← Chapters

အခန်း (၆၇)

Vol. 8 Ch. 67

အခန်း (၆၇)

Vol. 8 Ch. 67

အန်းနင် ကိုယ်ဝန် တကယ်ရှိနေသည်။ သုံးလနီးပါး ရှိနေပြီး အန္တရာယ်အရှိဆုံးကာလပင်။

ရလဒ် ထွက်လာချိန်တွင် နန်ကျီ တုန်ရီလွန်းသဖြင့် လမ်းပင်

မလျှောက်နိုင်ဟုကြားရသည်။ ဘေးမှ ရပ်နေသော အန်းရီရန်ကမူ ဆရာဝန်အားကြိုတင်ကာကွယ်မှုများ မေးမြန်းခဲ့သဖြင့် ဆရာဝန်မှာရယ်လိုက်ရသည်။

ဒါဘယ်လို အဖေနဲ့သားလဲ ?

အခန်းကဏ္ဍများ လုံးဝပြောင်းပြန်ဖြစ်နေသည် မဟုတ်ပါလား?

နန်မိသားစု အိမ်သို့ပြန်ရောက်သောအခါ အခြေအနေမှာ ပိုလို့ ပြင်းထန်လာခဲ့သည်။

သတင်းကောင်းအားကြားသော အဘိုးနန် အန်းနင်အား ဗီလာတစ်လုံး ရက်ရက်ရောရောလက်ဆောင်ပေးလိုက်သည်။ ၎င်းမှာ ဆုလာဘ်မဟုတ်ပေ။ ကိုယ်ဝန်ဆောင်စဉ် စိတ်ငြိမ်းချမ်းစေရန်ဖြစ်သည်။

ထိုအေးချမ်းမှုအား သူမ ကိုယ်ဝန်ဆောင်စဉ်ပေးစွမ်းပြီး သူမ လိုအပ်သည့် စိတ်အေးချမ်းမှုအားပေးခဲ့သည်။

အကြောင်းမှာ ထိုအိမ်ကို အန်းနင်အား သီးသန့်ပေးထားခြင်းကြောင့် နောင်တွင် သူမနှင့် နန်ကျီကွာရှင်းလျှင်ပင် ၎င်းမှာ သူမနှင့်သာသက်ဆိုင်နေမည်! ဗီလာသည် ယွမ်သန်း ၁၀၀ ခန့် တန် ဖိုးရှိပြီး လုံးဝစိတ်ချမ်းမြေ့မှုအားပေးစွမ်းနိုင်သည်။

"စိတ်မပူပါနဲ့၊ အန်းနင်၊ မင်း အဖေနဲ့ ငါ မကြာခင်ပြန်လာတော့မယ်"

မားမားနန် အသံမှာ ဖုန်းထဲ ပျော်ရွှင်စွာပဲ့တင်ထပ်သည်။ သူမ ပျော်တတ်သော်လည်း ဦးစားပေးသင့်သည်အား သိသည်။

အန်းနင် မိဘများမရှိတော့သည့်အတွက် ကိုယ်ဝန်ဆောင်စဉ် စိတ်ထိခိုက်လွယ်သည်။ မိခင်တစ်ပိုင်းအနေဖြင့် ဂရုစိုက်တတ်သူ မဟုတ်သော်လည်း အနည်းဆုံးတော့ပျော်ရွှင်စေနိုင်သည်။

၎င်းတို့ သီးသန့် အာဟာရပညာရှင်နှင့် ကိုယ်ဝန်ဆောင် နာနီများလည်းစီစဉ်ပေးခဲ့သည်။ အခြားသော ပစ္စည်းလိုအပ်ချက်များအတွက်မူ နန်ကျီ သူမ လိုချင်တာမှန်သမျှ ရအောင်လုပ်ပေးမည်ဖြစ်၍ ပြောစရာမလိုတော့ပေ။

နန်ကျီ အန်းရီရန် လျစ်လျူရှုခံရမည်အား စိုးရိမ်သောကြောင့် ကလေးအား "မေမေနဲ့ ဖေဖေက အရမ်းချစ်တယ်" စကားများ ပြောကာ ကတိများပေးခဲ့သဖြင့် အန်းရီရန် စကားမပြောနိုင် ဖြစ်သွားရသည်။

သူ ခြောက်နှစ်ရှိနေပြီ!

