နှင့် ထိုအကြောင်းအား ဆွေးနွေးရန်ဆန္ဒမရှိပေ။

ဖေးယီကျန့်သည် စွမ်းရည်ရှိသော်လည်း လက်စားချေရန်မကြိုးစားခြင်းကြောင့်သာဖြစ်သည်။ မဟုတ်ပါက ဖေးမိသားစု ကြွယ်ဝမှုနှင့် သူ့ ဉာဏ်ရည်ဖြင့် သူ ဘာမဆိုလုပ်ရန်အလွန် လွယ်ကူပေလိမ့်မည်။

သူသည် အချို့သော ကိုယ်ကျင့်တရားစည်းမျဥ်းများရှိနေသေးသောကြောင့် နန်ယု သူမ အတွေးများအားဝေမျှရန်ဆန္ဒရှိသည်။

မည်သို့ပင်ဆိုစေကာမူ ပြောပြီးသားဖြစ်သည်။ ဖေးယီကျန့် နားထောင်သည်ဖြစ်စေ မနားထောင်သည်ဖြစ်စေ သူ့ကိစ္စဖြစ် သည်။

တနင်္လာနေ့တွင် သူတို့ ကွာရှင်းပြီးနောက် သူတို့ကြားဆက်စပ်မှုများ မရှိတော့ပေ။

ပုံမှန်အတိုင်းပင် ဖေးယီကျန့်အား ညစာစားရန် ဖိတ်ကြားခြင်း မရှိသော်လည်း သူ့ကားသည် နန်မိသားစု ဂိတ်ဝမှထွက်ခွာသွားစဥ် သူ ရုတ်တရက် ရှုံ့ချလိုက်သည်။

သူတို့စကားဝိုင်းတွင် သူ အားလုံးကိုထုတ်ပြောခဲ့ပြီး နန်ယုသည် သူမ မဟုတ်ကြောင်းကိုသာဝန်ခံခဲ့သည်။

သို့သော် သူ ထိုအကြောင်းအား အစကတည်းကသိထားခဲ့သည်။

ဖေးယီကျန့် အသက်ရှင်ကျန်ရစ်ခြင်းမှာ သူ့အပေါ် အချို့သော သက်ရောက်မှု ရှိခဲ့ပုံရသည်။ မည်သို့ပင်ဆိုစေ သူ အလွန်ကြာ မြင့်စွာစောင့်ဆိုင်းခဲ့ရသည်။ ၎င်းမှာ စိုးရိမ်ပူပန်မှု အနည်းငယ်မျှသာလား၊ သို့မဟုတ် သူ့စိတ်ပိုင်းဆိုင်ရာခွန်အား၏လက္ခဏာ တစ်ခုမျှသာလား ?

ဖေးယီကျန့်သည် သူတော်စင်မဟုတ်သလို အမှန်တကယ် ကိုယ်ကျိုးမငဲ့သော ဗုဒ္ဓဘာသာဝင်လည်း မဟုတ်နိုင်ပေ။

လူသားတစ်ဦးအနေဖြင့် သူသည် လူသားတို့၏ခုနစ်ပါးသော စိတ်ခံစားမှုနှင့် ခြောက်ပါးသော လိုအင်ဆန္ဒမှ မလွတ်မြောက်နိုင်ပေ။

အသက်ရှင်လိုသော ဆန္ဒမှာ လူ့သဘောသဘာဝတွင် စွဲမြဲနေသော ဗီဇ ဖြစ်သည်။

ညစာစားပွဲတွင် ဖေးယွင်ကျင်း သူ့အာဟာရပြည့်ကလေးအစားအစာအား နာခံစွာစားနေသည်။ သူ့စိတ်ထဲတွင် မေးခွန်းများစွာရှိသော်လည်း ညစာစားပြီးမှ မေးရန်ဆုံးဖြတ်ခဲ့သည်။

