အခန်း (၆၄)
Vol. 8 Ch. 64
နန်ကျီ၏ ညီမဖြစ်သူအား မယုံသင်္ကာဖြစ်ဟန်ကြောင့် နန်ယု အတွင်းစိတ်မှ မျက်လုံးလှိမ့်လိုက်မိသည်။
ထို့နောက် သူမ မကျေမနပ်ဖြင့် ပြောလိုက်သည်။
"ကော ညီမကို ပိုက်ဆံပေးချင်လို့များလား?"
မူရင်းဝတ္ထုထဲတွင် ဖေးမိသားစုပြိုလဲရခြင်းမှာ အတွင်းပိုင်း ပျက်စီးယိုယွင်းမှု တစ်ခုတည်းကြောင့် မဟုတ်ဘဲ၊ ကိုယ်ပိုင်စီးပွားရေး အင်ပါယာတည်ထောင်ထားပြီးသူ ဖေးယွင်ကျင်း ဖိအားပေးမှုကြောင့်ဖြစ်သည်။
စီမံကိန်းများ လုယက်ခံရခြင်း၊ လက်ရှိလုပ်ငန်းများ အမြတ်ထုတ်ခံရခြင်း စသည်တို့ကြောင့် ထိုမျှ ကြီးမားသော မိသားစုပင်လျှင် အတွင်းအပြင် ပြဿနာများအားမခံနိုင်တော့ပေ။
ထို့အပြင် ထိုအချိန်က ဖေးယီကျန့် ကွယ်လွန်ပြီးနောက် ဖေးမိသားစုသည် နှစ်ပေါင်းများစွာ မငြိမ်မသက်ဖြစ်ခဲ့ကာ ၎င်းတို့ အင်အားမှာ ကြာမြင့်စွာကတည်းက ဆုတ်ယုတ်နေခဲ့ပြီ ဖြစ်သည်။
၎င်းတို့ နောက်ဆုံး ကံကြမ္မာမှာသဘာဝကျသည့် အဆုံးသတ်သာ ဖြစ်သည်။
ဖေးယွင်ကျင်း မကြီးပြင်းသေးသော်လည်း ဖေးမိသားစုမှာ မူရင်းဝတ္ထုကဲ့သို့ အန္တရာယ်ရှိသော အခြေအနေမျိုးတွင် မရှိသေးသော်လည်း နန်မိသားစု စွမ်းရည်မှာလည်း နိမ့်ကျခြင်းမရှိပေ။
မိသားစု တရားဝင်ခေါင်းဆောင် ဖေးယီကျန့် ပူးပေါင်းဆောင် ရွက်မှုနှင့်အတူ အချိန်ကိုက်မှုမှာ အကောင်းဆုံးမဟုတ်သော် လည်း မဆိုးလှပေ။
နန်ယု ခိုင်မာစွာ ယုံကြည်သည်မှာ ဖေးမိသားစု လုံးဝ ပြန်လည် တည်ဆောက်ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ဟူ၍ ပင်။
ထိုမိသားစု သက်ကြီးရွယ်အိုများမှာ အတွေးအခေါ် ကျဥ်းမြောင်းပြီး ခေတ်ဟောင်းဓလေ့ အကြွင်းအကျန်များဖြင့် ပြည့်နှက်နေကာ ဖေးမိသားစု ဂုဏ်ကျက်သရေရှိ သမိုင်းအား ကမ္ဘာက အသိအမှတ်ပြုစေချင်ကြသည်။ လူငယ်မျိုးဆက်မှာလည်း အခြေအနေ သိပ်မကောင်းဘဲ မိသားစု အာဏာအားသုံး၍ ရာဇဝတ်မှုများ ကျူးလွန်ကာ ဖောက်ပြန်မှုများတွင်မွေ့လျော်နေကြသည်။
နန်ယု သိသလောက်အရဆိုလျှင် ဖေးမိသားစု လူငယ်မျိုးဆက်တွင် အလားအလာ အကောင်းဆုံးသူများ အရေအတွက်မှာ လက်ချိုးရေတွက်နိုင်သည့်ထက်ပင် နည်းပါးပေလိမ့်မည်။
ထိုလူများထဲတွင် ဖေးယီကျန့်သည် ရွှံ့နွံထဲမှ မပေကျံဘဲထွက်ပေါ်လာသည့် ကြာပန်းတစ်ပွင့်လိုထူးခြားစွာထင်ပေါ်နေခဲ့သည်။
ပုံမှန်ဆိုလျှင် ထိုမျှကြီးမားသော မိသားစုမှာ မျိုးဆက်သစ်များ ပညာရေးအား အဓိကထားရမည် ဖြစ်သည်။ သို့သော် ဖေးမိသားစု သက်ကြီးရွယ်အိုများမှာ အခြားသူများအား အဓိကမကျသော ဘေးလူများအဖြစ်သာသဘောထားကြသည်။ ၎င်းတို့ အနာဂတ်သည် ကိုယ်ပိုင် ကြိုးစားအားထုတ်မှုအပေါ် မူတည်သည်ဟု ယူဆကာ အောင်မြင်လိုလျှင် ထိုနည်းအတိုင်း လုပ်ဆောင်ရမည်ဟု သတ်မှတ်ကြသည်။
ဖေးမိသားစု အမြဲတမ်းနေထိုင်လာခဲ့သည့် နည်းလမ်းမှာ ဤသို့ပင် မဟုတ်ပါလား?
