← Chapters

အခန်း (၅၆)

Vol. 7 Ch. 56

အခန်း (၅၆)

Vol. 7 Ch. 56

နှစ်ပတ်ကြာပြန်လည်ကောင်းမွန်လာပြီးနောက် လီယွမ်မို နောက်ဆုံးတွင် ဆေးရုံမှ ဆင်းကာ သူ့ဗီလာသို့ပြန်လာခဲ့သည်။ သူ့ ဒဏ်ရာများမှာ အစပိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော်လည်း ယခုအခါ ပါးစပ်ထောင့်ရှိ မှိန်ဖျော့သောအညိုအ မည်းမှလွဲ၍ သတိပြုမိရန် ခက်ခဲနေပြီဖြစ်သည်။

သူ အပြည့်အဝ ပြန်လည်ကောင်းမွန်လာရန် အချိန်အချို့ လိုအပ်ဦးမည်မှာ သေချာသည်။ အမှန်တကယ်ဆိုရသော် ဤလူ၏ ကနဦးဒဏ်ရာများမှာ တွက်ချက်ထားသည်။ ၎င်းတို့မှာ ပြင်းထန်ပုံရသော်လည်း တကယ်တမ်းတွင် အခြေအနေ ကောင်းသည်။

နန်ယု နန်ကျီထံမှ မိုပိုင်တွင် မကြာသေးမီက အဓိကနည်းပညာဝန်ထမ်းနှစ်ဦးနှင့် ဝန်ထမ်းများစွာ ထွက်ခွာသွားခဲ့ခြင်းကြောင့် သိသာသော ဝန်ထမ်းအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရှိခဲ့ရသည်။

သို့သော် နန်ယု၏အချိန်ကိုက်ငွေကြေး ထောက်ပံ့မှုနှင့် နန်မိသားစုအတွင်းရှိ ဂုဏ်သိက္ခာတို့ ပေါင်းစပ်လိုက်သောအခါ မိုပိုင်၏အနည်းငယ် မတည်မငြိမ်ဖြစ်နေသော အခြေအနေအား တည်ငြိမ်စေရန် ကူညီပေးနိုင်ခဲ့သည်။

နှစ်ဘီလီယံ!

၎င်းအား နန်မိသားစု၏သမီးမှ ရင်းနှီးမြှုပ်နှံခဲ့ခြင်းဖြစ်သည်။ ဒါက အရိပ်ရသောသစ်ပင်ကြီးအောက် နွယ်တက်ခြင်းနှင့်မတူပေဘူးလား ? ဤအချိန်မျိုးတွင် ထွက်ခွာသွားခြင်းသည် မှားယွင်းမှုဖြစ်လိမ့်မည်။

သာမန်ဝန်ထမ်းများက ဤသို့ မြင်နိုင်သော်လည်း လက်တွေ့တွင် ထိုလမှာ အန္တရာယ်ရှိသောလဖြစ်ခဲ့သည်။ လီယွမ်မိုသာ ကိစ္စရပ်များကို မှန်ကန်စွာ မကိုင်တွယ်ခဲ့ပါက မိုပိုင်သည် ယခုအခါ ပေထန်မိသားစု၏အစိတ်အပိုင်း ဖြစ်ကောင်းဖြစ်နေနိုင် သည်။ သို့သော် အန္တရာယ်နှင့်အတူ အခွင့်အရေးလည်းရောက် လာစမြဲပင်။

တစ်ဖက်မှာ လီယွမ်မိုအား ထိခိုက်စေလိုပြီး၊ ကျန်တစ်ဖက်မှာ ကုမ္ပဏီ၏ သစ္စာဖောက်များကို ဖယ်ရှားလိုခဲ့သည်။ ယခုအချိန်အထိ လီယွမ်မို အနိုင်ရခဲ့ပုံရသည်။ ထိုလူမှာ မိမိကိုယ်တိုင်ရော အခြားသူများအပေါ်ပါ ရက်စက်သည်။ သူ့လိုလူမျိုးသာ စီးပွားရေးနယ်ပယ်တွင် အဝေးကြီးသွားနိုင်လိမ့်မည်။

နန်ယု သူမ၏ ငွေကြေးအခြေအနေအားသတိရသောကြောင့် ဤတစ်ကြိမ် လက်ချည်းသက်သက်မလာခဲ့ဘဲ အချို့သော ဖြည့်စွက်စာများနှင့် သစ်သီးများကို ထုပ်ပိုးယူလာခဲ့သည်။

ရိုင်းစိုင်းမှု မဖြစ်စေရန် စိုးရိမ်မှုသာ မရှိပါက နန်ယု လီယွမ်မို သူမအား လွန်ခဲ့သည့် အကြိမ်က ပေးခဲ့သော တန်ပေါင်းများစွာသော ဖြည့်စွက်စာများကိုပင် ပြန်ပေးရန် စဉ်းစားမိကောင်း စဉ်းစားမိမည်။ ခြောက်လရှိပြီဖြစ်သော်လည်း သူမ သုံးပုံတစ်ပုံပင် မသုံးရသေးပေ!

