← Chapters

အခန်း (၆၃)

Vol. 7 Ch. 63

အခန်း (၆၃)

Vol. 7 Ch. 63

တစ်ရက်အနားယူပြီးနောက် ဖေးယွင်ကျင်း အသံမှာအနည်း ငယ်ကောင်းမွန်လာခဲ့သည်။ အနည်းဆုံးတော့ တိုးတိုးသာပြောပြီး စကားအများကြီး မပြောသရွေ့တော့ ပြဿနာမရှိပေ။

ယနေ့ တနင်္ဂနွေနေ့ဖြစ်သောကြောင့် သူနှင့် လီရီပိုင်တို့ မစ္စတာဖန်၏ ခြံဝန်းတွင် ဂို သင်နေကြသည်။ သူတို့နှစ်ဦးမှာ ဂိုနှင့် ပတ်သက်၍ အတွေ့အကြုံ အနည်းဆုံးဖြစ်သောကြောင့် တစ်ခါတစ်ရံ အခြားသူများထက်ပိုမိုကြိုးစားရန်လိုအပ်သည်။

မစ္စတာဖန် သင်ခန်းစာ ပြီးသောအခါ နောက်ဆုံးတွင် ထိုလူငယ်နှစ်ဦးအား မိနစ်နှစ်ဆယ်နားချိန်ပေးလိုက်သည်။ သူတို့ အပန်း ဖြေဆောင်သို့ ချက်ချင်းပြေးသွားကြသည်။ ထိုနေရာတွင် ရှုယီကျစ်နှင့် အခြားသူများ ကစားနေကြသော်လည်း ပြီးခါနီးဖြစ်နေပြီ။

ရှုယီကျစ် အနက်ရောင် ဂိုအား ချလိုက်သောအခါ ရှောင်မုန့် စိတ်မကောင်းစွာဖြင့် ရှုံးပွဲကို လက်ခံလိုက်ရသည်။ ရှုယီကျစ် ထိုစဥ်က မာနကြီးမှုမှာ သူ၏ ဂိုကစားရာတွင် ထူးချွန်သော အရည်အချင်းကြောင့်ဖြစ်သည်။ ထိုစွမ်းရည်မရှိလျှင် မစ္စတာဖန်ကလည်း သူ့အား တပည့်အဖြစ် လက်ခံမည်မဟုတ်ပေ။

သူ့စိတ်နေစိတ်ထားသာ ပြဿနာရှိနေခြင်းဖြစ်ပြီး မစ္စတာဖန် ၎င်းအား မည်သို့ ပြောင်းလဲပေးရမည်ကို စဥ်းစားနေခဲ့သည်။ ထိုအချိန်တွင် ဖေးယွင်ကျင်း ရောက်ရှိလာခဲ့သည်။

ဖေးယွင်ကျင်းကြောင့် ရှုယီကျစ်၏မာနထောင်လွှားမှုမှာ ချက် ချင်းဆိုသလို လျော့ကျသွားခဲ့သည်။ မစ္စတာဖန်၏ လမ်းညွှန်မှုအောက်တွင် ထိုကလေးနှစ်ဦး ကျန်းမာသော အားပြိုင်မှုတွင် ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည်။ ရှုယီကျစ်သည် မာနကြီးသော် လည်း စွမ်းရည် အစစ်အမှန် ရှိသူများကိုမူ လေးစားတတ်သူဖြစ်သည်။ ဖေးယွင်ကျင်းရော၊ လီရီပိုင်ပါ သူတို့၏ အရည်အ ချင်းများကို သရုပ်ပြနိုင်ခဲ့ပြီးနောက်တွင် သူတို့အားလုံးငြိမ်း ချမ်းစွာ အတူယှဥ်တွဲ နေထိုင်ခြင်း ကာလသို့ ရောက်ရှိခဲ့ကြသည်။

ရှုယီကျစ် တစ်ပွဲအနိုင်ရခဲ့သော်လည်း သိပ်ပြီး ရွှင်လန်းခြင်း မရှိပေ။ ယင်းအစား သူ ဖေးယွင်ကျင်းအား မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး ပြောစရာစကားတစ်ခု ရှိနေဟန် ရသည်။