ဖေးမိသားစု "ထူးချွန်သော" မျိုးရိုးဗီဇအား ထည့်သွင်းစဉ်းစားပါက၊ မျိုးဆက်တိုင်းတွင် အဓိကမျိုးဆက်မဟုတ်သော ဆွေမျိုးသားချင်းများထဲမှ ထူးချွန်သူ တစ်ဦး သို့မဟုတ် နှစ်ဦး ထွက်ပေါ်လာနိုင်သည်။ ဤသည်မှာ ၎င်းတို့ မိဘအုပ်ထိန်းမှု နည်းလမ်းများ မှန်ကန်ကြောင်းကို ပိုအာမခံပေးသည်။
နန်ယု စီစဉ်နေသည့်အရာအားကြားပြီးနောက် နန်ကျီ သံသယဖြင့် စက္ကန့်အနည်းငယ်ကြာရပ်တန့်နေပြီးမှ သတိထားကာ ပြောလာသည်။
"ညီမလေး၊ နင်က 'အချစ်ကို အမုန်းအဖြစ်ပြောင်းလဲပစ်နေတာ' မဟုတ်ဘူးလား ?"
နည်းလမ်းများအရ ကြည့်လျှင် ဖေးမိသားစုအား ဖျက်ဆီးရန် ကြိုးစားနေသည်မှာရှင်းနေသည်။
နန်ယု: "..."
သူမ အသံမှာ ရုတ်တရက်တင်းမာလာသည်။
"မူလတန်း တရုတ်စာတောင်မအောင်မြင်တဲ့ လူတွေက စကား ပုံတွေ သုံးစရာမလိုဘူး"
"တစ်ခွန်းတည်းပြော လုပ်မလား၊ မလုပ်ဘူးလား?"
နန်ကျီ: "...ညီမလေးက ကောကို ရွေးချယ်ခွင့် တကယ်ပေးနေတာလား?"
သို့သော် အမြတ်အစွန်းရမည့် အလုပ်တစ်ခုအား မလုပ်ဘဲ နေလျှင် နောင်တရလိမ့်မည် မဟုတ်ပါလား? သူ သဘောတူရန် ပြင်ဆင်နေစဥ် နန်ယု ရုတ်တရက် ထပ်ပြောသည်။
"ဒီတစ်ခါ ရတဲ့ အမြတ်ရဲ့ ၉၀% ကို လှူဒါန်းဖို့ မမေ့နဲ့...ဆင်း ရဲနွမ်းပါးမှု တိုက်ဖျက်ရေးဖြစ်ဖြစ်၊ ကျောင်းဆောက်တာဖြစ် ဖြစ်၊ ကော သဘောပဲ၊ ဘာတစ်ခုမှ ကိုယ့်အတွက်သိမ်းမထားနဲ့"
နန်ယု သူ့အားအဘိုးကျင်း သတိပေးချက်နှင့် ပတ်သက်၍ ယခင်က သတိပေးဖူးသည်ကို သတိရပြီး အနည်းငယ် မျက် မှောင်ကြုတ်လိုက်သည်။
အကြီးအကဲများမှာ တစ်ဦးတည်း လွှမ်းမိုးသော ငွေရှင်ကြီးအား လုံးဝမလိုချင်ပေ။ ယခင်က ဖေးမိသားစုမှာ အင်အားကို မျှဝေပေးခဲ့သည်။ ပေထန်မိသားစုမကြာသေးမီနှစ်များအတွင်း အလွန်အကျွံလုပ်ဆောင်ခဲ့ကာ ၎င်းတို့ နည်းဗျူဟာများ ပိုယုတ်မာလာသည်အား ထည့်သွင်းစဉ်းစားကာ အကြီး အကဲများမှ မျက်ကွယ်ပြုထားခဲ့သည်။
