← Chapters

အခန်း (၇၈)

Vol. 9 Ch. 78

အခန်း (၇၈)

Vol. 9 Ch. 78

ဖေယွင်ကျင်း၏ကလေးဆန်သော စကားများအောက်တွင် နန်ကျီ ဒေါသမှာမှေးမှိန်သွားခဲ့သော်လည်း သူ လက်ခံရခက်သော ခံစားချက်အား စတင်ခံစားလာရသည်။

"နန်ယု! လာခဲ့! ငါ့ကို ပြ!"

နန်ကျီမှာ သူသည် ယောက်ျားလေးများထဲတွင် အတော်လေး ကျွမ်းကျင်သူဟု ကိုယ့်ကိုကိုယ် ယူဆသည်။ အဘယ်ကြောင့်ဆိုသော် သူ့ဖခင်သည် ယောက်ျားလေးများအား ပူပူနွေးနွေး မထားသင့်ဟူသော နိယာမကို ယုံကြည်သူဖြစ်၍၊ ဆောင်းရာသီနှင့် နွေရာသီ ကျောင်းပိတ်ရက်များတွင် နန်ကျီအား စစ်တပ်သို့ လေ့ကျင့်ရေးအတွက် တစ်လ သို့မဟုတ် နှစ်လ စေလွှတ်လေ့ရှိသည်။

နန်ဂရုဖြင့် အလုပ်များပြီးနောက်တွင်ပင် နန်ကျီ၏ ကိုယ်ပိုင်စံနှုန်းများမှာ သိပ်ပြီးမကျဆင်းခဲ့ချေ။ အဝတ်အစားများ ချွတ်ထားလျှင်ပင် six pack များ ရှိနေသေးသည် မဟုတ်ပါလား?

ထို့အပြင် သူသည် နန်ယု၏ အဖျက်စွမ်းဆောင်ရည်အား ကိုယ် တိုင်မမြင်ခဲ့ရသောကြောင့် ၎င်းအား ရိုးသားစွာမယုံကြည်နိုင်ခဲ့ပေ။

ဟုတ်ပါသည်၊ သူ ထိုလူများ၏ဒဏ်ရာဒဏ်ချက်အား မြင်ခဲ့ရပြီး ကိုယ်ရံတော်များ၏ဖော်ပြချက်ကိုလည်းကြားခဲ့ရသည်။

သို့သော် အလေးမနိုင်သော အားနည်းသူတစ်ဦးအဖြစ် နန်ယု ပုံရိပ်မှာ သူ့စိတ်ထဲတွင် နှစ်ပေါင်းနှစ်ဆယ်ကျော်အမြစ်တွယ်နေခဲ့သည်။ ယခု ရုတ်တရက် ဤညီမငယ်မှာ သူ့အားအယောက်တစ်ရာဆိုလျှင်ပင် ရိုက်နှက်နိုင်သည်ဟုပြောနေသတဲ့လား ? မဖြစ်နိုင်ဘူး၊ လုံးဝမဖြစ်နိုင်ဘူး။

နန်ယု: "သေချာရဲ့လား?"

နန်ကျီ သူမ၏စိတ်ချလက်ချ အကြည့်အားကြည့်လိုက်ပြီးနောက် သူတို့အားလုံး ဗီလာ၏အားကစားခန်းမဆီသို့ ဦးတည်သွားခဲ့ကြသည်။ ထိုနေရာတွင် ပစ္စည်းကိရိယာများ ပြည့်စုံစွာ တပ်ဆင်ထားပြီး ကျယ်ဝန်းကာ နန်ယု ပြောင်းရွှေ့လာပြီးနောက် တဖြည်းဖြည်းပြန်လည်ပြင်ဆင်ထားခြင်း ဖြစ်သည်။ ၎င်းမှာ နန်ယုနှင့် ဖေယွင်ကျင်းတို့ ပုံမှန်လေ့ကျင့်ခန်းလုပ်လေ့ရှိသော နေရာလည်းဖြစ်သည်။

နန်ကျီ သူ့ကုတ်အင်္ကျီအား ချွတ်ပြီးအကြောလျော့ခြင်းကို စတင်ခဲ့သည်။ နန်ယု ငြိမ်သက်စွာ ရပ်နေသည်ကိုမြင်သော အခါ သူမအား တိုက်တွန်းလိုက်သည်။

သို့သော် နန်ယု နန်ကျီအားတစ်ချက်ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"ကော စချင်တဲ့အချိန် စနိုင်တယ်"

မထီမဲ့မြင်ပြုခြင်းလား ? ၎င်းမှာ ထင်ရှားသော မထီမဲ့မြင်ပြုခြင်း မဟုတ်ပါလား?

