← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

#နန်ယု: လိမ်လည်မှုမရှိ၊ အိမ်ထောင်ရေး ဖောက်ပြန်မှုမရှိ၊ စရိုက်ချင်းမတူညီ၍ ကွာရှင်းခြင်း။

Splash Ad (မျက်နှာဖုံးကြော်ငြာ) ကို ကြည့်ပြီးနောက် နန်ယု အကောင့်အား အလျင်အမြန်ဝင်ရောက်စစ်ဆေးကြသော အင်တာနက်အသုံးပြုသူများ မြင်တွေ့လိုက်ရသည့် အကြောင်းအ ရာပင်။

ကွာရှင်းတာ တကယ်လား?

နန်ယု ပြောတာ အမှန်လား?

ချမ်းသာကြွယ်ဝသော မိသားစုများအတွက် ကွာရှင်းရန် အလွန်လွယ်ကူသလား ?

လွန်ခဲ့သော လအနည်းငယ်အတွင်း နန်ယုသာ ထပ်တလဲလဲ ခေတ်စားခြင်း မရှိခဲ့ပါက၊ အင်တာနက်အသုံးပြုသူများသည် ဤသတင်းအား မြင်သည့်အခါ ချမ်းသာသူများကြားတွင် အချစ်စစ်မရှိဟု သက်ပြင်းချကာ မကြာမီ နာရီအနည်းငယ်အတွင်း အခြားသတင်းများဖြင့် လျင်မြန်စွာပျောက်ကွယ်သွားလိမ့်မည်။

သို့သော် ယခုအခါ အင်တာနက်အသုံးပြုသူများ၏ 80 % နီးပါးသည် နန်ယုအား သိရှိပြီး၊ သို့မဟုတ် ကြားဖူးကြသဖြင့် ဤသတင်း၏လူကြိုက်များမှုမှာ အတင်းအဖျင်းအဆင့်ကို ကျော်လွန်သွားခဲ့ပြီဖြစ်သည်။

[ငါ အခုမှ ထမင်းစားနေတုန်း‌၊ နန်ကျဲကျဲက ဘယ်လိုလုပ် ကွာရှင်းလိုက်တာလဲ ?]

[သူတို့ အခုမှလက်ထပ်ခဲ့တာ မဟုတ်ဘူးလား? အဲ့ဒီ ခမ်းနားတဲ့ မင်္ဂလာပွဲကို ငါ ခုထိ စိတ်ထဲစွဲနေတုန်း!]

[သူဌေးမိသားစုတွေအတွက် လက်ထပ်တာ၊ ကွာရှင်းတာက ပုံမှန်ကိစ္စ မဟုတ်ဘူးလား?]

[ဝိုး၊ ရှားရှားပါးပါး ချောတဲ့ ယောင်္ကျား၊ လှတဲ့ မိန်းမ! သူတို့ ကလေးရရင် ဘယ်လောက် လှလိုက်မလဲ!]

၎င်းတို့မှာ ဝမ်းနည်းခြင်းနှင့် အံ့အားသင့်မှုအား ဖော်ပြနေကြသော သာမန် အင်တာနက်အသုံးပြုသူများဖြစ်သော်လည်း၊ မကောင်းမြင်သည့် မှတ်ချက်အချို့လည်းရောနှောပါဝင်နေ သည်။

[ဒါဆို နန်ယုက တစ်ပတ်ရစ်ပစ္စည်းပဲလား?]

[ဟားဟား၊ သူ့ကို "အမျိုးသမီးငယ်" လို့ ခေါ်နေတာက ဘာထူးလဲ ? ယောင်္ကျားတွေကတော့ သူ့ကို မလိုချင်ကြဘူး]

[နန်ယု စိတ်ဓာတ် မကောင်းဘူး၊ ဘယ်ယောင်္ကျားမှ ထိန်းနိုင်မှာ မဟုတ်ဘူး]

နန်ယုကိုယ်တိုင် ဘာမှပြန်ပြောရန် မလိုအပ်ခဲ့ပေ။ အင်တာနက်အသုံးပြုသူများမှာ သူ့ဘက်မှ သဘာဝအတိုင်း ပြန်လည်ကာကွယ်တုံ့ပြန်ပေးခဲ့ကြသည်။

[နန်နဲ့ ဖေးမိသားစု စီမံကိန်းတွေက ဘယ်လိုလဲ? ငါ သူတို့ရဲ့ ရှယ်ယာတောင် ဝယ်ထားတာ]

[သူတို့ မကြာသေးခင်က အရမ်းတက်ကြွနေလို့၊ အမြတ်တွေမမျှမတခွဲတာကြောင့်လား ?]