ဖေးမိသားစုသာ ယခု ပြိုလဲသွားပါက နန်မိသားစုအတွက် ကောင်းသော အနေအထားဖြစ်မည် မဟုတ်ပေ။
ပရဟိတအတွက် လှူဒါန်းခြင်းမှာ နည်းဗျူဟာတစ်ခုဖြစ်သော် လည်း အပေါင်းအဖော် တစ်ဦးကိုပါ ပြဿနာထဲသို့ ဆွဲသွင်းခြင်းသည် ပိုကောင်းပေလိမ့်မည်။
"စိတ်မပူပါနဲ့ ညီမလေး၊ ကော နားလည်ပါတယ်"
ဝူ ၊ ကျောက်နှင့် စွန်းမိသားစုများအားလုံး မကြာသေးမီနှစ်များအတွင်း အခြေအနေသိပ်မကောင်းသည် မဟုတ်ပါလား ? ၎င်းတို့ လာမည့် မည်သည့်လုပ်ငန်းကိုမဆို ငြင်းပယ်မည် မဟုတ်သည်မှာ သေချာသည်။ နန်ကျီ ၎င်းတို့ စီမံကိန်းများစွာ အား စိတ်ဝင်စားကြောင်း သိထားသဖြင့် သူ ၎င်းတို့အား မျက်နှာ သာပေးမှု တစ်ခုခုပေးခြင်းမဆိုးလှပေ။
နနန်မိသားစု မကြာသေးမီမှ လျင်မြန်သော တိုးတက်မှုမှာ အာရုံစိုက်မှုများစွာအား ဆွဲဆောင်ခဲ့သည်။ "မြင့်မားသော သစ်ပင်သည် လေတိုက်ခြင်းကို ဆွဲဆောင်သည်" ဟူသော စကားမှာ မှန်ပေသည်။
ပိုက်ဆံ အလွန်အကျွံ ရှိခြင်းမှာ အမြဲတမ်း ကောင်းသောအရာ မဟုတ်ပေ။ မည်သည့်အရာကို စွန့်လွှတ်ရမည်အား ရွေးချယ်ရမည်။
နန်ကျီ မြင့်မြတ်သော စိတ်ဓာတ်အား စိတ်ထဲမှ ချီးမွမ်းနေ သည်။ ငွေအား အရေးမထားဟု တွေးလိုက်ချိန်တွင် သူ ရုတ်တရက် သဘောပေါက်သွားသည်။
ငါ အချည်းနှီး အလုပ်လုပ်နေတာ မဟုတ်ဘူးလား?
မဟုတ်ဘူး၊ ငါ အချည်းနှီးလုပ်ပေးနေတာ ဖြစ်နိုင်သည်။
သို့သော် နန်ကျီ သူ့ရင်တွင်းဒုက္ခအား စတင် မြည်တမ်းရန်ပင် အချိန်မရလိုက်ခင် ဖုန်း တစ်ဖက်မှ နန်ယု ဖုန်းချလိုက်လေသည်။
သူမသည် အလွန် အေးစက်ပြီး စိတ်ဓာတ်ခိုင်မာလှသည်။ သူ့အား အသုံးချပြီးနောက် စွန့်ပစ်လိုက်သည်နှင့်တူသည်။
နန်ကျီ တိတ်ဆိတ်စွာ စိတ်ထဲမှ ရေရွတ်လိုက်သည်။ ငါ့ရဲ့ ချစ်လှစွာသော ညီမလေး၊ ချစ်လှစွာသော ညီမလေး၊ ဒါ ငါ့ရဲ့ ချစ်လှစွာသော ညီမလေးပဲ!
