← Chapters

အခန်း (၅၅)

Vol. 7 Ch. 55

အခန်း (၅၅)

Vol. 7 Ch. 55

လေးနှစ်အရွယ်ဖေးယွင်ကျင်း ထိုသာမန်နေ့၌ မမျှော်လင့်ဘဲ မနာလိုစိတ်ကြီးဝင်လာသဖြင့် အံ့အားသင့်သွားရသည်။

ဤ ဝူနာနာဆိုသည့် ကလေးမလေးမှာ အလွန်ပင်ရဲတင်းလွန်းလှသည်။

သူမလေးသည် သူ့အန်တီအားခိုးနမ်းရုံမက၊ မျက်နှာကိုပါ အန်တီ၏ရင်ဘတ်ထဲတိုးပြီး ထိုးထည့်လိုက်သေးသည်။

ဆရာမမှ ကောင်လေးများသည် ထိုသို့မပြုလုပ်ရဟု ရှင်းရှင်း လင်းလင်းပြောပြထားသည်။ သို့ဆိုလျှင် ကောင်မလေးများအတွက်ကိုကျမူ အဘယ်ကြောင့်ခွင့်ပြုထားရသနည်း ?

အာ! သူ့မျက်နှာကို သူ့အန်တီပါးနဲ့ ဘာကြောင့်ပွတ်တိုက်နေရတာလဲ ?

အခြားတစ်ဖက်ရှိ လီရီပိုင်မှာ စိတ်ဆိုးခြင်းမရှိဘဲ ထိုကလေးမလေးအား တက်ကြွစွာစနောက်နေသည်ကိုမြင်သောအခါ ဖေးယွင်ကျင်းသစ္စာဖောက်ခံရသည်ဟု ခံစားလိုက်ရသည်။

"ရှောင်ပိုင်! ငါတို့အားလုံး ဒီကလေးဆိုးကို သပိတ်မှောက်ဖို့ အတူတူမလုပ်သင့်ဘူးလား?"

ဖေးယွင်ကျင်း မစ္စတာဝူနှင့် မစ်ဝူတို့အားစိုက်ကြည့်မိသည်။

ခင်ဗျားတို့ ဘယ်တော့ပြန်မှာလဲ ? ဒီကလေးဆိုးကိုပြန်ခေါ်သွားကြပါတော့!

မစ္စတာဝူနှင့် မစ်ဝူတို့သည် ဖေးယွင်ကျင်းအကြည့်အား နားလည်နိုင်ခြင်း မရှိသည်မှာ သေချာသည်။ သူတို့သည် ဝူနာနာ နန်ယုအား ဤမျှသဘောကျသည်ကိုမြင်ရ၍ဝမ်းမြောက် နေကြသည်။

မိဘများ၏အမြင်ထက် ကျော်လွန်၍ နန်နှင့် ဖေးမိသားစုများမှာ မကြာသေးမီက လျင်မြန်စွာကြီးထွားလာနေပြီး နန်ယုသည် မိသားစုနှစ်ခုကြား ချိတ်ဆက်သူအဖြစ်ဆောင်ရွက်ခဲ့သည်။ ၎င်းတို့သာ သူတို့ဆက်ဆံရေးအား အောင်မြင်စွာမြှင့်တင်နိုင်ပါက ပိုမိုရုန်းကန်နေရသော ဝူမိသားစုအတွက်အကျိုးကျေးဇူး ဖြစ်လိမ့်မည်။

မစ္စတာဝူသည် ဤဗီလာဝင်းသို့ပြောင်းရွှေ့ရန်ပင် စတင်စဥ်းစားခဲ့သည်။ ဤနေရာတွင် နန်ယုအိမ်နှင့်လမ်းလျှောက်ပါက ဆယ်မိနစ်လောက်သာဝေးသည့် ဗီလာတစ်လုံး သူတို့ပိုင်ဆိုင်ထားရှိသည်။

"ကျဲကျဲ~"

"အွန်း"

မစ်ဝူသည် သူ့အငယ်ဆုံးသမီး နန်ယုအား တွယ်ကပ်နေသည်ကိုမြင်သောအခါ အံ့အားသင့်သွားသည်။ မစ်ဝူ သူမ သမီးအကြောင်းအား ကောင်းစွာသိသည်။ ငယ်ရွယ်သော်လည်း သူမသည် စိတ်တိုတတ်ပြီး သူမ မကြိုက်သော မည်သူမဆို သူမအား ထိရန်ခက်ခဲသည်။

ဒါ ကံကြမ္မာများဖြစ်မလား ?