တစ်ချိန်တည်းမှာပင် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ အာရုံ စိုက်မှုမှာ သူတို့ရှေ့ရှိ ဂိုခုံပေါ်တွင်သာရှိနေပြီး တစ်ခါတစ်ရံ ရှုံးနိမ့်သွားသော ရှောင်မုန့်၏အခြေအနေအား မေးမြန်းနေကြသည်။

"အဟမ်း"

"ဒါဆို ဒီလိုမျိုး ဖြစ်သွားတာပေါ့၊ ရှောင်မုန့်၊ နင် ဒီနေရာကို ရွှေ့ခဲ့ရင် ပိုပြီးအခြေအနေ ကောင်းနိုင်မှာမဟုတ်ဘူးလား"

"ဟုတ်တယ်၊ ရှောင်ကျင်း၊ မင်း တကယ်တော်တာပဲ!"

"အဟမ်း!"

"ရှောင်ကျင်း၊ ငါသာ ဒီနေရာကနေ..."

"Cough! Cough! Cough!"

ပြင်းထန်သော ချောင်းဆိုးသံမှာ နောက်ဆုံးတွင် ကျန်လေးဦး၏အာရုံအား ဖမ်းစားသွားသည်။

ဖေးယွင်ကျင်း- "မင်း အအေးမိနေတာလား ? အကယ်၍ အအေးမိနေတယ်ဆိုရင် ဆေးသောက်ဖို့ မမေ့ပါနဲ့"

၎င်းသည် ရာသီဥတု ပြောင်းလဲချိန်ဖြစ်၍ ကလေးများအတွက် အအေးမိလွယ်သည်။ သို့သော် ထိုစကားအား ကြားသောအခါ လီရီပိုင် သူ့ပါးစပ်နှင့် နှာခေါင်းအား အလျင်အမြန်ဖုံးအုပ်ကာ တစ်လှမ်း နောက်ဆုတ်သွားသည်။ သူ တိုးညှင်းသောအသံဖြင့် ပြောလိုက်သည်။

"ငါ့ကို မကူးစက်စေနဲ့၊ ငါ အအေးမိမှာကို မလိုချင်ဘူး"

ရှောင်မုန့်နှင့် အခြားကောင်လေးတစ်ဦးဖြစ်သော ချင်ကန်းတို့ သည်လည်း လျင်မြန်စွာနောက်ဆုတ်ကြသည်။ အအေးမိလျှင် ဆေးသောက်ရမည်၊ ဖြစ်နိုင်လျှင်ဆေးထိုးရဦးမည်။ မည်သည့် ကလေးမှ ၎င်းအား မကြိုက်ကြချေ။

ရှုယီကျစ်- "..."

"မင်းတို့တွေက အရူးတွေလား?!"

သူ့မှာ ပြောစရာ တစ်ခုခုရှိနေတာကို မမြင်ကြဘူးလား?

ရှောင်မုန့် မျက်မှောင်ကြုတ်လိုက်သည်။

"ငါတို့ကတော့ မရူးပါဘူး၊ ဒါပေမယ့် အအေးမိရင် လူတွေ ရူးသွားနိုင်တယ်လို့ ကြားဖူးတယ်"

ရိုးရိုးသားသားပြောရလျှင် ဤနေရာရှိ ကလေးများ အားလုံးတွင်ကောင်းမွန်သော မိသားစုနောက်ခံများရှိကြသည်။ မဟုတ် ပါက သူတို့ မစ္စတာဖန်အကြောင်းသိရှိရန် နည်းလမ်းရှိမည် မဟုတ်ပေ။ ထို့ကြောင့် ရှုယီကျစ် သူ့စွမ်းရည်ကြောင့် သူ့အား ခွင့်လွှတ်မှု အချို့ပေးလေ့ရှိသော်လည်း သူသည် အနိုင်ကျင့်ခံရမည့်သူ (သို့မဟုတ် နာကျင်လွယ်သူ) မဟုတ်ပေ။

ရှုယီကျစ် လုံးဝစကားမပြောနိုင်ဘဲ သူသည် အလွန်ဉာဏ် ကောင်းနေခြင်းလား သို့မဟုတ် သူတို့ အလွန်ရူးမိုက်နေခြင်းလားဟုပင် တွေးမိသည်။ ထပ်မံစဥ်းစားပြီးနောက် သူ သေချာ ပေါက် အလွန်ဉာဏ်ကောင်းသောကြောင့် သူသည် သူတို့အပေါ် ပိုမို နားလည်ပေးသင့်သည်ဟု ဆုံးဖြတ်လိုက်သည်။

"ဟေ့၊ မင်း ဘာဖြစ်နေတာလဲ ? မင်းမိထွေးက မင်းကို နှိပ်စက်လို့လား?"