သူ မည်သို့လုပ်နိုင်မည်နည်း။ သေချာသည်မှာ သူမအား ခွင့် လွှတ်ပေးမည်သာ။
နန်ယု ပြောစရာရှိသည်များ ပြီးဆုံးပြီဟု ခံစားရပြီးနောက် ဟာသ အစီအစဉ်တစ်ခု ကြည့်ရှုရန် ပြင်ဆင်နေသည်။ ရယ် စရာကောင်းသည့် အပိုင်းသို့ ရောက်ခါနီးတွင် တံခါးခေါက်သံ ကြားလိုက်ရသည်။
နန်ယု၏ "ဝင်ခဲ့" ဟူသော စကားတွင် ဖေးယွင်ကျင်း သူ့ခေါင်းသေးသေးလေးအား အသာအယာထိုးထည့်လိုက်သည်။
"အန်တီ~"
အတွင်းသို့ဝင်ရောက်လာသည်နှင့် ဖေးယွင်ကျင်း နန်ယု အိပ်ရာဘေးသို့ လျင်မြန်စွာ ပြေးသွားပြီး ထိုနေ့က သူ ကြိုးစား လေ့ကျင့်ထားသည့် လက်ရေးလှအား စိတ်အားထက်သန်စွာ ပြသသည်။
မစ္စတာဖန်၏ လမ်းညွှန်မှုကြောင့် ဖေးယွင်ကျင်း လက်ရေးမှာ ငယ်ရွယ်သူဖြစ်ခြင်းနှင့် လက်ကောက်ဝတ် အားမရှိခြင်းတို့ကြောင့် အပြည့်အဝ ပြေပြစ်ခြင်း မရှိသေးသော်လည်း တော် တော်လေး တိုးတက်လာခဲ့သည်။ သူ စာလုံးအသစ်များစွာကိုလည်း သင်ယူခဲ့ပြီး ရုပ်ပုံစာအုပ်အချို့အား ကိုယ်တိုင် ဖတ်ရှုနိုင်ခဲ့သည်။
"မဆိုးပါဘူး၊ တိုးတက်မှုရှိသားပဲ၊ ပြီးခဲ့တဲ့ အပတ်ကထက် အများကြီး သပ်ရပ်နေတယ်"
နန်ယု ချီးမွမ်းမှုကြောင့် ဖေးယွင်ကျင်း ရယ်မောချင်သော် လည်း သူ့နှုတ်ခမ်းနှင့် ပါးစပ်အတွင်းရှိ ဒဏ်ရာများမှာ သူ့အား တားဆီးလိုက်သဖြင့် ရှက်ပြုံးလေးသာ ပြုံးပြလိုက်ရသည်။
ထို့နောက် နန်ယု အစီအစဉ်အား ဆက်လက်ကြည့်ရှုရန်ပြင် ဆင်နေသည်။ ညစာစားချိန် မတိုင်မီ တစ်နာရီခန့် အချိန်ရှိသေးသဖြင့် အောက်ထပ်သို့ အလျင်စလို ဆင်းသွားစရာ မလိုသေးပေ။
ထိုအခါ ဖေးယွင်ကျင်း ထိုနေရာ၌ ဆက်လက် ရပ်နေဆဲဖြစ် သည်။ သူ ကျောင်းလွယ်အိတ်အား သိမ်းဆည်းပြီး အဝတ်အ စား လဲသင့်သည် မဟုတ်ပါလား ?
"ရှောင်ကျင်း၊ တခြား ဘာပြောစရာရှိသေးလဲ?" နန်ယု မေးလိုက်သည်။
သူ အတန်းထဲမှာ အနိုင်ကျင့်ခံခဲ့ရတာလား ?
ထိုသို့ မဖြစ်နိုင်ပေ။ ရှုယီကျစ် တိုက်ခိုက်နိုင်စွမ်းမှာ အလွန်ညံ့ဖျင်းသဖြင့် ဖေးယွင်ကျင်းနှင့် မယှဉ်သာပေ။
ဖေးယွင်ကျင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ပိုကောင်းသော အကြံအား ရလိုက်သည်။
"အန်တီ၊ ရှောင်ကျင်းအတွက် မစ်ရှင်တစ်ခုများ ပေးမလား?"
နန်ယု အံ့အားသင့်သွားသည်။
"ဘယ်လို မစ်ရှင်မျိုးလဲ?"