သူ မနာလိုတတ်သော ကလေးဆိုးမဟုတ်တော့ပါ!

သူ့မိခင်ကျန်းမာရေးအား ပူပန်သော်လည်း သူ့အား အစ်ကိုဟု ခေါ်မည့် ညီမလေး သို့မဟုတ် ညီတစ်ဦးရရှိမည်အားပျော်မိ သည်။

အန်းနင်ကမူ တည်ငြိမ်ပုံရသည်။ ပျော်သည်၊ သို့သော် နန်ကျီနှင့် အခြားသူများလောက် စိတ်မလှုပ်ရှားပေ။ သူမ ယခင်က တစ်ယောက်တည်းကျော်ဖြတ်ခဲ့ပြီး အရာအားလုံးပိုကောင်းနေပြီဖြစ်သည်။

"ကျွန်မ ယုယုနဲ့ စီစဉ်ထားပြီးပြီ၊ ကျောင်းကနေ ခွင့်တောင်းထားတယ်"

အန်းနင် ဆိုဖာပေါ်တွင် ထိုင်လျက် သူမရှေ့ရှိ ဖခင်နှင့်သားအား ကြည့်လိုက်သည်။

"တနင်္လာနေ့ နံနက်ကိုးနာရီမှာ ကစားကွင်း ဝင်ပေါက်မှာတွေ့မယ်၊ ရလား ?"

နန်ကျီနှင့် အန်းရီရန်တို့ အကြည့်ချင်းဖလှယ်လိုက်သည်။ နန်ကျီ စတင်ပြောလိုက်သည်။

"ဟန်နီ ကိုယ် မင်းကိုစိတ်ပူတယ်.. ကိုယ်တို့ ကစားကွင်းကို အချိန်မရွေးသွားလို့ရပါတယ်"

အန်းရီရန် ခေါင်းညိတ်ထောက်ခံလိုက်ပြီး ၎င်းမှာ ရှားပါးသော အမူအရာဖြစ်သည်။

"မား၊ ကျွန်တော် မားနဲ့သွားချင်တာပြီးတော့ ညီလေး ဒါမှမဟုတ် ညီမလေးနဲ့ရောပဲ"

သူ နန်ကျီနှင့် သွားချင်စိတ်မရှိပေ။

သို့သော် အန်တီ သို့မဟုတ် ရှောင်ကျင်းနှင့်ဆိုလျှင် အဆင်ပြေလိမ့်မည်...

သို့သော် အန်းနင် ခိုင်မာစွာပြောလိုက်သည်။

"တစ်နေ့ မိသားစုလိုက်သွားကြမယ်၊ ဒါပေမယ့် ဒီတစ်ကြိမ် ရှင်နဲ့ သားကို သွားစေချင်တယ်"

နန်ကျီနှင့် အန်းယီရန်တို့ အတူတကွ အချိန်လိုအပ်သည်။ ဘေးတွင် နန်ယုရှိနေသောကြောင့် သူမ ပိုစိတ်သက်သာရာရသည်။

အန်းနင် နန်ယုအား အမြဲတစေအနှောင့်အယှက်ပေးရန် မလိုသောကြောင့် တစ်ခုခုပေးမည်ဟုတွေးသည်။

နန်ယု အန်းနင် အတွေးများအားသိပုံရပြီး ကြင်နာစွာဖြင့် ပြောလာသည်။

"ပြဿနာ မရှိဘူး၊ ငါ ကောဆီကနေပြန်ယူမှာ!"

အစ်ကိုဆိုတာ ဘာအတွက်လဲ ?

အမြတ်ထုတ်ဖို့ပေါ့

သေချာတာပေါ့

အန်းနင် ခင်ပွန်းအား ချက်ချင်းသစ္စာဖောက်လိုက်ပြီး နန်ယုဘက်ပါလိုက်သည်။

နန်ကျီ သဘောတူညီချက်အားမသိဘဲ ကိုယ်ဝန်ဆောင် အမျိုး သမီးအား စိတ်ဆိုးစေခြင်းမရှိစေရန် အန်းနင် တောင်းဆိုချက်အား လက်ခံလိုက်သည်။