ရှုယီကျစ် ထိုစကားကို ဖေးယွင်ကျင်းအား ရည်ရွယ်ပြောဆိုလိုက်ခြင်းဖြစ်သည်။ သူသည် သူ့မိဘများရှေ့တွင် ဖေးယွင်ကျင်းအကြောင်း အနည်းငယ်ထပ်ပြောခဲ့ပြီး သူ့အစ်မမှာ သူ့အား ဖေးယွင်ကျင်းအကြောင်း အများကြီးပြောပြခဲ့သည်။ ထိုနေ့က ဖေးယွင်ကျင်းနှင့် အတူပါလာသည့် မိန်းကလေးမှာ ဖေးယွင်ကျင်း၏ မိထွေးဖြစ်ကြောင်းလည်း သူ သိသည်။

"နန်ယုမှာ အကျင့်ဆိုးရှိတယ်၊ ကလေးကို သူ ပြုစုပျိုးထောင်တာက တကယ် သနားစရာကောင်းတယ်"

"စစ်စစ်! မင်း ဘယ်လိုပြောရဲတာလဲ?"

ပါးပါးရှု မျက်မှောင်ကြုတ်လိုက်သည်။

"မင်း မစ်နန်ကိုအကြိမ်အနည်းငယ်ပဲ တွေ့ဖူးသေးတယ် အဲ့ဒါကို သူ့အကြောင်း မကောင်းပြောနေပြီလား? အဲဒါ ငါ မင်းကို သင်ပေးခဲ့တဲ့ အကျင့်လား"

ရှုစစ်စစ် ရုတ်တရက် အဆူခံရမှုကြောင့် ချက်ချင်းစိတ်ဆိုးသွားပြီး နှုတ်ခမ်းဆူလိုက်သည်။

"ကောင်းပါပြီ၊ ကျွန်မ ယွီဝေဆီက ကြားခဲ့ရတာပါ၊ ယွီဝေက အရမ်းစိတ်ထားကောင်းတာတောင် နန်ယုကြောင့် အကြိမ်ပေါင်းများစွာ စိတ်တိုခဲ့ရတယ် ပြီးတော့ ကျွန်မတို့ရဲ့ အသိုင်း အဝိုင်းထဲက လူတိုင်းက သူ စိတ်ဓာတ်မကောင်းမှန်းသိကြတယ်"

ရှုယွီဝေမှာ ရှုစစ်စစ်၏ ဝမ်းကွဲညီမဖြစ်သည်။ နန်ယု သူမနှင့် တုကျောင်းကျောင်းတို့အား အဆက်အသွယ်ဖြတ်ပြီး နန်ကျီ မင်္ဂလာပွဲအား မဖိတ်ကတည်းက သူတို့နှစ်ဦးကြား ဆက်ဆံရေး ပြတ်တောက်သွားပြီကို သူမ သိသည်။ ရှုယွီဝေ မည်သို့ပင်ဆိုစေ အသိုင်းအဝိုင်းရှိ အမျိုးသမီးငယ်တစ်ဦးဖြစ်သော ကြောင့် နန်ယုအား ပြန်လည်သင့်မြတ်ရေးအတွက် တောင်းပန်ရန် ပြောဆိုခြင်းမှာမဖြစ်နိုင်ပေ။ သို့သော် သူမ လွန်ခဲ့သော အကြိမ်က နန်ယုလှည့်စားခဲ့သော ဒေါ်လာထောင်ပေါင်းများစွာအား တွေးလိုက်သောအခါ သူမ ရင်ထဲတွင် ဒေါသများပြည့်နှက်နေတော့သည်။

သူမ (ရှုယွီဝေ) ရင်ဖွင့်စရာ တစ်စုံတစ်ယောက်အား မရှာဘဲ မနေနိုင်ခဲ့ပေ။ ရှုစစ်စစ်နှင့် နန်ယုတို့သည် လူမှုရေးအရ အဆက် အသွယ်မရှိသောကြောင့် သူမ စကားအား နန်ယု ကြားသွားမည်ကို မစိုးရိမ်ပေ။

"စစ်စစ်၊ ယွီဝေနဲ့ ပေါင်းတာကို ရပ်တော့၊ အဲဒီ ကောင်မလေးက အရမ်းကောက်ကျစ်တယ်! နင် အလိမ်ခံရပြီး သူ့အတွက် ပိုက်ဆံတောင် ရေတွက်ပေးနေရတာမျိုး ဖြစ်သွားနိုင်တယ်!"