ရဲ၏ နန်ယုကယ်ဆယ်မှုနှင့် ပတ်သက်သော ထုတ်ဖော်ချက်အား ပြန်လည်စဥ်းစားကြည့်သောအခါ ၎င်းမှာကံကြမ္မာဖြစ် သည်ကို ပိုသေချာသွားရသည်။

ထိုမျှ တိုက်ဆိုင်မှုမျိုးမှာ အခြားမည်သို့ဖြစ်နိုင်မည်နည်း။

နန်ယု ဂုဏ်သိက္ခာဖြင့် သူမသည် ပုံမှန်အားဖြင့် မြို့ပြကျေးရွာသို့ မည်သို့သွားရောက်လည်ပတ်နိုင်မည်နည်း။ သူမ မသွားခဲ့ပါက သာမန်လူများမှာ ထိုဖိနပ်များ၏တန်ဖိုးကို မည်သို့အသိအ မှတ်ပြုနိုင်မည်နည်း။

ဤအရာအားလုံးမှာ ကံကြမ္မာ၏ပြဋ္ဌာန်းချက်ပင်!

ထိုအတွေးမှာ သူ့စိတ်ထဲတွင် ပိုမို ခိုင်မာလာသော်လည်း မစ်ဝူ ၎င်းအား ချက်ချင်းထုတ်ဖော်ပြောဆိုခြင်းမရှိပေ။

ယခု ထုတ်ဖော်ပြောဆိုခြင်းသည် အခွင့်ကောင်းယူနေသလို ခံစားရသည်။ သူမ မိသားစုနှစ်ခု ပိုရင်းနှီးလာသည်အထိ စောင့်ဆိုင်းပြီး ၎င်းကို ဆွေးနွေးရန် သင့်လျော်သောအခွင့်အ ရေးအား ရှာဖွေသင့်သည်။

ဝူမိသားစုတွင် ဤနေရာ၌ ဗီလာတစ်လုံးရှိသည်ကို သူမ မှတ် မိသည်။

ပြောရမည်ဆိုလျှင် မျှော်လင့်ထားသည့်အတိုင်း လက်ထပ်ပြီးသော ဇနီးမောင်နှံဖြစ်သည်။ သူတို့၏ရည်မှန်းချက်များ ကွဲပြားသော်လည်း ဤအချိန်တွင် သူတို့လိုချင်သော ရလဒ်များမှာ ထူးဆန်းစွာတိုက်ဆိုင်နေသည်။

နန်ယု ထိုအရာအားလုံးကို သတိမထားမိပေ။ သူမ ဝူနာနာအား ချစ်စရာကောင်းသည်ဟု ရိုးရှင်းစွာယူဆပြီး သူမနှင့် အနည်း ငယ် ပိုကြာကြာဆော့ကစားရခြင်းကို ပျော်ရွှင်နေသည်။

ဤသည်မှာ နန်ယုအတွက် ထိုမျှ ငယ်ရွယ်သောကလေးတစ်ဦးနှင့် နီးကပ်စွာဆက်ဆံဖူးသည့် ပထမဆုံးအကြိမ်လည်းဖြစ် သည်။ ဇာတ်ပို့မလေးအရွယ်ရောက်လာသောအခါ ထိုသို့သော အရာများကိုလုပ်ဆောင်မည်ဖြစ်သောကြောင့် ငယ်ရွယ်စဥ်က အပြုအမူကောင်းမည်မဟုတ်ဟု သူမ ယူဆခဲ့သည်။ မမျှော် လင့်ဘဲ သူမသည် ဘက်လိုက်နေခဲ့သည်။

သေးငယ်ပြီးနူးညံ့သော ဘောလုံးလေးမှာ အနည်းငယ်ကြိုး စားရုံဖြင့် အရည်ပျော်သွားမည့်အလားဖြစ်ပြီး ဖေးယွင်ကျင်း၊လီရီပိုင်တို့နှင့် လုံးဝကွဲပြားသော ခံစားမှုဖြစ်သည်။

ဒါ ချစ်စရာကောင်းတဲ့ မိန်းကလေးလား ?