မားမားနန်နှင့် အန်းနင်တို့ပေးခဲ့သည့် အချို့ကိုလည်း ပေါင်းထည့်လျှင် အများကြီးကျန်နေသေးသည်။ သူမ မကြာသေးမီက ငှက်သိုက်ကိုမြင်လျှင် စိတ်ပိုင်းဆိုင်ရာ အမာရွတ်ရရှိနေ သည်အထိပင်။

"ဂုဏ်ယူပါတယ်!"

နန်ယုနှင့် ဖေးယွင်ကျင်း ရောက်လာသောအခါ လီယွမ်မို ဥယျာဥ်ထဲ နေပူစာလှုံနေခဲ့သည်။ သူ လမ်းလျှောက် နိုင်သော်လည်း အနားယူရန် လိုအပ်နေသေးသည်။ လီရီပိုင် အနီးနားရှိ ရှောင်းယွမ်နှင့် ရှောင်းယာတို့ဖြင့် ဆော့ကစားနေသည်။ နန်ယု၊ ဖေးယွင်ကျင်းနှင့် ဖေးယွင်ကျင်း လက်ထဲရှိ ရှောင်မီကိုမြင်သောအခါ သူ့သူငယ်ချင်းများအား ချက်ချင်းစွန့်ပစ်ကာ စိတ်လှုပ်ရှားစွာ ပြေးလာခဲ့သည်။

"ရှောင်မီ၊ ရှောင်မီ၊ မနေ့ညက ငါ့ကိုလွမ်းနေလား?"

လီရီပိုင် မနေ့ကမှ အိမ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရိုးရိုးသားသားပြောရလျှင် သူ အနည်းငယ် အထီးကျန်သည်ဟု ခံစားရသည်။ မူလ သူတို့ နန်ယု၏ အခန်းတွင် ရှိစဥ်က ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ အတူတူအိပ်ခဲ့ကြသည်။ ဗီလာတွင် ဧည့်ခန်းအပိုမရှိ၍ မဟုတ်ဘဲ ကလေးနှစ်ဦး၏ကိုယ်ပိုင်တောင်းဆိုမှုကြောင့်ဖြစ် သည်။

ထိုအချိန်က လီရီပိုင် လီယွမ်မိုအား အလွန်စိုးရိမ်နေရမည်ဟု နန်ယု ခံစားခဲ့ရသည်။ သူ ညဘက်စောင်အောက်တွင် လျှို့ဝှက် ပြိးငိုနေရင်ဘယ်လိုလုပ်မလဲ ? ရှောင်ကျင်းနှင့် အတူအိပ်ခြင်းမှာ ပိုစိတ်ချရလိမ့်မည်။ ရလဒ်အနေဖြင့် လီရီပိုင် ယခုအခါ သူ့ကိုယ်ပိုင်အခန်းသို့ ပြန်လာရခြင်းကို အနည်းငယ်စိတ်မသက်မသာ ဖြစ်နေသည်။

"မြောင်~"

ရှောင်မီ ဤကာလတစ်လျှောက် သေသေချာချာ ဂရုစိုက်မှုကြောင့် လုံးဝ ပြန်လည်ကျန်းမာလာခဲ့သည်။ သူ့မျက်လုံးများကို အောင်မြင်စွာ ဖွင့်နိုင်ခဲ့ရုံသာမက တစ်ခါတစ်ရံ သူ့သခင်ကိုပင် တုံ့ပြန်နိုင်ခဲ့သည်။ ထိုဘောလုံးငယ်လေးမှာ ဖေးယွင်ကျင်း ရင်ခွင်ထဲတွင် လဲလျောင်းနေပြီး တစ်ချိန်ကပိန်ပါးခဲ့သော အဝါနှင့် အဖြူရောင် အမွေးများမှာ ယခုအခါ ပွယောင်းယောင်း ဖြစ်လာသည်။

တိရစ္ဆာန်ဆရာဝန်က ကနဦးတွင် ရှောင်မီသည် အမွေးရှည် ကြောင်မျိုးနွယ်ဝင်ဖြစ်ပြီး ချောမောသောလိမ္မော်ရောင်ကြောင် ဖြစ်လာမည်ဟု ပြောခဲ့သည်။ မှန်ပါသည်။ ယခုပင် သူသည် ထိုကလေးငယ်နှစ်ဦး၏ အနှစ်သက်ဆုံးတိရစ္ဆာန်ဖြစ်လာခဲ့သည်။