အိမ်တော်ထိန်းကျိုးမှာ စားနေစဥ် စကားပြောခြင်းသည်လည် ချောင်းနာလွယ်သည်ဟု ပြောခဲ့ပြီး ရှောင်ကျင်းသည် နာခံသော ကလေးဖြစ်သောကြောင့် မည်သည့် စူးစမ်းလိုစိတ်ကိုမဆို ထိန်းချုပ်ထားနိုင်သည်။

သို့သော် အရွယ်ရောက်သူတစ်ဦးမှာ ထိုစည်းမျဥ်းအား မလိုက် နာပေ။ ဖေးယွင်ကျင်း သူ့အစာအားမျိုချပြီးနောက် သူမ ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဖေးယီကျန့်နဲ့ အန်တီ တနင်္လာနေ့မှာကွာရှင်းတော့မယ်၊ ရှောင်ကျင်း၊ သား တစ်ရက်နားဖို့လိုလိမ့်မယ်၊ သား ရှိဖို့လိုလိမ့်မယ်လို့ အန်တီ ထင်တယ်"

"အဟမ်း!"

မမျှော်လင့်ဘဲ ဖေးယွင်ကျင်းတုံ့ပြန်ခြင်း မရှိသော်လည်း သူ့ဘေးရှိ အိမ်တော်ထိန်းကျိုးမှာသီးသွားသည်။

"ဦးလေးကျိုး..."

"အဘိုးကျိုး!"

ဦးလေးကျိုး လက်ဝှေ့ယမ်းပြသည်။

"ရပါတယ်၊ ရပါတယ်၊ သခင်မလေး၊ ကျွန်တော် အဆင်ပြေပါတယ်"

သတင်းမှာ ရုတ်တရက်ဖြစ်လွန်းသောကြောင့် သူ တံတွေးနင်သွားခြင်းသာဖြစ်သည်။

သို့သော် သူ သတိပြန်ဝင်လာသောအခါ အိမ်တော်ထိန်းကျိုးမပြုံးဘဲမနေနိုင်ပေ။

"ဒါ တကယ် ကောင်းတာပဲ၊ သခင်မလေး၊ ကျွန်တော် သခင်မလေးအတွက် ဘာများပြင်ဆင်ပေးဖို့လိုအပ်လဲ ? ပန်းတွေ ? ဂုဏ်ပြုပွဲ ?"

နန်ယု: "....ဦးလေးကျိုး၊ ရှင် အရမ်းပျော်နေတာမဟုတ်ဘူးလား ? ပြီးတော့ ရှောင်ကျင်း၊ သား ဘာလို့ ရယ်နေတာလဲ?"

သို့သော်လည်း တစ်ခုခုအား တကယ်ပြင်ဆင်ဖို့ လိုအပ်ပုံရသည်။

"ဦးလေးကျိုး၊ နောက်မှ လျိုလုကျယ်နဲ့ ဆက်သွယ်ပေးနိုင်မလား ? နာမည်ကြီး ဆိုရှယ်မီဒီယာ APPs တွေရဲ့ တနင်္လာနေ့က splash screen ကြော်ငြာတွေကိုဝယ်ဖို့ နည်းလမ်း သူ သိလိမ့်မယ်"

မည်သို့ရေးရမည်ဆိုအား သူမ အရင် စဥ်းစားရမည်ဖြစ်ပြီး ထို့နောက် နန်ကျီ၊ နန်ပါးပါး၊ နန်မားမားနှင့် အခြားသူများအား နောက်မှခေါ်ရမည်။ သူ့ နားများ ဒုက္ခနည်းပါးပါစေဟုမျှော် လင့်သည်။

ဖုံးကွယ်ထားဖို့ စိတ်ကူးမရှိဘူး၊ လုပ်မယ်မှတော့ အားလုံးမြင်အောင် ခမ်းခမ်းနားနားနဲ့ပွင့်ပွင့်လင်းလင်းလုပ်ကြရအောင်။

All Chapters