← Chapters

အခန်း (၆၆)

Vol. 8 Ch. 66

အခန်း (၆၆)

Vol. 8 Ch. 66

အန်းနင်နှင့် နန်ကျီတို့ နေ့လယ်ခင်းတွင် ရောက်လာကြသည်။ စနေနေ့ဖြစ်၍ အန်းရီရန် ကျောင်းပိတ်သလို ဖေးယွင်ကျင်း၏ ဂို စာသင်ချိန်ကလည်း နေ့လယ်ပိုင်းတွင်ရှိသည်။

ထို့ကြောင့် ၎င်းတို့ ဗီလာထဲခြေချလိုက်သည်နှင့် ကလေးများ ၏ရယ်သံ၊ ခွေးပေါက်စဟောင်သံနှင့် ဘဲတစ်ကောင်၏ကျီကျီမြည်သံတို့ ပေါင်းစပ်နေသည်အား ကြားလိုက်ရသည်။

ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ဥယျာဉ်ထဲမှ မြင်ကွင်းအား ချက်ချင်းမြင်တွေ့လိုက်ကြသည်။

နန်ယု လှုပ်ယိမ်းသောကုလားထိုင်တွင် ကျောမှီရင်း အေးဆေးသစ်သီးစားကာ စာအုပ်ဖတ်နေသည်။ ကလေးသုံးယောက်မှာတော့ ကြောင်၊ ခွေးနှင့် ဘဲတို့အား ပျော်ရွှင်မြူးတူးစွာလိုက် ဖမ်းနေကြပြီး၊ အန်းရီရန်၏မျက်နှာထက်လည်း စစ်မှန်သော ရွှင်လန်းမှုများပြည့်ဝနေသည်။

အန်းနင် သူ ဒီလိုမျိုးပျော်ရွှင်စွာရယ်မောခဲ့သည် မည်မျှကြာခဲ့ပြီမှန်းပင် မမှတ်မိတော့။ အန်းရီရန် ဤမျှ တက်ကြွရွှင်လန်းမနေသည်မှာ အတော်လေးကြာခဲ့ပြီဖြစ်သည်။

"ရှောင်ပိုင်! ပြေးမနေနဲ့တော့! ငါ ဖမ်းမိပြီ!"

"lululu ~ အဲ့ဒါထည့်မတွက်ဘူး၊ ငါ ပြေးလို့လွတ်သွားရင် ထည်မတွက်ဘူးလေ"

"ရီရန်ကော၊ ရှောင်ပိုင်ကို ဖမ်းဖို့ ကူညီပါဦး!"

...

ဘုန်း!

ဖေးယွင်ကျင်း တစ်ခဏတာအာရုံလွှဲသွားပြီး ရှေ့ကို မကြည့်မိဘဲ နန်ကျီနှင့်ဝင်တိုက်မိသည်။ နန်ကျီ သူ့အားကောက်ယူပွေ့ချီကာ လေထဲသို့မြှောက်တင်လိုက်သည်။

"ကောင်လေး၊ မင်းက အဆီမများပေမဲ့ အလေးချိန်တော့တော် တော်ရှိသားပဲ"

ဖေးယွင်ကျင်း ရောက်လာသူ မည်သူဖြစ်ကြောင်းသိလိုက်သည်နှင့် ချက်ချင်းတောက်ပစွာပြုံးလိုက်သည်။

"ဦးလေး၊ မင်္ဂလာပါ!"

နန်ယုနှင့် ဖေးယွင်ကျင်းတို့ ခေါ်ဝေါ်ပုံ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးထားခဲ့ပြီးဖြစ်သည်။ အမည်ခံအားဖြင့် အမေနှင့် သားဖြစ်ကြသော်လည်း ဖေးယွင်ကျင်း သူမအား "အန်တီ" ဟုသာ ခေါ်နေကျဖြစ်ပြီး၊ နန်ယုကလည်း "အမေ" ဟူသော စကားမှာ ဝန်ပိလွန်းသည်ဟု ယူဆသည်။ သူမ ဖေးယွင်ကျင်းအား အမေနှင့် သားကဲ့သို့ ပြုစုပျိုးထောင်ခြင်းမျိုး မလုပ်ခဲ့ရသေးသော ကြောင့် လက်ရှိအတိုင်းသာ ထားရန်ဆုံးဖြတ်ခဲ့ကြသည်။

သို့ရာတွင် နန်မိသားစု ကျန်သူများကိုမူဆွေမျိုးအဖြစ် သတ် မှတ်ကာခေါ်ဝေါ်စေသည်။

ဖေးယွင်ကျင်း ယခင်က နန်ကျီအား ဆွေမျိုးတစ်ဦးအနေဖြင့် သာမန် "ဦးလေး" ဟုသာခေါ်ခဲ့သည်။ ယခုအခါတွင်မူ ပိုမို ခင်မင်ရင်းနှီးမှု၊ ချစ်ခင်မှုများ ပြည့်ဝသော "ဦးလေး" ဟူသည့် အသုံးသို့ ပြောင်းလဲခေါ်ဝေါ်လိုက်သည်။

(ဒီမှာ ဦးလေးကမတူဘူးနော်)

သူ့ဘေးတွင် ရပ်နေသော အန်းနင်အားမမေ့ဘဲ "အန်တီ၊ မင်္ဂလာပါ" ဟု နှုတ်ဆက်လိုက်သည်။

အန်းနင် ပြုံး၍တုံ့ပြန်လိုက်စဉ်မှာပင် ရုတ်တရက် အံ့အားသင့်သွားသော အန်းရီရန်အကြည့်နှင့် ဆုံသွားသည်။

"မေမေ!"