မစ္စတာဝူနှင့် မစ်ဝူတို့သည် ဧည့်သည်များဖြစ်ပြီး ညဉ့်နက်လာပြီဖြစ်သောကြောင့် သူတို့အား နောက်ထပ်အနှောင့်အယှက်မပေးနိုင်ဘဲ ထွက်ခွာရန်ထရပ်ကြသည်။

မစ်ဝူ နန်ယု၏လက်ထဲတွင် တွယ်ကပ်နေသော ကလေးငယ်လေးအား ကောက်ယူရန်ကြိုးစားသော်လည်း... မရခဲ့ပေ။

ဝူနာနာ နန်ယု လက်များအား တင်းတင်းကြပ်ကြပ်တွယ်ကပ်ထားပြီး မစ်ဝူ၏ချော့မော့မှုများကို ငြင်းဆန်ကာ ထွက်ခွာရန် ငြင်းဆန်သည်။ ယခုအခါ စိတ်လိုလိုက်လျောမှုအရိပ်အ ယောင် ပေါ်လာသည်။

နောက်ဆုံးတွင် နန်ယု ထိုမိန်းကလေးအား သူ့ရင်ခွင်မှချော့မော့ ထုတ်လိုက်ရသည်။ သူ မစ်ဝူရင်ခွင်သို့ ပြန်ရောက်သောအခါ သူ့ မျက်လုံးများမှာ ချက်ချင်းနီရဲလာပြီး ၎င်း၏ကြီးမားသော၊ ပဲစေ့အရွယ် သူငယ်အိမ်များပင် နှလုံးကြေကွဲဖွယ်နည်းလမ်းဖြင့် ညှိုးငယ်သွားသည်။

"ကျဲကျဲ ကျဲကျဲ"

"ကောင်းပြီ၊ နာနာ၊ လိမ်လိမ်မာမာနေပြီး အန်တီကို နှုတ်ဆက်လိုက်ပါ"

"ကျဲကျဲ ကျဲကျဲ"

ဤသို့ ဆက်လက်ဖြစ်နေတော့မည့်အလား ဖြစ်သော်လည်း မစ်ဝူ ဝူနာနာကိုစိတ်ရင်းအပြည့်ဖြင့် ခေါ်ဆောင်သွားပြီး မစ္စတာဝူအား သူ့နောက်ဆုံး၊ ရှက်ရွံ့သော နှုတ်ဆက်စကားကိုပြောကြားစေခဲ့သည်။

သို့သော် နန်ယု သူ့အား တံခါးဝသို့လိုက်ပို့သောအခါ မစ္စတာဝူသည် လူတိုင်းအာရုံစိုက်မှု ကင်းမဲ့သည်ကို အခွင့်ကောင်းယူကာ စာတစ်စောင်ကို နန်ယုလက်ထဲသို့ထိုးထည့်ပေးလိုက်ပြီး အပြုံးမပျက်ထွက်ခွာသွားသည်။

သူ ထိုစာအား ကြိုတင်ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သော် လည်း သူမကို ပေးသင့်၊ မပေးသင့် မဆုံးဖြတ်ရသေးပေ။ မစ္စတာဝူ (ဝူရွှယ်ခိုင်) နန်ယုအခြေအနေအား အရင်လေ့လာချင်နေခဲ့သည်။

သူ မကြာသေးမီက "နာမည်ကြီး" ပြီး နန်အုပ်စု၏ကံကြမ္မာအားမြှင့်တင်ရာတွင် ကူညီပေးခဲ့သော ဤမိန်းကလေးသည် တကယ်ပြောင်းလဲသွားပြီလား၊ ယခင်ကလို မဟုတ်တော့ဘဲ မိုက်မဲပြီး စိတ်လိုလိုက်လျောသူ မဟုတ်တော့ကြောင်းကို သူ မြင်လိုသည်။

ထိုသို့ဆိုလျှင် သူ သူမအား ထိုစာပေးပြီး ကောင်းမွန်သော ဆက်ဆံရေးကို ထူထောင်ကာအနာဂတ်တွင် ထပ်မံတွေ့ဆုံရန် မျှော်လင့်မိသည်။