နန်ကျီ သူ၏အစ်ကိုဟူသော ဂုဏ်သိက္ခာအားပြင်းထန်စွာ စိန်ခေါ်ခံရသည်ဟု ခံစားရသည်။

သို့သော် သူ ကန့်ကွက်နိုင်ခြင်းမပြုမီ အန်းနင် စကားပြောလိုက်သည်။

"အချစ်၊ မေ့လိုက်ပါတော့၊ ရှင် ယုယုကို မနိုင်ပါဘူး"

ဖေးယီကျန့် သဘောတူညီဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် ဘေးဖယ်ပေးရမလား ?"

ဆိုလိုရင်းမှာ- မင်း အရိုက်ခံရတာကို ကျွန်တော် မြင်လိုက်ရင် တစ်စုံတစ်ယောက်က အငြိုးထားလာရင် ဘယ်လိုလုပ်မလဲ ?

ဟက်~ ဒီဟာသက လုံးဝမရယ်ရဘူး။ တကယ်လို့ မင်း တကယ်ဘေးဖယ်ပေးမယ်ဆိုရင် ဘာလို့ ငါ့နောက်ကိုလိုက်လာသေးလဲ ?

နန်ကျီ ဖေးယီကျန့်အား ရိုင်းရိုင်းစိုင်းစိုင်း မျက်လုံးလှန်ပြလိုက်သည်။

ထိုစိတ်ကောက်တတ်သူသည် ထိုနေ့မွန်းလွဲပိုင်းတွင် နန်ယုနှင့် ဝေးဝေးနေရန် သူ့အားပြောခဲ့ခြင်းအတွက် သေချာပေါက် အငြိုးထားနေခြင်းဖြစ်သည်။

ဖေယွင်ကျင်းအတွက်မူ ထိုကလေးငယ်မှာ တိတ်ဆိတ်နေခဲ့သည်။ သို့သော် သူသည် သူ့ဘေးရှိ ကူရှင်တစ်ခုအားဆွဲယူနေကာ ညည်းနေသည်။ ၎င်းမှာအလွန်ကြီးမားပြီး လေးလံနေသောကြောင့် သူ အားထုတ်နေရသည်မှာ ရှင်းနေသည်။

နန်ကျီ အကြည့်အား သတိပြုမိသောအခါ ဖေယွင်ကျင်း ရယ် မောလိုက်သည်။

"ဦးလေး၊ ရပါတယ်၊ ဦးလေး နောက်ကျ ကူရှင်ပေါ် လဲကျရင် နာမှာ မဟုတ်တော့ဘူး!"

နန်ကျီ: "...ကျေး ဇူး အ များ ကြီး တင် တယ်"

နန်ကျီ အကြောလျော့ပြီးနောက် နန်ယုအား လက်ညှိုးထိုးပြလိုက်သည်။

"ကောင်းပြီ၊ စလိုက်ရအောင်၊ နင် အားမလျှော့နဲ့..."

သူ နောက်ဆုံးစကားအား အပြီးမသတ်နိုင်ခဲ့ချေ။

သူ့အမြင်သည် နန်ယုထံမှ မျက်နှာကျက်သို့ ရုတ်ချည်းပြောင်းသွားခဲ့ပြီး သူ မသိမသာကူရှင်ပေါ်သို့ ဆင်းသက်သွားခဲ့သည်။

နန်ကျီ: "..."

မီးရောင်မှာ အလွန် မျက်စိစူးလောက်အောင် တောက်ပ နေ သည်။ ၎င်းမှာ သူ့မျက်လုံးများအား နာကျင်စေသည်။

ထိုအချိန်တွင် လက်တစ်ဖက် နန်ကျီဆီသို့လှမ်းလာခဲ့သည်။

"ထနိုင်လား ?"

နန်ယု သူ အင်အားအား သိပ်မသုံးခဲ့ဟုထင်ခဲ့သည်။ ထို့ကြောင့် နန်ကျီ သိပ်နာကျင်မည် မဟုတ်ပေ။

ဒါပေမယ့် သူ့မျက်နှာပေါ်က နက်နက်ရှိုင်းရှိုင်းထိခိုက်နာကျင်နေတဲ့ အမူအရာက ဘာလဲ ?