တနင်္လာနေ့တွင် နန်ကျီ အလုပ်အားလုံးအား ဖျက်သိမ်းပြီး အန်းနင် ပြင်ဆင်ထားသော ဖအေနှင့်သား(ဆင်တူဝတ်စုံ) ဝတ်စုံအားဝတ်ကာ မချိမဆန့် ဖြစ်နေသော အန်းရီရန်အား ကစားကွင်းသို့ခေါ်လာခဲ့သည်။ တနင်္လာနေ့ ဖြစ်သောကြောင့် လူ သိပ်မများပေ။

အများစုမှာ မိသားစုများဖြစ်ကြသည်။ မိဘများ၊ ကလေးများ၊ နှင့် အများဆုံး သက်ကြီးရွယ်အို အချို့သာဖြစ်သည်။

"ရီရန်ကော!"

အသံနှစ်ခုထပ်နေသည်။ အန်းရီရန် တင်းမာသော မျက်နှာမှာ ရုတ်တရက် တောက်ပသောအပြုံးအဖြစ် ပြောင်းလဲသွားသည်။ ကလေးသုံးယောက်စုဝေးပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေကြသည်။

ဘေးနားတွင် ရပ်နေသော နန်ကျီ မရည်ရွယ်ဘဲရေရွတ်လိုက်သည်။

"ဒီကလေး အမူအရာပြောင်းတတ်အောင် ဘယ်တုန်းက သင်ခဲ့တာလဲ ?"

နန်ယု တစ်လှမ်း နောက်မှရောက်လာပြီး နန်ကျီ အတွေးများအား ချက်ချင်းသိလိုက်သည်။

သူ ရှုံ့ချလိုက်သည်။

"ကောက အရမ်းစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းလို့ဖြစ်မယ်"

နန်ကျီ မျက်လုံးလှန်လိုက်သည်။

သူ နန်ယုနှင့် ပတ်သက်လာလျှင် သူ့ ပုံရိပ်အားတစ်ခါမျှဂရုမစိုက်ပေ။

ယနေ့ ဖေးယွင်ကျင်းအပြင် လီရီပိုင်အားလည်း ကစားကွင်းသို့ ခေါ်လာခဲ့သည်။

ကလေးများ အတူတကွကစားသောအခါ ပိုပျော်စရာကောင်းသည်။

နန်ယု ကင်မရာတစ်လုံး ယူလာပြီး မှတ်တမ်းတင်ရန်အသင့်ပြင်ထားသည်။

၎င်းမှာ သူမ ပထမဆုံးအကြိမ် ကစားကွင်းသို့ ရောက်ဖူးခြင်း မဟုတ်သော်လည်း နန်ယု(မူလ)အတွက်တော့ မဟုတ်ပေ။ နန်ယု၏ မိဘများမှာ သူမ ငယ်စဉ်က သူမအား ထိုနေရာသို့ခေါ်သွားဖူးသောကြောင့် သူမ ကစားကွင်းများနှင့် မစိမ်းပေ။

သို့သော် ဤကစားကွင်းအားလွန်ခဲ့သော နှစ်အနည်းငယ်ကမှ အသစ်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ဆွဲဆောင်မှုအသစ်များစွာ ရှိသည်ဟု ဆိုကြသည်။ ကလေးများ စိတ်ပျက်မည်မဟုတ်ဟု မျှော်လင့်ရသည်။

အရာအားလုံး အတည်ပြုပြီးနောက် ၎င်းတို့ငါးဦး ဦးတည်ရာသို့ ဦးတည်သွားကြသည်။

"အန်တီ၊ အဲ့ဒါ Captain Cat လား?"

ဖေးယွင်ကျင်း ဝင်လာကတည်းက မျက်တောင် မခတ်နိုင်ပုံရသည်။ ရင်းနှီးသောပုံများ များပြားလှခြင်းမှာ သူ့ စိတ်လှုပ်ရှား မှုအား တိုးပွားစေသည်။

သူ မြင်သမျှကို နန်ယုအားမေးသည်။ အန်းရီရန် နန်ယုအတွက် အဖြေများအား ဖြည့်ပေးခဲ့သည်။ သူမ အန်းရီရန်အား ခေါ်လာခဲ့ခြင်းအတွက် ကံကောင်းသည်ဟုခံစားရသည်။ သူ့ဖခင်ထက် ပိုမိုယုံကြည်စိတ်ချရသည်။