လီရီပိုင်နှင့် ဖေးယွင်ကျင်းတို့ သူ့အား တစ်ချိန်တည်းတွင် ရှာဖွေတွေ့ရှိခဲ့ကြသော်လည်း ထိုနှစ်ဦးနှင့် ကြောင်သည် ပုံမှန်အားဖြင့် အတူတူ ဆော့ကစားလေ့ရှိသည်။ သို့သော် ရှောင်မီသည် ဖေးယွင်ကျင်းအား ပိုသိသိသာသာသဘောကျသည်။

ဖေးယွင်ကျင်းကပင် ရှောင်မီသည် ရှောင်ပိုင်တွင် အပြင်မှ ခွေးတစ်ကောင် ရှိသည်ကို သိသောကြောင့် ဤသို့ ပြုမူနေခြင်းဖြစ်သည်ဟု နောက်ပြောင်ပြောဆိုခဲ့သည်။ ရှောင်ယွမ်သာ စကားပြောနိုင်ပါက သူ ထိုသားငယ်လေးအား မည်မျှကောင်း ကောင်းပြုစုစောင့်ရှောက်ခဲ့သည်ကို ထည့်သွင်းစဥ်းစားပြီး စိတ်ပျက်အားငယ်စွာဖြင့် အော်ဟစ်ကောင်းအော်ဟစ်နေလိမ့် မည်!

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ တိရစ္ဆာန်ငယ်လေး သုံးကောင်အား ဆော့ကစားရန်ခေါ်ဆောင်သွားကြပြီး နန်ယု လီယွမ်မို၏ တစ်ဖက်တွင် ထိုင်လိုက်သည်။ လီယွမ်မို နန်ယု၏ကနဦး ဂုဏ်ပြုစကားအား နောက်ဆုံးတွင်တုံ့ပြန်ခဲ့သည်။

"ဂုဏ်ယူပါတယ်"

၎င်းသည် အမှန်တကယ်ပင် နှစ်ဦးစလုံးအတွက် မျှဝေခံစားရသော ဂုဏ်ပြုမှု ဖြစ်သည်။ လီယွမ်မို ဝင်ငွေမှာ နန်ယု၏ ဝင်ငွေနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ လီယွမ်မို ပို၍ ရရှိလေ၊ နန်ယု ပိုမို ရရှိလေ ဖြစ်သည်။ လီယွမ်မို နှစ်ဘီလီယံအား စုဆောင်းရန် ပိုင်ဆိုင်မှုများကိုရောင်းချရမည်ဖြစ်သောကြောင့် ငွေကြေးဆုံးရှုံးမှုဖြစ်ရန် သေချာပေါက် မလိုလားပေ။ သို့သော် လီယွမ်မို၏ရင်းနှီးမြှုပ်နှံမှုမှာ ယခုအချိန်တွင် အတော်လေးစိတ်ချရသော အနေအထားတွင်ရှိနေပုံရသည်။

"ဟားဟားဟား၊ ရှောင်မီ ပြေး!"

ကလေးနှစ်ဦး ပျော်ရွှင်စွာဆော့ကစားနေသည့် အသံမှာ အဝေးမှလွင့်မျောလာပြီး လီယွမ်မို၏ ယခင်တင်းမာသော အမူအရာကို အနည်းငယ်ပျော့ပြောင်းစေခဲ့သည်။ လီယွမ်မို လီရီပိုင်နှင့် အချိန်များစွာမဖြုန်းခဲ့ရသော်လည်း လီရိပိုင်အား တန်ဖိုးထား သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

နန်ယု ဂရုစိုက်မှုကြောင့် လီယွမ်မို ဤကာလအတွင်း လီရီပိုင် စိတ်ပိုင်းဆိုင်ရာအရများစွာ "ရင့်ကျက်လာသည်" ကို သတိပြုမိခဲ့သည်။ မနေ့ညက လီရီပိုင် မျှဝေခဲ့သော ပျော်ရွှင်ဖွယ်ရာ အမှတ်တရများ—ဂို သင်ယူရာတွင် ဆရာ၏ ချီးမွမ်းခြင်း ခံရပုံ၊ လူဆိုးဖမ်းရာတွင် မကူညီနိုင်ခဲ့သော်လည်း နောက်တစ်ကြိမ် ကြိုးစားမည်ဟု ကတိပေးပုံ၊ KFC စားပြီးနောက် အစားအ သောက် မဖြုန်းတီးရန်အရေးကြီးကြောင်းသင်ယူခဲ့ရပုံ စသည် တို့မှာ ယင်းအချက်အား သက်သေပြနေသည်။