သူ လှည့်စားဖို့ ကြိုးစားနေတာလား ?

"ဦးလေး! ဦးလေး! အဆင်ပြေရဲ့လား?"

ဖေယွင်ကျင်း ပိုမိုနီးကပ်လာခဲ့သည်။

"ဝမ်းမနည်းပါနဲ့၊ အန်တီက အစပိုင်းမှာ ပုံမှန်ပဲလို့ပြောတယ်၊ နောက်ထပ် ဆယ်နှစ်လေ့ကျင့်ရင် ဦးလေး သားနဲ့ဆယ်မိနစ်လောက် တိုက်နိုင်ပါလိမ့်မယ်"

နန်ကျီ: "..."

နန်ယု ဖေယွင်ကျင်းအား ပွေ့ချီလိုက်ပြီး သူ့ ခေါင်းအားတို့လိုက်သည်။

"စကားပြောတာ ရပ်လိုက်! ငါ ငိုတော့မယ်ဆိုတာ မမြင်ဘူးလား ?"

ဖေယွင်ကျင်း ချက်ချင်းခေါင်းညိတ်လိုက်ပြီး နန်ယု တို့လိုက်သောနေရာကိုဖုံးအုပ်ကာ နန်ကျီအားတောင်းပန်လိုက်သည်။

"ဦးလေး၊ ကျွန်တော် ဘာမှထပ်မပြောတော့ဘူး၊ တောင်းပန်ပါတယ်ဗျ"

နန်ကျီ၏မာနမှာ ဤတစ်ခုတည်းဖြင့် နင်းချေခံရသဖြင့် သူ လက်လျှော့လိုက်ရန် ဆုံးဖြတ်ပြီး ဖျာပေါ်ထိုင်လိုက်သည်။

"ဘယ်လောက်ကြာကြာ လေ့ကျင့်နေတာလဲ ?"

နန်ယု: "တစ်နှစ်လား"

သူမ၏ယခင်ဘဝထက် ပိုနေရမည်။ သို့သော် ဤဘဝတွင် ၎င်းမှာ တစ်နှစ်သာဖြစ်သည်၊ သို့မဟုတ် တစ်နှစ်အောက်ပင် ဖြစ် သည်။

နန်ကျီ: "မင်းကို ထိခိုက်စေမှာလား?"

နန်ယု သူ့ ညာလက်အားမြှောက်လိုက်သည်။

"မထိခိုက်ဘူးလို့ သစ္စာဆိုပါတယ်၊ ရှောင်ကျင်းလည်းလေ့ကျင့် နေတာ၊ ဒါကြောင့် သူ အဆင်ပြေမှာပါ"

"နောက်ဆုံး မေးခွန်းတစ်ခုပဲ"

နန်ကျီ သူ့မျက်နှာအား သုတ်လိုက်သည်။

"မင်းကော၊ မင်းယောင်းမနဲ့ ဒီလောက် နီးနီးကပ်ကပ်နေရတာကို စိတ်ထဲမထားဘူးမှတ်လား?"

နန်ကျီ နန်မိသားစုအိမ်ကြီးမှ ပြောင်းရွှေ့ရန်ကြာမြင့်စွာကတည်းကလိုလားခဲ့ပြီး အဖိုးကြီးကလည်း သဘောတူခဲ့သည်။ အိမ်ဟောင်းသည် ကုမ္ပဏီနှင့် မနီးသည့်အပြင် အန်းရီရန်၏ကျောင်းခရီးစဉ်မှာ နေ့စဉ် နှစ်နာရီကြာနေသဖြင့် ထိုအချိန်အား ဖြုန်းနေစရာမလိုတော့ပေ။

အဖိုးကြီးသည် လာမည့်နှစ်တွင် အပန်းဖြေစခန်းနှင့် သူငယ် ချင်းဟောင်းများနှင့် စကားပြောရန်အတွက် သူနာပြုအိမ်တွင် ရံဖန်ရံခါ နေထိုင်ရန် စီစဉ်ထားသည်။ လူတိုင်း နေ့ခင်းဘက်တွင် အလုပ်များနေကြပြီး သူသည် အိမ်ဟောင်းတွင် တစ် ယောက်တည်း ပျင်းရိနေမည်ဖြစ်သည်။