၎င်းတို့မှာ ပိုဆင်ခြင်တုံတရားရှိသော အင်တာနက်အသုံးပြုသူများဖြစ်ပြီး၊ ကွာရှင်းမှုမှ အနာဂတ် ဈေးကွက်လမ်းကြောင်းများအား ခွဲခြမ်းစိတ်ဖြာရန်ကြိုးစားနေကြကာ၊ အနာဂတ်တွင် လိမ်လည်ခံရသူများ မဖြစ်စေရန် ရည်ရွယ်ထားကြသည်။

ဟုတ်သည်၊ ဒီ့ထက် ပိုဆိုးတာတွေလည်း ရှိနေသေးသည်။

[အား! လှပတဲ့ အမျိုးသမီးလေးက Single ဖြစ်သွားပြီ! ကျွန်တော့်ကို ကြည့်ပါဦး! ခင်ဗျား မိသားစုထဲကို လက်ထပ်ဝင်နိုင်တယ်! ၁၈ နှစ်သား၊ XX တက္ကသိုလ်က ပထမနှစ် ကျောင်းသား၊ Six-Pack ရှိတယ်၊ လေ့ကျင့်ခန်းလုပ်ရတာ ဝါသနာပါတယ်]

[အမျိုးသမီးလေးရဲ့ Fan Club ကိုအဖွဲ့ဝင်အဖြစ် စာရင်းသွင်းဖို့ နောက်ကျနေပြီလား ?]

[ဝိုး၊ ချစ်လေးရေ၊ မင်း နောက်ဆုံးတော့ သတိပြန်ဝင်လာပြီ၊ လူဆိုးယောင်္ကျားတစ်ယောက်က ဘာကောင်းတာ ရှိလို့လဲ?]

နန်ယု၏ပရိသတ်များမှာ နာမည်ကြီး အနုပညာရှင်များကဲ့သို့ အရေအတွက် မများသော်လည်း အနည်းငယ်တော့ မဟုတ်ပေ။ သူတို့သည် ဤလှပသော အမျိုးသမီးအား ကာကွယ်ရန် ရည်ရွယ်၍ ပရိသတ်အဖွဲ့ကို ကိုယ့်ဖာသာ ဖွဲ့စည်းခဲ့ကြသည်။ နန်ယုအား အတော်လေး သစ္စာရှိသော ထိုပရိသတ်များမှာနန်ယုနှင့် ဖေးယီကျန့်တို့၏ဆက်ဆံရေး မကောင်းကြောင်း၊ ဖေးယီကျန့်သည် သူတို့ လက်ထပ်ပြီးကတည်းက အချိန်အများစုအား ပြည်ပတွင်ကုန်ဆုံးခဲ့ကြောင်း တစ်နည်းနည်းဖြင့်သိရှိခဲ့ကြသည်။

သူတို့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ ?

သူတို့သည် နန်ယုအမြန်ကွာရှင်းပြီး ပျော်ရွှင်သော ဘဝအား နေထိုင်စေရန် စိတ်အားထက်သန်နေကြသည်။ နန်မိသားစု၏ သမီးကြီး၊ ချမ်းသာပြီး လှပသူက ဇိမ်ခံဘဝအား မနေထိုင်နိုင်ဟု ဆိုသည်။

တစ်စုံတစ်ဦးမှ "နန်ယုနဲ့ ဖေးယီကျန့် ဒီနေ့ ကွာရှင်းပြီလား" ဟူသော ခေါင်းစဉ်ဖြင့် အကောင့်တစ်ခုကိုပင် သီးသန့် ဖန်တီးခဲ့သည်။ မမျှော်လင့်ဘဲ အဖွဲ့ဝင်သက်တမ်း လအနည်းငယ်သာ ရှိသေးသော်လည်း သူ့အိပ်မက် ရုတ်တရက်အကောင်အထည် ပေါ်လာခဲ့သည်။

ကံကောင်းလွန်းသည် မဟုတ်ပါလား ?