ပြောရမည်ဆိုလျှင် နှစ်ပတ်အတွင်း လီရီပိုင် ရုပ်ပိုင်းဆိုင်ရာအရ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာအရ အများကြီး ကြီးပြင်းလာခဲ့သည်။ လီရီပိုင်သည် မည်သူတစ်ဦးတစ်ယောက်၏ အတင်း အကျပ် ခိုင်းစေခြင်းမခံရဘဲ လိုအပ်သည့်အခါတိုင်းတက် တက်ကြွကြွ လှုပ်ရှားနေဆဲဖြစ်သည်။ ၎င်းမှာ အစ်ကိုကြီးတစ်ယောက် မြင်တွေ့လိုသည့် အခြေအနေပင်။

"ကျေးဇူးတင်ပါတယ်"

ရုတ်တရက် ထွက်ပေါ်လာသော ကျေးဇူးတင်စကားကြောင့် နန်ယု အံ့အားသင့်သွားသည်။ သို့သော် လီယွမ်မို၏ အကြည့်မှာ ဥယျာဥ်၏ အခြားတစ်ဖက်ဆီသို့ ရောက်နေသည်ကို မြင်သော အခါ၊ ထိုကျေးဇူးတင်စကားသည် မည်သည့်အရာမှ လာသည်ကို နန်ယု ချက်ချင်းနားလည်လိုက်သည်။

"ရပါတယ်ရှင်၊ ရီပိုင်က ရှောင်ကျင်းရဲ့ သူငယ်ချင်းပဲလေ၊ ရီပိုင် ရှိနေလို့ ရှောင်ကျင်း ပျော်နေမှာပါ"

လီယွမ်မို ခေါင်းညိတ်သည်။ သူ့လေသံမှာ အတော်လေးလေး နက်သည်။

"ဒါပေမဲ့ ကျွန်တော်ကတော့ ကျေးဇူးတင်ပါတယ်လို့ ဆက်ပြောချင်တုန်းပဲ၊ ကျွန်တော် မိုပိုင်ကုမ္ပဏီကို ကောင်းကောင်း ဦးဆောင်ပြီး ခင်ဗျားကို ပိုက်ဆံ ပိုဝင်အောင်လုပ်ပေးပါမယ်"

"ဟား ဟား ဟား ~"

နန်ယု မရယ်ဘဲ မနေနိုင်ပေ။

"ကောင်းပါပြီ၊ ဒါဆိုရင်တော့ မစ္စတာလီ၊ ဆက်ပြီးကြိုးစားလိုက်ပါနော်၊ ကျွန်မရဲ့ အငြိမ်းစားယူဖို့ပိုက်ဆံတွေက ရှင့်အပေါ်မှာမူတည်နေတယ်"

ထိုစကားအားကြားလိုက်သည့်အခါ လီယွမ်မို မျက်နှာပေါ်မှာ အပြုံးတစ်ခု ဖြည်းဖြည်းချင်းပေါ်လာသည်။ နန်မိသားစုရဲ့ သမီးက အငြိမ်းစားယူဖို့ငွေလိုအပ်နေဦးမှာလား? သို့သော် နန်ယု စကားအားအလေးအနက်ထားပြီး သူ လိုက်လျောပြောဆိုလိုက်သည်။

"ခင်ဗျား ချမ်းသာကြွယ်ဝတဲ့ဘဝနဲ့ အသက်ကြီးတဲ့အထိ နေထိုင်နိုင်ဖို့ ကျွန်တော် ကြိုးစားပေးပါ့မယ်"

နန်ယု ထပ်မံရယ်မောမိပြန်သည်။ လီယွမ်မိုဟာ တစ်ခါတစ်ရံ လူတွေကို ရယ်မောစေမယ့် အရာတစ်ခုကို အလွန်အလေးအနက်ထားပြီး ပြောတတ်သည်ကို သူမ သတိထားမိသည်။ သူ တကယ် ရည်ရွယ်တာ မဟုတ်ဘဲနဲ့တောင် ထိုသို့ဖြစ်နေသည်။ ဒါ ပင်ကိုဟာသဉာဏ် ရှိတဲ့လူမျိုးလား?

နန်ယု လီယွမ်မိုနှင့် ခဏတာစကားပြောခဲ့ပြီး၊ အဆုံးသတ်ခါနီးတွင် သူ ရုတ်တရက် ကိစ္စတစ်ခုအား ထုတ်ပြောလာသည်။

"လာမယ့် စနေနေ့ နိုင်ငံခြား ခရီးစဉ်ရှိလား?"