သို့သော် နန်ကျီ မည်သည့်နေရာသို့ ပြောင်းရွှေ့ရမည်အားမဆုံးဖြတ်ရသေးပေ။

ယခု သူ နန်ယု၏စွမ်းရည်များကိုမြင်တွေ့သောအခါ အနည်း ငယ် တုံ့ဆိုင်းနေမိသည်။

သူမ နေရာမှာ ကုမ္ပဏီမှမိနစ်လေးဆယ်ခန့်ကားမောင်းရသည်။ အန်းရီရန် ကျောင်းနှင့် ပိုနီးပြီး နာရီဝက်ခန့်သာဝေးသည်။ အလွန်နီးကပ်ခြင်းမရှိသော်လည်း အိမ်ဟောင်းထက် သေချာ ပေါက် ပိုကောင်းသည်။

သို့သော် နန်ယု ခြံ၏တစ်ဖက်ခြမ်းအား လီညီအစ်ကိုများမှ ဝယ်ယူပြီးသားဖြစ်သည်။ အခြားတစ်ဖက်မှာ ကျိုးမိသားစု ဖြစ်နိုင်သည်ဟု သူ ထင်သည်။ သူ ဈေးနှုန်းမြင့်မြင့်ပေးပါက ကျိုးမိသားစု သူ့အားရောင်းပေလိမ့်မည်။

"တောင်းပန်ပါတယ်"

ဖေးယီကျန့် ရုတ်တရက် ပြုံးပြီးဖြတ်ပြောလိုက်သည်။

"ကျွန်တော် မနက်ကပဲ ကျိုးမိသားစုနဲ့ စာချုပ်ချုပ်ခဲ့တယ်၊ အဲ့ ဗီလာက အခု ကျွန်တော့်ဟာဖြစ်သွားပြီ"

နန်ကျီ မေးခွန်းတစ်ခုတည်းသာမေးခဲ့သော်လည်း ဖေးယီကျန့် သူ့ရည်ရွယ်ချက်အား ချက်ချင်းခန့်မှန်းလိုက်ပြီး ဖုံးကွယ်မရသော စိုးရိမ်ပူပန်ဟန်ဖြင့် ပြောလိုက်သည်။

နန်ကျီ: ...ချီး!

နန်ယုလည်း အံ့ဩသင့်သွားသည်။

"ဘယ် ဗီလာလဲ? ရှင် ခုမှပြောင်းလာတာ မဟုတ်ဘူးလား?"

ဖေးယီကျန့် ပြတင်းပေါက်ကို လက်ညှိုးထိုးပြလိုက်သည်။

"မင်း ဘယ်ဘက်ကတစ်လုံး၊ အဲ့အိမ်က ပိုအဆင်ပြေတယ်၊ ငါ အရင်အိမ်ကိုမကြိုက်ဘူး၊ တော်တော်လေး ဆူညံတယ်"

၎င်းမှာ မငြင်းနိုင်သော အမှန်တရားဖြစ်သည်။ ဇိမ်ခံပြီးကြီး မားသော တိုက်ခန်းတစ်ခန်းသည် မည်မျှပင် သေသပ်ပါစေ၊ တစ်အိမ်တည်းရှိသော အိမ်၏တိတ်ဆိတ်မှု နှင့် ယှဉ်နိုင်မည် မဟုတ်ပေ။ ဖေးယီကျန့် တိတ်ဆိတ်ခြင်းအား ပိုနှစ်သက်သည်မှာရှင်းနေသည်။

မိသားစုနှစ်စု ဤမျှ နီးကပ်စွာ နေထိုင်ရပါက အနာဂတ်တွင် ကိစ္စများအကြောင်း ပြောဆိုရန် ပိုမိုလွယ်ကူလာမည်။ နန်ယု ခေါင်းညိတ်ရန် ပြင်ဆင်နေစဉ် သူမ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အကြည့်တစ်ချက်အား ခံစားလိုက်ရပြီး နန်ကျီ ထံမှဖြစ်သည်။

သူ ထရပ်ပြီးလှောင်ပြောင်လိုက်ကာ သူ့ဖုန်းအား ကောက်ယူရန် ဘေးသို့လျှောက်သွားသည်။

"ယုယု ဗီလာနောက်ကတစ်လုံးကို ငါ့အတွက်ဝယ်လိုက်၊ ဘယ် လောက် ဈေး ပေးရ ပေးရ"

နန်နန်: "...ကော၊ စိတ်ထိန်း"