၎င်းမှာ အိပ်မက်မဟုတ်ကြောင်း အတည်ပြုပြီးနောက်၊ ထိုအင်တာနက်အသုံးပြုသူသည် သူ့အကောင့်တွင် မဲနှိုက်ခြင်း အစီ အစဉ် ပြုလုပ်ခဲ့ပြီး၊ နန်မိသားစု၏အဆင့်မြင့် အရေပြားထိန်း သိမ်းမှု ထုတ်ကုန်ဆယ်ခုအား ဆုအဖြစ်ပေးခဲ့သည်။

ထိုလက်ဖွာသော ကမ်းလှမ်းချက်မှာ စိတ်လှုပ်ရှားမှုနှင့် စပ်စုချင်စိတ်ပြင်းပြမှုတို့ ဖြစ်ပေါ်စေကာ၊ အွန်လိုင်းမှတ်ချက်များ လှိုင်းလုံး ဖြစ်ပေါ်စေခဲ့သည်။

နန်ယု: "..."

သူမတွင် ပရိသတ်အဖွဲ့ ရှိကြောင်း သူပင် မသိခဲ့ပေ။ တစ်စုံ တစ်ဦးမှ သူမနှင့် ဖေးယီကျန့်တို့ ကွာရှင်းရန် ဆန္ဒရှိကြောင်း နေ့တိုင်း ဝင်ရောက်စစ်ဆေးနေခဲ့သည်လား ?

သို့သော် ဇာတ်လမ်းမှာ ထိုမျှနှင့်မပြီးသေးချေ။

အခြေအနေ ပိုမိုပြင်းထန်လာသည်နှင့်အမျှ နန်မိသားစု—ပို၍ တိကျစွာပြောရလျှင် နန်ကျီ—သည် ပျော်ပွဲရွှင်ပွဲတွင် ပါဝင်လာခဲ့သည်။

#Aisiyin Brand Flagship Store ၏သမီး ကွာရှင်းခြင်းအားဂုဏ်ပြုတဲ့အနေနဲ့ ဒီည ၈ နာရီကနေ မနက်ဖြန် ၈ နာရီအထိ Aisiyin ပစ္စည်းတွေ အားလုံး ၁၂% လျှော့စျေးပေးမယ်။

မစ်နန်! Single ဘဝမှာ ပျော်ရွှင်ပါစေ!

#Yican Official Account ၏သမီး ကွာရှင်းခြင်းအား ဂုဏ်ပြုသောအားဖြင့်၊ ဒီည ၈:၀၀ နာရီမှ မနက်ဖြန် ၈:၀၀ နာရီအထိ Yican တွင် စားသုံးသော ဖောက်သည်များ အားလုံး ၁၂% လျှော့စျေးရရှိမည်ဖြစ်ပြီး အနိမ့်ဆုံးဝယ်ယူမှုပမာဏကန့်သတ် ချက်မရှိပါ။

မစ်နန်! Single ဘဝမှာ ပျော်ရွှင်ပါစေ!

...

၎င်းတို့မှာ နန်အုပ်စုအောက်ရှိ အမှတ်တံဆိပ်များ (Brand) အားလုံးဖြစ်သည်။ စားသောက်ဆိုင်များမှ အဝတ်အထည်များ၊ အိမ်ခြံမြေမှ အရေပြားထိန်းသိမ်းမှုအထိ နန်မိသားစု၏ ပါဝင်ပတ်သက်မှုသည် လုပ်ငန်းများစွာတွင် အမှန်တကယ် ကြီးမားသည်။

တရားဝင်အကောင့်တိုင်းသည် အလားတူသတိပေးချက်အား တင်ခဲ့သည်။ ဤအရာအားလုံးမှာ ၎င်းတို့သူဌေးထံမှ အမိန့်ကြောင့်ဖြစ်သည်။