နန်ကျီ မည်သည့်အကြောင်းပြချက်မရှိဘဲ စူးစူးဝါးဝါးအကြည့်ခံလိုက်ရသည်။ ယနေ့ စိတ်ကောင်းဝင်နေသောကြောင့် နန်ယု

စိတ်မပူမိပေ။

"ယုယု၊ အဲ့ဒါ King Kong လား? ဒီမှာ တစ်ခုရှိမယ်လို့ မထင်ထားဘူး.. ငါ ကလေးဘဝတုန်းက သူ့ကိုအရမ်းကြိုက်ခဲ့တာ.. လာ၊ ညီမလေး၊ ငါ့ကို ဓာတ်ပုံရိုက်ပေးပါဦး.. ငါတို့ ကြည့်ကောင်းအောင် သေချာရိုက်ပေး"

နန်ယု: "..."

ငါက ကလေးသုံးယောက်နဲ့ လူကြီးနှစ်ယောက်လို့ထင်ခဲ့တာ ဒါပေမယ့် ကလေးလေးယောက်နဲ့ လူကြီးတစ်ယောက်ဖြစ်နေတာလား?

သို့သော် သူမ ကင်မရာအားမြှင့်ကာ နန်ကျီ ပြုံးရယ်နေသော မျက်နှာအားရိုက်လိုက်သည်။ ဓာတ်ပုံအရည်အသွေးကော ?

ထိုသို့သော အသေးစိတ်အချက်အလက်များကို စိတ်မပူပါနှင့်။

ပျော်ဖို့အဓိကအရာဖြစ်သည်။ ဦးလေးကျိုး VIP လက်မှတ်များ စီစဉ်ပေးခဲ့ခြင်းကြောင့် တန်းစီစရာမလိုဘဲ VIP လမ်းကြားအား အသုံးပြုနိုင်ခဲ့သည်။

သူတို့ ပထမဆုံး ရပ်နားရာနေရာမှာ ကစားကွင်းရှိ ဂန္ထဝင် ဆွဲဆောင်မှု ဖြစ်သည့် ဘမ်ပါ ကားများ ဖြစ်သည်။ ဤကစား ကွင်းရှိ ဘမ်ပါ ကားများမှာ ယှဉ်ပြိုင်မှုပုံစံပါဝင်သည်။ အဖွဲ့ ဆယ်ဖွဲ့မှာ တစ်ကြိမ်လျှင် ငါးမိနစ်ဝင်ရောက်ကြသည်။

ဘမ်ပါကားများတွင် အာရုံခံကိရိယာများ ပါရှိသည်။ ကားအား တိုက်ခိုက်ပါက အမှတ်ရရှိမည်။ ပွဲစဉ်အဆုံးတွင်အမှတ်အများ ဆုံးအဖွဲ့သည် ပန်းခြံမှ ဆွဲသီးငယ်တစ်ခုအားလက်ခံရရှိမည်။

ဆွဲသီးမှာ တန်ဖိုးမရှိနိုင်သော်လည်း ဂုဏ်ပြုမှုသာဖြစ်သည်!

ဘယ်ကလေးက အနိုင်ရတာကို မကြိုက်ဘဲရှိမှာလဲ ?

ကလေးသုံးယောက်မှာ ငယ်ရွယ်သေးသောကြောင့် တစ် ယောက်တည်း ကစားရန်မလုံခြုံပေ။ ထို့ကြောင့် နန်ယုနှင့် နန်ကျီတို့သည် အဓိကမောင်းနှင်သူများ ဖြစ်ကြသည်။ လီရီပိုင်နှင့်ဖေးယွင်ကျင်းမှာ နန်ယုအဖွဲ့တွင် ပါဝင်ကြသည်။

ဘမ်ပါကားများမှာ ခေတ်နှင့်အညီ တိုးတက်လာခဲ့သည်။ ၎င်းတို့သည် ယခင်ကလို လူနှစ်ဦးသာ ထိုင်နိုင်တော့သည်မဟုတ်၊ ယခု သုံးဦးရွေးချယ်မှုလည်းရှိသည်။

သို့သော် တစ်ဦးတည်းသာ မောင်းနှင်နိုင်သည်။

နန်ကျီ အဖွဲ့တွင် အန်းရီရန် ပါဝင်ခဲ့သော်လည်း ကလေးငယ်မှာမပျော်ရွှင်ပုံရသည်။

"ကျွန်တော့်ကို မနှောင့်နှေးစေနဲ့"

အန်းရီရန် နန်ကျီအား ပြတ်သားစွာသတိပေးလိုက်သည်။

နန်ကျီ ပေါ့ပေါ့တန်တန်ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ မင်း ဖေဖေ ဒါ ကစားတုန်းက မင်းတောင် မမွေးသေးဘူး"

နန်ယု: "..."