အန်းရီရန် အန်းနင်ထံ အပြေးအလွှားသွားလိုက်သည်။

"ဘယ်တုန်းက ပြန်ရောက်တာလဲ?"

"သား အဆင်ပြေပါတယ်၊ အဒေါ်က ကူညီပြီးရှင်းပေးခဲ့တာ.. အမေ အလုပ်ကိုပဲအာရုံစိုက်ပါ"

ယခင်ကဲ့သို့ပင် အမြဲတမ်း ဆင်ခြင်တုံတရားရှိပြီး လူကြီးဆန်နေသော အန်းရီရန်အား တွေ့လိုက်ရသောအခါ အန်းနင်၏ ရင်ထဲတွင် ခါးသီးသော ခံစားချက်များမချင့်မရဲတိုးဝင်လာသည်။ သူမ တကယ်ပင် အမေ ကောင်းတစ်ယောက်ဟုတ်ရဲ့လား? ဤမျှ ငယ်ရွယ်သောကလေးအား စိတ်ပူစေရသည်။

သူ့မိခင်၏ခံစားချက်များအား ရိပ်မိလိုက်သကဲ့သို့ အန်းရီရန် ထိုနေရာတွင် ရပ်နေရင်း အနည်းငယ် တွေဝေသွားသည်။ သူ့မေမေကို စိတ်ထိခိုက်စေမိပြီလား?

"ရှောင်ကျင်း ၊ ရီပိုင် စာသင်ဖို့ပြင်ဆင်ကြတော့"

နန်ယု ဝတ္ထုအားဘေးချလိုက်သည်။

"ကောတို့ စားပြီးကြပြီလား"

ထိုမေးခွန်းမှာ အန်းနင်နှင့် နန်ကျီတို့အားရည်ရွယ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ရှိနေကြသော အခြားသူများမှာ ခုနကမှ အတူတူစားပြီးခဲ့ကြသောကြောင့်ပင်။

အန်းနင်: "စားပြီးပါပြီ၊ နန်ယု ကျေးဇူးတင်ပါတယ်..."

"ရပ်တော့!"

နန်ယု လက်ကာပြီး တားမြစ်လိုက်သည်။

"ကျေးဇူးတင်စကားကို အကြိမ်ကြိမ်ပြောနေတာ လုံလောက်ပြီ"

သူမ နှုတ်ခမ်းအား မသိမသာ မဲ့လိုက်သည်။

"ဒီနေ့ ကောတို့ မိသားစုပြဿနာကို ရှင်းကြရအောင်မဟုတ်ရင် ငါ ကြားဝင် ဖြေရှင်းပေးသူအနေနဲ့ အဆုံးသတ်ရမှာကိုမလိုချင်ဘူး"

နန်ယု စကားကြောင့် နန်ကျီ မျက်နှာတွင် ရှက်ရွံ့သည့် အရိပ် အယောင်ပေါ်လာသည်။ အသေးစိတ်ဆိုရလျှင် မိမိညီမအား ကိစ္စတိုင်း ပူပန်စေရသည့် အစ်ကိုတစ်ယောက်၏သိမ်ငယ်သော ရှက်ရွံ့မှုနှင့် ဆင်တူသည်။

ချုပ်ပြောရလျှင် ယောက်ျားသားတို့၏ပေါ့ပျက်ပျက် မာနမှာ တစ်ဖန်ခေါင်းပြန်ထောင်လာခြင်းပင် ဖြစ်သည်။

သို့သော် နန်ကျီကောင်းကွက်မှာ သူသည် အခြားသူများစကား အား နားထောင်တတ်ခြင်းနှင့် မာနအတွက် ခေါင်းမာမနေခြင်းပင်။ ထိုသို့ မဟုတ်လျှင် နန်ယု သူ့အားဂရုစိုက်လိမ့်မည် မဟုတ်ပေ။

ထိုလေးယောက် နန်ယု စာကြည့်ခန်းသို့ ရောက်လာကြသည်။ နန်ယု ဥယျာဉ်ထဲမှ မကုန်သေးသော သစ်သီးပန်းကန်အား လက်တွင် ကိုင်ထားဆဲဖြစ်ပြီး လည်ချောင်းခြောက်ခြင်းမှ ပြေစေရန် သစ်သီးတစ်ဖဲ့အား ယူစားလိုက်သည်။

"မိသားစုဆွေးနွေးပွဲကို စလိုက်ကြစို့၊ ငါ ဒီနေရာမှာ ရှိချင်တာ မဟုတ်ပေမဲ့ ကောတို့ သုံးယောက် အချင်းချင်းဆက်သွယ်ပြောဆိုပုံက တကယ်စိုးရိမ်မိတယ်.. တစ်ယောက်ချင်းစီက တစ်ယောက်ထက် ပိုပြီးရှုပ်ထွေးနေကြတယ်"

"ဒါကြောင့် ငါ ဥက္ကဋ္ဌလုပ်ပြီး ဦးဆောင်ပေးမယ်"

နန်ကျီ၊ အန်းနင်နှင့် အန်းရီရန်တို့ တစ်တန်းတည်း ထိုင်နေကြပြီး ထိုသုံးဦးစလုံး၏မျက်လုံးများမှာ သူမအား စူးစိုက်ကြည့်နေသည့်အတွက် နန်ယု စာသင်ပေးနေရသကဲ့သို့ခံစားရသည်။

—နင်တို့က လမ်းပျောက်နေတဲ့ သိုးကလေးတွေများဖြစ်နေကြတာလား ?