နန် အုပ်စု၏တရားဝင်ဝက်ဘ်ဆိုဒ်မှ ၎င်းအား ပထမဆုံးစတင် ကြေညာခဲ့ခြင်းဖြစ်သည်။

နန်အုပ်စုအောက်ရှိ ပစ္စည်းအားလုံးကို ၁၂% လျှော့စျေး ပေးခဲ့သည်။ မည်သည့်ပစ္စည်းမဆို ဖြစ်သည်။

ငွေပေးချေသည့်အခါ သို့မဟုတ် မှာယူမှုမှတ်စုများတွင် "ပျော်ရွှင်သော Singleဘဝ၊ နန်ယု" ဟု ပြောရုံ၊ သို့မဟုတ် ရေးရုံသာ ဖြစ်သည်။

ဤလုပ်ရပ်မှာ တကယ်ပင် ရူးသွပ်ခြင်းဖြစ်သည်။

ထမင်းတစ်နပ်အတွက်ဆိုလျှင် ၁၂% လျှော့စျေးသည် ယွမ် ဒါဇင်အနည်းငယ်သာ သက်သာစေနိုင်သော်လည်း၊ ကား သို့မဟုတ် အိမ်တစ်လုံးဆို မည်သို့နည်း။

၎င်းတို့မှာ ထောင်ပေါင်းများစွာ၊ သောင်းပေါင်းများစွာဖြင့် စတင်သည်။ သာမန်လူတစ်ဦးအတွက်မူ ၎င်းသည် တစ်လစာ လစာပင် ဖြစ်နိုင်သည်။

ဈေးပေါသည်အား အခွင့်အရေး မယူသောသူမှာ လူမိုက်သာ ဖြစ်သည်။ နန်ကျီ၏ ဤကဲ့သို့ အစွန်းရောက်သော လှုပ်ရှားမှုမှာ ထိုနေ့အား ပျော်ပွဲရွှင်ပွဲကြီးအဖြစ် ပြောင်းလဲစေခဲ့သည်။

လူတိုင်းမှာ စိတ်ရင်းမှန်သည်ဖြစ်စေ၊ မမှန်သည်ဖြစ်စေ နန်ယုအား အနည်းဆုံးတော့ မျက်နှာချင်းဆိုင် ဂုဏ်ပြုစကား ပြောခဲ့ကြသည်။

မည်သို့ပင်ဆိုစေကာမူ ရိုးရှင်းသော စကားလုံးတစ်လုံးဖြင့် များပြားသော လျှော့စျေးအား ရနိုင်ခြင်းကြောင့်ပင်။

နန်ယု အင်တာနက်အသုံးပြုသူတစ်ဦး၏ပို့စ် (Tag) အောက်တွင် မြို့တော်ရှိ အဓိကရင်ပြင်များစွာမှ ကြော်ငြာမျက်နှာပြင်များ၏ Screenshots များကို မြင်လိုက်ရသည်။ ထိုကြီးမား သော မျက်နှာပြင်များတွင် စာသားတစ်ကြောင်းတည်းသာ ပါဝင်နေသည်။

"ပျော်ရွှင်သော Single ဘဝ၊ နန်ယု"

သူမ ဦးလေးကျိုးကို ဒါကိုဖျက်သိမ်းခိုင်းခဲ့သည် မဟုတ်လား ?

ဘာကြောင့် ပြန်ပေါ်လာရသနည်း?

နန်ယု သိလိုက်သည်—၎င်းမှာ နန်ကျီ ထပ်မံလုပ်ဆောင်ခြင်းပင်။

သူမ မနေနိုင်တော့ဘဲ သူ့ထံ မက်ဆေ့ချ်ပို့လိုက်သည်။

နန်ယု : ကော ဘာတွေ လုပ်နေတာလဲ ?

နန် : ငါ ပျော်နေတယ်၊ အရမ်းပျော်နေတယ်! ငါ့ညီမ နောက် ဆုံးတော့ ဆင်းရဲဒုက္ခကနေလွတ်မြောက်ပြီး ဘဝသစ်စတင်နိုင်ပြီ!"