မဟုတ်ပါက သူသည် သူ့သမီးအား ကယ်တင်ပေးသည့်အ တွက် ကျေးဇူးတင်စကားပြောရန်အတွက်သာ ယနေ့ လာရောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အစောပိုင်း သူတို့ပြောဆိုခဲ့သော စကားဝိုင်းမှာ ဝူရွှယ်ခိုင်၏ကိုယ်ပိုင်ဆုံးဖြတ်ချက်နှင့် ပေါင်းစပ်လိုက်သည့်အခါ နောက်ဆုံး သူ ထိုစာကို နန်ယုအားပေးရန်ဆုံးဖြတ်လိုက်သည်။

နန်ယုသည်လည်း အလားတူပင် တည်ငြိမ်နေသည်။ သူမ၏ လက်ထဲတွင် မည်သည့်စာမှန်းမသိသော စာတစ်စောင်ရှိနေသော်လည်း မျက်နှာတွင် ထူးခြားသောလက္ခဏာတစ်စုံတစ်ရာ မပြပေ။ သူမ ထိုလူအား တံခါးဝအထိလိုက်ပို့ပြီးမှ ခန်းမသို့ ပြန်လာသည်။ စာပါအကြောင်းအရာအားဖတ်ရန် လူရှင်းသော အပေါ်ထပ်သို့ ချက်ချင်းတက်သွားခြင်းမရှိချေ။

"ဘာဖြစ်နေတာလဲ ? ငါ့ ရှောင်ကျင်းလေးက နှုတ်ခမ်းဆူနေတာ ဆီပုလင်းတောင် ချိတ်လို့ရတော့မယ်နော်~"

နန်ယု ဖေးယွင်ကျင်း မပျော်ရွှင်သည်အားကြာမြင့်စွာကတည်း ကသတိထားမိခဲ့ပြီး ခဏစဥ်းစားလိုက်သောအခါ ဘာဖြစ်နေ သည်ကို နားလည်သွားသည်။ ကလေးဆန်သော ပိုင်ဆိုင်လိုစိတ် ထပ်မံထိုးထွက်လာခြင်းဖြစ်မည်။

"မဟုတ်ဘူး! ကျွန်တော် နှုတ်ခမ်းမဆူဘူး!"

ဖေးယွင်ကျင်း တစ်ခါတစ်ရံ နှုတ်ခမ်းဆူလေ့ရှိသော်လည်းမကြာသေးမီက ကောင်လေးများတွင် နှုတ်ခမ်းဆူခြင်းမှာ ကလေးဆန်သည်ဟု ယူဆလာသောကြောင့် ၎င်းအားရပ်တန့်ထားခဲ့သည်။

ထိုအချိန်တွင် လီရီပိုင် အနာပေါ်ဆားပက်လိုက်သည်။

"ရှောင်ကျင်း၊ မင်း ဘာလို့မပျော်ရတာလဲ?"

ဖေးယွင်ကျင်း သူ့ညီအကိုကောင်းအား ကြည့်လိုက်ပြီး မျက် လုံးများထဲ "မဖြစ်သင့်ဘူးဟု သိသော်လည်း မတတ်နိုင်ခြင်း" ၏နက်ရှိုင်းသော အဓိပ္ပာယ်များပြည့်နှက်နေသည်။

သူ ပြန်ပြောသည်။ "ငါ မပျော်တာမဟုတ်ဘူး!"

လီရီပိုင် ခေါင်းစောင်းလိုက်သည်။

"နန်ကျဲကို အဲ့ညီမလေး နမ်းခဲ့လို့လား?"

ရွှတ်ခနဲ!

နန်ယုသာ ဖေးယွင်ကျင်း ဒေါသလွန်ကဲသွားပြီး ချော့မော့၍မရနိုင်မည်ကိုမကြောက်ခဲ့ပါက သူမ ကျယ်လောင်စွာရယ်မိလိမ့် မည်။ ညီအစ်ကိုကောင်း မဟုတ်ဘူးလား ? ဘာအန္တရာယ်မှမရှိတဲ့အချိန်မှာ သူက အန္တရာယ်အရှိဆုံးဖြစ်နေတာပဲ!