အဖြေကို ငါ့ မျက်နှာပေါ်မှာ ရေးထားတယ်လို့များထင်နေကြသလား!

နန်ယု စိတ်ထဲမှ ညည်းတွားလိုက်သော်လည်း အချိန်ထပ်မဆွဲတော့ဘဲ စတင်ပြောလိုက်သည်။

"ပထမအနေနဲ့ မိဘနှစ်ပါးကိုမေးပါရစေ၊ ကောတို့ အန်းရီရန်ကို ဉာဏ်ရည်ထက်မြက်တယ်လို့ ထင်လား?"

ဤသည်မှာ မည်သို့သော မေးခွန်းမျိုးနည်း ?

အန်းနင်နှင့် နန်ကျီတို့ မျက်နှာချင်းဆိုင်ကြည့်ပြီးနောက် တစ် ပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ယင်းမှာ မိဘတို့ သားသမီးအပေါ် ထားရှိ မေတ္တာကြောင့်ဖြစ်ပေါ်လာသော အမြင်သက်သက်မဟုတ်ပါ။ အန်းရီရန် စစ်မှန် သော ဉာဏ်ရည်ထက်မြက်သူဖြစ်သည်။ စာသင်သည်ဖြစ်စေ၊ နေ့စဉ်ဘဝတွင် ပြုမူသည်ဖြစ်စေ၊ သူ သာမန်ခြောက်နှစ်သား တစ်ဦးထက် များစွာပိုဉာဏ်ကောင်းကြောင်း ထင်ရှားသည်။

"ဒါဆို အချို့ကိစ္စတွေပြောပြဖို့ မလိုလောက်အောင် သူ ဉာဏ်အရမ်းကောင်းတယ်လို့ ရှင်တို့ ထင်နေတာလား?"

နန်ယု အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး အန်းရီရန်ဘက်သို့ လက်ဝှေ့ယမ်းပြလိုက်သည်။

"ရီရန်၊ အန်တီ့ဆီ လာခဲ့"

ထိုစကားကြောင့် အန်းရီရန် အန်းနင်အားတချက် လှမ်းကြည့်သော်လည်း နာခံစွာ နန်ယု ဘေးသို့ရောက်ရှိလာသည်။ နန်ယု သူ့အား သူမ ဘေးရှိဆိုဖာပေါ်သို့ တွန်းတင်ပေးလိုက်သည်။

"ပြောပါဦး၊ သူ ဘယ်လောက် ဉာဏ်ကောင်းသည်ဖြစ်စေ၊ သူက ခြောက်နှစ်ပဲရှိသေးတယ်.. ပထမတန်းပဲ ရှိသေးတာ.. ကောတို့ တချို့ကိစ္စတွေမပြောပြရင် သူ့ဘာသာ သူ စဉ်းစားနေရုံပဲရှိတော့မှာ... သူ မှားနေရင်တောင် ဘယ်သူမှပြောပြမှာ မဟုတ်ဘူး!"

"ကလေးက ကောတို့နဲ့ မရင်းနှီးဘူးလို့ပြောဖို့ သူ ကြီးလာတဲ့အထိစောင့်နေဦးမှာလား?"

နန်ယု ဤစကားအား ပြောစဉ် နန်ကျီအား တိုက်ရိုက်ကြည့်လိုက်သည်။ သူမက ပွင့်ပွင့်လင်းလင်းပင် "ကောကို နာမည် တပ်ပြီးပြောနေတာ!" ဟု ပြောလိုက်သည်။

နန်ကျီ အနည်းငယ် မကျေမနပ်ဖြစ်သွားသည်။

"ငါ သူ့ကို ဖုံးကွယ်မထားပါဘူး"

"ဟားဟား"

နန်ယု လှောင်ပြောင်သော အပြုံးဖြင့်ပြောလိုက်သည်။

"ကော သူ့ကို မချစ်ဘူး၊ အန်းနင်ကိုပဲတွယ်ကပ်ရတာ ကြိုက်တယ်လို့ ကလေးက မနေ့က ငါ့ကိုပြောတယ်"

နန်ကျီ တောင့်တင်းသွားပြီး မတတ်သာဘဲ အန်းရီရန်အား ကြည့်လိုက်သော်လည်း ကလေးမျက်လုံးများ လွှဲသွားသည်ကိုတွေ့လိုက်ရသည်။

"ငါ ဘယ်လိုလုပ် သူ့ကို မချစ်ဘဲနေမှာလဲ...?"