သူမ ကားထဲသိုဝင်ရန် ပြင်ဆင်နေစဉ် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ ကားထဲသို့ဝင်ရောက်ပြီးဖြစ်ကာ တစ်ဖက်ခြမ်းရှိ အန်းရီရန်အား လက်များဝှေ့ယမ်းပြလိုက်သည်။

"ရီရန်ကော၊ ကျနော်တို့ နိုင်တော့မယ်!"

"ဟုတ်တယ်၊ နန်ကျဲ အကောင်းဆုံးပဲ!"

အန်းရီရန် ချက်ချင်း ပြန်ပြောလိုက်သည်။

"ငါတို့ မရှုံးဘူး!"

ထိုနောက် နန်ကျီအား အန်းရီရန် ကြည့်လိုက်သည်။ အရှုံးပေးလျှင် "ခင်ဗျား အဆုံးသတ်ပြီ"ဟု ပြောနေသကဲ့သို့ ဖြစ်သည်။ ထိုအရာမှာ နန်ကျီ ယှဉ်ပြိုင်လိုစိတ်အား ချက်ချင်းလှုံ့ဆော်ပေးခဲ့ပြီး သူ နန်ယုအားစိန်ခေါ်လိုက်သည်။

"ညီမလေး၊ ကောင်လေးတို့ ဒီနေ့ ငါ မင်းတို့ကို အစွမ်းအစအစစ်အမှန်ကို ပြသပေးမယ်"

နန်ယု နှုတ်ခမ်းများ တုန်ခါသွားသည်။ သူ အလယ်တန်းကျောင်းဒရမ်မာထဲသို့ ဝင်ရောက်သွားသလို ခံစားရသည်။

၎င်းမှာ ယောက်ျားတစ်ယောက်၏ အနိုင်ရလိုစိတ်လား?

သူတို့ ဘယ်လောက်ပဲ အသက်ကြီးကြီးအတူတူပဲ။ သို့သော် အကြွင်းမဲ့ အစွမ်းအစရှေ့တွင် အရာအားလုံးမှာ စက္ကူကျားသာဖြစ်သည်!

(ရှင်းလင်းချက်- ဘယ်လောက်ပဲ အတွေ့အကြုံရှိ၊ ရာထူးကြီးကြီး၊ တကယ့်စွမ်းရည်ရှိသူနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ဘူးလို့ ဆိုလိုတာပါ။)

နန်ယု မည်သည့် ပြင်းထန်သော စကားမျှပြောရန်ပင် မပြောခဲ့ပေ။ သူမ နန်ကျီအားယုံကြည်မှုရှိသောအပြုံးတစ်ခု ပေးလိုက် ပြီး ရေတွက်ခြင်းစတင်ရန် စောင့်ဆိုင်းနေခဲ့သည်။

ဘီပ်!

စတင်ပြီ!

နန်ယု စတီယာရင်ဘီးအား လက်တစ်ဖက်တည်းဖြင့် ဆုပ်ကိုင်ထားခဲ့သည်။ သူမ စိတ်သက်သာရာ ရကာ အလွန်ပင် သက်တောင့်သက်သာ ရှိနေဟန် ပေါ်လွင်သော်လည်း သူမ၏ အရှိန် အဟုန်မှာမူ နှေးကွေးသွားခြင်း မရှိဘဲ ပိုသွက်လက် မြန်ဆန်နေခဲ့သည်။

ယေဘုယျအားဖြင့် ဤကဲ့သို့သော ဘမ်ပါကားများတွင် ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် အမြင့်ဆုံးအမြန်နှုန်းအား ကန့်သတ်ထားလေ့ရှိပြီး ၎င်းတို့သည် အလွန်မြန်ဆန်စွာ သွား လာနိုင်ခြင်း မရှိပေ။ ထို့အပြင် ကားကိုယ်ထည်၏လေးလံမှုကြောင့် ပြောင်းလွယ်ပြင်လွယ် မောင်းနှင်ရန်ခက်ခဲတတ် သည်။

သို့သော်လည်း နန်ယု၏မောင်းနှင်ပုံမှာ ထိုသို့သော သဘာဝများနှင့် လုံးဝဥဿုံကွဲပြားခြားနားနေခဲ့သည်။

ဘုန်း!