ဖေးယွင်ကျင်းသည် သူငယ်ချင်းများ ကစားကွင်းသို့ သွားရန်အကြောင်း မေးမြန်းခဲ့ပြီး လူကြီးများမှကလေးများအား မည် သို့ ဆုချလေ့ရှိသည်ကိုမေးမြန်းခဲ့သည်။
ရှောင်မုန့်- "ငါ နေ့တိုင်း တစ်နာရီကခုန်လေ့ကျင့်တဲ့အခါ"
ချန်ကန်း-"ငါ အရည်အချင်းပြည့်မီရင် ' Araya' ကို ခေါ်သွားမယ်လို့ ငါ့ မားက ပြောတယ်"
ရှုယီကျစ်ကမူ မတူပေ။ သူ ခေါင်းအား မော့ပြီးဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
"ငါ့ မိဘတွေက ငါ တောင်းဆိုသမျှကို သဘောတူတယ်"
ဖေးယွင်ကျင်း သူ့အား ဂရုမစိုက်ဘဲ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ် အခြေခံကာ နိဂုံးချုပ်လိုက်သည်။
လူကြီးများပေးအပ်သော အလုပ်များအား ပြီးမြောက်အောင် လုပ်ပါက ဆုလာဘ်များ ရရှိမည်!
ထို့ကြောင့် ယခု သူ တက်ကြွစွာ မစ်ရှင်အား တောင်းဆိုနေခြင်း ဖြစ်သည်။
နန်ယု ၎င်းအား ကြားပြီးနောက် အနည်းငယ်ပြုံးလိုက်သည်။
"ဒါဆို ရှောင်ကျင်း၊ အရင်ဆုံးပြောပြ၊ မင်း ဘယ်လို ဆုလာဘ် လိုချင်လဲ"
ဖေးယွင်ကျင်း ချက်ချင်းဖြေလိုက်သည်။
"အန်တီ၊ ကျွန်တော့်ကို ကစားကွင်းကို ခေါ်သွားပေးစေချင်တယ်"
နန်ယု လုပ်ပေးသည့် ကွတ်ကီးများအား စားချင်ပြီး အိပ်ရာဝင်ပုံပြင် ပြောပြစေချင်သော်လည်း၊ သူ အလိုချင်ဆုံးမှာ ကစား ကွင်းသို့ သွားရန် ဖြစ်သည်!
ဤနည်းဖြင့် သူ ဂိမ်းရုံမှာ ကစားကွင်းထက် အများကြီး ပို၍ ပျော်စရာကောင်းကြောင်း ရှုယီကျစ်အား ဝင့်ကြွားစွာပြောပြနိုင်ပြီ!
သူ့အပေါ် အန်တီက အကောင်းဆုံးပဲ!
ကစားကွင်းဟူသော ထိုဆုမှာ အလွန်ရိုးရှင်းသော ဆု တစ်ခု ဖြစ်သည်။
နန်ယု တစ်နေကုန် အလုပ်မလုပ်ဘဲ ပျင်းရိသူဖြစ်ပြီး ဖေးယွင်ကျင်းမှာ သူမထက် ပို၍ အလုပ်များသော်လည်း သူမ ကစား ကွင်းသို့သွားရန် အချိန်အမြဲရှိသည်။
သို့သော် ကလေးငယ် ထိုကဲ့သို့ တက်တက်ကြွကြွ တောင်းဆိုလာသောကြောင့် သူမ သူ့အား ကျေနပ်အောင်လုပ်ပေးရမည်။
နန်ယု ခဏမျှ စဉ်းစားပြီးနောက် မျှော်လင့်တကြီးကြည့်နေသော ဖေးယွင်ကျင်း မျက်လုံးများအောက်တွင် ပြောလိုက်သည်။
"ဒီလိုဆိုရင် မင်း တစ်ပတ်အတွင်း နေကောင်းသွားရင် နောက်အပတ်ကျရင် မင်းကို ကစားကွင်းခေါ်သွားပေးမယ်"
ဖေးယွင်ကျင်း မျက်လုံးများ တောက်ပလာသည်။
"ဟုတ်ကဲ့ အန်တီ၊ ကတိပေးရအောင်"
သူ ဆရာဝန်အား ယခင်က မေးဖူးပြီး၊ အရာအားလုံးအဆင် ပြေပါက တစ်ပတ်အတွင်း ပျောက်ကင်းမည်ဟု ပြောခဲ့သည်။ သူ သေချာ အနားယူ၊ ရေများများသောက်ရုံသာ။
"ကောင်းပြီ၊ လက်သန်းချင်း ချိတ်ပြီးကတိပေးကြမယ်"
ဖေးယွင်ကျင် သူ့ကျောပိုးအိတ်ငယ်လေးအား သယ်ဆောင်ကာ ပျော်ရွှင်စွာ ထွက်ခွာသွားပြီး တံခါးကို ပိတ်ရန် မမေ့ခဲ့ပေ။ နန်ယု ထိုမြင်ကွင်းအား ကြည့်ပြီး သဘောကျစွာ ရယ်လိုက်သည်။ ကလေးများ ပျော်ရွှင်မှုမှာ အမှန်တကယ် ရိုးရှင်း၏။
လူကြီးများ ပျော်ရွှင်မှုသည်လည်း ရိုးရှင်းပါသည်၊ သူမ ယခု ခံစားနေရသကဲ့သို့ပင် ဖြစ်သည်!