နန်ကျီ အသံပျော့ပျောင်းသွားသည်။

အမှန်တရားမှာ နန်ကျီ အန်းရီရန်အား မည်သို့ရင်ဆိုင်ရမည်အား တကယ်သေချာမသိခဲ့ပေ။

စီးပွားရေးလောကတွင် အလွန်ကျွမ်းကျင်သော နန်ကျီ ခြောက်နှစ်သားကလေးတစ်ယောက်အား ကြောက်နေလိမ့်မည်ဟု မည်သူက ထင်မိမည်နည်း။

သို့သော် ဤအရာမှာ အမှန်တရားဖြစ်သည်။

နန်ကျီ သူ ချက်ချင်းဖခင်ဖြစ်လာမည်အား တစ်ခါမျှ မတွေးခဲ့ဖူးပေ။ အပြေးအလွှားခုန်နေနိုင်သော ကလေးတစ်ယောက် ဖခင်ဖြစ်လာမည်ဟု မတွေးခဲ့ဖူးပေ။

အပြစ်ရှိစိတ်၊ ကူကယ်ရာမဲ့မှု၊ ကြောက်ရွံ့မှု... ဤအရာများမှာ နန်ကျီ ထိုအချိန်က ခံစားချက်များဖြစ်သည်။

အစောပိုင်း သူ အန်းရီရန်အား အတင်းချစ်ခင်စေရန် ကြိုးပမ်းခဲ့သည်။ အန်းနင် တစ်ချိန် နန်ကျီအား အန်းရီရန်မျိုးရိုးနာမည် ပြောင်းပေးဖို့ လို၊ မလို မေးဖူးသည်။ နန်ကျီ ငြင်းဆန်ခဲ့ပေသည်။

ကလေး သူ့အား မနှစ်သက်တာ သူမြင်သည်။ အတင်းပြောင်းခိုင်းလျှင် အန်းရီရန် သူ့အား ပိုမုန်းတီးလိမ့်မည်။ နန်ကျီ အန်းရီရန် နာမည်အားဂရုမစိုက်ချေ။ အန်းရီရန်မှာ သူ့ သားဖြစ်နေဆဲပင်။

သို့သော် ကလေး နှစ်သက်ဖို့ခက်ခဲကြောင်း သက်သေပြခဲ့သည်။ နန်ကျီ အန်းနင်အားတွယ်ကပ်ကာ မိခင်အတွက်တိုက် ခိုက်သည့်အခါ အန်းရီရန် မျက်နှာအမူအရာ ပိုမိုပေါ်လွင်ပြီး စိတ်ဝင်စားစရာကောင်းလာသည်။ ခြောက်နှစ်သားလေးကဲ့သို့ စတင် ပုံပေါ်လာသည်။

ထို့ကြောင့် နန်ကျီ မိုက်မဲသော အပြုအမူတစ်ခုပြုလုပ်ခဲ့သည်။

နန်ကျီ ခေါင်းငုံ့သွားသည်ကို တွေ့လိုက်ရပြီးနောက် နန်ယု သူမ အကြည့်အား အန်းနင်ဆီပြောင်းလိုက်သည်။

"အန်းနင်၊ အန်းရီရန်က နန်ကျီကို ဘာလို့မုန်းတယ်ဆိုတာ ရှင် သိလား ?"

အန်းနင် မျက်နှာအမူအရာ ရုတ်တရက် ရှုပ်ထွေးပြီး ကူကယ်ရာမဲ့ ဖြစ်သွားသည်။ သူမ အန်းရီရန် နန်ကျီအား မနှစ်သက်ကြောင်းသိသော်လည်း အန်းရီရန် ရုတ်တရက်ပေါ်လာသော ဖခင်အား မရင်းနှီးသေးသောကြောင့်ဟုသာ ယူဆခဲ့သည်။

သို့သော် နန်ကျီ ကောင်းကွက်များအကြောင်းကို အန်းရီရန်အား ရှင်းပြရန် သူမ ကြိုးစားခဲ့သည်။ ကလေးမှာ ပိုလို့ပင်ငြင်းဆန်ခဲ့သည်။ အန်းနင် ထင်ခဲ့သည်မှာ ကလေးအသက်ငယ်သေးသည်၊ သူတို့ နှစ်ဦးအတူတကွ အချိန်ပိုမိုကုန်ဆုံးပြီးနောက် သေချာပေါက်ရင်းနှီးသွားလိမ့်မည်။ မည်သို့ပင်ဆိုစေ ၎င်းတို့မှာ သွေးသားရင်းချာများပင်။

သို့သော် နန်ယု စကားအားနားထောင်လိုက်သောအခါ အန်းရီရန် နန်ကျီအား မုန်းတီးခြင်းမှာ အကြောင်းပြချက် ခိုင်မာစွာရှိနေကြောင်း သူမ သိလိုက်သည်။

ငါ၊ ငါ မသိခဲ့ပါဘူး၊ ငါက ဒီတိုင်း နောက်ကျရင်းနှီးသွားကြမယ်လို့ ထင်ခဲ့တာ..."

အန်းနင် ဤသို့ တွေဝေနေသည်ကို မြင်ရသောအခါ အန်းရီရန် သူ့မိခင်အား နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။ သို့သော် နန်ယု သူ့ပခုံးနှစ်ဖက်အား ဖိထားကာမထစေဘဲ တင်းတင်းကျပ် ကျပ်တားဆီးလိုက်သည်။

"ငြိမ်ငြိမ် ထိုင်! မလှုပ်နဲ့!"

နန်ယု၏ပြတ်သားသော အမိန့်ကြောင့် အန်းရီရန် ထိတ်လန့်သွားပြီး ရပ်တန့်လိုက်ရသည်။

နန်ယု သူ့အာရုံအား အန်းနင်ထံသို့ ပြန်လည်ပြောင်းလိုက်သည်။

"ရှင် သူ့ကို အကုန်လုံး ဖုံးကွယ်ထားခဲ့လို့ပဲ... ငယ်ငယ်တုန်းက သူ့အဖေအကြောင်း မေးခဲ့ဖူးတယ် မဟုတ်လား၊ ရှင် ဘယ်လို ပြန်ပြောခဲ့လဲ ?"