မားမားရှု ရှုယွီဝေအကြောင်း ထပ်ကြားရသောအခါ စိတ်တိုသွားသည်။

သူမ ခင်ပွန်း၏အစ်ကို မိသားစုမှာ ပါးပါးရှုကျေးဇူးကြောင့်သာ အထက်တန်းလွှာသို့ ခက်ခက်ခဲခဲရောက်ရှိခဲ့သော်လည်း သူတို့သည် စီးပွားရှာရန် မကြိုးစားဘဲ အခြားသူများထံမှ ရနိုင်သမျှကို ရယူရန်သာ အာရုံစိုက်နေကြသည်။

သူမ သမီးမှာ ထိုသို့သော ဖြူစင်ပြီး အလွယ်တကူယုံကြည်တတ်သူဖြစ်နေသည်။ သမီးဖြစ်သူသည် ဆယ့်ရှစ်နှစ် နီးပါး ရှိနေပြီဖြစ်ပြီး မကြာခင် ထိုလူမှုအသိုင်းအဝိုင်းထဲသို့ ဝင်ရောက်တော့မည်။ သူ့အတွက် စိုးရိမ်စိတ်များ ဝင်လာသည်။

"စစ်စစ်၊ ဒီကို လာခဲ့၊ မေမေ မင်းနဲ့ စကားပြောချင်တယ်!"

မားမားရှုနှင့် ရှုစစ်စစ်တို့ ထွက်ခွာသွားကြသည်။ ပါးပါးရှုမှာ ခြောက်နှစ်သား ကလေးနှင့် အတင်းအဖျင်း စကားပြောနေမည့်သူ မဟုတ်သောကြောင့် ရှုယီကျစ်အား စစ်တုရင်ကို ကောင်းစွာ ကစားရန်မှာကြားပြီး ထွက်ခွာသွားခဲ့သည်။

သို့သော် ရှုယီကျစ် သူတို့ စကားဝိုင်းအား မတော်မတဆနား ထောင်မိခဲ့သည်။

သူ ဝမ်းကွဲ ရှုယွီဝေအားမကြိုက်ပေ။ သူမ အပြုံးမှာ အတုအ ယောင်ဆန်သည်။ ရှုမိသားစု၏အမွေဆက်ခံသူဖြစ်သော သူ့အား သူမသည် မျက်နှာသာပေးရန် ကြိုးစားနေသည်ကို ရှုယီကျစ် ခံစားသိရှိနိုင်သည်။

သို့သော် နန်ယုမှာ ဖေးယွင်ကျင်းမိထွေး ဖြစ်သည်ဟူသော အချက်သည် ရှုယီကျစ်စိတ်ထဲတွင် စွဲမြဲနေဆဲဖြစ်သည်။ မည် သို့ပင်ဆိုစေ "မိထွေး" ဟူသောစကားလုံးမှာမကြာခဏ အနုတ် သဘောဆောင်သော အဓိပ္ပာယ်အား ဆောင်လေ့ရှိသည်။

"မဟုတ်ဘူး! နန်ကျဲက ရှောင်ကျင်းအပေါ် အရမ်းကောင်းပါတယ်!"

ဖေးယွင်ကျင်း ပြန်ပြောရန် ပြင်ဆင်နေစဥ်မှာပင် လီရီပိုင် ဝင်ပြောလိုက်သည်။

သို့သော် အခြားကလေးနှစ်ဦးလည်း ရှုယီကျစ် ပြောခဲ့သည့် စကားအားကြားလိုက်ကြသည်။ သူတို့ အားလုံး နန်ယုအား တစ်ကြိမ်သာ တွေ့ဆုံဖူးသော်လည်း လူတိုင်း ထိုလှပသော ကျဲအား မှတ်မိနေခဲ့သည်။

ထိုကျဲသည် ရှောင်ကျင်း၏မိထွေး ဖြစ်နေသည်လား ?