"ဟုတ်တယ်"

လီယွမ်မို ခေါင်းညိတ်လိုက်သည်။

"ရီပိုင်ကို ကျွန်တော်နဲ့ ခေါ်သွားမှာ"

လီယွမ်မိုတို့ ညီအစ်ကိုနှစ်ဦး၏ မိဘများ နှစ်ဆယ့်ခြောက်နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ ဖြစ်နေသည်ကို ထိုအခါမှ သိရသည်။ သူတို့၏ မိသားစု စည်းမျဥ်းများအရ လူတိုင်းသည် ထိုနေ့တွင် အတူတကွ ကုန်ဆုံးရမည် ဖြစ်သည်။ လီရီပိုင် သူ့မိဘများအား ခြောက်လကျော်ကြာ မတွေ့ရသေးသည့်အတွက် လီယွမ်မို လိုက်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

အဓိကအကြောင်းရင်းမှာ ကုမ္ပဏီအခြေအနေ တည်ငြိမ်သွားပြီဖြစ်ပြီး လီယွမ်မိုတွင် အားလပ်ချိန် အနည်းငယ် ပိုရလာသောကြောင့် ဖြစ်သည်။

နှစ်ဆယ့်ခြောက်နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့ ?

လီယွမ်မို၏စကားများတွင် တစ်စုံတစ်ရာ ထူးခြားမှုရှိနေသည်ဟု နန်ယု စဥ်းစားနေသော်လည်း ဘယ်ကစပြီး ဆန်းစစ်ရမှန်း မသိခဲ့ပေ။

တကယ်တော့ နန်ယု လီရီပိုင်၏တစ်ခါတစ်ရံ ပြောဆိုမှုများမှတစ်ဆင့် ညီအစ်ကိုများ၏မိဘများမှာ အနည်းငယ် စိတ်မချရပုံရသည်ကို သိနိုင်သည်။ နွေဦးပေါက် မိုးဖွဲဖွဲလေးကလှပသည်ဟု ထင်ပြီး၊ နှစ်နှစ်အရွယ် လီရီပိုင်အား ထီးမပါဘဲ မိုးရေထဲ ဆော့ကစားရန် ခေါ်သွားသည်မျိုးဖြစ်သည်။

၎င်းမှာ လီရီပိုင်အား ထိုညက ဖျားနာစေခဲ့သော်လည်း ကျေးဇူး တင်စရာမှာ လီယွမ်မို အချိန်မီသတိထားမိခဲ့သည့်အတွက် အဆုတ်ရောင်ခြင်း မဖြစ်ခဲ့ပေ။ သို့မဟုတ် နေဝင်ချိန်ကိုကြည့် ရှုနေသည်နှင့် အလွန်စိတ်ဝင်စားနေသောကြောင့် သူ့လမ်းဘေးအက ကခုန်ခြင်းသင်တန်းမှ လီရီပိုင်အား လာရောက်ကြိုရန် မေ့လျော့သွားပြီး ကလေးမှာ လမ်းလျှောက်အိမ်ပြန်လာသည်အထိ နှစ်နာရီကျော်စောင့်ဆိုင်းနေခဲ့ရခြင်းမျိုးဖြစ်သည်။

သုံးနှစ်အရွယ် ကလေးတစ်ယောက်အပေါ် ဤမျှ ပေါ့ဆသည်မှာ လက်ခံနိုင်ဖွယ်မရှိပေ။ ကိုယ့်ကလေးအား လေ့ကျင့်ပေးလိုလျှင်ပင် ဤမျှ ပေါ့ဆရန် လုံးဝ မလိုအပ်ပါ။ ထိုအခါမှ နန်ယု စီးပွားရေးလုပ်ငန်းများနှင့် အလွန်အလုပ်များသော လီယွမ်မိုသည် လီရီပိုင်အား အိမ်သို့ ဘာကြောင့် ပြန်ခေါ်လာရသည်ကို နားလည်ခဲ့သည်။ ထိုပေါ့ဆသော ဇနီးမောင်နှံ၏ ဂရုစိုက်မှုအောက်တွင် ထားခဲ့မည်ဆိုလျှင်... ကြောက်စရာကောင်းသည်! သို့သော် ၎င်းမှာ သူတို့၏ မိသားစုကိစ္စသာဖြစ်၍ နန်ယု မှတ် ချက်များစွာ မပေးခဲ့ပေ။

"ကောင်းပြီ၊ ခရီးစဉ် ဘေးကင်းပါစေလို့ ဆုတောင်းပါတယ်။ ဘယ်နှစ်ရက် ကြာမှာလဲ?"