သူ စဉ်းစားလိုက်သည်။ ရီပိုင်နှင့် သူ့မိသားစုမှာ သူမ၏ ညာ ဘက်တွင် နေထိုင်သည်။ ဖေးယီကျန့်မှာ သူမ၏ဘယ်ဘက်သို့ မကြာမီ ရောက်ရှိတော့မည်။ သူမ နောက်မှ တစ်လုံးမှာ နန်ကျီ ဖြစ်လာမည့်ပုံရသည်။ ပြီးခဲ့သည့်အပတ်က ဝူစုံတွဲမှာ ဝူနာနာနှင့်အတူရောက်ရှိလာပြီး ဤဗီလာအဆောက်အအုံသို့ပြောင်း ရွှေ့နေထိုင်မည်ဖြစ်ကြောင်း နန်ယုနှင့် အိမ်နှစ်လုံး သို့မဟုတ် သုံးလုံးသာ ဝေးကြောင်းပြောခဲ့သည်။

ခဏလေး! ဒီလူတွေအားလုံးက မျက်နှာသိတွေ မဟုတ်ဘူးလား?

ထို့အပြင် သူတို့မှာအမျိုးသားဇာတ်ဆောင် (ဖေးယွင်ကျင်း)၊ ဒုတိယ အမျိုးသားဇာတ်ဆောင် (အန်းရီရန်)၊ နှင့် ဒုတိယအမျိုးသမီးဇာတ်ဆောင် (ဝူနာနာ) တို့ပါဝင်နေပြီဖြစ်ပြီး ပျောက်ဆုံးနေသူမှာ အမျိုးသမီးဇာတ်ဆောင် (Female Lead) တစ်ဦးတည်းသာရှိပုံရသည်။

"တကယ်လား? ဒါဆို ကျွန်တော် ရီရန်ကောနဲ့ အချိန်တိုင်း ဆော့လို့ ရပြီပေါ့"

ဖေယွင်ကျင်း ပြုံးလိုက်သည်။ သူ နောက်ထပ် ကစားဖော်တစ်ဦးရရှိခြင်းကြောင့် ပျော်ရွှင်နေသည်မှာ ရှင်းနေသည်။

ညစာစားခါနီးသာ မဟုတ်ခဲ့လျှင် သူ ရှောင်ပိုင်၏အိမ်သို့ပြေးသွားပြီး သတင်းကောင်းပြောပြချင်နေလိမ့်မည်။

"ကောင်းပါပြီ၊ သား ပျော်သရွေ့ပေါ့"

နန်ယု ပြောနိုင်သည့် စကားများသာဖြစ်သည်။

နန်ကျီ သူမအား တကယ်စိတ်ပူနေပြီး တစ်ခုခု မှားယွင်းပါက အချိန်မီ ရှာဖွေနိုင်စေရန် သူမနှင့် နီးကပ်စွာနေထိုင်ချင်ကြောင်း သူ နားလည်သည်။

သူသည် 'ဇနီးအားချစ်မြတ်နိုးသူ' နှင့် 'ညီမလေးအားအလွန်ချစ်ခင်သူ'ပင်!

---

ကုန်တိုက်ဖြစ်ရပ်မှာ လျင်မြန်စွာ တိုးတက်မှုရှိလာပြီး ၎င်း နောက်ကွယ်မှ ကြိုးကိုင်သူမှာ တုကတော်ဖြစ်သည်။

သူမ ဖျော်ဖြေရေးလုပ်ငန်းတွင် ရှိစဉ်က မြေအောက်လောက ၏လူကြီးများစွာနှင့် တွေ့ဆုံခဲ့ပြီး နှစ်ပေါင်းများစွာ ကောင်း မွန်သော ဆက်ဆံရေးအားထိန်းသိမ်းထားခဲ့သည်။

နန်ယု လက်ထဲတွင် ထိုမျှကြီးမားသော ဆုံးရှုံးမှုအား ခံစားရပြီးနောက် သူမ မခံနိုင်တော့ဘဲ နန်ယုအား သင်ခန်းစာပေးချင်ခဲ့သည်။ ရိုးရိုးသားသားပြောရလျှင် ဤနည်းလမ်းမှာ ဖျော်ဖြေရေးလုပ်ငန်းတွင် အတော်လေး အဖြစ်များသောလက်စားချေမှုဖြစ်သည်။

နန်ကျီ အမျက်ဒေါသများဖြင့် မုန်တိုင်းထန်နေသော စိတ်ဖြင့် နန်ယုနှင့် အန်းနင်တို့အား လက်စားချေရန်ထွက်ခွာခဲ့သည်။ သို့သော် နန်ယုကမူ ထိုအချိန်တွင် မထင်မှတ်ထားသော ဧည့် သည်တစ်ဦးနှင့် တွေ့ဆုံဆွေးနွေးနေခဲ့သည်။