ရှောင်မုန့် သူ့မျက်နှာပေါ်တွင် စိုးရိမ်သော အမူအရာ အနည်း ငယ်အား မပြဘဲမနေနိုင်ခဲ့ပေ။

"အဲ့ဒါက တကယ် အဆင်ပြေရဲ့လား? မိထွေးတွေက အရမ်းဆိုးပြီး သူတို့ရဲ့ကလေးတွေကို အစာတောင် မကျွေးဘူးလို့ ငါ ကြားဖူးတယ်"

ဖေးယွင်ကျင်း အမှန်တကယ်ဝခြင်းမရှိပေ။ သူ ဤနှစ်ရက်အတွင်းအပူလောင်ခြင်းကြောင့် စားချင်စိတ်မရှိဘဲ ကိုယ်အလေးချိန် အနည်းငယ်ကျသွားခဲ့သည်။ သူသည် သန်မာသော ပုံမပေါ်ခဲ့ပေ။

"မဟုတ်ဘူး!"

ဖေးယွင်ကျင်း ငြင်းဆိုရန် ပြင်ဆင်နေသော်လည်း အကြောင်းတစ်ခုခုကြောင့် သူ့စိတ်ထဲတွင် မနေ့က ဘာဘီကျူးအား ပြန်တွေးမိသည်။ သူ ထိုအချိန်က တကယ်ဝမ်းနည်းခဲ့ရသည်။ စိတ်ငြိမ်သွားပြီးနောက် သူ့အန်တီ ဘာကြောင့် ဒီလိုလုပ်ခဲ့တာလဲဆိုတာကို သူ နားလည်ခဲ့သည်။ သူသည် ပထမဆုံးအမှား လုပ်ခဲ့သူ ဖြစ်သည်။

ဖေးယွင်ကျင်း အသံတိုးသွားမှုမှာ အခြားသူများအား ဝင်ပြောရန် အခွင့်အရေးပေးခဲ့ပြီး ချင်ကန်း ဆက်ပြောလိုက်သည်။

"ဟုတ်တယ်၊ ငါ့မှာ မိထွေးရှိတဲ့ သူငယ်ချင်းတစ်ယောက် ရှိတယ်၊ သူက ငါ့သူငယ်ချင်းကို အမြဲတမ်းအနိုင်ကျင့်တယ်၊ တမင်တကာ ဒဏ်ရာရအောင်လုပ်တယ် ပြီးတော့ အန္တရာယ် မြင်ရင်လည်း ဘယ်သူ့ကိုမှ မပြောဘူး"

"အား၊ အရမ်း ဆိုးတာပဲ၊ ရှောင်ကျင်း၊ မင်းကို အဲဒီလိုမဆက် ဆံဘူး မဟုတ်လား?"

ဖေးယွင်ကျင်း- "သေချာပေါက် မဟုတ်ဘူး!"

အန်တီက အများဆုံး ငါ သူ့ကို လိုက်ဖမ်းတဲ့အခါမှ ဘဲပေါက်လေးလို့လှောင်ပြောင်လိမ့်မယ်၊ သူမက ငါ့ကို ရိုက်တာမျိုးတော့ မလုပ်ဘူး! ဟင့်အင်း၊ ဒါပေမယ့် အဲဒီတုန်းက ပြေးရတာ တကယ် ပင်ပန်းခဲ့တာပဲ။

ဖေးယွင်ကျင်း၏ ငြင်းဆိုမှုအား ကြားသောအခါ ရှုယီကျစ် အနည်းငယ် မယုံကြည်ပေ။ သူနက်နဲဟန်ဆောင်သောအကြည့် ဖြင့် ဖေးယွင်ကျင်း ပခုံးအားပုတ်လိုက်သည်။

"ဒါတွေကို မေ့လိုက်ပါ၊ မိထွေးနဲ့ ပတ်သက်တဲ့ အရေးအကြီးဆုံးအချက်က သူက မင်းရဲ့ ပိုက်ဆံခိုးယူပြီး မင်းကို ဆင်းရဲ သား ဖြစ်စေလိမ့်မယ်!"