ဝမ်းနည်းဖွယ် "ညီအစ်ကိုချင်း ရန်ဖြစ်မည့်" အခြေအနေကို ကာကွယ်ရန် နန်ယု ရယ်မောခြင်းအားထိန်းချုပ်လိုက်ပြီး ဒေါသထွက်လုနီးပါး ဖြစ်နေသော ဖေးယွင်ကျင်းကိုနှစ်သိမ့်ရန် ကိုယ်ကိုကိုင်းလိုက်သည်။

"စိတ်မဆိုးပါနဲ့ ရှောင်ကျင်း၊ အန်တီက မင်းကိုအချစ်ဆုံးပဲ"

လီရီပိုင် ခေါင်းညိတ်သည်။

"မှန်တယ်၊ ရှောင်ကျင်း၊ မင်း အရမ်းမနာလိုဖြစ်တာပဲ၊ အဲဒါက ကောင်မလေးတွေကို မပျော်စေဘူး၊ မင်း လက်လွှတ်တတ်အောင် သင်ယူရမယ်!"

နန်ယု: "..."

သူမသည် လီရီပိုင် မိန်းကလေးများအားချော့မော့ရာတွင် ထူးချွန်သည်ဟု အမြဲထင်ခဲ့သော်လည်း ယခု ခံစားချက်မှာ ပိုပြင်းထန်လာသည်။ ဒီကလေးမှာ အနာဂတ်တွင် ပင်လယ်ဘုရင် (Player) ဖြစ်လာမည်လား?

ဖေးယွင်ကျင်း လီရီပိုင်စကားများကို ဂရုမစိုက်သော်လည်း နန်ယု စကားများမှာ သူ့အားအနည်းငယ် စိတ်အေးစေသည်။ သို့သော်! သူ နန်ယုအား ကြည့်ရန် ခေါင်းမော့လိုက်သည်။

"သူ အန်တီ့ကိုနမ်းခဲ့တယ်!"

ယခုထိ ဒီကိစ္စနှင့်ရုန်းကန်နေတုန်းပင်!

"မွ!"

နန်ယု နီးကပ်စွာ ကိုယ်ကိုကိုင်းလိုက်ပြီး သူ၏ဖြူစင်နူးညံ့သော ညာဘက်ပါးအားနမ်းလိုက်သည်။ အကျိုးသက်ရောက်မှု ပိုရှိစေရန် ရည်ရွယ်ချက်ရှိရှိ အသံကျယ်ကျယ်ပြုလုပ်လိုက်သည်။

"ရှောင်ကျင်း၊ ဒါ အဆင်ပြေလား ?"

ဖေးယွင်ကျင်းမျက်နှာမှာ ပန်းသီးထက် ပိုနီကာသိသိသာသာ ရဲရဲနီသွားသည်။ နန်ယု နောက်တစ်စက္ကန့်တွင် သူ့ ဦးခေါင်းမှ မီးခိုးများ ထွက်လာမည်လားဟုပင် တွေးမိသည်။

"အန်တီ၊ ကျွန်တော်၊ ကျွန်တော်..."

ဖေးယွင်ကျင်း ပါးစပ်ဖွင့်လိုက်သော်လည်း ခဏတာမျှ စကားတစ်ခွန်းမှ မထွက်လာပေ။ သူ လွန်ကဲစွာ စိတ်လှုပ်ရှားသွားသည်မှာသိသာသည်။

ယင်းအစား လီရီပိုင် ကိုယ်ကိုကိုင်းပြီးပြောလိုက်သည်။

"ကျွန်တော်လည်း နမ်းချင်တယ်! ကျွန်တော်လည်း တစ်ခုလို ချင်တယ်!"

နန်ယု မတုန်လှုပ်ဘဲခေါင်းငုံ့လိုက်ပြီး လီရီပိုင်ကိုပါ နမ်းလိုက်သည်။

"ပျော်သွားပြီလား ? ဒါ ညအိပ်ရာဝင်အနမ်း! ညဉ့်နက်နေပြီ၊ မနက်ဖြန်ကျောင်းသွားရမယ်၊ သွားအိပ်တော့"

တိတ်ဆိတ်နေသော ဦးလေးကျိုးမှာ ရုတ်တရက်ထွက်ပေါ်လာသည်။

"သခင်လေး၊ သခင်လေးရီပိုင်၊ ဦးလေးနောက်ကလိုက်ခဲ့ပါ"

ဖေးယွင်ကျင်း ထိုအချိန်တွင် သတိပြန်ဝင်လာပုံရသည်။ သူ နန်ယုအား ကြည့်လိုက်ပြီး သူ့အပြုံးမှာ ပိုမိုကျယ်ပြန့်လာရသည်။

"ကောင်းပါပြီ၊ အန်တီ၊ ကောင်းသောညပါ~"

"ကောင်းသောညပါ!"