၎င်းမှာ ပေထန်ချင်းယဲ့ဖြစ်သည်။

"အကြမ်းဖျင်း အဲ့လိုဖြစ်သွားတာပဲ"

ပေထန်ချင်းယဲ့ နန်ယုရှေ့တွင် အသစ်ချက်ထားသော လက် ဖက်ရည်အားတွန်းပို့ပေးလိုက်သည်။ သူ့မျက်နှာတွင် လျစ်လျူ ရှုဟန်ရှိနေပြီးရက်စက်ပုံရသည်။ သူ ပြောခဲ့သည့် စကားမှာ ပေထန်မိသားစုအား ကြီးမားသောထိခိုက်မှု မဖြစ်စေနိုင်ဟု သူ မထင်ခဲ့ချေ။

ကုန်တိုက်ဖြစ်ရပ်တွင် တုမိသားစုမှာ ကြိုးကိုင်သူဖြစ်ပြီး ပေထန်မိသားစုသည် နောက်ကွယ်မှကြိုးဆွဲသူဖြစ်သည်။

ပေထန်မိသားစုမှာ ပေထန်ချင်းယဲ့အား သူရဲကောင်းအဖြစ် ဖန်တီး၍ နန်ယုအားကယ်တင်စေရန် လိုလားခဲ့သည်။ ၎င်းသည် စနစ်တကျစီစဉ်ထားသော 'အလှစစ်ဆင်ရေး'တစ်ရပ် ဖြစ်နေသည်။

ပေထန်ချင်းယဲ့ကမူ ၎င်း၏ရည်ရွယ်ချက်အား ရှင်းလင်းခဲ့သည်။

"ဒီကိစ္စကိုကြိုပြောလို့မဖြစ်တဲ့ အကြောင်းရင်းတွေရှိတယ်၊ ပေထန်မိသားစုဘက်က အပြစ်ကင်းအောင်၊ သူတို့ကို ဒီကိုစော စောခေါ်ခဲ့ရတာပေါ့"

ပေထန်ချင်းယဲ့၏အကြောင်းပြချက်မှာ အတော်လေးကျိုးကြောင်းဆီလျော်သည်။ ပေထန်မိသားစု ပေထန်ချင်းယဲ့အား ရွေးချယ်ရခြင်းမှာ သူသည် ဖေးယီကျန့်နှင့် ၅၀ ရာခိုင်နှုန်းခန့် ဆင်တူသည်ဟု အထင်အမြင် ပေးနိုင်သောကြောင့် ဖြစ်သည်။ နန်ယု ဖေးယီကျန့်အား အဘယ်ကြောင့် နှစ်သက်သည်ကို ပေထန်မိသားစု စုံစမ်းပြီးသားဖြစ်သည်။ ထို့ကြောင့် နန်ယု ထောင် ချောက်မိမမိကို သိရှိရန် ဆင်တူသောအခြေအနေများအောက်တွင် ဆင်တူသောပုဂ္ဂိုလ်များဖြင့် စမ်းသပ်စောင့်ကြည့်နေခြင်းသာဖြစ်သည်။

သူသည် အစားထိုးတစ်ဦးသာဖြစ်နေစေကာမူ အရေးမကြီးပေ။ သူတို့ နန်ယုနှင့် နီးကပ်စွာဆက်ဆံခွင့် ရသရွေ့အားလုံး အဆင်ပြေလိမ့်မည်ဟု ယူဆခဲ့သည်။

နန်ယု: "..."

သူ့အကြောင်းပြချက်မှာ အံ့ဩစရာကောင်းလောက်အောင် တစ်သမတ်တည်းဖြစ်သည်။ သို့သော်...

"ရှင် ဘာလုပ်ချင်တာလဲ ?"