နန်ယုအဖွဲ့ ပထမဆုံးအမှတ်အား ရရှိခဲ့လေသည်!

အနီးဆုံးအဖွဲ့အား အောင်မြင်စွာ တိုက်ခိုက်ပြီးနောက် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ အားပေးထောက်ခံမှုအား ခံယူရင်း နန်ယု နောက်ထပ် ပစ်မှတ်အား ဆက်လက်ရှာဖွေခဲ့သည်။ အဝေးမှနေ၍ ကြည့်ရှုနေသော နန်ကျီ သူ့ကားမှာ နန်ယုကားနှင့် မတူ ညီဟုပင် သံသယဝင်လာခဲ့သည်။

အတွေ့အကြုံရှိ ပြိုင်ကားမောင်းသမားတစ်ဦးဖြစ်သည့် သူသည် ဤကဲ့သို့ ရိုးရှင်းသော အရာတစ်ခုအား မည်သို့မျှမမောင်းနှင်နိုင်ဖြစ်ရမည်နည်း။

အန်းရီရန် စူးစိုက်ကြည့်ရင်း ပြောလိုက်သည်။

"လုပ်နိုင်ပါ့မလား၊ ကျွန်တော် မောင်းသင့်တာ"

နန်ကျီ: "!!!"

ငါ့ဘဝမှာ! ဒီလို အရှက်ရမျုကို ဘယ်လိုခံနိုင်ရှိမှာလဲ ??

"စောင့်နေ၊ ကောင်လေး! ငါ ဒီနေ့ ပထမနေရာကိုသေချာ ပေါက်ယူပြမယ်"

သို့သော်လည်း စကားကြီးစကားကျယ်ပြောဆိုခြင်းမှာ အသုံး ဝင်ပုံမပေါ်ပေ။ နန်ကျီ နောက်ဆုံးတွင် ပထမဆုံးအမှတ်အား ရရှိခဲ့ချိန်၌ နန်ယု အဖွဲ့မှာ အမှတ်ငါးမှတ်ရရှိနှင့်ပြီးဖြစ်သည်။

နန်ယု နန်ကျီအား တမင်တကာကျော်ဖြတ်သွားပြီးနောက် လက်တစ်ဖက်ကိုလွှတ်၍ ၎င်းတို့အား ပျော်ရွှင်စွာ ဝှေ့ယမ်းပြလိုက်သည်။

"ဘိုင့်ဘိုင်!"

သူ့အား တိုက်ခိုက်ခြင်းမှ တမင်တကာ ရှောင်ရှားသွားပြီး လှောင်ပြောင်နေသော နန်ယု လုပ်ရပ်ကြောင့် နန်ကျီ လက်သီး ဆုပ်ထားလိုက်သည်။

"ဦးလေး! ရီရန်ကော၊ ဆက်ကြိုးစားကြ"

ထိုအချိန်တွင် ဖေးယွင်ကျင်းရောက်လာသည်။ သူ့မျက်နှာတွင် တောက်ပသော အပြုံးသာ မရှိပါက နန်ကျီ သူတို့အား ရိုးသားစွာအားပေးနေသည်ဟု ထင်မှတ်သွားမိပေမည်။

ငါ့ ငါ့ညီမလေး ရုတ်တရက် အစွမ်းတွေ ရသွားတာလား ?

အန်းနင်အား မင်းသမီး ပွေ့ချီသလိုပွေ့ချီနိုင်သည်ကို မြင်ခဲ့ရသောကြောင့် သူ အံ့အားသင့်ခဲ့ရပြီး ယခုအခါတွင် သူမသည် ဘမ်ပါကားမောင်းရာ၌ပင် အလွန်တော်နေပြန်သည်။

ဒါ မမျှတလွန်းဘူးလားလို့ ?