ကလေးအား အောင်မြင်စွာနှစ်သိမ့်ပေးပြီးနောက် နန်ယု ချက် ချင်း အိပ်ပျော်မသွားပေ။ ယင်းအစား သူမသည် အခန်းသို့ ပြန်လာပြီး ဝူရွှယ်ခိုင်ပေးခဲ့သောစာအား ဖွင့်လိုက်သည်။

၎င်းတွင် စာကြောင်းတစ်ကြောင်းတည်းသာ ပါဝင်သည်-

"ဖေးယီကျန့် မိဘတွေသေဆုံးမှုက မတော်တဆမှုမဟုတ်ဘူး၊ သူတို့က ဖေးမိသားစုအပေါ် လွှမ်းမိုးမှုအချို့ရှိကောင်းရှိနိုင်တယ်"

ထိုစာသည် ပုံနှိပ်ထားပြီး အခြားအမှတ်အသားများမရှိပေ။ နန်ယု သူမ ကိုယ်တိုင် လက်ဗွေစစ်ဆေးရန် သွားခဲ့လျှင်ပင် ဝူရွှယ်ခိုင်လက်ဗွေမှာ စက္ကူပေါ်တွင် ရှိမည်မဟုတ်ကြောင်း ယုံကြည်သည်။ ထိုမြေခွေးအိုသည် ခြေရာ လက်ရာ မချန်ထားပေ။

၎င်းကို ဖတ်ပြီးနောက် နန်ယု စာအားဆုတ်ဖြဲကာ အိမ်သာထဲသို့ ရေဆွဲချလိုက်သည်။

သူ ဒါကို သိသည်။

ဖေးယီကျန့်၏ မိဘများ စုဆောင်းထားသော သက်သေများမှာ "Starry Sky" ပန်းချီကားအတွင်း၌ ရှိကြောင်းကိုလည်း သူမ သိသည်။ ပန်းချီကားအတွင်းရှိ ညွှန်ကြားချက်များကို လိုက်နာရုံဖြင့် ဖေးမိသားစု၏လျှို့ဝှက်စာရင်းအား သူတို့တွေ့ရှိမည်ဖြစ်သည်။

၎င်းတွင် ဖေးမိသားစု အကိုင်းအခက်များစွာ၏တရားမဝင် လှုပ်ရှားမှုများ အသေးစိတ်ပါဝင်သည်။ အခွန်ရှောင်ခြင်း၊ တရားမဝင် အတိုးကြီးချေးငွေလုပ်ငန်း၊ အရက်သောက်ပြီး ကားမောင်းခြင်း၊ တိုက်ပြီးထွက်ပြေးခြင်းနှင့် ပြစ်ဒဏ်အစား ထိုးရန် တစ်စုံတစ်ဦးအား ရှာဖွေခြင်းတို့ ပါဝင်သည်။

ခေတ်နောက်ကျသော ဖေးရှင်းလင်းပင်လျှင် ထိုလူများနှင့် နှိုင်းယှဉ်ပါက ချစ်စရာကောင်းနေသလိုဖြစ်နေသည်။

ဖေးမိသားစု အနှစ်သာရမှာ ပုပ်သိုးနေသည်။

နန်ယု ကြိုတင်ကာကွယ်မှု အစီအစဥ်အဖြစ် ပန်းချီကားအား တောင်းဆိုခဲ့သည်။ ဖေးယီကျန့် ကွာရှင်းရန်ငြင်းဆိုပါက သူမ ၎င်းအား ညှိနှိုင်းစရာအချက်တစ်ခုအဖြစ် ကမ်းလှမ်းနိုင်ပြီး သူ သဘောတူမည်ဟု ယုံကြည်သည်။