ပေထန်ချင်းယဲ့ နောက်ကွယ်မှနေ၍ ကိစ္စများအား လှည့်ပတ်ကြိုးကိုင်တတ်သူမျိုး မဟုတ်ကြောင်း ရှင်းနေသည်။ သူ ထိုသို့သော အစီအမံများအား မထီမဲ့မြင် ပြုနိုင်သော်လည်း သူသည် အခြားသူများအပေါ်တွင် သိပ်ပြီး သနားညှာတာမှု မရှိသူ တစ်ဦးလည်းဖြစ်သည်။

"လှည့်စားခြင်းက နောက်ဆုံးမှာ မကောင်းတဲ့ဗျူဟာပဲ၊ ပေထန်မိသားစုက ကြာရှည်ခံမှာမဟုတ်ဘူး"

ပေထန်ချင်းယဲ့ လက်ဖက်ရည်အား တစ်ငုံသောက်ပြီးချက် ချင်း မျက်မှောင်ကြုတ်လိုက်သည်။

"အရသာ မကောင်းဘူး"

သူ လက်ဖက်ရည်ခွက်အားစားပွဲပေါ်သို့ အသံမြည်အောင် ပြန်ချလိုက်ပြီး ပြတ်သားစွာပြောလိုက်သည်။

"ကျွန်တော် ပေထန်မိသားစုကနေ လုံးဝထွက်သွားချင်တယ်"

"အဖိုးကြီးပေထန်က ရှင့်ကို တော်တော်ချစ်တယ်လို့ကြားထားတာ"

နန်ယု ပေထန်ချင်းယဲ့၏စကားအား ချက်ချင်း အယုံအကြည် မရှိခဲ့ပေ။ လူတစ်ဦး၏ ရုပ်ရည်ကိုသာမြင်နိုင်ပြီး အတွင်းစိတ်အား မသိနိုင်ချေ။ သူမ ကိုယ်ကျိုးစွန့် အနစ်နာခံသူ မဟုတ်သည့်အတွက် တွေ့ဆုံမှုအနည်းငယ်ကို အခြေခံပြီး တစ်စုံတစ် ဦးအား ယုံကြည်ကာ အကူအညီပေးရန် မျှော်လင့်၍ မရသေးပေ။

"သူ ကျွန်တော့်ကိုချစ်တာက ပေထန်မိသားစုအတွက် အကျိုးရှိလို့ပဲ"

ပေထန်ချင်းယဲ့ အေးစက်စွာပြုံးလိုက်သည်။

"သူ အဲဒီတုန်းက ပေထန်ရှောင်ဝမ်ကိုလည်း သဘောကျခဲ့တာပဲ"

ပေထန်ချင်းယဲ့ ပေထန်ယောင်၏တရားမဝင်သော အငယ်ဆုံးသား ဖြစ်သည်။ သို့သော် သူသည် ယောက်ျားလေးဖြစ်ပြီး ငယ်စဉ်ကတည်းကပင် ဉာဏ်ရည်ထက်မြက်မှုကိုပြသခဲ့သော ကြောင့် လက်ရှိဇနီး၏အမည်အား ခံယူကာ မွေးစားခြင်းခံခဲ့ရသည်။

အရွယ်ရောက်မှ မိသားစုထဲသို့ ပြန်လည်ရောက်ရှိလာသော ပေထန်ရှောင်ဝမ်နှင့် မတူဘဲ သူသည် ဤမိသားစု၏ အခြေအနေနှင့် သဘောသဘာဝအား လွန်ခဲ့သော အချိန်များကတည်းက ကောင်းစွာ သိမြင်ခဲ့ပြီးဖြစ်သည်။

၎င်းတို့မှာ မိသားစုချစ်ခြင်းထက် အကျိုးအမြတ်အားပိုအရေး ပေးသူများ ဖြစ်ကြသည်။

ဖေးယီကျန့် သုတ်ပိုးအား လိုလိုချင်ချင် လက်ခံခဲ့ပြီးနောက် ဖေးနေအိမ်တွင် ပြဿနာဖန်တီးခဲ့သော ပေထန်ရှောင်ဝမ်မှာ နောက်ဆုံးတွင် မီးဖွားခန်း၌သေဆုံးခဲ့ရသည်။ အဖိုးကြီးပေထန်ကမူ သူမအား အသုံးမဝင်တော့သော အမှိုက်ဟုပင်ပြောဆိုခဲ့သည်။

ယခုအချိန်အထိ အသိဉာဏ်မဲ့သော ဖခင်သည်သာလျှင် ထောင်ထဲတွင် ရှိနေဆဲဖြစ်ပြီး အဖိုးကြီးပေထန်၏အကူအညီဖြင့် လွတ်မြောက်လာရန် မျှော်လင့်နေရသည်။

ပေထန်ချင်းယဲ့၏မျက်လုံးများမှာ နန်ယု မျက်နှာအားစိုက်ကြည့်လိုက်ပြီး သူ့သဘောထားအား ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့သည်။

"ကျွန်တော် ခင်ဗျားကို အခုချိန်မှာ ယုံကြည်ဖို့မတောင်းဆိုပါဘူး"