"ယုယု၊ စိတ်အနှောင့်အယှက် ပေးမိတဲ့အတွက် တောင်းပန်ပါတယ်"
ဖုန်းထဲမှ အန်းနင် အသံမှာ တောင်းပန်စကားများဖြင့် ပြည့်နှက်နေသည်။ သူမ အမှန်တကယ် စိတ်မကောင်းဖြစ်နေပုံရသည်။
ဘယ်သူကများ ထိုသို့ တိုက်ဆိုင်မှုမျိုး ဖြစ်လိမ့်မည်ဟု တွေးမိမည်နည်း။ နန်ကျီ နှင့် သူမတို့ နှစ်ဦးစလုံး စီးပွားရေး ခရီးစဉ်တွင် ရှိနေကြပြီး နှစ်ရက်သာ ကြာသော်လည်း မည်သူမျှချက် ချင်း ပြန်လာနိုင်ခြင်းမရှိပေ။ အစောဆုံး ညနေခင်းမှသာ ရောက်ရှိမည် ဖြစ်သည်။
ထို့နောက်တွင် အန်းရီရန် ကျောင်းတွင် ရန်ဖြစ်ကြောင်း ဆရာမဆီမှ ဖုန်းဝင်လာသဖြင့် သူမ အလွန်အမင်းထိတ်လန့်သွားသည်။
ကံကောင်းစွာဖြင့် ကြီးကြီးမားမား ထိခိုက်ဒဏ်ရာ မရှိကြောင်း၊ သို့သော် မိဘတစ်ဦး လာရောက်ရန် လိုအပ်ကြောင်း ဆရာမက ပြောသည်။
အန်းနင် နောက်နေ့မှ သွားမည်ဟု စဥ်းစားသော်လည်း ဆရာမက ယနေ့ လာရောက်လျှင် ပိုကောင်းကြောင်းပြောသည်။ နန်ကျီ နန်ယုအား ချက်ချင်းသတိရလိုက်သည်။
သူ စီးပွားရေး ခရီးစဉ်မှာ ဘာလို့ ရောက်နေရတာလဲ? ဒီကိစ္စက နန်ယုရဲ့ ပရိယာယ် မဟုတ်ဘူးလား?"
ဒါဆိုရင် အဒေါ်တစ်ယောက်အနေနဲ့ ကျွန်မ ဝင်ပြီး ကူညီပေးသင့်တာပေါ့လေ?
နန်ကျီ ကိုယ်ကျိုးကြည့်သည့် ပုံစံနှင့် မတူဘဲ အန်းနင် ဖုန်းထဲတွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် တောင်းပန်စကား ပြောနေခဲ့သည်။
နန်ယု ဂရုမစိုက်သော်လည်း အန်းနင်၏ စိတ်နေသဘောထားမှာ ထိုသို့ပင်ဖြစ်သည်။ သူမ အခြားသူများအား အကူအညီ တောင်းရခြင်း သို့မဟုတ် စိတ်အနှောင့်အယှက် ပေးရခြင်းအား လုံးဝ မနှစ်သက်ပေ။ ယင်းသည် သူမ အတိတ်မှ အတွေ့ အကြုံများနှင့် ဆက်စပ်နေနိုင်ဖွယ် ရှိသည်။
"စိတ်မပူပါနဲ့၊ အန်းရီရန်ကို ကျွန်မအိမ်မှာပဲ ခေါ်ထားပါ့မယ်၊ မနက်ဖြန်မှပဲ အေးဆေးပြန်လာပါ"
နန်ကျီနှင့် အခြားသူများမှာ အဘိုးနန် အသက်ကြီးရင့်လာပြီဖြစ်သောကြောင့် အဘိုး စိတ်ပူစရာ မလိုသည့် ကိစ္စများအား လူငယ်မျိုးဆက်များမှ မပြောပြလိုသည့်အတွက် ယာယီအား ဖြင့် အိမ်ဟောင်းတွင် စုဝေးနေထိုင်နေကြသည်။ နန်ယု အ ကြောင်းပြချက် တစ်ခုခုပေးကာ အန်းရီရန်အား အလွယ်တကူ ပြန်ခေါ်သွားနိုင်သည်။
နန်ကျီနှင့် အန်းနင်တို့မှာမူ ကမ္ဘာပတ် ခရီးစဉ် အသစ်တစ်ခုအား အလိုအလျောက်စတင်လိုက်ကြသည်။
ကမ္ဘာမှာ အလွန်ကျယ်ပြန့်ပြီး သူတို့ နှစ်အနည်းငယ်သာ လှည့် လည်ဖူးသေးရာ လုံးဝ မလုံလောက်သေးပေ!