"ဆင်းရဲသားဖြစ်တာက ကြောက်စရာကောင်းတယ်! မင်း ဘာမှ ဝယ်လို့ မရတော့ဘူး၊ သဘောကျတဲ့ ကိတ်မုန့်ငယ်လေးတွေတောင် မဝယ်နိုင်ဘူး! လှပတဲ့ အရုပ်တွေလည်း ဝယ်လို့မရဘူး"

"ဟုတ်တယ်၊ ငါလည်း ကြားဖူးတယ်! ပိုက်ဆံတစ်ပြားမှ မရှိတော့တာက အရမ်းဆင်းရဲဒုက္ခရောက်တာပဲ"

သူ့သူငယ်ချင်းများ စကားအားနားထောင်ရင်း ဖေးယွင်ကျင်း သူ့ဝက်စုဘူးအား တွေးလိုက်သည်။ သို့သော် သူသည် ထိုပိုက် ဆံအားလုံးကို သူ့အန်တီအား ဆန္ဒအလျောက်ပေးခဲ့ပြီး အနာဂတ်တွင် ပိုမို များပြားသော ငွေများရှာဖွေကာ အန်တီအား အားလုံးပေးမည်ဟု စဥ်းစားလိုက်သည်။

ထိုအရာအား တွေးလိုက်သောအခါ ဖေးယွင်ကျင်း ပိုလို့ပင် အသံကျယ်ကျယ်ဖြင့် ပြန်ပြောလိုက်သည်။

သို့သော် ရှုယီကျစ်နှင့် အခြားသူများမှာ မယုံကြည်ဟန်ရှိပြီး သူတို့ တစ်ဦးစီ မေးခွန်းအချို့ ထပ်မံမေးမြန်းခဲ့ကြသည်။

ရှောင်မုန့်- "ရှောင်ကျင်း၊ သူက မင်းအတွက် အရသာရှိတဲ့ အစားအစာချက်ပေးလား? ငါ့ အမေရဲ့ ကိတ်မုန့်တွေက အရမ်းကို အရသာရှိတာ!"

သူတို့ကဲ့သို့သော မိသားစုများတွင် အစားအစာများ အားလုံးကို ဂရုစိုက်သော စားဖိုမှူးများ ရှိသော်လည်း ထိုအမျိုးသမီးများမှာ တစ်ခါတစ်ရံ သူတို့၏ ခင်ပွန်းများနှင့် ကလေးများအတွက် ချက်ပြုတ်ပေးတတ်ကြသည်။ ၎င်းအား ချစ်ခင်ကြောင်း ပြသသည့် ဓလေ့ဟု ခေါ်သည်။

ဖေးယွင်ကျင်း- "..."

မဟုတ်ဘူး၊ တစ်ခါမှ မဟုတ်ဘူး။ အန်တီက ကိတ်မုန့်ကို ထား ဘယ်သောအခါမှ ချက်ပြုတ်ခြင်းမပြုခဲ့ပေ။

ချင်ကန်- "သူ မင်းကို အိပ်ရာဝင်ပုံပြင်ပြောပြလား ?"

ဖေးယွင်ကျင်း- "..."

မဟုတ်ဘူး၊ မဟုတ်ဘူး။

သူတို့ အိပ်ရာတစ်ခုတည်း အတူတူအိပ်ခဲ့ကြသော အကြိမ်အနည်းငယ်တွင် မီးပိတ်လိုက်ရုံသာရှိပြီး ဖေးယွင်ကျင်း သူ ကိုယ်တိုင်အိပ်ပျော်သွားခဲ့သည်။

ရှောင်ကျင်း အိပ်ရာဝင်ပုံပြင် မလိုအပ်ပေ!

နောက်ဆုံးတွင် ရှုယီကျစ် မေးလိုက်၏။

"သူ မင်းကို ကစားကွင်းကိုခေါ်သွားဖူးလား ?"

ဘယ်ကလေးကများ ကစားကွင်းကိုမကြိုက်ဘဲနေမည်နည်း ? သူတို့ အားလုံးထိုနေရာသို့ တစ်ကြိမ်မက နှစ်ကြိမ်မကသွားခဲ့ကြပြီးပြီ!

ဖေးယွင်ကျင်း- "..."

ဖေးယွင်ကျင်း တိုးတိုးလေးပြောလိုက်သည်။

"ဒါပေမယ့် အန်တီက ငါ့ကို ဂိမ်းရုံကိုခေါ်သွားခဲ့တာ"

ကျန် သုံးယောက် - ဂိမ်းရုံဆိုတာ ဘာကြီးလဲ ? ဘယ်လိုလုပ်မကြားဖူးရတာလဲ ?"