နန်သည် နန်ကျီ၏အွန်လိုင်းနာမည်အသစ်ဖြစ်သည်။ ၎င်းသည် နန်ကျီမှ "နန်" နှင့် အန်းနင် (အေးချမ်းခြင်း) မှ "အန်း" ကို ပေါင်းစပ်ထားပြီး အံ့သြဖွယ်နာမည်ဖြစ်သည်ဟု သူက ပြော သည်။

နန်ယု ထိုစာအားမြင်သောအခါ စကားလုံးမပါဘဲ အံ့အားသင့်သော အမူအရာ ခြောက်ခုကိုသာ ပြန်ပို့နိုင်ခဲ့သည်။

ပြောရမည်ဆိုလျှင် နန်မိသားစုသည် သူမ၏ ကွာရှင်းမှုအတွက် အတော်လေး ပျော်ရွှင်နေပုံရသည်။ ပါးပါးနန်ကဲ့သို့သောလေး နက်သူပင် ဖုန်းဖြင့် သူ့သဘောတူညီချက်ကို ဖော်ပြခဲ့ပြီး၊ နန်ယုအား ဝမ်းမနည်းရန်စိတ်ချစေခဲ့သော်လည်း သူ့လေသံတွင် ပျော်ရွှင်မှုများ ပြည့်နေခဲ့သည်။ ၎င်းမှာ သူတို့သမီးကွာရှင်းခြင်းအား အသည်းအသန်တားဆီးရန် ကြိုးစားသော မိဘများနှင့်လုံးဝကွဲပြားနေသည်။ သူသည် နန်ယု ကိုယ်တိုင်ထက်ပင် ပိုပျော်ရွှင်နေပုံရသည်။

ဤအချက်မှာ နန်မိသားစုသည် လက်ထပ်ပွဲအား သဘောမကျခဲ့ကြောင်း သွယ်ဝိုက်သောအားဖြင့်ထင်ဟပ်စေသည်။

ဥပမာအားဖြင့် လီရီပိုင်သည် ညနေ ကိုးနာရီတွင် ဗီဒီယို ခေါ်ဆိုခဲ့သည်။ သူတို့ မနေ့က တနင်္ဂနွေနေ့တွင် အိမ်သို့ပြန်ရောက်ခဲ့ကြသောကြောင့် ၎င်းမှာ နံနက်ရှစ်နာရီဖြစ်သင့်သည်။

လီရီပိုင်- "နန်ကျဲ! ကျွန်တော် ကြီးပြင်းလာတဲ့ထိ စောင့်ရမယ်နော်!"

လီရီပိုင် မက်ဆေ့ချ်၏အဓိကအချက် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အနီးနားတွင်ရပ်နေသော လီယွမ်မိုသည် "ငါ ငွေရှာဖို့ ကြိုးစားမယ်" ဟူသော စကားလုံးများအားမပြောမိရန် ရုန်းကန်နေရသည်။

နန်ယု- "..."

"တိတိရေ နှစ်သိမ့်စကားတွေကို လက်ခံရရှိပါတယ်၊ မင်းကို ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်"

ဟုတ်သည်။ အပျော်ရွှင်ဆုံးသူမှာ ဖေးယွင်ကျင်းဖြစ်သင့်သည်။

သူ ကားထဲရောက်ကတည်းက ထိုကလေးငယ်မှာ မသိသော သီချင်းတစ်ပုဒ်အား ညည်းညူနေခဲ့သည်။ သူတို့ အိမ်ပြန်ရောက်သောအခါ ရှောင်ယွမ်၊ ရှောင်မီနှင့် ရှောင်ယာတို့ကိုပင် အက ကခိုင်းခဲ့ပြီး သူ့တစ်ကိုယ်လုံး ပျော်ရွှင်မှုများထင်ဟပ်နေသည်။ အကယ်၍ ထိုတိရစ္ဆာန်ငယ် သုံးကောင်သာစကား ပြောနိုင်ပါက ဖေးယွင်ကျင်းအား ညည်းညူနေကြပေလိမ့် မည်။

ဦးလေးကျိုး၏ ဂုဏ်ပြုသည့် နည်းလမ်းမှာ၊ ထိုည ညစာသည် အထူးတလည် ခမ်းနားပြီး ဗီလာအား လှပစွာအလှဆင်ထား သည်။ ကိတ်မုန့်ငယ် တစ်ခုပင် ရှိနေသေးသည်။

၎င်းမှာ ခမ်းနားသော ပွဲတော်ကဲ့သို့ပင်။

ဖေးမိသားစုအတွက်မူ နန်ယု ဖေးရှင်းလင်းနှင့် အခြားသူများထံမှ ဖုန်းခေါ်ဆိုမှု သို့မဟုတ် တိုက်ရိုက်လာရောက်ခြင်းကို မျှော်လင့်ခဲ့သော်လည်း လှုပ်ရှားမှုလုံးဝမရှိခဲ့ပေ။

ဖေးယီကျန့် သူတို့အား ဖိနှိပ်ထားလား၊ သို့မဟုတ် ပိုအရေးကြီး ကိစ္စတစ်ခုခု ရှိနေတာလား ?