သူတို့နှစ်ဦး နောက်ထပ် မိနစ်အနည်းငယ်ကြာ စကားပြောခဲ့ကြသည်။ ရိုးရိုးသားသားပြောရလျှင် လီယွမ်မိုသည် စကားပြော ကောင်းသူ မဟုတ်ပေ။ နည်းပညာကျွမ်းကျင်သူများတွင် ဖြစ်လေ့ရှိသည့် ဘုံပြဿနာအား သူ ပိုင်ဆိုင်သည်—ပြောစရာ ခေါင်းစဥ်များ လွယ်ကူစွာကုန်ဆုံးသွားသည်။

နေဝင်စပြုလာသည်နှင့်အမျှ အိမ်ပြန်ရန် အချိန်နီးနေပြီဖြစ် သည်။

မမျှော်လင့်ဘဲ၊ လီရီပိုင် သူတို့အား သွားခွင့်မပြုခဲ့ပေ!

"ကော၊ ကျေးဇူးပြုပြီး!"

"ကျွန်တော် အိပ်ရာမဝင်ခင်ပြန်လာမယ်လို့ ကတိပေးပါတယ်"

"ကျေးဇူးပြုပြီး၊ ကျေးဇူးပြုပြီး!"

လီယွမ်မို နန်ယုအား လှမ်းကြည့်လိုက်သည်။ သူ့မျက်လုံးများက‌ပြောနေသည်မှာ- ဒါကို ခင်ဗျားဆီက သင်ခဲ့တာလား?

နန်ယု မျက်နှာမှာ လေးနက်နေသည်- သေချာပေါက် မဟုတ်ဘူး!

ထိုကဲ့သို့သော ချစ်စဖွယ်ပြုမူခြင်းသည် သင်ယူ၍ရသော အရာမဟုတ်ဘဲ မွေးရာပါဖြစ်သည်။

နန်ယု ထိုကလေးနှစ်ဦးအား မည်သည့်အရာသင်ကြားပေးခဲ့သည်ကို မည်သည့်အခါမျှ ဝန်ခံမည်မဟုတ်ပေ။

မည်သို့ပင်ဆိုစေ၊ လီရီပိုင် ဤတစ်ကြိမ်တွင်အောင်မြင်ခဲ့သည်။ လီယွမ်မို၏အနည်းငယ် စိတ်ပျက်အားငယ်သော အကြည့်အောက်တွင် လီရီပိုင် နန်ယုနှင့် အခြားသူများနောက် သို့ ပျော်ရွှင်စွာ လိုက်ပါသွားသည်။ သူတို့ ဂိတ်သို့ရောက်သော အခါ လီရီပိုင် နောက်လှည့်ကြည့်ပြီး လီယွမ်မိုအားပျော်ရွှင်စွာ လက်ပြလာသည်။

လီရီပိုင် အမှန်တကယ် ပျော်ရွှင်နေသည်၊ လီယွမ်မိုထို ရွှင်လန်း သော အပြုံးအားခံစားနိုင်သည်။

ဤအခြေအနေကြောင့် အစ်ကိုကြီးလီယွမ်မို၊ နန်ယုနှင့် အခြားသူများမှာ သူ့မိသားစုဖြစ်ပြီး လီယွမ်မို နောက်မှစဥ်းစားရမည့်သူသာ ဖြစ်သည်ဟူသော မရှင်းပြနိုင်သည့် ထင်ယောင်ထင်မှား ခံစားမှုအားပေးခဲ့သည်။

လီရီပိုင်နှင့် လီယွမ်မိုတို့၏လေယာဥ်သည် မနက် ဆယ်နာရီတွင် ထွက်ခွာခဲ့သည်။

လီရီပိုင် တစ်ပတ်ကြာ ထွက်ခွာသွားမည်ကို သိသောကြောင့် ဖေးယွင်ကျင်း လိုက်ပါသွားရန် စိတ်ဆန္ဒ အမှန်တကယ်ရှိသည်။ ရိုးရိုးသားသားပြောရလျှင် လီရီပိုင် မိဘများအား သွားရောက်တွေ့ဆုံခြင်းဖြစ်ပြီး ပျော်ရွှင်ရန် ထွက်သွားခြင်း မဟုတ်သောကြောင့် ဖေးယွင်ကျင်း အမြဲတမ်း လိုက်ပါသွား၍ မရနိုင်ပေ။