"အန်းရီရန် ရှင့်ကို ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာ ရှင် သိပါတယ်.. သူ နန်ကျီကို ဘာလို့ မုန်းတယ်လို့ ထင်လဲ? နန်ကျီက ရှင့်ကို ထိခိုက်စေတယ်လို့ သူ ခံစားရလို့ပဲ"

ထိုသို့ ဆက်တိုက်မေးမြန်းနေမှုများကြောင့် အန်းနင် ရှုပ်ထွေးသွားသည်။ သူမ ယခင်က အန်းရီရန် ဆိုးဆိုးရွားရွားခံစားရပြီး နောက်ဆုံးတွင် နန်ကျီအားသတ်ခဲ့သည့် အိပ်မက်တစ်ခုအကြောင်းပြောခဲ့ဖူးသည်။

ထိုအိပ်မက်ကြောင့် သူမ စိတ်ပူပင်နေခဲ့ရသည်။ လက်တွေ့နှင့် ဆင်တူသော်လည်း ထူးဆန်းနေခဲ့သည်။

အန်းရီရန် နန်ကျီကို ဘာကြောင့် ဒီလောက်မုန်းတီးနေရတာလဲ?

ဒါဆို ငါ့ အမှားကြောင့်လား?

အန်းနင် နန်ကျီအား ထားခဲ့စဉ်က သူမ ကိုယ်ဝန်ရှိနေကြောင်း မသိခဲ့ပေ။ ကိုယ်ဝန်တွေ့ရှိသောအခါ ဆရာဝန်မှ သူမ၏ကျန်းမာ ရေးအခြေအနေအရ ကိုယ်ဝန်ပျက်ကျခဲ့လျှင် နောက်ထပ် ကလေးရဖို့ မဖြစ်နိုင်တော့ကြောင်း ပြောခဲ့သည်။ ထိုအချိန်တွင် အန်းနင် တကယ်အထီးကျန်ပြီး ဝမ်းနည်းနေခဲ့သည်။ တစ်သက်လုံးလက်ထပ်တော့မည် မဟုတ်ဟုပင် စဉ်းစားခဲ့သေးသည်။ ဤကလေးရောက်ရှိလာခြင်းမှာ သူမအား နှစ်သိမ့်မှုပေးခဲ့သည်။

တစ်ဦးတည်း ကလေးအားပြုစုပျိုးထောင်ရသည်မှာ အလွန်ပင် ပင်ပန်းသော်လည်း ကိုယ်ဝန်ဆောင်ချိန်မှ မွေးဖွားချိန်အထိ ပြုစုရာတွင် အန်းရီရန်၏ဖြူစင်သော မျက်နှာအား မြင်ရတိုင်း အခက်အခဲများ ပျောက်ကွယ်သွားခဲ့ရသည်။

သို့သော် အန်းရီရန်နှင့် နန်ကျီ ပိုမိုဆင်တူလာကြသည်။ ၎င်းမှာ သူတို့ အစတွင် ချိုမြိန်ပြီးနောက်ဆုံးနာကျင်ခဲ့ရသော ဆက်ဆံရေးအား အမြဲတမ်းသတိပေးနေသည်။

၎င်းမှာ အန်းရီရန် သူ့အဖေအကြောင်းမေးစဉ် ကျွန်မကောင်း မွန်စွာမတုံ့ပြန်ခဲ့မိသည်မှာ သေချာစေသည်။

ထို့ကြောင့် ဤဆင်ခြင်တုံတရားရှိသော ကလေးမှာ ထပ်မမေးတော့ခြင်းဖြစ်ရမည်။

ထို့ကြောင့် သူ နန်ကျီအား မုန်းတီးခဲ့ခြင်းဖြစ်မည်။

"ရီရန်၊ အမေ တောင်းပန်ပါတယ်"

အန်းနင် ကိုယ့်ကို ကိုယ်အပြစ်တင်နေပြီး ယခု တောင်းပန်နေခြင်းမှာ အဓိပ္ပာယ် မရှိတော့ကြောင်းသိလိုက်သည်။ သူမ သူတို့ နှစ်ဦးကြားရှိ ကွဲပြားမှုအား ဖြေရှင်းရန်လိုအပ်နေချေပြီ။

ထိုအရာမှာ သူမ လုပ်နိုင်သောအရာဖြစ်သည်။

"ရီရန်၊ မေမေ့ကို အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ပြောပြလို့ရမလား ?"

အန်းရီရန် ခေါင်းစောင်းကာ နန်ယုအား တစ်ချက်လှမ်းကြည့်လိုက်သော်လည်း နန်ယု သူ့အားပြန်မကြည့်ပေ။ ယင်းအစား သူမ အန်းနင်အား မေးလိုက်သည်။

"ငါ ခဏ ထွက်သွားလိုက်မယ်၊ နင်တို့..."

"မလိုဘူး"

အန်းနင် ခေါင်းခါလိုက်သည်။

"ယုယု၊ နင့်ကိုလည်း ဒီမှာ ရှိစေချင်တယ်"

နူးညံ့သော်လည်း ပြတ်သားသောအပြုံး သူမ မျက်နှာပေါ်တွင် ပေါ်လာသည်။

"ယောက်ျား၊ အဲ့ဒီတုန်းက ဘာတွေဖြစ်ခဲ့လဲဆိုတာ ရှင်လည်း သိချင်တယ် မဟုတ်လား?"