သို့သော် ယခုအခါ ပေထန်မိသားစုကိစ္စ ဖြေရှင်းပြီးစီးသွားပြီဖြစ်၍ သူမ ကွာရှင်းမှုကို ရှေ့သို့ ဆက်လက် ဆောင်ရွက်ရန် စီစဉ်ထားသည်။ နန်နှင့် ဖေးမိသားစုစီမံကိန်းများမှာ ချောမွေ့စွာရှေ့ဆက်နေပြီး ပေထန်မိသားစုထံမှရရှိခဲ့သော အကျိုးအ မြတ်များဖြင့် ကွာရှင်းမှု၏သက်ရောက်မှုသည် မပြောပလောက်အောင် ဖြစ်သွားလိမ့်မည်။

ထို့ကြောင့် နောက်ထပ် လအနည်းငယ် ကြာအောင် ဆွဲဆန့်နေရန် မလိုအပ်တော့ပေ။ ရှုပ်ထွေးသော ကြိုးထုံးအား ဖြတ်ရန် အချိန်တန်ပြီ။

ထို့နောက် နန်ယု ပန်းချီကားကို ဖေးယီကျန့်အား ပေးလိမ့်မည်။ သက်သေ အရင်းအမြစ်အတွက်မူ... သူမ ရိုးရိုးလေး ဖန်တီးနိုင်သည်။ ဝူမိသားစုအား အကြောင်းပြချက်အဖြစ်သုံးနိုင် သည်။

သူမ သိထားသည်မှာ ဖေးမိသားစုသည် နောက်ဆုံးတွင် ဒုက္ခ ရောက်မည်ကို သူမ မကြောက်ပေ။ သို့သော် ထိုအရာသည် နန်ယုနှင့် မသက်ဆိုင်ပေ။

ထိုနေ့တွင် နန်ယုနှင့် ပတ်သက်သော ခေါင်းစဥ်တစ်ခု ရုတ်တ ရက် ရေပန်းစားသော ရှာဖွေမှုဖြစ်လာပြီး ရေပန်းစားသော ရှာဖွေမှုများ၏ထိပ်ဆုံးသို့ လျင်မြန်စွာ တက်ရောက်ကာ အင်တာနက်အသုံးပြုသူ အများအပြားအား ထိုခေါင်းစဥ်တွင် ပါဝင်စေခဲ့သည်။

မည်သို့ပင်ဆိုစေ ခေါင်းစဥ်မှာ အမှန်တကယ် ဆွဲဆောင်မှု ရှိသည်။

#နန်ယု လူကုန်ကူးသမား

မသိသူများက နန်ယုသည် လူကုန်ကူးသမား ဖြစ်သည်ဟု ထင်ကောင်းထင်နိုင်သည်။ နန်ယု ရဲဖမ်းခံရခြင်း၏ ယခင်သတင်းများကို ပြန်လည် အမှတ်ရကြပြီး အင်တာနက်အသုံးပြုသူများမှာ ချက်ချင်းပင် စွဲလမ်းကာ ခေါင်းစဥ်အားနှိပ်ရန် အလျင်အ မြန်သွားကြသည်။ သို့သော် ၎င်းကို နှိပ်လိုက်သောအခါ လုံးဝ ကွဲပြားခြားနားသောအရာတစ်ခုအား သူတို့ တွေ့ရှိခဲ့ကြသည်။

ခေါင်းစဥ် ဖိုရမ်ရှိ ပထမဆုံး ပို့စ်မှာ မြို့တော်ရဲတပ်ဖွဲ့၏တရား ဝင်ကြေငြာချက်ဖြစ်သည်။ ၎င်းတွင် ရဲတပ်ဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများနှင့် စေတနာရှင် နိုင်ငံသားမစ္စနန်၏ကူညီမှုကြောင့် ကြီးမားသောကလေးကုန်ကူးမှု ကွန်ရက်ကိုဖြိုခွဲနိုင်ခဲ့ပြီး ကလေးဆယ့်နှစ်ဦးအားကယ်တင်ခဲ့ကာ ဂိုဏ်းဝင်အားလုံးကို ဖမ်းဆီးနိုင်ခဲ့ကြောင်းကြေငြာခဲ့သည်။

ဒါ သတင်းကောင်းပဲ!

ဒါဆို အဲ့တာ နန်ယုနဲ့ဘာဆိုင်လို့လဲ ?

ကြေငြာချက်တွင် ဖော်ပြထားသော မစ္စနန်မှာ နန်ယုဖြစ်နိုင်သ

လား ?