ဖေးယွင်ကျင်းအပြင် လီရီပိုင်သည်လည်း ထွက်ခွာရန် စိတ်မပါပေ။

လီရီပိုင် မိဘများအား အမှန်တကယ် သိပ်မှီခိုခြင်း မရှိသလို၊ ခြောက်လကျော်ကြာ မတွေ့ရသည့်နောက်တွင်လည်း သိပ် လွမ်းဆွတ်ခြင်း မရှိပေ။ ထို့အပြင် လီရီပိုင် ငယ်စဥ်က သူ့အစ်ကို လီယွမ်မိုကသာ ပို၍ ဂရုစိုက်ခဲ့သည်။ သို့သော် မည်သို့ပင်ဆိုစေကာမူ မိဘရင်းများ ဖြစ်သောကြောင့် အချိန်ကြာမြင့်စွာ မတွေ့ရခြင်းသည်လည်း မကောင်းပုံရသည်။ ဗီလာ၏ တံခါးဝတွင် နှုတ်ဆက်ကြသည်။

လီရီပိုင်: "ရှောင်ကျင်း၊ မင်း ရှောင်ယွမ်၊ ရှောင်မီနဲ့ ဘဲပေါက်လေးကို သေချာဂရုစိုက်ရမယ်နော်၊ ငါ ပြန်လာရင် သူတို့ ငါ့ကို မမှတ်မိတော့ဘူးလို့ မင်း ထင်လား?"

လီမိသားစုတွင် တိရစ္ဆာန်ငယ်လေးများအား အထူးပြုစောင့် ရှောက်သူများ ရှိသော်လည်း လီရီပိုင် ၎င်းတို့ကိုယုံကြည်စိတ် ချရသော သူငယ်ချင်း ဖေးယွင်ကျင်းထံ အပ်နှင်းခဲ့သည်။

ဖေးယွင်ကျင်း: "ရှောင်ပိုင်၊ မဟုတ်ဘူး၊ ငါ ရှောင်ယွမ်၊ ရှောင်မီနဲ့ ရှောင်ယာတို့ကို မင်းအကြောင်း မကြာခဏပြောပြမှာပါ"

ထို့နောက် လီရီပိုင် ဖေးယွင်ကျင်းအား မှာကြားလိုက်သည်။

"အော်၊ ရှောင်ကျင်း၊ မင်း ဒီနေ့ နေ့လယ် ဂိုအတန်းကို သွားရင် ငါ့အတွက် ရှောင်းမန်ကိုပြောဖို့ မမေ့နဲ့နော်၊ ငါ လာမယ့်တနင်္ဂ နွေနေ့အထိ အတန်းကိုတက်ဖြစ်မှာ မဟုတ်ဘူး"

ရှောင်းမန်မှာ ထိုနေ့က ဂို ကစားရာတွင် လီရီပိုင်အား အနိုင်ယူခဲ့သော ကောင်မလေး ဖြစ်သည်။ အတန်းအနည်းငယ်ကြာပြီးနောက် ကလေးများမှာ အချင်းချင်း ရင်းနှီးလာခဲ့ကြသည်။ အစပိုင်းတွင် အလွန် ရန်လိုခဲ့သော ရှုယီကျစ်ပင် မကြာသေးမီက ပျော့ပြောင်းလာပြီး ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့မှာ အတော်လေး စွမ်းဆောင်နိုင်သေးသည်ဟု ဝန်ခံခဲ့သည်။

ဖေးယွင်ကျင်း ခေါင်းညိတ်လိုက်သည်။

"စိတ်မပူနဲ့ ရှောင်ပိုင်၊ ငါ ရှောင်မန်ကို သေချာပေါက်ပြောပြလိုက်မယ်"

"ရှောင်ကျင်း~"

"ရှောင်ပိုင်~"

နန်ယု: ...ဒီကလေးနှစ်ယောက်က ရယ်စရာကောင်းတဲ့ နှစ် ကိုယ်ခွဲ ပြဇာတ်များ ကစားနေကြတာလား? တစ်ပတ်ပဲကြာမှာကို!

သူတို့ မကြာခင် မထွက်ခွာပါက လေယာဥ်လွတ်တော့မည်ကို မြင်သောကြောင့် လီယွမ်မို လီရီပိုင်အားအလျင်အမြန် ကောက်ယူပြီး ကားထဲသို့ "ပစ်ထည့်" လိုက်သည်။ မမျှော်လင့်ဘဲ ဖေးယွင်ကျင်း သူ့ခြေထောက်တိုများကို အခွင့်ကောင်းယူကာ သေးငယ်သော ခန္ဓာကိုယ်ဖြင့် လီယွမ်မိုပတ်လည်တွင် လျင်မြန်စွာပတ်၍ ကားထဲသို့ ဝင်ရောက်လိုက်ပြီးနောက် ခေါင်းအား ထုတ်လိုက်သည်။