နန်ကျီ လက်ကမ်းကာ အန်းနင် လက်အားဆုပ်ကိုင်လိုက်သည်။

"မင်းက မပြောပြချင် ဘူးဆိုရင် ငါ..."

"ပြောပြချင်တယ်!"

အန်းနင် နန်ကျီ လက်ထဲမှ သူမ လက်အားဆွဲထုတ်လိုက်သည်။

"ကျွန်မတို့ မိသားစုပြိုကွဲသွားတာကို မလိုချင်ဘူး၊ အဲ့ဒီတုန်းကလိုအဖြစ်ဆိုး ထပ်မဖြစ်စေချင်ဘူး"

နန်ယု အန်းနင် ထိုနှစ်မှအဖြစ်အပျက်အား တစ်စချင်း ပြန်ပြောပြတာနားထောင်နေသည်။ သူမ နားလည်မှု လွဲမှားခြင်းကြောင့် အန်းနင် ကလေးနှင့်အတူထွက်ပြေးသွားခြင်းသာ သိခဲ့သော် လည်း ခရီးလမ်းမှာ ဤမျှများပြားသော အရာများဖြစ်ပျက်ခဲ့လိမ့်မည်ဟု မထင်ခဲ့ပေ။

အန်းနင်နှင့် နန်ကျီ အချစ်ဇာတ်လမ်းမှာ မိန်းကလေးရုပ်ပြမှ တိုက်ရိုက် ဆွဲထုတ်ထားသကဲ့သို့ပင်။

မိဘများသေဆုံးပြီးနောက် ကျူရှင်ဖိုးရရန် ရုန်းကန်နေရသော ပထမနှစ်ကျောင်းသူလေးမှာ တစ်ဖက်တွင် ဖခင်မှအပြင်သို့ နှင်ထုတ်ကာ အလုပ်လုပ်ပြီးကျောင်းတက်ရန် စေခိုင်းထားသော ဒုတိယနှစ်ကျောင်းသား နန်ကျီနှင့် ဆုံတွေ့ခဲ့သည်။

နန်ကျီ မိသားစုနောက်ခံအကြောင်းအား ကျောင်းတွင် လူများများစားစားမသိခဲ့ကြသလို သူသည်လည်း ကြွားဝါတတ်သူ မဟုတ်ပေ။ တိုက်ဆိုင်မှုများစွာဖြင့် သူတို့နှစ်ဦးချစ်မိသွားကြသည်။

အစပိုင်းတွင် ချိုမြိန်ခဲ့သော်လည်း နန်ကျီ နောက်ဆုံးနှစ်တွင် နန်မိသားစုလုပ်ငန်းများအား ဦးဆောင်လိုက်သောအခါ သူ့ မိသားစု နောက်ခံအား လူအများသိရှိသွားပြီး ပြဿနာများ ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။

အန်းနင်က ဘာလို့လဲ ?

အန်းနင်မှာ ဘာတွေ ကောင်းနေလို့လဲ ?

နန်ကျီ အပျော်သက်သက်တွဲနေတာပါ၊ သူက သေချာပေါက် အဆင့်တန်းတူတဲ့ တစ်ယောက်ယောက်ကိုပဲ လက်ထပ်မှာ။

နေ့တိုင်း အန်းနင် ကြားနေရသော စကားသံများမှာ အလွန် နာကျင်စေသည်။ သူမ ခံစားခဲ့ရသော အကြည့်များသည်လည်း ထိုနည်းအတိုင်းပင်။

ထိုကာလတွင် နန်ကျီ အလုပ်များခြင်းကြောင့် ကျောင်းသို့ မကြာခဏပျက်ကွက်ခဲ့သည်။ အန်းနင် တိုင်ကြားခြင်းမရှိဘဲ အရာရာအား တိတ်ဆိတ်စွာရင်ဆိုင်ခဲ့သည်။

သူမ နောက်ဆုံးနှစ် ကျောင်းဆင်းပွဲနေ့ ရောက်လာသည်။ နန်ကျီ ဘွဲ့နှင်းသဘင်သို့ လာမည်အားကြားသောအခါ ဝမ်းသာခဲ့ရသည်။

သို့သော် အခမ်းအနားပြီးဆုံးသွားသော်လည်း နန်ကျီ ပေါ်မလာခဲ့ပေ။ သူမ ဖုန်းခေါ်ဆိုလိုက်သော်လည်း အချည်းနှီးပင်။

ပိုစိတ်ပူပန်နေစဉ်မှာပင် နန်ကျီ နန်ယုအား ကျောတွင်ထမ်းလျက်ပေါ်လာခဲ့သည်။ ထိုမြင်ကွင်းမှာ အရာအားလုံးရပ်တန့်စေခဲ့သည်။

ထိုမြင်ကွင်းမှာ ကုလားအုတ်ကျောအား ချိုးပစ်လိုက်သော နောက်ဆုံး ကောက်ရိုးမျှင်ပမာဖြစ်ခဲ့ရသည်။

အန်းနင် ဤနာကျင်နေသော ဆက်ဆံရေးအား အတင်းအကျပ် စွန့်လွှတ်စေရန် ဖိအားပေးသလိုဖြစ်ခဲ့သည်။