"ဒါကတော့ သာမန်နေရာတစ်ခုပါပဲ၊ ကစားကွင်းလောက် ကောင်းမှာ မဟုတ်ဘူး" ဟု ရှုယီကျစ် ပြောလိုက်သည်။

ထိုစကားမှာ လီရီပိုင်အား ဒေါသထွက်စေသည်။

"အဓိပ္ပာယ်မရှိတာ! ဂိမ်းရုံက အရမ်းပျော်ဖို့ကောင်းတယ်! ကစားကွင်းထက် အဆတစ်ရာ၊ အဆတစ်ထောင် ပိုပျော်စရာကောင်းတယ်!"

ရှုယီကျစ်- "ငါ မယုံဘူး! ငါတို့ ဘာလို့ အဲဒီကိုတစ်ခါမှမရောက်ဖူးတာလဲ"

သူတို့နှစ်ဦး ငြင်းခုံရန် နီးစပ်လာချိန်တွင် မစ္စတာဖန် ပေါ်လာပြီး သူတို့၏ခေါင်းများအား ရိုက်နှက်လိုက်သည်။

"မင်းတို့က အရမ်းအားအင်ပြည့်ဝနေကြတယ်ဆိုရင် ငါ့ အ တွက် စာလုံးကြီး သုံးလုံးသွားရေး!"

မစ္စတာဖန်သည် ဂို (စစ်တုရင်) ကစားရာတွင် ထူးချွန်သလို၊ ထူးမြတ်သော ကယ်လီဂရပ်ဖီ ပညာရှင်လည်း ဖြစ်သည်။ သူက လက်ရေးလှပညာသည် စိတ်အား ငြိမ်သက်စေပြီး စစ်တုရင်ကို ပိုကောင်းစေနိုင်သည်ဟု ယုံကြည်သည်။ ထို့ ကြောင့် သူသည် ကလေးများအား လက်ရေးလှလေ့ကျင့်ရန်လည်း အမြဲတောင်းဆိုသည်။

သို့သော် ကလေးများအနေဖြင့် လက်ရေးလှ လေ့ကျင့်ခြင်းဟူသည့် ငြီးငွေ့ဖွယ်အလုပ်၊ ပျော်ရွှင်ခြင်းမရှိသော်လည်း မစ္စတာဖန်အား မလွန်ဆန်ရဲသဖြင့် သူတို့ နာခံမှုဖြင့် လေ့ကျင့်ရန် သွားကြသည်။

ဖေးယွင်ကျင်း ပထမဆုံး အလျားလိုက်မျဉ်းအား ရေးနေစဥ် သူ့စိတ်ထဲမှ တွေးလိုက်သည်။

"ကစားကွင်းက ပျော်စရာကောင်းတဲ့ပုံပဲ"

ဒုတိယအလျားလိုက်မျဉ်းကိုရေးတော့ သူ တွေးပြန်သည်။

"ငါ တကယ်သွားချင်တယ်၊ ဘယ်လိုလုပ်ရပါ့ ?"

တတိယ အလျားလိုက်မျဉ်းအား ရေးစဥ်တွင် ဖေးယွင်ကျင်း ရုတ်တရက် အားထည့်လိုက်သည်။

"ဒါဆို ငါ အန်တီကိုသွားပြောမယ်! အန်တီက ကမ္ဘာပေါ်မှာ အကောင်းဆုံး အန်တီဖြစ်ကြောင်း သူတို့ကို ငါ သက်သေပြမယ်!"

တစ်ချိန်တည်းမှာပင် နန်ယု နန်ကျီနှင့် ဖုန်းပြောနေပြီး ဖေးမိသားစုတွင် မကြာသေးမီက ဖြစ်ပျက်ခဲ့သော ကိစ္စများအား သူ ပြောပြသည်ကို နားထောင်နေသည်။

"ဖေးယီကျန့်က တကယ် အစွမ်းထက်တဲ့ လူပဲ"

နန်ကျီ လှောင်ပြောင်ခြင်း မဟုတ်ဘဲ စိတ်ရင်းဖြင့် ပြောသည်။

"အနည်းဆုံး သုံးဆယ်! သူ ဖေးမိသားစုဝင် အနည်းဆုံးသုံးဆယ်‌လောက် ထောင်ထဲပို့လိုက်ပြီ! အကြာဆုံးပြစ်ဒဏ်က နှစ်သုံးဆယ်လို့ ငါ ကြားတယ်၊ အတိုဆုံးက အနည်းဆုံး ငါးနှစ် တစ်ယောက်ကတော့ အသက်ခြောက်ဆယ်ကျော်နေပြီ၊ အင်း၊ ဘယ်လောက် ရက်စက်လိုက်သလဲ!"