ငါးမိနစ်ကြာသည့် အချိန်အဆုံးတွင် နန်ယု အဖွဲ့မှာ ပြတ်သားသော ဦးဆောင်မှုဖြင့် ပထမနေရာအားရရှိကာ Captain Cat ဆွဲသီးအားဆွတ်ခူးသွားခဲ့သည်။

နန်ကျီ အဖွဲ့မှာ ဒုတိယ၊ တတိယ သို့မဟုတ် စတုတ္ထနေရာကိုပင် မရရှိခဲ့ပေ။

ထိုအခါ အန်းရီရန် နန်ကျီမှာ အလွန်အားနည်းကြောင်းပြောပြီး သူကိုယ်တိုင် ဦးဆောင်မောင်းနှင်တော့မည်ဟု ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် နန်ယု ကလေးနှစ်ယောက်အတွက် ဆွဲသီးတစ်ခုတည်းနှင့် မလုံလောက်ဟုဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ၎င်းတို့ငါးဦး တိုက်ပွဲသို့ပြန်လည်ဝင်ရောက်သွားကြသည်။

နောက်ထပ် ငါးမိနစ်ကြာပြီးနောက် ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့ဆွဲသီးတစ်ခုစီ ရရှိသွားခဲ့ကြပြီး ၎င်းတို့အား သူတို့၏ ကျောပိုးအိတ်များတွင် ပျော်ရွှင်စွာချိတ်ဆွဲလိုက်ကြသည်။

အန်းရီရန်နှင့် နန်ကျီတို့ တစ်ဦးကိုတစ်ဦး အကြည့်ချင်း ဖလှယ်လိုက်ကြရာ ၎င်းတို့၏မျက်လုံးများထဲ တူညီသော ကိုယ့်ကိုကိုယ် နှစ်သိမ့်မှုများဖြင့် ပြည့်နှက်နေသည်။

"ငါတို့က အားနည်းလို့ မဟုတ်ဘူး၊ ရန်သူက အရမ်းကိုအား ကောင်းနေတာ"

ထိုအခိုက်အတန့်တွင် ဖခင်နှင့်သားမှာ နောက်ဆုံး၌ ၎င်းတို့ ရသင့်သည့်ခင်မင်ရင်းနှီးမှုအားဝေမျှခံစားလိုက်ကြရလေသည်။

ဤခင်မင်ရင်းနှီးမှု၏ မူလဇစ်မြစ်သည် အနည်းငယ်အရိပ်အ ယောင်ရှိနေသော်လည်း အန်းနင် သူမ ရည်မှန်းချက်အားသွယ် ဝိုက်သောနည်းဖြင့် အောင်မြင်သွားခဲ့ပြီမဟုတ်ပါလား ?

အနည်းဆုံးတော့ ထိုလူနှစ်ဦးမှာ တူညီသော "မဟာမိစ္ဆာကြီး" နန်ယု၏ဖိနှိပ်မှုအောက်တွင် ပိုမို ရင်းနှီးလာခဲ့ကြသည်။ ၎င်းမှာ သာမန်အားဖြင့် အပြန်အလှန်လေးစားမှုဟု ဆိုကြခြင်းဖြစ်နိုင်သည်။

သို့သော်လည်း မည်သည့် ခြားနားမှုမှမရှိခဲ့ပေ။ မည်သည့် ယှဉ်ပြိုင်မှုပွဲတွင်မဆို နန်ယုမှာ ပြတ်သားသော အနိုင်ရရှိသူ ဖြစ်ပြီး ပထမနေရာအားရယူခဲ့သည်သာ။

နန်ယု သနားညှာတာမှု ပြသရန် ရည်ရွယ်ချက် မရှိခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် ဂိမ်းကစားခြင်းနှင့် ပတ်သက်လာလျှင် ဆိုးဝါးခြင်းသည် အပြစ်ဖြစ်သောကြောင့် မည်သူကမှ အလျှော့ပေးမည်နည်း။

ဖေးယွင်ကျင်းနှင့် လီရီပိုင်တို့၏ကျောပိုးအိတ်များမှာ ဆွဲသီးများနှင့် အောင်ပွဲ စတစ်ကာများဖြင့် ဖုံးလွှမ်းနေပြီး ၎င်းတို့ ဂိမ်းကစားရန်ရောက်လာခြင်းမဟုတ်ဘဲ ကုန်ပစ္စည်းများ ဝယ်ယူရန် ရောက်လာခြင်းကဲ့သို့ပင် ထင်ရသည်။