"အဲ့ဒီတုန်းက ငါ မင်းဆီ စာတွေပို့ခဲ့သေးတယ်၊ မင်း ပြန်မပို့ခဲ့ဘူး"

နန်ကျီ အသည်းအသန်ရှင်းပြနေတာ မြင်သောအခါ အန်းနင် ပြုံးကာခေါင်းခါလိုက်သည်။

"အခုတော့ တစ်ခုခုဖြစ်ခဲ့တယ်ဆိုတာ သိပါပြီ၊ ဒါပေမဲ့ အဲ့ဒီတုန်းကတော့ ကျွန်မ အဲ့ဒီလိုမတွေးခဲ့မိဘူး"

ထို့နောက် အန်းနင် အန်းရီရန်အား ကြည့်လိုက်သည်။

"ရီရန်၊ သား အဖေ ဘာမှမမှားခဲ့ဘူး.. အမေတို့ အဲ့ဒီတုန်းက အရမ်းငယ်ကြတယ်..အချို့ကိစ္စတွေ စုပုံလာပြီးပြဿနာတစ်ခုဖြစ်လာတာ"

သူမ ထလိုက်ပြီး အန်းရီရန် ဘေးသို့ လျှောက်သွားကာဖြည်း ဖြည်းချင်း ဒူးထောက်လိုက်သည်။

"သား နားလည်ပြီလား"

နန်ကျီသည်လည်း ထလိုက်ပြီး အန်းနင်ဘေးသို့လိုက်လျှောက်သည်။ သူ အန်းရီရန်နှင့် စကားပြောသယောင် ဖြစ်နေသော် လည်း အမှန်မှာ အန်းနင်ကိုပါ ပြောနေခြင်းဖြစ်သည်။

"မင်းကို အခမ်းအနားမှာ နန်ယုနဲ့ မိတ်ဆက်ပေးချင်ခဲ့တာ ဒါပေမဲ့ လမ်းမှာ အဆင်မပြေဖြစ်ခဲ့တာ.. ယုယု ခြေကျင်းဝတ် လည်သွားပြီး ငါ့ ဖုန်းလဲပျက်သွားခဲ့တယ်"

ဤအရာများမှာ တိုက်ဆိုင်မှုများဖြစ်ခဲ့သော်လည်း အန်းနင်နှင့် နန်ကျီအကြားရှိ ပဋိပက္ခမှာကြာမြင့်စွာကတည်းက အမြစ်တွယ်နေခဲ့သည်။

ထိုတိုက်ဆိုင်မှုများမှာ အတွင်းမှပဋိပက္ခအား နောက်ဆုံးတွင် ပေါက်ကွဲထွက်စေခဲ့ခြင်းသာဖြစ်သည်။

"ရီရန်၊ ဖေဖေက မင်းကို အရမ်းချစ်ပါတယ်.. ငါ ဘယ်လို ကောင်းမွန်တဲ့ အဖေ ဖြစ်အောင်နေရမလဲ မသိဘူး ဒါကြောင့် အတော်လေး မိုက်မဲတဲ့နည်းလမ်းကို သုံးခဲ့မိတယ်..ကျေးဇူးပြုပြီး သဘောထားကြီးကြီးထားပြီး ခွင့်လွှတ်ပေးပါဦး"

အန်းနင်သည်လည်း ထပ်ပြောလိုက်သည်။

"ရီရန်၊ မေမေလည်း တောင်းပန်ပါတယ်.. သား ငယ်ငယ်လေးနဲ့ ဒီလောက်ဝန်ပိခဲ့ရတဲ့အတွက် အမေ စိတ်မကောင်းဘူး"

အန်းရီရန် မျက်လုံးများနီရဲလာသည်။ သူ့ လက်များအား အန်းနင်နှင့် နန်ကျီတို့ တစ်ဖက်စီဆုပ်ကိုင်ထားသည်။

"သား၊ သား အရမ်းကြောက်တယ် ဒါပေမဲ့ သား ဘာကို ကြောက်ရမှန်းမသိဘူး"

"ရပါတယ်၊ ရပါတယ်၊ ဖေဖေနဲ့ မေမေက အမြဲ သားဘေးမှာရှိနေမှာပါ.. မကြောက်ပါနဲ့၊ မကြောက်ပါနဲ့"

နန်ကျီ အန်းရီရန်အားပွေ့ချီလိုက်ပြီး ကျောအားလက်ဖြင့် ညင်သာစွာပုတ်ပေးလိုက်သည်။

"နောက်ဆို ဘာပြဿနာပဲ ရှိရှိ မေမေနဲ့ ဖေဖေကိုပြောနော်.. ဖေဖေတို့က မိသားစုတွေလေ"

"ဟင့်အင်း ဝူးဝူး"

အန်းရီရန် နောက်ဆုံးတွင် မျက်ရည်များစီးကျလာသည်။

"ကျွန်တော်၊ ကျွန်တော် ခင်ဗျားကို ခုထိ သဘောမကျသေးဘူး"

"အင်း၊ ရပါတယ်၊ ဖေဖေ သား သဘောကျလာအောင် အစွမ်း ကုန်ကြိုးစားပါ့မယ်"

"ခင်ဗျား၊ ခင်ဗျား မေမေ့ကို အနိုင်မကျင့်ရဘူး"

"အင်း၊ ဒီနေ့ကစပြီး သားနဲ့မေမေကပဲ ဖေဖေ့ကိုအနိုင်ကျင့်ပါ!"