ထိုသို့သော ရှေးဟောင်းမျိုးနွယ်စုများအတွက် သွေးသား ဆက်နွယ်မှုမှာ အဓိကဖြစ်သည်။ သွေးသားချင်း ဖြစ်လျှင် မိသားစုဖြစ်သည်၊ တစ်ဦးကိုတစ်ဦး ကူညီရမည်ဟူသော အယူအဆဖြင့် မိသားစုအုပ်ချုပ်သောစနစ်အား အခြေခံထားသည်။

ဖေးယီကျန့် လုပ်ရပ်များမှာ ဖေးမိသားစု၏ အခြေခံအုတ်မြစ်အားထိထိရောက်ရောက် ထိခိုက်စေပြီး ဖေးမိသားစု၏အခြား အကိုင်းအခက်များမှာ သူ့အား ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်နေကြသည်။

ဖေးမိသားစု၏ခေါင်းဆောင်နေရာသည် သူ့အား မိသားစု ကြွယ်ဝမှုနှင့် အာဏာအများစုအား အမွေဆက်ခံခွင့် အာမခံချက်မပေးခဲ့ပါက သူတို့ ဖေးယီကျန့်အား ကြာပြီဖြစ်သော ကာလကတည်းမှ ဖယ်ရှားခဲ့ကြမည်ဖြစ်သည်။

"ဖေးမိသားစုက မကြာသေးခင်က ဘယ်လောက်ဆူညံနေလဲ နင် သိလား"

"ဖေးမိသားစုမှာ လူတွေ နေ့တိုင်း ငိုနေကြတယ်၊ ဖေးယီကျန့်က ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ?"

သူတို့ မိသားစုအား သန့်စင်ချင်ရင်တောင် ထိုမျှ အလျင်စလို လုပ်ဖို့ မလိုပေ။ ရုတ်တရက် ပေါက်ကွဲမှုမှာ ပြင်းထန်သော တုံ့ပြန်မှုအား အလွယ်တကူ ဖြစ်စေနိုင်သည်။ နန်ကျီ သူ ၎င်းအား နားမလည်ဘဲ မနေဟု ယုံကြည်သည်။

နန်ယု နန်ကျီ၏ စိတ်ထဲရှိ သံသယများကို ကြားနိုင်ပါက သူမ အဖြေအား သိပေလိမ့်မည်။

ဖေးယီကျန့် သူ မည်သည့်အချိန်တွင်မဆို သေဆုံးနိုင်သည်ဟု ခံစားနေရသည်၊ မဟုတ်လား ?

မူရင်းစာအုပ်အရ ဖေးမိသားစုမှာ နောက်ဆုံးတွင် ဖေးယွင်ကျင်းကြောင့် ပျက်စီးခဲ့ပါက ဖေးယီကျန့် ဤကဲ့သို့ လှုပ်ရှားမှုမျိုးအား သေချာပေါက် လုပ်မည် မဟုတ်သော်လည်း နန်ယု ၎င်းကို မမှတ်မိခဲ့ပေ။

ထို့ကြောင့် သူ တကယ် ရုန်းကန်နေရသည်၊ သူ့ကိုယ် သူအတွက် ရုန်းကန်နေပုံ မပေါ်သော်လည်း ဖြစ်သည်။

နန်ယု မသိစိတ်မှ မျက်မှောင်ကြုတ်လိုက်သည်။

ထားလိုက်ပါ၊ ဒါ သူ့ကို လက်သီးနဲ့ထိုးမိတာအတွက် တောင်း ပန်တယ်လို့သာ သဘောထားလိုက်တော့။

"ကော၊ ညီမကို တစ်ခုကူညီပါဦး"

နန်ကျီ ရုတ်တရက် မကောင်းသော နိမိတ်တစ်ခုအားခံစားမိလိုက်သည်။

"နင် ဘာလုပ်ချင်ပြန်ပြီလဲ ?"

သူ့အား "ကော" ဟုခေါ်တိုင်း ၎င်းမှာ သေချာပေါက်ကောင်း သောကိစ္စ မဟုတ်နိုင်ပေ!

All Chapters