နန်ယု၏ ခန့်မှန်းချက် မှန်ကန်ခဲ့သည်။ ဖေးမိသားစုမှာ ဖေးယီကျန့်၏ကွာရှင်းမှုအတွက် စိုးရိမ်ပူပန်ရန် အချိန်မရှိခဲ့ပေ။

ထိုညနေ ငါးနာရီတွင် မြို့တော်ရှိ ဖေးမိသားစုဝင်များ အားလုံးကို အတင်းအကျပ်ပြန်ခေါ်ခဲ့ပြီး ဖေးမိသားစု၏ပင်မခန်းမတွင် စုဝေးစေခဲ့သည်။ သူတို့အားလုံး မျက်နှာတွင် ဒဏ်ရာများဖြင့် အမူအရာ ဖတ်မရသော မိသားစုခေါင်းဆောင် ဖေးယီကျန့်အား စိုက်ကြည့်နေကြသည်။ ပထမတော့ သူတို့၏ မိသားစုခေါင်းဆောင်အား တိုက်ခိုက်ရန်ရဲရင့်သူ မည်သူမဆိုကိုအံ့အား သင့်ခဲ့ကြသည်။

သူတို့အားလုံး ဖေးယီကျန့်အတွက် လက်စားချေရန် ဆူညံစွာ တောင်းဆိုခဲ့ကြသည်။ သို့သော် ဖေးယီကျန့်၏အေးစက်သော အကြည့်သည် သူတို့အပေါ် လှည့်ပတ်သွားသောအခါ အပ်ဖြင့် ဖောက်ခံရသော ပူဖောင်းများကဲ့သို့ လျော့သွားခဲ့သည်။

ဖေးယီကျန့် ဖေးမိသားစုမှာ ပျက်စီးနေသော မျိုးနွယ်စုဖြစ် ကြောင်းနှင့် ဖေးယွင်ကျင်းကြောင့် ဖျက်ဆီးခံရမည်ကို သိသည်။ ထို့ကြောင့် သူသည် နှစ်များတစ်လျှောက် ဖြည်းဖြည်းချင်း အားနည်းစေရန် လုပ်ဆောင်ခဲ့သော်လည်း ၎င်း၏ အခြေ ခံအုတ်မြစ်အား အမှန်တကယ် မလှုပ်ခါခဲ့ပေ။

သူတို့ ကွာရှင်းပြီးနောက် နန်ယု သူ့အား ပန်းချီကားတစ်ချပ် ပြန်ပေးသည့်အချိန်အထိပင်။

"Starry Sky"

သူ့မိခင်၏နောက်ဆုံးလက်ရာ ဖြစ်သော ထိုပန်းချီကားမှတဆင့် လျှို့ဝှက်ချက်အား မှတ်စုမှတစ်ဆင့်ထုတ်ဖော်ခဲ့သည်။

ဖေးယီကျန့် စိတ်ထဲတွင် လျှို့ဝှက်ချက်အား ချက်ချင်းဆုပ် ကိုင်လိုက်ပြီး၊ နှစ်ပေါင်း နှစ်ဆယ်နီးပါးမြှုပ်နှံထားသော စာရင်းနှင့် သက်သေ အထောက်အထားများအား ပြန်လည် ရယူခဲ့သည်။

ဤမျှ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း စာရင်းထဲမှ အမည်အချို့မှာ ကွယ်လွန်သွားခဲ့ကြသည်။