"ခင်ဗျားရဲ့ ယုံကြည်မှုကိုလည်း မလိုချင်ပါဘူး၊ ဒါက သဘော တူညီချက်သက်သက်ပဲ"

ထို့နောက် သူ ဆက်လက်ပြောသည်။

"ခင်ဗျားကို ပေထန်မိသားစုရဲ့ အတွင်းရေးအချက်အလက်တွေ ပေးမယ်၊ အဲဒီနောက်၊ ခင်ဗျားက သူတို့လက်ထဲကနေ ကျွန်တော့်ကို လွတ်အောင်ကူညီပေးရမယ်"

နန်ယု တုံ့ပြန်လိုက်သည်။

"ဘယ်လို သတင်းအချက်အလက်မျိုးလဲ ?"

ပေထန်ချင်းယဲ့ နန်ယုနှင့် အချိန်ကြာမြင့်စွာ အပေးအယူလုပ်မနေတော့ပေ။ သူ နန်ယု၏တုံ့ဆိုင်းမှုအားစိုးရိမ်ပုံမရဘဲ သတင်း အချက်အလက်အား ရိုးရိုးရှင်းရှင်း ထုတ်ဖော်ပြောကြားလိုက်သည်။

"အဖိုးကြီးက နှလုံးရောဂါရှိတယ်၊ နှလုံးအစားထိုးကုသမှု မလုပ်ရင် လအနည်းငယ်ပဲ အသက်ရှင်နိုင်မှာ ဒါပေမဲ့ သူနဲ့ လိုက် ဖက်တဲ့လူကို ရှာတွေ့ပြီးပြီ"

"အသက်ရှင်ပြီး ကျန်းမာတဲ့လူ"

ကျန်းမာသော ပုဂ္ဂိုလ်တစ်ဦးမှာ နှလုံးအစားထိုးခြင်းအား မည် သို့လိုအပ်နိုင်မည်နည်း။

"ဘယ်သူလဲ?"

"အန်းနင်"

"သူက ခန္ဓာကိုယ်လှူဒါန်းဖို့ သဘောတူညီချက်ကိုလက်မှတ် ထိုးထားတယ်"

ထိုစကားအားကြားလိုက်သောအခါ နန်ယု ပြင်းထန်စွာ တုန် လှုပ်သွားသည်။

အန်းနင် ?

နန်ယု ထိုအမည်အားကြားသောအခါ ထိတ်လန့်တုန်လှုပ်သွားသည်။ သူမ ယခင်ဘဝမှတ်ဉာဏ်များအရ မစ္စတာပေထန်မှာ နောက်နှစ်တွင် သေဆုံးရမည့်သူဖြစ်သည်။ သူ နှလုံးအစားထိုးကုသမှုပြုလုပ်ခဲ့တာလား ? အဲ့တာ အန်းနင် နှလုံးဖြစ်နေတာပါလား ?

သို့သော်လည်း အန်းနင်သေဆုံးရသည့် အကြောင်းရင်းမှာ မြေပြိုမှုကြောင့်ဟု မှတ်မိနေသည်။

ခဏလေး!

နန်ယု ချက်ချင်းပင် သူမ ဖုန်းအား ထုတ်ယူပြီး နှလုံးအစားထိုးခွဲစိတ်မှုဆိုင်ရာ အချက်အလက်များအားရှာဖွေခဲ့သည်။

လှူဒါန်းသူ သေဆုံးပြီးသည်နှင့် နှလုံးအား လျင်မြန်စွာ ဖယ်ရှားရန် လိုအပ်သည်ဟူသော အချက်ကို သူမ မြင်တွေ့ရသည်။

သို့သော်... လူတစ်ဦး သေဆုံးသွားသောအခါ နှလုံးသည် လုံးဝ မသေဆုံးမချင်း အသုံးပြုနိုင်သေးသည်။

ထို့ကြောင့် အန်းနင် သူမ၏ယခင်ဘဝ၌ ဤအခြေအနေများအားလုံးကို ကြုံတွေ့ခဲ့ရခြင်း ဖြစ်နိုင်လား?

သို့မဟုတ် ဤဘဝတွင် သူမ၏မွေးဖွားလာမည့် ကလေးကိုပင် ခြိမ်းခြောက်နိုင်သောမထင်မှတ်သည့် ကံကြမ္မာဖြစ်ရပ်တစ်ခုမဟုတ်ပါလား ?

All Chapters