ထိုအရာအား မြင်သောအခါ အန်းရီရန် လူကြီးဆန်သည်ဟု ဟန်ဆောင်ကာ နန်ကျီ ရင်ဘတ်အားပုတ်ရန် ခြေဖျားထောက်လိုက်သည်။ သူ နန်ကျီ ပခုံးအား ပုတ်ရန်ရည်ရွယ်ခဲ့သော် လည်း အရပ်မမီသောကြောင့် မရရှိခဲ့ပေ။

"စိတ်ဓာတ်မကျပါနဲ့ ၊ ကျွန်တော် ကြီးလာတဲ့အခါ သေချာ ပေါက် ပြန်အနိုင်ယူပေးမယ်"

နန်ကျီ: "…ကျေးဇူးတင်ပါတယ်၊ ဒါပေမဲ့ ငါ စိတ်သက်သာရာမရပါဘူး"

မည်သို့ပင်ဆိုစေ ထိုနေ့တွင် အဖွဲ့သားများမှာ အလွန်ပျော်ရွှင်စွာ ကုန်ဆုံးခဲ့ကြသည်။ ဖေးယွင်ကျင်း စနေနေ့ရောက်လျှင် သူငယ်ချင်းများဖြစ်သော ရှုယီကျစ်နှင့် အခြားသူများအား သူရရှိထားသည့် ဆုတံဆိပ်ဆွဲသီးများနှင့် စတစ်ကာများဖြင့် ပြည့်နေသော ကျောပိုးအိတ်အား ပေါ်ပေါ်ထင်ထင်မဟုတ်ဘဲ သူတို့ သတိထားမိအောင် ဂုဏ်ယူဝင့်ကြွားပြသရမည်ကို အသေးစိတ် ကြိုတင် စီစဉ်ထားခဲ့သည်။

ဤသည်မှာ အစွမ်းအစ၏သက်သေပင်

ထိုပျော်ရွှင်ဖွယ် နေ့ပြီးနောက် နန်ယုနှင့် နန်ကျီတို့ သူတို့ "ကလေးများ" အား သက်ဆိုင်ရာ အိမ်များသို့ ပြန်ခေါ်သွားကြသည်။ အိမ်ရောက်ပြီးနောက် နန်ယု နန်ကျီ၏ "မျက်နှာပြောင်ပြောင်ပုံများ" အချို့အား မိသားစု အဖွဲ့လိုက်စကားပြောခန်းတွင် ပို့ရန်မမေ့ခဲ့ဘဲ ၎င်းသည် မားမားနန်နှင့်အခြားသော မိသားစုဝင်များထံမှ တစ်ညီတညွှတ်တည်း ချီးကျူးမှုအားရရှိခဲ့သည်။

နန်ကျီ၏ဖျော့တော့ပြီး အစွမ်းမဲ့သော ခြိမ်းခြောက်မှုကိုမူ နန်ယု ရိုးရိုးရှင်းရှင်းပင် လျစ်လျူရှုခဲ့သည်။

ဖုန်းပင်မ မျက်နှာပြင်သို့ ပြန်ရောက်လာပြီး နန်ယု ထကာရေ ချိုးရန် စီစဉ်နေသော်လည်း ရုတ်တရက် တစ်ခုခုအားတွေးမိသွားပုံရသည်။

သူမ ဖေးယီကျန့်နှင့် စကားပြောသည့် ချတ်ဘောက်စ်အား နှိပ်လိုက်သည်။

၎င်းအား စဉ်းစားပြီးနောက် သူမ မက်ဆေ့ချ်တစ်စောင် ပို့လိုက်သည်။

"ကံကြမ္မာ၊ ပြောင်းလဲသွားပြီလား ?"

ရိုးရှင်းတယ်၊ ရှင်းလင်းတယ်၊ ပြီးတော့ နက်နဲတဲ့ ဟန်ပန်တစ်ခု ရှိတယ်... မဟုတ်ဘူး၊ ဒီစာသားမှာ တကယ့် အနှစ်သာရအပြည့်ရှိတယ်။

သူ့ ရေးသားချက်အပေါ် ကျေနပ်အားရမှုကို ထင်ရှားစွာပြသလိုက်သည်။

All Chapters