သို့သော် ၎င်းမှာ အရေးမကြီးပေ။ လူဟောင်းများစွာ အသက်ရှင်ဆဲ ဖြစ်သည်။

သူ့ကိုယ်ပိုင် မျိုးဆက်တွင် ဤပုပ်သိုးနေသော မျိုးနွယ်စုအား လုံးဝ ဖယ်ရှားပစ်နိုင်မလားဆိုတာ ကြည့်ရတော့မည်။

ရူးသွပ်မှုများ ပြီးဆုံးသွားပြီးနောက် ငြိမ်းချမ်းမှုပြန်လည် ရောက်ရှိလာသည်။

ပေထန်မိသားစု ကိစ္စတွင်လည်း အစောပိုင်း တိုးတက်မှုရရှိခဲ့သည်။

နန်ယု ပေထန်သခင်ကြီးမှာ အပြစ်အားလုံးအား ပေထန်ယောင် အပေါ်တွင် ပြတ်ပြတ်သားသားပုံချလိမ့်မည်ဟု တစ်ခါမျှ မစဥ်းစားခဲ့မိပေ။

ဟုတ်ပါသည်၊ သူ ပေထန်မိသားစု၏ ခေါင်းဆောင်ဖြစ်သော် လည်း ပေထန်မိသားစုအား သိသူတိုင်းမှာ အဘိုးကြီးကသာ လျှင် စစ်မှန်သောသခင် ဖြစ်ကြောင်း သိကြသည်။

ပေထန်ယောင်မှာ ရုပ်သေးထက် အနည်းငယ်မျှသာ ပိုသည်၊ မဟုတ်လား?

အဓိကအချက်မှာ ပေထန်ယောင် အမှန်တကယ်ပင် အပြစ်အားလုံးအား ထမ်းပိုးခဲ့ခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ အဘိုးကြီးသည် ကောက်ကျစ်ပြီး၊ သူကိုယ်တိုင် ဘာမှ မလုပ်ဘဲ အမိန့်များ ပေးရုံသာ ဖြစ်သည်။ လက်ထဲတွင် အမှန်တကယ် သက်သေ အထောက်အထား မရှိသောကြောင့် ပေထန်မိသားစု၏ လက်ဝေခံများ အဖမ်းခံရမည်မှာ ရှင်းနေသည်။

ခန့်မှန်းခြေအားဖြင့် လူတစ်ရာနီးပါး အဖမ်းခံခဲ့ရသည်။

သတင်းပျံ့နှံ့သွားသောအခါ အင်တာနက်အသုံးပြုသူများ ဒေါသထွက်ခဲ့ကြသည်။

ဘာ ? ပျားရည်ထောင်ချောက်? စက်မှုလုပ်ငန်း သူလျှိုလုပ်ခြင်း?

ဒီပေထန်မိသားစု! ဒါက တီဗီဒရာမာထက်တောင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းတယ်!

ပေထန်၏ရှယ်ယာသည် အနိမ့်ဆုံး ကန့်သတ်ချက်ကိုပင် ရောက်ရှိခဲ့သည်။

သို့သော် မကြာမီတွင် ပေထန်သခင်ကြီးမှာ နောက်ထပ် သတင်းစာရှင်းလင်းပွဲကို ပြုလုပ်ခဲ့ပြီး၊ သူ မိဘတာဝန်မကျေမှုများအား နက်နက်ရှိုင်းရှိုင်း ဆင်ခြင်သုံးသပ်ခဲ့သည်။ ထိခိုက်နာကျင်ခဲ့သူများကို တောင်းပန်ခဲ့ပြီး ပြုပြင်ပေးရန် သူ စွမ်း အားရှိသမျှ အားလုံးလုပ်ဆောင်မည်ဟု ကတိပြုခဲ့သည်။ ပရဟိတအတွက် ယွမ် သန်း ၃၀၀ အထိ လှူဒါန်းခဲ့သည်။

အသက်ရှစ်ဆယ်အရွယ် အမျိုးသားတစ်ဦးတုန်ယင်စွာတောင်း ပန်နေသည်ကို မြင်သောအခါ အချို့သော အင်တာနက်အသုံး ပြုသူများ စိတ်ပျော့သွားပြီး အခွင့်အရေးပေးရန်ပင် တောင်းဆိုခဲ့ကြသည်။