နန်ယု နေ့လယ် သုံးနာရီ အတိတွင် အန်းရီရန်၏ ကျောင်းသို့ ရောက်ရှိလာသည်။ မူလတန်းကျောင်း ဆင်းချိန်မှာ လေးနာရီဖြစ်သောကြောင့် အခြားကလေးများမှာ အတန်းထဲတွင် ရှိနေဆဲဖြစ်ပြီး ကျောင်းဝန်းမှာ အတော်လေးတိတ်ဆိတ်ငြိမ်သက် နေသည်။
နန်ကျီ အန်းရီရန်အား မြို့တော်ရှိ အကောင်းဆုံး ပုဂ္ဂလိက မူလတန်းကျောင်းတွင် တက်ရောက်ရန် စနစ်တကျ စီစဥ်ပေးခဲ့သည်။ ထိုကျောင်း အဆောက်အဦနှင့် ဆရာများမှာ သာမန်ကျောင်းများနှင့် ယှဥ်လို့ မရသော်လည်း ထိုကျောင်းသားများသည်လည်း အများအားဖြင့် ချမ်းသာကြွယ်ဝသူ သို့မဟုတ် ဩဇာအာဏာရှိသူများ သားသမီးများဖြစ်ကြသည်။
နန်ယု ကျောင်းအုပ်ကြီး ရုံးခန်းထဲသို့ ဝင်လိုက်သည်နှင့် တင်း မာနေသော အခြေအနေအား ချက်ချင်း သတိထားမိလိုက်သည်။
ရုံးခန်း အလယ်၌ ထိုင်နေသူမှာ ကျောင်းအုပ်ကြီး ဖြစ်မည်။ သူ့ဘေးတစ်ဖက်တစ်ချက်တွင် လူနှစ်ဦးရှိနေသည်ကိုတွေ့ရသည်။ တစ်ဦးမှာ အသက်ကြီးသူ ဖြစ်ပြီး နောက်တစ်ဦးမှာ အသက်ငယ်သူ ဖြစ်သည်။ အသက်ငယ်သူ (ကလေး) မျက်လုံးများမှာ နီရဲကာ ငိုထားသည့် ပုံစံ ပေါ်နေသည်။ သူ့ပါးစပ်ထောင့်တွင် အညိုအမဲစွဲနေသည့် ဒဏ်ရာရှိနေသည်မှာ အန်းရီရန် ထိုးလိုက်ခြင်းကြောင့် ဖြစ်နိုင်သည်။
အသက်ကြီးသူမှာ ထိုကလေး မိခင်ဖြစ်ပြီး၊ နန်ယု မတော်တဆ သိကျွမ်းဖူးသူ ဖြစ်သည်။ သူမသည် အန်းရီရန်အား တင်းမာသည့် အကြည့်ဖြင့် စိုက်ကြည့်နေသည်။
သူတို့ရှေ့ရှိ အန်းရီရန်မှာ အနည်းငယ် ဝမ်းနည်းနေပုံ ရသည်။ သူ့ရှေ့မှ လူကို လက်သီးဆုပ်ထားကာ နှုတ်ခမ်းအား ကိုက်ပြီး စိုက်ကြည့်နေသည်။ အပြင်ဘက် အရေပြားတွင် ထိခိုက်ဒဏ် ရာများ မရှိသော်လည်း သူ မျက်နှာထားမှာခိုင်မာသော ဆုံးဖြတ်ချက်အား ဖော်ပြနေသည်။
နန်ယု ရောက်လာသည်ကို မြင်သောအခါ ကျောင်းအုပ်ကြီး ရင်ထဲ ထိတ်ခနဲဖြစ်သွားသည်။
နန်မိသားစု သမီးအကြီးဆုံးမှာ ဆိုးသွမ်းကြောင်း သူ ကြားဖူးသည်။ သူတို့သာ သဘောထား ကွဲလွဲပါက...