"ကျွန်တော်၊ ကျွန်တော်၊ မေမေ့ အချစ်ဆုံးသူက ကျွန်တော်ပဲ"

"အင်း၊ ဟုတ်တယ်၊ အဲ့ဒါ မမှန်ဘူး! ဟန်နီ မင်းအချစ်ဆုံးသူက ဘယ်သူလဲ ?"

အန်းနင်: "..."

ဘေးရှိ နန်ယု: "..."

အန်းနင် နှုတ်ခမ်းအားကွေးလိုက်သည်။

"သေချာပေါက် ရီရန်ပေါ့၊ ရှင်က ဘယ်သူလဲ ?"

နန်ကျီ ရုတ်တရက် နာကျင်သော အမူအရာအားပြသလိုက်သည်။

"ဟန်နီရာ~"

အန်းနင် နန်ကျီ မာန်တက်နေသည်အားဆက်လက်၍ ဂရုမစိုက်တော့ပေ။ ဆိုဖာကိုအားယူပြီး ထရန်ပြင်လိုက်စဉ် သူမ အမြင်အာရုံ ချက်ချင်းမှောင်မည်းသွားခဲ့သည်။

"ဟန်နီ!"

"မေမေ!"

နန်ယု အန်းနင်အားဖမ်းဆုပ်ယူကာ မင်းသမီးပမာ ပွေ့ဖက်ပြီး အပြင်သို့ အပြေးထွက်သွားသည်။

"ဦးလေးကျိုး! ဆရာဝန်ခေါ်ပေး!"

ထို့နောက် သူမ ယောက်ျား နှစ်ဦးအားလှည့်ကြည့်ကာ အသုံးမကျသူများပမာ အကြည့်ပေးလိုက်သည်။

"ကျွန်မ၊ ကျွန်မ ကိုယ်ဝန်ရှိနေတာလား?"

အန်းနင် ဖြည်းဖြည်းချင်းသတိရလာပြီး ဤပေါက်ကွဲလုနီးပါးသတင်းအားကြားလိုက်ရသည်။

သူမ ခန္ဓာကိုယ် ကိုယ်ဝန်ဆောင်နိုင်ဖို့ ခက်ခဲသည် မဟုတ်ပါလား?

ဘယ်လိုဖြစ်နိုင်မှာလဲ?

မိသားစုဆရာဝန်မှာ ပြုံးလိုက်သည်။

"ပိုတိကျတဲ့ ရလဒ်အတွက် ဆေးရုံသွားဖို့လိုတယ် ဒါပေမဲ့ ကျွန်တော်တော့ ၈၀ ရာခိုင်နှုန်းသေချာပါတယ်.. မဒမ်မှာ ကိုယ်ဝန်ရှိနေပါပြီ"

နန်ကျီနှင့် အန်းရီရန်တို့ လုံးဝဆွံ့အသွားကြသည်။

သူတို့ ဦးနှောက်ထဲမှ အတွေးလှိုင်းများမှာ ထူးဆန်းစွာတစ်ပြိုင် နက်ဖြစ်ပေါ်နေသည်- ငါ့ မင်းသမီးလေး၊ ညီမလေးရတော့မှာလား?

ဟေ့၊ ဟေ့၊ ဟေ့၊ ဆရာဝန်က မိန်းကလေးလို့ မပြောခဲ့ဘူး မဟုတ်လား ?

မင်းတို့ အလွန်အကျွံတွေးနေကြတာပဲ!

နန်ယု ထိုအသုံးမကျသူ နှစ်ယောက်အား ဆက်ပြီးကြည့်နေရန် အချိန်မဖြုန်းတော့ပေ။ သူ့အကြည့်မှာ အန်းနင် ဗိုက်ပေါ်သို့ ရောက်သွားသည်။

ဒီကလေး၊ မူရင်းဝတ္ထုတွင် တစ်ခါမှမပေါ်လာခဲ့သော ကလေး၊ အန်းနင်ကိုယ်ဝန်ရှိခြင်းက ဆိုလိုသည်မှာ အဆုံးတွင်ကံကြမ္မာသည် မဖျက်ဆီးနိုင်လောက်အောင် ခိုင်မာခြင်းမရှိတော့သော ကြောင့်လား?

တစ်ချိန်တည်းမှာပင် မိသားစုဆွေးနွေးပွဲ ကျင်းပနေသော ဖေးယီကျန့် ရုတ်တရက်ခေါင်းကိုက်လာပြီး သူ့ အမြင်အာရုံမှာ ချက်ချင်းဝေဝါးသွားသည်။

မကြာသေးမီက ကောင်းကောင်းမအိပ်ရသောကြောင့်ဟု ထင်ကာ ဖေးယီကျန့် သူ့ နားထင်အားပွတ်သပ်လိုက်သည်။ သူ့ အမြင်အာရုံ ပြန်ရှင်းလာသောအခါ သူ အံ့အားသင့်စွာတွေ့ရှိလိုက်သည်မှာ ရောက်ရှိနေသော ဖေးမိသားစုဝင်ဆယ်ဦးကျော် ခေါင်းများအထက်ရှိ စကားလုံးများမှာ တစ်ချိန်တည်းမှိန်ဖျော့သွားခြင်းပင်။

ယခင်က အရာအားလုံး ရှင်းလင်းစွာမည်းနက်နေခဲ့သည်။ ရုတ်တရက် ဘာတွေဖြစ်သွားတာလဲ ?

All Chapters