ဟုတ်ပါသည်၊ အဓိက အကြောင်းရင်းမှာ သူတို့ အကျိုးစီးပွားအား မထိခိုက်ခဲ့ခြင်းဖြစ်သည်။

ပေထန်သခင်ကြီး၏ ကိုယ်ကျိုးစွန့် အနစ်နာခံမှုမှာ ပြတ်ပြတ်သားသားနှင့် ရက်စက်သည်ဟု ပြောရမည်။ ပေထန်မိသားစုသည် ကြီးမားသော ဆုံးရှုံးမှုများ ခံစားခဲ့ရသော်လည်း အနည်း ဆုံး အသက်ရှူခွင့်ကျန်ရှိနေသေးပြီး ပြန်လာနိုင်ပေလိမ့်မည်။

နန်ကျီ: "အင်း၊ အဘိုးကြီးက အသက်ကြီးလာလေ ပိုရက်စက်လာလေပဲ ဒါပေမယ့် သူ ငါတို့ကို လျှော့တွက်မိသွားပြီ"

စီးပွားရေးလောကသည် စစ်မြေပြင်နှင့်တူသည်။ ခြေလှမ်းတစ်လှမ်းမှားလျှင် နောက်ထပ် အမှားများဆက်တိုက်ဖြစ်လာသည်။

နန်ကျီ၏ အမြင်တွင် ပေထန်မိသားစုသည် ဆောင်းဦးရာသီနောက်မှ ပုစဉ်းကဲ့သို့ ဖြစ်ပြီး ရက်အနည်းငယ်ထက် ပို၍ မခုန်နိုင်တော့ပေ။

"ညီမလေး၊ စောင့်ကြည့်နေပါ၊ ပေထန်မိသားစုက ကြာကြာ ခံမှာ မဟုတ်ဘူး၊ အရေခွံတစ်ထပ်တောင် ကျန်မှာမဟုတ်ဘူး!"

နန်ကျီစကားများမှာ ကျိန်စာကဲ့သို့ ဖြစ်ပြီး စကားအနည်း ငယ် ပြောပြီးနောက် သူ ဖုန်းချလိုက်သည်။

ပေထန်မိသားစု ယာယီ ပြိုလဲသွားပြီဖြစ်ပြီး နန်ကျီတွင် လုပ်စရာများ ပိုမို ရှိသည်။ သူ အခြေအနေအား အခွင့်ကောင်းယူပြီး သူတို့ကို အမြစ်ဖြတ်ရမည်။ မဟုတ်ပါက အဘိုးကြီး၏ ရက်စက်မှုဖြင့်၊ သွားပါလေရာ!

နန်ယု နန်ကျီအတွက် အလံငယ်လေးအား ဝှေ့ယမ်းပြီး စိတ်ထဲတွင် အားပေးရုံသာ ရှိသည်။ သူမအတွက်ကတော့...

"အန်တီ၊ သစ်သီး စားပါဦး"

ဖေးယွင်ကျင်း လှီးထားသော သစ်သီးပန်းကန်အား ကိုင်ကာ လာသည်ကို မြင်သောအခါ နန်ယု သူ့အား ချီးမွမ်းပြီး စားလိုက်သည်။

လေပြေမှာ တဖြည်းဖြည်း အေးမြမှု အရိပ်အမြွက်အား ယူဆောင်လာသည်ကို ခံစားမိသောအခါ နန်ယု ရုတ်တရက် စိတ်ကူးတစ်ခု ရလိုက်သည်။

ညနေ ညစာစားပွဲတွင် သူမ အိမ်တော်ထိန်းကျိုးအား ပြောပြခဲ့သည်။

"ဦးလေးကျိုး၊ မနက်ဖြန် ဥယျာဉ်ထဲမှာ Barbecue လုပ်ကြမလား? ကျွန်မ စားချင်တယ်!"

ဟုတ်ပါသည်။ ဦးလေးကျိုးအတွက်ကား ပြဿနာ တစ်စုံတစ် ရာမရှိခဲ့ပေ။ သူ ထိုညတွင် လိုအပ်သည့် အရာအားလုံးအား အသင့်ပြင်ဆင် စုဆောင်းထားလိုက်ပြီး၊ နန်ယု အမိန့်ကိုသာ စောင့်ဆိုင်းနေခဲ့လေသည်။

All Chapters