သူ ကျန်ရှိနေသော ဆံပင်အနည်းငယ်ပင် ပျောက်သွားလိမ့် မည်!
"မစ္စစ်ယွဲ့၊ မတွေ့ရတာကြာပြီ"
နန်ယု အန်းရီရန်အား ချက်ချင်းရှေ့တိုးနှစ်သိမ့်ခြင်း မပြုဘဲ ဂုဏ်သရေရှိ အမျိုးသမီးအားနှုတ်ဆက်လိုက်သည်။
နန်ယု အပြုံးအား ရင်ဆိုင်ရသောအခါ မစ္စစ်ယွဲ့ မျက်နှာတည် ထားရန် ရှက်ရွံ့သလိုခံစားရသည်။ သူမ ပြည့်စုံသော အပြုံးဖြင့် ခေါင်းညိတ်လိုက်သည်။
"မစ္စနန်၊ ရှင် လာမယ်လို့ မမျှော်လင့်ခဲ့ဘူး"
နန်ယု အားမလိုအားမရ လက်ကာပြသည်။
"မတတ်နိုင်ဘူးလေ၊ ကျွန်မ အစ်ကိုနဲ့ ယောင်းမက စီးပွားရေးကိစ္စနဲ့ ခရီးထွက်နေတော့ ကျွန်မ ဒီကိစ္စကို ဝင်ရှင်းပေးရတာပေါ့"
သူမ အန်းရီရန်ဆီသို့ လျှောက်သွားပြီး သူ့ဆံပင်အားဖွပေး လိုက်သည်။
"ဘာဖြစ်ခဲ့တယ်ဆိုတာ အန်တီ ကြားပြီးပြီဆိုပေမယ့် မင်း ပြောပြစရာ တစ်ခုခုရှိသေးလား?"
ကျောင်းတွင် လုံခြုံရေး ကင်မရာများအပြည့်ရှိသောကြောင့် အသေးစိတ် စုံစမ်းစစ်ဆေးလျှင် ဇာတ်လမ်းတစ်ခုလုံး ပေါ်လာမည်။
ပြဿနာမှာ နှစ်ဦးစလုံးအမှားရှိနေခြင်း ဖြစ်သည်။ ထိုကလေးမှာ အန်းရီရန်နှင့် အန်းနင်အား အရင် စော်ကားပြောဆိုခဲ့ပြီး အန်းရီရန် ဒေါသထွက်ကာ ပြန်ထိုးခဲ့ပြီး ထိုကလေးကလည်း သဘာဝအတိုင်း ပြန်တိုက်ခိုက်ခဲ့သည်။
ကံကောင်းစွာဖြင့် ဆရာမမှာ အနည်းငယ် ထိုးနှက်ပြီးနောက် နှစ်ဦးအားခွဲလိုက်နိုင်ခဲ့သည်။
ဒဏ်ရာများမှာ မပြင်းထန်ပေ။ မစ္စစ်ယွဲ့ ဆေးဖိုးအတွက် နှစ်ဦး နှစ်ဖက် တောင်းပန်လျှင် လုံလောက်သည်ဟု တောင်းဆိုခြင်းမှာ လူအများစုက ကျိုးကြောင်းဆီလျော်သည်ဟု ယူဆနိုင်သော တောင်းဆိုချက်ဖြစ်သည်။
သို့သော် အန်းရီရန် ငြင်းဆန်ခဲ့သည်။ သူ အမှားမရှိဟု ယုံကြည်သောကြောင့် တောင်းပန်ခြင်းထက် ထိုအတိုင်း ဆက်ရပ်နေရန်ကိုသာ ရွေးချယ်ခဲ့သည်။
နန်ယု နဖူးအား လက်ဖြင့် ဖိထားလိုက်သည်။ အန်းရီရန်မှာ သူ့အမေအား အလွန် အလေးထားသည်။ အန်းနင်အား စော်ကားခြင်းမှာ ကိစ္စကြီးဖြစ်သလို ခေါင်းမာသော စိတ်ကြောင့် သူ့အား တောင်းပန်ရန် ဖိအားပေးဖို့ရာ ပိုခက်ခဲသည်။
"ကျွန်တော် မမှားဘူး!"
ထင်ထားသည့်အတိုင်းပင် နန်ယု မေးခွန်းအား အန်းရီရန် ထိုသုံးလုံးဖြင့်သာ တုံ့ပြန်လိုက်သည်။