"အန်တီ၊ ကျွန်တော် ရှောင်ပိုင်ကို လိုက်ပို့ချင်တယ်"

လီရီပိုင်ကလည်း သူ့ခေါင်းအား ထုတ်လိုက်သည်။

"နန်ကျဲ~"

ဝိုး၊ ဒီကလေးနှစ်ယောက်ဟာ ချစ်စဖွယ် ပြုမူရာမှာ ပိုမိုကျွမ်း ကျင်လာနေကြသည်။

နန်ယု သူမ နဖူးအားအကူအညီမဲ့စွာ ကိုင်ထားပြီး အမူအရာမဲ့နေသော်လည်း အကူအညီမဲ့မှုအား ခံစားနိုင်သော လီယွမ်မိုကိုလည်း လှမ်းကြည့်လိုက်သည်။

"ကောင်းပြီ၊ ကောင်းပြီ၊ လိုက်ပို့လိုက်"

ဂိုအတန်းမှာ နေ့လယ် ၁ နာရီတွင် စတင်ပြီး လေဆိပ်သို့ ကားမောင်းရသည်မှာ မိနစ် ၄၀ ခန့်သာ ကြာသောကြောင့် နန်ယု အချိန်မီ ပြန်ရောက်နိုင်သေးသည်ဟု တွက်ဆလိုက်သည်။

"ရေး! အန်တီက အကောင်းဆုံးပဲ!"

ကျေးဇူးတင်ပါတယ်၊ ကျွန်မ ဒီလို ချီးကျူးခံရတာ မလိုချင်တော့ဘူး။

လမ်းတစ်လျှောက်လုံးတွင် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၌ ပြောစရာ စကားဆုံးခန်းမတိုင်နိုင်ခဲ့ပေ။ သူတို့ လေဆိပ်သို့ ရောက်ခဲ့ရုံသာမက စစ်ဆေးရေးဂိတ်အထိပါ လိုက်ပို့ရန် အတင်းအကြပ်တောင်းဆိုခဲ့ကြသည်။

ကံကောင်းထောက်မစွာဖြင့် စစ်ဆေးရေးဂိတ်အား ဖြတ်ကျော်ရန် တကယ်ပင် ခက်ခဲသည်။ သူငယ်ချင်းအား နှုတ်ဆက်ရန် ဆန္ဒမရှိဘဲ စိတ်ဓာတ်ကျနေသော အမူအရာဖြင့် လှည့်ပြန်လာသည့် ဖေးယွင်ကျင်းကို ကြည့်ကာ နန်ယု ပြုံးလျက် သူ့ခေါင်းအား ထိလိုက်သည်။

"ကောင်းပြီ၊ တစ်ပတ်ဆိုတာ မြန်မြန်ကုန်သွားမှာပါ၊ ဒါ့အပြင် သား ရှောင်ပိုင်နဲ့ ဗီဒီယိုခေါ်လို့ ရသေးတယ်လေ"

ဖေးယွင်ကျင်း မော့ကြည့်လိုက်သည်။

"မဟုတ်ဘူး၊ ရှောင်ပိုင်ရဲ့အိမ်နဲ့ ဒီမှာ အချိန်ကွာခြားမှု ရှိတယ်။ အန်တီ၊ အချိန်ကွာခြားမှု သိလား? ဆိုလိုတာက ကျွန်တော် အိပ်နေချိန်မှာ ရှောင်ပိုင်က နိုးတာ"

နန်ယု: ...မင်းက အရာအားလုံးကို တကယ်စဥ်းစားထားတာပဲ

နန်ယု ဖေးယွင်ကျင်းအား နောက်ထပ် အနည်းငယ် စနောက်ရန် ပြင်လိုက်ချိန်တွင်၊ ရုတ်တရက် သူ့ မျက်လုံးထောင့်မှရင်းနှီး သော ပုံရိပ်တစ်ခုကို မြင်လိုက်ရသည်။

သူ ဘယ်လိုလုပ် ဒီနေရာကိုရောက်လာတာလဲ! ပြီးတော့ ဒီအ ချိန်မှာ?!

နန်ယု သူမ၏ နှလုံးသားအောက်ခြေမှ ခေါင်းထိပ်အထိ အေးစက်သွားသော ခံစားမှုတစ်ခုလျင်မြန်စွာ စီးဆင်းလာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ သူ့ပုံရိပ်အား လျစ်လျူရှုပြီးထိုဦးတည်ရာသို့ ရုတ်တရက်အော်ဟစ်လိုက်သည့် ပထမဆုံးအကြိမ်ဖြစ်သည်။

"ဖေးယီကျန့်!"

All Chapters