လူတိုင်း အစပိုင်းတွင် ၎င်းတို့နှစ်ဦးစလုံး နောက်ဆုံးအမည် နန် ကိုမျှဝေခြင်းမှာ တိုက်ဆိုင်မှုဟုထင်ခဲ့ကြသော်လည်း ထို့နောက် ဤအောက်ရှိ ပထမဆုံးမှတ်ချက်အား ကြည့်လိုက်ကြသည်။ တရားဝင် Weibo အကောင့်မှ နောက်ထပ် နဖူးစည်းစာတမ်းတစ်ခုအား ပို့စ်တင်ခဲ့သည်။

၎င်းတွင် ရှင်းရှင်းလင်းလင်းဖော်ပြထားသည်- "မစ္စနန်ယု ရဲ တွေကို ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်..." ကျန်ပို့စ်မှာ မသက်ဆိုင်ပေ။ "နန်ယု" ဟူသော စာလုံးနှစ်လုံးမှာ အလွန် ထင်ရှားနေသည်။

နောက်ဆုံးအမည် နန်မှာ တိုက်ဆိုင်မှု ဖြစ်နိုင်သော်လည်း နန်ယုကော တိုက်ဆိုင်မှုလား ?

[ငါ မစ်နန်ကို အလှပန်းအိုးလေးလို့ထင်ခဲ့တာ၊ အခုတော့ မှားသွားမှန်း သိပြီ၊ ငါ့ အသိဉာဏ် နည်းပါးမှုအတွက် တောင်းပန်ပါတယ်]

[ဒါ အမှန်လား? နန်ယုက လူကုန်ကူးသမားတွေကို ဘယ်လို ကူဖမ်းနိုင်တာလဲ? မှားနေတာများလား?]

[အပေါ်က လူ၊ မင်းက ငါတို့ရဲ့ မဟာ Flower နိုင်ငံက ရဲတပ်ဖွဲ့ကို စောဒကတက်နေတာလား? မင်း ခုနက တစ်ယောက် ယောက်ကိုဆဲနေတာ ငါ သတိထားမိတယ်၊ အခု မျက်နှာ ဖြတ်ရိုက်ခံရတာ ဘယ်လိုလဲ?]

...

ထိုနေ့တွင် #နန်ယုကိုတောင်းပန်ပါ# မှာ ဒုတိယ အများဆုံး ရှာဖွေခံရသော ခေါင်းစဥ် ဖြစ်လာသည်။ ဆိုလိုသည်မှာ ထိပ်ဆုံး ခေါင်းစဥ် သုံးခုတွင် နှစ်ခုမှာ နန်ယုအတွက် ဖြစ်ပြီး ၎င်းသည် ထိပ်တန်းနာမည်ကြီးများစွာပင် မရနိုင်သော အခွင့်အ ရေးဖြစ်သည်။

အင်တာနက်အသုံးပြုသူများထံမှ ချီးကျူးစကားများနှင့် တောင်းပန်မှုများ ရှိသော်လည်း နန်ယုကိုယ်တိုင် စိုးရိမ်ပူပန်နေသည်။

အဘိုးနန် ထိုအကြောင်းအား ကြားသောအခါ သူ အလွန်ပျော်ရွှင်ခဲ့သည်။

ထိုပိုးနဖူးစည်းစာတမ်းရှိကြောင်း သိသောအခါ သူ ၎င်းအား နန်မိသားစုစံအိမ်၏ အဓိကခန်းမတွင် ချိတ်ဆွဲမည်ဟု ထပ်တ လဲလဲပြောခဲ့သည်။

နောင်တွင် နန်မိသားစုသို့ လာရောက်သူတိုင်း ၎င်းအား မြင်စေရန်ပင်။ ၎င်းမှာ မယုံနိုင်စရာ ဂုဏ်ကျက်သရေဖြစ်သည်။ ၎င်းမှာ မိသားစုအား ဂုဏ်ယူစေသော ဂုဏ်သရေဖြစ်သည်။

နန်ယု သူမ အဘိုးစိတ်ကူးအား မည်သို့ ဖယ်ရှားရမည်ကို စိုးရိမ်နေသည်။ မဟုတ်ပါက ၎င်းသည်အလွန် အရှက်ရစရာဖြစ်ပေလိမ့်မည်!

၎င်းမှာ လုံးဝ အရှက်ရစရာကိစ္စကြီးပင်။

All Chapters